တစ္ကယ္ခ်စ္မိၿပီ
အပိုင်း (5)
"ဟုတ် "
ရှောင်းပါးလည်း
••••••••••••••••••
"မား.... ဟင့်..ပါးက"
"မျက်ရည်တော့ ဝဲနေတာဘဲ "
"ရှင်ဘယ်သွားမလို့ လဲ "
"ပါး "
"ဟုတ်ပါး "
••••••••••••••
"မကြာစေနဲ့နော် "
"ဟုတ်"
•••••••••••••••••
"7နာရီထိုးနေပြီလေ "
"လာပါကွာ မင်းကလည်း "
"ဟုတ်တယ် "
•••••••••••••••••
"ကျင်းရီ လျှော့သောက်"
"ရိပေါ် ရောက်လာပြီလား"
"အင်း"
"ရှောင်ကျန့် "
••••••••••••••••
"ဒီမှာ ရပါပြီ"
"ဟုတ်ကဲ့"
••••••••••••••
"ရိပေါ် ခင်ဗျား"
"ဟုတ်အကို "
အပိုင်း.(6)
တစ်ကယ်ချစ်မိပြီ
အပိုင်း (5)
ရိပေါ် စိတ်တိုကာ စိတ်ထဲကနေ တွေးနေတယ်
"ရှောင်ကျန့်...... မင်းက ဘာမို့လို့ ငါ့ကို ငြင်းရဲတာလဲ မင်းကို ငါ ရအောင် ယူပြမယ် "
"ပြောပါဉီး သားကျန့်လေးရယ်.. "
ပြောရင်းနဲ့ ဝမ်မားဟာ နှလုံး ပိုအောင့်လာတာမို့ ရင်ဘက်ကို ဖိထားတယ် ရှောင်ကျန့် လည်း
"မား အဆင်ပြေရဲ့လား ကျန့်တောင်းပန်ပါတယ် ကျန့် လက်ထပ်မယ်နော် "
"တစ်ကယ် လား သားကျန့်လေး"
"ဟုတ် "
"မားအဆင်ပြေရဲ့လား သားတို့ အိမ်ပြန်ရအောင်လေ "
"မိန်းမ အဆင်မပြေရင် ပြန်ရအောင်လေ "
"ဟုတ်ပါတယ် ဘယ်လိုဘဲဖြစ်ဖြစ် စိတ်မပူနဲ့နော် ကျွန်မတို့က သားကျန့်လေးကို သားဝမ်နဲ့ဘဲ ပေးစားမှာပါ "
ရှောင်းပါးလည်း
"ဒီလို လုပ်ပါလား ဗျာ လက်ထပ်ပွဲကို မြန်မြန်လေး လုပ်လိုက်ပါလား"
"ကောင်းတာပေါ့ဗျာ အခုလောလောဆယ်တော့ မိန်းမ ကို အိမ်ပြန်ခေါ်သွားတော့မယ်နော်"
"ရပါတယ်ကွာ အရင်ပြန်လိုက်"
"ပါး မားကို အရင်ကားပေါ် ခေါ်သွားလိုက်နော်"
ရိပေါ် လည်း မဲ့ ပြုံးပြုံးကာ ရှောင်ကျန့် ကို
"ကျန့်လေး ကိုကို ကျန့်လေးနဲ့ ပြောစရာရှိတယ် ကိုယ်နဲ့ ခဏလိုက်ခဲ့နော်"
ရှောင်ကျန့် ကတော့ ယက်ကန်ယက်ကန်နဲ့ ပါသွားတယ်
"ဟေ့လူ..... ခင်ဗျားကြီး လွှတ်.."
"ဒီမှာ ရှောင်ကျန့်..... မင်းကဘာမို့လို့ ငါ့ကို ငြင်းတာလဲ "
"ငြင်းချင်လို့ ငြင်းတာ ခင်ဗျားကြီး နဲ့ လက်မထပ်နိုင်ဘူး"
"မင်း ငါ့အကြောင်းသိစေရမယ် ရှောင်ကျန့်..."
