Zawgi..
ဂြန္း ဆိုင္႐ွိ အ႐ုပ္မ်ားထဲမွ အမဲေရာင္ ေရသူပံုစံ ခ်စ္စရာအ႐ုပ္ေလးကို ဆုအျဖစ္ယူလိုက္ေလသည္။ ၿပီးေတာ့ သူေဘးနားက ေက်ာက္စိမ္းေရာင္ ေကာင္မေလးကို ေပးလိုက္ေလသည္ ။ထိုေကာင္မေလးကေတာ့ သူ ့အား ေၾကာင္ၾကည့္ေနေပသည္ ။
'ဒါ မင္းအတြက္...´
'ကြၽန္မ အတြက္ ဟုတ္လား..´
အစၥဘယ္သည္ ဂြန္းလက္ထဲမွ ထို အ႐ုပ္ေလးကိုယူလိုက္ကာ သေဘာက်သလို ရီေနေပသည္ ။ ၿပီးေတာ့မွ
'ကြၽန္မကို ဘာလို႔ေပးတာလဲ...´
'မင္းေစာေစာက ကိုယ့္ကို ကူညီေပးလို႔...´
'အယ္တာက မျဖစ္စေလာက္ေလးပါ... ဒါေပမယ့္ ဒါေလးက ခ်စ္ဖို႔ေကာင္း လို႔ယူလိုက္ပါမယ္...´
ေျပာရင္းနဲ႔ပင္ ထို အ႐ုပ္ေလး အားဖက္ကာ ပါးအပ္လိုက္ေသာ အစၥဘယ္ေၾကာင့္ ဂြန္း မ်က္ႏွာပူလာသလိုပင္ ခံစားရေလသည္ ။ဒါက ကုန္းေျမ နဲ႔ အသားမက် ေသးလို႔ျဖစ္မွာပါလို႔ ဂြန္းေတြးလိုက္ေလသည္ ။
'သြားၾကမယ္ေလ... ကိုယ္တို႔ကို အယ္လီယာတို႔ ေစာင့္ေနေတာ့မယ္...´
'အြန္း...´
🐈ျကည့္မရဘးူဆိုျပီး အသံုးႏႈန္းေတြ စတင္ေျပာင္းလဲ ေနေသာ စစ္သူႀကီး ရယ္ပါ..အဟိ🐈
..............
အ႐ုပ္ေကာက္စက္ႀကီး တစ္ခုတြင္ ေကာင္ေလးတစ္ေယာက္နဲ႔ ေကာင္မေလး တစ္ေယာက္ ႐ွိေပသည္။ အျဖဴေရာင္ေကာင္မေလးကေတာ့ အ႐ုပ္ေကာက္စက္ရဲ႕ စက္ခလုတ္ေနရာကို လွည့္ကာ အထဲက အ႐ုပ္တစ္႐ုပ္သဲႀကီးမဲႀကီး ေကာက္ေနေလသည္ ။ အျပာေရာင္ ေကာင္ေလး ကလည္း ထို ေကာင္မေလးေဘးတြင္ စိတ္၀င္တစားနဲ႔ အထဲ႐ွိ အ႐ုပ္ေကာက္တဲ့ လက္တံေလးရဲ႕ လုွပ္႐ွားမႈတို္႔ကို လိုက္ၾကည့္ေနေပသည္ ။
'ရေတာ့မယ္ ရေတာ့မယ္ ဥံဖြ ရလိုက္စမ္း...´
အယ္လီယာ ေရရြတ္ၿပီးသည္ႏွင့္ အ႐ုပ္ေကာက္လက္တံသည္ အထဲ႐ွိ လင္းပိုင္ ပံုေလးကို သြား ေကာက္ၿပီေလသည္ ။ အယ္လီယာ စက္ကို ေျဖးေျဖးေလး ကစားေပးေတာ့ အ႐ုပ္ေလးရဲ႕ ဦးတည္ရာက အျပင္ဘက္ထြက္မည့္အံခြက္ေလးဆီသို႔ ။
'ေရး ရၿပီကြ... တို႔တီတီ အေတာ္ဆံုးပဲ..´
အလိုင္ရာ အ႐ုပ္ေလးကို ေကာက္လိုက္ၿပီ အယ္လီယာကို လွမ္းဖက္လိုက္ေလသည္ ။ အယ္လီယာ လည္း အနည္းငယ္ရီလိုက္ၿပီး သူ႔ရင္ခြင္ထဲက အေကာင္ေပါက္စေလးကို ေခါင္းပုတ္ေပးလိုက္စဥ္ တစ္စံုတစ္ေယာက္က မိမိအား ေဆာင့္ဆြဲခံ လိုက္ရေလသည္ ။
နာသြားသည္မို႔ သူကိုဆြဲလိုက္သည့္သူကို ရန္ေတြ႔ရန္ ၾကည့္လိုက္ေတာ့ သူ ။ဟုတ္ပါတယ္ ႐ုွိန္းပီတာ ။
💭 သူက ဘာလို႔ဒီေရာက္ေနတာလဲ ... ၿပီးေတာ့ အလိုမက်တဲ့ ႐ုပ္ႀကီးနဲ႔... 💭
အယ္လီယာကို သူ႔အပိုင္လို ဆြဲယူကာ ရင္ထဲထည့္မတတ္ ပံုစံနဲ႔ ႐ႈိန္းပီတာ ။ ၿပီးေတာ့ အလိုင္ရာ အားလဲ အေငြ႔အေထာင္းထေနတဲ့ အၾကည့္မ်ိဳးနဲ႔ၾကည့္ေနေသးသည္ ။ အလိုင္ရာ ကေတာ့ ႐ုတ္တရက္မို႔ ေၾကာင္သြားသည္ ထင္သည္ ။ တစ္ခဏ ေၾကာင္ၾကည့္ၿပီးမွ သတိျပန္၀င္ကာ ႐ႈိန္းပီတာ ေဘးနားေရာက္သြားေသာ အယ္လီယာကို ျပန္ဆြဲေလသည္ ။
႐ႈိန္းပီတာသည္လည္း ျပန္မလႊတ္ေပး ။ အေျခအေနကေတာ့ သူဆြဲ ကိုယ္ဆြဲနဲ႔ ၾကားထဲတြင္ အယ္လီယာသည္ ဘာလုပ္ရမွန္းမသိေတာ့ေခ် ။ ထ ိုအျဖစ္ကို အ႐ုပ္တစ္႐ုပ္နဲ႔ ဂြန္းတို႔ႏွစ္ေယာက္ျမင္ေလၿပီး အလိုင္ရာဘက္မွ ကူဆြဲေလသည္ ။
💭 ေအာ္ ဒီေလးေယာက္နဲ႔ေတာ့ ငါကို လြန္ႀကိဳးထင္ၿပီး ဆြဲေနၾကသလားမသိဘူး... အကုန္ေတာ့ ျပဳတ္ပ်က္ထြက္ကုန္ ေတာ့မွာပဲ...💭
'ေလးေယာက္လံုး ေတာ္ၾကေတာ့...နာေနၿပီ...´
အယ္လီယာရဲ႕ အသံျကားေတာ့မွ ေလးေယာက္လံုး အယ္လီယာကိုလြတ္ေပးလိုက္ေလေတာ့သည္ ။ ႐ႈိန္းပီတာ ကေတာ့ ပ်ာယာခတ္ေနတဲ့ မ်က္ႏွာနဲ႔ အယ္လီယာအား ဘယ္နားနာသြားလဲ ဆိုကာ စစ္ေဆးကာ ေမးေနေပေတာ့သည္ ။
'လူဆိုးဦးေလးႀကီး ကြၽန္ေတာ့ တီတီကိုမထိနဲ႔...´
အလိုင္ရာ ထိုသို႔ ေျပာၿပီး အယ္လီယာေပၚမွာ ေရာက္ေနတဲ့ ႐ႈိန္းပီတာရဲ႕ လက္ေတြကို ဖယ္လိုက္ေလကာ အယ္လီယာ ေ႐ွ႕တြင္ လက္ေလးဆန္ ့တန္းထားတဲ့ ကိုယ္ေသးေသးေလးနဲ႔ ကာထားေလသည္။
ဂြန္းနဲ႔ အစၥဘယ္ တို႔ကလည္း အလိုင္ရာေ႐ွ႕တြင္ ထပ္ကာထားျပန္သည္ ။ ေဘးကလူေတြကလည္း ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကေလသည္ ။
အေျခအေနေတြက တင္းလာၿပီမို႔ အယ္လီယာ ၀င္႐ွင္းမွ အဆင္ေျပေတာ့ေပမယ္ ။
'သူက လူဆိုးမဟုတ္ပါဘူး... အသိေတြပါ... ဘာမွ မျဖစ္ပါဘူး...´
'ဒါေပမယ့္...´
'တကယ္ ဘာမွမျဖစ္တာပါ... ၿပီးေတာ့ အျခားသူေတြၾကည့္ေနတယ္ေလ...´
ထိုအခါမွ အယ္လီယာ ေ႐ွ႕မွ သံုးေယာက္က မဖယ္ခ်င္ ဖယ္ခ်င္နဲ႔ ဖယ္ေပးလိုက္ေလသည္ ။
