Cruel Flowers ( Season 2) : P...

By AliceYay-Zhang

42.1K 3.6K 498

ဖြစ်တည်မှုတိုင်းက မလှပ​ဘူး ဒါ​ပေမယ့် ကိုယ်ရဲ့ဖြစ်တည်မှုက​တော့ မင်းဆိုတဲ့ လူသား​လေးမို့ လှပသည်ထက်ပိုပါတယ် ~ ျဖ... More

Intro
Ep-1 (Uni/Zawgyi)
Ep-2 (Uni/Zawgyi)
Ep-3 (Uni/Zawgyi)
Ep-4 (Uni/Zawgyi)
Ep-5 (Uni/Zawgyi)
Ep-6 (Uni/Zawgyi)
Ep-7'1 (Uni/Zawgyi)
Ep-7'2 (Uni/Zawgyi)
Ep-8 (Uni/Zawgyi)
Ep-9'1 (Uni/Zawgyi)
Ep-9'2 (Uni/Zawgyi)
Ep-10 (Uni/Zawgyi)
Ep-12 (Uni/Zawgyi)
Ep-13 (Uni/Zawgyi)
For ( Season 3 )

Ep-11 (Uni/Zawgyi)

1.6K 189 24
By AliceYay-Zhang

Unicode
________









FORJ Hotel ရဲ့ ပထမအထပ်မှာ
တစ်စုံတစ်​​ယောက်ကို Lily နဲ့ အတူ
Jennie တို့ ထိုင်​စောင့်​နေခဲ့ကြတယ်

အနားကို​ရောက်လာတဲ့ အမျိုးသမီးက
​ဘေးထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ပြုံးပြလာသည်နှင့်





" Hotel ရဲ့ မန်​နေဂျာချုပ် Somi ? "





" ဟုတ်ကဲ့ ~ ကျွန်မပါ
ဒါနဲ့ ဘာကိစ္စရှိလို့လဲမသိဘူး "





Lily ​မေးလိုက်​တော့ သူမက
ယဥ်ယဥ်​ကျေး​ကျေးပြန်​​ပြောလာတယ်





" ကျွန်မ နဲ့ Jennie Kim တို့ရဲ့
​လာမယ့် Sunday မှာ ကျင်းပမယ့်
မဂ်လာပွဲကိစ္စ​လေး ​ပြောချင်လို့ပါ "





" ​နောက်​ ၄ ရက်​​နေရင်ကျင်းပမယ့်
လက်ထက်ပွဲကိစ္စကို ​ပြောချင်တာလား ? "





" ဟုတ်ပါတယ်

ကျွန်မ​ပြောချင်တာက​တော့
အဲ့ဒီ့အပတ်ထဲမှာ ​နောက် ၃ ရက်​နေရင်
ထပ်ပြီးကျင်းပမယ့် မဂ်လာပွဲတစ်ခုအတွက်
ကြားထဲအချိန်နဲ့​နေရာ စီစဥ်ခိုင်းမလို့ပါ "





Somi က နားမလည်သလိုပြုမူတယ်





" မသိရင် တစ်​​ယောက်​ယောက်ရဲ့
ဇာပနပွဲအပြီး ထပ်လုပ်မယ့်မဂ်လာပွဲလိုပဲ​နော် "





" ဒီကိစ္စကို ဘယ်သူမှမသိ​စေပါနဲ့
ကျွန်မ နဲ့ Jennie Kim က လွဲရင်
ဘယ်သူ့ကိုမှ ​ပြောပြလိူ့မဖြစ်ပါဘူး "





Lily ရဲ့ စကား​ကြောင့် သူမ က
မျက်​မှောင်ကျုံ့ပြီး ခပ်ဟဟရယ်​ရင်း





" ​ကောင်းပါပြီ ဒါရိုက်တာ Lily shi !
ကျွန်မ အချိန်ဇယား​တွေရှင်း​ပေးပါ့မယ် "





Jennie Kim ကို အရိုအ​သေ​ပေးပြီး
သူ့အလုပ်ခွင်သူထွက်သွားတဲ့ Somi ​ကြောင့်
Lily သက်ပြင်းရှည်တစ်ချက်ချမိလိုက်တယ်





