Sugar Daddy's Doting Love (Re...
By alika_yarina
269K 29.4K 247
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Rec... More
Realm Introduction
Capter - 578 (Mai Duoer)
Chapter - 579 (မော့ကျယ်ဖန်းနဲ့ တစ်ညတာ)
Chapter - 580 (ချန်ရှီ ရဲ့ ငြိမ်းချမ်းတဲ့ ကံကြမ္မာ)
Chapter - 581 (Talent Manager ဘဝ)
Chapter - 582 (သနားစရာ EQ)
Chapter - 583 (ရှောင်ရီ ရဲ့ လိုအပ်ချက်တွေကို အစီအစဉ် ဆွဲမယ်)
Chapter - 584 (ကျွန်မအောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ချင်တယ်)
Chapter - 585 (သူ​တောင်းစားအမျိုးသမီးဇာတ်ရုပ်ကို သရုပ်ဆောင်ခြင်း)
Chapter - 586 (ဒါကဘယ်လိုသရုပ်ဆောင်မှုမျိုးလဲ?)
Chapter - 587 (သူမကို အဲ့လိုလုပ်ခွင့်ပြုထားတယ်)
Chapter - 588 (တကယ့်သရုပ်ဆောင်လောက?)
Chapter - 589 (ဒုတိယအကြိမ်လူရွေးပွဲ)
Chapter - 590 (ဘာလို့သူမကိုယ်တိုင်မရိုက်တာလဲ?)
Chapter - 591 (အမြဲဆန့်ကျင်ဖက်ဖြစ်နေတယ်)
Chapter - 592 (ပြီးတော့ ရှယုကိုသူ့ရဲ့လူရွေးပွဲကိုခေါ်သွားပေးရမယ့်အချိန်ရောက်ပြီ)
Chapter - 593 (စဉ်းစားမနေပဲကောက်ယူပြီးဖြဲလိုက်တယ်)
Chapter - 594 (နောက်ခံအင်အားမတောင့်ရင် အောင်မြင်နိုင်လား)
Chapter - 595 (ညစာစားပွဲ ည)
Chapter - 596 (ရှောင်ရီရဲ့ ပြိုင်ပွဲ)
Chapter - 597 (ဘယ်သရုပ်ဆောင်မင်းသမီးမှ မယူချင်တဲ့ဇာတ်ရုပ်)
Chapter - 598 (မတူညီတဲ့ ဆက်ဆံပုံ)
Chapter - 599 (ဒါရိုက်တာတွေရဲ့ blacklist တင်ခံရခြင်း)
Chapter - 600 (မန်နေဂျာကောင်းတစ်ယောက်အနေနဲ့ အမည်တပ်ခံရခြင်း)
Chapter - 601 (သူမသရုပ်ဆောင်တာကိုပဲလုပ်ချင်ခဲ့တာ)
Chapter - 602 (အရိုးလိုချင်တဲ့ ခွေးတစ်ကောင်)
Chapter -603 (ရှောင်ရီသီချင်းခွေလုပ်တာကို လိုက်စစ်ပေးခြင်း)
Chapter - 604 (ကမ္ဘာပျက်သလိုငိုနေတယ်)
Chapter - 605 (ဒါရိုက်တာက နင့်ကိုသေချာပေါက်ဆက်ထားလိမ့်မယ်)
Chapter - 606 (ရိုးသားတဲ့ပုံစံနဲ့မြေခွေးမ)
Chapter - 607 (စော်ကားမှုနဲ့တည်ဆောက်ထားတဲ့ ကျော်ကြားမှု)
Chapter - 608 (သူမမန်နေဂျာက သူမကိုကောင်းကောင်းဆက်ဆံခဲ့တယ်)
Chapter - 609 (သူမအနားယူနိုင်အောင်အချိန်ပေးတယ်လို့ အမည်တပ်ခြင်း)
Chapter - 610 (ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ)
Chapter - 611 (သူနင့်ကိုစိတ်ဝင်စားနေပုံရတယ်)
Chapter - 612 (သူတို့တွဲနေကြပြီ?)
