"" Mile "" ..... Love you

By jasmine1331992

1.9M 214K 14.6K

A love between You and me More

Prologue
1...
2...
3...
4...
5...
6...
7...
8...
9 ...
10 ...
11 ...
12 ...
13 ...
14 ...
15 ...
16 ....
17 ...
18 ...
19 ...
20 ...
❤❤
21 ...
22 ...
႐ိႈး....
23 ...
24 ...
25 ...
26 ...
27 ...
28 ...
29 ...
30 ...
31 ...
32 ...
33 ...
34 ...
35 ...
36 ...
37...
38 ...
39 ...
40 ...
41 ...
Apologize.....
42 ...
43 ...
44 ...
45 ...
46 ...
47 ...
48 ...
49 ...
50 ...
51 ...
52 ...
53 ...
55 ...
56 ... (Epilogue)

54 ...

22.2K 2.4K 117
By jasmine1331992



At 6 : 00 pm >>>>>

ေန႔လည္က ကိုႀကီးဝယ္ေပးတဲ့အေနာက္တိုင္း ဝတ္စံုေလးကိုမဝတ္မီ ေအာက္ခံအျဖဴအကၤ်ီ လက္႐ွည္ေလးကိုဦးစြာဝတ္လိုက္သည္ ။ ၿပီးမွ
ဝတ္ထားဆဲပုဆိုးကေနတဆင့္ ေဘာင္းဘီ လဲဝတ္ၿပီးကာမွ အေပၚထပ္ေလးကိုထပ္သည္။
ဖဲျပားအနက္ကေလးကိုလည္း ေအာက္ခံအကၤ်ီ အေပၚၾကယ္သီးနားမွာတပ္လိုက္ေတာ့ ပံုမက်စြာ
တေစာင္းျဖစ္ေနသည္ ။ ေသခ်ာၾကည့္လိုက္မွ
တပ္ထားသည့္အကၤ်ီၾကယ္သီးေတြလည္းတလြဲ ။
ကုိႀကီးကိုသာအေကာင္းဆံုးျဖစ္ေအာင္ ျပင္ဆင္ေပးတတ္တာ ကုိယ္တုိင္က်ေသခ်ာ
မလုပ္တတ္ ။

" လာ ကိုယ္တပ္ေပးမယ္ "

" ဟာ.. ကိုႀကီး ...ဘယ္တုန္းကေရာက္ေနတာ
အဝတ္ေတာင္လဲၿပီးၿပီလား မုိင္လဲၿပီးရင္ လာလုပ္ေပးမလို႔ကို "

" အင္း မိုင့္ကိုကုိယ္ဝတ္ေပးခ်င္လို႔ "

ဘယ္တုန္းကေရာက္ေနမွန္းမသိသည့္ ကိုႀကီးတစ္ေယာက္ မွန္ၾကည့္ကာကိုယ္တိုင္
လုပ္ေနေသာကြၽန္ေတာ့္ကိုညင္သာစြာ ဆြဲယူလွည့္ကာ လြဲေနသည့္ၾကယ္သီးေတြကအစ
အနည္းငယ္တြန္႔ေနသည့္ေနရာေလးေတြက အလယ္ ဖဲျပားနက္ကေလးတည့္ေအာင္ ျပင္ေပးေနသည္ကအဆံုး ေသေသခ်ာခ်ာ
လုပ္ေပးလို႔ေနသည္ ။ နည္းနည္း႐ွည္လာစ ျဖစ္သည့္ ဆံပင္ကိုပါကိုႀကီးကပဲ ၾကည့္ေကာင္းေအာင္တာဝန္ယူေပးလို႔ေနသည္ ။

" ကိုႀကီး မုိင္မသိတဲ့လူေတြထဲမွာ
မုိင္အၾကာႀကီးမေနခ်င္ဘူးေနာ္ "

" အင္း ခဏပဲ
ကိုယ္သြားတယ္ဆုိရံုပဲ "

အျမဲျမင္ေနက်အနက္ဝမ္းဆက္နဲ႔ ကိုႀကိီးေပမယ့္
ဒီတစ္ခါေတာ့ ေအာက္ခံအကၤ်ီေလးကအျဖဴေလး
ဝတ္လို႔ထားသည္ ။ အလယ္ခြဲကာခ်ထား တတ္ေသာဆံပင္ကိုလည္း အေနာက္ကိုအကုန္
လွန္ကာထားေသာေၾကာင့္ ႐ွင္းလင္းစြာ
ပို၍ခန္႔ညားေစသည္ ။ တင္းတင္းေစ့ထားေသာ
ႏႈတ္ခမ္းပါးကဆြဲေဆာင္မႈတစ္မ်ဳိး ။ အပုိမေျပာ
မိုင့္ကိုႀကီးရဲ႕ၾကည့္ေကာင္းမႈက အျပစ္ေျပာစရာ
႐ွာမရေပ ။

" ဘာလဲ အဲဆီကိုေကာင္မေလးေခ်ာေခ်ာေတြေရာ
လာမွာလား "

" ကိုယ္ မသိဘူး "

ကြၽန္ေတာ့္ကိုဒီပြဲဆီ ကိုႀကီးေခၚသြားတာပဲ ေကာင္းပါသည္ ။ မဟုတ္ရင္ အိမ္မွာ
ေနမရထိုင္မရနဲ႔ စိတ္ကေျဖာင့္မွာမဟုတ္ ။
ဘာမွန္းမသိညာမွန္းမသိပဲ အခုေတာင္
သဝန္ကတိုခ်င္ေနၿပီေပ ။

" အၾကာႀကီးမေနဘူးေနာ္ ကိုႀကီး
မိုင္ေျပာၿပီးသား "

" အင္းပါ မိုင္ရဲ႕ "

ေတာ္ရံုတန္ရံုဘယ္ပြဲမွတက္ဖူးေလ့မ႐ွိေပမယ့္
ဒီပြဲကအေရးႀကီးသည္မို႔ မျဖစ္မေန  တက္လိုက္ရသည္ ။ ဒါ့အျပင္ မိုင့္ကိုလည္း
ျမင္ဖူးေစခ်င္သည္ ။ ေခၚသြားဖူးခ်င္သည္ ။
သို႔ေပမယ့္ မသိတဲ့သူေတြၾကားမွာ သိပ္မေနခ်င္သူေလးမို႔ ေနာက္တစ္ခါေတာ့
မိုင့္ကိုစိတ္႐ႈပ္မခံခုိင္းေတာ့ပါ ။ အခုတစ္ခါက
ပထမဆုံးနဲ႔ေနာက္ဆုံးျဖစ္ေပမည္ ။

" မုိင္တုိ႔သြားမယ္ေလ ကိုႀကီး "

မျမင္ဖူးေသးေသာအေနာက္တုိင္းဝတ္စံုေလးနဲ႔
လိုက္ဖက္လြန္းေနေသာေကာင္ေလးသည္
ကြၽန္ေတာ့္မ်က္လံုးထဲမွာေတာ့ ၾကည့္မဝေပ ။
မုိုင့္ကို တရိပ္ရိပ္ေငးၾကည့္ေနရျခင္းကုိ
ကြၽန္ေတာ္ျမတ္ႏုိးလြန္းမိသည္ ။ ေငးၾကည့္မိရင္း
အသည္းယားလာရင္ နဖူးေလးျဖစ္ျဖစ္ ပါေလးျဖစ္ျဖစ္နမ္း႐ႈိက္လိုက္ရျခင္းကိုလည္း
ျမတ္ႏုိ္းသည္ ။ ဒါေၾကာင့္ မိုင့္နဖူးေလးကို
အၾကင္နာအနမ္းေလးဖြဖြေပးၿပီးကာမွ
ဦးတည္ရာကိုထြက္ခဲ့ေတာ့သည္ ။




