Why! ongoing/unicode(GL)

By fullmoon-11

77.1K 5.4K 697

Gl ပထမဆုံး OCလေးပါ။ ဇာတ်ကောင်နာမည်တူတာလေးတွေရှိရင်တောင်းပန်ပါတယ်။ ထိုက်တော်ဝင်💙ရှင်းသန့်ဖြူ More

1
2
3
4
5
6
7
8
9
10
11
12
13
14
🤓
15
16
17
18
19
for my reader
20
22
No update
23
🥑
24
25
26
27🚫
👏
28
29
HNY🎉
My Art
အကြမ်း
30
31+
😭
32
33
fullmoon

21

1.7K 145 38
By fullmoon-11

"ခဏကကျွန်တော်မြင်လိုက်တာ တကယ်လားဟင် အမ!"

ငြိမ်းသူဇာလင်း သူ့ကိုမော့ကြည့်ပြီးမယုံနိုင်သလိုမေးလာသည့် ရှင်းသန့်လွင်ကိုကြည့်ပြီး ဖြေသင့်နိုး မဖြေသ​င့်နိုးခွဲခြားနေ
မိသည်။ အခုပုံစံက ရှင်းသန့်လွင်က ခုံတန်းပေါ်မှာထိုင်နေတာဖြစ်ပြီး ငြိမ်းသူဇာလင်းကတော့ အပေါ်ထပ်ဘက်ကိုလည်တဆန့်ဆန့်နှင့်ငေးကြည့်ပြီးမတ်တပ်ရပ်နေတာဖြစ်သည်။ ငြိမ်းသူဇာလင်းတစ်ချက်ငြိမ်နေပြီးမှ တံတွေးတစ်ချက်မျိုချလိုက်ပြီးမေးလိုက်သည်။

"အဲ့တော့ ညီမလေးအခုလိုမြင်လိုက်တော့ စိတ်ထဲဘယ်လိုဖြစ်သွားလဲ။ "

ရှင်းသန့်လွင်က တစ်ချက်တွေသွားပြီးမှ...

"ဘယ်လိုမှတော့မနေပေမယ့် ကိုယ့်အမဖြစ်နေတော့ နည်းနည်းအံ့သြယုံပါ။ သူငယ်ချင်းတွေထဲမှာလည်း အဲ့လိုအတွဲတွေရှိတော့ အဆန်းတော့မဟုတ်ပါဘူး။"

"အော်..."

တစ်ခါတိုင်း ကြက်တူရွေးနှုတ်တိုက်ပြောတတ်သည့် ငြိမ်းသူဇာလင်းမှာ သူမဟုတ်သည့်အတိုင်း 'အော်' တစ်လုံးနှင့်သာပြီးလိုက်လေသည်။ မပြီးလို့မရ။ သူလည်းဘာဆက်ပြောရမှန်းမသိတော့။ နှစ်ယောက်ကြား ခဏတိတ်သွားပြီးမှ ရှင်းလွင်ဆီကအသံထွက်လာသည်။

"အမရှင်းသန့်တို့က တွဲနေတာကြာပြီလား။"

ငြိမ်းသူဇာလင်းအခုမှတွေးမိသည်။ သူကသာ အားရပါးရပေးစားနေတာ ရှင်းသန့်ဘက်က တုတ်တုတ်မလှုပ်တော့ ထိုက်ရှင်းအတွဲက တွဲတယ်လည်းပြောလို့မရ။ မတွဲဘူးလို့ပြောရအောင်ကလည်း သူ့မမြင်ကွယ်ရာမှာ ထိတွေ့နေကြတာလည်းအခါခါ။ အဲ့တော့ အခြေအနေကဘယ်လိုလည်းပေါ့နော်။ ငြိမ်းသူဇာလင်း အခန်းဘက်ကိုတစ်ချက်လှည့်ကြည့်သည်။ ဘယ်သူမှမရှိဘူး စိတ်ချရပြီဆိုမှ ခန္ဓာကိုယ်ကို တစ်ဝက်လောက်စောင်းထားရာကနေ ရှင်းလွင်ဘက်ကို အလုံးစုံလှည့်လိုက်တော့သည်။ ဒါမျိုးကိစ္စက မျက်နှာချင်းဆိုင်ပြောကြမှ ပိုထိရောက်တာမို့။ ဒါပေမယ့် ထိုင်တော့မထိုင်ချင်။ အရေးအကြောင်းဆို ဆတ်ခနဲလှုပ်ရှားရဦးမှာဆိုတော့ ပတ်ဝန်းကျင်တစ်ခွင်မျက်စိကစားရသေးသည်။