႐ႈိန္းပီတာ ပန္းျခံကို စစ္ေဆး ေနရင္းမွ ဘာရယ္မဟုတ္ ညေစ်းတန္းကို၀င္ခ်င္ သည့္ စိတ္ျဖစ္လာေသာေၾကာင့္ ၀င္လာျခင္းပင္ ။ ေစ်းတန္းေတြ ေလ်ွာက္ၾကည့္ရင္း အ႐ုပ္ေကာက္စက္နားအေရာက္တြင္ အ႐ုပ္ေကာက္ေနေသာ မနက္က အင္တာဗ်ဴးလာေျဖသည္ေကာင္မေလးကိုေတြ႔လိုက္ရသည္ ။
ပါးစပ္ေလးကို ပြစိပြစိႏွင့္ တစ္ခုခုရြတ္ဆိုေနဟန္ ။ ထိုေကာင္မေလးသည္ အ႐ုပ္တစ္႐ုပ္ ရသြားေသာအခါ ျပံဳးရယ္ၿပီးေပ်ာ္ရြင္ေနေလသည္ ။ ထိုေကာင္မေလး အျပံဳးသည္ စၾကာ၀႒ာတစ္ခုလံုးကိုပင္ ရပ္တန္႔ေစႏိုင္ေလာက္ေလသည္ ။
ျဖစ္ႏိုင္ရင္ ထိုေကာင္မေလးကို ဘယ္သူမွ မျမင္ႏိုင္ေလေအာင္ မိမိရဲ႕ရင္ခြင္ထဲပင္ ဖြက္ကာ သိမ္းထားလိုက္ခ်င္မိေတာ့သည္ ။ ထိုေကာင္မေလးအား သူ႔ေဘးနားက ေကာင္ေလးတစ္ေယာက္လာဖက္ေလေသာအခါ စိတ္သည္ ထိန္းမရဘဲ ထိုအေျခအေနကိုပင္ ေရာက္သြားေလသည္ ။
ထိုေကာင္ေလးမွ တီတီ လို႔ နာမ္စား သံုးလိုက္မွ ႐ႈိန္းသေဘာအနည္းငယ္ေပါက္သြားေလသည္ ။ သို႔ေသာ္ ထိုေကာင္မေလးကို ဘယ္လို႐ွင္းျပရမည္နည္း ။တစ္မနက္ပဲေတြ႔ဖူးသည္ကို ထိုေကာင္မေလး အျမင္ေစာင္းသြားလို႔ေတာ့မျဖစ္ေခ် ။မိမိရဲ႕ အလျြဲဖစ္သည္မို႔ ႐ႈိန္းပီတာ ေကာင္မေလးကို ေတာင္းပန္လိုက္ေလသည္ ။
'ဟို ေတာင္းပန္ပါတယ္ေနာ္...´
'ရပါတယ္ ဆရာ...´
ေကာင္မေလး သူအား စိတ္ဆိုးမည္ဟုထင္ခဲ့ေလရာ ေကာင္မေလးက စိတ္ဆိုးဟန္မ႐ွိဘဲ ျပံဳးျပကာ ရေလေၾကာင္းေျပာေလသည္ ။ ဒယ္ဒီ ေရ ဒယ္ဒီရဲ့ ေခြၽးမေလး က သေဘာလည္းေကာင္းတယ္ဗ် ။
'သူက ဘယ္သူလဲ...´
ေမးလိုက္သူကေတာ့ ဂြန္းပါ ။ ဂြန္း အမွန္ပင္ အယ္လီယာကို စိတ္ပူေသာေၾကာင့္ေမးလိုက္ျခင္းးသာ ။ ကုန္းေျမသားေတြဟာ သစၥာမ႐ွိတဲ့ မေကာင္းတဲ့သူေတြမလား။ ထိုကုန္းေျမသားေတြေၾကာင့္ပင္ ေရေအာက္ တိုင္းျပည္ရဲ႕ အိမ္ေ႐ွ႕စံမင္းသမီး အမာရာ ေပ်ာက္ကြယ္သြား႐ျခင္းပင္ ။ သူေ႐ွ႕က ထိုကုန္းေျမသားနဲ႔ အယ္လီယာတို႔သိေနျခင္းကို ဂြန္းသေဘာမက်ေပ ။ ၿပီးေတာ့ ေစာေစာက အေနအထားေၾကာင့္ ထိုသူကို ပိုၿပီး သေဘာမက် ျခင္းပိုတိုးေစသည္ ။
'ေအာ္ မိတ္ဆက္ေပးရဦးမယ္.. သူက ဒီပန္းျခံက ဒါ႐ုိက္တာခ်ဳပ္ေလ ႐ႈိန္းပီတာတဲ့...´
အယ္လီယာမိတ္ဆက္ေပးေလးေတာ့ ႐ႈိန္းပီတာသည္ အယ္လီယာေဘးက သံုးေယာက္အား လက္ဆြဲရန္ျပင္ေပမယ့္ သံုးေယာက္လံုးက မၾကည္သည့္ပံုပင္ ။ မသိခ်င္ေယာင္ေဆာင္ေနသည္။ ႐ႈိန္းပီတာ လက္ကေလးကို ရွက္ရႇက္နဲ႔ ျပန္သိမ္းလိုက္ေလသည္ ။
ၿပီးေလေတာ့ အယ္လီယာသည္ က်န္သံုးေယာက္နဲ႔မိတ္ဆက္ေပးေလသည္ ။
'သူက ကြၽန္မရဲ႕ တူေလ အလိုင္ရာတဲ့... သူတို႔ကေတာ့ ကြၽန္မရဲ႕ အစ္ကိုႀကီး နဲ႔ေယာင္းမ...အစ္ကိုႀကီးက နာမည္က ဂြန္း ေယာင္မေလး ကေတာ့ အစၥဘယ္လို႔ေခၚတယ္...´
'ေစာေစာ က ျဖစ္ရပ္အတြက္ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ဗ်... ´
'မလိုဘူး ရတယ္...အယ္လီယာ ျပန္ၾကရေအာင္´
ဂြန္း ေျပာရင္းပင္ အယ္လီယာနဲ႔ က်န္ႏွစ္ေယာက္ကို ေခၚထုတ္ထြက္လာလိုက္ေလသည္ ။ ထိုကုန္းေျမသားထံတြင္ ေၾကာက္စရာေကာင္းေလေသာ အေငြ႔အသက္ရေလသည္ ။ လူေကာင္းတစ္ေယာက္လို ျပံဳးျပေနေသၚလည္းေပါ့ ။ အယ္လီယာကေတာ့ ေပ်ာ္ရြင္ေနသည့္ မ်က္ႏွာမ်ိဳးႏွင့္ပင္ ။
တစ္ခါတစ္ေလ ဂြန္း အယ္လီယာကို နားမလည္ပင္။ အယ္လီယာသည္ အမ ေပ်ာက္ကြယ္မႈနဲ႔ ကုန္းေျမသားေတြဆို အလြန္မွ မုန္းတီးေလသူ ျဖစ္ေပသည္ ။ ယခုတြင္မႈ ထိုကုန္းေျမသားနဲ႔ ဆက္ဆံေရး အလြန္ေကာင္းေနသည့္ပံု ေပါက္ေနေလသည္ ။ ဂြန္းသည္ ဒါက မ႐ုိးဆင္းဟု သိလိုက္ေလသည္ ။
'အယ္လီယာ နင္ကို ငယ္ေပါင္းတစ္ေယာက္ေနနဲ႔ေမးမယ္ မွန္မွန္ေျဖေနာ္... သူက ဘယ္သူလဲ... နင္နဲ႔ ဘယ္လိုပတ္သတ္ၿပီး ဘယ္လိုသိတာလဲ...´
'သူ႔အေၾကာင္းသိပ္ၿပီး ေခါင္းထဲမထည့္ပါနဲ႔ ... ငါစံုစမ္းစရာေလးတစ္ခု႐ွိလို္ပါ... ၿပီးေတာ့စိတ္ခ်ပါ...သူက လူေကာင္း... ငါကို ထိခိုက္ေအာင္ မလုပ္ပါဘူး...´
'အယ္လိုဆိုေပမယ့္... သူက ကုန္းေျမသားေလ... ကုန္းေျမသားေတြ အေၾကာင္းနင္သိသားပဲ ... သူတို႔က ယံုရတဲ့သူေတြမဟုတ္ဘူး... နင့္အမကိုပဲၾကည့္ေလ... နင္ကို စိတ္ပူတယ္...´
'နင္စိတ္ပူတာ ငါနားလည္ပါတယ္... ငါက အယ္လီယာ ပါဟ... အိမ္ေ႐ွ႕စံလ်ာထားတဲ့ ေတာ္၀င္မင္းသမီးဆိုတာ မေမ့နဲ႔ဦး... ဒီလို ကုန္းေျမသားေလး တစ္ေယာက္ေလာက္ကေတာ့ ဂါထာ တစ္ပုဒ္နဲ႔တင္ ေပ်ာက္သြားေအာင္ လုပ္ႏိုင္စြမ္း႐ွိပါတယ္... စိတ္ပူေနတာ ေလ်ာ့ခ်လိုက္ေတာ့ဟုတ္ၿပီလား... ´
'အင္းပါ... ဘာလုပ္လုပ္ နင္ကိုယ္နင္ေတာ့မထိခိုက္ေစနဲ႔... တစ္ခုခုဆို ငါနင့္ေ႐ွ႕မွာ ႐ွိေပးမယ္...´
'အြန္းပါ..ေက်းဇူးပါပဲ...´
.................