At 7 : 00 pm >>>>>

မႏၱေလးက်ံဳးႀကီးအနားက
ခမ္းနားတဲ့ ဟိုတယ္ဝန္းႀကီးထဲကို
ကားခ်ိဳးေကြ႔ဝင္လာသည္အထိ ညခ်မ္းအခါ က်ံဳးႀကီးရဲ႕အလွတရားကို ကားထဲကေန ေခါင္းထြက္ကာလည္ျပန္ေငးေနတာမရပ္ႏိုင္ေသး။

" ကိုႀကီး ကိုႀကီး
မိုင္ က်ံဳးႀကီးဆီလာခ်င္ေသးတယ္ "

" အင္း ေနာက္က်ကိုယ္လိုက္ပို႔ေပးမယ္
အခုေတာ့ ေခါင္းကိုကားထဲျပန္ဝင္ မိုင္ "

" ဟုတ္.... "

အေျပာပင္မက လက္ျဖင့္ပါလွမ္းဆြဲေသာ
ကိုႀကီးေၾကာင့္ ကားထဲေခါင္းျပန္ဝင္ကာ
ၿငိမ္ၿငိမ္ေလးျပန္ထိုင္လိုက္သည္ ။ လူတစ္ေယာက္
ေနရာျပသည့္ေနရာမွာ ကိုႀကီးကားရပ္ခဲ့ၿပီးမွ
ကားေပၚကေနဆင္းလာခဲ့ၾကသည္ ။ ဒီပြဲကိုလာတဲ့
လူသူတစ္ခ်ိဳ႕ကလည္းအသီးသီးအထဲကို
ဝင္လို႔သြားၾကသည္ ။ အထဲကပ်ံ႔လြင့္လာတဲ့  ၿငိမ့္ေညာင္းတဲ့ေတးသံေလးကလည္းသဲ့သဲ့ ။

" Wow.... CEO အထဲႂကြပါဗ်ာ "

ကိုႀကီးနဲ႔အတူအထဲကိုဝင္လာေတာ့
လူႀကီးလူေကာင္းေတြအမ်ားႀကီးေတြ႔ရသည္ ။ က်ယ္ျပန္႔လွပျပီးခမ္းနားသည့္ hall ႀကီးထဲက
လူစိမ္းေတြၾကားမွာမို႔ အားကိုးတႀကီး
ကိုႀကီးကိုသာဆြဲကိုင္ထားရင္းလိုက္ပါလာခဲ့သည္ ။
လမ္းတစ္ေလွ်ာက္ကိုႀကီးကို ေဖာ္ေရြစြာ ႏႈတ္ဆက္သူေတြ႐ွိလာေပမယ့္ ကိုႀကီးက ေခါင္းကိုသာၿငိမ့္ျပသည္မို႔ တစ္ခ်ိဳ႕က မ်က္ႏွာပ်က္သြားၿပီး တစ္ခ်ိဳ႕ကေတာ့ ကိုႀကီးအေၾကာင္းသိၿပီးသားထင္ပါသည္ ။
ကိုႀကီးေဘးကကြၽန္ေတာ့္ကိုလည္း စိတ္ဝင္တစားၾကည့္ၾကသူေတြကလည္း အမ်ားအျပားမုိ႔ေနရခက္လာရသည္ ။ ဒါထက္
ကြၽန္ေတာ္ေဘးကေတာက္ေလွ်ာက္ပါေနသည္မို႔
ကိုႀကီးသူ႔လုပ္ေဖာ္ကိုင္ဖက္ေတြၾကား ေနရခက္မွာကိုစိုး၍ေရာ ကိုႀကီးကိုသူတို႔
တစ္မ်ိဳးျမင္သြားမွာလည္းစိုးမိ၍ ႏွစ္ဖက္လံုးက္ိုေတြးကာဆြဲကိုင္ထားေသာ
ကိုႀကီးလက္ကိုလႊတ္ခ်လိုက္သည္ ။

" ကိုႀကီး မုိင္ဒီနားမွာပဲရပ္ေနခဲ့မယ္ "

" ဘာလို႔လဲ "

" ကိုႀကီးကေရာဘယ္ဆက္သြားဦးမလို႔လဲ "

" Mrs John ဆီ
သူ ကိုယ္လာတာကိုျမင္ရင္ရၿပီ "

" မုိင္မလိုက္ေတာ့ဘူး ဒီမွာပဲရပ္ေစာင့္ေနမယ္
ကိုႀကီးပဲသြားၿပီးႏႈတ္ဆက္ခဲ့ေတာ့ေနာ္ "

" ....."

" သြားပါ ကိုႀကီးရဲ႕
ျပံဳးျပံဳးေလးေနျပီးႏႈတ္ဆက္ေနာ္
ခပ္တည္တည္ႀကီးမေနနဲ႔ "

" ..... "

" သြားပါ မုိင္ဒီနားမွာပဲၿငိမ္ၿငိမ္ေလးေစာင့္ေနမယ္ "

ေပကပ္ကပ္နဲ႔ဒီလူႀကီးကိုအတင္းသြားခိုင္း လိုက္ရသည္ ။ ဒါေတာင္ေနာက္တလွည့္လွည့္ႏွင့္
ကြၽန္ေတာ့္ကိုၾကည့္ေနေသးတာ ။ အဲလိုမွ မသြားခိုင္းရင္လည္းတပူးပူးတတြဲတြဲနဲ႔ လူအာရံုပိုစုိုက္ခံရမည္ေပ ။ ခန္းမႀကီးက အက်ယ္ႀကီးနဲ႔ ဘယ္လိုပြဲလည္းမသိ စားပြဲအလွေတြသာ႐ွိၿပီး ထုိင္စရာေနရာကမ႐ွိ ။
အားလံုးေသာလူေတြကလည္း ထိုစားပြဲအလွ ပတ္လည္မွာမတ္တပ္ရပ္၍သာ စကားေျပာဆို
ေနၾကသည္ ။ အေအးခြက္ေလးေတြထင္ရေသာ ခြက္ခြၽန္ခြၽန္ေလးေတြကို ဗန္းထဲထည့္ကာ ထိုဗန္းကိုလက္တစ္ဖက္တည္းျဖင့္သာ
မ၍ခန္းမထဲပတ္သြားေနသူေတြကလည္း အမ်ားအျပား ။ စားပြဲေပၚအသီးစံုကလြဲၿပီးလည္း ဘာမွမ႐ွိေသာပ်င္းစရာေကာင္းေသာဒီပြဲအစား
မုန္႔မ်ဳိးစံု႐ွိေသာ ရြာကပြဲကိုသတိရမိသည္ ။

" ကိုႀကီးကဘယ္ေရာက္သြားပါလိမ့္ "