Chapter - 613 (သူမတကယ်ကြီးကလေးထိန်းတစ်ယောက်ဖြစ်လာခဲ့ပြီ)
Chapter - 614 (ပိုင်ဆိုင်မှုအတွက် ပူပန်ခြင်း)
Chapter - 615 (ရှရီရဲ့ဦးတည်ချက်?)
Chapter - 616 (မော့ကျယ်ဖန်းသဘောကျတဲ့မိန်းကလေးပုံစံ)
Chapter - 617 (အမချန်, ညီမသူ့ကိုချစ်မိနေပြီ!)
Chapter - 618 (ဆေးသောက်ရမယ်ဆိုတာ ညီမမသိခဲ့ဘူး)
Chapter - 619 (ဖျော်ဖြေရေးနယ်ပယ်ထဲကအမျိုးသမီးတွေနဲ့ ဘာမှမကွာဘူး)
Chapter - 620 (မုန်တိုင်းတစ်ခုစောင့်နေသေးတယ်)
Chapter - 621 (Clear Water Park)
Chapter - 622 (ပတ်ဝန်းကျင်က လူတွေကိုတကယ် ပြောင်းလဲစေတယ်)
Chapter - 623 (ကျွန်မမှာပြောစရာရှိတယ်)
Chapter - 624 (ကြိုတင်ကာကွယ်ထားရမှာကအမျိုးသမီးရဲ့အလုပ်လေ)
Chapter - 625 (လီ​ဒေါ့အာ ဒါမှမဟုတ် ကျန်း​ဒေါ့အာ)
Chapter - 626 (များပြားတဲ့လမ်းခွဲကြေး)
Chapter - 627 (ညီမကလေးကိုဆုံးရှုံးလိုက်ရပြီလား?)
Chapter - 627 (ညီမကလေးကိုဆုံးရှုံးလိုက်ရပြီ!)
Chapter - 629 (မော့ကျယ်ဖန်းမရှိတဲ့ဘဝ)
Chapter - 630 (မော့ကျယ်ဖန်းရဲ့အချစ်မီးအသစ်)
Chapter - 631 (မော့ကျယ်ဖန်းအသစ်ကလေးနဲ့ရန်ဖြစ်ခြင်း)
Chapter - 632 (အနီရောင်ခွဲခန်းမီးတွေ...)
Chapter - 633 (ဘာလို့ညီမပဲဒုက္ခအများကြီးရောက်နေတာလဲ?)
Chapter - 634 (အခုမော့ကျယ်ဖန်းချစ်တဲ့သူက ငါပဲ)
Chapter - 635 (တခြားtask-taker)
Chapter - 636 (နင်ကသေချာပေါက်ကြင်နာတတ်တဲ့သူပဲ)
Chapter - 637 (မိုင်ဒေါ့အာကအမြှောင်ဖြစ်ခဲ့တယ်!)
Chapter - 638 (မင်းကမော့ကျယ်ဖန်းရဲ့အမြှောင်လား?)
Chapter - 639 (ညီမ ကအပြစ်ကင်းတဲ့သူဖြစ်တာတောင်မှလေ!?)
Chapter - 641 (ဆုပေးပွဲ အခမ်းအနား)
Chapter - 642 (ဒေါသနဲ့မုန်းတီးမှုစွမ်းအား)
Chapter -643 (ဝါရင့်တာဝန်ထမ်းဆောင်သူတစ်ယောက်?)
Chapter - 644 (တာဝန်ပြီးဆုံးသွားပြီ)
Chapter - 645 (အမျိုးသမီးကင်းကောင်)
Chapter - 640 (တစ်ချိန်တုန်းက, သူမမန်နေဂျာလည်း ...)