••••••••••••••••••
"သား ဘယ်လိုပြောလိုက်တာလဲ သားကျန့်ရယ် သားဝမ်ရဲ့မားကို အားနာစရာကြီး"
"သား ပြန်ပြောတယ်လေ လက်ထပ်မယ်လို့"
"ရှောင်ကျန့်.... မင်းအချိုးတွေငါ မကြိုက်တော့ဘူးနော် ပြင်နေ "
ရှောင်ပါး ပြောကာ အပေါ်တက်သွားတယ်
"မား.... ဟင့်..ပါးက"
"အခု မှလာပြီး မျက်ရည်တွေလာပြမနေနဲ့ မားလည်း စိတ်တိုတယ်နော်"
ရှောင်မားပါ ပြောပြီး အပေါ်တက်သွားတယ်လေ
"ယောကျာ်း စိတ်လျှော့ပါ သားကျန့်လေးက လူငယ်ဆိုတော့ ပျော်ချင်ပါးချင်စိတ်တွေရှိနေတာလေ ပြီးတော့လည်း သူလက်ထပ်မယ်လို့ပြောတယ်မလား စိတ်လျှော့ပါ "
"အခုရော မင်း သား ငိုနေပြီလား သူ့ဆူလို့ဆိုပြီး"
"မျက်ရည်တော့ ဝဲနေတာဘဲ "
"မိန်းမ ယောကျာ်း ကို Luggage ထဲကို အဝတ်အစားတွေထည့်ပေးဉီး"
"ရှင်ဘယ်သွားမလို့ လဲ "
"အလုပ် ကိစ္စ ပေါ်လာတယ် 5ရက်လောက်တော့ ကြာမယ် ယောကျာ်း သွားတုန်း သားကို ဂရုစိုက်နော် အပြင်တွေ မသွားစေနဲ့ ညတွေပြန်လာရင်လည်း မိုးမချုပ်စေနဲ့ "
"ဟုတ်ပါပြီ ပြောလိုက်ပါ့မယ်"
ရှောင်ပါး လည်း လူတစ်ယောက်ကြည့်နေသလိုခံစားရတာမို့ ကြည့်လိုက်တော့ သူ့ရဲ့သားလေး
တစ်ကယ်ပါ ကလေးကြနေတာဘဲ ငယ်ငယ်တုန်းကအတိုင်းဘဲ သူအပြစ်လုပ်ထားရင်အခန်းထဲကို မဝင်ဘဲ တံခါးလေးကို မှီပြီးရပ် ကြည့်နေတာ အခုလည်းသူ့ဆူထားလို့ မရဲတရဲလေး ကြည့်နေတာ မျက်ရည်တွေကလည်း ဝဲလို့
"ပါး "
ရှောင်ကျန့် လည်းသူ့ရဲ့ပါးက သူ့ကို ကြည့်နေတော့ ထွက်လာကာ ရင်ခွင်ထဲဝင်ပြီး ချွဲတော့တာဘဲ
"ပါး..... သားတောင်းပန်ပါတယ်..... သားကို စိတ်မဆိုးပါနဲ့"
ကလေးတစ်ယောက်လိုချွဲနေတော့ ဘယ်မိဘကခံနိုင်မလဲဗျာ မျက်နှာတည်ထားတဲ့ရှောင်ပါးဟာ ရှောင်ကျန့် ရဲ့ ခေါင်းလေးကို ကိုင်ကာ
"သား ပါး ဒီနေ့ညနေ ခရီးသွားရမယ် အဲ့တာ အိမ်မှာကောင်းကောင်းနေနော် ဂရုစိုက် အပြင်တွေသွားရင်လည်း ည9နာရီမကျော်စေနဲ့"
"ဟုတ်ပါး "