" မင်းရဲ့ အမ မသိ​လောက်ပါဘူး​နော် ?
သူသာ သိသွားရင် ပြသနာ​တွေဖြစ်ကုန်လိမ့်မယ် "





" Chaeng ​လေး ကိစ္စနဲ့ခရီးသွား​နေတာမို့
သူ ဒီဖက်မှာ သိပ်အာရုံမစိုက်မိလောက်ပါဘူး "





​အေး​အေး​ဆေး​ဆေးပဲ​ ပြောလာတဲ့
Lily ကို Jennie တကယ်အားနာမိတယ်

လူတစ်​ယောက်က ​ပျော်​​ပျော်ရွှင်ရွှင်နဲ့
သူ​သေရဖို့အတွက်ကို ကြိုးစား​​​​နေသလိုပဲ





" သွားကြ​တော့မလား ?
မနက်ကလည်း ဝတ်စုံကိစ္စသွားပြီးပြီဆို​တော့
Lily နည်းနည်းပင်ပန်း​နေလို့ နားချင်​ပြီ "





" ​အဲ့ဒါဆိုရင်လည်း ပြန်ကြတာ​ပေါ့ "





Hotel ထဲက​နေ ထွက်သွားကြတဲ့
Jennie နဲ့ Lily တို့ကို ဝန်ထမ်း​တွေက
အရိုအ​သေ​ပေးပြီး နှုတ်ဆက်ကြတယ်

ကား​ထဲဝင်သွားကြတဲ့ သူမတို့ 2 ​ယောက်ကို
အ​စောက သူတို့ထိုင်​နေတဲ့​နေရာရဲ့​အ​နောက်ဖက်ထိုင်ခုံမှာ
ထိုင်​နေ​သောအမျိုးသမီးက ပြုံးပြီး​တော့
ကားထွက်သွားတဲ့တစ်​လျှောက် ​ငေးကြည့်​နေခဲ့သည်

​လေပူတစ်ချက်မှုတ်ထုတ်လိုက်​တော့
မျက်နှာ​ကိုကွယ်​နေတဲ့ ခဲ​ရောင်ဆံပင်တစ်ချို့ဟာ
ခပ်မဲ့မဲ့အပြုံးနဲ့သူမကို ပို​တောက်ပ​စေတယ်





" Circe ရဲ့ခန္ဓာကိုယ်ကို
အငှားသုံးခဲ့ရတဲ့ အကျိုး​ကျေးဇူး​တွေက
ဒီဘဝမှာ​ Jennie Kim ရဲ့
အ​တွေးတစ်ချို့ကို လှမ်းဖတ်နိုင်တာမို့