ငွက္ေလးေတြ ႏိုးထခ်ိန္ ပင္အေတာ္ပင္ ေက်ာ္သြားေလၿပီ ။ ကမ႓ာေျမပင္ ေနေရာင္ျခည္ရဲ႕အလင္းဓာတ္ကို အေတာ္အတန္ၾကာ ရေလၿပီ ။ ထိုအခ်ိန္တြင္ ျခံ၀န္းေလးတစ္ခု႐ွိ ေကာင္ေလးတစ္ေယာက္သည္ ႏွစ္ထပ္အိမ္ေလးရဲ႕ အေပၚထပ္ ၀ံရံတာေလးမွတစ္ဆင့္ ေဘးဘက္ျခံ၀န္းေလး႐ွိ ေရဘ၀ဲေလးတစ္ေကာင္နဲ႔ ေဆာ့ေနေသာ ေကာင္ေလးတစ္ေယာက္ေငးၾကည့္ေနေလသည္ ။ ၿပီးေတာ့ ၀ရံတာက ေကာင္ေလးသည္ လက္ထဲတြင္ ကိုင္ထားေသာ ဖုန္းေလးႏွင့္ ေဘးအိမ္ထဲမွေကာင္ေလးအား မွတ္တမ္းတင္ထား လိုက္ေလသည္ ။
ဖုန္းထဲတြင္ ေပၚလာေသာ ပံုရိပ္ကေလးမ်ားကိုၾကည့္ရင္း ထိုေကာင္ေလးရဲ႕ ႏႈတ္ခမ္းမ်ားသည္ အသက္၀င္လာကာ အထက္သို႔ ေကာ့တက္သြားေလသည္ ။
'အကို ဘာလုပ္ေနတာတုန္း..´
ညီမျဖစ္သူ ဂ်ဴလီယာေရာက္လာေတာ့မွ ခရစ္စဖာလက္ထဲဖုန္းေလးကိုဖြက္လိုက္ေလသည္ ။
'ဘာမွ မလုပ္ပါဘူး...´
'အကိုရယ္ ေမာင္ႏွမအခ်င္းခ်င္းကို လိမ္ျပန္ၿပီ ... အကိုဖုန္းနဲ႔ဓာတ္ပံုရုိက္ေနတာ ျမင္သားပဲကို...´
'ျမင္တယ္ဆိုလည္း ဘာလို႔ေမးေနေသးတုန္း...´
'ဘယ္သူကို႐ုိက္လဲသိခ်င္လို႔ေပါ့လို႔..´
'ဘယ္သူမွ မ႐ုိက္ပါဘူး...႐ႈခင္းေတြက လွလို႔႐ုိက္တာ...´
'မလိမ္တက္ဘဲနဲ႔ မလိမ္ပါနဲ႔ အကိုရာ... အကို ဟိုဘက္အိမ္က တစ္ေယာက္ေယာက္ကိုလွမ္း႐ုိက္ေနတာမလား...´
တရားကိုစစ္ေနတဲ့ အထူးစံုစမ္းေရးလို ခရစ္စဖာ နားကို ကပ္ကာ အကဲခက္ေနေသာဂ်ဴလီယာ ။
'ဟုတ္တယ္ဆိုရင္ ဘာလုပ္မလို႔လဲ...´
'ေအာင္သြယ္ေပးမလို႔ ဟီး...အယ္အိမ္ကေလ အစိမ္းေရာင္ ဆံပင္အမႀကီးနဲ႔ အမဲေရာင္ ဆံပင္နဲ႔ အကိုႀကီးတို႔ ႏွစ္ေယာက္က လင္မယားေတြ ...က်န္တာကလူလြတ္ႏွစ္ေယာက္ေတာင္႐ွိတယ္... တစ္ေယာက္က ႏွဖတ္ေနၿပီး စမတ္လည္းက် အရမ္းေခ်ာတာ အသက္ကေတာ့ ကိုႀကီးနဲ႔တူတူေလာက္ပဲ... ´
'ေနာက္တစ္ေယာက္ကေကာ..အျပာေရာင္ ဆံပင္နဲ႔ေကာင္ေလး.´
'wow အကိုႀကိဳက္တာ အယ့္ေကာင္ေလးလားဟိဟိ...´
ဂ်ဴလီယာ ရီလိုက္ရင္းနဲ႔ပင္ စကားဆက္ေျပာလိုက္ေလသည္ ။
'သူက အလိုင္ရာတဲ့ေလ ... အယ္အိမ္မွာ အငယ္ဆံုး ၿပီးေတာ့အိမ္ရဲ့တူ ေလ...အသက္က ညီမနဲ႔တူတူပဲ.. ေက်ာင္း မတတ္ဘူးထင္တယ္ ... စာကိုေတာ့ အိမ္ကသင္ေပးတာလို႔ေျပာတာပဲ... တစ္အိမ္လံုးရဲ႕ အလိုလိုက္ခံ ဖူးဖူးမွုတ္ကေလးေလ... ´
'ဒါနဲ႔ နင္က အယ့္ေကာင္ေလးအေၾကာင္းေတြ ဘယ္လိုသိလည္း...´
'ဂ်ဴလီယာေလ သိတာမဆန္းပါဘူး..... ဂ်ဴလီယာ တို႔ကဒီရပ္ကြက္မွာ အပ္က်တာ ကအစ သိတယ္..´
'ထားလိုက္ပါ...´
'ေအာ္ ခုမွသတိရတယ္... အကိုကို ေျပာစရာ႐ွိလို႔လာတာ... ေစာေစာက ကိုႀကီး ဖုန္းဆက္တယ္ ... သူဒီမွာလာေနမလို္တဲ့...´
'ဒီမွာလာေန မယ္ ဟုတ္လား... ဘာျဖစ္လို႔တဲ့လဲ...´
'အယ္တာေတာ့ ညီမလည္းဘယ္သိမလဲ...ကိုႀကီး ကို ေမးၾကည့္ေပါ့...´
'ေအးေအး. သိၿပီ...ေနာက္ၿပီ ဘာထပ္ရွိေသးလဲ´
'မ႐ွိေတာ့ ပါဘူး.. တို႔အကို ျပန္ၿပီး ဟိုေကာင္ေလးကို ငမ္းလို႔ရပါၿပီေနာ္...´
ေျပာၿပီးသည္နဲ႔ ထြက္သြားေသာ ဂ်ဴလီယာ ။ ခရစ္စဖာကေတာ့ ႐ွက္သြားကာ က်န္ေနခဲ့ေလေတာ့သည္။
'ဟာ ဒီေကာင္မေလးက ေတာ့..´
ထိုသို႔ ဆိုၿပီး ႐ွက္လက္စနဲ႔မထူးကာ ဟိုေဘးအိမ္က အျပာေရာင္ ေကာင္ေလးရဲ႕လႈပ္႐ွားမႈေတြသာ မွတ္သားေနမိေတာ့သည္ ။
......................
အမာရာ ငါးျပတိုက္ တြင္ေတာ့ လာေရာက္ေလ့လာသူေတြ အလည္အပတ္လာၾကသူေတြ ငါးျပတိုက္တာ၀န္႐ွိသူေတြႏွင့္ ျပည့္ႏွက္ေနေလသည္ ။ အယ္လီယာအလုပ္သည္ သိပ္ၿပီး ေထြေထြ႐ွိသည္မဟုတ္ ။ လိုအပ္တာေတြႀကီးၾကပ္ စစ္ေဆးၿပီးသြားခ်ိန္တြင္ေတာ့ ငါးျပတိုက္ကို စစ္ေဆးရန္ ျပခန္း႐ွိရာသို႔ ထြက္လာခဲ့ေလသည္ ။
ျပခန္းနဲ႔ ႐ုံးသံုးေနရာနဲ႔က အေဆာက္အဦးတစ္ခုထဲေပမယ့္ ေတာင္နဲ႔ေျမာက္ ကြာျခားေပသည္ ။ အယ္လီယာ ေလ်ွာက္လာစဥ္တြင္ မွန္ေတြနဲ႔ကာထားေသာ ေရထဲမွ ေရသတၱ၀ါေလးမ်ားသည္ မင္းသမီးျဖစ္ေလတဲ့ အယ္လီယာအား သူတို႔ရဲ႕ ဘာသာစကားနဲ႔ ဦးၫႊတ္ၾကေလသည္ ။
အယ္လီယာလဲ ထိုသည္မ်ားကို အသိအမွတ္ျပဳေၾကာင္းေခါင္းျငိမ့္ ျပလိုက္ေလသည္ ။ ျပခန္းရဲ့ေနရာ တစ္ခဳသည္ ပတ္ပတ္လည္ကို လ်ိဳပံုစံ ေဖာ္ထားျခင္းျဖစ္ၿပီး ေအာက္ဘက္မွလြဲ၍ ေဘးဘက္ႏွစ္ဖက္နဲ႔ အေပၚဘက္တြင္ မွန္မ်ားကာထားကာ ေရသတၱ၀ါေလးမ်ားသည္ လြတ္လပ္စြာ ကူးခတ္ေနေပသည္။ လ််ိဳႀကီးၿပီးသြားရင္ေတာ့ LED ပိတ္ကားအၿကီးျမင္ရသလိဳလိဳ မ်ိဳး အေရာင္အေသြးစံုလင္လွတဲ့ ေရသတၱ၀ါေလးမ်ား႐ွိသည့္ေနရာလည္း႐ွိေပသည္ ။ ၿပီးေတာ့ အလွငါးေလးကို ထားသည့္ေနရာလည္း ႐ွိသည္ ။ထိုေနရာေတြကို ေရာက္သြားသူသည္ အမွန္တကယ္ေရေအာက္ထဲတြင္ေရာက္ေနကာ ေရသတၱ၀ါေလးနဲ႔ အမွန္ ရင္းႏွီးကြၽန္း၀င္သည္ဟုေသာ ေႏြးေထြးတဲ့ခံစားမႈရေစမွာေတာ့ အမွန္ပင္ ။ အယ္လီယာ ေတာင္ ေရေအာက္နန္းေတာ္ကို ခဏတာ လြမ္းမိသြားေလသည္။
အမာရာ ငါးျပတိုက္ ေလးရဲ႕ အတြင္းပိုင္း ျပသတဲ့ေနရာေလးေတြပါ ။
အယ္လီယာ ျပန္ဖို႔ ျပင္ၿပီး တစ္ဖက္ကို လွည့္လိုက္စဥ္တြင္ေတာ့ တစ္စံုတစ္ဦးရဲ႕ ရင္ခြင္သို႔ တန္းခနဲ ေရာက္သြားေလသည္ ။
'ဆရာ ဒီကိုဘယ္လိုေရာက္ေနတာတုန္း...´
'ကိုယ္ေရာက္ေနတာၾကာၿပီ..မင္းကေလးသာ သူတို႔ေလးေတြကိုေငးၿပီး မသိတာ...´
'ေအာ္ ဟုတ္လား...´
' ဟိုမေန႔က ကိစၥကို ကိုယ္တစ္ကယ္ေတာင္းပန္ပါတယ္ေနာ္.´
'ေတာင္းပန္စရာမလိုပါဘူး. ရပါတယ္...´
