Alphard အဖြူရောင်လေး 25 cake & caffee house ဆိုင်ရှေ့ရပ်လိုက်တာနဲ့ စိုင်းခွန်မိန်းနဲ့ ဖြိုးထက်အောင်ကအပြိုင်ပြေးဆင်းသွားကြသည် ။
ကားမောင်းတဲ့သူနေရာမှာ ကျန်ခဲတဲ့အဂ္ဂပိုင်ကတော့ သူကားအရှိန်သပ်ပြီးရပ်ရုံရှိသေး ဆင်းသွားကြတာမလို့ စောစောစီးစီးဆဲလိုက်ရသည် ။
အဒီငါလူးကောင်တွေက နှာထချင်တာနဲ့ ငါ့အမှတ်မရကြတော့ဘူး ။
စိုင်းခွန်မိန်းဆိုင်ထဲရောက်တော့ သူ့ရဲ့နှလုံးသားအရှင်သခင်လေးက ပစ္စည်းတွေကိုအခန်းထဲကအပြင်ထုတ်ရင်း စစ်နေတာထင်ပါရဲ့ လက်ညှိုးလေးကဟိုထိုးဒီထိုး ။
အဖြူရောင်shirtလက်တိုလေးပေါ် နက်ပြာရောင် shirt လက်ရှည်လေးထပ်ဝတ်ထားပြီး ၊ ထူးထူးခြားခြား ဆံပင်လေးတွေကဖွာနေတာကြောင့် ခေါင်းလျှော်ပြီးဘာမှမလုပ်ထားရသေးပဲပုံဝဲကျနေသည် ။
"ကိုကို"
သူခေါ်လိုက်တော့ ဝမ်းသာအားရနဲ့လှည့်ကြည့်ကာ ပြုံးပြလာသည် ။
"မိန်းရောက်ပြီပဲ"
"ကိုကိုစောင့်လိုက်ရသေးလား"
"ဟင့်အင် မနက်ကမိန်းကို ကိုယ်နှိုးတာစောသွားလားလို့တွေးနေတာ အိပ်ရေးရောဝရဲ့လား"
"ကိုကိုသာနှိုးရင် ကျွန်တော်ကဘယ်အချိန်ဖြစ်ဖြစ်ချက်ချင်းထပါတယ်"
"အာ"
စိုင်းခွမ်မိန်းသူ့အင်္ကျီကိုသူပြန်ကြည့်ကာ ပြုံးလိုက်သည် ။ ဒီနေ့သူဝတ်လာတာ ကိုကိုနဲ့အရောင်တူနေတာပဲ ၊ ဒီတစ်ခါတော့မာသားကြီးကိုကျေးဇူးတင်သွားပြီ ၊ အပေါ်ကနက်ပြာshirtလက်ရှည်ကို သူကအနက်shirtခံဝတ်မလို့လုပ်တာ မားသားကြီးက အဖြူနဲ့ပိုလိုက်တယ်ပြောလို့ဝတ်လာလိုက်တာ လုံးဝကွက်တိ ။
မတူတာဆိုလို ကိုကိုက ဂျင်းအပြာအဖျော့ရောင်ဘောင်းဘီရှည်ဖြစ်ပြီး သူက ခဲရောင် short pan ဝတ်ထားတာပဲ ။
စိုင်းခွန်မိန်းအကြည့်နဲ့အပြုံးကြောင့် ခန့်ဝေယံကို ကိုယ့်ကိုကိုယ်တစ်လှည့် ၊ စိုင်းခွန်မိန်းကိုတစ်လှည့်ကြည့်ကာ သဘောပေါက်သွားပြီး မျက်ဝန်းလေးတွေက အံ့သြသွားသယောင်ဖြစ်သွားသည် ။
"ကိုကိုနဲ့ဆင်တူ"
"ဟုတ်ပါ့နော် တိုက်ဆိုင်လိုက်တာ"
ဟုတ်တယ်ကိုကို တိုက်ဆိုင်တာ အဒါကိုဖူးစာလို့ခေါ်တယ် ၊ ကိုကိုနဲ့ကျွန်တော့်ကြားမှာပဲရှိနိုင်မယ့် ဖူးစာ ။
ဖြိုးထက်အောင်ကလည်း မြန်မာဝမ်းဆက် စိမ်းပြာရောင်လေးနဲ့ လှနေပြန်ကာ ငုတ်တုပ်လေးထိုင်လျက် ပစ္စည်းစစ်နေသော မြတ်နိုးရဲ့ဘေးနားသွားထိုင်သည် ။
"မ"
"အော် ဖြိုး ရောက်ပြီပဲ "
"ဟုတ် မ ဘာလုပ်နေတာလဲ ကျွန်တော်လုပ်ကူမယ်လေ"
"ပစ္စည်းနည်းနည်းထပ်ထည့်ရင်း ကျန်တာရှိမရှိကြည်နေတာပြီးပြီရယ်"
"အဒါဆို ကားပေါ်တင်ကြတော့မှာလား"
"အင်း တင်ရအောင်လေ ခန့်ကိုငါတို့ပစ္စည်းတင်ကြတော့မလား"
"အင်း တင်ပြီးမှမနက်စာစားရအောင်လေ"
"ဟမ် နင်မစားရသေးဘူးလား"
"မင်းမစားခဲ့ဘူးလား ခန့်ကို"
မြတ်နိုးနဲ့သွင်မင်းက ပြိုင်တူမေးလာတာကြောင့် ခန့်ဝေယံကိုဖြေရခက်သွားသည် ။ သူကစားပြီးပြီလေ သူပြောချင်တာ မိန်းကို
"ဟို ငါကစားပြီးပြီ"
"အဒါကိုဘာလို့မနက်စာလဲ"
"အင်းလေ"
"ငါ ပြောချင်တာက မိန်းကို"
လက်ညှိုးလေးကမရဲတရဲလေးနဲ့ စိုင်းခွန်မိန်းကိုထိုးပြလာမလို့ စိုင်းခွန်မိန်းကတော့ရင်ထဲဗလောင်ဆူနေလေပြီ ။
အားးးကိုကိုရာ
"ဟုတ်တယ်မလား မိန်းမစားရသေးဘူးမလား"
"ဟုတ်ကိုကို မစားရသေးဘူး"
"အော်"
တမင်လုပ်သံကြီးနဲ့ သွင်မင်းကပြောလာတာကြောင့် ခန့်ဝေယံကိုအပြင်ပိုင်းမှာသာတည်ငြိမ်သလိုနေနေပေမယ့် စိတ်ထဲပူထူနေလေပြီ ။
"ကျွန်တော်ကားပေါ်မှာပဲ စားလိုက်မယ်လေကိုကို ၊ တော်ကြာ ကိုကိုတို့နောက်ကျနေမှာစိုးလို့"
"အကိုခန့် ကျွန်တော်လည်းမနက်စာမစားခဲ့ရဘူး"
စူပုတ်ပုတ်မျက်နှာထားနဲ့ အဂ္ဂပိုင်ကသူတို့နားရောက်လာကာဆိုသည် ၊ စိုင်းခွန်မိန်းအသံတိတ်ပြူးပြဖြဲပြနေတာကို မကျေမလည်စွာဖြင့်မမြင်သလိုလုပ်နေလေရဲ့ ။
"ကိုယ်လည်း စိတ်ထင်လို့အများကြီးလုပ်လာတာပါ ထမင်းလိပ်ဆိုတော့ ကားပေါ်မှာစားလို့အဆင်ပြေပါတယ်"
"ဟုတ်ကဲ့ အကိုခန့်"
"ဖြိုးရော မနက်စာ စားခဲ့လား"
ဖြိုးထက်အောင်သူ့အားမေးလာတဲ့ အသံအေးအေးလေးကြောင့် မျက်ခွက်ကထိန်းမရအောင်ဖြီးသွားကာ ခေါင်းရမ်းလျက်
"မစားရသေးဘူး မ"
"တော်သေးတာပေါ့ ခန့်ကိုမနက်စာလုပ်လာလို့"
"မကရော လုပ်မကျွေးချင်ဘူးလား"
"ဟမ်"
"ဟို မကရောကျွန်တော့်ကိုလုပ်မကျွေးချင်ဘူးလားလို့"
"ဟီး ဟိုလေ မက ထမင်းဟင်းချက်တာဝါသနာမပါဘူးရယ်"
"ဗျာ"
ရယ်ကြဲကြဲလေးနဲ့ဆိုလာတာကြောင့် ဖြိုးထက်အောင်ငေးနေမိပြန်သည် ဘယ်လိုတောင် လှလွန်းနေတာလဲ
"ဟား...ဖြိုးထက် မင်း သူချွက်ကျွေးတာကိုသာစားချင်တယ်ဆိုလို့ကတော့ နောက်ဘဝကိုဆုတောင်း အဒါတောင်မသေချာဘူး"
သွင်မင်းကတဟားဟားရယ်ရင်းဝင် ပြောတာကို မြတ်နိုးမျက်စောင်းထိုးကာ လက်ထဲမှဘောပင်ဗူးနဲ့လှမ်းပစ်သည် ။
"ပါးစပ် ပိတ်စမ်း"
"ငါပြောတာမဟုတ်လို့လား"
"နင်အသာနေစမ်း"
"ဖြိုးထက် ငါကြိုသတိပေးလိုက်မယ်သိလား သူ့ပုံစံလေးကြည့်ပြီး နူ့ညံတယ်ထင်မနေနဲ့ ဒါမင်းတို့နဲ့သိပ်မရင်းနှီးသေးလို့ အဒီပုံစံရယ် ၊ မိန်းကလေးသာဆိုတယ် လက်သံကလည်းပြောင်တယ် ၊ ကပ်စေလည်းကုပ်တယ် ၊ ထမင်းဟင်းချက်တယ်ဆိုတာကသူနဲ့ရန်သူပဲ စားဖို့ပဲရတာ ၊ စားတာကတော့ဘာလာလာအကုန်ဒေါင်းတယ်"
"အေး နင်သေပြီပဲ"
မြတ်နိုးစိတ်တိုတိုနဲ့ပြေးလာတာကြောင့် သွင်မင်းရပ်နေရာမှပတ်ပြေးတော့သည် ၊ ခန့်ဝေယံကိုကတော့ ပုံမှန်လိုပဲ ဝင်လည်းမတားဘာမှမပြောပဲရပ်လျက် ရယ်နေသည် ။
ဒါကဖြစ်နေကျကိစ္စပဲ ။
"ဟာ ခင်ဗျားဘာလုပ်တာလဲ !"