3.2K 391 3
By alika_yarina
Unicode
ဆေးရုံစရိတ်တွေက တော်တော်လေးစျေးကြီးတယ်။ သူမမန်နေဂျာက ဒီကိစ္စတွေကို သူမအတွက်ဖြေရှင်းပေးတာမလို့ မိုင်ဒေါ့အာဒီလိုပုံစံကို အရင်တုန်းက တစ်ခါမှမလုပ်ခဲ့ရဖူးဘူး။ ဒါပေမယ့် ပိုက်ဆံတွေက အခုတော့သူမရဲ့လက်တွေထဲကထွက်နေခဲ့ပြီ။ သူမမှာပိုက်ဆံဘယ်လောက်ပဲရှိခဲ့ရှိခဲ့ ဒါတွေကမလောက်ဘူးလို့ သူမခံစားနေရတယ်။ သူမမှာ ဒေါ်လာဆယ်သန်းတန်တဲ့ချက်လက်မှတ်ရှိနေပေမယ့် အရမ်းမလွယ်ကူသလို သူမခံစားနေရသေးတယ်။
သူမကျန်းမာရေးက တော်တော်လေးပြန်ကောင်းလာတော့ သူမဆေးရုံကဆင်းခဲ့လိုက်တယ်။ ဒါပေမယ့် တိုက်ခန်းကိုသူမရောက်သွားတော့ သူမရဲ့သော့နဲ့တံခါးကိုဖွင့်လို့မရနိုင်တော့တာကို သူမသိလိုက်ရတယ်။
အခုမှ သူမစာချုပ်ရပ်ဆိုင်းလိုက်တယ်ဆိုတာ သူမမှတ်မိသွားတာကြောင့် အိမ်တစ်လုံးသွားရှာဖို့ကလွဲပြီး သူမမှာရွေးစရာမရှိခဲ့ဘူး။ အဲ့ဒီနောက် ဇာတ်ကောင်တွေရဖို့ လူရွေးပွဲတွေကို သူမနေ့တိုင်းသွားခဲ့တယ်။
ဒါပေမယ့် ဒါရိုက်တာအများစုက သူမကိုမလိုချင်ကြဘူး။ သူမအမြှောင်မယားဖြစ်ခဲ့တယ်ဆိုတဲ့သတင်းက အရမ်းဟော့ဖြစ်တဲ့သတင်းဖြစ်နေသေးတာကြောင့် မိုင်ဒေါ့အာအတွက် ဘယ်အလုပ်မဆိုရဖို့ခက်ခဲတယ်။
တစ်ချို့အကျင့်မကောင်းတဲ့သူတွေက သူမသူတို့ကိုတစ်ညတာဖျော်ဖြေပေးမယ်ဆိုရင် သူမကိုဇာတ်ကောင်ပေးမယ်ဆိုပြီး ပြောကြပေမယ့် မိုင်ဒေါ့အာချက်ချင်းငြင်းခဲ့တယ်။
မိုင်ဒေါ့အာက စျေးပိုရအောင် ရိုးသားချင်ယောင်ဆောင်နေတာလို့ အဲ့ဒီလူကြီးတွေကနောက်ပိုင်းပြောလာကြတယ်။ သူအမျိုးသားဘယ်နှယောက်နဲ့အိပ်ခဲ့လဲဆိုတာ ဘယ်သူသိမှာလဲ?