ေဘးပတ္ဝန္းက်င္ကိုၾကည့္႐ႈၿပီးမွ ကိုႀကီးကိုတဖန္ျပန္႐ွာၾကည့္မိသည္ ။ အေနာက္တုိင္းဝတ္စံုေတြနဲ႔ကအကုန္လံုးမုိ႔
႐ွာရ႐ႈပ္ေပမယ့္ ခ်စ္ရသူႀကီးကိုေတာ့ ၾကာၾကာမ႐ွာလိုက္ရ ။ ေနာက္ေက်ာေလး ျမင္တာနဲ႔တင္မွတ္မိေနၿပီ ။ ထိုေနာက္ေက်ာေလး ကိုပဲေငးေနတုန္း အစ္မေခ်ာေခ်ာေလးႏွစ္ေယာက္
ကိုႀကီးတို႔နားကိုေရာက္လာသည္ ။ တစ္ေယာက္ကအသက္နည္းနည္းႀကီးၿပီး လွပသည္ ။ ေနာက္တစ္ေယာက္ကငယ္ရြယ္ၿပီး
လွပသည္ ။ အသက္ႀကီးသည့္တစ္ေယာက္က
ကိုႀကီးရဲ႕လုပ္ေဖာ္ကိုင္ဖက္ကိုလက္ခ်ိတ္ထား လိုက္ၿပီးႏႈတ္ဆက္ေနေပမယ့္ ငယ္သည့္ တစ္ေယာက္ကေတာ့ ကိုႀကီးအနားမွာ ။
ဒီလူႀကီးကလည္း ေဖာ္ေဖာ္ေရြေရြနဲ႔ ျပံဳးျပံဳးေလးနဲ႔ပင္ ။ ျပံဳးၿပီးႏႈတ္ဆက္ပါလို႔
မွာလိုက္မိတာပဲမွားမိေတာ့မလ္ုိလို ။ သူတို႔ကို
ၾကည့္ေနရတာက မသိရင္မိဘႏွစ္ေယာက္က
သေဘာတူထားေသာအတြဲအတိုင္းပင္ ။

ၾကည့္ရင္းၾကည့္ရင္း စိတ္ကဘာျဖစ္လာမွန္းမသိ ။
နည္းနည္းသက္သာရာေရာက္ေအာင္ဆိုၿပီး
ေ႐ွ႕ကလက္တစ္ဖက္ျဖင့္ဗန္းသယ္ၿပိီး လာေနေသာအကိုတစ္ေယာက္ဆီကေန တျခားသူေတြယူေသာက္သလိုမ်ိဳး ခြက္တစ္ခုကို
ယူလိုက္ကာတစ္ခါတည္းေမာ့ခ်လိုက္သည္ ။
ေမာ့ခ်တုန္းကေအးေအးေလးေကာင္းေပမယ့္
ၿပီးလည္းၿပီးေရာခါးလိုက္တာဆိုေလ ေျပာမျပတတ္ေအာင္ေပ ။

" အဟြတ္.... အဟြတ္ "

ခါးသက္သက္အရသာကဆြဲက်န္ေနသည္မို႔
ေရေသာက္စရာကဘယ္နား႐ွာလို႔႐ွာရမွန္းမသိ ။
ဘယ္သူ႔ကိုမွလည္းမေမးခ်င္သည္မို႔ ဗန္းေတြသယ္လာေသာအကိုတစ္ေယာက္ဆီ ကသာအခ်ိဳရည္ဟုထင္ရေသာ ေရာင္စံုခြက္ေလးတစ္ခြက္ကိုပဲယူလိုက္ကာ
ထပ္ေမာ့ခ်လိုက္သည္ ။ အလားတူပင္ ပိုဆ္ိုးသြားေသာခါးသက္သက္အရသာ ။
ဘာေတြမွန္းမသိတဲ့အရည္ႏွစ္ခြက္ဝင္သြားၿပီး ေနာက္လူကဘာျဖစ္လာမွန္းမသ္ိေတာ့ ။ ျမင္ေနရသည့္ကိုႀကီးကပါ ႏွစ္ေယာက္ ျဖစ္လာသလိုလို ။ မ်က္လံုးကိုေသခ်ာ ပြတ္ဆြဲၾကည့္မွကိုႀကီးကတစ္ေယာက္ထဲပင္ ။
အေျခအေနမဟန္လာတာကို သတိထားမိ လာသည္ ။ ယိုင္တုိင္တုိင္ျဖစ္လာသည့္ ခႏၶာကုိယ္
တရစ္ရစ္မူးေဝလာသည့္ေခါင္းတစ္ခုလံုး မည္သူ႔ကိုမဆုိႏွစ္ထပ္သံုးထပ္ျမင္လာရသည့္
ေနာက္မွာေတာ့..... ။



" အာ.....႐ွင္ဘာလုပ္တာလဲ...
ျဖန္း....!!! " 

" မုိင္.....!!! "

မိန္းကေလးတစ္ေယာက္ရဲ႕အလန္႔တၾကားေအာ္သံ
ထို႔အျပင္ ေကာင္ေလးတစ္ေယာက္ ပါးတစ္ခ်က္ ခ်ခံရမႈနဲ႔အတူ မိုင္ ဟူေသာစိုးရိမ္တႀကီးေခၚသံ ။
စိုးရိမ္တႀကီးေအာ္သံေနာက္ လူေတြၾကားထဲကေန
အတင္းေျပးလာကာ ေကာင္ေလးတစ္ေယာက္ကို
အတင္းေထြးပိုက္ဆြဲေနျပန္သည့္ သူ ။

" မုိင္.... မုိင္... သတိထားဦးကြာ "

မ်က္ႏွာတစ္ခုလံုးရဲတက္ကာ မ်က္စိေပါက္ကမဖြင့္ေတာ့ပဲ မူးရင္လုပ္တတ္သည့္အက်င့္ေလးေၾကာင့္
ပါးတစ္ခ်က္ခ်ခံလိုက္ရသည့္ ဒီေကာင္ေလး ။ ဒီေလာက္ဂ႐ုတစုိက္စုိက္နဲ႔လွည့္ၾကည့္ေနတုန္းက
ၿငိမ္ေနခဲ့ၿပီး Mr John ရဲ႕အမ်ဳိးသမီးနဲ႔သမီးကို ခဏႏႈတ္ဆက္ေနစဥ္ခဏေလးမွာပဲ အခုလိုျဖစ္သြားရသည္ ။ အခုလည္းေဘးနားက ျမင္သမွ်လိုက္နမ္းဖုိ႔ပဲအားပါေနသည့္ မိုင့္ကို
ရင္ခြင္ထဲအတင္းေပြ႔ဖက္ထားရသည္ ။

" ကူထိန္းေပးရမလား CEO "

" မထိနဲ႔... ရတယ္ "

မိုင့္ကိုကူဆြဲေပးဖုိ႔လာေသာသူေတြကိုလည္း
ျငင္းလႊတ္ကာ ဒီေကာင္ေလးကိုေတာ့ပုခံုးေပၚကို
ထမ္းတင္လိုက္သည္ ။ ထိုေနာက္ ခန္းမထဲကမထြက္မီ အနမ္းခံလိုက္ရေသာ
မိန္းကေလးအား ။

" မုိင္ကစမွားတာမလို႔ အားနာတယ္
ဒါေပမယ့္ မွတ္ထားတယ္ "

ကြၽန္ေတာ္အျမတ္တႏုိးနဲ႔သာ နမ္း႐ႈိက္တတ္ေသာ
ဒီပါးအိအိေလးအား သူမ႐ုိက္ခ်လိုက္တာ
မုိင္ ေခါင္းပင္လည္သြားသည္ ။ ဒီလူဆိုးေလး
စမွားတာမလို႔ဘာဆိုဘာမွမလုပ္ပဲ သည္းခံခဲ့ရသည္ ။ အခုလည္းပုခံုးေပၚကေန
အၿငိမ္မေနေသာသူေလးေၾကာင့္ အိမ္ကိုကားေမာင္းျပန္ဖို႔ရာဘယ္လုိမွမျဖစ္ႏုိင္ ။
ထိုေၾကာင့္ ဒီဟိုတယ္မွာပဲ VIP အခန္းတစ္ခု ယူကာဝင္လာခဲ့လိုက္ေတာ့သည္ ။ ပုခံုးေပၚမွာ
လံုးဝအၿငိမ္မေနေသာ မိုင့္ကိုကုတင္ေပၚမွာ
အရင္ခ်လိုက္သည္ ။

