'ထျန်ရှုံး'
မတွေ့ရတဲ့ရက်တွေမှာ ထျန်ရှုံးရဲ့ အပြုံးလေးတွေက မပြောင်းလဲပါဘဲ ပါးချိုင့်နှစ်ဖက်နဲ့ လိုက်ဖက်စွာ လှပနေကြသေးသည်။
စိတ်လှုပ်ရှားမှုဖြင့် မျှော်လင့်ကြီးစွာ ပြုံးပြနေသူအား ဝမ်နျဲ့နျန် မကြည့်ဝံ့ပါ။
ထိတ်လန့်နေသည့် အကြောက်တရားတစ်ချို့ဖြင့်သာ စတီယာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း ကားမှန်ကိုလည်းမချပေးဖြင့်ဘဲ ဒီအတိုင်းသာ ငြိမ်နေမိသည်။
တစ်ဖက်က ဝမ်နျဲ့နျန်ရဲ့ကားကိုတွေ့မိလို့ အလောတကြီးပြေးထွက်လာခဲ့တဲ့ ထျန်ရှုံးက ကားထဲမှာ ဝမ်နျဲ့နျန်ရှိနေမှန်းလည်းသိရော သူ့အပြုံးတွေက ပိုလို့တောက်ပသွားပြီး ဝမ်နျဲ့နျန်ကိုလည်း လက်ပြကာ နှုတ်ဆက်လိုက်သည်။
အခုလေးတင် သူ့အကြောင်းတွေးနေခဲ့တာမဟုတ်ဘူးလား။
သို့ပေမယ့် အပြုံးတွေလည်းမရှိဘဲ နွမ်းလျနေသည့်ပုံစံက အရင်တစ်ခါတွေ့ခဲ့တဲ့ နောက်ဆုံးတစ်ကြိမ်ကထက်တောင် ပိုပြီးဆိုးနေလို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် ပူပန်စိတ်တို့ဖြင့် ထျန်ရှုံးက ကားရှေ့မှာရပ်နေရာမှ ဘေးဘက်သို့သွားပြီး ကားပြတင်းပေါက်မှန်မှတဆင့် ကားအထဲသို့ ငုံ့ကြည့်လိုက်သည်။
လက်ဖြင့်ကားမှန်ကိုချပေးဖို့ ပြောရင်း သိသိသာသာပျက်ယွင်းသွားသည့် အပြုံးတစ်ခုကို ဟန်ဆောင်လုပ်ပြုံးထားသော်ငြား မလိမ်တတ်သည့် မျက်ဝန်းတွင်တော့ တောက်ပနေခြင်းတို့ မရှိတော့။
တုံ့တုံ့ပင်မလှုပ်သော ထိုသူ့ထံမှ အကြည့်လေးတစ်ချက်ဖြင့်လည်း ပြန်၍အသိအမှတ်ပြုမလာ။ ခေါင်းကိုသာ အတင်းငုံ့ချနေသောသူကိုကြည့်ပြီး ထျန်ရှုံးတကယ်ကို စိတ်ပူလာရသည်။
"နျဲ့နျန်..! နျဲ့နျန် ကားမှန်လေး ချပေးပါနော် ငါ မင်းနဲ့ စကားပြောချင်လို့ပါ ... "
ထျန်ရှုံးက ကားမှန်ကို လက်ဖြင့်ခေါက်ပြီး စိုးရိမ်ကြီးစွာဖြင့် အော်ပြောလိုက်သည်။
"ထျန်ရှုံး မင်း အဲ့လိုမလုပ်သင့်ဘူးလေ။ မစ္စတာဝမ်အပေါ်မှာ ရိုင်းပြနေသလို ဖြစ်နေပြီ "
အခုလေးတင် အနားရောက်လာသည့် ထျန်လွမ်ရွှန်းက ကားထဲက ဝမ်နျဲ့နျန်ကို ကြည့်ပြီး ထျန်ရှံးရဲ့ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"သူ အရင်က ဒီလိုမျိုးမဟုတ်ဘူး။ ဒီလိုမျိုး လစ်လျူရှုပြီး မသိသလိုနေနေတာ ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ သူ့ တစ်ခုခုဖြစ်နေတာပဲ ဖြစ်မှာ "
ထျန်ရှုံးက သူ့အကိုကိုပြန်ပြောပြီး စိုးရိမ်မှုများစွာဖြင့် ကားမှန်ကို ထပ်ပြီးခေါက်လိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ။ ထျန်ရှုံး ... မင်း ငါ့ကားတံခါးကို အဲ့လောက်ထုနေတာ ကွဲသွားရင် ပြန်လျော်ပေးမှာလား။"
ဝမ်နျဲ့နျန်က ကားမှန်ကိုဖြည်းဖြည်းချင်းချပြီး ထျန်ရှုံးဘက်လှည့်ကာ မေးလိုက်သည်။
"နျဲ့နျန် ... မင်း ငါ့ကိုတွေ့ဖို့ လာတာလား။ ပြီးတော့ ခုနက ဘာဖြစ်လို့လဲ မင်း... "
ထျန်ရှုံးက စကားပြောနေရင်းမှ ရုတ်တရက် အနောက်သို့ ဆုတ်လိုက်သည်။
"မင်း ဘာလို့ ဒီလောက်တောင် ပိန်သွားတာလဲ။ မင်း ပုံစံက ဘယ်လိုဖြစ်နေတာလဲ။ ဘယ်အချိန်က ဒီလောက်ထိပိန်သွားတာလဲ။ ထပ်ပြီး နေမကောင်းဖြစ်သေးလို့လား။ "
ဝမ်နျဲ့နျန်က ကားတံခါးကို ဖွင့်ပြီး ကားပေါ်မှဆင်းလိုက်သည်။ ထိုအခါမှ ပိန်ပါးလွန်းနေသည့် ခန္ဓာကိုယ်အပြင် မျက်လုံးနား ရောက်လုနီးနီးထိ ဆွဲချဆောင်းထားသည့် ဦးထုပ်ကိုပါ ထျန်ရှုံး တွေ့လိုက်ရသည်။
"ငါ ဒီရက်ပိုင်းအစားအသောက်ပျက်နေလို့ ထမင်းသိပ်မစားဖြစ်ဘူး။ အဲ့ဒါကြောင့် နည်းနည်းပိန်သွားတာ "
ဒါက ယုံကြည်စရာကောင်းတဲ့ အလိမ်အညာစကားလား မပြောတတ်ပေမယ့် ထျန်ရှုံးကတော့ အခုထိ မေးခွန်းတွေဆက်မေးဖို့ ဟန်ပြင်နေတာကို ဝမ်နျဲ့နျန်ရိပ်မိသည်။
စိုးရိမ်နေသည့် မျက်ဝန်းတွေနဲ့ မေးလာမည့် မေးခွန်းတွေကလည်း ဖြေရခက်ခဲစေမှာ သိသာနေတာမို့ သူကပဲ စကားလမ်းကြောင်းလွှဲကာ ထျန်ရှုံးဘေးမှာ ရပ်နေတဲ့ သူဆီအကြည့်ပို့ပြီး မေးလိုက်သည်။
"ဒါက"
"အာ မိတ်ဆက်ပေးဖို့ မေ့နေတာ။ ဒါက ငါ့အကိုလေ ။ နျဲ့နျန်... ငါတို့ နှစ်ယောက်က ရုပ်ချင်းဆင်တယ်လို့မထင်ဘူးလား။ ရုပ်တူတယ် မလား။ "
"မင်းအကိုက ပိုချောတယ်"
"နျဲ့နျန် ...မင်း ဘယ်လိုများ ငါ့အကိုက ငါ့ထက်ပိုချောတယ်လို့ ပြောနိုင်ရတာလဲ။
ငါ့အကိုက အမေနဲ့တူလို့ချောပေမယ့် အကျင့်က အဖေနဲ့တူတာ။
ငါနဲ့ငါ့အကိုက လုံးဝကို တောင်နဲ့မြောက်ပဲ "
"အာ့"
သူ့စကားအဆုံး အရိုက်ခံလိုက်ရသည့် အရှိန်နဲ့ ခေါင်းက အရှေ့ကိုတောင်ငိုက်စိုက်သွားသည်။ ထျန်လွမ်ရွှန်းက သူ့ညီ စကားပြောဆင်ခြေဖို့ကို မျက်လုံးနဲ့ပဲ အသိပေးပြီး ဝမ်နျဲ့နျန်ဘက်လှည့်ကာ လက်ဆွဲပြီး နှုတ်ဆက်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဝမ်။ ကျွန်တော်က ထျန်လွမ်ရွှန်းပါ။ ထျန်ရှုံးက မင်းကို တော်တော်ဒုက္ခပေးနေမှာပဲ .. ကျွန်တော်ကပဲ တောင်းပန်ပါတယ် "
"..."