'ဒါနဲ႔ ႐ုံးဆင္းရင္ တစ္ေယာက္ထဲျပန္မွာလား..´
'ဟုတ္တယ္...taxi ငွါးျပန္မွာေလ... ဘာျဖစ္လို႔လဲ..´
'ကိုယ္လိုက္ပို႔ေပးမယ္ေလ... ´
'ရပါတယ္ တကုတကႀကီး ျဖစ္ေနပါ့မယ္..ဒီတိုင္းပဲ ျပန္လိုက္ပါ့မယ္...´
'မဟုတ္တာ ကိုယ္လိုက္ပို႔ေပးခ်င္လို့္ပါ...´
'ဒီေလာက္လိုက္ပို႔ ေပးခ်င္လဲ မျငင္းေတာ့ပါဘူး.. taxi ခသက္သာတာေပါ့...´
'အယ္တာဆို အလုပ္ဆင္းမယ္ဆို ကိုယ့္ဆီ massage ပို႔လိုက္ ကားအသင့္ျဖစ္ေစရမယ္... ေအာ္massage ဆိုလို႔ ဖုန္းနံပါတ္မသိေသးျကဘူးဘဲ မင္းရဲ႕ဖုန္းခဏေပး..´
အယ္လီယာဖုန္းေပးလိုက္ေတာ့ ဖုန္းcontant ေလးတစ္ခု ႐ုိက္ထည့္လိုက္တဲ့ ႐ႈိန္းပီတာ ။ ၿပီးေတာ့မွ ဖုန္းကို အယ္လီယာဆီျပန္ေပးလိုက္ေလသည္ ။
'ရၿပီ ဒါကိုယ့္ဖုန္းပဲ... ကိုယ္ massage ေစာင့္ေနမယ္ေနာ္..´
႐ႈိန္းျပန္သြားၿပီးေနာက္ အယ္လီယာလည္း စစ္ေဆးစရာေတြၿပီးသြားၿပီမို႔ မိမိ႐ုံးခန္းဆီသို႔သာ ျပန္သြားလိုက္သည္ ။
➳ ေနာက္ဆံုးေတာ့လည္း လိုက္သြားတဲ့ ဟာကို မႈေနေသးတယ္➳
*ေနသန္စုတ္ နင့္ပါးစပ္ပိတ္ထားစမ္း*
❀ ေနသန္ေျပာတာလဲဟုတ္တာပဲ ကို ❀
*နင္တို႔ႏွစ္ေယာက္ ေတာ္ေတာ္ အတိုင္အေဖာက္ညီေနတယ္ေပါ့ ဟုတ္လား..*(လူယုတ္မာအျပံဳးေလး တစ္ခ်က္ျပံဳးလိုက္ေလသည္...)
❆ မမ အယ္လိုျပံဳးရင္ ၾကက္သိမ္းေတြေတာင္ထေလာက္ေအာင္ ေၾကာက္စရာေကာင္းတယ္... မမရဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ ေရ ..အမ်ွအမ်ွအမ်ွ ❆
အျပန္အလွည့္ အေတြးထဲ စစ္တိုက္ေနေသာ နတ္ဘုရား သံုးပါးကို ၾကည့္ေနတဲ့ အျဖဴေရာင္ ေကာင္ေလးကေတာ့ မိမိတစ္ေယာက္ထဲ ထိုသို႔ေျပာကာ သက္ပ်င္းခ်လိုက္ေလေတာ့သည္ ။
................
ဂ်ဴလီယာ ေက်ာင္းတတ္ဖို႔ ေက်ာင္းကို ေလ်ာက္လႊာလာတင္ရင္း အကိုျဖစ္သူရဲ႕ သုေတသန ဌာနသို႔ ၀င္လာျခင္းျဖစ္ေပသည္ ။ ဂ်ဴလီယာတို႔ ေက်ာင္းနဲ႔ ခရစ္စဖာတို႔ သုေတသနလုပ္ေနတဲ့ ေက်ာင္းသည္ မတူေသာ္လည္း မေ၀းၾကေပ ။ ဂ်ဴလီယာသည္ လိေမၼာ္ေရာင္ ေက်ာပိုးအိတ္ေလးကို လြယ္ထားၿပီး ပန္းေရာင္ ဂုတ္၀ဲ ဆံပင္ေလးကို အေပၚပိုင္းစည္းၿပီး ထံုးထားေလသည္ ။ ထိုခ်စ္ဖို႔ေကာင္းေသာ ျပင္ဆင္မႈေလးနဲ႔ေကာင္မေလးသည္ ထိုေက်ာင္းေလးထဲတြင္ လမ္းေပ်ာက္ေနေပေတာ့သည္ ။
'အာ အကိုရဲ႕ သုေတသန ဌာနက ဘယ္နားမွာလဲ လာ႐ွာရတာ ေမာေတာင္ေမာေနၿပီ... ၿပီးေတာ့ ဖုန္းေခၚတာလဲ မကိုင္ဘူး..စက္ကလည္းပိတ္ထားေသးတယ္... စိတ္႐ွည္လာၿပီေနာ္...´
တစ္ေယာက္ထဲပြစိေျပာကာ ေလ်ွာက္လာေသာ ေကာင္မေလးလမ္းခ်ိဳး တစ္ခုအေရာက္တြင္ေတာ့ တစ္စံုတစ္ေယာက္ကို ေတြ႔လိုက္ရ၍ ထိုသူမျမင္ေအာင္ ပုန္းလိုက္ေပသည္ ။ ၿပီးေတာ့ သူမအား ေက်ာ္သြားေသာ ထိုသူကို ေခ်ာင္းၾကည့္မိသည္ ။
ထိုသူသည္ အထက္တန္းေက်ာင္းတုန္းကလို ေခ်ာေမာဆဲပင္ ။ အထက္တန္းေက်ာင္းတုန္းက အၾကာင္းအရာမ်ား သူမ အေတြးထဲတြင္ တဆင့္ျပန္ေပၚလာသည္ ။
ကယ္ဗင္ ကိတ္ထ္ တဲ့ ။ အမ်ားစုကေတာ့ ကယ္ဗင္လို႔ေခၚၾကၿပီး ေက်ာင္းရဲ႕ ဘက္စကတ္ေဘာ အသင္းေခါင္းေဆာင္ ။ ေခ်ာလဲေခ်ာ ေတာ္လည္းေတာ္သူမို႔ ေက်ာင္းတြင္ အရမ္းနာမည္ႀကီးကာ ေကာင္မေလးေတြရဲ႕ အသဲေက်ာ္ျဖစ္ေလသူ ။ ထိုသို႔ အသဲေက်ာ္ သဲသဲလႈပ္ေကာင္မေလးမ်ားထဲတြင္ ဂ်ဴလီယာဆိုတဲ့ သူမလည္းအပါအ၀င္ေပ ။
သူမ ထိုသူကို အျမဲ ပို္စကတ္ေလးေတြ ေခ်ာကလက္ေလးေတြ လက္ေဆာင္ေသးေသးေလးေတြ ထိုသူမသိေအာင္ ထိုသူရဲ႕ ေလာ့ကတ္ေသတၱာ ေလးထဲတြင္ အျမဲထည့္ ေပးဖူးေလသည္ ။ တစ္ေန႔တြင္ ထိုသူထံမွ ဖုန္းနာပါတ္ေလး တစ္ခုေရးထားတဲ့ စာရြက္ေလးနဲ႔ ထူျခားတဲ့ေကာင္မေလးဖို႔ ဆိုတဲ့ လက္ေရးမႈစာေဆာင္ေလး သူမထည့္ေပးေနၾက ေနရာေလးမွ ရေလသည္ ။ ဒီလိုနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဖုန္းေလးနဲ႔ ဆက္သြယ္ၾကေလရင္း ပိုေသာ သံေယာဇဥ္ေတြျဖစ္လာၾကေလသည္ ။ ဖုန္းေတြနဲ႔ဆက္သြယ္ၾကသည့္တိုင္ သူမကို ထိုသူမသိေပ ။ သူမသည္ ထူးျခားတဲ့ေကာင္မေလးမွန္း သူမရဲ႕သူငယ္ခ်င္းျဖစ္တဲ့ ခ်က္စကာဆိုသည့္ တစ္ေယာက္မွလြဲရင္ မည္သူမွ မသ္ိၾကေပ ။
တစ္ေန႔တြင္ သူမရဲ႕ဖုန္းေပ်ာက္သြားခဲ့ေလသည္ ။ သူမသည္လည္း ေနမေကာင္းေသာေၾကာင့္ ေက်ာင္း တစ္ပတ္နားလိုက္ေပသည္ ။ ေက်ာင္းျပန္တတ္ေလေတာ့ ထိုသူသည္ သူမရဲ႕ သူငယ္ခ်င္းကို လိုက္ေနသည္ဟု သူမသူငယ္ခ်င္းက ေျပာေလသည္။ ျပီးေတာ့ သူငယ္ခ်င္း ျဖစ္သူကလည္း ထိုသူကို ခ်စ္သည္တဲ့ေလ သူမကို ေနာက္ဆုတ္ေပးပါတဲ့ ။ သူမအလြန္နာက်င္ရပါသည္ ။ သို ့ေပမယ္ ထိုသူ ခ်စ္တဲ့သူက သူမရဲ႕ တစ္ေယာက္ေသာ သူငယ္ခ်င္းဆိုေတာ့လည္း သူမေနာက္ဆုတ္ေပးရဳံကလြဲ ဘာမွမတတ္ႏိုင္ေတာ့ေပ ။
ထိုေန႔မွ စကာ သူမ ထိုသူနဲ႔ေကာ သူမသူငယ္ခ်င္းနဲ႔ပါ အဆက္အသြယ္မ႐ွိေတာ့ေလေပ ။ ေတြ႔ခဲ့ရင္လည္း တမင္ မေတြ႔ေအာင္သူမေ႐ွာင္ခဲ့ေလသည္ ။ အခုလည္း ထိုေနရာတြင္ ထပ္ေတြ႔ျပန္ၿပီ ။ ဒါေၾကာင့္မို႔သူမတမင္ေ႐ွာင္ခဲ့ျဖစ္ေပသည္ ။
ကုတ္ေခ်ာင္းေခ်ာင္းကာ အနီးအနားရွိ ခံုတန္းေလး တြင္ ထိုင္ေနေလေသာ ထိုသူကို ပုန္းကြယ္ ၾကည့္ေနမိစဥ္ ေဘးမွ ေပၚလာေသာ လူတစ္ေယာက္ေၾကာင့္ ဂ်ဴလီယာ လန္႔ကာ လဲက်သြားေလသည္ ။
'ကေလးမ အဆင္ေျပလား...´
'ဟုတ္ကဲ့...´
😻😻😻😻😻😻😻😻😻😻😻
Thank you for your reading.