ခဏကြာမှာတော့ အဂ္ဂပိုင်ရဲ့အော်သံစူးစူးကထွက်ပေါ်လာသည် ။ အကြောင်းကတော့ မြတ်နိုးကိုရှောင်ရင်း သွင်မင်းကအဂ္ဂပိုင်ရဲ့နောက်မှာသွားရပ်ကာ အဂ္ဂပိုင်ပခုံးကိုကိုင်လျက် အကာအကွယ်လုပ်နေသည် ။
"အဂ္ဂ မောင်လေး ဖယ်"
"ငါပြောတာမှားလို့လားဟ နင်ကအစားပဲရတာလေ"
"သွင်မင်းနင်ရှေ့လာစမ်း နင်ကိုလုပ်ရမှကျေနပ်မယ် အဂ္ဂ ဖယ်"
"ကျွန်တော် မဖယ်တာ မဟုတ်ဘူး မနိုးရ ဒီလူကြီးကဖယ်မပေးတာ ၊ ဟာ ဖယ်ဟ"
သွင်မင်းကတော့ အဂ္ဂပိုင်စကားကိုလေမတိုးသည်လားမသိ အရေးကိုမလုပ် ၊ အဂ္ဂပိုင်မှာအားကုန်သုံး၍ရုန်းသော်လည်း လက်မောင်းနှစ်ဖက်ကိုပါဖိညစ်ထားတာကြောင့် ရုန်းမရ ။
"နင်လာစမ်းလို့ သွင်မင်း"
"လာစရာလား"
"ကျစ် ဟေ့လူကြီးဖယ်ပါဆိုဟ"
"ကောင်းကောင်းရပ် အဘိုးကြီးပေါက်စ"
"ဘာကိစ္စကောင်းကောင်းရပ်ပေးရမှာတုန်း ဖယ်စမ်းပါ"
"မင်းကပြောစကားကိုနားမထောင်ဘူး"
"ထောင်စရာလားဖယ်"
"ကဲ တော်ကြတော့ ငါတို့နောက်ကျနေလိမ့်မယ် သွားရအောင်"
နောက်ဆုံးမှာ မဖြစ်တော့တဲ့အဆုံး ခန့်ဝေယံကိုဝင်တားလိုက်သည် ။
"အေး နင်နဲ့ငါတွေ့ဦးမယ် သွင်မင်း"
"အေးပါ စူဇကာမရယ်"
"သွင်မင်းခွေးကောင် နင်သေဖို့ပြင်ထား"
မြတ်နိုး ခြေဆောင့်လျက် အထုတ်အချို့ကောက်ကိုင်ကာ
"ကားပေါ်တင်မယ်"
မြတ်နိုးကပြောပြီး သူ့အားမျက်စောင်းထိုးကာထွက်သွားတာကြောင့် သွင်မင်းထရယ်ပြန်သည် ။
"ခွီး"
"ဘာရယ်နေပြန်တာတုန်း ဖယ်တော့"
အဒီတော့မှ သွင်မင်းကပြုံးစိစိဖြင့် သူဆုပ်ကိုင်ထားသော အဂ္ဂပိုင်လက်မောင်းကို လွတ်ပေးလာသည် ။
"ခင်ဗျားနဲ့တွေ့လိုက်ရင် အဆင်ကိုပြေမနေဘူး"
"ဟုတ်လား ကိုယ်ကအရမ်းပြေနေတာပဲ"
"ဘော"
"မင်းငယ်ငယ်ရွယ်ရွယ်နဲ့တအားဆဲ"
"အဒီတော့ယီးဖြစ်လား"
သူတစ်ခွန်းပြောတိုင်း တစ်ခွန်းဆဲသော ထိုအဘိုးကြီးပေါက်စကိုစရတာ သွင်မင်းသဘောတွေ့နေသည် ။ ဆဲတာကိုတောင်နားထောင်ကောင်းနေတာ ထိုအဘိုးကြီးပေါက်စလေးပဲရှိမယ်ထင်သည် ။
"သွင်မင်းကလေ အရင်ကထဲက အစသန်ပေမယ့် ဒီလောက်မဟုတ်ဘူးရယ်"
ပစ္စည်းတွေကားပေါ်တင်ရင်း စကားများနေကြသောသွင်မင်းနဲ့အဂ္ဂပိုင်အားကြည့်လျက် ခန့်ဝေယံကိုဆိုလာသည် ။
"ဟုတ်လားကိုကို ငပိုင်လည်း အရင်ကထဲက ဆဲတက်တာမှန်ပေမယ့် ဒီလောက်မဟုတ်ဘူးရယ်"
သူပြောတာကို နားမလည်လိုက်သလိုလေး ကြည့်လာသော ကိုကို့အား စိုင်းခွန်မိန်းမျက်ခုံးလေးပင့်ပြလိုက်တော့ ချက်ချင်းမျက်နှာလွှဲသွားသည် ။
ထိုနောက် နီရဲလာသော နားရွက်ထိပ်ဖျားလေး ။
ဘုရားရေ ဒါ ကိုကိုရှက်သွားရင် လုပ်တတ်တဲ့ပုံစံလေးတစ်ခုပဲလား ။
"ကဲ ပြီးပြီး သွားကြတော့မလား"
ပစ္စည်းတွေတင်ပြီးတာနဲ့ မြတ်နိုးကမေးလာတာကြောင့်
"အေး သွားရအောင်လေ"
"နေဦး ဘယ်သူကားမောင်းမလဲ"
"အလာတုန်းက ငပိုင်မောင်းလာတာဆိုတော့မင်းပဲမောင်းလိုက်ဟေ့ကောင် ၊ အကိုတို့ကမနက်ကလည်းပစ္စည်းတွေစစ်နေတာ ပင်ပန်းနေမှာကို"
"ဘာ"
"ကိုကို ကျွန်တော်နဲ့နောက်ခုံမှာထိုင်ရအောင်လေ ကျွန်တော်ဗိုက်ဆာနေပြီ"
"အေး ကိုယ်လုပ်ပေးမယ်"
"ကိုကို တက်"
ပြောပြောဆိုဆို ခန့်ဝေယံကိုအား ကားပေါ် အရင်တက်စေကာ စိုင်းခွန်မိန်းကဝင်သွားသည် ။
"မ ကျွန်တော်နဲ့ထိုင်လေနော် လာ တက်"
"ဟင် အင်း"
ထိုနည်းတူ ဖြိုးထက်အောင်ကလည်း မလှိမ့်တပတ်လုပ်ကာ တက်သွားတာမလို့ အဂ္ဂပိုင်တစ်ယောက်ပြောမလို့ပြင်ထားတဲ့ စကားတောင်ပြောချိန်မရလိုက် ။
ဒီကောင်တွေ ငါဒီလောက်ပြောထားတာကို တမင်လုပ်သွားတာ ။
"ဟက်!"
"ခင်ဗျားဘာထရယ်တာလဲ"
မကျေနပ်ချက်အား သူ့အားမဲကာရန်လာလုပ်သော ထိုအဘိုးကြီးပေါက်စအား သွင်မင်းက ခပ်ပြုံးပြုံးကြည့်ကာ
"တက် တက် သွားကြမယ် ၊ မင်းမောင်းမလား ကိုယ်မောင်းရမလား"
"ကျစ် တက်ဗျာ လမ်းမသိဘူးလမ်းပြော"
"OK"
အဂ္ဂပိုင်စိတ်လျော့ကာ မောင်းသူနေရာဘက်ဝင်ထိုင်လိုက်ရသည် ။ ခင်ဗျားမောင်းလို့ပြောလို့မှမကောင်းတာ ။
ထိုသို့နှင့် သူတို့ကားလေးသည် "ဆုံဆည်းရာ"မိဘမဲ့ဂေဟာသို့...
ခန့်ဝေယံကို အသင့်လုပ်လာသော ထမင်းလိပ်ဗူးသုံးဗူးအား အဆင်ပြေပြေပေးလိုက်နိုင်ပေမယ့် မပြေတာ ရှေ့ဆုံးမှအဂ္ဂပိုင် ။
ကားမောင်းရင်းနဲ့ယူစားနေရတာကြောင့် အဆင်မပြေမည်စိုးကာ သွင်မင်းကဘေးကနေခွံပေးသည် ။ ခက်တာကအဒါကပိုအဆင်မပြေတာ ၊ သွင်မင်းရဲ့စပ်ဖြဲဖြဲမျက်နှာကြောင့် အဂ္ဂပိုင်မှာ စားရတာနင်နေရသည် ။
အဒီလူကြီးနဲ့ဆိုဘာမှအဆင်ပြေမနေဘူး ။
နောက်ဆုံးခုံတွင်ထိုင်နေကြသော စိုင်းခွန်မိန်းနဲ့ခန့်ဝေယံကို
သူလုပ်လာသောထမင်းလိပ်ကို အားရပါးရနဲ့ပါးလေးဖောင်းနေသည်အထိစားနေသော ကောင်လေးကြောင့် ခန့်ဝေယံကိုဝမ်းသာမိတာအမှန် ။
"မိန်း ရော့"
ကမ်းပေးလာသော အပူခံဓာတ်ဗူးလေးအား ယူလိုက်တော့ ၊ အထဲမှကော်ဖီအနံံ့ကြောင့်
"ကိုကို"
"မင်း သောက်ချင်မလားလို့ ကိုယ့်အတွက်ဖျော်ရင်း ပိုဖျော်လာတာ"
"ကိုကိုအရင်သောက်လေ"
"မင်းအရင်သောက်ပါ"
"ကိုကိုကအကြီးလေ ကိုကိုအရင်သောက်ပြီးမှကျွန်တော်သောက်မယ်"
"အင်း"
ခန့်ဝေယံကိုပြန်ယူလိုက်ပြီး အဖုံးလေးမှခွက်လေးထဲအနည်းငယ်ခွဲထည့်ကာ အရင်သောက်နေလိုက်သည် ။
"ဒါနဲ့ ကိုကို ဆိုင်ကယ်စီးရတာကြိုက်လား"
"ဆိုင်ကယ်? မိန်း စီးနေတဲ့ဟာတွေလိုမျိုးကိုမေးတာလား"
"ဟုတ်"
"အမှန်တိုင်းဝန်ခံရရင် ကိုယ်ဘယ်ဆိုင်ကယ်မှမစီးဖူးဘူး"
"ဗျာ"
စိုင်းခွန်မိန်းအနည်းငယ် အံ့အားသင့်သွားတာအမှန် ၊ ကိုကို့အကြောင်းစုံစမ်းတုန်းက ဆိုင်ကယ်ကြောက်တယ်လို့တော့မပါပါဘူး ။
"မင်း မရယ်ရဘူးနော်"
"ဘာကိုလဲကိုကိုရ"
"ကိုယ်စက်ဘီးတောင်မစီးရဲဘူး"