ထျန်လွမ်ရွှန်းက သူ့လက်ကိုလည်း ဝမ်နျဲ့နျန်ရှေ့ဆန့်ထုတ်ထားရင်း သူ့ညီအစားစိတ်ရင်းနဲ့တောင်းပန်သည့်အနေဖြင့် ခေါင်းကိုပါ အနည်းငယ်ညွတ်လိုက်ပေမယ့် တိတ်ဆိတ်ပြီး တုံ့ပြန်မှုကင်းမဲ့သွားသော အခြေအနေကြီးကြောင့် သူက ကြောင်ကြောင်အမ်းအမ်းနဲ့ ခေါင်းကိုပြန်မော့လိုက်သည်။
သူ့ရှေ့က ဝမ်နျဲ့နျန်ကလည်း အားတုံ့အားနာဖြစ်နေသော အမူအရာဖြင့် သူ့ကိုစိုက်ကြည့်နေသည်။
"အကို ... နျဲ့နျန်က တခြားသူတွေနဲ့ အဲ့လို ထိတွေ့ရတာမျိုး မကြိုက်ဘူး။ "
ထျန်ရှုံးက သူ့အကိုနားကပ်သွားပြီး ပုခုံးကိုပုတ်ကာ သတိပေးလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် မစ္စတာ ထျန် "
"ကိစ္စမရှိပါဘူး။ ရပါတယ်။ ကျွန်တော်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရလို့ တောင်းပန်ပါတယ် မစ္စတာ ဝမ် "
ထျန်လွမ်ရွှန်းက သူ့လက်ကိုပြန်ရုတ်ပြီး အားနာသွားသည့်ပုံစံဖြင့် ပြန်ပြောလိုက်သည်။
သူ့ရှေ့က သက်တောင့်သက်သာမရှိလှသော ဝမ်နျဲ့နျန်၏ အားနာနေဟန်ပုံစံလေးကို မြင်တော့ သူလည်း စိတ်ထဲတွင် တစ်မျိုးဖြစ်သွားမိသည်။
"မင်း ဘာလုပ်တာလဲ "
တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားသည့် သူတို့သုံးယောက်၏ စကားဝိုင်းထဲသို့ အခွင့်မရှိဘဲ တိုးဝင်လာသည်က အေးစက်သည့် လေညှင်းများသာ။
လူးကာလွင့်ကာဖြင့် သူပြန်ပြီးထွက်သွားပေမယ့် ကျန်ခဲ့သည့် လူမှာတော့ အအေးဓာတ်ကြောင့် သိမ့်ကနဲတုန်သွားရသည်။
ဒါကို မြင်ဖြစ်အောင် မြင်သွားသည့် ထျန်ရှုံးကလည်း သူ့ဝတ်ထားတဲ့ အနွေးထည်ကို ချက်ချင်းချွတ်ပြီး ဝမ်နျဲ့နျန်၏ ကိုယ်ပေါ်သို့ လွှားကနဲခြုံပေးလိုက်သည်။
ကံမကောင်းသည်က ထိုအနွေးထည်က အပြင်းအထန်ရုန်းကန်နေသည့် ဝမ်နျဲ့နျန်ကြောင့် ကိုယ်ပေါ်မရောက်ဘဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
"မင်း ... မင်း ဘာဖြစ်နေတာလဲ နျဲ့နျန် ။ ငါ က အနွေးထည်လေး ခြုံပေးချင်ရုံပါ "
ထိုအခါမှ ဝမ်နျဲ့နျန်က သူအရမ်းစိတ်လှုပ်ရှားပြီး အလွန်အကြူးလုပ်မိသွားသည်ကို သတိထားမိသွားသည်။
"တောင်းပန်ပါတယ် ထျန်ရှုံး။ ငါ့ကို အဲ့လိုလုပ်ပေးစရာမလိုပါဘူး။ "
"ဒီအပြင်မှာ အေးတယ်။ စတူဒီယိုထဲသွားပြီး စကားပြောရအောင် "
ထျန်လွမ်ရွှန်းက သူ့ညီကို ပုခုံးပုတ်ကာ ပြောသွားပြီး သူက ရှေ့ဆုံးကနေ ဦးဆောင်ပြီး စတူဒီယိုသို့ ပြန်သွားလိုက်သည်။
ထျန်ရှုံးက မြေကြီးပေါ်ပြုတ်ကျသွားတဲ့ အနွေးထည်ကိုပြန်ကောက်ပြီး ဝမ်နျဲ့နျန်ကို ကမ်းပေးလိုက်သည်။
အပြင်မှာက လေအေးတွေတိုက်ပြီး အရမ်းအေးနေတယ်။
သူ့အတွက်မလိုဘူးလို့ ဆိုထားပေမယ့် သူ့လက်ထဲထည့်ပေးပြီး ကိုယ်တိုင်ဝတ်စေရင်တော့ လက်ခံလောက်မယ် ထင်ပါရဲ့။
***
"နျဲ့နျန် .. ငါ စတူဒီယိုကို ပြန်ပြီးပြင်ဆင်ထားတယ်။ ဘယ်လိုနေလဲဆိုတာ ငါ့ကို ကူကြည့်ပေးနော်"
"မကြည့်တော့ဘူး။ ငါ ပြန်တော့မယ်။ ငါ လုပ်စရာကိစ္စလေးရှိလို့ ဒီကို လာခဲ့တာ ပြီးတော့ မင်းနဲ့ မထင်မှတ်ဘဲ လာဆုံတာ "
ဝမ်နျဲ့နျန်က ပြန်ဖို့ ကားတံခါးကို ဆွဲဖွင့်လိုက်ပေမယ့် ထျန်ရှုံးက ပြန်ပြီးတွန်းပိတ်လိုက်သည်။
"မင်း လိမ်နေတာ"
"ဘာကိုလဲ .. "
ကားလက်ကိုင်ကို ဆုပ်ကိုင်ထားသည့် ဝမ်နျဲ့နျန်ရဲ့ လက်တွေက တင်းကြပ်သွားပြီး သူသေချာကြားလိုက်မိသည်ဆိုသော်လည်း မှန်နေသည့် စကားတစ်ခွန်းက သူ့ကို နာကျင်စေသည်လေ။
"မင်း ငါ့ကိုတွေ့ဖို့လာတာ လေ... မဟုတ်ဘူးလား။ "
မကျေမနပ်ဖြစ်ကာပြောလာသော ထိုအသံတွေနောက်မှာ စူးရှသည့်မျက်ဝန်းတို့ကလည်း မျက်ရည်တို့ဖြင့် စိုစွတ်လာသည်။
"မဟုတ်ပါဘူး။"
"ငါ မယုံဘူး။ မင်း လိမ်နေတာ "
"ထျန်ရှုံး မင်းလက်ကို ဖယ်လိုက်။ မစ္စတာဝမ်ကို မနှောင့်ယှက်နဲ့တော့ "
ထျန်လွမ်ရွှန်းက သူ့ညီရဲ့ အပြုအမူကိုမြင်တော့ စတူဒီယိုကို သွားနေရာမှပြန်လှည့်လာပြီး ကြားထဲကနေ ဝင်တားပေးရသည်။
ထျန်ရှုံးက သူ့လက်ကိုဖယ်လိုက်ပြီး အနောက်သို့ဆုတ်လိုက်သည်။
မကျေမနပ်ဖြစ်မှုများနှင့် စိတ်လျော့လိုက်ရသည့် အမူအရာတွေက သူ့မျက်ဝန်းနှင့် အပြည့်ဖြစ်နေသည်။
"တောင်းပန်ပါတယ် ထျန်ရှုံး ...ငါ ... "
ရုတ်တရက် ထပ်ပြီးတိုက်လာသည့် လေပြင်းကြောင့် ဒီတစ်ခါတော့ လမ်းဘေးက လေနှင့်အတူလွင့်ပါလာသည့် သဲမှုန်တွေကြောင့် လမ်းပေါ်မှာရှိတဲ့လူတိုင်းက လက်နဲလည်း ကာရင်း မျက်လုံးတွေကိုပါ သဲမဝင်အောင် မှိတ်လိုက်ကြသည်။
ဝမ်နျဲ့နျန်လည်း သူ့လက်ကိုမြှောက်ပြီး လေလာရာကိုကာထားလိုက်သည်။
ထို့နောက်ပြန်ပြီး ငြိမ်သက်သွားသည့် လေအေးနှင့်အတူ ဝမ်နျဲ့နျန်က သူ့လည်စည်းပေါ်က သဲမှုန်တွေကိုခါထုတ်ရင်း သူ့ဆံပင်တွေကိုပါ လက်ချောင်းနဲ့ထိုးဖွလိုက်သည်။
'ဘုရားရေ'
ထိတ်လန့်သွားသည့် အရိပ်အယောင်တွေသည် မျက်ဝန်းအိမ်နှင့်အပြည့်။ တောင့်တောင့်ကြီး ဖြစ်သွားသည်မှာလည်း ဆံပင်တွေကို ကိုင်ထားလျက်နှင့်ပင်။
'ဦးထုပ် .. ဦးထုပ် မရှိတော့ဘူး။ '
ဝမ်နျဲ့နျန် အထိတ်တလန့်နဲ့ ထျန်ရှုံးကို ပြန်မော့ကြည့်လိုက်သည်။
အံ့ဩခြင်းတွေနဲ့ မလှုပ်မယှက်နိုင်ဘဲ ရပ်နေခဲ့သူက ထျန်ရှုံးကများ အရင်ဖြစ်နေမလား။
မျက်စိထဲကို သဲမှုန်တွေဝင်သွားလို့ တော်ရုံနဲ့ ပြန်ဖွင့်လို့မရပေမယ့် သူမျက်စိဖွင့်ဖွင့်ချင်း သူ့ကိုဖြတ်ကာ လွင့်ကျသွားသည့် ဝမ်နျဲ့နျန်၏ ဦးထုပ်ကို ကောက်ပေးဖို့အလုပ် မြင်လိုက်ရသည်က နဖူးမှာ ပတ်တီးနဲ့တဲ့လား နျဲ့နျန် ...
ဝမ်နျဲ့နျန်က သူ့ဦးထုပ်ကိုခပ်မြန်မြန်ပဲ ပြန်ကောက်ပြီး ခေါင်းမှာ ပြန်ဆောင်းလိုက်ကာ ထိုနေရာမှ ထွက်သွားဖို့ပြင်လိုက်သည်။
သို့ပေမယ့် ထျန်ရှုံးက သူ့လက်တွေကို ရုတ်တရက်ဖမ်းဆွဲပြီး တုန်ရီနေတဲ့အသံတွေနဲ့ အလန့်တကြားမေးလာသည်။
"ဘယ်လိုဖြစ်တာလဲ။ ဒဏ်ရာက ဘယ်လိုရလာတာလဲ ... ဟမ် ... မင်း ဘာတွေဖြစ်လာတာလဲ "
"ငါ့ကို လွှတ် ထျန်ရှုံး .... ငါ တောင်းပန်ပါတယ် "
သူမငြင်းမိ။
"နျဲ့နျန် ...နာနေလား။ ဘာလို့ ထပ်ပြီး အနာခံရတာလဲ။
ဘာလို့ အမြဲတမ်း မင်းပဲ နာကျင်နေရတာလဲ .....