" မိုင္ "

ေခၚမရေျပာမရ အမူးသမားေလးက
ကုတင္ေပၚမွာငုတ္တုတ္ထထိုင္လာသည္ ။
မ်က္လံုးေပါက္ကလံုးဝမဖြင့္ပဲ မ်က္ႏွာေလး ကလည္းဆူဆူပုတ္ပုတ္ ။ ထို႔အျပင္ ပူလို႔ ထင္သည္ အေပၚအကၤ်ီက္ိုဆြဲခြၽတ္လို႔ေနသည္မို႔
သြားကူခြၽတ္ေပးသည့္ခ်က္ခ်င္း လည္တုိင္ကို
ဖက္ကာစတင္နမ္းေတာ့သည္ ။ မ်က္ႏွာတစ္ခုလံုး
ေနရာလြတ္မက်န္နမ္း႐ႈိက္သည္ ။ မအိပ္မခ်င္း
နမ္းတာရပ္မည္မဟုတ္ေၾကာင္းကို သိသည္ ။
အရင္တစ္ခါကလို မုိင္နမ္းတာကိုပဲၿငိမ္ခံၿပီး ေနဖို႔ေတာ႕စိတ္ကူးမ႐ွိ ။ ဒါေၾကာင့္ ႏွာေခါင္း ေပၚကေနႏႈတ္ခမ္းဆီေရာက္လာေတာ့မည့္
အနမ္းကိုျပန္တံု႔ျပန္ဖုိ႔ အနည္းငယ္ႂကြေနသည့္
ခါးေလးကိုလွ်ိဳကာဖက္လိုက္သည္ ။ ထိုေနာက္
ဖိကပ္လာသည့္မုိင့္ႏႈတ္ခမ္းကို ကြၽန္ေတာ္က ျပန္သိမ္းပိုက္ရင္းျပန္လည္နမ္း႐ိႈက္သည္ ။ ႏႈတ္ခမ္းပါးမွာဆြဲကပ္ေနဆဲ ခ်ိဳၿမိန္တဲ့ ဝုိင္နံ႔သင္းသင္းေလးကို အတူတူယစ္မူးရင္း
ဒီညေလးသည္ ..... ။



🌸

အကၤ်ီေတြကဖ႐ိုဖရဲ ဆံပင္ကအိပ္စံုမႈန္မႊား
မ်က္စိေပါက္ဖြင့္လိုက္မဖြင့္လိုက္ လက္ကိုကုတ္လိုက္ ေျခကိုကုတ္လိုက္
ေခါင္းကိုကုုတ္လိုက္နဲ႔ ကုတင္ေပၚတင္ပ်င္ေခြ
ထုိင္ေနတာေတာင္ယ္ိုင္ေနဆဲသူေလးကို အမူးေျပေခါင္းၾကည္ေအာင္ သံပရာရည္ တုိက္ေနရသည့္တာဝန္က ကြၽန္ေတာ့္တာဝန္ ။

" ဒါေလးေသာက္ မုိင္
အမူးေျပတယ္ "

" မေန႔က... မု္ိင့္ကိုဘယ္လိုအိမ္ျပန္ .... ဟမ္
ဒါ အိမ္မွာမဟုတ္ဘူးပဲ ကိုႀကီး "

" ဒီေလာက္ထိန္းမရတာ ဘယ္လိုအိမ္ျပန္ရမလဲ
ခဏေလးေတာင္လြတ္ထားလို႔မရဘူး မုိင့္ကို "

" အဲတာကအရက္ေတြမွန္း မုိင္မွမသိတာ "

" မသိတာနဲ႔ပဲ ေသာက္ရလား "

အသံစူးစူးေလးနဲ႔ သူမသိေၾကာင္းကိုေျပာေတာ့
ကြၽန္ေတာ္လည္းနည္းနည္းေလးအသံမာကာ ျပန္ေမးလိုက္သည္ ။ ထိုအခါက်ေတာ့လည္း
မ်က္ႏွာေလးငံု႔ကာအျပစ္႐ွိသူေလးလို ။ ခဏပါပဲ
ခဏက်ေတာ့ မ်က္လံုးေလးျပဴးကာ ထပ္ေမးလာျပန္သည္ ။

" ကိုႀကီးကိုပဲ နမ္းမိတာမလား
ဟုတ္တယ္မလား "

" မမွတ္မိဘူးလား ဘာမွ "

" ဟင့္အင္း
ဒါေပမယ့္ ဒီညာဘက္ပါးနည္းနည္းနာေနသလိုပဲ
အာ... ဘာမွမသ္ိေတာ့ဘူး  "

သူ႔ဟာသူေခါင္းေတြကုတ္ၿပီး အလုပ္႐ႈပ္ေနတာ
ဆံပင္ေတြလဲပြစိလန္ကုန္ၿပီ ။ ျပန္စဥ္းစား ေနတာလား ကြၽန္ေတာ္အသည္းယားေအာင္
တစ္ခုၿပိီးတစ္ခုလုပ္ေနလားဆိုတာကမသဲကြဲ ။
အခုလည္း ေ႐ွ႕ကမွန္ဆီအၾကည့္အေရာက္မွာ
သူ႔လည္တုိင္ဆီကအကၤ်ီကိုေဘးဆြဲကာၾကည့္ၿပီး ။

" ကိုႀကီး..... ဒီအခ်စ္အမွတ္အရာေတြက...
ဘာလဲ မေန႔ညကမိုင္မူးေနတုန္း မိုင့္ကိုဘာေတြလုပ္ထားတာလဲ "

မ်က္လုံးေလးျပဴးကာေျပာရင္း အကၤ်ီက္ုိအတင္းျပန္စိကာ လူကိုမဟုတ္သလို
လာၾကည့္လ်က္ ထုိင္ေနရင္းအေနာက္ကိုပါ
ဆုတ္သြားေသးတာ ။ မသိရင္ ကြၽန္ေတာ္ကပဲ
တကယ့္လူယုတ္မာႀကီးလိုလို ။ ညကျဖင့္
ဒီအမွတ္အသားေလးေတြကို ကြၽန္ေတာ့္ကိုသူ
အတင္းလုနမ္းေနသည့္ၾကားကေန ခက္ခက္ခဲခဲ
ရေအာင္လုပ္ထားရသည္ ။ အခုလို အထင္ခံရမွာ မွန္းသာႀကိဳသိရင္ ညကလူယုတ္မာႀကီး
လုပ္လိုက္ပါတယ္ ။

" မဟုတ္တာဆိုတအားေတြးတတ္ မုိင္ "

အခုထိခုနကလိုပံုစံမေျပာင္းေသးသူေလးကို
ထ႐ုိက္လိုက္ရရင္နာေတာ့မည္ ။ ဒီကျဖင့္
ငယ္သူေလးမုိ႔ျဖဴစင္သူေလးမုိ႔ အသိစိတ္လြတ္ေနတုန္း အခြင့္ေကာင္းမယူပဲ
အမွတ္အသား အၾကင္နာအနမ္းမ်ားျဖင့္သာ ေနာက္ဆုတ္ခဲ့ရတာကို ဒီေကာင္ေလးနဲ႔ေတာ့လား။

" ကဲ ေခါင္းေတြကိုက္ေနမယ္
ဒါေလးကုန္ေအာင္ေသာက္လိုက္ ၿပီးရင္
အိမ္ျပန္ၾကမယ္ "

" မုိင္ ကိုႀကီးကိုပဲနမ္းမိတာေတာ့ ဟုတ္ပါတယ္ေနာ္ "

" ..... "

" ဘာမွမမွတ္မိလို႔ အိမ္ေရာက္ရင္ ကိုႀကီးျပန္ေျပာျပေနာ္ "