"ဟင်"
"ကိုယ်ငယ်ငယ်က စက်ဘီးကိုလေ သေချာမကျွမ်းဘဲလမ်းပေါ်ထွက်စီးမိတာ ကားနဲ့ချိတ်မိပြီးမှောက်ပါလေရော ၊ ညာဘက်ခြေဖမိုးမှာဆိုအခုထိအမာရွတ်ရှိသေးတယ် ၊ အဒီနောက်ပိုင်းကထဲက စက်ဘီးမစီးရတော့တာအခုထိပဲ ဆိုင်ကယ်ကတော့ ထိကိုမထိဖူးဘူး"
သူ့အားပြုံးရယ်ကာ ရှင်းပြနေတဲ့ ကိုကို့ကိုကြည့်ရင်း စိုင်းခွန်မိန်းမှာတော့ အဒီကားသမားအား ဒေါသတွေတဖွားဖွား ၊ ကိုကို့ခြေဖဝါးနုနုလေးမှာအမာရွတ်ကျန်နေခဲ့သည်ဆိုပဲ ။
"မိန်း"
စိုင်းခွန်မိန်း မျက်မှောင်ကျုံ့သွားသောပုံစံကြောင့် ခန့်ဝေယံကိုခေါ်လိုက်သည် ။ အဒီတော့မှပြန်ပြုံးသွားလျက်
"နောက်ကျရင် ကျွန်တော်နဲ့ဆိုင်ကယ်လိုက်စီးပါလား ၊ ကိုကိုနည်းနည်းမှမထိခိုက်စေရဘူးလို့ ကျွန်တော့် အသက်နဲ့ အာမခံတယ်လေနော်"
"အာ အင်းပါ"
ခန့်ဝေယံကိုချက်ချင်းခေါင်းငြိမ့်ပြလိုက်ရသည် ။ ထိုကောင်လေး သိပ်စကားတတ်လွန်းနေသည်မဟုတ်လား ။
ထို့နောက်စိုင်းခွန်မိန်းက ကော်ဖီဓာတ်ဗူးအားယူကာ မော့မသောက်ဘဲ သူသောက်ထားသောခွက်ထဲသို့ပင် ထည့်သောက်လိုက်တာမလို့ ခန့်ဝေယံကိုမျက်ဝန်းလေးတွေဝိုင်းစက်သွားရပြန်သည် ။
ထိုနောက် ထိန်းမရတော့ပြန်တဲ့ နှလုံးခုန်သံကြောင့် ခန့်ဝေယံကိုကိုယ့်ရင်ဖက်ကိုကိုယ် လက်ကလေးနဲ့အသာဖိထားမိသည် ။
ဆေးခန်းပြဖို့အရေး အရင်googleခေါက်ကြည့်တာ အဒါရောဂါမဟုတ်ပါဘဲ ရင်ခုန်တာတဲ့လေ ၊ တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့နှလုံးသားကအချက်ပြမှုတဲ့ ။
မဟုတ်သေးဘူးလေ မဖြစ်နိုင်တာ ၊ စိုင်းခွန်မိန်းဆိုတာ သူလိုပဲယောင်္ကျားလေးတစ်ယောက် ၊
ယောင်္ကျားလေးတစ်ယောက်ဆိုတာထက် အဒါ သူ့ထက်၆နှစ်တောင်ငယ်တဲ့ ကလေး ၊
မဖြစ်ဘူး ခန့်ဝေယံကို မင်းစိတ်ထိန်းရမယ် ။
သက်ပြင်းတိုးတိုးချကာ မျက်ဝန်းများကိုမှိုတ်ချထားလိုက်သည် ။ အဒီကောင်လေးကပြုစားလွန်းနေသလိုပဲ ။
အဒီနောက်မှာတော့ မြို့အပြင်နားလောက်လေးက ခြံဝန်းအကျယ်ကြီးတစ်ခုထဲသို့ သူတို့ကားလေးမောင်းဝင်သွားသည် ။
အုံ့အုံ့မှိုင်းမှိုင်းအပင်စိမ်းစိမ်းကြီးတွေနဲ့အတူ သဘာဝရဲ့ လတ်ဆက်တဲ့လေရနံ့လေးက ကြည်နူးစရာကောင်းတယ် ။
"ကိုကြီးတို့လာပြီ ဟေး"
ကားလေးရပ်လိုက်တာနဲ့ နေရာအနှံမှာဆော့နေကြတဲ့ ကလေးငယ်အချို့ပြေးလာကြသည် ၊ သနပ်ခါးပါးပါးအရည်ကျဲလေးတွေနဲ့ကလေးငယ်လေးတွေက အပြစ်ကင်းစင်စွာပြုံးရယ်နေကြလေရဲ့။
"ကိုကြီးတို့ကိုမျှော်နေတာ"
"မမကိုရော"
"မမကိုလည်းမျှော်တယ်"
"လာပါဦး ဒီကိုကြီးကဖက်ချင်လို့"
သွင်မင်းက ဒူးတစ်ဖက်ထောက်ကာခေါ်လိုက်တော့ ကလေးငယ်လေးတွေကအပြေးလေးဝိုင်းဖက်လာကြသည် ။
"စုတ်ဖွားလေးရော"
ခန့်ဝေယံကို သူဆီကိုအမြဲဦးအောင်ပြေးလာတတ်တဲ့ ကလေးငယ်ကိုမတွေ့သည်ကြောင့် မေးလိုက်တော့ ၊ သူတို့ထဲမှကလေးငယ်တယ်ဦးက မြက်ခင်းပြင်ကွင်းဘက်လက်ညှိုးထိုးပြကာ
"ဟိုးမှာပြေးလာနေပြီ"
ဆံပင်ဝါဖျော့ဖျော့အရောင်လေးရဲ့ ဝကစ်ကစ်ကောင်လေးက ခြေတံတိုတိုလေးတွေနှင့်အပြေးလာနေသည်မှာ လုံးတစ်တစ်လေးမလို့ချစ်စရာ ။
"ကိုကို"
အဝေးကနေအော်နေသည်ကြောင့် ခန့်ဝေယံကိုကပဲ ဦးအောင်ပြေးသွားလိုက်ကာ ဆွဲပွေ့ချီလိုက်သည်
"စုတ်ဖွားလေးကို လွမ်းနေတာ"
"တားရော တားရော"
လက်သေးသေးလေးတွေနဲ့သိုင်းဖက်ကာပြောလာတဲ့ ကလေးငယ်လေးက ခန့်ဝေယံကို ကိုတွေ့လိုက်ရလို့ အတော်ပျော်နေသည့်ပုံ။
"အာ စုတ်ဖွားလေးကထွားလာလိုက်တာ"
"ကိုကို့..."
ကလေးငယ်လေးနဲ့ခန့်ဝေယံကို အလွမ်းသယ်နေကြတာ ချစ်စရာကောင်းနေပေမယ့် စိုင်းခွန်မိန်းအတွက်တော့ မိုးမီးလောင်တော့မည့်ပုံဖြစ်နေသည် ။
ကိုကိုတဲ့ ၊ ဆံပင်ဝါကြောင်ကြားနဲ့ အဒီစုတ်ဖွားဆိုတဲ့ခွေးပေါက်စက ငါ့ကိုကို့ ကိုများ ကိုကိုတဲ့ ။
"အမယ်လေး စုတ်ဖွားလေးရေ မမတို့လည်းပါတယ်လေ"
ခန့်ဝေယံကိုက ထိုကလေးငယ်ကိုချီလျက်သားလေး သူတို့အနားပြန်ရောက်လာတော့ မြတ်နိုးကစလိုက်သည် ။
"ဟင့်အင် ကိုကို"
"ဟုတ်တယ်နော့ ကိုကိုပဲလွမ်းတာဟုတ်တယ်မလား"
"ဟုတ်တယ်"
"မိန်း ဒီကလေးလေးကချစ်ဖို့ကောင်းတယ်မလား ဟင်"
ခန့်ဝေယံကိုမှာတော့ ဘာကြောင့်ရယ်သေချာမသိ စိုင်းခွန်မိန်းရဲ့ စူပုတ်နေတဲ့မျက်နှာထားကြောင့် ကလေးငယ်ကိုပွေ့လျက် စိုင်းခွန်မိန်းရဲ့ဘေးသွားရပ်လိုက်သည် ။
"ဟင်လို့"
"အင်း"
တင်းမာနေသောမျက်နှာထားနဲ့ ခပ်မာမာလေသံကြောင့် ခန့်ဝေယံကိုကြောင်သွားရသည် ။ အစောကတင်အကောင်းကို
"ကိုကို"*2
ပြိုင်တူထွက်ပေါ်လာတဲ့ ခေါ်သံနှစ်ခုကြောင့် ခန့်ဝေယံကိုဘယ်သူ့ကိုပြန်ထူးလိုက်ရမလဲမသိတော့ ။
"ကိုကို တားကိုကြည့်"
ခန့်ဝေယံကိုပါးလေးကိုကိုင်လျက် ပြောလာသော ကလေးငယ်လေးကြောင့် စိုင်းခွန်မိန်းမျက်နှာပိုမှောင်မဲလာသည် ။
"တားနဲ့တူတူဆော့မယ်လေနော်"
"အင်း ဆော့မှာပေါ့ ကိုကိုနဲ့စုတ်ဖွားလေးတို့အတူတူဆော့မယ်နော်"
"ရေး ဒါမှတားကိုကို"
"ကိုကို"
"ဟင် အင်းမိန်းပြောလေ"
"သွားကြမယ်လေ သူတို့တောင်သွားပြီ"
"အော်အင်း"
"ကိုကိုတားနဲ့ပဲနေနော်"
"ဟုတ်ပါပြီဗျာ"
စိုင်းခွန်မိန်းဘယ်လိုမှစိတ်မကြည်တော့ သို့ပေမယ့်တစ်ဖက်က ကလေးတစ်ယောက်ဖြစ်သည့်အပြင် သူ့မိဘတွေအစား ကိုကို့အားတွယ်တာနေတာပါလားဟုတွေးကာဖြေသိမ့်နေရသည် ။
ပစ္စည်းတွေကို ထိုကျောင်းကလုပ်အားပေးအချို့ကကူသယ်ပေးတာကြောင့် ခန့်ဝေယံကိုနဲ့စိုင်းခွန်မိန်းမှာ သယ်စရာပင်မကျန်တော့ပေ။
ခန့်ဝေယံကိုက ကလေးငယ်အားပွေ့ချီလျက် သုံးယောက်သားလမ်းလျောက်နေကြရင်း
"စုတ်ဖွားလေး မားမားနဲ့ခေါ်သွားပြီလား"