😻😻😻😻😻😻😻😻😻😻😻
Unicode#
ဂွန်း ဆိုင်ရှိ အရုပ်များထဲမှ အမဲရောင် ရေသူပုံစံ ချစ်စရာအရုပ်လေးကို ဆုအဖြစ်ယူလိုက်လေသည်။ ပြီးတော့ သူဘေးနားက ကျောက်စိမ်းရောင် ကောင်မလေးကို ပေးလိုက်လေသည် ။ထိုကောင်မလေးကတော့ သူ့အား ကြောင်ကြည့်နေပေသည် ။
'ဒါ မင်းအတွက်...´
'ကျွန်မ အတွက် ဟုတ်လား..´
အစ္စဘယ်သည် ဂွန်းလက်ထဲမှ ထို အရုပ်လေးကိုယူလိုက်ကာ သဘောကျသလို ရီနေပေသည် ။ ပြီးတော့မှ
'ကျွန်မကို ဘာလို့ပေးတာလဲ...´
'မင်းစောစောက ကိုယ့်ကို ကူညီပေးလို့...´
'အယ်တာက မဖြစ်စလောက်လေးပါ... ဒါပေမယ့် ဒါလေးက ချစ်ဖို့ကောင်း လို့ယူလိုက်ပါမယ်...´
ပြောရင်းနဲ့ပင် ထို အရုပ်လေး အားဖက်ကာ ပါးအပ်လိုက်သော အစ္စဘယ်ကြောင့် ဂွန်း မျက်နှာပူလာသလိုပင် ခံစားရလေသည် ။ဒါက ကုန်းမြေ နဲ့ အသားမကျ သေးလို့ဖြစ်မှာပါလို့ ဂွန်းတွေးလိုက်လေသည် ။
'သွားကြမယ်လေ... ကိုယ်တို့ကို အယ်လီယာတို့ စောင့်နေတော့မယ်...´
'အွန်း...´
🐈ကြည့်မရဘးူဆိုပြီး အသုံးနှုန်းတွေ စတင်ပြောင်းလဲ နေသော စစ်သူကြီး ရယ်ပါ..အဟိ🐈
..............
အရုပ်ကောက်စက်ကြီး တစ်ခုတွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ရှိပေသည်။ အဖြူရောင်ကောင်မလေးကတော့ အရုပ်ကောက်စက်ရဲ့ စက်ခလုတ်နေရာကို လှည့်ကာ အထဲက အရုပ်တစ်ရုပ်သဲကြီးမဲကြီး ကောက်နေလေသည် ။ အပြာရောင် ကောင်လေး ကလည်း ထို ကောင်မလေးဘေးတွင် စိတ်ဝင်တစားနဲ့ အထဲရှိ အရုပ်ကောက်တဲ့ လက်တံလေးရဲ့ လုှပ်ရှားမှုတို့်ကို လိုက်ကြည့်နေပေသည် ။
'ရတော့မယ် ရတော့မယ် ဥံဖွ ရလိုက်စမ်း...´
အယ်လီယာ ရေရွတ်ပြီးသည်နှင့် အရုပ်ကောက်လက်တံသည် အထဲရှိ လင်းပိုင် ပုံလေးကို သွား ကောက်ပြီလေသည် ။ အယ်လီယာ စက်ကို ဖြေးဖြေးလေး ကစားပေးတော့ အရုပ်လေးရဲ့ ဦးတည်ရာက အပြင်ဘက်ထွက်မည့်အံခွက်လေးဆီသို့ ။
'ရေး ရပြီကွ... တို့တီတီ အတော်ဆုံးပဲ..´
အလိုင်ရာ အရုပ်လေးကို ကောက်လိုက်ပြီ အယ်လီယာကို လှမ်းဖက်လိုက်လေသည် ။ အယ်လီယာ လည်း အနည်းငယ်ရီလိုက်ပြီး သူ့ရင်ခွင်ထဲက အကောင်ပေါက်စလေးကို ခေါင်းပုတ်ပေးလိုက်စဉ် တစ်စုံတစ်ယောက်က မိမိအား ဆောင့်ဆွဲခံ လိုက်ရလေသည် ။
နာသွားသည်မို့ သူကိုဆွဲလိုက်သည့်သူကို ရန်တွေ့ရန် ကြည့်လိုက်တော့ သူ ။ဟုတ်ပါတယ် ရုှိန်းပီတာ ။
💭 သူက ဘာလို့ဒီရောက်နေတာလဲ ... ပြီးတော့ အလိုမကျတဲ့ ရုပ်ကြီးနဲ့... 💭
အယ်လီယာကို သူ့အပိုင်လို ဆွဲယူကာ ရင်ထဲထည့်မတတ် ပုံစံနဲ့ ရှိုန်းပီတာ ။ ပြီးတော့ အလိုင်ရာ အားလဲ အငွေ့အထောင်းထနေတဲ့ အကြည့်မျိုးနဲ့ကြည့်နေသေးသည် ။ အလိုင်ရာ ကတော့ ရုတ်တရက်မို့ ကြောင်သွားသည် ထင်သည် ။ တစ်ခဏ ကြောင်ကြည့်ပြီးမှ သတိပြန်ဝင်ကာ ရှိုန်းပီတာ ဘေးနားရောက်သွားသော အယ်လီယာကို ပြန်ဆွဲလေသည် ။
ရှိုန်းပီတာသည်လည်း ပြန်မလွှတ်ပေး ။ အခြေအနေကတော့ သူဆွဲ ကိုယ်ဆွဲနဲ့ ကြားထဲတွင် အယ်လီယာသည် ဘာလုပ်ရမှန်းမသိတော့ချေ ။ ထ ိုအဖြစ်ကို အရုပ်တစ်ရုပ်နဲ့ ဂွန်းတို့နှစ်ယောက်မြင်လေပြီး အလိုင်ရာဘက်မှ ကူဆွဲလေသည် ။
💭 အော် ဒီလေးယောက်နဲ့တော့ ငါကို လွန်ကြိုးထင်ပြီး ဆွဲနေကြသလားမသိဘူး... အကုန်တော့ ပြုတ်ပျက်ထွက်ကုန် တော့မှာပဲ...💭
'လေးယောက်လုံး တော်ကြတော့...နာနေပြီ...´
အယ်လီယာရဲ့ အသံကြားတော့မှ လေးယောက်လုံး အယ်လီယာကိုလွတ်ပေးလိုက်လေတော့သည် ။ ရှိုန်းပီတာ ကတော့ ပျာယာခတ်နေတဲ့ မျက်နှာနဲ့ အယ်လီယာအား ဘယ်နားနာသွားလဲ ဆိုကာ စစ်ဆေးကာ မေးနေပေတော့သည် ။
'လူဆိုးဦးလေးကြီး ကျွန်တော့ တီတီကိုမထိနဲ့...´
အလိုင်ရာ ထိုသို့ ပြောပြီး အယ်လီယာပေါ်မှာ ရောက်နေတဲ့ ရှိုန်းပီတာရဲ့ လက်တွေကို ဖယ်လိုက်လေကာ အယ်လီယာ ရှေ့တွင် လက်လေးဆန့်တန်းထားတဲ့ ကိုယ်သေးသေးလေးနဲ့ ကာထားလေသည်။
ဂွန်းနဲ့ အစ္စဘယ် တို့ကလည်း အလိုင်ရာရှေ့တွင် ထပ်ကာထားပြန်သည် ။ ဘေးကလူတွေကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည် ။
အခြေအနေတွေက တင်းလာပြီမို့ အယ်လီယာ ဝင်ရှင်းမှ အဆင်ပြေတော့ပေမယ် ။
'သူက လူဆိုးမဟုတ်ပါဘူး... အသိတွေပါ... ဘာမှ မဖြစ်ပါဘူး...´
'ဒါပေမယ့်...´
'တကယ် ဘာမှမဖြစ်တာပါ... ပြီးတော့ အခြားသူတွေကြည့်နေတယ်လေ...´
ထိုအခါမှ အယ်လီယာ ရှေ့မှ သုံးယောက်က မဖယ်ချင် ဖယ်ချင်နဲ့ ဖယ်ပေးလိုက်လေသည် ။