မင်း နာနေမှာပေါ့ "
"ငါ "
ဒါက နာလား ..
ဘာလို့ မနာကျင်နေရတာလဲ။ ငါ မနာပါဘူး။
ဘာလို့လဲ ငါ မပြောတတ်ဘူး။
ဘာလို့ ကောင်းကင်က အစကတည်းက ငါ မပိုင်ဆိုင်နိုင်မယ့် အလင်းရောင်တစ်ခုကို ငါ့ကို မြင်ခွင့်ပေးခဲ့လဲ ငါ မသိဘူး။
အဆုံးသတ်တွေတိုင်းမှာ ငါဟာ ဒီလိုနဲ့ပဲ ဇာတ်သိမ်းနေရတယ်။
ငါ ဘယ်သူ့ကို အပြစ်တင်ရမလဲ ...
အပြစ်တင်လို့ရော ရပါ့မလား။ ....
"ကုယျန်ရှန်းကြောင့်ပဲ မလား။ သူ မင်းကို ထပ်ပြီး နာကျင်အောင်လုပ်လိုက်တာ ဟုတ်တယ်မလား။
ဖယ် ငါသူ့ဆီသွားပြီး သူ့ကို နာကျင်ရအောင် ပြန်လုပ်ပစ်မယ် ။ မင်း အစား ငါသူ့ကို နာကျင်သွားအောင် လုပ်ပေးမယ် "
"တော်တော့ ထျန်ရှုံး ။ ပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်မစနဲ့တော့၊ ငါ မင်းကို ခွင့်မပြုဘူး ငါ့အတွက် မင်းအဲ့လို လုပ်ပေးစရာမလိုဘူး။ အဲ့လိုလုပ်ဖို့ မတန်ဘူး။ "
ကုယျန်ရှန်းနဲ့ ထျန်ရှုံးသာ ရန်ဖြစ်ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ သိနေတာမို့ ဝမ်နျဲ့နျန် ထျန်ရှုံးကိုမတားလို့ ဘယ်လိုမှမဖြစ်။
ပြီးတော့ ကုယျန်ရှန်းက ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ခိုက်တတ်လဲဆိုတာလည်း သိနေခဲ့လို့ ဖြစ်သည်။
အရင် အထက်တန်းကျောင်းမှာတုန်းက ချန်းလုံအန်းကို လိုက်နှောက်ယှက်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အဲ့ဒီတုန်းက ထိုကောင်လေးက အရိုက်ခံရလို့ ဆေးရုံပါတက်လိုက်ရပြီး ကျောင်းကပါ အထုတ်ခံလိုက်ရသည်။
အခုကရော ... အိမ်မှာလုယွင်ရှိနေတယ်။
ထို့အပြင် ကုမိသားစုနဲ့ လုမိသားစုက သူတို့ကိုလာပြီးထိခိုက်လာတဲ့သူတွေကို သနားညှာတာမှုမရှိဘဲ ဖျက်စီးတတ်သည်။
နောက်ပြီး ဝမ်နျဲ့နျန် ကုယျန်ရှန်းနဲ့ လက်ထပ်ပြီးနောက်ပိုင်း ကုယျန်ရှန်းနဲ့ ကျိုးယွမ်ဖုန်းက သူတို့ရဲ့ ပြိုင်ဘက်အဖွဲ့အစည်းတွေကို ဘယ်လိုဖျက်ဆီးပစ်လဲဆိုတာလည်း ဝမ်နျဲ့နျန် သိသည်။
ထို့ကြောင့် ထျန်ရှုံးနဲ့ ကုယျန်ရှန်းတို့ ပြဿနာဖြစ်ကြမှာကို သူမတားလို့မရ။
ဝမ်နျဲ့နျန်က သူ့ဘေးမှာရပ်နေတဲ့ ထျန်လွမ်ရွှန်းကိုကြည့်လိုက်ပြီး ထိုအခါမှ ဘာမှဝင်မပြောဘဲ အသံတိတ်ပြီး ရပ်နေတဲ့ ထျန်လွမ်ရွှန်းက သတိပြန်ဝင်ပြီး ဝမ်နျဲ့နျန်အပေါ်အားနာမိသလိုဖြစ်သွားသည်။
အမှန်တော့ သူက ဒီအတိုင်းပဲ ရပ်ကြည့်နေမိတာ မဟုတ်ဘဲ ထျန်ရှုံးနဲ့ သူတို့နှစ်ယောက်ကြားကို ဝင်မပါချင်သည့်အတွက်ကြောင့်သာ။
'ဘာလို့လဲ။ သူ ချစ်တဲ့သူလေ။ တစ်နေ့လုံး တစ်ညလုံး အမြဲတမ်း စဉ်းစားနေမိတဲ့ သူချစ်ရသူက တခြားတစ်ယောက်ရဲ့ ချစ်ခြင်းကိုမရဘဲ ဒီလိုပဲ ထပ်ခါ ထပ်ခါ နာကျင်နေရတာကို သူ ဘယ်လိုများ ဖြေသိမ့်ပြီး နေရမှာလဲ။
ချစ်ရတဲ့သူက နာကျင်နေရတာကို သိလျက်နဲ့ ဘာမှမလုပ်နိုင်တဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ သူက ဘယ်လိုများ ထိန်းချုပ်ပြီးနေနိုင်မှာတဲ့လဲ။
"ငါ့ကျတော့ မတန်ဘူးပေါ့လေ။ အဲ့ဒီခွေးကောင် ကုယျန်ရှန်းကျတော့ မင်းရဲ့ ကာကွယ်ပေးမှုနဲ့ ထိုက်တန်တယ်ပေါ့။
သူက မင်းကို ဂရုစိုက်လို့လား။
သူမင်းကို တစ်ခါလောက်တောင် ချစ်ဖူးလို့လား။ မချစ်ခဲ့ဘူး။ တစ်ကြိမ်တောင် မချစ်ခဲ့ဘူး "
ဒါက ရင်ဘတ်တစ်ခုလုံးနှင့် မဆံ့တော့သည့် မကျေနပ်ချက်တွေကို ဖော်ပြနေသည့် တင်းမာတဲ့ ရန်ပွဲတစ်ခုလိုပင်။
ဝမ်နျဲ့နျန် စိုက်ကြည့်နေမိတဲ့ ထျန်ရှုံးရဲ့ မျက်ဝန်းတွေက နီရဲနေပြီး အက်ကွဲနေသည့်အသံတို့နှင့်အတူ သူ့ရဲ့ စိတ်အလိုမကျမှုသည်လည်း ပြင်းထန်နေသည်။
လမ်းတစ်ဖက်က လူတိုင်းက ဒီအခြေအနေကို အထူးအဆန်းလုပ်ကာ ကြည့်ပြီး တီးတိုးပြောဆိုသွားကြသည်။
"ထျန်ရှုံး ဆိုင်တစ်ဆိုင်ထဲအရင်သွားပြီး ပြောရအောင်။ အခု လမ်းပေါ်မှာ လူတွေအများကြီးပဲ။ အရင်တစ်ခါလို ဘာမဟုတ်တဲ့ ကိစ္စတစ်ခုကြောင့်နဲ့ ထပ်ပြီး အထင်လွဲတာမျိုး ဖြစ်နေမယ် ..