အဲ့ဒီလူတွေက တိရစ္ဆာန်လိုအကျင့်မျိုးနဲ့ သူမကိုနာကျင်အောင်လုပ်ဖို့ပဲလာနေကြတယ်။ မော့ကျယ်ဖန်းအရင်ကအိပ်ခဲ့တဲ့အမျိုးသမီးရဲ့အရသသာကို သူတို့စမ်းကြည့်ချင်နေကြတယ်။
နဉ်ရှုလည်းသူမtalentတွေရဲ့အလုပ်တွေနဲ့ တစ်ချိန်လုံးအလုပ်ရှုပ်နေခဲ့တယ်။ ရှောင်ရီက ဒုတိယသီချင်းကိုထုတ်တော့မယ်။ ပထမအခွေက အရမ်းရောင်းရတာကြောင့် ကုမ္ပဏီက သူမကိုနောက်ထပ်တစ်ခွေထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
လက်ရှိရှောင်ရီက သစ်ရွက်အသစ်လေးအဖြစ် ကောင်းကောင်းပြောင်းလဲသွားခဲ့ပြီ။ သူမအရင်ကနဲ့မတူပဲ လုံးဝပြောင်းလဲသွားခဲ့ပြီ။ သူမရဲ့စီမံပေးမှုအောက်မှာရှိတဲ့ရှောင်ရီကြောင့် နောက်ဆုံးတော့ နဉ်ရှုကုမ္ပဏီမှာနေရာအချို့ကိုရရှိလာခဲ့ကာ အချိန်မရွေးအလုပ်ပြုတ်နိုင်တဲ့ အရေးမပါတဲ့မန်နေဂျာတစ်ယောက်ထပ်မဖြစ်နိုင်တော့ဘူး။
ရှရီကလည်း အိုင်ဒေါဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တယ်။ သူ့သရုပ်ဆောင်က အရမ်းကြီးမကောင်းသေးပေမယ့် နဉ်ရှုကို သူမဝင်ငွေရအောင်တော့ လုပ်ပေးနိုင်တယ်၊ မရေမတွက်နိုင်တဲ့မိန်းကလေးတွေကို သူ့မျက်နှာလေးနဲ့ဆွဲဆောင်ကာ နေရာအချို့လည်းရရှိခဲ့တယ်။
ရှရီကိုရိုက်ကွင်းတွေအားလုံးဆီ နဉ်ရှုစခေါ်သွားပေးပြီး အရံဇာတ်ကောင်လေးတွေကိုစေခဲ့တယ်။ အဲ့ဒါမှ သူ့သရုပ်ဆောင်အရည်အချင်းကို သူတိုးတက်အောင်လုပ်နိုင်မှာဖြစ်တယ်။ ရှရီရဲ့သရုပ်ဆောင်အရည်အချင်းတွေက လုံးဝနစ်မြှုပ်နေပြီး သူ့မျက်နှာလေးနဲ့ပဲ သူအလုပ်လုပ်နိုင်ခဲ့တယ်။ ချောမောတဲ့ရုပ်ရည်ရှိတဲ့သူတွေက သူတို့ရုပ်ရည်ကအမြဲချောနေမယ်ပြီးတော့ သူတို့ကြည့်မကောင်းတဲ့အချိန်မရှိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ?
အရံဇာတ်ကောင်လေးတွေကိုသရုပ်ဆောင်ရတာ ရှရီမကြိုက်ပေမယ့် နဉ်ရှုသူ့ကိုဖိအားဆွဲခေါ်ပြီး လုပ်ခိုင်းခဲ့တယ်။ သူအမြဲနဉ်ရှုကို တောင်းဆိုပြီးတော့ ဇာတ်ကောင်အသေးလေးတွေကို သရုပ်ဆောင်မခိုင်းဖို့ရာ ကုမ္ပဏီကိုကွန်ပလိန်းတက်ဖို့ အမြဲခြိမ်းခြောက်ခဲ့တယ်။ သူ့ရဲ့အကောင်းဆုံးကွန်ပလိန်းက : သူ့ရဲ့ချောမောတဲ့မျက်နှာလေးနဲ့ ဒီလိုရုပ်ဆိုးတဲ့အဝတ်အစားတွေဝတ်ပြီးတော့ ဘယ်လိုလုပ်ပြရမှာလဲ?