"အဲ့တာက ရှင်းသန့်ဘက်က ထိုက်တော်ဝင်ကို အကြောင်းမပြန်ရသေးဘူး။ ဒါပေမယ့် ထိုက်ရှင်းကလုံးဝလိုက်ဖက်တဲ့အတွဲပဲ အမအမြင်မှာပေါ့။ ရှင်းသန့်ဘက်ကဘယ်လိုဆုံးဖြတ်မလဲမသိပေမယ့် ထိုက်တော်ဝင်ကိုအမသိရသလောက် သူရှင်းသန့်ကို လက်လျှော့မှာမဟုတ်ဘူး။ အဲ့တာလည်းသူတို့ရဲ့အပိုင်းပေါ့။ အမကသူတို့ကို ဘေးကနေ ကာကွယ်ပေးယုံပဲတတ်နိုင်တယ် တကယ်တမ်းရင်ဆိုင်ရမှာက သူတို့နှစ်ယောက်လေ။ "

ငြိမ်းသူဇာလင်းမှာတော့ ရှင်းသန့်ရဲ့ မိသားစုဝင်ရှေ့မှာ ထိုက်တော်ဝင်ကောင်းကြောင်းနည်းနည်း ပိစိလေးထည့်ပြောပေးလိုက်သည်။ ထိုက်တော်ဝင်ကိုအမြင်ကပ်ပေမယ့် ရှင်းသန့်ရဲ့ညီမရှေ့မှာတော့ ကောင်းတာလေးတစ်ကွက်နှစ်ကွက်ပြောပေးနေတာ အရင်ကထိုက်တော်ဝင်ကိုဆဲခဲ့တဲ့သူမဟုတ်တဲ့အတိုင်း။ ဒါကလည်းသူ့အခင်ဆုံး သူငယ်ချင်းပိစိလေးကြောင့်ပါ။ သူငယ်ချင်းရဲ့ တွဲဖက်ကို ဘယ်လောက်မကြည်ပါစေ အများအမြင်မှာတော့ အကောင်းလေးတွေရွေးပြောပေးရမည်လို့ နှလုံးသွင်း တရားမှတ်ပြီးပြောနေရတာဖြစ်သည်။

ပြောပြီးရှင်းလွင်ကိုကြည့်လိုက်တော့ မြေကြီးကို အသေအကြေစိုက်ကြည့်နေပြီး အတွေးနက်နေသည်။ မသိရင် မကြာခင်သူ့ခြေထောက်ကမြေပြိုမှာမို့စောင့်ကြည့်နေတဲ့အတိုင်း။

ရှင်းသန့်လွင် မနေ့ကတည်းက... မဟုတ်ပေ... အမှန်အတိုင်းပြောရရင် အမရှင်းသန့်ရဲ့ အခန်းဖော် ထိုက်တော်ဝင်ဆိုတဲ့သူ အမရှင်းသန့်အပေါ်ကြည့်တဲ့အကြည့်တွေနဲ့ ပြုမူတဲ့အပြုအမူတွေကို တွေ့ကတည်းက နှစ်ယောက် တစ်ခုခုပဲလို့တော့ စတွေးမိတာဖြစ်သည်။ သူကတော့ကိစ္စမရှိပေမယ့် မိသားစုအသိုင်းအဝိုင်းက အဲ့လိုမျိုးတွေနှင့် စိမ်းသက်ကြတာတွေကြီး။ ကြားဖူးခြင်းလည်းမရှိ ကြုံဖူးခြင်းလည်းမရှိကြ။
အဆိုးဆုံးကတော့ အမေနှင့် ကြီးကြီး။ သူတို့နှစ်ယောက်က ဘယ်သူရှင်းပြရှင်းပြ မရသည့် တစ်ဖက်ပိတ် ရှေးရိုးစွဲတွေဖြစ်နေကြသည်။ အမရှင်းသန့်အပေါ်လည်း မျှော်လင့်ချက်အရမ်းထားလွန်းသည်မို့ မိန်းကလေးချင်းကြိုက်သည့်အပေါ် ထားသည့်သဘောထားကတော့ တွေးကြည့်ယုံနှင့်တင်ရင်လေးစရာ။ ဘေးမှာရပ်နေသည့်ငြိမ်းကတော့ အစောကတည်းက ထောင့်ပေါင်းစုံအောင်တွေးမိသလောက် တွေးထားပြီးသားမို့ ထိုက်ရှင်းအတွဲကို အစောကြီးတည်းက ရင်မောပေးပြီးသား။ အခုပြန်တွေးလိုက်ပြန်တော့လည်း မောတာပင်။