နျဲ့နျန်အတွက်မကောင်းဘူး။ "
ထျန်လွမ်ရွှန်းက ဝင်ပြောတော့မှ ထျန်ရှုံးက ဘေးဘီကို လှည့်ကြည့်လိုက်ပြီး ဝမ်နျဲ့နျန်ဘက်တစ်ဖန်ပြန်လှည့်ကာ အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။
"မင်း လိုက်ခဲ့ပေးလို့ရမလား။ "
တောင်းပန်ခယစွာ လက်ခံပေးဖို့ ပြောနေသောအသံတို့၌ လေအေးတို့ တိုးမဝင်နိုင်လောက်အောင် များပြားလွန်းသည့် ညှိုးငယ်နေသော ခံစားချက်တို့ သီကုံးကာ လိုက်ပါနေသည်။
ဝမ်နျဲ့နျန်က ခေါင်းကို ငုံ့လိုက်ပြီး ပြန်မဖြေသေး။ တစ်အောက်မျှကြာမှ " ကောင်းပြီ " ဟူသော အသံသည် လေအေးနှင့်အတူ ရောယှက်ကာ ထွက်ပေါ်လာသည်။
ထိုစဉ် ထျန်လွမ်ရွှန်းရဲ့ ဖုန်းက အသံမြည်လာပြီး သူက ဖုန်းခေါ်တဲ့သူကိုကြည့်လိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်က အနည်းငယ်ထိုးကျုံ့သွားပြီး ထျန်ရှုံးကို ပြန်မော့ကြည့်ကာ ပြောလိုက်သည်။
"ထျန်ရှုံး ငါ လုပ်စရာလေးရှိသေးလို့ ကုမ္ပဏီကို ပြန်ရမယ်။ မင်း နဲ့ မစ္စတာဝမ်ပဲ သွားလို့ အဆင်ပြေတယ်မလား။ "
ထို့နောက် ထျန်လွမ်ရွှန်းက ဝမ်နျဲ့နျန်ဘက်လှည့်ကာ နူးညံ့သောလေသံဖြင့် ထပ်ပြောလိုက်သည်။
"မစ္စတာဝမ် ... ကျွန်တော် အလုပ်ပေါ်လာလို့ အရင်ပြန်မှဖြစ်တော့မယ်။ နောက်တစ်ခေါက်မှပဲ ကော်ဖီလိုက်တိုက်တော့မယ် "
ထျန်လွမ်ရွှန်းက သူ့ခေါင်းကို အသာညိတ်ပြပြီး စတူဒီယိုအရှေ့မှာ ရပ်ထားတဲ့ ကားဆီသွားလိုက်ကာ ထိုနေရာမှမောင်းထွက်သွားခဲ့သည်။
ထိုအချိန်ထိ ထျန်ရှုံးရဲ့ ခေါင်းက မြေကြီးထဲစိုက်ဝင်တော့မတတ်ငုံ့ထားပြီး ဝမ်နျဲ့နျန်လည်း ဘာမှထပ်ပြောမနေပဲ ထျန်ရှုံးရဲ့ အရှေ့ကနေ လမ်းလျှောက်သွားလိုက်သည်။
ထိုအခါမှ ထျန်ရှုံးလည်း ဝမ်နျဲ့နျန်အနောက်မှာ ကပ်ကာ စတူဒီယိုအထဲသို့ ဝင်သွားလိုက်သည်။
"မင်း ရေသောက်ချင်လား။ မင်းအတွက် ရေတစ်ခွက်ယူပေးမယ်လေ "
"မသောက်ဘူး။ ငါ စန္ဒရားထားတဲ့ အခန်းထဲ သွားချင်တယ် "
ဝမ်နျဲ့နျန်က ထျန်ရှုံးရဲ့ အမေးကို ပြန်ဖြေပြီးနောက် သူအရင်တစ်ခါလာတုန်းက စန္ဒရားတီးခဲ့တဲ့ အခန်းလေးထဲသို့ ဝင်သွားလိုက်သည်။
အရင်တစ်ခါနဲ့ မတူဘဲ ထိုအခန်းလေးက ဆေးတွေလည်း ပြန်သုတ်ထားသလို ဟိုနေရာ ဒီနေရာ ဖြင့် ကြည်နူးစရာကောင်းအောင် အလှဆင်ထားသည်မှာလည်း စတူဒီယိုပိုင်ရှင်က ထျန်ရှုံးမဟုတ်သည့် အတိုင်းပင်။
ဝမ်နျဲ့နျန် စန္ဒရားဆီသို့လျှောက်သွားရင်း နရံမှာ ဆေးခြယ်ထားသည့် ပုံရိပ်တစ်ခုကိုလည်း ငေးကြည့်ဖြစ်သေးသည်။
ထိုပန်းချီကားထဲမှာ ကောင်လေးတစ်ယောက် ..
တိတိကျကျပြောရရင် ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် အဖြူရောင်ရှပ်အင်္ကျီနဲ့ကောင်လေးတစ်ယောက်....
သူ က စာသင်ခန်းရဲ့ အရှေ့မှာထိုင်နေပြီး တစ်ဖက်ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ အလင်းရောင်ကိုကျောပေးကာ စန္ဒရားတီးနေသည်။
ထို ဆယ်ကျော်သက်အရွယ်ကောင်လေးရဲ့ မျက်နှာက ယုံကြည်မှုတွေနဲ့ လင်းလက်နေပြီး ရိုးရှင်းလွန်းသည့် အပြုံးတစ်ပွင့်ကိုလည်း သူ့နှုတ်ဖျားထက် ပုံဖော်ထားသေးသည်။
တောက်ပသည့် နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ ဖြာကျနေသည်မှာ သူ့နောက်ကျောမှ မှင်သက်စွဲလမ်းစရာကောင်းသည့် အလင်းရောင်တွေ ဖြာထွက်နေသကဲ့သို့ပင်။
"ဒါ ဘယ်အချိန်တုန်းကလဲ ဆိုတာ မင်းမှတ်မိလား။ ငါကတော့ ဘယ်တုန်းကမှ မမေ့ခဲ့ဘူး။ "
အခုလေးတင်မှ အခန်းထဲသို့ရောက်လာသည့် ထျန်ရှုံးက သူ့မျက်စိရှေ့က နံရံပေါ်မှာဆွဲထားတဲ့ ပန်းချီကိုကြည့်ပြီး ဝမ်နျဲ့နျန်ကို မေးလိုက်သည်။
ဒါက တစ်ချိန်တုန်းက သိပ်ကိုလှပခဲ့တဲ့ ပုံရိပ်တွေမို့ ဝမ်နျဲ့နျန် ကိုယ်တိုင်က မှတ်မိနေခဲ့ပြီး ထိုအချိန်က သူဆရာမကိုပြောပြီး စန္ဒရားတီးဖို့ သီချင်းစာရွက်သွားယူနေတုန်း စာသင်ခန်းထဲမှာ ရှိတဲ့ စန္ဒရားကိုမြင်ပြီး ဘယ်လိုမှ မထိန်းနိုင်ဘဲ တီးဖြစ်ခဲ့တုန်းကပေါ့။
သူ့လက်ချောင်းလေးတွေရဲ့ ထိခတ်မှုအောက်မှာ ညိမ့်ညောင်းစွာထွက်ပေါ်လာသည့် သံစဉ်နှင့် သူထပ်ထပ်ပြီး တီးလေလေ ပိုပိုပြီး နစ်ဝင်သွားတဲ့ ခံစားချက်တွေနဲ့အတူ ထိန်းချုပ်ခြင်းကင်းမဲ့စွာထွက်ပေါ်လာသည့် အပြုံးတွေလည်း သူ့မျက်နှာတစ်ခုလုံးနဲ့အပြည့် ဝေဆာနေခဲ့သည်။
"မှတ်မိတာပေါ့။ အဲ့တာ ငါ ကျောင်းမှာ သေချာ ဂရုစိုက်ပြီး စန္ဒရားတီးနေတဲ့အချိန်လေ။
အဲ့တုန်းက အခန်းတံခါးကို ရုတ်တရက်ကြီး တွန်းဖွင့်ပြီးဝင်လာတဲ့ မင်းက မှောက်လျက်ပြုတ်ကျခဲ့တာ မဟုတ်ဘူးလား။ "
ထိုအချိန်က အခန်းထဲဝင်ဝင်ချင်း မှောက်လျက်လဲပြီး ပြုတ်ကျသွားလို့ နှာခေါင်းသွေးပါ ထွက်သွားတဲ့ ထျန်ရှုံးကို ဝမ်နျဲ့နျန် မှတ်မိနေပါသေးသည်။
ဒါကို ထျန်ရှုံးက ရှက်ကိုးရှက်ကန်းနဲ့ ပြန်ထပြီး သူ့နှာခေါင်းက စီးကျနေတဲ့ သွေးတွေကို လက်ဖမိုးနဲ့ဆွဲသုတ်ကာ 'တွေ့ရတာ ဝမ်းသာပါတယ် ' ဟူသောစကားကို ပါးချိုင့်လေးတွေစီတန်းထွက်နေတဲ့ အပြုံးလှလှနဲ့အတူ ပြောခဲ့သေးသည်။
Black Lotus
Words-3596
Feb/25/2021
Wine.
Note.
လိပ်ပြာလေးတွေက ဝေ့ကာဝဲကာဖြင့်
ပန်းလေးတွေကို ဖြတ်ကာ
လူးလာသွားကြတယ်။
ငါ့နှလုံးသားကို ဖြတ်ကျော်ပြီး
အနက်ရှိုင်းဆုံး အလွှာအထိ
မင်းအချစ်တို့ ရောက်လာစေချင်တယ်။
For my lovely zawgyi readers.