မင်းတို့လုပ်မယ့်အရာ​တွေကို
ငါက ဖြစ်ခွင့်​ပေးမှာမဟုတ်ဘူး "

















~~~~~~~~~~~~~~~~~~~~~~~~~~












Jennie တို့ အိမ်ပြန်​ရောက်လာ​တော့
ခြံထဲက ကားအသစ်တစ်စီးကို သတိထားမိတယ်

ရုတ်တရက်​ခေါင်းထဲဝင်လာတဲ့အ​တွေးက
Landon ကို သွားတဲ့ သူမ ပြန်​ရောက်​နေပြီလား ?





" ဒါ unnie Chaeyoung ရဲ့ကားပဲ
ဧကန္တ အမ နဲ့ အတူ လိုက်လာတာထင်တယ်
Chaeng ကို အမြန်သွား​တွေ့မှ ~ လွမ်း​နေခဲ့တာ "





ပြုံးရယ်ပြီး အိမ်ထဲ​ပြေးဝင်သွားတဲ့
Lily ရဲ့ အ​နောက်က​နေ Jennie လည်း
အိမ်ထဲကို အတူ လိုက်ဝင်လာခဲ့သည်





အထဲ​ရောက်​တော့ ဧည့်ခန်းထဲမှာထိုင်​နေတဲ့
Chaeyoung က မျက်နှာသိပ်မ​ကောင်းဘူး

​​ဘေးမှာဝင်ထိုင်လိုက်တဲ့ Lily ရဲ့​ဘေးမှာ
Jennie မတ်တပ်ရပ်​နေရင်း Li ကို ရှာ​နေမိသည်





" Chaeng ​ရော မပါလာဘူးလား ? "





Lily ​မေးလိုက်​တော့ Chaeyoung က ငိုတယ်

ရုတ်တရက်​ကြောင်သွားတာမို့
Baek ကို လှမ်းကြည့်လိုက်​တော့
သူလည်းပဲ မျက်နှာမ​ကောင်းဘူး





" Lisa ဘယ်မှာလဲ ? "





Baek ကို Jennie ​မေးလိုက်တယ်





" သူ​ဌေးက အခန်းထဲမှာနား​နေတယ် "





စကားဆုံး​အောင်နားမ​ထောင်ဘဲ
Jennie အ​ပေါ်ထပ်ကိုပြေးတက်လာခဲ့တယ်

​ရောက်​ရောက်ချင်း Lisa ရဲ့
အခန်းတံခါးကို ဖွင့်​တော့
မြင်လိုက်ရတာ​တွေက အခန်းနံရံမှာ
စုတ်ပဲ့​နေတဲ့ လက်သည်းကုတ်ရာ​တွေအပြည့်

ကုတင်​ပေါ်ကိုကြည့်လိုက်​တော့
​ဒူးနှစ်ဖက်​​ထောင်ပြီး ​မေးတင်ကာ ​
ပြူတင်း​ပေါက်ကို​ ငေးကြည့်​နေတဲ့
Lisa က အများကြီးငိုထားပုံပဲ

ကုတင်အနားကိုသွားပြီး
သူမရဲ့​ဘေးမှ ဝင်ထိုင်လိုက်​တော့
​မော့ကြည့်လာတဲ့ မျက်ဝန်း​တွေက
နာကျင်မှု​တွေနဲ့ ပြည့်နှက်​နေခဲ့တယ်





" ဘာ​တွေဖြစ်ခဲ့တာလဲ Li ? "





" Chaeng ကို ထပ်ဆုံးရှုံးရပြန်ပြီ "





လွန်ခဲ့တဲ့ 7 နှစ်​လောက်ကအထိ
Chaeyoung နဲ့ က​လေးကို သ​ဘောမကျခဲ့​ပေမယ့်
အခုလိုမျိုးကြားရ​တော့ Jennie စိတ်မ​ကောင်းဘူး

Lisa ကို ​ပွေ့ဖက်​ပေးလိုက်​တော့
သူမက Jennie ရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး ငိုတယ်





" အားလုံးက ကိုယ့်​ကြောင့်ပဲ
ဦး​လေး Park အပါအဝင် အ​မေ နဲ့
Chaeng ​သေရတာ ကိုယ့်​ကြောင့် Jennie ! "





" ဘာလို့ အဲ့ဒါ Li ​ကြောင့်ရမှာလဲ ?
အဲ့လိုမ​ပြောပါနဲ့ ~ အခုကိစ္စ​တွေအားလုံးက
ဟိုမိန်းမ​ကြောင့် ဖြစ်ရတာမဟုတ်လား ? "





ရင်ခွင်ထဲက​နေထွက်ပြီး
Jennie ကို မျက်နှာချင်းဆိုင်ကြည့်လာတဲ့
သူမရဲ့မျက်ဝန်း​တွေမှာ ​​
တစ်ခုခုကို​ ပြောပြချင်​နေသလိုမျိုး ။





" ​နေနတ်ဘုရားရဲ့သမီးအငယ်ဆုံးကို
Jennie မှတ်မိ​သေးတယ်မလားဟင် ? "





Lisa​ပြောတဲ့ အ​ကြောင်းအရာ​တွေကို
​ခေါင်းထဲမှာအလုပ်​ပေးပြီး စဥ်းစား​ကြည့်ပေမယ့်
ဘာတစ်ခုမှ Jennie ​သေချာသတိမရလာဘူး ။





" ရုပ်နာမ်မရှိဘဲ​မွေးလာလို့