ရှိုန်းပီတာ ပန်းခြံကို စစ်ဆေး နေရင်းမှ ဘာရယ်မဟုတ် ညဈေးတန်းကိုဝင်ချင် သည့် စိတ်ဖြစ်လာသောကြောင့် ဝင်လာခြင်းပင် ။ ဈေးတန်းတွေ လျှောက်ကြည့်ရင်း အရုပ်ကောက်စက်နားအရောက်တွင် အရုပ်ကောက်နေသော မနက်က အင်တာဗျူးလာဖြေသည်ကောင်မလေးကိုတွေ့လိုက်ရသည် ။
ပါးစပ်လေးကို ပွစိပွစိနှင့် တစ်ခုခုရွတ်ဆိုနေဟန် ။ ထိုကောင်မလေးသည် အရုပ်တစ်ရုပ် ရသွားသောအခါ ပြုံးရယ်ပြီးပျော်ရွင်နေလေသည် ။ ထိုကောင်မလေး အပြုံးသည် စကြာဝဋ္ဌာတစ်ခုလုံးကိုပင် ရပ်တန့်စေနိုင်လောက်လေသည် ။
ဖြစ်နိုင်ရင် ထိုကောင်မလေးကို ဘယ်သူမှ မမြင်နိုင်လေအောင် မိမိရဲ့ရင်ခွင်ထဲပင် ဖွက်ကာ သိမ်းထားလိုက်ချင်မိတော့သည် ။ ထိုကောင်မလေးအား သူ့ဘေးနားက ကောင်လေးတစ်ယောက်လာဖက်လေသောအခါ စိတ်သည် ထိန်းမရဘဲ ထိုအခြေအနေကိုပင် ရောက်သွားလေသည် ။
ထိုကောင်လေးမှ တီတီ လို့ နာမ်စား သုံးလိုက်မှ ရှိုန်းသဘောအနည်းငယ်ပေါက်သွားလေသည် ။ သို့သော် ထိုကောင်မလေးကို ဘယ်လိုရှင်းပြရမည်နည်း ။တစ်မနက်ပဲတွေ့ဖူးသည်ကို ထိုကောင်မလေး အမြင်စောင်းသွားလို့တော့မဖြစ်ချေ ။မိမိရဲ့ အလြွဲဖစ်သည်မို့ ရှိုန်းပီတာ ကောင်မလေးကို တောင်းပန်လိုက်လေသည် ။
'ဟို တောင်းပန်ပါတယ်နော်...´
'ရပါတယ် ဆရာ...´
ကောင်မလေး သူအား စိတ်ဆိုးမည်ဟုထင်ခဲ့လေရာ ကောင်မလေးက စိတ်ဆိုးဟန်မရှိဘဲ ပြုံးပြကာ ရလေကြောင်းပြောလေသည် ။ ဒယ်ဒီ ရေ ဒယ်ဒီရဲ့ ချွေးမလေး က သဘောလည်းကောင်းတယ်ဗျ ။
'သူက ဘယ်သူလဲ...´
မေးလိုက်သူကတော့ ဂွန်းပါ ။ ဂွန်း အမှန်ပင် အယ်လီယာကို စိတ်ပူသောကြောင့်မေးလိုက်ခြင်းးသာ ။ ကုန်းမြေသားတွေဟာ သစ္စာမရှိတဲ့ မကောင်းတဲ့သူတွေမလား။ ထိုကုန်းမြေသားတွေကြောင့်ပင် ရေအောက် တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသမီး အမာရာ ပျောက်ကွယ်သွားရခြင်းပင် ။ သူရှေ့က ထိုကုန်းမြေသားနဲ့ အယ်လီယာတို့သိနေခြင်းကို ဂွန်းသဘောမကျပေ ။ ပြီးတော့ စောစောက အနေအထားကြောင့် ထိုသူကို ပိုပြီး သဘောမကျ ခြင်းပိုတိုးစေသည် ။
'အော် မိတ်ဆက်ပေးရဦးမယ်.. သူက ဒီပန်းခြံက ဒါရိုက်တာချုပ်လေ ရှိုန်းပီတာတဲ့...´
အယ်လီယာမိတ်ဆက်ပေးလေးတော့ ရှိုန်းပီတာသည် အယ်လီယာဘေးက သုံးယောက်အား လက်ဆွဲရန်ပြင်ပေမယ့် သုံးယောက်လုံးက မကြည်သည့်ပုံပင် ။ မသိချင်ယောင်ဆောင်နေသည်။ ရှိုန်းပီတာ လက်ကလေးကို ရှက်ရှက်နဲ့ ပြန်သိမ်းလိုက်လေသည် ။
ပြီးလေတော့ အယ်လီယာသည် ကျန်သုံးယောက်နဲ့မိတ်ဆက်ပေးလေသည် ။
'သူက ကျွန်မရဲ့ တူလေ အလိုင်ရာတဲ့... သူတို့ကတော့ ကျွန်မရဲ့ အစ်ကိုကြီး နဲ့ယောင်းမ...အစ်ကိုကြီးက နာမည်က ဂွန်း ယောင်မလေး ကတော့ အစ္စဘယ်လို့ခေါ်တယ်...´
'စောစော က ဖြစ်ရပ်အတွက်ကျွန်တော် တောင်းပန်ပါတယ် ဗျ... ´
'မလိုဘူး ရတယ်...အယ်လီယာ ပြန်ကြရအောင်´
ဂွန်း ပြောရင်းပင် အယ်လီယာနဲ့ ကျန်နှစ်ယောက်ကို ခေါ်ထုတ်ထွက်လာလိုက်လေသည် ။ ထိုကုန်းမြေသားထံတွင် ကြောက်စရာကောင်းလေသော အငွေ့အသက်ရလေသည် ။ လူကောင်းတစ်ယောက်လို ပြုံးပြနေသေါ်လည်းပေါ့ ။ အယ်လီယာကတော့ ပျော်ရွင်နေသည့် မျက်နှာမျိုးနှင့်ပင် ။
တစ်ခါတစ်လေ ဂွန်း အယ်လီယာကို နားမလည်ပင်။ အယ်လီယာသည် အမ ပျောက်ကွယ်မှုနဲ့ ကုန်းမြေသားတွေဆို အလွန်မှ မုန်းတီးလေသူ ဖြစ်ပေသည် ။ ယခုတွင်မှု ထိုကုန်းမြေသားနဲ့ ဆက်ဆံရေး အလွန်ကောင်းနေသည့်ပုံ ပေါက်နေလေသည် ။ ဂွန်းသည် ဒါက မရိုးဆင်းဟု သိလိုက်လေသည် ။
'အယ်လီယာ နင်ကို ငယ်ပေါင်းတစ်ယောက်နေနဲ့မေးမယ် မှန်မှန်ဖြေနော်... သူက ဘယ်သူလဲ... နင်နဲ့ ဘယ်လိုပတ်သတ်ပြီး ဘယ်လိုသိတာလဲ...´
'သူ့အကြောင်းသိပ်ပြီး ခေါင်းထဲမထည့်ပါနဲ့ ... ငါစုံစမ်းစရာလေးတစ်ခုရှိလိုပါ... ပြီးတော့စိတ်ချပါ...သူက လူကောင်း... ငါကို ထိခိုက်အောင် မလုပ်ပါဘူး...´
'အယ်လိုဆိုပေမယ့်... သူက ကုန်းမြေသားလေ... ကုန်းမြေသားတွေ အကြောင်းနင်သိသားပဲ ... သူတို့က ယုံရတဲ့သူတွေမဟုတ်ဘူး... နင့်အမကိုပဲကြည့်လေ... နင်ကို စိတ်ပူတယ်...´
'နင်စိတ်ပူတာ ငါနားလည်ပါတယ်... ငါက အယ်လီယာ ပါဟ... အိမ်ရှေ့စံလျာထားတဲ့ တော်ဝင်မင်းသမီးဆိုတာ မမေ့နဲ့ဦး... ဒီလို ကုန်းမြေသားလေး တစ်ယောက်လောက်ကတော့ ဂါထာ တစ်ပုဒ်နဲ့တင် ပျောက်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်... စိတ်ပူနေတာ လျော့ချလိုက်တော့ဟုတ်ပြီလား... ´
'အင်းပါ... ဘာလုပ်လုပ် နင်ကိုယ်နင်တော့မထိခိုက်စေနဲ့... တစ်ခုခုဆို ငါနင့်ရှေ့မှာ ရှိပေးမယ်...´
'အွန်းပါ..ကျေးဇူးပါပဲ...´
.................