ခုံပေါ်မှာထိုင်နေသည့်သူနှင့် မတ်တပ်ရပ်နေကြသည့်သူနှစ်ယောက်လုံး တူညီစွာပင် သက်ပြင်းအကြီးကြီးချမိကြသည်။ ပြီးမှနှစ်ယောက်လုံး တိုင်ပင်မထားပဲနှင့် ပြိုင်တူ ထိုက်ရှင်း အခန်းကိုလှည့်ကြည့်မိလိုက်ကြသည်။

ငြိမ်းသူဇာလင်းသည် မွေးကတည်းကပါလာသောဗီဇဖြစ်ပုံရသည့် ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် မေးခွန်းပေါင်းစုံအောင်မေးတတ်သောအကျင့်ကိုမဖျောက်နိုင်ပေ။ ထို့ကြောင့် ခဏတာစိတ်ညစ်အပြီးတွင် ခေါင်းထဲပေါ်လာသည့်မေးခွန်းက တွေးလိုက်သည်နှင့်နှုတ်ဖျားပေါ်တန်းရောက်သွားသည်။ ပြီးနောက် စည်းလွတ်ကုန်တော့၏။ ဘယ်လိုမှကိုထိန်းလို့မရ။

"မျက်မှန်လုပ်လာတော့ပါဝါဘယ်လောက်တိုးသွားလဲ။"

ရှင်းလွင်ကသူ့ကိုဖျတ်ခနဲကြည့်လာပြီးမှ ဖြေလာသည်။ အဲ့ဒီဖျက်ခနဲဆိုသည့်အကြည့်ထဲတွင် စပ်စုရန်ကောဆိုသည့် အဓိပ္ပါယ်တစ်မျိုးက ပါနေသလိုထင်ရပေမယ့် ငြိမ်းသူဇာလင်းကတော့ ဂရုမစိုက် ပြောလာမည့်ဂဏန်းကိုနားစွင့်ကာနေလိုက်သည်။ ငါကမသိချင်ပေမယ့် ငါ့မသိစိတ်ကသိချင်နေတော့ခက်သားဟ။

"155"

"ဟေ! အဲ့လောက်တောင်လား။ များလိုက်တာ။ အဲ့တော့ပိုမြင်ရသွားလား။ "

ရှင်းသန့်လွင် ပြန်ခံပြောချင်ချင်ဖြစ်လာသည့် စိတ်ကိုထိန်းချုပ်ရန်အလို့ငှာ သက်ပြင်းတစ်ချက်ခပ်ဖြည်းဖြည်းလေးချလိုက်ရသည်။

"ဒီတိုင်းပုံမှန်ပါပဲ။ ထွေထူးပြီးမဖြစ်ပါဘူး။ "

ငြိမ်းကမျက်လုံးပြူးနှင့်ဖြစ်လာကာ တစ်ဖက်လူဘာဖြစ်နေတယ်ဆိုတာကိုအလိုက်မသိစွာပင် မျက်ခွက်ပြောင်စွာမေးလေသည်။

"ဟမ်!ပါဝါဒီလောက်များတာကို တစ်ခြားလူတွေထက်ပိုမြင်ရတယ်မဟုတ်ဘူးလား။ "

ငြိမ်းသူဇာလင်းမေးလိုက်သည့်မေးခွန်းကို နောက်တစ်မျိုးသွယ်ဝိုက်စွာဖြင့်အဓိပ္ပါယ်ဖော်ကြည့်လိုက်လျှင် အဖြေကဤသို့ထွက်လေသည်။

'လေးလုံးဆိုတော့ တစ်ခြားသူတွေထက်ပိုမြင်ရမှာလေ။ ပြီးတော့ပါဝါကဒီလောက်တောင်များနေတာ တစ်ခြားသူတွေလို ပုံမှန်အတိုင်းပဲ​မြင်ရတယ်ဆိုတာဖြစ်နိုင်လို့လား'ဟူ၍။

ရှင်းသန့်လွင်တော့ အဲ့လိုပဲအတွေးပေါက်သွားရသည်။ ခဏကသည်းခံပြီးချလိုက်သည့်စိတ်ရှည်မှုတွေက ကိုယ်ထဲမရိုးမရွထကြွလာကြပြီ။ ဒီအစ်မနှယ် ဒုံးဝေးချက်။