Jennie ရဲ့ ကိုယ်ထဲမှာအငှား​​နေခဲ့တဲ့
​နေနတ်ဘုရားရဲ့သမီး Aegiale ...





" မှတ်မိပြီထင်တယ် Li !
ဒါ​ပေမယ့် Jennie လက်မထက်ခင်
သူမကို ထပ်ပြီးမ​တွေ့​ဖြစ်တော့ဘူး​လေ "





ဂရိနတ်ဘုရားသမိုင်းစာအုပ်ထဲမှာ
ပါတဲ့အကြောင်း​အရာတွေက အကုန်မဟုတ်ဘဲ
တိန်ချန်ထားတာ​တွေ အများကြီးရှိ​သေးတယ်

​နေနတ်ဘုရားက Circe ကို
လူသားမျိုးနွယ်​သွေးပါဝင်လို့ ထိခိုက်လာမှာစိုးပြီး ​
မွေးစားခဲ့တာသက်သက်ချည်းမဟုတ်ဘဲ
သူ့ရဲ့သမီးအငယ်ဆုံး Aegiale ​က
ဝိဥာဥ်သက်သက်​မွေးလာတာမို့ Circe ရဲ့
ကိုယ်မှာကပ်​နေနိုင်ရန် အသုံးချဖို့မွေးစားခဲ့တာ

ဒါ​ပေမယ့် Aegiale ကို
ဂရိအိမ်​ရှေ့စံ နဲ့ Circe လက်မထက်ခင်ကတည်းက
မိမိခန္ဓာကိုယ်မှာ ထပ်မ​တွေ့ဖြစ်​တော့ဘူး​





" သူက ဘာဖြစ်လို့လဲ ? "





" Mrs . Grey က Aegiale ပဲ "





Lisa ရဲ့ စကားက Jennie ကို
အ​တော်​လေး ​တွေးစရာ​တွေများ​​စေတယ်

Mrs . Grey က လူဝင်စားဆိုရင်
သူမ ဘာကိုလိုချင်လို့ ခုလို​တွေလုပ်​နေတာလဲ ?





" သူက ဘာလိုချင်တာလဲ ?

တို့​တွေ သူ့​အ​ပေါ်အမှားမလုပ်ထားဘူး​လေ
ဘာလို့ အခုလိုမျိုးလိုက်​ဒုက္ခ​ပေး​​နေရတာလဲ ? "





" သူ့ကို ကိုယ်သတ်ခဲ့တယ် "





ဘာ​ပြန်ပြောရမလဲဆိုတာ
Jennie လုံးဝမသိ​တော့ဘူး

Aegiale ကို
သူမက ဘာလို့သတ်ခဲ့ရတာလဲ ?





" ကိုယ် Jennie ကို ချစ်​နေတာ
သူသိတော့ အရမ်းစိတ်ဆိုးသွားတယ်
တစ်ချိန်ချိန်ကျရင် Jennie ရဲ့ခန္ဓာကိုယ်မှာ
သူ​ထပ်ပြီး ကပ်တွယ်နေလို့မရမှာစိုးရိမ်ပြီး​တော့​လေ

​နောက်ပြီး အဲ့ဒီ့ခန္ဓာကိုယ်ကိုအပိုင်ရယူဖို့
သူကြိုးစား​နေတာ ကိုယ်သိခဲ့ရတာ​ကြောင့်သတ်ပစ်လိုက်တာ

အမှန်ဆို အားလုံးကကိုယ့်ရဲ့အမှား​တွေချည်းပဲ "





Lisa ရဲ့ပုခုံး​ကိုမှီရင်း
အချိန်တစ်ခုထိ ငြိမ်​နေမိခဲ့တယ်

သူမကလည်း ဘားမှမ​ပြောလာသလို
Jennie ကိုယ်တိုင်လည်း ဘားမှမ​ပြောဖြစ်​​သေးဘူး





ခဏ​လောက်ကြာ​တော့ သူမက
Jennie ရဲ့ လက်နှစ်ဖက်ကိုစုကိုင်ပြီး





" ကိုယ်​သေမယ့်အချိန်ကို သူ​စောင့်​နေတာ
အကယ်၍ ကိုယ်မ​သေခဲ့ရင် Chaeyoung အပါအဝင်
Lily နဲ့ Jennie ကိုပါ သူသတ်မယ်လို့​ပြောတယ်

​နောက် 4 ရက်​နေရင် ​နေကြတ်လိမ့်မယ်
မဂ်လာပွဲစပြီး​တော့ အချိန်ခဏကြာရင်ပေါ့

အဲ့အချိန်မှာပဲ ကိုယ့်ကိုအဆုံးသတ်​ပေးပါ​နော် "





" တို့မသိ​​သေးတာ​တွေ ဘာထပ်ရှိ​လဲ ?
​နောက်ပြီး နံရံ​ပေါ်က ကုတ်ခြစ်ရာ​တွေက ...





" အဲ့ဒါက ဘားမှမဟုတ်ပါဘူး
ကိုယ်​ပြောတာကိုပဲ လုပ်​ပေးပါ​နော် "





" အင်းပါ Li ရယ် "





ဘားမှထပ်မ​မေး​နေ​တော့ဘဲ
မျက်လုံး​တွေကိုမှိတ်ထားပြီး တိတ်ဆိတ်နေလိုက်သည်





အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာမ​သေချာဘူး
ဒါ​ပေမယ့် Li ​သေဖို့ဆိုတာ ပိုပြီး​တော့မ​သေချာ​​ဘူး

​နေ့ရက်​တွေက ကင်ဆာ​​ရောဂါခံစား​နေရတဲ့
လူနာတစ်​​ယောက်လိုမျိုး ​သေမယ့်ရက်ကိုကြိုသိ​နေပြီး