ငှက်လေးတွေ နိုးထချိန် ပင်အတော်ပင် ကျော်သွားလေပြီ ။ ကမ္ဘာမြေပင် နေရောင်ခြည်ရဲ့အလင်းဓာတ်ကို အတော်အတန်ကြာ ရလေပြီ ။ ထိုအချိန်တွင် ခြံဝန်းလေးတစ်ခုရှိ ကောင်လေးတစ်ယောက်သည် နှစ်ထပ်အိမ်လေးရဲ့ အပေါ်ထပ် ဝံရံတာလေးမှတစ်ဆင့် ဘေးဘက်ခြံဝန်းလေးရှိ ရေဘဝဲလေးတစ်ကောင်နဲ့ ဆော့နေသော ကောင်လေးတစ်ယောက်ငေးကြည့်နေလေသည် ။ ပြီးတော့ ဝရံတာက ကောင်လေးသည် လက်ထဲတွင် ကိုင်ထားသော ဖုန်းလေးနှင့် ဘေးအိမ်ထဲမှကောင်လေးအား မှတ်တမ်းတင်ထား လိုက်လေသည် ။
ဖုန်းထဲတွင် ပေါ်လာသော ပုံရိပ်ကလေးများကိုကြည့်ရင်း ထိုကောင်လေးရဲ့ နှုတ်ခမ်းများသည် အသက်ဝင်လာကာ အထက်သို့ ကော့တက်သွားလေသည် ။
'အကို ဘာလုပ်နေတာတုန်း..´
ညီမဖြစ်သူ ဂျူလီယာရောက်လာတော့မှ ခရစ်စဖာလက်ထဲဖုန်းလေးကိုဖွက်လိုက်လေသည် ။
'ဘာမှ မလုပ်ပါဘူး...´
'အကိုရယ် မောင်နှမအချင်းချင်းကို လိမ်ပြန်ပြီ ... အကိုဖုန်းနဲ့ဓာတ်ပုံရိုက်နေတာ မြင်သားပဲကို...´
'မြင်တယ်ဆိုလည်း ဘာလို့မေးနေသေးတုန်း...´
'ဘယ်သူကိုရိုက်လဲသိချင်လို့ပေါ့လို့..´
'ဘယ်သူမှ မရိုက်ပါဘူး...ရှုခင်းတွေက လှလို့ရိုက်တာ...´
'မလိမ်တက်ဘဲနဲ့ မလိမ်ပါနဲ့ အကိုရာ... အကို ဟိုဘက်အိမ်က တစ်ယောက်ယောက်ကိုလှမ်းရိုက်နေတာမလား...´
တရားကိုစစ်နေတဲ့ အထူးစုံစမ်းရေးလို ခရစ်စဖာ နားကို ကပ်ကာ အကဲခက်နေသောဂျူလီယာ ။
'ဟုတ်တယ်ဆိုရင် ဘာလုပ်မလို့လဲ...´
'အောင်သွယ်ပေးမလို့ ဟီး...အယ်အိမ်ကလေ အစိမ်းရောင် ဆံပင်အမကြီးနဲ့ အမဲရောင် ဆံပင်နဲ့ အကိုကြီးတို့ နှစ်ယောက်က လင်မယားတွေ ...ကျန်တာကလူလွတ်နှစ်ယောက်တောင်ရှိတယ်... တစ်ယောက်က နှဖတ်နေပြီး စမတ်လည်းကျ အရမ်းချောတာ အသက်ကတော့ ကိုကြီးနဲ့တူတူလောက်ပဲ... ´
'နောက်တစ်ယောက်ကကော..အပြာရောင် ဆံပင်နဲ့ကောင်လေး.´
'wow အကိုကြိုက်တာ အယ့်ကောင်လေးလားဟိဟိ...´
ဂျူလီယာ ရီလိုက်ရင်းနဲ့ပင် စကားဆက်ပြောလိုက်လေသည် ။
'သူက အလိုင်ရာတဲ့လေ ... အယ်အိမ်မှာ အငယ်ဆုံး ပြီးတော့အိမ်ရဲ့တူ လေ...အသက်က ညီမနဲ့တူတူပဲ.. ကျောင်း မတတ်ဘူးထင်တယ် ... စာကိုတော့ အိမ်ကသင်ပေးတာလို့ပြောတာပဲ... တစ်အိမ်လုံးရဲ့ အလိုလိုက်ခံ ဖူးဖူးမှုတ်ကလေးလေ... ´
'ဒါနဲ့ နင်က အယ့်ကောင်လေးအကြောင်းတွေ ဘယ်လိုသိလည်း...´
'ဂျူလီယာလေ သိတာမဆန်းပါဘူး..... ဂျူလီယာ တို့ကဒီရပ်ကွက်မှာ အပ်ကျတာ ကအစ သိတယ်..´
'ထားလိုက်ပါ...´
'အော် ခုမှသတိရတယ်... အကိုကို ပြောစရာရှိလို့လာတာ... စောစောက ကိုကြီး ဖုန်းဆက်တယ် ... သူဒီမှာလာနေမလိုတဲ့...´
'ဒီမှာလာနေ မယ် ဟုတ်လား... ဘာဖြစ်လို့တဲ့လဲ...´
'အယ်တာတော့ ညီမလည်းဘယ်သိမလဲ...ကိုကြီး ကို မေးကြည့်ပေါ့...´
'အေးအေး. သိပြီ...နောက်ပြီ ဘာထပ်ရှိသေးလဲ´
'မရှိတော့ ပါဘူး.. တို့အကို ပြန်ပြီး ဟိုကောင်လေးကို ငမ်းလို့ရပါပြီနော်...´
ပြောပြီးသည်နဲ့ ထွက်သွားသော ဂျူလီယာ ။ ခရစ်စဖာကတော့ ရှက်သွားကာ ကျန်နေခဲ့လေတော့သည်။
'ဟာ ဒီကောင်မလေးက တော့..´
ထိုသို့ ဆိုပြီး ရှက်လက်စနဲ့မထူးကာ ဟိုဘေးအိမ်က အပြာရောင် ကောင်လေးရဲ့လှုပ်ရှားမှုတွေသာ မှတ်သားနေမိတော့သည် ။
......................
အမာရာ ငါးပြတိုက် တွင်တော့ လာရောက်လေ့လာသူတွေ အလည်အပတ်လာကြသူတွေ ငါးပြတိုက်တာဝန်ရှိသူတွေနှင့် ပြည့်နှက်နေလေသည် ။ အယ်လီယာအလုပ်သည် သိပ်ပြီး ထွေထွေရှိသည်မဟုတ် ။ လိုအပ်တာတွေကြီးကြပ် စစ်ဆေးပြီးသွားချိန်တွင်တော့ ငါးပြတိုက်ကို စစ်ဆေးရန် ပြခန်းရှိရာသို့ ထွက်လာခဲ့လေသည် ။
ပြခန်းနဲ့ ရုံးသုံးနေရာနဲ့က အဆောက်အဦးတစ်ခုထဲပေမယ့် တောင်နဲ့မြောက် ကွာခြားပေသည် ။ အယ်လီယာ လျှောက်လာစဉ်တွင် မှန်တွေနဲ့ကာထားသော ရေထဲမှ ရေသတ္တဝါလေးများသည် မင်းသမီးဖြစ်လေတဲ့ အယ်လီယာအား သူတို့ရဲ့ ဘာသာစကားနဲ့ ဦးညွှတ်ကြလေသည် ။
အယ်လီယာလဲ ထိုသည်များကို အသိအမှတ်ပြုကြောင်းခေါင်းငြိမ့် ပြလိုက်လေသည် ။ ပြခန်းရဲ့နေရာ တစ်ခုသည် ပတ်ပတ်လည်ကို လျိုပုံစံ ဖော်ထားခြင်းဖြစ်ပြီး အောက်ဘက်မှလွဲ၍ ဘေးဘက်နှစ်ဖက်နဲ့ အပေါ်ဘက်တွင် မှန်များကာထားကာ ရေသတ္တဝါလေးများသည် လွတ်လပ်စွာ ကူးခတ်နေပေသည်။ လျျိုကြီးပြီးသွားရင်တော့ LED ပိတ်ကားအကြီးမြင်ရသလိုလို မျိုး အရောင်အသွေးစုံလင်လှတဲ့ ရေသတ္တဝါလေးများရှိသည့်နေရာလည်းရှိပေသည် ။ ပြီးတော့ အလှငါးလေးကို ထားသည့်နေရာလည်း ရှိသည် ။ထိုနေရာတွေကို ရောက်သွားသူသည် အမှန်တကယ်ရေအောက်ထဲတွင်ရောက်နေကာ ရေသတ္တဝါလေးနဲ့ အမှန် ရင်းနှီးကျွန်းဝင်သည်ဟုသော နွေးထွေးတဲ့ခံစားမှုရစေမှာတော့ အမှန်ပင် ။ အယ်လီယာ တောင် ရေအောက်နန်းတော်ကို ခဏတာ လွမ်းမိသွားလေသည်။
အမာရာ ငါးပြတိုက် လေးရဲ့ အတွင်းပိုင်း ပြသတဲ့နေရာလေးတွေပါ ။
အယ်လီယာ ပြန်ဖို့ ပြင်ပြီး တစ်ဖက်ကို လှည့်လိုက်စဉ်တွင်တော့ တစ်စုံတစ်ဦးရဲ့ ရင်ခွင်သို့ တန်းခနဲ ရောက်သွားလေသည် ။
'ဆရာ ဒီကိုဘယ်လိုရောက်နေတာတုန်း...´
'ကိုယ်ရောက်နေတာကြာပြီ..မင်းကလေးသာ သူတို့လေးတွေကိုငေးပြီး မသိတာ...´
'အော် ဟုတ်လား...´
' ဟိုမနေ့က ကိစ္စကို ကိုယ်တစ်ကယ်တောင်းပန်ပါတယ်နော်.´
'တောင်းပန်စရာမလိုပါဘူး. ရပါတယ်...´
'ဒါနဲ့ ရုံးဆင်းရင် တစ်ယောက်ထဲပြန်မှာလား..´
'ဟုတ်တယ်...taxi ငှါးပြန်မှာလေ... ဘာဖြစ်လို့လဲ..´
'ကိုယ်လိုက်ပို့ပေးမယ်လေ... ´
'ရပါတယ် တကုတကကြီး ဖြစ်နေပါ့မယ်..ဒီတိုင်းပဲ ပြန်လိုက်ပါ့မယ်...´
'မဟုတ်တာ ကိုယ်လိုက်ပို့ပေးချင်လို့်ပါ...´
'ဒီလောက်လိုက်ပို့ ပေးချင်လဲ မငြင်းတော့ပါဘူး.. taxi ခသက်သာတာပေါ့...´
'အယ်တာဆို အလုပ်ဆင်းမယ်ဆို ကိုယ့်ဆီ massage ပို့လိုက် ကားအသင့်ဖြစ်စေရမယ်... အော်massage ဆိုလို့ ဖုန်းနံပါတ်မသိသေးကြဘူးဘဲ မင်းရဲ့ဖုန်းခဏပေး..´
အယ်လီယာဖုန်းပေးလိုက်တော့ ဖုန်းcontant လေးတစ်ခု ရိုက်ထည့်လိုက်တဲ့ ရှိုန်းပီတာ ။ ပြီးတော့မှ ဖုန်းကို အယ်လီယာဆီပြန်ပေးလိုက်လေသည် ။
'ရပြီ ဒါကိုယ့်ဖုန်းပဲ... ကိုယ် massage စောင့်နေမယ်နော်..´
ရှိုန်းပြန်သွားပြီးနောက် အယ်လီယာလည်း စစ်ဆေးစရာတွေပြီးသွားပြီမို့ မိမိရုံးခန်းဆီသို့သာ ပြန်သွားလိုက်သည် ။
➳ နောက်ဆုံးတော့လည်း လိုက်သွားတဲ့ ဟာကို မှုနေသေးတယ်➳
*နေသန်စုတ် နင့်ပါးစပ်ပိတ်ထားစမ်း*
❀ နေသန်ပြောတာလဲဟုတ်တာပဲ ကို ❀
*နင်တို့နှစ်ယောက် တော်တော် အတိုင်အဖောက်ညီနေတယ်ပေါ့ ဟုတ်လား..*(လူယုတ်မာအပြုံးလေး တစ်ချက်ပြုံးလိုက်လေသည်...)