ဒါပေမယ့် နဉ်ရှုသူ့ကိုအာရုံမစိုက်ခဲ့ဘူး။
မိုင်ဒေါ့အာကို ရိုက်ကွင်းတွေမှာ နဉ်ရှုမကြာခဏတွေ့နေရပေမယ့် ဒါရိုက်တာတွေက သူမကိုဇာတ်ကောင်သေးသေးလေးတောင် မပေးချင်ခဲ့ကြဘူး။ မိုင်ဒေါ့အာကိုကြည့်ရတာ အရမ်းပိန်သွားပြီး အရမ်းအားကုန်နေသလိုပဲ။
နဉ်ရှုနဲ့ရှရီကို မိုင်ဒေါ့အာမြင်တဲ့အချိန်မှာ သူမအကြည့်တွေက တုန်ရီနေခဲ့တယ်။ သူမသူတို့ကိုနှုတ်မဆက်ပဲ သူတို့ကိုသူမမသိခဲ့သလို ဘေးကိုရွေ့သွားခဲ့တယ်။ နဉ်ရှုကို သူမစကားမပြောချင်ဘူးဆိုတာ ရှင်းနေခဲ့တယ်။
နဉ်ရှုစိတ်ထဲထားမနေပဲ မာနကြီးနေတဲ့လူချောလေးကို အရမ်းရုပ်ပျက်ဆင်းပျက်ဇာတ်ကောင်အသေးလေးကိုရဖို့ ကူညီပေးလိုက်တယ်။ ရှရီလက်မခံချင်ပေမယ့်လည်း နဉ်ရှုသူ့ကိုအဝတ်လဲခန်းထဲရောက်အောင်ကန်လိုက်တယ်။
အဲ့ဒီဘေးမှာ ရှရီလည်းအရံဇာတ်ကောင်ကို သရုပ်ဆောင်နေရပြီးတော့ နဉ်ရှုက သူ့ဘေးနားကနေ စောင့်ပေးနေတာကို မိုင်ဒေါ့အာမြင်လိုက်ရတယ်။
တစ်ချိန်တုန်းက, သူမမန်နေဂျာလည်း သူမကိုရိုက်ကူးရေးပြီးတဲ့အထိ အမြဲစောင့်ပေးခဲ့ဖူးတယ်။ နောက်ပြီး သူမကိုသဘက်တစ်ထည်နဲ့ရေကို လက်ထဲထည့်ပေးခဲ့တယ်။ မိုင်ဒေါ့အာအမူအရာက နည်းနည်းရှုပ်ထွေးလာခဲ့တယ်။
ကိစ္စတွေကို သူမကိုယ်တိုင်အပြည့်အဝလုပ်နေရတော့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူမအခုမှသိတော့တယ်။ အရင်တုန်းကချက်လက်မှတ်ကို သူမမဆုတ်ဖြဲခဲ့တာ အရမ်းကျေးဇူးတင်တယ် မဟုတ်ရင် အခုသူမဘယ်လိုနေထိုင်ရမလဲဆိုတာ သိမှာမဟုတ်ဘူး။
မိုင်ဒေါ့အာလှည့်ပြီး ထွက်ခဲ့လိုက်တယ်။ မိုင်ဒေါ့အာနောက်ကျောကို နဉ်ရှုတစ်ချက်လှမ်းကြည့်လိုက်တယ်။ ဒီတာဝန်က သေချာပေါက်ပြီးသွားခဲ့ပြီ။ မော့ကျယ်ဖန်းရဲ့ကာကွယ်မှုကို မိုင်ဒေါ့အာမရနိုင်တော့တာကြောင့် သူမရုပ်ရှင်ဘုရင်မတစ်ယောက်ဖြစ်လာနိုင်ဦးမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ?