ကျန်ရှိ​နေ​သေးတဲ့အချိန်​တွေမှာ တတ်နိုင်သ​​လောက်
မပြိုလဲကျသွား​အောင် ကြိုးစားပြီးထိန်း​နေရတယ်

အချိန်​တွေသာ ​နောက်ဆုတ်လို့ရမယ်ဆိုရင်
ဂရိအိမ်​ရှေ့စံကို လုံးဝလက်ထက်ခဲ့မှာမဟုတ်ဘူး

ဒါ​ပေမယ့် Lice ကို​ အသက်​လောက်ထိချစ်မယ့်
Ruby ဟာ ​မ​ပြောင်းလဲဘဲ ဆက်ရှိ​နေလိမ့်မယ်

နှစ်​ယောက်အတူ တစ်​နေရာဆီထွက်​ပြေးပြီး​တော့
​ပျော်ရွှင်စရာ​ကောင်းတဲ့ဘဝတစ်ခုကိုလည်းကြိုးစားဖန်တီးခဲ့မှာ

​လောကမှာချစ်ခြင်း​မေတ္တာက
စွမ်းအားအကြီးဆုံးလို့ ဘုရားသခင်​ပြောခဲ့​ပေမယ့်
Jennie နဲ့ Li က ​​ဘာ​ကြောင့် ချွင်းချက်ဖြစ်​နေရတာလဲ ?

တစ်ခါ​လောက်​တော့ သာမန်ဘဝမှာ
ဇနီးမယားအဖြစ် အိမ်ရှင်မတစ်​​ယောက်အဖြစ်
​နောက်ပြီး မိခင်တစ်​ယောက်အဖြစ်နဲ့
Li ရဲ့ ​ဘေးမှာ​နေပြီး ​ပျော်ရွှင်ချင်မိပါတယ်





ကျလာတဲ့မျက်ရည်​တွေကိုသုတ်ပြီး
မျက်လုံး​တွေကိုဖွင့်ကာ ကုတင်​ပေါ်က​နေဆင်းလိုက်တယ်





" Li စားဖို့အတွက် တစ်ခုခုလုပ်လာခဲ့မယ်
​လော​လောဆယ် ခဏအနားယူလိုက်​နော် "





​ခေါင်းညိမ့်ပြလာတဲ့ သူမကို Jennie ​
ကျောခိုင်းရင်း အခန်းထဲက​နေထွက်လာခဲ့တယ်

​အောက်ထပ်ကို​ရောက်တော့
ဧည့်ခန်းထဲမှာ ဝမ်းနည်းတကြီးငို​နေတဲ့ Lily ကို
Chaeyoung က မျက်ရည်​တွေနဲ့ ​​ပွေ့ဖက်​ပေး​ထားတယ်

Jennie ကို မြင်​တော့
အနား​ရောက်လာတဲ့ Baek ​က





" သူ​ဌေး ဘယ်လို​နေ​သေးလဲ ? "





" ခဏနားခိုင်းထားတယ်
ကျွန်မဂရုစိုက်​နေတာမို့ ဘားမှသိပ်စိတ်မပူပါနဲ့

ဒါနဲ့ Chaeyoung က Lisa ထက်ပိုပြီး
စိတ်ဓါတ်ကြံခိုင်​နေသလိုပဲ​နော် Baek ! "





" Chaeng က သမီးအရင်းမဟုတ်​ပေမယ့်
6 နှစ်​ကျော်​လောက် ပြုစုပျိုး​ထောင်​ပေးခဲ့ရတာပါ
ဝမ်းနည်း​နေပေမယ့် ကြည့်ရတာတင်းခံထားပုံပဲ "





" Chaeyoung ရဲ့ သမီးအရင်းမဟုတ်ဘူးလား ? "





" မိဘ​တွေက တာဝန်မယူနိုင်လို့
မိဘမဲ့​ဂေဟာပို့ခံရ​တော့မယ့် က​လေးကို
သူ​​ဌေးကသနားပြီး Chaeyoung ဗိုက်ထဲမှာတင်
​ပျက်ကျပြီး​သေသွားတဲ့က​လေးအစား ​
မွေးစားရ​အောင်လို့ ​ခေါ်လာခဲ့တာပါ

ကျွန်​တော်လည်း မစဥ်းစားတတ်​တော့ဘူး

အရင်က​ပျော်စရာ​ကောင်းခဲ့သ​လောက်
ဘာလို့ အခုလိုမျိုးဝမ်းနည်းစရာ​တွေချည်းပဲ
သူ​ဌေးတို့ သူငယ်ချင်းနှစ်​ယောက်ဆီကို
ဦးတည်ပြီးရောက်လာကြတာလဲဆိုတာ မသိ​တော့ဘူး "





" ဟုတ်တယ်​နော်
အရင်က ​ပျော်စရာ​ကောင်းခဲ့တာ

ဘယ်က​နေ စပြီးမှားခဲ့တယ်လို့​ပြောရမလဲ ?

ဦး​​လေး Park တို့ ​သေတဲ့အချိန်လား ?
ဒါမှမဟုတ် Chaeyoung ကို ကျွန်မ
ကားနဲ့တိုက်သတ်ဖို့ကြိုးစားခဲ့တဲ့အချိန်လား ?
​နောက်ပြီး Li ကို ​ချောက်ထဲတွန်းချခဲ့မိတဲ့အချိန်လား ? "





Baek က ခပ်နွမ်းနွမ်းပြုံးပြပြီး​ခေါင်းခါတယ်





" သူ​ဌေးက Holy J ကို
ဘယ်​တုန်းကမှ မှားတယ်လို့မထင်ခဲ့ဘူး

သူ​ပြောတာ Holy J ကြုံ​တွေ့ခဲ့ရတဲ့
အရာအားလုံးက Mrs . Grey ​နဲ့ သူ့​ကြောင့်တဲ့ "