"နေ့ခေါ်ဘူး ညပဲခေါ်တာ"
"အယ်ဘာလို့လဲ"
"တားကို မိုင်မိုင်ပဲအတင်းကျွေးနေတာကို"
"မိုင်မိုင်စားမှအားရှိမှာလေ စုတ်ဖွားလေးရဲ့"
"ကိုကို ဒီကောင်လေးမှာက"
စိုင်းခွန်မိန်းသူတို့ပြောနေတာကို သိပ်မရှင်းတာကြောင့် မေးဖို့ပြင်လိုက်တော့ ခန့်ဝေယံကိုသဘောပေါက်သွားကာ ။
"စုတ်ဖွား ၊ အာ ဝီလျှံလေးက ဒီကဂေဟာမှူးသားလေ ကလေးမရတော့ဘူးထင်နေကြရင်းမှ ဝီလျှံလေးကိုရလာတာ"
"အာ"
အဒီလိုဆိုတွေ့ကြသေးတာပေါ့ကွာ မင်းကိုငါ့ကိုကိုနားကခွာထုတ်ရမယ် ။
"ကိုကို ဒီအကိုကြီးက ဘယ်သူလဲဟင်"
သောက်ကလေးက ငါ့ကျအကိုကြီးတဲ့ ။
"ငါကလား ငါကခပ်ချောချောအကိုကြီးလေ "
"ဟုတ်ပါဘူး တားကိုကိုကပိုချောတာ"
ချီးပဲ အဒါငါ့ကိုကိုကွ ။
စိုင်းခွန်မိန်း ထိုကလေးအားမကြည်ကြည့် ကြည့်တော့ ၊ ထိုဟာလေးကလည်း ထိုအတိုင်းပြန်ကြည်လာသည် ။
ဒါသက်သက် စိန်ခေါ်နေတာပဲ ။
"စုတ်ဖွားလေး ဒီမှာ ခဏနေနေဦးနော် ကိုကိုလုပ်စရာလေးရှိသေးလို့"
ခန်းမအဆောက်အဦးထဲရောက်တော့ ကလေးတွေအား ပစ္စည်းတွေဝေရန်လုပ်ရမည်ဖြစ်တာကြောင့် ခန့်ဝေယံကိုက ကလေးငယ်အား ခုံတန်းတစ်ခုပေါ်ထိုင်စေသည် ။
"ဟုတ်ကိုကို"
"မိန်း ကိုယ်တို့သွားရအောင်လာ"
"ဟုတ်"
ခန့်ဝေယံကိုခေါ်ရာနောက်လိုက်သွားရင်း စိုင်းခွန်မိန်းကျန်ခဲ့သောကလေးငယ်အား လျှာထုပ်ပြောင်ခဲ့လိုက်သေးသည် ။ ထိုကလေးငယ်မှာတော့ ခုန်ခွခုန်ခွဖြစ်နေလေရဲ့ ။
မင်းငါ့ကိုမနိုင်ပါဘူးကွာ ။
သူတို့ဝေပေးသောပစ္စည်းတွေအား ယူကာ ဝမ်းသာအားရပြုံးရယ်နေသော ကလေးငယ်တွေနဲ့ထပ်တူ သူတို့အားလုံးပျော်ခဲ့ကြသည်။
အဆောက်အဦးအကြီးကြီးတွေမှာ တခမ်းတနားဖိတ်စာတွေနဲ့ တန်းတူလူတန်းစားတွေကြားမှာသာ ပြုလုပ်တဲ့အလှူထက် ယခုကဲ့သို့အလှူကို ပိုသဘောကျပါသည် ။
ပြီးနောက် ဂေဟာမှူးနဲ့သွားတွေ့ကာ ရန်ပုံငွေထည့်လှူကြပြီး ကလေးတွေအတွက်နေ့လည်စာဝိုင်းပြင်ပေးကြသည် ။
ဖြိုးထက်အောင်က မြတ်နိုးနားမှာ မခွာတမ်းကပ်နေတာကြောင့် တစ်ယောက်ထဲဖြစ်နေရှာတဲ့ အဂ္ဂပိုင်မှာတော့ အနားကနေ မထိတထိလိုက်စနေတဲ့ သွင်မင်းနဲ့ ပွစိပွစိစကားများနေရသည် ။
အိမ်အလုပ်ကိုဆို ပန်ကန်တစ်ချပ်ကိုမှပင်မကိုင်ဘူးသည့် စိုင်းခွန်မိန်းမှာ ထိုအများကြီးအားကိုင်တွယ် ကူလုပ်ပေးနေရတာ အနည်းငယ်အခက်တွေ့လှသည် ။
"မိန်း နေနေပါ့လား ကိုယ်လုပ်မယ်လေ"
"ရတယ်ကိုကို"
ထိုအခိုက်
"ကိုကို တားကိုခေါ်"
ခန့်ဝေယံကိုရှိရာ ပြေးလာသော ကလေးငယ်လေးအား စိုင်းခွန်မိန်းကဦးအောင်သွားပွေ့ချီလိုက်ကာ
"လာ သွားဆော့ကြမယ်"
"ဟင် ဆော့ဘူးကိုကို့ဆီသွားမှာ"
"ကိုကိုကမအားသေးဘူး ခွေးစုတ်ဖွားလေးရဲ့ ငါနဲ့ဆော့ကြမလား ၊ ကိုကို ကျွန်တော်ဒီကောင်လေးနဲ့ဆော့နေလိုက်မယ်နော်"
"ကောင်းသားပဲ စုတ်ဖွားလေးအဒီကိုကိုနဲ့ဆော့နှင့်နော်"
"မဆော့..ဝု"
ဆက်မပြောခင် ကလေးငယ်အား ပါးစပ်ကိုပိတ်လိုက်တာကြောင့် ဝူးဝါးအော်ကာ စိုင်းခွန်မိန်းနောက်ရုန်းကန်ရင်းပါသွားသည် ။
မင်းလိုစုတ်ဖွားကောင်က ကိုကို့အနားကပ်လို့ရမယ်ထင်နေလား ။
ကွင်းပြင်ကျယ်ဘက်ဦးတည်လိုက်ပြီး သစ်ပင်တစ်ပင်အောက်ထိုင်လိုက်ပြီးမှ ထိုစုတ်ဖွားကောင်လေးရဲ့ပါးစပ်ကိုဖွင့်ပေးလိုက်သည် ။
ပြီးနောက် ဘေးချပေးလိုက်ချိန်မှာပင် ချက်ချင်းကုန်းထပြေးတာကြောင့် လက်ဆန့်ကာဂုတ်မှဆွဲကိုင်၍ ပြန်ထိုင်စေပြီး ။
"အား လွတ်ပေး"
"ဒီမှာထိုင်"
"မထိုင်ဘူး ကိုကို့ဆီသွားမှာ"
"မသွားရဘူး ကိုကိုမအားဘူး အိုကေ"
"နိုး မအိုကေဘူး ကိုကိုရေလို့"
"မခေါ်နဲ့ အဒါငါ့ကိုကို မင်း ကိုကိုလို့မခေါ်နဲ့"
"ခေါ်မှာပဲ တား ကိုကို"
"ငါ့ကိုကိုလို့ မင်းက ကိုကြီးခန့်လို့ခေါ်"
"ခေါ်ဘူး တားကိုကို"
"ငါ့ကိုကိုလို့"
"တားကိုကိုပါဆို"
"ငါ့ကိုကိုလို့ဟ"
"တားကိုကိုပါလို့"
"မင်းကလက်တောက်လောက်နဲ့ ငါ့ကိုလာပြိုင်နေတာလား"
"အကိုကြီးကရော လူကြီးဟုတ်ဘူးလား အဒါတားကိုကိုပါဆို"
"မင်းဘယ်နှနှစ်လဲ ပြောရဆိုရလက်ပေါက်ကပ်နေတာ"
"၃နှစ်ပြည့်ပြီးပြီ ဘာမှတ်"
စိုင်းခွန်မိန်းတို့ ရန်ပွဲတိုင်းနိုင်လာသမျှ ဒီစုတ်ဖွားကောင်လေးနဲ့မှ အပြိုင်ဖြစ်နေရသည် ။ ကလေးမလို့သာပေါ့ကွာ ၊ နှုတ်ခမ်းလေးထော်လာလိုက် ၊ မျက်လုံးကစိုက်ကြည့်လာလိုက်နဲ့ ရန်လုပ်နေတာက ကောက်ထုပစ်ချင်စရာလေး ။
"ဟေ့ခွေးစုတ်ဖွား"
"တားကခွေးမဟုတ်ဘူး"
"စုတ်ဖွားဆိုတာခွေးပဲလေ"
"ခွေးဟုတ်ဘူးလို့"
"အဒါဆို dog"
"ဒေါ့လည်းဟုတ်ဘူး မှတ်ထား အကိုကြီးကို ကိုကိုနဲ့တိုင်မှာ"
"တိုင်လည်း ငါ့ကိုကိုက ငါ့ကိုချစ်တယ်"
"တားကိုကိုက တားကိုချစ်တာ"
"ကလေးနေရာကလေးနေစမ်း"
"လူကြီးနေရာလူကြီးနေလေ"
"မင်းကဘာတုန်းဟ"
"အကိုကြီးကရောဘာတုန်း"
"ကလေးဖြစ်နေလို့ပေါ့ကွာ"
"အကိုကြီးလည်းလူကြီးဖြစ်နေလို့"
"အမယ်မင်းကဘာလုပ်မလို့လဲ"
"အကိုကြီးကရောဘာလုပ်မလို့လဲ"
ထိုသို့နှင့် မပြီးဆုံးနိုင်ရန်ပွဲက ဘယ်ကနေဘယ်လိုပြီးဆုံးသွားသည်မသိ ။ ခန့်ဝေယံကို ထိုအနားရောက်သွားတော့ စိုင်းခွန်မိန်းကနောက်ကသစ်ပင်ကိုမှီကာ အိပ်ပျော်နေပြီး ၊ ကလေးငယ်လေးကစိုင်းခွန်မိန်းကိုမှီကာအိပ်ပျော်နေသည် ။
ထိုမြင်ကွင်းက ချစ်ဖို့ကောင်းလွန်းသည်မလို့ ခန့်ဝေယံကိုဖုန်းထုတ်လိုက်ကာ မှတ်တမ်းတင်လိုက်မိသည် ။
သူ့ရဲ့အဝါရောင်စုတ်ဖွားခွေးပေါက်လေးနဲ့ ပီကေလိုခွေးပေါက်လေး နှစ်ကောင်အတူအိပ်နေတာ ချစ်စရာကောင်းလွန်းလှသည် ။
***********************************
***********************************
ဆက်ရန်
.
.
.
.
.