ေခါင္းလည္သြားေအာင္ပါးတစ္ခ်က္ခ်ခံရတာ
မမွတ္မိတာပဲေကာင္းပါတယ္ ။ မဟုတ္ရင္လည္း
ဒီေကာင္ေလး႐ွက္လို႔ၿပီးမွာမဟုတ္ေတာ့ဘူး ။
အခုလည္းသံပရာရည္ေသာက္ၿပီးေတာ့
ကုတင္ေပၚယိုင္တုိင္တုိင္ဆင္းလာၿပိီး ။

" မိုင္ လမ္းမေလွ်ာက္ခ်င္ဘူး ကိုႀကီး
ကိုႀကီးေက်ာပိုးေနာ္ မိုင္မူးေနေသးတာ "

ကိုယ္ ဘယ္လိုမ်ားျငင္းဖို႔အား႐ွိပါ့မလဲ မုိင္ ။
ဒီအမူးသမားေလးေတာင္းဆိုသည့္အတုိင္းသာ
ေက်ာေပၚတင္ၿပီးအခန္းထဲမွ ထြက္လာခဲ့ေတာ့သည္ ။ မေန႔ညက မူးရင္းေျပာေသာစကားေလးလည္း သူမမွတ္မိ ။ ေျပာဖူးေနက်ျဖစ္ေပမယ့္ ၾကားရတုိင္း မ႐ိုးသြားေသာစကားေလးက
ကိုႀကီးကို မိုင္ခ်စ္တယ္တဲ့ .....❤

🌸🌸🌸🌸🌸🌸

မုိင္ေလးဇာတ္သိမ္းနီးလာၿပီ ......

အစစအရာရာ ဂ႐ုစိုက္ေနာ္....
အျပင္ထြက္လည္းဂ႐ုစိုက္ၾကပါ
အိမ္ထဲမွာလည္းဂ႐ုစိုက္ၾကပါဗ်ာ

.....

Unicode

At 6 : 00 pm >>>>>

နေ့လည်က ကိုကြီးဝယ်ပေးတဲ့အနောက်တိုင်း ဝတ်စုံလေးကိုမဝတ်မီ အောက်ခံအဖြူအင်္ကျီ လက်ရှည်လေးကိုဦးစွာဝတ်လိုက်သည် ။ ပြီးမှ
ဝတ်ထားဆဲပုဆိုးကနေတဆင့် ဘောင်းဘီ လဲဝတ်ပြီးကာမှ အပေါ်ထပ်လေးကိုထပ်သည်။
ဖဲပြားအနက်ကလေးကိုလည်း အောက်ခံအင်္ကျီ အပေါ်ကြယ်သီးနားမှာတပ်လိုက်တော့ ပုံမကျစွာ
တစောင်းဖြစ်နေသည် ။ သေချာကြည့်လိုက်မှ
တပ်ထားသည့်အင်္ကျီကြယ်သီးတွေလည်းတလွဲ ။
ကိုကြီးကိုသာအကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးတတ်တာ ကိုယ်တိုင်ကျသေချာ
မလုပ်တတ် ။

" လာ ကိုယ်တပ်ပေးမယ် "

" ဟာ.. ကိုကြီး ...ဘယ်တုန်းကရောက်နေတာ
အဝတ်တောင်လဲပြီးပြီလား မိုင်လဲပြီးရင် လာလုပ်ပေးမလို့ကို "

" အင်း မိုင့်ကိုကိုယ်ဝတ်ပေးချင်လို့ "

ဘယ်တုန်းကရောက်နေမှန်းမသိသည့် ကိုကြီးတစ်ယောက် မှန်ကြည့်ကာကိုယ်တိုင်
လုပ်နေသောကျွန်တော့်ကိုညင်သာစွာ ဆွဲယူလှည့်ကာ လွဲနေသည့်ကြယ်သီးတွေကအစ
အနည်းငယ်တွန့်နေသည့်နေရာလေးတွေက အလယ် ဖဲပြားနက်ကလေးတည့်အောင် ပြင်ပေးနေသည်ကအဆုံး သေသေချာချာ
လုပ်ပေးလို့နေသည် ။ နည်းနည်းရှည်လာစ ဖြစ်သည့် ဆံပင်ကိုပါကိုကြီးကပဲ ကြည့်ကောင်းအောင်တာဝန်ယူပေးလို့နေသည် ။

" ကိုကြီး မိုင်မသိတဲ့လူတွေထဲမှာ
မိုင်အကြာကြီးမနေချင်ဘူးနော် "

" အင်း ခဏပဲ
ကိုယ်သွားတယ်ဆိုရုံပဲ "

အမြဲမြင်နေကျအနက်ဝမ်းဆက်နဲ့ ကိုကြိီးပေမယ့်
ဒီတစ်ခါတော့ အောက်ခံအင်္ကျီလေးကအဖြူလေး
ဝတ်လို့ထားသည် ။ အလယ်ခွဲကာချထား တတ်သောဆံပင်ကိုလည်း အနောက်ကိုအကုန်
လှန်ကာထားသောကြောင့် ရှင်းလင်းစွာ
ပို၍ခန့်ညားစေသည် ။ တင်းတင်းစေ့ထားသော
နှုတ်ခမ်းပါးကဆွဲဆောင်မှုတစ်မျိုး ။ အပိုမပြော
မိုင့်ကိုကြီးရဲ့ကြည့်ကောင်းမှုက အပြစ်ပြောစရာ
ရှာမရပေ ။

" ဘာလဲ အဲဆီကိုကောင်မလေးချောချောတွေရော
လာမှာလား "

" ကိုယ် မသိဘူး "

ကျွန်တော့်ကိုဒီပွဲဆီ ကိုကြီးခေါ်သွားတာပဲ ကောင်းပါသည် ။ မဟုတ်ရင် အိမ်မှာ
နေမရထိုင်မရနဲ့ စိတ်ကဖြောင့်မှာမဟုတ် ။
ဘာမှန်းမသိညာမှန်းမသိပဲ အခုတောင်
သဝန်ကတိုချင်နေပြီပေ ။

" အကြာကြီးမနေဘူးနော် ကိုကြီး
မိုင်ပြောပြီးသား "

" အင်းပါ မိုင်ရဲ့ "

တော်ရုံတန်ရုံဘယ်ပွဲမှတက်ဖူးလေ့မရှိပေမယ့်
ဒီပွဲကအရေးကြီးသည်မို့ မဖြစ်မနေ  တက်လိုက်ရသည် ။ ဒါ့အပြင် မိုင့်ကိုလည်း
မြင်ဖူးစေချင်သည် ။ ခေါ်သွားဖူးချင်သည် ။
သို့ပေမယ့် မသိတဲ့သူတွေကြားမှာ သိပ်မနေချင်သူလေးမို့ နောက်တစ်ခါတော့
မိုင့်ကိုစိတ်ရှုပ်မခံခိုင်းတော့ပါ ။ အခုတစ်ခါက
ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပေမည် ။

" မိုင်တို့သွားမယ်လေ ကိုကြီး "

မမြင်ဖူးသေးသောအနောက်တိုင်းဝတ်စုံလေးနဲ့
လိုက်ဖက်လွန်းနေသောကောင်လေးသည်
ကျွန်တော့်မျက်လုံးထဲမှာတော့ ကြည့်မဝပေ ။
မိုင့်ကို တရိပ်ရိပ်ငေးကြည့်နေရခြင်းကို
ကျွန်တော်မြတ်နိုးလွန်းမိသည် ။ ငေးကြည့်မိရင်း
အသည်းယားလာရင် နဖူးလေးဖြစ်ဖြစ် ပါလေးဖြစ်ဖြစ်နမ်းရှိုက်လိုက်ရခြင်းကိုလည်း
မြတ်နို်းသည် ။ ဒါကြောင့် မိုင့်နဖူးလေးကို
အကြင်နာအနမ်းလေးဖွဖွပေးပြီးကာမှ
ဦးတည်ရာကိုထွက်ခဲ့တော့သည် ။