'ထ်န္ရႈံး'
မေတြ႕ရတဲ့ရက္ေတြမွာ ထ်န္ရႈံးရဲ႕ အၿပဳံးေလးေတြက မေျပာင္းလဲပါဘဲ ပါးခ်ိဳင့္ႏွစ္ဖက္နဲ႕ လိုက္ဖက္စြာ လွပေနၾကေသးသည္။
စိတ္လႈပ္ရွားမႈျဖင့္ ေမွ်ာ္လင့္ႀကီးစြာ ၿပဳံးျပေနသူအား ဝမ္န်ဲ့န်န္ မၾကည့္ဝံ့ပါ။
ထိတ္လန႔္ေနသည့္ အေၾကာက္တရားတစ္ခ်ိဳ႕ျဖင့္သာ စတီယာကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားရင္း ကားမွန္ကိုလည္းမခ်ေပးျဖင့္ဘဲ ဒီအတိုင္းသာ ၿငိမ္ေနမိသည္။
တစ္ဖက္က ဝမ္န်ဲ့န်န္ရဲ႕ကားကိုေတြ႕မိလို႔ အေလာတႀကီးေျပးထြက္လာခဲ့တဲ့ ထ်န္ရႈံးက ကားထဲမွာ ဝမ္န်ဲ့န်န္ရွိေနမွန္းလည္းသိေရာ သူ႕အၿပဳံးေတြက ပိုလို႔ေတာက္ပသြားၿပီး ဝမ္န်ဲ့န်န္ကိုလည္း လက္ျပကာ ႏႈတ္ဆက္လိုက္သည္။
အခုေလးတင္ သူ႕အေၾကာင္းေတြးေနခဲ့တာမဟုတ္ဘူးလား။
သို႔ေပမယ့္ အၿပဳံးေတြလည္းမရွိဘဲ ႏြမ္းလ်ေနသည့္ပုံစံက အရင္တစ္ခါေတြ႕ခဲ့တဲ့ ေနာက္ဆုံးတစ္ႀကိမ္ကထက္ေတာင္ ပိုၿပီးဆိုးေနလို႔ အလုံးအရင္းႏွင့္ ဝင္ေရာက္လာသည့္ ပူပန္စိတ္တို႔ျဖင့္ ထ်န္ရႈံးက ကားေရွ႕မွာရပ္ေနရာမွ ေဘးဘက္သို႔သြားၿပီး ကားျပတင္းေပါက္မွန္မွတဆင့္ ကားအထဲသို႔ ငုံ႕ၾကည့္လိုက္သည္။
လက္ျဖင့္ကားမွန္ကိုခ်ေပးဖို႔ ေျပာရင္း သိသိသာသာပ်က္ယြင္းသြားသည့္ အၿပဳံးတစ္ခုကို ဟန္ေဆာင္လုပ္ၿပဳံးထားေသာ္ျငား မလိမ္တတ္သည့္ မ်က္ဝန္းတြင္ေတာ့ ေတာက္ပေနျခင္းတို႔ မရွိေတာ့။
တုံ႕တုံ႕ပင္မလႈပ္ေသာ ထိုသူ႕ထံမွ အၾကည့္ေလးတစ္ခ်က္ျဖင့္လည္း ျပန္၍အသိအမွတ္ျပဳမလာ။ ေခါင္းကိုသာ အတင္းငုံ႕ခ်ေနေသာသူကိုၾကည့္ၿပီး ထ်န္ရႈံးတကယ္ကို စိတ္ပူလာရသည္။
"န်ဲ့န်န္..! န်ဲ့န်န္ ကားမွန္ေလး ခ်ေပးပါေနာ္ ငါ မင္းနဲ႕ စကားေျပာခ်င္လို႔ပါ ... "
ထ်န္ရႈံးက ကားမွန္ကို လက္ျဖင့္ေခါက္ၿပီး စိုးရိမ္ႀကီးစြာျဖင့္ ေအာ္ေျပာလိုက္သည္။
"ထ်န္ရႈံး မင္း အဲ့လိုမလုပ္သင့္ဘူးေလ။ မစၥတာဝမ္အေပၚမွာ ရိုင္းျပေနသလို ျဖစ္ေနၿပီ "
အခုေလးတင္ အနားေရာက္လာသည့္ ထ်န္လြမ္႐ႊန္းက ကားထဲက ဝမ္န်ဲ့န်န္ကို ၾကည့္ၿပီး ထ်န္ရွံးရဲ႕ ပုခုံးကိုပုတ္ကာ ေျပာလိုက္သည္။
"သူ အရင္က ဒီလိုမ်ိဳးမဟုတ္ဘူး။ ဒီလိုမ်ိဳး လစ္လ်ဴရႈၿပီး မသိသလိုေနေနတာ ကြၽန္ေတာ္တစ္ခါမွမျမင္ဖူးဘူး။ သူ႕ တစ္ခုခုျဖစ္ေနတာပဲ ျဖစ္မွာ "
ထ်န္ရႈံးက သူ႕အကိုကိုျပန္ေျပာၿပီး စိုးရိမ္မႈမ်ားစြာျဖင့္ ကားမွန္ကို ထပ္ၿပီးေခါက္လိုက္သည္။
"ဟုတ္ၿပီ ဟုတ္ၿပီ။ ထ်န္ရႈံး ... မင္း ငါ့ကားတံခါးကို အဲ့ေလာက္ထုေနတာ ကြဲသြားရင္ ျပန္ေလ်ာ္ေပးမွာလား။"
ဝမ္န်ဲ့န်န္က ကားမွန္ကိုျဖည္းျဖည္းခ်င္းခ်ၿပီး ထ်န္ရႈံးဘက္လွည့္ကာ ေမးလိုက္သည္။
"န်ဲ့န်န္ ... မင္း ငါ့ကိုေတြ႕ဖို႔ လာတာလား။ ၿပီးေတာ့ ခုနက ဘာျဖစ္လို႔လဲ မင္း... "
ထ်န္ရႈံးက စကားေျပာေနရင္းမွ ႐ုတ္တရက္ အေနာက္သို႔ ဆုတ္လိုက္သည္။
"မင္း ဘာလို႔ ဒီေလာက္ေတာင္ ပိန္သြားတာလဲ။ မင္း ပုံစံက ဘယ္လိုျဖစ္ေနတာလဲ။ ဘယ္အခ်ိန္က ဒီေလာက္ထိပိန္သြားတာလဲ။ ထပ္ၿပီး ေနမေကာင္းျဖစ္ေသးလို႔လား။ "
ဝမ္န်ဲ့န်န္က ကားတံခါးကို ဖြင့္ၿပီး ကားေပၚမွဆင္းလိုက္သည္။ ထိုအခါမွ ပိန္ပါးလြန္းေနသည့္ ခႏၶာကိုယ္အျပင္ မ်က္လုံးနား ေရာက္လုနီးနီးထိ ဆြဲခ်ေဆာင္းထားသည့္ ဦးထုပ္ကိုပါ ထ်န္ရႈံး ေတြ႕လိုက္ရသည္။
"ငါ ဒီရက္ပိုင္းအစားအေသာက္ပ်က္ေနလို႔ ထမင္းသိပ္မစားျဖစ္ဘူး။ အဲ့ဒါေၾကာင့္ နည္းနည္းပိန္သြားတာ "
ဒါက ယုံၾကည္စရာေကာင္းတဲ့ အလိမ္အညာစကားလား မေျပာတတ္ေပမယ့္ ထ်န္ရႈံးကေတာ့ အခုထိ ေမးခြန္းေတြဆက္ေမးဖို႔ ဟန္ျပင္ေနတာကို ဝမ္န်ဲ့န်န္ရိပ္မိသည္။
စိုးရိမ္ေနသည့္ မ်က္ဝန္းေတြနဲ႕ ေမးလာမည့္ ေမးခြန္းေတြကလည္း ေျဖရခက္ခဲေစမွာ သိသာေနတာမို႔ သူကပဲ စကားလမ္းေၾကာင္းလႊဲကာ ထ်န္ရႈံးေဘးမွာ ရပ္ေနတဲ့ သူဆီအၾကည့္ပို႔ၿပီး ေမးလိုက္သည္။
"ဒါက"
"အာ မိတ္ဆက္ေပးဖို႔ ေမ့ေနတာ။ ဒါက ငါ့အကိုေလ ။ န်ဲ့န်န္... ငါတို႔ ႏွစ္ေယာက္က ႐ုပ္ခ်င္းဆင္တယ္လို႔မထင္ဘူးလား။ ႐ုပ္တူတယ္ မလား။ "
"မင္းအကိုက ပိုေခ်ာတယ္"
"န်ဲ့န်န္ ...မင္း ဘယ္လိုမ်ား ငါ့အကိုက ငါ့ထက္ပိုေခ်ာတယ္လို႔ ေျပာနိုင္ရတာလဲ။
ငါ့အကိုက အေမနဲ႕တူလို႔ေခ်ာေပမယ့္ အက်င့္က အေဖနဲ႕တူတာ။
ငါနဲ႕ငါ့အကိုက လုံးဝကို ေတာင္နဲ႕ေျမာက္ပဲ "
"အာ့"
သူ႕စကားအဆုံး အရိုက္ခံလိုက္ရသည့္ အရွိန္နဲ႕ ေခါင္းက အေရွ႕ကိုေတာင္ငိုက္စိုက္သြားသည္။ ထ်န္လြမ္႐ႊန္းက သူ႕ညီ စကားေျပာဆင္ေျခဖို႔ကို မ်က္လုံးနဲ႕ပဲ အသိေပးၿပီး ဝမ္န်ဲ့န်န္ဘက္လွည့္ကာ လက္ဆြဲၿပီး ႏႈတ္ဆက္လိုက္သည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္ မစၥတာဝမ္။ ကြၽန္ေတာ္က ထ်န္လြမ္႐ႊန္းပါ။ ထ်န္ရႈံးက မင္းကို ေတာ္ေတာ္ဒုကၡေပးေနမွာပဲ .. ကြၽန္ေတာ္ကပဲ ေတာင္းပန္ပါတယ္ "
"..."