ရှောင်မားကတော့ သားအဖနှစ်ယောက်ကို ကြည့်ပြီးခေါင်းသာ ရမ်းနေတော့တယ်
••••••••••••••
"မား သားအပြင်သွားဉီးမယ်လေ "
"သားရယ် ဒီနေ့တစ်ရက်တော့ အပြင်မသွားနဲ့ အိမ်မှာဘဲနေ"
"မကြာပါဘူး မား ပါးပြောတဲ့အတိုင်း 9နာရီပြန်လာမယ်လေ အခုတောင်7နာရီက ထိုးနေပြီ"
"မကြာစေနဲ့နော် "
"ဟုတ်"
•••••••••••••••••
"ရိပေါ်.... မင်းအိမ်မှာလား "
"ဟုတ်တယ် ဘာလို့လဲ ကျန်းချန် "
"Clubသွားရအောင်လေကွာ မသွားရတာကြာတော့ ပျင်းတယ်ကွ"
"7နာရီထိုးနေပြီလေ "
"လာပါကွာ မင်းကလည်း "
"အေး လာခဲ့မယ် ထိုင်နေကျ Club ဘဲမလား"
"ဟုတ်တယ် "
•••••••••••••••••
"သောက်ကွာ ဒီနေ့ ငါရှင်းမယ် "
"ကျန့်လေး အရမ်းမသောက်နဲ့ မူးမယ်"
"ကျင်းရီ လျှော့သောက်"
"ရိပေါ် ရောက်လာပြီလား"
"အင်း"
ရိပေါ် ထိုင်ထိုင်ချင်းမှာဘဲ အရှေ့က အရက်ခွက်ကို သောက်လိုက်တယ်
"ဟာ....ဖြေးဖြေးသောက်ပါကွာ မင်းကလည်း.... ပြောပါဉီး ဘယ်သူလဲ မင်းလက်ထပ်မဲ့လူဆိုတာ"
"ရှောင်ကျန့် "
"အော်......ဘယ်လို ငါတို့ Hotel က သန့်ရှင်းရေး ဝန်ထမ်းလား "
"ဟုတ်တယ် သူက ရှောင်မိသားစုရဲ့ တစ်ဉီးတည်းသောသား"
ကျန်းချန် လည်း စကားပြောရင်းတနေရာ အကြည့်ရောက်သွားတယ်
••••••••••••••••
"အဒေါကြီးရေ ကျွန်မ ခေါက်ကိုက်နေလို့ ဆေးနဲ့ရေ ယူခဲ့ပေးပါ"
"ဒီမှာ ရပါပြီ"
"အင်း... အဒေါ်ကြီး ကျွန်မ ခေါင်းတွေ အရမ်းကိုက်နေလို့ အဲ့တာ အိပ်တော့မယ် သားကျန့်လေးကို စောင့်ပေးလိုက်ဉီး"
"ဟုတ်ကဲ့ အဆင်ပြေရဲ့လား ကျွန်မ ခေါင်းတွေ နှိပ်ပေးရဉီးမလား"
"ရတယ် 8နာရီထိုးနေပြီ သားကျန့်ရောက်လာတော့မှာ စောင့်နေပေးဉီးနော် "
"ဟုတ်ကဲ့"
ရှောင်မားလည်း အပေါ် တက်သွားတယ်
••••••••••••••
"ရိပေါ်..... ဟိုဟာ ရှောင်ကျန့် မလား"
ရိပေါ် လည်း ရှောင်ကျန့် ကို ကြည့်တော့ သူက ကနေတယ်
ရိပေါ် လည်း ရှောင်ကျန့် ဆီကို သွားကာ လက်ကို အားနဲ့ဆွဲလိုက်တယ်
"ဟေ့လူ ဘာလုပ်တာလဲ လွှတ်..."