Zawgyi
Alphard အျဖဴေရာင္ေလး 25 cake & caffee house ဆိုင္ေရွ႕ရပ္လိုက္တာနဲ႕ စိုင္းခြန္မိန္းနဲ႕ ၿဖိဳးထက္ေအာင္ကအၿပိဳင္ေျပးဆင္းသြားၾကသည္ ။
ကားေမာင္းတဲ့သူေနရာမွာ က်န္ခဲတဲ့အဂၢပိုင္ကေတာ့ သူကားအရွိန္သပ္ၿပီးရပ္႐ုံရွိေသး ဆင္းသြားၾကတာမလို႔ ေစာေစာစီးစီးဆဲလိုက္ရသည္ ။
အဒီငါလူးေကာင္ေတြက ႏွာထခ်င္တာနဲ႕ ငါ့အမွတ္မရၾကေတာ့ဘူး ။
စိုင္းခြန္မိန္းဆိုင္ထဲေရာက္ေတာ့ သူ႕ရဲ႕ႏွလုံးသားအရွင္သခင္ေလးက ပစၥည္းေတြကိုအခန္းထဲကအျပင္ထုတ္ရင္း စစ္ေနတာထင္ပါရဲ႕ လက္ညွိုးေလးကဟိုထိုးဒီထိုး ။
အျဖဴေရာင္shirtလက္တိုေလးေပၚ နက္ျပာေရာင္ shirt လက္ရွည္ေလးထပ္ဝတ္ထားၿပီး ၊ ထူးထူးျခားျခား ဆံပင္ေလးေတြကဖြာေနတာေၾကာင့္ ေခါင္းေလွ်ာ္ၿပီးဘာမွမလုပ္ထားရေသးပဲပုံဝဲက်ေနသည္ ။
"ကိုကို"
သူေခၚလိုက္ေတာ့ ဝမ္းသာအားရနဲ႕လွည့္ၾကည့္ကာ ၿပဳံးျပလာသည္ ။
"မိန္းေရာက္ၿပီပဲ"
"ကိုကိုေစာင့္လိုက္ရေသးလား"
"ဟင့္အင္ မနက္ကမိန္းကို ကိုယ္ႏွိုးတာေစာသြားလားလို႔ေတြးေနတာ အိပ္ေရးေရာဝရဲ႕လား"
"ကိုကိုသာႏွိုးရင္ ကြၽန္ေတာ္ကဘယ္အခ်ိန္ျဖစ္ျဖစ္ခ်က္ခ်င္းထပါတယ္"
"အာ"
စိုင္းခြမ္မိန္းသူ႕အကၤ်ီကိုသူျပန္ၾကည့္ကာ ၿပဳံးလိုက္သည္ ။ ဒီေန႕သူဝတ္လာတာ ကိုကိုနဲ႕အေရာင္တူေနတာပဲ ၊ ဒီတစ္ခါေတာ့မာသားႀကီးကိုေက်းဇူးတင္သြားၿပီ ၊ အေပၚကနက္ျပာshirtလက္ရွည္ကို သူကအနက္shirtခံဝတ္မလို႔လုပ္တာ မားသားႀကီးက အျဖဴနဲ႕ပိုလိုက္တယ္ေျပာလို႔ဝတ္လာလိုက္တာ လုံးဝကြက္တိ ။
မတူတာဆိုလို ကိုကိုက ဂ်င္းအျပာအေဖ်ာ့ေရာင္ေဘာင္းဘီရွည္ျဖစ္ၿပီး သူက ခဲေရာင္ short pan ဝတ္ထားတာပဲ ။
စိုင္းခြန္မိန္းအၾကည့္နဲ႕အၿပဳံးေၾကာင့္ ခန့္ေဝယံကို ကိုယ့္ကိုကိုယ္တစ္လွည့္ ၊ စိုင္းခြန္မိန္းကိုတစ္လွည့္ၾကည့္ကာ သေဘာေပါက္သြားၿပီး မ်က္ဝန္းေလးေတြက အံ့ၾသသြားသေယာင္ျဖစ္သြားသည္ ။
"ကိုကိုနဲ႕ဆင္တူ"
"ဟုတ္ပါ့ေနာ္ တိုက္ဆိုင္လိုက္တာ"
ဟုတ္တယ္ကိုကို တိုက္ဆိုင္တာ အဒါကိုဖူးစာလို႔ေခၚတယ္ ၊ ကိုကိုနဲ႕ကြၽန္ေတာ့္ၾကားမွာပဲရွိနိုင္မယ့္ ဖူးစာ ။
ၿဖိဳးထက္ေအာင္ကလည္း ျမန္မာဝမ္းဆက္ စိမ္းျပာေရာင္ေလးနဲ႕ လွေနျပန္ကာ ငုတ္တုပ္ေလးထိုင္လ်က္ ပစၥည္းစစ္ေနေသာ ျမတ္နိုးရဲ႕ေဘးနားသြားထိုင္သည္ ။
"မ"
"ေအာ္ ၿဖိဳး ေရာက္ၿပီပဲ "
"ဟုတ္ မ ဘာလုပ္ေနတာလဲ ကြၽန္ေတာ္လုပ္ကူမယ္ေလ"
"ပစၥည္းနည္းနည္းထပ္ထည့္ရင္း က်န္တာရွိမရွိၾကည္ေနတာၿပီးၿပီရယ္"
"အဒါဆို ကားေပၚတင္ၾကေတာ့မွာလား"
"အင္း တင္ရေအာင္ေလ ခန့္ကိုငါတို႔ပစၥည္းတင္ၾကေတာ့မလား"
"အင္း တင္ၿပီးမွမနက္စာစားရေအာင္ေလ"
"ဟမ္ နင္မစားရေသးဘူးလား"
"မင္းမစားခဲ့ဘူးလား ခန့္ကို"
ျမတ္နိုးနဲ႕သြင္မင္းက ၿပိဳင္တူေမးလာတာေၾကာင့္ ခန့္ေဝယံကိုေျဖရခက္သြားသည္ ။ သူကစားၿပီးၿပီေလ သူေျပာခ်င္တာ မိန္းကို
"ဟို ငါကစားၿပီးၿပီ"
"အဒါကိုဘာလို႔မနက္စာလဲ"
"အင္းေလ"
"ငါ ေျပာခ်င္တာက မိန္းကို"
လက္ညွိုးေလးကမရဲတရဲေလးနဲ႕ စိုင္းခြန္မိန္းကိုထိုးျပလာမလို႔ စိုင္းခြန္မိန္းကေတာ့ရင္ထဲဗေလာင္ဆူေနေလၿပီ ။
အားးးကိုကိုရာ
"ဟုတ္တယ္မလား မိန္းမစားရေသးဘူးမလား"
"ဟုတ္ကိုကို မစားရေသးဘူး"
"ေအာ္"
တမင္လုပ္သံႀကီးနဲ႕ သြင္မင္းကေျပာလာတာေၾကာင့္ ခန့္ေဝယံကိုအျပင္ပိုင္းမွာသာတည္ၿငိမ္သလိုေနေနေပမယ့္ စိတ္ထဲပူထူေနေလၿပီ ။
"ကြၽန္ေတာ္ကားေပၚမွာပဲ စားလိုက္မယ္ေလကိုကို ၊ ေတာ္ၾကာ ကိုကိုတို႔ေနာက္က်ေနမွာစိုးလို႔"
"အကိုခန့္ ကြၽန္ေတာ္လည္းမနက္စာမစားခဲ့ရဘူး"
စူပုတ္ပုတ္မ်က္ႏွာထားနဲ႕ အဂၢပိုင္ကသူတို႔နားေရာက္လာကာဆိုသည္ ၊ စိုင္းခြန္မိန္းအသံတိတ္ျပဴးျပၿဖဲျပေနတာကို မေက်မလည္စြာျဖင့္မျမင္သလိုလုပ္ေနေလရဲ႕ ။
"ကိုယ္လည္း စိတ္ထင္လို႔အမ်ားႀကီးလုပ္လာတာပါ ထမင္းလိပ္ဆိုေတာ့ ကားေပၚမွာစားလို႔အဆင္ေျပပါတယ္"
"ဟုတ္ကဲ့ အကိုခန့္"
"ၿဖိဳးေရာ မနက္စာ စားခဲ့လား"
ၿဖိဳးထက္ေအာင္သူ႕အားေမးလာတဲ့ အသံေအးေအးေလးေၾကာင့္ မ်က္ခြက္ကထိန္းမရေအာင္ၿဖီးသြားကာ ေခါင္းရမ္းလ်က္
"မစားရေသးဘူး မ"
"ေတာ္ေသးတာေပါ့ ခန့္ကိုမနက္စာလုပ္လာလို႔"
"မကေရာ လုပ္မေကြၽးခ်င္ဘူးလား"
"ဟမ္"
"ဟို မကေရာကြၽန္ေတာ့္ကိုလုပ္မေကြၽးခ်င္ဘူးလားလို႔"
"ဟီး ဟိုေလ မက ထမင္းဟင္းခ်က္တာဝါသနာမပါဘူးရယ္"
"ဗ်ာ"
ရယ္ႀကဲႀကဲေလးနဲ႕ဆိုလာတာေၾကာင့္ ၿဖိဳးထက္ေအာင္ေငးေနမိျပန္သည္ ဘယ္လိုေတာင္ လွလြန္းေနတာလဲ
"ဟား...ၿဖိဳးထက္ မင္း သူခြၽက္ေကြၽးတာကိုသာစားခ်င္တယ္ဆိုလို႔ကေတာ့ ေနာက္ဘဝကိုဆုေတာင္း အဒါေတာင္မေသခ်ာဘူး"
သြင္မင္းကတဟားဟားရယ္ရင္းဝင္ ေျပာတာကို ျမတ္နိုးမ်က္ေစာင္းထိုးကာ လက္ထဲမွေဘာပင္ဗူးနဲ႕လွမ္းပစ္သည္ ။
"ပါးစပ္ ပိတ္စမ္း"
"ငါေျပာတာမဟုတ္လို႔လား"
"နင္အသာေနစမ္း"
"ၿဖိဳးထက္ ငါႀကိဳသတိေပးလိုက္မယ္သိလား သူ႕ပုံစံေလးၾကည့္ၿပီး ႏူ႕ညံတယ္ထင္မေနနဲ႕ ဒါမင္းတို႔နဲ႕သိပ္မရင္းႏွီးေသးလို႔ အဒီပုံစံရယ္ ၊ မိန္းကေလးသာဆိုတယ္ လက္သံကလည္းေျပာင္တယ္ ၊ ကပ္ေစလည္းကုပ္တယ္ ၊ ထမင္းဟင္းခ်က္တယ္ဆိုတာကသူနဲ႕ရန္သူပဲ စားဖို႔ပဲရတာ ၊ စားတာကေတာ့ဘာလာလာအကုန္ေဒါင္းတယ္"
"ေအး နင္ေသၿပီပဲ"
ျမတ္နိုးစိတ္တိုတိုနဲ႕ေျပးလာတာေၾကာင့္ သြင္မင္းရပ္ေနရာမွပတ္ေျပးေတာ့သည္ ၊ ခန့္ေဝယံကိုကေတာ့ ပုံမွန္လိုပဲ ဝင္လည္းမတားဘာမွမေျပာပဲရပ္လ်က္ ရယ္ေနသည္ ။
ဒါကျဖစ္ေနက်ကိစၥပဲ ။
"ဟာ ခင္ဗ်ားဘာလုပ္တာလဲ !"