~~~~~~~~~~~~~~~~~~~~~







Lisa ကုတင်​ပေါ်မှာ အိပ်မ​​ပျော်​ပေမယ့်
မျက်လုံး​တွေပိတ်ထားပြီး လှဲ​နေတုန်း ph ဝင်လာတယ်

​​နာမည်ကိုကြည့်လိုက်​​တော့ Somi ;
FORJ Hotel ရဲ့ မန်​နေဂျာချုပ်

သူမက ဘာ​ကြောင့် ph ဆက်လာတာလဲလို့
စိတ်ထဲမှာ​တွေးမိရင်း Lisa ph ကိုင်လိုက်တယ်





" ​ပြောပါ "





" ​နောက်တစ်ပတ်ထဲ Hotel ရဲ့
အချိန်တွေအားလုံးကိုရှင်းပြီးပါပြီ

ဒုတိယမဂ်လာပွဲကို ဘယ်အချိန်မှာ
လုပ်ချင်လဲမသိဘူး ဒါရိုက်တာ Lily shi ? "





Somi ​ပြောတာကို Lisa နားမလည်ဘူး

Lisa ​သေသွားပြီလို့ ​လူ​တွေသိထားတဲ့အတွက်
မဂ်လာကိစ္စကို Lily အဖြစ် သူမနဲ့ တစ်ခါပဲ​​ပြောဖူးတာ
ကျန်တဲ့ဟာ​တွေက Baek ကို လွှတ်ပြီးခိုင်းခဲ့တယ်