ထ်န္လြမ္႐ႊန္းက သူ႕လက္ကိုလည္း ဝမ္န်ဲ့န်န္ေရွ႕ဆန႔္ထုတ္ထားရင္း သူ႕ညီအစားစိတ္ရင္းနဲ႕ေတာင္းပန္သည့္အေနျဖင့္ ေခါင္းကိုပါ အနည္းငယ္ၫြတ္လိုက္ေပမယ့္ တိတ္ဆိတ္ၿပီး တုံ႕ျပန္မႈကင္းမဲ့သြားေသာ အေျခအေနႀကီးေၾကာင့္ သူက ေၾကာင္ေၾကာင္အမ္းအမ္းနဲ႕ ေခါင္းကိုျပန္ေမာ့လိုက္သည္။
သူ႕ေရွ႕က ဝမ္န်ဲ့န်န္ကလည္း အားတုံ႕အားနာျဖစ္ေနေသာ အမူအရာျဖင့္ သူ႕ကိုစိုက္ၾကည့္ေနသည္။
"အကို ... န်ဲ့န်န္က တျခားသူေတြနဲ႕ အဲ့လို ထိေတြ႕ရတာမ်ိဳး မႀကိဳက္ဘူး။ "
ထ်န္ရႈံးက သူ႕အကိုနားကပ္သြားၿပီး ပုခုံးကိုပုတ္ကာ သတိေပးလိုက္သည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ မစၥတာ ထ်န္ "
"ကိစၥမရွိပါဘူး။ ရပါတယ္။ ကြၽန္ေတာ္ေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္သြားရလို႔ ေတာင္းပန္ပါတယ္ မစၥတာ ဝမ္ "
ထ်န္လြမ္႐ႊန္းက သူ႕လက္ကိုျပန္႐ုတ္ၿပီး အားနာသြားသည့္ပုံစံျဖင့္ ျပန္ေျပာလိုက္သည္။
သူ႕ေရွ႕က သက္ေတာင့္သက္သာမရွိလွေသာ ဝမ္န်ဲ့န်န္၏ အားနာေနဟန္ပုံစံေလးကို ျမင္ေတာ့ သူလည္း စိတ္ထဲတြင္ တစ္မ်ိဳးျဖစ္သြားမိသည္။
"မင္း ဘာလုပ္တာလဲ "
တစ္ဖန္ျပန္ၿပီး တိတ္ဆိတ္သြားသည့္ သူတို႔သုံးေယာက္၏ စကားဝိုင္းထဲသို႔ အခြင့္မရွိဘဲ တိုးဝင္လာသည္က ေအးစက္သည့္ ေလညွင္းမ်ားသာ။
လူးကာလြင့္ကာျဖင့္ သူျပန္ၿပီးထြက္သြားေပမယ့္ က်န္ခဲ့သည့္ လူမွာေတာ့ အေအးဓာတ္ေၾကာင့္ သိမ့္ကနဲတုန္သြားရသည္။
ဒါကို ျမင္ျဖစ္ေအာင္ ျမင္သြားသည့္ ထ်န္ရႈံးကလည္း သူ႕ဝတ္ထားတဲ့ အေႏြးထည္ကို ခ်က္ခ်င္းခြၽတ္ၿပီး ဝမ္န်ဲ့န်န္၏ ကိုယ္ေပၚသို႔ လႊားကနဲၿခဳံေပးလိုက္သည္။
ကံမေကာင္းသည္က ထိုအေႏြးထည္က အျပင္းအထန္႐ုန္းကန္ေနသည့္ ဝမ္န်ဲ့န်န္ေၾကာင့္ ကိုယ္ေပၚမေရာက္ဘဲ ေျမႀကီးေပၚသို႔ ျပဳတ္က်သြားသည္။
"မင္း ... မင္း ဘာျဖစ္ေနတာလဲ န်ဲ့န်န္ ။ ငါ က အေႏြးထည္ေလး ၿခဳံေပးခ်င္႐ုံပါ "
ထိုအခါမွ ဝမ္န်ဲ့န်န္က သူအရမ္းစိတ္လႈပ္ရွားၿပီး အလြန္အၾကဴးလုပ္မိသြားသည္ကို သတိထားမိသြားသည္။
"ေတာင္းပန္ပါတယ္ ထ်န္ရႈံး။ ငါ့ကို အဲ့လိုလုပ္ေပးစရာမလိုပါဘူး။ "
"ဒီအျပင္မွာ ေအးတယ္။ စတူဒီယိုထဲသြားၿပီး စကားေျပာရေအာင္ "
ထ်န္လြမ္႐ႊန္းက သူ႕ညီကို ပုခုံးပုတ္ကာ ေျပာသြားၿပီး သူက ေရွ႕ဆုံးကေန ဦးေဆာင္ၿပီး စတူဒီယိုသို႔ ျပန္သြားလိုက္သည္။
ထ်န္ရႈံးက ေျမႀကီးေပၚျပဳတ္က်သြားတဲ့ အေႏြးထည္ကိုျပန္ေကာက္ၿပီး ဝမ္န်ဲ့န်န္ကို ကမ္းေပးလိုက္သည္။
အျပင္မွာက ေလေအးေတြတိုက္ၿပီး အရမ္းေအးေနတယ္။
သူ႕အတြက္မလိုဘူးလို႔ ဆိုထားေပမယ့္ သူ႕လက္ထဲထည့္ေပးၿပီး ကိုယ္တိုင္ဝတ္ေစရင္ေတာ့ လက္ခံေလာက္မယ္ ထင္ပါရဲ႕။
***
"န်ဲ့န်န္ .. ငါ စတူဒီယိုကို ျပန္ၿပီးျပင္ဆင္ထားတယ္။ ဘယ္လိုေနလဲဆိုတာ ငါ့ကို ကူၾကည့္ေပးေနာ္"
"မၾကည့္ေတာ့ဘူး။ ငါ ျပန္ေတာ့မယ္။ ငါ လုပ္စရာကိစၥေလးရွိလို႔ ဒီကို လာခဲ့တာ ၿပီးေတာ့ မင္းနဲ႕ မထင္မွတ္ဘဲ လာဆုံတာ "
ဝမ္န်ဲ့န်န္က ျပန္ဖို႔ ကားတံခါးကို ဆြဲဖြင့္လိုက္ေပမယ့္ ထ်န္ရႈံးက ျပန္ၿပီးတြန္းပိတ္လိုက္သည္။
"မင္း လိမ္ေနတာ"
"ဘာကိုလဲ .. "
ကားလက္ကိုင္ကို ဆုပ္ကိုင္ထားသည့္ ဝမ္န်ဲ့န်န္ရဲ႕ လက္ေတြက တင္းၾကပ္သြားၿပီး သူေသခ်ာၾကားလိုက္မိသည္ဆိုေသာ္လည္း မွန္ေနသည့္ စကားတစ္ခြန္းက သူ႕ကို နာက်င္ေစသည္ေလ။
"မင္း ငါ့ကိုေတြ႕ဖို႔လာတာ ေလ... မဟုတ္ဘူးလား။ "
မေက်မနပ္ျဖစ္ကာေျပာလာေသာ ထိုအသံေတြေနာက္မွာ စူးရွသည့္မ်က္ဝန္းတို႔ကလည္း မ်က္ရည္တို႔ျဖင့္ စိုစြတ္လာသည္။
"မဟုတ္ပါဘူး။"
"ငါ မယုံဘူး။ မင္း လိမ္ေနတာ "
"ထ်န္ရႈံး မင္းလက္ကို ဖယ္လိုက္။ မစၥတာဝမ္ကို မေႏွာင့္ယွက္နဲ႕ေတာ့ "
ထ်န္လြမ္႐ႊန္းက သူ႕ညီရဲ႕ အျပဳအမူကိုျမင္ေတာ့ စတူဒီယိုကို သြားေနရာမွျပန္လွည့္လာၿပီး ၾကားထဲကေန ဝင္တားေပးရသည္။
ထ်န္ရႈံးက သူ႕လက္ကိုဖယ္လိုက္ၿပီး အေနာက္သို႔ဆုတ္လိုက္သည္။
မေက်မနပ္ျဖစ္မႈမ်ားႏွင့္ စိတ္ေလ်ာ့လိုက္ရသည့္ အမူအရာေတြက သူ႕မ်က္ဝန္းႏွင့္ အျပည့္ျဖစ္ေနသည္။
"ေတာင္းပန္ပါတယ္ ထ်န္ရႈံး ...ငါ ... "
႐ုတ္တရက္ ထပ္ၿပီးတိုက္လာသည့္ ေလျပင္းေၾကာင့္ ဒီတစ္ခါေတာ့ လမ္းေဘးက ေလႏွင့္အတူလြင့္ပါလာသည့္ သဲမႈန္ေတြေၾကာင့္ လမ္းေပၚမွာရွိတဲ့လူတိုင္းက လက္နဲလည္း ကာရင္း မ်က္လုံးေတြကိုပါ သဲမဝင္ေအာင္ မွိတ္လိုက္ၾကသည္။
ဝမ္န်ဲ့န်န္လည္း သူ႕လက္ကိုျမႇောက္ၿပီး ေလလာရာကိုကာထားလိုက္သည္။
ထို႔ေနာက္ျပန္ၿပီး ၿငိမ္သက္သြားသည့္ ေလေအးႏွင့္အတူ ဝမ္န်ဲ့န်န္က သူ႕လည္စည္းေပၚက သဲမႈန္ေတြကိုခါထုတ္ရင္း သူ႕ဆံပင္ေတြကိုပါ လက္ေခ်ာင္းနဲ႕ထိုးဖြလိုက္သည္။
'ဘုရားေရ'
ထိတ္လန႔္သြားသည့္ အရိပ္အေယာင္ေတြသည္ မ်က္ဝန္းအိမ္ႏွင့္အျပည့္။ ေတာင့္ေတာင့္ႀကီး ျဖစ္သြားသည္မွာလည္း ဆံပင္ေတြကို ကိုင္ထားလ်က္ႏွင့္ပင္။
'ဦးထုပ္ .. ဦးထုပ္ မရွိေတာ့ဘူး။ '
ဝမ္န်ဲ့န်န္ အထိတ္တလန႔္နဲ႕ ထ်န္ရႈံးကို ျပန္ေမာ့ၾကည့္လိုက္သည္။
အံ့ဩျခင္းေတြနဲ႕ မလႈပ္မယွက္နိုင္ဘဲ ရပ္ေနခဲ့သူက ထ်န္ရႈံးကမ်ား အရင္ျဖစ္ေနမလား။
မ်က္စိထဲကို သဲမႈန္ေတြဝင္သြားလို႔ ေတာ္႐ုံနဲ႕ ျပန္ဖြင့္လို႔မရေပမယ့္ သူမ်က္စိဖြင့္ဖြင့္ခ်င္း သူ႕ကိုျဖတ္ကာ လြင့္က်သြားသည့္ ဝမ္န်ဲ့န်န္၏ ဦးထုပ္ကို ေကာက္ေပးဖို႔အလုပ္ ျမင္လိုက္ရသည္က နဖူးမွာ ပတ္တီးနဲ႕တဲ့လား န်ဲ့န်န္ ...