ခဏၾကာမွာေတာ့ အဂၢပိုင္ရဲ႕ေအာ္သံစူးစူးကထြက္ေပၚလာသည္ ။ အေၾကာင္းကေတာ့ ျမတ္နိုးကိုေရွာင္ရင္း သြင္မင္းကအဂၢပိုင္ရဲ႕ေနာက္မွာသြားရပ္ကာ အဂၢပိုင္ပခုံးကိုကိုင္လ်က္ အကာအကြယ္လုပ္ေနသည္ ။
"အဂၢ ေမာင္ေလး ဖယ္"
"ငါေျပာတာမွားလို႔လားဟ နင္ကအစားပဲရတာေလ"
"သြင္မင္းနင္ေရွ႕လာစမ္း နင္ကိုလုပ္ရမွေက်နပ္မယ္ အဂၢ ဖယ္"
"ကြၽန္ေတာ္ မဖယ္တာ မဟုတ္ဘူး မနိုးရ ဒီလူႀကီးကဖယ္မေပးတာ ၊ ဟာ ဖယ္ဟ"
သြင္မင္းကေတာ့ အဂၢပိုင္စကားကိုေလမတိုးသည္လားမသိ အေရးကိုမလုပ္ ၊ အဂၢပိုင္မွာအားကုန္သုံး၍႐ုန္းေသာ္လည္း လက္ေမာင္းႏွစ္ဖက္ကိုပါဖိညစ္ထားတာေၾကာင့္ ႐ုန္းမရ ။
"နင္လာစမ္းလို႔ သြင္မင္း"
"လာစရာလား"
"က်စ္ ေဟ့လူႀကီးဖယ္ပါဆိုဟ"
"ေကာင္းေကာင္းရပ္ အဘိုးႀကီးေပါက္စ"
"ဘာကိစၥေကာင္းေကာင္းရပ္ေပးရမွာတုန္း ဖယ္စမ္းပါ"
"မင္းကေျပာစကားကိုနားမေထာင္ဘူး"
"ေထာင္စရာလားဖယ္"
"ကဲ ေတာ္ၾကေတာ့ ငါတို႔ေနာက္က်ေနလိမ့္မယ္ သြားရေအာင္"
ေနာက္ဆုံးမွာ မျဖစ္ေတာ့တဲ့အဆုံး ခန့္ေဝယံကိုဝင္တားလိုက္သည္ ။
"ေအး နင္နဲ႕ငါေတြ႕ဦးမယ္ သြင္မင္း"
"ေအးပါ စူဇကာမရယ္"
"သြင္မင္းေခြးေကာင္ နင္ေသဖို႔ျပင္ထား"
ျမတ္နိုး ေျခေဆာင့္လ်က္ အထုတ္အခ်ိဳ႕ေကာက္ကိုင္ကာ
"ကားေပၚတင္မယ္"
ျမတ္နိုးကေျပာၿပီး သူ႕အားမ်က္ေစာင္းထိုးကာထြက္သြားတာေၾကာင့္ သြင္မင္းထရယ္ျပန္သည္ ။
"ခြီး"
"ဘာရယ္ေနျပန္တာတုန္း ဖယ္ေတာ့"
အဒီေတာ့မွ သြင္မင္းကၿပဳံးစိစိျဖင့္ သူဆုပ္ကိုင္ထားေသာ အဂၢပိုင္လက္ေမာင္းကို လြတ္ေပးလာသည္ ။
"ခင္ဗ်ားနဲ႕ေတြ႕လိုက္ရင္ အဆင္ကိုေျပမေနဘူး"
"ဟုတ္လား ကိုယ္ကအရမ္းေျပေနတာပဲ"
"ေဘာ"
"မင္းငယ္ငယ္႐ြယ္႐ြယ္နဲ႕တအားဆဲ"
"အဒီေတာ့ယီးျဖစ္လား"
သူတစ္ခြန္းေျပာတိုင္း တစ္ခြန္းဆဲေသာ ထိုအဘိုးႀကီးေပါက္စကိုစရတာ သြင္မင္းသေဘာေတြ႕ေနသည္ ။ ဆဲတာကိုေတာင္နားေထာင္ေကာင္းေနတာ ထိုအဘိုးႀကီးေပါက္စေလးပဲရွိမယ္ထင္သည္ ။
"သြင္မင္းကေလ အရင္ကထဲက အစသန္ေပမယ့္ ဒီေလာက္မဟုတ္ဘူးရယ္"
ပစၥည္းေတြကားေပၚတင္ရင္း စကားမ်ားေနၾကေသာသြင္မင္းနဲ႕အဂၢပိုင္အားၾကည့္လ်က္ ခန့္ေဝယံကိုဆိုလာသည္ ။
"ဟုတ္လားကိုကို ငပိုင္လည္း အရင္ကထဲက ဆဲတက္တာမွန္ေပမယ့္ ဒီေလာက္မဟုတ္ဘူးရယ္"
သူေျပာတာကို နားမလည္လိုက္သလိုေလး ၾကည့္လာေသာ ကိုကို႔အား စိုင္းခြန္မိန္းမ်က္ခုံးေလးပင့္ျပလိုက္ေတာ့ ခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္ ။
ထိုေနာက္ နီရဲလာေသာ နား႐ြက္ထိပ္ဖ်ားေလး ။
ဘုရားေရ ဒါ ကိုကိုရွက္သြားရင္ လုပ္တတ္တဲ့ပုံစံေလးတစ္ခုပဲလား ။
"ကဲ ၿပီးၿပီး သြားၾကေတာ့မလား"
ပစၥည္းေတြတင္ၿပီးတာနဲ႕ ျမတ္နိုးကေမးလာတာေၾကာင့္
"ေအး သြားရေအာင္ေလ"
"ေနဦး ဘယ္သူကားေမာင္းမလဲ"
"အလာတုန္းက ငပိုင္ေမာင္းလာတာဆိုေတာ့မင္းပဲေမာင္းလိုက္ေဟ့ေကာင္ ၊ အကိုတို႔ကမနက္ကလည္းပစၥည္းေတြစစ္ေနတာ ပင္ပန္းေနမွာကို"
"ဘာ"
"ကိုကို ကြၽန္ေတာ္နဲ႕ေနာက္ခုံမွာထိုင္ရေအာင္ေလ ကြၽန္ေတာ္ဗိုက္ဆာေနၿပီ"
"ေအး ကိုယ္လုပ္ေပးမယ္"
"ကိုကို တက္"
ေျပာေျပာဆိုဆို ခန့္ေဝယံကိုအား ကားေပၚ အရင္တက္ေစကာ စိုင္းခြန္မိန္းကဝင္သြားသည္ ။
"မ ကြၽန္ေတာ္နဲ႕ထိုင္ေလေနာ္ လာ တက္"
"ဟင္ အင္း"
ထိုနည္းတူ ၿဖိဳးထက္ေအာင္ကလည္း မလွိမ့္တပတ္လုပ္ကာ တက္သြားတာမလို႔ အဂၢပိုင္တစ္ေယာက္ေျပာမလို႔ျပင္ထားတဲ့ စကားေတာင္ေျပာခ်ိန္မရလိုက္ ။
ဒီေကာင္ေတြ ငါဒီေလာက္ေျပာထားတာကို တမင္လုပ္သြားတာ ။
"ဟက္!"
"ခင္ဗ်ားဘာထရယ္တာလဲ"
မေက်နပ္ခ်က္အား သူ႕အားမဲကာရန္လာလုပ္ေသာ ထိုအဘိုးႀကီးေပါက္စအား သြင္မင္းက ခပ္ၿပဳံးၿပဳံးၾကည့္ကာ
"တက္ တက္ သြားၾကမယ္ ၊ မင္းေမာင္းမလား ကိုယ္ေမာင္းရမလား"
"က်စ္ တက္ဗ်ာ လမ္းမသိဘူးလမ္းေျပာ"
"OK"
အဂၢပိုင္စိတ္ေလ်ာ့ကာ ေမာင္းသူေနရာဘက္ဝင္ထိုင္လိုက္ရသည္ ။ ခင္ဗ်ားေမာင္းလို႔ေျပာလို႔မွမေကာင္းတာ ။
ထိုသို႔ႏွင့္ သူတို႔ကားေလးသည္ "ဆုံဆည္းရာ"မိဘမဲ့ေဂဟာသို႔...
ခန့္ေဝယံကို အသင့္လုပ္လာေသာ ထမင္းလိပ္ဗူးသုံးဗူးအား အဆင္ေျပေျပေပးလိုက္နိုင္ေပမယ့္ မေျပတာ ေရွ႕ဆုံးမွအဂၢပိုင္ ။
ကားေမာင္းရင္းနဲ႕ယူစားေနရတာေၾကာင့္ အဆင္မေျပမည္စိုးကာ သြင္မင္းကေဘးကေနခြံေပးသည္ ။ ခက္တာကအဒါကပိုအဆင္မေျပတာ ၊ သြင္မင္းရဲ႕စပ္ၿဖဲၿဖဲမ်က္ႏွာေၾကာင့္ အဂၢပိုင္မွာ စားရတာနင္ေနရသည္ ။
အဒီလူႀကီးနဲ႕ဆိုဘာမွအဆင္ေျပမေနဘူး ။
ေနာက္ဆုံးခုံတြင္ထိုင္ေနၾကေသာ စိုင္းခြန္မိန္းနဲ႕ခန့္ေဝယံကို
သူလုပ္လာေသာထမင္းလိပ္ကို အားရပါးရနဲ႕ပါးေလးေဖာင္းေနသည္အထိစားေနေသာ ေကာင္ေလးေၾကာင့္ ခန့္ေဝယံကိုဝမ္းသာမိတာအမွန္ ။
"မိန္း ေရာ့"
ကမ္းေပးလာေသာ အပူခံဓာတ္ဗူးေလးအား ယူလိုက္ေတာ့ ၊ အထဲမွေကာ္ဖီအနံံ့ေၾကာင့္
"ကိုကို"
"မင္း ေသာက္ခ်င္မလားလို႔ ကိုယ့္အတြက္ေဖ်ာ္ရင္း ပိုေဖ်ာ္လာတာ"
"ကိုကိုအရင္ေသာက္ေလ"
"မင္းအရင္ေသာက္ပါ"
"ကိုကိုကအႀကီးေလ ကိုကိုအရင္ေသာက္ၿပီးမွကြၽန္ေတာ္ေသာက္မယ္"
"အင္း"
ခန့္ေဝယံကိုျပန္ယူလိုက္ၿပီး အဖုံးေလးမွခြက္ေလးထဲအနည္းငယ္ခြဲထည့္ကာ အရင္ေသာက္ေနလိုက္သည္ ။
"ဒါနဲ႕ ကိုကို ဆိုင္ကယ္စီးရတာႀကိဳက္လား"
"ဆိုင္ကယ္? မိန္း စီးေနတဲ့ဟာေတြလိုမ်ိဳးကိုေမးတာလား"
"ဟုတ္"
"အမွန္တိုင္းဝန္ခံရရင္ ကိုယ္ဘယ္ဆိုင္ကယ္မွမစီးဖူးဘူး"
"ဗ်ာ"
စိုင္းခြန္မိန္းအနည္းငယ္ အံ့အားသင့္သြားတာအမွန္ ၊ ကိုကို႔အေၾကာင္းစုံစမ္းတုန္းက ဆိုင္ကယ္ေၾကာက္တယ္လို႔ေတာ့မပါပါဘူး ။
"မင္း မရယ္ရဘူးေနာ္"
"ဘာကိုလဲကိုကိုရ"