At 7 : 00 pm >>>>>

မန္တလေးကျုံးကြီးအနားက
ခမ်းနားတဲ့ ဟိုတယ်ဝန်းကြီးထဲကို
ကားချိုးကွေ့ဝင်လာသည်အထိ ညချမ်းအခါ ကျုံးကြီးရဲ့အလှတရားကို ကားထဲကနေ ခေါင်းထွက်ကာလည်ပြန်ငေးနေတာမရပ်နိုင်သေး။

" ကိုကြီး ကိုကြီး
မိုင် ကျုံးကြီးဆီလာချင်သေးတယ် "

" အင်း နောက်ကျကိုယ်လိုက်ပို့ပေးမယ်
အခုတော့ ခေါင်းကိုကားထဲပြန်ဝင် မိုင် "

" ဟုတ်.... "

အပြောပင်မက လက်ဖြင့်ပါလှမ်းဆွဲသော
ကိုကြီးကြောင့် ကားထဲခေါင်းပြန်ဝင်ကာ
ငြိမ်ငြိမ်လေးပြန်ထိုင်လိုက်သည် ။ လူတစ်ယောက်
နေရာပြသည့်နေရာမှာ ကိုကြီးကားရပ်ခဲ့ပြီးမှ
ကားပေါ်ကနေဆင်းလာခဲ့ကြသည် ။ ဒီပွဲကိုလာတဲ့
လူသူတစ်ချို့ကလည်းအသီးသီးအထဲကို
ဝင်လို့သွားကြသည် ။ အထဲကပျံ့လွင့်လာတဲ့  ငြိမ့်ညောင်းတဲ့တေးသံလေးကလည်းသဲ့သဲ့ ။

" Wow.... CEO အထဲကြွပါဗျာ "

ကိုကြီးနဲ့အတူအထဲကိုဝင်လာတော့
လူကြီးလူကောင်းတွေအများကြီးတွေ့ရသည် ။ ကျယ်ပြန့်လှပပြီးခမ်းနားသည့် hall ကြီးထဲက
လူစိမ်းတွေကြားမှာမို့ အားကိုးတကြီး
ကိုကြီးကိုသာဆွဲကိုင်ထားရင်းလိုက်ပါလာခဲ့သည် ။
လမ်းတစ်လျှောက်ကိုကြီးကို ဖော်ရွေစွာ နှုတ်ဆက်သူတွေရှိလာပေမယ့် ကိုကြီးက ခေါင်းကိုသာငြိမ့်ပြသည်မို့ တစ်ချို့က မျက်နှာပျက်သွားပြီး တစ်ချို့ကတော့ ကိုကြီးအကြောင်းသိပြီးသားထင်ပါသည် ။
ကိုကြီးဘေးကကျွန်တော့်ကိုလည်း စိတ်ဝင်တစားကြည့်ကြသူတွေကလည်း အများအပြားမို့နေရခက်လာရသည် ။ ဒါထက်
ကျွန်တော်ဘေးကတောက်လျှောက်ပါနေသည်မို့
ကိုကြီးသူ့လုပ်ဖော်ကိုင်ဖက်တွေကြား နေရခက်မှာကိုစိုး၍ရော ကိုကြီးကိုသူတို့
တစ်မျိုးမြင်သွားမှာလည်းစိုးမိ၍ နှစ်ဖက်လုံးက်ိုတွေးကာဆွဲကိုင်ထားသော
ကိုကြီးလက်ကိုလွှတ်ချလိုက်သည် ။

" ကိုကြီး မိုင်ဒီနားမှာပဲရပ်နေခဲ့မယ် "

" ဘာလို့လဲ "

" ကိုကြီးကရောဘယ်ဆက်သွားဦးမလို့လဲ "

" Mrs John ဆီ
သူ ကိုယ်လာတာကိုမြင်ရင်ရပြီ "

" မိုင်မလိုက်တော့ဘူး ဒီမှာပဲရပ်စောင့်နေမယ်
ကိုကြီးပဲသွားပြီးနှုတ်ဆက်ခဲ့တော့နော် "

" ....."

" သွားပါ ကိုကြီးရဲ့
ပြုံးပြုံးလေးနေပြီးနှုတ်ဆက်နော်
ခပ်တည်တည်ကြီးမနေနဲ့ "

" ..... "

" သွားပါ မိုင်ဒီနားမှာပဲငြိမ်ငြိမ်လေးစောင့်နေမယ် "

ပေကပ်ကပ်နဲ့ဒီလူကြီးကိုအတင်းသွားခိုင်း လိုက်ရသည် ။ ဒါတောင်နောက်တလှည့်လှည့်နှင့်
ကျွန်တော့်ကိုကြည့်နေသေးတာ ။ အဲလိုမှ မသွားခိုင်းရင်လည်းတပူးပူးတတွဲတွဲနဲ့ လူအာရုံပိုစိုက်ခံရမည်ပေ ။ ခန်းမကြီးက အကျယ်ကြီးနဲ့ ဘယ်လိုပွဲလည်းမသိ စားပွဲအလှတွေသာရှိပြီး ထိုင်စရာနေရာကမရှိ ။
အားလုံးသောလူတွေကလည်း ထိုစားပွဲအလှ ပတ်လည်မှာမတ်တပ်ရပ်၍သာ စကားပြောဆို
နေကြသည် ။ အအေးခွက်လေးတွေထင်ရသော ခွက်ချွန်ချွန်လေးတွေကို ဗန်းထဲထည့်ကာ ထိုဗန်းကိုလက်တစ်ဖက်တည်းဖြင့်သာ
မ၍ခန်းမထဲပတ်သွားနေသူတွေကလည်း အများအပြား ။ စားပွဲပေါ်အသီးစုံကလွဲပြီးလည်း ဘာမှမရှိသောပျင်းစရာကောင်းသောဒီပွဲအစား
မုန့်မျိုးစုံရှိသော ရွာကပွဲကိုသတိရမိသည် ။

" ကိုကြီးကဘယ်ရောက်သွားပါလိမ့် "

ဘေးပတ်ဝန်းကျင်ကိုကြည့်ရှုပြီးမှ ကိုကြီးကိုတဖန်ပြန်ရှာကြည့်မိသည် ။ အနောက်တိုင်းဝတ်စုံတွေနဲ့ကအကုန်လုံးမို့
ရှာရရှုပ်ပေမယ့် ချစ်ရသူကြီးကိုတော့ ကြာကြာမရှာလိုက်ရ ။ နောက်ကျောလေး မြင်တာနဲ့တင်မှတ်မိနေပြီ ။ ထိုနောက်ကျောလေး ကိုပဲငေးနေတုန်း အစ်မချောချောလေးနှစ်ယောက်
ကိုကြီးတို့နားကိုရောက်လာသည် ။ တစ်ယောက်ကအသက်နည်းနည်းကြီးပြီး လှပသည် ။ နောက်တစ်ယောက်ကငယ်ရွယ်ပြီး
လှပသည် ။ အသက်ကြီးသည့်တစ်ယောက်က
ကိုကြီးရဲ့လုပ်ဖော်ကိုင်ဖက်ကိုလက်ချိတ်ထား လိုက်ပြီးနှုတ်ဆက်နေပေမယ့် ငယ်သည့် တစ်ယောက်ကတော့ ကိုကြီးအနားမှာ ။
ဒီလူကြီးကလည်း ဖော်ဖော်ရွေရွေနဲ့ ပြုံးပြုံးလေးနဲ့ပင် ။ ပြုံးပြီးနှုတ်ဆက်ပါလို့
မှာလိုက်မိတာပဲမှားမိတော့မလ်ိုလို ။ သူတို့ကို
ကြည့်နေရတာက မသိရင်မိဘနှစ်ယောက်က
သဘောတူထားသောအတွဲအတိုင်းပင် ။