❆ မမ အယ်လိုပြုံးရင် ကြက်သိမ်းတွေတောင်ထလောက်အောင် ကြောက်စရာကောင်းတယ်... မမရဲ့ သူငယ်ချင်းနှစ်ယောက် ရေ ..အမျှအမျှအမျှ ❆
အပြန်အလှည့် အတွေးထဲ စစ်တိုက်နေသော နတ်ဘုရား သုံးပါးကို ကြည့်နေတဲ့ အဖြူရောင် ကောင်လေးကတော့ မိမိတစ်ယောက်ထဲ ထိုသို့ပြောကာ သက်ပျင်းချလိုက်လေတော့သည် ။
................
ဂျူလီယာ ကျောင်းတတ်ဖို့ ကျောင်းကို လျောက်လွှာလာတင်ရင်း အကိုဖြစ်သူရဲ့ သုတေသန ဌာနသို့ ဝင်လာခြင်းဖြစ်ပေသည် ။ ဂျူလီယာတို့ ကျောင်းနဲ့ ခရစ်စဖာတို့ သုတေသနလုပ်နေတဲ့ ကျောင်းသည် မတူသော်လည်း မဝေးကြပေ ။ ဂျူလီယာသည် လိမ္မော်ရောင် ကျောပိုးအိတ်လေးကို လွယ်ထားပြီး ပန်းရောင် ဂုတ်ဝဲ ဆံပင်လေးကို အပေါ်ပိုင်းစည်းပြီး ထုံးထားလေသည် ။ ထိုချစ်ဖို့ကောင်းသော ပြင်ဆင်မှုလေးနဲ့ကောင်မလေးသည် ထိုကျောင်းလေးထဲတွင် လမ်းပျောက်နေပေတော့သည် ။
'အာ အကိုရဲ့ သုတေသန ဌာနက ဘယ်နားမှာလဲ လာရှာရတာ မောတောင်မောနေပြီ... ပြီးတော့ ဖုန်းခေါ်တာလဲ မကိုင်ဘူး..စက်ကလည်းပိတ်ထားသေးတယ်... စိတ်ရှည်လာပြီနော်...´
တစ်ယောက်ထဲပွစိပြောကာ လျှောက်လာသော ကောင်မလေးလမ်းချိုး တစ်ခုအရောက်တွင်တော့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၍ ထိုသူမမြင်အောင် ပုန်းလိုက်ပေသည် ။ ပြီးတော့ သူမအား ကျော်သွားသော ထိုသူကို ချောင်းကြည့်မိသည် ။
ထိုသူသည် အထက်တန်းကျောင်းတုန်းကလို ချောမောဆဲပင် ။ အထက်တန်းကျောင်းတုန်းက အကြာင်းအရာများ သူမ အတွေးထဲတွင် တဆင့်ပြန်ပေါ်လာသည် ။
ကယ်ဗင် ကိတ်ထ် တဲ့ ။ အများစုကတော့ ကယ်ဗင်လို့ခေါ်ကြပြီး ကျောင်းရဲ့ ဘက်စကတ်ဘော အသင်းခေါင်းဆောင် ။ ချောလဲချော တော်လည်းတော်သူမို့ ကျောင်းတွင် အရမ်းနာမည်ကြီးကာ ကောင်မလေးတွေရဲ့ အသဲကျော်ဖြစ်လေသူ ။ ထိုသို့ အသဲကျော် သဲသဲလှုပ်ကောင်မလေးများထဲတွင် ဂျူလီယာဆိုတဲ့ သူမလည်းအပါအဝင်ပေ ။
သူမ ထိုသူကို အမြဲ ပိုစကတ်လေးတွေ ချောကလက်လေးတွေ လက်ဆောင်သေးသေးလေးတွေ ထိုသူမသိအောင် ထိုသူရဲ့ လော့ကတ်သေတ္တာ လေးထဲတွင် အမြဲထည့် ပေးဖူးလေသည် ။ တစ်နေ့တွင် ထိုသူထံမှ ဖုန်းနာပါတ်လေး တစ်ခုရေးထားတဲ့ စာရွက်လေးနဲ့ ထူခြားတဲ့ကောင်မလေးဖို့ ဆိုတဲ့ လက်ရေးမှုစာဆောင်လေး သူမထည့်ပေးနေကြ နေရာလေးမှ ရလေသည် ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းလေးနဲ့ ဆက်သွယ်ကြလေရင်း ပိုသော သံယောဇဉ်တွေဖြစ်လာကြလေသည် ။ ဖုန်းတွေနဲ့ဆက်သွယ်ကြသည့်တိုင် သူမကို ထိုသူမသိပေ ။ သူမသည် ထူးခြားတဲ့ကောင်မလေးမှန်း သူမရဲ့သူငယ်ချင်းဖြစ်တဲ့ ချက်စကာဆိုသည့် တစ်ယောက်မှလွဲရင် မည်သူမှ မသိကြပေ ။
တစ်နေ့တွင် သူမရဲ့ဖုန်းပျောက်သွားခဲ့လေသည် ။ သူမသည်လည်း နေမကောင်းသောကြောင့် ကျောင်း တစ်ပတ်နားလိုက်ပေသည် ။ ကျောင်းပြန်တတ်လေတော့ ထိုသူသည် သူမရဲ့ သူငယ်ချင်းကို လိုက်နေသည်ဟု သူမသူငယ်ချင်းက ပြောလေသည်။ ပြီးတော့ သူငယ်ချင်း ဖြစ်သူကလည်း ထိုသူကို ချစ်သည်တဲ့လေ သူမကို နောက်ဆုတ်ပေးပါတဲ့ ။ သူမအလွန်နာကျင်ရပါသည် ။ သို့ပေမယ် ထိုသူ ချစ်တဲ့သူက သူမရဲ့ တစ်ယောက်သော သူငယ်ချင်းဆိုတော့လည်း သူမနောက်ဆုတ်ပေးရုံကလွဲ ဘာမှမတတ်နိုင်တော့ပေ ။
ထိုနေ့မှ စကာ သူမ ထိုသူနဲ့ကော သူမသူငယ်ချင်းနဲ့ပါ အဆက်အသွယ်မရှိတော့လေပေ ။ တွေ့ခဲ့ရင်လည်း တမင် မတွေ့အောင်သူမရှောင်ခဲ့လေသည် ။ အခုလည်း ထိုနေရာတွင် ထပ်တွေ့ပြန်ပြီ ။ ဒါကြောင့်မို့သူမတမင်ရှောင်ခဲ့ဖြစ်ပေသည် ။
ကုတ်ချောင်းချောင်းကာ အနီးအနားရှိ ခုံတန်းလေး တွင် ထိုင်နေလေသော ထိုသူကို ပုန်းကွယ် ကြည့်နေမိစဉ် ဘေးမှ ပေါ်လာသော လူတစ်ယောက်ကြောင့် ဂျူလီယာ လန့်ကာ လဲကျသွားလေသည် ။
'ကလေးမ အဆင်ပြေလား...´
'ဟုတ်ကဲ့...´
😻😻😻😻😻😻😻😻😻😻😻
Thank you for your reading.
😻😻😻😻😻😻😻😻😻😻😻