ဝမ္န်ဲ့န်န္က သူ႕ဦးထုပ္ကိုခပ္ျမန္ျမန္ပဲ ျပန္ေကာက္ၿပီး ေခါင္းမွာ ျပန္ေဆာင္းလိုက္ကာ ထိုေနရာမွ ထြက္သြားဖို႔ျပင္လိုက္သည္။
သို႔ေပမယ့္ ထ်န္ရႈံးက သူ႕လက္ေတြကို ႐ုတ္တရက္ဖမ္းဆြဲၿပီး တုန္ရီေနတဲ့အသံေတြနဲ႕ အလန႔္တၾကားေမးလာသည္။
"ဘယ္လိုျဖစ္တာလဲ။ ဒဏ္ရာက ဘယ္လိုရလာတာလဲ ... ဟမ္ ... မင္း ဘာေတြျဖစ္လာတာလဲ "
"ငါ့ကို လႊတ္ ထ်န္ရႈံး .... ငါ ေတာင္းပန္ပါတယ္ "
သူမျငင္းမိ။
"န်ဲ့န်န္ ...နာေနလား။ ဘာလို႔ ထပ္ၿပီး အနာခံရတာလဲ။
ဘာလို႔ အၿမဲတမ္း မင္းပဲ နာက်င္ေနရတာလဲ .....
မင္း နာေနမွာေပါ့ "
"ငါ "
ဒါက နာလား ..
ဘာလို႔ မနာက်င္ေနရတာလဲ။ ငါ မနာပါဘူး။
ဘာလို႔လဲ ငါ မေျပာတတ္ဘူး။
ဘာလို႔ ေကာင္းကင္က အစကတည္းက ငါ မပိုင္ဆိုင္နိုင္မယ့္ အလင္းေရာင္တစ္ခုကို ငါ့ကို ျမင္ခြင့္ေပးခဲ့လဲ ငါ မသိဘူး။
အဆုံးသတ္ေတြတိုင္းမွာ ငါဟာ ဒီလိုနဲ႕ပဲ ဇာတ္သိမ္းေနရတယ္။
ငါ ဘယ္သူ႕ကို အျပစ္တင္ရမလဲ ...
အျပစ္တင္လို႔ေရာ ရပါ့မလား။ ....
"ကုယ်န္ရွန္းေၾကာင့္ပဲ မလား။ သူ မင္းကို ထပ္ၿပီး နာက်င္ေအာင္လုပ္လိုက္တာ ဟုတ္တယ္မလား။
ဖယ္ ငါသူ႕ဆီသြားၿပီး သူ႕ကို နာက်င္ရေအာင္ ျပန္လုပ္ပစ္မယ္ ။ မင္း အစား ငါသူ႕ကို နာက်င္သြားေအာင္ လုပ္ေပးမယ္ "
"ေတာ္ေတာ့ ထ်န္ရႈံး ။ ၿပီးခဲ့တဲ့ ကိစၥေတြကို ျပန္မစနဲ႕ေတာ့၊ ငါ မင္းကို ခြင့္မျပဳဘူး ငါ့အတြက္ မင္းအဲ့လို လုပ္ေပးစရာမလိုဘူး။ အဲ့လိုလုပ္ဖို႔ မတန္ဘူး။ "
ကုယ်န္ရွန္းနဲ႕ ထ်န္ရႈံးသာ ရန္ျဖစ္ခဲ့ရင္ ဘာေတြျဖစ္လာမလဲဆိုတာ သိေနတာမို႔ ဝမ္န်ဲ့န်န္ ထ်န္ရႈံးကိုမတားလို႔ ဘယ္လိုမွမျဖစ္။
ၿပီးေတာ့ ကုယ်န္ရွန္းက ဘယ္လိုနည္းလမ္းေတြနဲ႕ တိုက္ခိုက္တတ္လဲဆိုတာလည္း သိေနခဲ့လို႔ ျဖစ္သည္။
အရင္ အထက္တန္းေက်ာင္းမွာတုန္းက ခ်န္းလုံအန္းကို လိုက္ေႏွာက္ယွက္ခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ရွိတယ္။ အဲ့ဒီတုန္းက ထိုေကာင္ေလးက အရိုက္ခံရလို႔ ေဆး႐ုံပါတက္လိုက္ရၿပီး ေက်ာင္းကပါ အထုတ္ခံလိုက္ရသည္။
အခုကေရာ ... အိမ္မွာလုယြင္ရွိေနတယ္။
ထို႔အျပင္ ကုမိသားစုနဲ႕ လုမိသားစုက သူတို႔ကိုလာၿပီးထိခိုက္လာတဲ့သူေတြကို သနားညွာတာမႈမရွိဘဲ ဖ်က္စီးတတ္သည္။
ေနာက္ၿပီး ဝမ္န်ဲ့န်န္ ကုယ်န္ရွန္းနဲ႕ လက္ထပ္ၿပီးေနာက္ပိုင္း ကုယ်န္ရွန္းနဲ႕ က်ိဳးယြမ္ဖုန္းက သူတို႔ရဲ႕ ၿပိဳင္ဘက္အဖြဲ႕အစည္းေတြကို ဘယ္လိုဖ်က္ဆီးပစ္လဲဆိုတာလည္း ဝမ္န်ဲ့န်န္ သိသည္။
ထို႔ေၾကာင့္ ထ်န္ရႈံးနဲ႕ ကုယ်န္ရွန္းတို႔ ျပႆနာျဖစ္ၾကမွာကို သူမတားလို႔မရ။
ဝမ္န်ဲ့န်န္က သူ႕ေဘးမွာရပ္ေနတဲ့ ထ်န္လြမ္႐ႊန္းကိုၾကည့္လိုက္ၿပီး ထိုအခါမွ ဘာမွဝင္မေျပာဘဲ အသံတိတ္ၿပီး ရပ္ေနတဲ့ ထ်န္လြမ္႐ႊန္းက သတိျပန္ဝင္ၿပီး ဝမ္န်ဲ့န်န္အေပၚအားနာမိသလိုျဖစ္သြားသည္။
အမွန္ေတာ့ သူက ဒီအတိုင္းပဲ ရပ္ၾကည့္ေနမိတာ မဟုတ္ဘဲ ထ်န္ရႈံးနဲ႕ သူတို႔ႏွစ္ေယာက္ၾကားကို ဝင္မပါခ်င္သည့္အတြက္ေၾကာင့္သာ။
'ဘာလို႔လဲ။ သူ ခ်စ္တဲ့သူေလ။ တစ္ေန႕လုံး တစ္ညလုံး အၿမဲတမ္း စဥ္းစားေနမိတဲ့ သူခ်စ္ရသူက တျခားတစ္ေယာက္ရဲ႕ ခ်စ္ျခင္းကိုမရဘဲ ဒီလိုပဲ ထပ္ခါ ထပ္ခါ နာက်င္ေနရတာကို သူ ဘယ္လိုမ်ား ေျဖသိမ့္ၿပီး ေနရမွာလဲ။
ခ်စ္ရတဲ့သူက နာက်င္ေနရတာကို သိလ်က္နဲ႕ ဘာမွမလုပ္နိုင္တဲ့ ဘာမွလုပ္ပိုင္ခြင့္မရွိတဲ့ သူက ဘယ္လိုမ်ား ထိန္းခ်ဳပ္ၿပီးေနနိုင္မွာတဲ့လဲ။
"ငါ့က်ေတာ့ မတန္ဘူးေပါ့ေလ။ အဲ့ဒီေခြးေကာင္ ကုယ်န္ရွန္းက်ေတာ့ မင္းရဲ႕ ကာကြယ္ေပးမႈနဲ႕ ထိုက္တန္တယ္ေပါ့။
သူက မင္းကို ဂ႐ုစိုက္လို႔လား။
သူမင္းကို တစ္ခါေလာက္ေတာင္ ခ်စ္ဖူးလို႔လား။ မခ်စ္ခဲ့ဘူး။ တစ္ႀကိမ္ေတာင္ မခ်စ္ခဲ့ဘူး "
ဒါက ရင္ဘတ္တစ္ခုလုံးႏွင့္ မဆံ့ေတာ့သည့္ မေက်နပ္ခ်က္ေတြကို ေဖာ္ျပေနသည့္ တင္းမာတဲ့ ရန္ပြဲတစ္ခုလိုပင္။
ဝမ္န်ဲ့န်န္ စိုက္ၾကည့္ေနမိတဲ့ ထ်န္ရႈံးရဲ႕ မ်က္ဝန္းေတြက နီရဲေနၿပီး အက္ကြဲေနသည့္အသံတို႔ႏွင့္အတူ သူ႕ရဲ႕ စိတ္အလိုမက်မႈသည္လည္း ျပင္းထန္ေနသည္။
လမ္းတစ္ဖက္က လူတိုင္းက ဒီအေျခအေနကို အထူးအဆန္းလုပ္ကာ ၾကည့္ၿပီး တီးတိုးေျပာဆိုသြားၾကသည္။
"ထ်န္ရႈံး ဆိုင္တစ္ဆိုင္ထဲအရင္သြားၿပီး ေျပာရေအာင္။ အခု လမ္းေပၚမွာ လူေတြအမ်ားႀကီးပဲ။ အရင္တစ္ခါလို ဘာမဟုတ္တဲ့ ကိစၥတစ္ခုေၾကာင့္နဲ႕ ထပ္ၿပီး အထင္လြဲတာမ်ိဳး ျဖစ္ေနမယ္ ..