"ဘာဟေ့လူလဲ.... ရှောင်ကျန့်..... မင်းကမကြာခင်လက်ထပ်ရတော့မှာနော် ဒါကို မင်းက "
"ဘာလဲ ဘာလက်ထပ်ပွဲလဲ ဘာမှလာမပြောနဲ့ ကျွန်တော့ ဆန္ဒ မပါတဲ့ လက်ထပ်ပွဲကို များ"
"လာခဲ့ ရှောင်ကျန့် အိမ်ပြန်မယ် "
"မပြန်ဘူး ဘာလဲ ခင်ဗျားက ကျွန်တော် ကို လွှတ်"
ရိပေါ် ကတော့ မလွှတ်ပေးဘဲ ရှောင်ကျန့် ကို အားနဲ့ ဆွဲခေါ်လာတယ်
"ကျန်းချန် ငါအိမ်ကို ဖုန်းဆက်ပေး ဒီနေ့ငါ မင်းအိမ်မှာ အိပ်မှာလို့ဆိုပြီး"
"အခုမှ ရောက်လာတဲ့ မင်းက ဘယ်သွားမလို့လဲ "
"ငါနောက်နေ့မှ ရှင်းပြမယ် အိမ်ကို သာ ဖုန်းဆက်ပေး "
ရိပေါ် ပြောကာ ထွက်သွားတယ်
"ခင်ဗျား ဘယ်မောင်းနေတာလဲ ကျွန်တော့ အိမ်ပြန်မယ် လွှတ်"
"ရှောင်ကျန့် မင်းမှတ်မိပါတယ်နော် ငါမနက်က မင်းကို ဘာပြောထားတယ်ဆိုတာ မင်းကို ငါ့အကြောင်း သိစေရမယ်လို့ ငါပြောခဲ့တယ်"
"ရိပေါ် ခင်ဗျား"
ရှင်းချန် ကတော့ ရှောင်ကျန့် ကို ဆေးခပ်ထားတဲ့ အရက်ယူလာတယ်
"စစ်ကျွေး ရှောင်ကျန့် ရော"
"အကိုရှင်းချန် ရှောင်ကျန့် မရှိဘူးလား သန့်စင်ခန်းသွားနေတာဖြစ်မယ် ကျွန်တော် ပြန်တော့မယ် ဒီမှာ ကျင်းရီ တအားမူးနေလို့ အိမ်ပြန်လိုက်ပို့လိုက်ဉီးမယ်"
"အင်း.....ကားလည်းဖြေးဖြေးမောင်းနော်"
"ဟုတ်အကို "
ရှင်းချန် ရှာနေပေမဲ့လို့ ရှောင်ကျန့် ကိုတော့သူမတွေ့ခဲ့ဘူး Club တစ်ခုလုံးကို ရှင်းချန် က သူ့အပေါင်းအသင်းတွေနဲ့ ရှောင်ကျန့် ကို ရှာတာတောင် မတွေ့ခဲ့ဘူး။
ရိပေါ် လည်း ခြံရှေ့ရောက်တော့ ကားကို ရပ်လိုက်တယ် ရှောင်ကျန့် ကိုလည်း အပေါ် ထပ်က သူ့အခန်းထဲခေါ်သွားတယ်
"ဟေ့လူ ရိပေါ် ခင်ဗျားကြီး ဘာလုပ်မလို့လဲ.....အွန့်...."
ရိပေါ် လည်း စကားများနေတဲ့ ရှောင်ကျန့် ကို နမ်းလိုက်တယ်
"ဝမ်ရိပေါ်..... လူယုတ်မာ....... ခွပ်...."
ရှောင်ကျန့် လည်း ရိပေါ် ကို ထိုးလိုက်တယ်
"မင်းက ငါ့ကို သွေးထွက်အောင်လုပ်တယ်နော် အဲ့တာဆို အခုငါ့အလှည့်ပေါ့"
"ရှေ့တိုးမလာနဲ့နော် ဝမ်ရိပေါ်..... "
အပိုင်း.(6)