ဟုတ်တာပေါ့၊ မော့ကျယ်ဖန်းသူ့စိတ်ကို ဖယ်ပြီးပြန်ပြောင်းခဲ့ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာချူရှင်းရှိနေတော့ မော့ကျယ်ဖန်းသူ့စိတ်ကိုပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။
ချူရှင်းရဲ့ကျက်သရေအဆင့်အတန်းက အရမ်းမြင့်တယ်ဆိုတာတော့ နဉ်ရှုသေချာတယ်။ နောက်ပြီးတော့ ဝိုင်းရံခံထားရတဲ့အမျိုးသားက ကျက်သရေပေါ်မှာ မှီခိုနေတယ်။ သူမကအမျိုးသမီးတစ်ယောက်ဖြစ်နေသေးတာတောင် သူမနှလုံးသားလှုပ်ရှားသွားတာကိုခံစားခဲ့ရတာကြောင့် ချူရှင်းရဲ့အမျိုးသားတွေအပေါ်အကျိုးသတ်ရောက်မှုကို သူမမြင်ယောင်ကြည့်နိုင်တယ်။
ရှရီကိုနဉ်ရှုကားပေါ်မှာစောင့်နေခဲ့ရင်း ဖျော်ဖြေရေးသတင်းစာကို သူမကောက်ကိုင်လိုက်တယ်။ အဲ့ဒီမှာ မော့ကျယ်ဖန်းနဲ့ချူရှင်းရဲ့အကြောင်းတွေနဲ့ ပြည့်နေခဲ့တယ်။ မတူညီတဲ့နေရာတွေမှာ သူတို့ရဲ့ချစ်ခင်မှုကို သူတို့အမြဲထုတ်ပြခဲ့ကြတယ်။
တကယ်တမ်းတော့ နဉ်ရှု ချူရှင်းကိုလေးစားတယ်ဆိုတာဝန်ခံတယ်။ သတင်းစာထဲကဓာတ်ပုံထဲမှာ မော့ကျယ်ဖန်းကိုကြည့်နေတဲ့ချုရှင်းမျက်လုံးတွေထဲမှာ နက်နဲတဲ့စွဲလမ်းမှုတွေကိုမြင်နေရတယ်။ ပြီးတော့ သူမကိုမော့ကျယ်ဖန်းကြည့်နေပုံကလည်း သူ့မျက်လုံးတွေထဲမှာ သူမကိုချစ်မြတ်နိုးတဲ့စွဲလမ်းမှုတွေနဲ့ပြည့်နေတာသိသာတယ်။
မော့ကျယ်ဖန်းကို ချူရှင်းတကယ်သဘောကျတာလား ဒါမှမဟုတ် သရုပ်ဆောင်ရုံပဲလားဆိုတာ သူမမသိဘူး။ ဒါပေမယ့် ချူရှင်းက အရာအားလုံးထက်တာဝန်တွေကိုပဲဂရုစိုက်တဲ့အမျိုသမီးဆိုတာကိုတော့ သူမပြောနိုင်တယ်။ အဲ့ဒါကြောင့် သူမရဲ့တာဝန်ထဲကတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အမျိုးသားနဲ့ချစ်ကျွမ်းဝင်ဖို့ဆိုတာ သူမအတွက်သေချာပေါက်မဖြစ်နိုင်စရာအကြောင်းမရှိဘူး။
3.5.2021 (Monday)
Zawgyi
3.5.2021 (Monday)
Continue Reading
You'll Also Like
2.6K 293 6
🍭Cover Art By Hawk Shine Lin🍭-Romance×Fancy Theme- 🍭ညဈေးလေးဟာကိုယ်တို့နှစ်ယောက်အတွက်တော့ ရွှေဖူးစာဆုံရာနိဗ္ဗာန်ဘုံ..။🍭 Started➡️10.7.2021 Complet...
99K 10.4K 105
Title- Mei Gongchin သူမကိုယ်သူမ မီးရှို့၍ သတ်သေသွားပြီးသည့်နောက်တွင် ချန်ရုံသည် အတိတ်မှ ၁၄ နှစ်အရွယ်၌ ပြန်လည် နိုးထလာခဲ့သည်။ ဂုဏ်သရေကြီးမြင့်သော်လည်း...
10K 77 1
ရှေ့ခေတ်ကာလမှ ယနေ့ခေတ်ထိတိုင် တရုတ်ကျင့်ကြံသူများနှင့် ဂရိနတ်ဘုရားများအကြားတွင် သဘောထားကွဲလွဲမှု့များရှိနေခဲ့သည်။ အခြားတစ်ဖက်၌ တရုတ်မိဘမဲ့ကောင်လေးတစ်...
65.4K 4.5K 29
အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်း ။