"ကိုယ္စက္ဘီးေတာင္မစီးရဲဘူး"
"ဟင္"
"ကိုယ္ငယ္ငယ္က စက္ဘီးကိုေလ ေသခ်ာမကြၽမ္းဘဲလမ္းေပၚထြက္စီးမိတာ ကားနဲ႕ခ်ိတ္မိၿပီးေမွာက္ပါေလေရာ ၊ ညာဘက္ေျခဖမိုးမွာဆိုအခုထိအမာ႐ြတ္ရွိေသးတယ္ ၊ အဒီေနာက္ပိုင္းကထဲက စက္ဘီးမစီးရေတာ့တာအခုထိပဲ ဆိုင္ကယ္ကေတာ့ ထိကိုမထိဖူးဘူး"
သူ႕အားၿပဳံးရယ္ကာ ရွင္းျပေနတဲ့ ကိုကို႔ကိုၾကည့္ရင္း စိုင္းခြန္မိန္းမွာေတာ့ အဒီကားသမားအား ေဒါသေတြတဖြားဖြား ၊ ကိုကို႔ေျခဖဝါးႏုႏုေလးမွာအမာ႐ြတ္က်န္ေနခဲ့သည္ဆိုပဲ ။
"မိန္း"
စိုင္းခြန္မိန္း မ်က္ေမွာင္က်ဳံ႕သြားေသာပုံစံေၾကာင့္ ခန့္ေဝယံကိုေခၚလိုက္သည္ ။ အဒီေတာ့မွျပန္ၿပဳံးသြားလ်က္
"ေနာက္က်ရင္ ကြၽန္ေတာ္နဲ႕ဆိုင္ကယ္လိုက္စီးပါလား ၊ ကိုကိုနည္းနည္းမွမထိခိုက္ေစရဘူးလို႔ ကြၽန္ေတာ့္ အသက္နဲ႕ အာမခံတယ္ေလေနာ္"
"အာ အင္းပါ"
ခန့္ေဝယံကိုခ်က္ခ်င္းေခါင္းၿငိမ့္ျပလိုက္ရသည္ ။ ထိုေကာင္ေလး သိပ္စကားတတ္လြန္းေနသည္မဟုတ္လား ။
ထို႔ေနာက္စိုင္းခြန္မိန္းက ေကာ္ဖီဓာတ္ဗူးအားယူကာ ေမာ့မေသာက္ဘဲ သူေသာက္ထားေသာခြက္ထဲသို႔ပင္ ထည့္ေသာက္လိုက္တာမလို႔ ခန့္ေဝယံကိုမ်က္ဝန္းေလးေတြဝိုင္းစက္သြားရျပန္သည္ ။
ထိုေနာက္ ထိန္းမရေတာ့ျပန္တဲ့ ႏွလုံးခုန္သံေၾကာင့္ ခန့္ေဝယံကိုကိုယ့္ရင္ဖက္ကိုကိုယ္ လက္ကေလးနဲ႕အသာဖိထားမိသည္ ။
ေဆးခန္းျပဖို႔အေရး အရင္googleေခါက္ၾကည့္တာ အဒါေရာဂါမဟုတ္ပါဘဲ ရင္ခုန္တာတဲ့ေလ ၊ တစ္စုံတစ္ေယာက္ကိုခ်စ္မိတဲ့အခါ ျဖစ္ေပၚလာတဲ့ႏွလုံးသားကအခ်က္ျပမႈတဲ့ ။
မဟုတ္ေသးဘူးေလ မျဖစ္နိုင္တာ ၊ စိုင္းခြန္မိန္းဆိုတာ သူလိုပဲေယာကၤ်ားေလးတစ္ေယာက္ ၊
ေယာကၤ်ားေလးတစ္ေယာက္ဆိုတာထက္ အဒါ သူ႕ထက္၆ႏွစ္ေတာင္ငယ္တဲ့ ကေလး ၊
မျဖစ္ဘူး ခန့္ေဝယံကို မင္းစိတ္ထိန္းရမယ္ ။
သက္ျပင္းတိုးတိုးခ်ကာ မ်က္ဝန္းမ်ားကိုမွိုတ္ခ်ထားလိုက္သည္ ။ အဒီေကာင္ေလးကျပဳစားလြန္းေနသလိုပဲ ။
အဒီေနာက္မွာေတာ့ ၿမိဳ႕အျပင္နားေလာက္ေလးက ၿခံဝန္းအက်ယ္ႀကီးတစ္ခုထဲသို႔ သူတို႔ကားေလးေမာင္းဝင္သြားသည္ ။
အုံ႕အုံ႕မွိုင္းမွိုင္းအပင္စိမ္းစိမ္းႀကီးေတြနဲ႕အတူ သဘာဝရဲ႕ လတ္ဆက္တဲ့ေလရနံ႕ေလးက ၾကည္ႏူးစရာေကာင္းတယ္ ။
"ကိုႀကီးတို႔လာၿပီ ေဟး"
ကားေလးရပ္လိုက္တာနဲ႕ ေနရာအႏွံမွာေဆာ့ေနၾကတဲ့ ကေလးငယ္အခ်ိဳ႕ေျပးလာၾကသည္ ၊ သနပ္ခါးပါးပါးအရည္က်ဲေလးေတြနဲ႕ကေလးငယ္ေလးေတြက အျပစ္ကင္းစင္စြာၿပဳံးရယ္ေနၾကေလရဲ႕။
"ကိုႀကီးတို႔ကိုေမွ်ာ္ေနတာ"
"မမကိုေရာ"
"မမကိုလည္းေမွ်ာ္တယ္"
"လာပါဦး ဒီကိုႀကီးကဖက္ခ်င္လို႔"
သြင္မင္းက ဒူးတစ္ဖက္ေထာက္ကာေခၚလိုက္ေတာ့ ကေလးငယ္ေလးေတြကအေျပးေလးဝိုင္းဖက္လာၾကသည္ ။
"စုတ္ဖြားေလးေရာ"
ခန့္ေဝယံကို သူဆီကိုအၿမဲဦးေအာင္ေျပးလာတတ္တဲ့ ကေလးငယ္ကိုမေတြ႕သည္ေၾကာင့္ ေမးလိုက္ေတာ့ ၊ သူတို႔ထဲမွကေလးငယ္တယ္ဦးက ျမက္ခင္းျပင္ကြင္းဘက္လက္ညွိုးထိုးျပကာ
"ဟိုးမွာေျပးလာေနၿပီ"
ဆံပင္ဝါေဖ်ာ့ေဖ်ာ့အေရာင္ေလးရဲ႕ ဝကစ္ကစ္ေကာင္ေလးက ေျခတံတိုတိုေလးေတြႏွင့္အေျပးလာေနသည္မွာ လုံးတစ္တစ္ေလးမလို႔ခ်စ္စရာ ။
"ကိုကို"
အေဝးကေနေအာ္ေနသည္ေၾကာင့္ ခန့္ေဝယံကိုကပဲ ဦးေအာင္ေျပးသြားလိုက္ကာ ဆြဲေပြ႕ခ်ီလိုက္သည္
"စုတ္ဖြားေလးကို လြမ္းေနတာ"
"တားေရာ တားေရာ"
လက္ေသးေသးေလးေတြနဲ႕သိုင္းဖက္ကာေျပာလာတဲ့ ကေလးငယ္ေလးက ခန့္ေဝယံကို ကိုေတြ႕လိုက္ရလို႔ အေတာ္ေပ်ာ္ေနသည့္ပုံ။
"အာ စုတ္ဖြားေလးကထြားလာလိုက္တာ"
"ကိုကို႔..."
ကေလးငယ္ေလးနဲ႕ခန့္ေဝယံကို အလြမ္းသယ္ေနၾကတာ ခ်စ္စရာေကာင္းေနေပမယ့္ စိုင္းခြန္မိန္းအတြက္ေတာ့ မိုးမီးေလာင္ေတာ့မည့္ပုံျဖစ္ေနသည္ ။
ကိုကိုတဲ့ ၊ ဆံပင္ဝါေၾကာင္ၾကားနဲ႕ အဒီစုတ္ဖြားဆိုတဲ့ေခြးေပါက္စက ငါ့ကိုကို႔ ကိုမ်ား ကိုကိုတဲ့ ။
"အမယ္ေလး စုတ္ဖြားေလးေရ မမတို႔လည္းပါတယ္ေလ"
ခန့္ေဝယံကိုက ထိုကေလးငယ္ကိုခ်ီလ်က္သားေလး သူတို႔အနားျပန္ေရာက္လာေတာ့ ျမတ္နိုးကစလိုက္သည္ ။
"ဟင့္အင္ ကိုကို"
"ဟုတ္တယ္ေနာ့ ကိုကိုပဲလြမ္းတာဟုတ္တယ္မလား"
"ဟုတ္တယ္"
"မိန္း ဒီကေလးေလးကခ်စ္ဖို႔ေကာင္းတယ္မလား ဟင္"
ခန့္ေဝယံကိုမွာေတာ့ ဘာေၾကာင့္ရယ္ေသခ်ာမသိ စိုင္းခြန္မိန္းရဲ႕ စူပုတ္ေနတဲ့မ်က္ႏွာထားေၾကာင့္ ကေလးငယ္ကိုေပြ႕လ်က္ စိုင္းခြန္မိန္းရဲ႕ေဘးသြားရပ္လိုက္သည္ ။
"ဟင္လို႔"
"အင္း"
တင္းမာေနေသာမ်က္ႏွာထားနဲ႕ ခပ္မာမာေလသံေၾကာင့္ ခန့္ေဝယံကိုေၾကာင္သြားရသည္ ။ အေစာကတင္အေကာင္းကို
"ကိုကို"*2
ၿပိဳင္တူထြက္ေပၚလာတဲ့ ေခၚသံႏွစ္ခုေၾကာင့္ ခန့္ေဝယံကိုဘယ္သူ႕ကိုျပန္ထူးလိုက္ရမလဲမသိေတာ့ ။
"ကိုကို တားကိုၾကည့္"
ခန့္ေဝယံကိုပါးေလးကိုကိုင္လ်က္ ေျပာလာေသာ ကေလးငယ္ေလးေၾကာင့္ စိုင္းခြန္မိန္းမ်က္ႏွာပိုေမွာင္မဲလာသည္ ။
"တားနဲ႕တူတူေဆာ့မယ္ေလေနာ္"
"အင္း ေဆာ့မွာေပါ့ ကိုကိုနဲ႕စုတ္ဖြားေလးတို႔အတူတူေဆာ့မယ္ေနာ္"
"ေရး ဒါမွတားကိုကို"
"ကိုကို"
"ဟင္ အင္းမိန္းေျပာေလ"
"သြားၾကမယ္ေလ သူတို႔ေတာင္သြားၿပီ"
"ေအာ္အင္း"
"ကိုကိုတားနဲ႕ပဲေနေနာ္"
"ဟုတ္ပါၿပီဗ်ာ"
စိုင္းခြန္မိန္းဘယ္လိုမွစိတ္မၾကည္ေတာ့ သို႔ေပမယ့္တစ္ဖက္က ကေလးတစ္ေယာက္ျဖစ္သည့္အျပင္ သူ႕မိဘေတြအစား ကိုကို႔အားတြယ္တာေနတာပါလားဟုေတြးကာေျဖသိမ့္ေနရသည္ ။
ပစၥည္းေတြကို ထိုေက်ာင္းကလုပ္အားေပးအခ်ိဳ႕ကကူသယ္ေပးတာေၾကာင့္ ခန့္ေဝယံကိုနဲ႕စိုင္းခြန္မိန္းမွာ သယ္စရာပင္မက်န္ေတာ့ေပ။
ခန့္ေဝယံကိုက ကေလးငယ္အားေပြ႕ခ်ီလ်က္ သုံးေယာက္သားလမ္းေလ်ာက္ေနၾကရင္း
"စုတ္ဖြားေလး မားမားနဲ႕ေခၚသြားၿပီလား"