ကြည့်ရင်းကြည့်ရင်း စိတ်ကဘာဖြစ်လာမှန်းမသိ ။
နည်းနည်းသက်သာရာရောက်အောင်ဆိုပြီး
ရှေ့ကလက်တစ်ဖက်ဖြင့်ဗန်းသယ်ပြိီး လာနေသောအကိုတစ်ယောက်ဆီကနေ တခြားသူတွေယူသောက်သလိုမျိုး ခွက်တစ်ခုကို
ယူလိုက်ကာတစ်ခါတည်းမော့ချလိုက်သည် ။
မော့ချတုန်းကအေးအေးလေးကောင်းပေမယ့်
ပြီးလည်းပြီးရောခါးလိုက်တာဆိုလေ ပြောမပြတတ်အောင်ပေ ။

" အဟွတ်.... အဟွတ် "

ခါးသက်သက်အရသာကဆွဲကျန်နေသည်မို့
ရေသောက်စရာကဘယ်နားရှာလို့ရှာရမှန်းမသိ ။
ဘယ်သူ့ကိုမှလည်းမမေးချင်သည်မို့ ဗန်းတွေသယ်လာသောအကိုတစ်ယောက်ဆီ ကသာအချိုရည်ဟုထင်ရသော ရောင်စုံခွက်လေးတစ်ခွက်ကိုပဲယူလိုက်ကာ
ထပ်မော့ချလိုက်သည် ။ အလားတူပင် ပိုဆ်ိုးသွားသောခါးသက်သက်အရသာ ။
ဘာတွေမှန်းမသိတဲ့အရည်နှစ်ခွက်ဝင်သွားပြီး နောက်လူကဘာဖြစ်လာမှန်းမသ်ိတော့ ။ မြင်နေရသည့်ကိုကြီးကပါ နှစ်ယောက် ဖြစ်လာသလိုလို ။ မျက်လုံးကိုသေချာ ပွတ်ဆွဲကြည့်မှကိုကြီးကတစ်ယောက်ထဲပင် ။
အခြေအနေမဟန်လာတာကို သတိထားမိ လာသည် ။ ယိုင်တိုင်တိုင်ဖြစ်လာသည့် ခန္ဓာကိုယ်
တရစ်ရစ်မူးဝေလာသည့်ခေါင်းတစ်ခုလုံး မည်သူ့ကိုမဆိုနှစ်ထပ်သုံးထပ်မြင်လာရသည့်
နောက်မှာတော့..... ။



" အာ.....ရှင်ဘာလုပ်တာလဲ...
ဖြန်း....!!! " 

" မိုင်.....!!! "

မိန်းကလေးတစ်ယောက်ရဲ့အလန့်တကြားအော်သံ
ထို့အပြင် ကောင်လေးတစ်ယောက် ပါးတစ်ချက် ချခံရမှုနဲ့အတူ မိုင် ဟူသောစိုးရိမ်တကြီးခေါ်သံ ။
စိုးရိမ်တကြီးအော်သံနောက် လူတွေကြားထဲကနေ
အတင်းပြေးလာကာ ကောင်လေးတစ်ယောက်ကို
အတင်းထွေးပိုက်ဆွဲနေပြန်သည့် သူ ။

" မိုင်.... မိုင်... သတိထားဦးကွာ "

မျက်နှာတစ်ခုလုံးရဲတက်ကာ မျက်စိပေါက်ကမဖွင့်တော့ပဲ မူးရင်လုပ်တတ်သည့်အကျင့်လေးကြောင့်
ပါးတစ်ချက်ချခံလိုက်ရသည့် ဒီကောင်လေး ။ ဒီလောက်ဂရုတစိုက်စိုက်နဲ့လှည့်ကြည့်နေတုန်းက
ငြိမ်နေခဲ့ပြီး Mr John ရဲ့အမျိုးသမီးနဲ့သမီးကို ခဏနှုတ်ဆက်နေစဉ်ခဏလေးမှာပဲ အခုလိုဖြစ်သွားရသည် ။ အခုလည်းဘေးနားက မြင်သမျှလိုက်နမ်းဖို့ပဲအားပါနေသည့် မိုင့်ကို
ရင်ခွင်ထဲအတင်းပွေ့ဖက်ထားရသည် ။

" ကူထိန်းပေးရမလား CEO "

" မထိနဲ့... ရတယ် "

မိုင့်ကိုကူဆွဲပေးဖို့လာသောသူတွေကိုလည်း
ငြင်းလွှတ်ကာ ဒီကောင်လေးကိုတော့ပုခုံးပေါ်ကို
ထမ်းတင်လိုက်သည် ။ ထိုနောက် ခန်းမထဲကမထွက်မီ အနမ်းခံလိုက်ရသော
မိန်းကလေးအား ။

" မိုင်ကစမှားတာမလို့ အားနာတယ်
ဒါပေမယ့် မှတ်ထားတယ် "

ကျွန်တော်အမြတ်တနိုးနဲ့သာ နမ်းရှိုက်တတ်သော
ဒီပါးအိအိလေးအား သူမရိုက်ချလိုက်တာ
မိုင် ခေါင်းပင်လည်သွားသည် ။ ဒီလူဆိုးလေး
စမှားတာမလို့ဘာဆိုဘာမှမလုပ်ပဲ သည်းခံခဲ့ရသည် ။ အခုလည်းပုခုံးပေါ်ကနေ
အငြိမ်မနေသောသူလေးကြောင့် အိမ်ကိုကားမောင်းပြန်ဖို့ရာဘယ်လိုမှမဖြစ်နိုင် ။
ထိုကြောင့် ဒီဟိုတယ်မှာပဲ VIP အခန်းတစ်ခု ယူကာဝင်လာခဲ့လိုက်တော့သည် ။ ပုခုံးပေါ်မှာ
လုံးဝအငြိမ်မနေသော မိုင့်ကိုကုတင်ပေါ်မှာ
အရင်ချလိုက်သည် ။

" မိုင် "

ခေါ်မရပြောမရ အမူးသမားလေးက
ကုတင်ပေါ်မှာငုတ်တုတ်ထထိုင်လာသည် ။
မျက်လုံးပေါက်ကလုံးဝမဖွင့်ပဲ မျက်နှာလေး ကလည်းဆူဆူပုတ်ပုတ် ။ ထို့အပြင် ပူလို့ ထင်သည် အပေါ်အင်္ကျီက်ိုဆွဲချွတ်လို့နေသည်မို့
သွားကူချွတ်ပေးသည့်ချက်ချင်း လည်တိုင်ကို
ဖက်ကာစတင်နမ်းတော့သည် ။ မျက်နှာတစ်ခုလုံး
နေရာလွတ်မကျန်နမ်းရှိုက်သည် ။ မအိပ်မချင်း
နမ်းတာရပ်မည်မဟုတ်ကြောင်းကို သိသည် ။
အရင်တစ်ခါကလို မိုင်နမ်းတာကိုပဲငြိမ်ခံပြီး နေဖို့တော့စိတ်ကူးမရှိ ။ ဒါကြောင့် နှာခေါင်း ပေါ်ကနေနှုတ်ခမ်းဆီရောက်လာတော့မည့်
အနမ်းကိုပြန်တုံ့ပြန်ဖို့ အနည်းငယ်ကြွနေသည့်
ခါးလေးကိုလျှိုကာဖက်လိုက်သည် ။ ထိုနောက်
ဖိကပ်လာသည့်မိုင့်နှုတ်ခမ်းကို ကျွန်တော်က ပြန်သိမ်းပိုက်ရင်းပြန်လည်နမ်းရှိုက်သည် ။ နှုတ်ခမ်းပါးမှာဆွဲကပ်နေဆဲ ချိုမြိန်တဲ့ ဝိုင်နံ့သင်းသင်းလေးကို အတူတူယစ်မူးရင်း
ဒီညလေးသည် ..... ။