န်ဲ့န်န္အတြက္မေကာင္းဘူး။ "
ထ်န္လြမ္႐ႊန္းက ဝင္ေျပာေတာ့မွ ထ်န္ရႈံးက ေဘးဘီကို လွည့္ၾကည့္လိုက္ၿပီး ဝမ္န်ဲ့န်န္ဘက္တစ္ဖန္ျပန္လွည့္ကာ အသံတိုးတိုးေလးနဲ႕ ေမးလိုက္သည္။
"မင္း လိုက္ခဲ့ေပးလို႔ရမလား။ "
ေတာင္းပန္ခယစြာ လက္ခံေပးဖို႔ ေျပာေနေသာအသံတို႔၌ ေလေအးတို႔ တိုးမဝင္နိုင္ေလာက္ေအာင္ မ်ားျပားလြန္းသည့္ ညွိုးငယ္ေနေသာ ခံစားခ်က္တို႔ သီကုံးကာ လိုက္ပါေနသည္။
ဝမ္န်ဲ့န်န္က ေခါင္းကို ငုံ႕လိုက္ၿပီး ျပန္မေျဖေသး။ တစ္ေအာက္မွ်ၾကာမွ " ေကာင္းၿပီ " ဟူေသာ အသံသည္ ေလေအးႏွင့္အတူ ေရာယွက္ကာ ထြက္ေပၚလာသည္။
ထိုစဥ္ ထ်န္လြမ္႐ႊန္းရဲ႕ ဖုန္းက အသံျမည္လာၿပီး သူက ဖုန္းေခၚတဲ့သူကိုၾကည့္လိုက္သည္။ သူ႕မ်က္ခုံးႏွစ္ဖက္က အနည္းငယ္ထိုးက်ဳံ႕သြားၿပီး ထ်န္ရႈံးကို ျပန္ေမာ့ၾကည့္ကာ ေျပာလိုက္သည္။
"ထ်န္ရႈံး ငါ လုပ္စရာေလးရွိေသးလို႔ ကုမၸဏီကို ျပန္ရမယ္။ မင္း နဲ႕ မစၥတာဝမ္ပဲ သြားလို႔ အဆင္ေျပတယ္မလား။ "
ထို႔ေနာက္ ထ်န္လြမ္႐ႊန္းက ဝမ္န်ဲ့န်န္ဘက္လွည့္ကာ ႏူးညံ့ေသာေလသံျဖင့္ ထပ္ေျပာလိုက္သည္။
"မစၥတာဝမ္ ... ကြၽန္ေတာ္ အလုပ္ေပၚလာလို႔ အရင္ျပန္မွျဖစ္ေတာ့မယ္။ ေနာက္တစ္ေခါက္မွပဲ ေကာ္ဖီလိုက္တိုက္ေတာ့မယ္ "
ထ်န္လြမ္႐ႊန္းက သူ႕ေခါင္းကို အသာညိတ္ျပၿပီး စတူဒီယိုအေရွ႕မွာ ရပ္ထားတဲ့ ကားဆီသြားလိုက္ကာ ထိုေနရာမွေမာင္းထြက္သြားခဲ့သည္။
ထိုအခ်ိန္ထိ ထ်န္ရႈံးရဲ႕ ေခါင္းက ေျမႀကီးထဲစိုက္ဝင္ေတာ့မတတ္ငုံ႕ထားၿပီး ဝမ္န်ဲ့န်န္လည္း ဘာမွထပ္ေျပာမေနပဲ ထ်န္ရႈံးရဲ႕ အေရွ႕ကေန လမ္းေလွ်ာက္သြားလိုက္သည္။
ထိုအခါမွ ထ်န္ရႈံးလည္း ဝမ္န်ဲ့န်န္အေနာက္မွာ ကပ္ကာ စတူဒီယိုအထဲသို႔ ဝင္သြားလိုက္သည္။
"မင္း ေရေသာက္ခ်င္လား။ မင္းအတြက္ ေရတစ္ခြက္ယူေပးမယ္ေလ "
"မေသာက္ဘူး။ ငါ စႏၵရားထားတဲ့ အခန္းထဲ သြားခ်င္တယ္ "
ဝမ္န်ဲ့န်န္က ထ်န္ရႈံးရဲ႕ အေမးကို ျပန္ေျဖၿပီးေနာက္ သူအရင္တစ္ခါလာတုန္းက စႏၵရားတီးခဲ့တဲ့ အခန္းေလးထဲသို႔ ဝင္သြားလိုက္သည္။
အရင္တစ္ခါနဲ႕ မတူဘဲ ထိုအခန္းေလးက ေဆးေတြလည္း ျပန္သုတ္ထားသလို ဟိုေနရာ ဒီေနရာ ျဖင့္ ၾကည္ႏူးစရာေကာင္းေအာင္ အလွဆင္ထားသည္မွာလည္း စတူဒီယိုပိုင္ရွင္က ထ်န္ရႈံးမဟုတ္သည့္ အတိုင္းပင္။
ဝမ္န်ဲ့န်န္ စႏၵရားဆီသို႔ေလွ်ာက္သြားရင္း နရံမွာ ေဆးျခယ္ထားသည့္ ပုံရိပ္တစ္ခုကိုလည္း ေငးၾကည့္ျဖစ္ေသးသည္။
ထိုပန္းခ်ီကားထဲမွာ ေကာင္ေလးတစ္ေယာက္ ..
တိတိက်က်ေျပာရရင္ ဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးသည့္ အျဖဴေရာင္ရွပ္အကၤ်ီနဲ႕ေကာင္ေလးတစ္ေယာက္....
သူ က စာသင္ခန္းရဲ႕ အေရွ႕မွာထိုင္ေနၿပီး တစ္ဖက္ျပတင္းေပါက္ကေန ျဖာက်ေနတဲ့ အလင္းေရာင္ကိုေက်ာေပးကာ စႏၵရားတီးေနသည္။
ထို ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးရဲ႕ မ်က္ႏွာက ယုံၾကည္မႈေတြနဲ႕ လင္းလက္ေနၿပီး ရိုးရွင္းလြန္းသည့္ အၿပဳံးတစ္ပြင့္ကိုလည္း သူ႕ႏႈတ္ဖ်ားထက္ ပုံေဖာ္ထားေသးသည္။
ေတာက္ပသည့္ ေနေရာင္ျခည္က သူ႕ကိုယ္ေပၚသို႔ ျဖာက်ေနသည္မွာ သူ႕ေနာက္ေက်ာမွ မွင္သက္စြဲလမ္းစရာေကာင္းသည့္ အလင္းေရာင္ေတြ ျဖာထြက္ေနသကဲ့သို႔ပင္။
"ဒါ ဘယ္အခ်ိန္တုန္းကလဲ ဆိုတာ မင္းမွတ္မိလား။ ငါကေတာ့ ဘယ္တုန္းကမွ မေမ့ခဲ့ဘူး။ "
အခုေလးတင္မွ အခန္းထဲသို႔ေရာက္လာသည့္ ထ်န္ရႈံးက သူ႕မ်က္စိေရွ႕က နံရံေပၚမွာဆြဲထားတဲ့ ပန္းခ်ီကိုၾကည့္ၿပီး ဝမ္န်ဲ့န်န္ကို ေမးလိုက္သည္။
ဒါက တစ္ခ်ိန္တုန္းက သိပ္ကိုလွပခဲ့တဲ့ ပုံရိပ္ေတြမို႔ ဝမ္န်ဲ့န်န္ ကိုယ္တိုင္က မွတ္မိေနခဲ့ၿပီး ထိုအခ်ိန္က သူဆရာမကိုေျပာၿပီး စႏၵရားတီးဖို႔ သီခ်င္းစာ႐ြက္သြားယူေနတုန္း စာသင္ခန္းထဲမွာ ရွိတဲ့ စႏၵရားကိုျမင္ၿပီး ဘယ္လိုမွ မထိန္းနိုင္ဘဲ တီးျဖစ္ခဲ့တုန္းကေပါ့။
သူ႕လက္ေခ်ာင္းေလးေတြရဲ႕ ထိခတ္မႈေအာက္မွာ ညိမ့္ေညာင္းစြာထြက္ေပၚလာသည့္ သံစဥ္ႏွင့္ သူထပ္ထပ္ၿပီး တီးေလေလ ပိုပိုၿပီး နစ္ဝင္သြားတဲ့ ခံစားခ်က္ေတြနဲ႕အတူ ထိန္းခ်ဳပ္ျခင္းကင္းမဲ့စြာထြက္ေပၚလာသည့္ အၿပဳံးေတြလည္း သူ႕မ်က္ႏွာတစ္ခုလုံးနဲ႕အျပည့္ ေဝဆာေနခဲ့သည္။
"မွတ္မိတာေပါ့။ အဲ့တာ ငါ ေက်ာင္းမွာ ေသခ်ာ ဂ႐ုစိုက္ၿပီး စႏၵရားတီးေနတဲ့အခ်ိန္ေလ။
အဲ့တုန္းက အခန္းတံခါးကို ႐ုတ္တရက္ႀကီး တြန္းဖြင့္ၿပီးဝင္လာတဲ့ မင္းက ေမွာက္လ်က္ျပဳတ္က်ခဲ့တာ မဟုတ္ဘူးလား။ "
ထိုအခ်ိန္က အခန္းထဲဝင္ဝင္ခ်င္း ေမွာက္လ်က္လဲၿပီး ျပဳတ္က်သြားလို႔ ႏွာေခါင္းေသြးပါ ထြက္သြားတဲ့ ထ်န္ရႈံးကို ဝမ္န်ဲ့န်န္ မွတ္မိေနပါေသးသည္။
ဒါကို ထ်န္ရႈံးက ရွက္ကိုးရွက္ကန္းနဲ႕ ျပန္ထၿပီး သူ႕ႏွာေခါင္းက စီးက်ေနတဲ့ ေသြးေတြကို လက္ဖမိုးနဲ႕ဆြဲသုတ္ကာ 'ေတြ႕ရတာ ဝမ္းသာပါတယ္ ' ဟူေသာစကားကို ပါးခ်ိဳင့္ေလးေတြစီတန္းထြက္ေနတဲ့ အၿပဳံးလွလွနဲ႕အတူ ေျပာခဲ့ေသးသည္။
Black Lotus
Words-3596
Feb/25/2021
Wine.
Note.
လိပ္ျပာေလးေတြက ေဝ့ကာဝဲကာျဖင့္
ပန္းေလးေတြကို ျဖတ္ကာ
လူးလာသြားၾကတယ္။
ငါ့ႏွလုံးသားကို ျဖတ္ေက်ာ္ၿပီး
အနက္ရွိုင္းဆုံး အလႊာအထိ
မင္းအခ်စ္တို႔ ေရာက္လာေစခ်င္တယ္။