"ေန႕ေခၚဘူး ညပဲေခၚတာ"
"အယ္ဘာလို႔လဲ"
"တားကို မိုင္မိုင္ပဲအတင္းေကြၽးေနတာကို"
"မိုင္မိုင္စားမွအားရွိမွာေလ စုတ္ဖြားေလးရဲ႕"
"ကိုကို ဒီေကာင္ေလးမွာက"
စိုင္းခြန္မိန္းသူတို႔ေျပာေနတာကို သိပ္မရွင္းတာေၾကာင့္ ေမးဖို႔ျပင္လိုက္ေတာ့ ခန့္ေဝယံကိုသေဘာေပါက္သြားကာ ။
"စုတ္ဖြား ၊ အာ ဝီလွ်ံေလးက ဒီကေဂဟာမႉးသားေလ ကေလးမရေတာ့ဘူးထင္ေနၾကရင္းမွ ဝီလွ်ံေလးကိုရလာတာ"
"အာ"
အဒီလိုဆိုေတြ႕ၾကေသးတာေပါ့ကြာ မင္းကိုငါ့ကိုကိုနားကခြာထုတ္ရမယ္ ။
"ကိုကို ဒီအကိုႀကီးက ဘယ္သူလဲဟင္"
ေသာက္ကေလးက ငါ့က်အကိုႀကီးတဲ့ ။
"ငါကလား ငါကခပ္ေခ်ာေခ်ာအကိုႀကီးေလ "
"ဟုတ္ပါဘူး တားကိုကိုကပိုေခ်ာတာ"
ခ်ီးပဲ အဒါငါ့ကိုကိုကြ ။
စိုင္းခြန္မိန္း ထိုကေလးအားမၾကည္ၾကည့္ ၾကည့္ေတာ့ ၊ ထိုဟာေလးကလည္း ထိုအတိုင္းျပန္ၾကည္လာသည္ ။
ဒါသက္သက္ စိန္ေခၚေနတာပဲ ။
"စုတ္ဖြားေလး ဒီမွာ ခဏေနေနဦးေနာ္ ကိုကိုလုပ္စရာေလးရွိေသးလို႔"
ခန္းမအေဆာက္အဦးထဲေရာက္ေတာ့ ကေလးေတြအား ပစၥည္းေတြေဝရန္လုပ္ရမည္ျဖစ္တာေၾကာင့္ ခန့္ေဝယံကိုက ကေလးငယ္အား ခုံတန္းတစ္ခုေပၚထိုင္ေစသည္ ။
"ဟုတ္ကိုကို"
"မိန္း ကိုယ္တို႔သြားရေအာင္လာ"
"ဟုတ္"
ခန့္ေဝယံကိုေခၚရာေနာက္လိုက္သြားရင္း စိုင္းခြန္မိန္းက်န္ခဲ့ေသာကေလးငယ္အား လွ်ာထုပ္ေျပာင္ခဲ့လိုက္ေသးသည္ ။ ထိုကေလးငယ္မွာေတာ့ ခုန္ခြခုန္ခြျဖစ္ေနေလရဲ႕ ။
မင္းငါ့ကိုမနိုင္ပါဘူးကြာ ။
သူတို႔ေဝေပးေသာပစၥည္းေတြအား ယူကာ ဝမ္းသာအားရၿပဳံးရယ္ေနေသာ ကေလးငယ္ေတြနဲ႕ထပ္တူ သူတို႔အားလုံးေပ်ာ္ခဲ့ၾကသည္။
အေဆာက္အဦးအႀကီးႀကီးေတြမွာ တခမ္းတနားဖိတ္စာေတြနဲ႕ တန္းတူလူတန္းစားေတြၾကားမွာသာ ျပဳလုပ္တဲ့အလႉထက္ ယခုကဲ့သို႔အလႉကို ပိုသေဘာက်ပါသည္ ။
ၿပီးေနာက္ ေဂဟာမႉးနဲ႕သြားေတြ႕ကာ ရန္ပုံေငြထည့္လႉၾကၿပီး ကေလးေတြအတြက္ေန႕လည္စာဝိုင္းျပင္ေပးၾကသည္ ။
ၿဖိဳးထက္ေအာင္က ျမတ္နိုးနားမွာ မခြာတမ္းကပ္ေနတာေၾကာင့္ တစ္ေယာက္ထဲျဖစ္ေနရွာတဲ့ အဂၢပိုင္မွာေတာ့ အနားကေန မထိတထိလိုက္စေနတဲ့ သြင္မင္းနဲ႕ ပြစိပြစိစကားမ်ားေနရသည္ ။
အိမ္အလုပ္ကိုဆို ပန္ကန္တစ္ခ်ပ္ကိုမွပင္မကိုင္ဘူးသည့္ စိုင္းခြန္မိန္းမွာ ထိုအမ်ားႀကီးအားကိုင္တြယ္ ကူလုပ္ေပးေနရတာ အနည္းငယ္အခက္ေတြ႕လွသည္ ။
"မိန္း ေနေနပါ့လား ကိုယ္လုပ္မယ္ေလ"
"ရတယ္ကိုကို"
ထိုအခိုက္
"ကိုကို တားကိုေခၚ"
ခန့္ေဝယံကိုရွိရာ ေျပးလာေသာ ကေလးငယ္ေလးအား စိုင္းခြန္မိန္းကဦးေအာင္သြားေပြ႕ခ်ီလိုက္ကာ
"လာ သြားေဆာ့ၾကမယ္"
"ဟင္ ေဆာ့ဘူးကိုကို႔ဆီသြားမွာ"
"ကိုကိုကမအားေသးဘူး ေခြးစုတ္ဖြားေလးရဲ႕ ငါနဲ႕ေဆာ့ၾကမလား ၊ ကိုကို ကြၽန္ေတာ္ဒီေကာင္ေလးနဲ႕ေဆာ့ေနလိုက္မယ္ေနာ္"
"ေကာင္းသားပဲ စုတ္ဖြားေလးအဒီကိုကိုနဲ႕ေဆာ့ႏွင့္ေနာ္"
"မေဆာ့..ဝု"
ဆက္မေျပာခင္ ကေလးငယ္အား ပါးစပ္ကိုပိတ္လိုက္တာေၾကာင့္ ဝူးဝါးေအာ္ကာ စိုင္းခြန္မိန္းေနာက္႐ုန္းကန္ရင္းပါသြားသည္ ။
မင္းလိုစုတ္ဖြားေကာင္က ကိုကို႔အနားကပ္လို႔ရမယ္ထင္ေနလား ။
ကြင္းျပင္က်ယ္ဘက္ဦးတည္လိုက္ၿပီး သစ္ပင္တစ္ပင္ေအာက္ထိုင္လိုက္ၿပီးမွ ထိုစုတ္ဖြားေကာင္ေလးရဲ႕ပါးစပ္ကိုဖြင့္ေပးလိုက္သည္ ။
ၿပီးေနာက္ ေဘးခ်ေပးလိုက္ခ်ိန္မွာပင္ ခ်က္ခ်င္းကုန္းထေျပးတာေၾကာင့္ လက္ဆန့္ကာဂုတ္မွဆြဲကိုင္၍ ျပန္ထိုင္ေစၿပီး ။
"အား လြတ္ေပး"
"ဒီမွာထိုင္"
"မထိုင္ဘူး ကိုကို႔ဆီသြားမွာ"
"မသြားရဘူး ကိုကိုမအားဘူး အိုေက"
"နိုး မအိုေကဘူး ကိုကိုေရလို႔"
"မေခၚနဲ႕ အဒါငါ့ကိုကို မင္း ကိုကိုလို႔မေခၚနဲ႕"
"ေခၚမွာပဲ တား ကိုကို"
"ငါ့ကိုကိုလို႔ မင္းက ကိုႀကီးခန့္လို႔ေခၚ"
"ေခၚဘူး တားကိုကို"
"ငါ့ကိုကိုလို႔"
"တားကိုကိုပါဆို"
"ငါ့ကိုကိုလို႔ဟ"
"တားကိုကိုပါလို႔"
"မင္းကလက္ေတာက္ေလာက္နဲ႕ ငါ့ကိုလာၿပိဳင္ေနတာလား"
"အကိုႀကီးကေရာ လူႀကီးဟုတ္ဘူးလား အဒါတားကိုကိုပါဆို"
"မင္းဘယ္ႏွႏွစ္လဲ ေျပာရဆိုရလက္ေပါက္ကပ္ေနတာ"
"၃ႏွစ္ျပည့္ၿပီးၿပီ ဘာမွတ္"
စိုင္းခြန္မိန္းတို႔ ရန္ပြဲတိုင္းနိုင္လာသမွ် ဒီစုတ္ဖြားေကာင္ေလးနဲ႕မွ အၿပိဳင္ျဖစ္ေနရသည္ ။ ကေလးမလို႔သာေပါ့ကြာ ၊ ႏႈတ္ခမ္းေလးေထာ္လာလိုက္ ၊ မ်က္လုံးကစိုက္ၾကည့္လာလိုက္နဲ႕ ရန္လုပ္ေနတာက ေကာက္ထုပစ္ခ်င္စရာေလး ။
"ေဟ့ေခြးစုတ္ဖြား"
"တားကေခြးမဟုတ္ဘူး"
"စုတ္ဖြားဆိုတာေခြးပဲေလ"
"ေခြးဟုတ္ဘူးလို႔"
"အဒါဆို dog"
"ေဒါ့လည္းဟုတ္ဘူး မွတ္ထား အကိုႀကီးကို ကိုကိုနဲ႕တိုင္မွာ"
"တိုင္လည္း ငါ့ကိုကိုက ငါ့ကိုခ်စ္တယ္"
"တားကိုကိုက တားကိုခ်စ္တာ"
"ကေလးေနရာကေလးေနစမ္း"
"လူႀကီးေနရာလူႀကီးေနေလ"
"မင္းကဘာတုန္းဟ"
"အကိုႀကီးကေရာဘာတုန္း"
"ကေလးျဖစ္ေနလို႔ေပါ့ကြာ"
"အကိုႀကီးလည္းလူႀကီးျဖစ္ေနလို႔"
"အမယ္မင္းကဘာလုပ္မလို႔လဲ"
"အကိုႀကီးကေရာဘာလုပ္မလို႔လဲ"
ထိုသို႔ႏွင့္ မၿပီးဆုံးနိုင္ရန္ပြဲက ဘယ္ကေနဘယ္လိုၿပီးဆုံးသြားသည္မသိ ။ ခန့္ေဝယံကို ထိုအနားေရာက္သြားေတာ့ စိုင္းခြန္မိန္းကေနာက္ကသစ္ပင္ကိုမွီကာ အိပ္ေပ်ာ္ေနၿပီး ၊ ကေလးငယ္ေလးကစိုင္းခြန္မိန္းကိုမွီကာအိပ္ေပ်ာ္ေနသည္ ။
ထိုျမင္ကြင္းက ခ်စ္ဖို႔ေကာင္းလြန္းသည္မလို႔ ခန့္ေဝယံကိုဖုန္းထုတ္လိုက္ကာ မွတ္တမ္းတင္လိုက္မိသည္ ။
သူ႕ရဲ႕အဝါေရာင္စုတ္ဖြားေခြးေပါက္ေလးနဲ႕ ပီေကလိုေခြးေပါက္ေလး ႏွစ္ေကာင္အတူအိပ္ေနတာ ခ်စ္စရာေကာင္းလြန္းလွသည္ ။
***********************************
***********************************
ဆက္ရန္