🌸

အင်္ကျီတွေကဖရိုဖရဲ ဆံပင်ကအိပ်စုံမှုန်မွှား
မျက်စိပေါက်ဖွင့်လိုက်မဖွင့်လိုက် လက်ကိုကုတ်လိုက် ခြေကိုကုတ်လိုက်
ခေါင်းကိုကုတ်လိုက်နဲ့ ကုတင်ပေါ်တင်ပျင်ခွေ
ထိုင်နေတာတောင်ယ်ိုင်နေဆဲသူလေးကို အမူးပြေခေါင်းကြည်အောင် သံပရာရည် တိုက်နေရသည့်တာဝန်က ကျွန်တော့်တာဝန် ။

" ဒါလေးသောက် မိုင်
အမူးပြေတယ် "

" မနေ့က... မု်ိင့်ကိုဘယ်လိုအိမ်ပြန် .... ဟမ်
ဒါ အိမ်မှာမဟုတ်ဘူးပဲ ကိုကြီး "

" ဒီလောက်ထိန်းမရတာ ဘယ်လိုအိမ်ပြန်ရမလဲ
ခဏလေးတောင်လွတ်ထားလို့မရဘူး မိုင့်ကို "

" အဲတာကအရက်တွေမှန်း မိုင်မှမသိတာ "

" မသိတာနဲ့ပဲ သောက်ရလား "

အသံစူးစူးလေးနဲ့ သူမသိကြောင်းကိုပြောတော့
ကျွန်တော်လည်းနည်းနည်းလေးအသံမာကာ ပြန်မေးလိုက်သည် ။ ထိုအခါကျတော့လည်း
မျက်နှာလေးငုံ့ကာအပြစ်ရှိသူလေးလို ။ ခဏပါပဲ
ခဏကျတော့ မျက်လုံးလေးပြူးကာ ထပ်မေးလာပြန်သည် ။

" ကိုကြီးကိုပဲ နမ်းမိတာမလား
ဟုတ်တယ်မလား "

" မမှတ်မိဘူးလား ဘာမှ "

" ဟင့်အင်း
ဒါပေမယ့် ဒီညာဘက်ပါးနည်းနည်းနာနေသလိုပဲ
အာ... ဘာမှမသ်ိတော့ဘူး  "

သူ့ဟာသူခေါင်းတွေကုတ်ပြီး အလုပ်ရှုပ်နေတာ
ဆံပင်တွေလဲပွစိလန်ကုန်ပြီ ။ ပြန်စဉ်းစား နေတာလား ကျွန်တော်အသည်းယားအောင်
တစ်ခုပြိီးတစ်ခုလုပ်နေလားဆိုတာကမသဲကွဲ ။
အခုလည်း ရှေ့ကမှန်ဆီအကြည့်အရောက်မှာ
သူ့လည်တိုင်ဆီကအင်္ကျီကိုဘေးဆွဲကာကြည့်ပြီး ။

" ကိုကြီး..... ဒီအချစ်အမှတ်အရာတွေက...
ဘာလဲ မနေ့ညကမိုင်မူးနေတုန်း မိုင့်ကိုဘာတွေလုပ်ထားတာလဲ "

မျက်လုံးလေးပြူးကာပြောရင်း အင်္ကျီက်ိုအတင်းပြန်စိကာ လူကိုမဟုတ်သလို
လာကြည့်လျက် ထိုင်နေရင်းအနောက်ကိုပါ
ဆုတ်သွားသေးတာ ။ မသိရင် ကျွန်တော်ကပဲ
တကယ့်လူယုတ်မာကြီးလိုလို ။ ညကဖြင့်
ဒီအမှတ်အသားလေးတွေကို ကျွန်တော့်ကိုသူ
အတင်းလုနမ်းနေသည့်ကြားကနေ ခက်ခက်ခဲခဲ
ရအောင်လုပ်ထားရသည် ။ အခုလို အထင်ခံရမှာ မှန်းသာကြိုသိရင် ညကလူယုတ်မာကြီး
လုပ်လိုက်ပါတယ် ။

" မဟုတ်တာဆိုတအားတွေးတတ် မိုင် "

အခုထိခုနကလိုပုံစံမပြောင်းသေးသူလေးကို
ထရိုက်လိုက်ရရင်နာတော့မည် ။ ဒီကဖြင့်
ငယ်သူလေးမို့ဖြူစင်သူလေးမို့ အသိစိတ်လွတ်နေတုန်း အခွင့်ကောင်းမယူပဲ
အမှတ်အသား အကြင်နာအနမ်းများဖြင့်သာ နောက်ဆုတ်ခဲ့ရတာကို ဒီကောင်လေးနဲ့တော့လား။

" ကဲ ခေါင်းတွေကိုက်နေမယ်
ဒါလေးကုန်အောင်သောက်လိုက် ပြီးရင်
အိမ်ပြန်ကြမယ် "

" မိုင် ကိုကြီးကိုပဲနမ်းမိတာတော့ ဟုတ်ပါတယ်နော် "

" ..... "

" ဘာမှမမှတ်မိလို့ အိမ်ရောက်ရင် ကိုကြီးပြန်ပြောပြနော် "

ခေါင်းလည်သွားအောင်ပါးတစ်ချက်ချခံရတာ
မမှတ်မိတာပဲကောင်းပါတယ် ။ မဟုတ်ရင်လည်း
ဒီကောင်လေးရှက်လို့ပြီးမှာမဟုတ်တော့ဘူး ။
အခုလည်းသံပရာရည်သောက်ပြီးတော့
ကုတင်ပေါ်ယိုင်တိုင်တိုင်ဆင်းလာပြိီး ။

" မိုင် လမ်းမလျှောက်ချင်ဘူး ကိုကြီး
ကိုကြီးကျောပိုးနော် မိုင်မူးနေသေးတာ "

ကိုယ် ဘယ်လိုများငြင်းဖို့အားရှိပါ့မလဲ မိုင် ။
ဒီအမူးသမားလေးတောင်းဆိုသည့်အတိုင်းသာ
ကျောပေါ်တင်ပြီးအခန်းထဲမှ ထွက်လာခဲ့တော့သည် ။ မနေ့ညက မူးရင်းပြောသောစကားလေးလည်း သူမမှတ်မိ ။ ပြောဖူးနေကျဖြစ်ပေမယ့် ကြားရတိုင်း မရိုးသွားသောစကားလေးက
ကိုကြီးကို မိုင်ချစ်တယ်တဲ့ .....❤

🌸🌸🌸🌸🌸🌸

မိုင်လေးဇာတ်သိမ်းနီးလာပြီ ......

အစစအရာရာ ဂရုစိုက်နော်....
အပြင်ထွက်လည်းဂရုစိုက်ကြပါ
အိမ်ထဲမှာလည်းဂရုစိုက်ကြပါဗျာ

.....

Continue Reading

You'll Also Like

26.2M 784K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
227M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
7.4M 306K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
11.8M 304K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...