အခု​ပြောတဲ့ ဒုတိယမဂ်လာကိစ္စဆိုတာ
တစ်ခုခု​တော့လွဲ​နေပြီလို့ စိတ်ထဲမှာထင်​နေမိသည်





" ကျွန်မ ဘယ်​နေ့မှာလုပ်မယ်လို့​ပြောခဲ့လဲ ? "





" Lily ပဲ ​3 ရက်ကြာရင်
ဒုတိယမဂ်လာပွဲတစ်ခုထပ်ရှိ​တယ်ဆိုလို့
အချိန်​တွေရှင်း​​ပေးဖို့​ပြောသွားတာ​လေ "





" ​နောက်မှအဲ့ကိစ္စ​ကိုပြောကြတာ​ပေါ့
Somi ကို တစ်ခု​လောက်ခိုင်းစရာရှိတယ်

Mr . Bobby ရဲ့ သမီး​လေးဆုံးသွားလို့
အဲ့ဒါ ဇာပနပွဲကို တက်​ရောက်​ပေးလို့ရမလား ?
​နေစရိတ်စားစရိတ်အပြင် တစ်ခုခုပါစီစဥ်​ပေးပါ့မယ် "





" ဟုတ်ကဲ့ ရပါတယ် "





" 1 ပတ်​လောက်
Landon မှာ အနားယူလိုက်ပါ "





Ph ချလိုက်ပြီးတာနဲ့ Lisa
ဒုတိယမဂ်လာပွဲကိစ္စကို​တွေး​နေမိတယ်

ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး





" ဇာပနပွဲ ?
ဒါဆို Lily က ...





















To be continued........










မကြာခင် ​နောက်ထပ်​​သေမယ့်
သူတစ်​ယောက်ကိုအားလုံးသိရ​တော့မယ် ☹
















◾◾◾◾◾◾◾◾◾◾◾◾◾◾◾






Zawgyi
________
























" ဟုတ်ကဲ့ ~ ကျွန်မပါ




















" ဟုတ်ပါတယ်
















ဘယ်သူ့ကိုမှ ​ပြောပြလို့မဖြစ်ပါဘူး "




































" သွားကြ​တော့မလား ?

















ဒီဘဝမှာ​ Jennie Kim ရဲ့


















~~~~~~~~~~~~~~~~~~~~~~~~~~













































" Lisa ဘယ်မှာလဲ ? "























" ဘာ​တွေဖြစ်ခဲ့တာလဲ Li ? "














































" မှတ်မိပြီထင်တယ် Li !






နေနတ်ဘုရားက Circe ကို

ဒါ​ပေမယ့် Aegiale ကို





" သူက ဘာဖြစ်လို့လဲ ? "





" Mrs . Grey က Aegiale ပဲ "











" သူက ဘာလိုချင်တာလဲ ?











ဘာ​ပြန်ပြောရမလဲဆိုတာ

Aegiale ကို


















ခဏ​လောက်ကြာ​တော့ သူမက






















" အင်းပါ Li ရယ် "

































Jennie ကို မြင်​တော့
အနား​ရောက်လာတဲ့ Baek ​က





" သူ​ဌေး ဘယ်လို​နေ​သေးလဲ ? "





" ခဏနားခိုင်းထားတယ်























" ဟုတ်တယ်​နော်












" သူ​ဌေးက Holy J ကို















~~~~~~~~~~~~~~~~~~~~~














" ​ပြောပါ "























" Lily ပဲ ​3 ရက်ကြာရင်











" ဟုတ်ကဲ့ ရပါတယ် "





" 1 ပတ်​လောက်











" ဇာပနပွဲ ?
ဒါဆို Lily က ...





















To be continued........











Continue Reading

You'll Also Like

253K 32K 65
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
30.8K 1.7K 11
"ချစ်တယ်မောင်" "ကိုသိတယ်Jen"
1.1M 153K 50
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
245K 2K 111
Hey everyone !!!! In this book I will be posting my personal and most fav book and I would say why I it is my fav book