"သူများတွေထက်မျက်စိမွဲလို့မျက်မှန်တပ်တာလေ။ မျက်မှန်တပ်တိုင်း တစ်ခြားသူတွေထက် နှစ်ဆမြင်ရသွားတယ်လို့ဆိုလိုတာမှမဟုတ်တာ။ ပါဝါများတိုင်းလည်းပုံမှန်လူတွေလို သေချာမြင်ရအောင် အမြင်တည့်ပေးတာပဲရှိတာ။ သူများတွေထက်ဆယ်ဆလောက်ပိုပြီးမြင်သွားရတာမဟုတ်ဘူးလေ အစ်မရာ။"

ထိုတော့မှ ငြိမ်းကသူ့ဟာသူဟက်ဟက်ပက်ပက်ရယ်တော့သည်။ သူတကယ်လည်းအဲ့လိုတွေးလိုက်မိတာဖြစ်သည်။ ၁၀တန်းတုန်းက မှန်ဘီလူး ခုံး၊ ခွက်ကိုသင်ခဲ့ရပေမယ့်လို့ပေါ့။

'မျက်မှန်တပ်ရင်တစ်ခြားသူတွေထက်ပိုမြင်နိုင်မယ်လို့ ငါဘယ်လိုများတွေးလိုက်ပါလိမ့်။ ဟား ဟား ဟာသပဲ။ '

(A/N:လေးလုံးဖြစ်ပြီး ငါ့လောက်တောင်မမြင်ဘူးလားလို့အပြောခံရတဲ့ သာသာနဲ့ဘဝတူလေးတွေအတွက် ချေပဖို့ ရှင်းလွင်က သင်ပေးလိုက်ပါပြီနော်✌။အဲ့လိုအပြောခံရရင် ရှင်းလွင်လိုပြန်ပြောပစ်။ သာသာဆိုအဲ့လိုပြောလိုက်တာ ဘယ်သူမှပြန်မချေပနိုင်ဘူး ကိုယ်တိုင်လက်တွေ့။ကျန်တဲ့ချေပချက်တွေကတော့ကိုယ့်ဘာသာဖြေရှင်းလိုက်ပါ😊။ဖြတ်မရေးချင်ပေမယ့် ရေးလိုက်ပြီ။)

ငြိမ်းသူဇာလင်းက ကော့လန်အောင်ရယ်နေလို့ ဘေးမှာထိုင်နေသည့်ရှင်းလွင်ပင် ငြိမ်းရဲ့မြင်းဟီသလိုရယ်သံကြီးကြောင့် စိတ်တိုချင်နေရာကနေ ရယ်ချင်လာသည်။ မနေနိုင်သည့်အဆုံး သွားစွယ်လေးနဲ့ယုန်သွားလေးပေါ်အောင်ဖွင့်ဟပြီးအသံတိတ်ရယ်လိုက်မိသေးသည်။ ငြိမ်းမှာတော့ဗိုက်နှိပ်ပြီး မျက်ရည်ထွက်တဲ့အထိ ကော့လန်ကာ ရယ်လို့ကောင်းတုန်း။ အောက်ထပ်တွင်ဤသို့ အခြေအနေရှိနေချိန် အပေါ်ထပ်တွင်တော့...

ထိုက်တော်ဝင် ရှင်းသန့်ကိုထွေးပွေ့ထားရက်ပင် ခုတင်ထက်ငြိမ်သက်နေမိသည်။ သူ့ဘက်ကအသိုင်းအဝိုင်းကိုစိတ်မပူပေမယ့် ရှင်းသန့်ဘက်ကအသိုင်းအဝိုင်းရဲ့သဘောထားကိုစိုးရိမ်မိသည်။ တစ်ခါတစ်လေသူ့မှာအတွေးတွေနှင့်လုံးချာလိုက်ရင်း ကိုယ့်ကိုယ်ကို အတွေးထဲနှစ်ဝင်နေမိပြီးနှိပ်စက်နေမိသည်။ တကယ်လို့ ရှင်းသန့်ဘက်ကသူ့ကိုငြင်းလိုက်ရင် သူအလိုက်သတိဖြင့်နေနိုင်အောင် ကြိုးစားလို့ရပေမယ့် ရှင်းသန့်သာသူ့ကိုလက်ခံလိုက်ရင် သူစဥ်းစားဖို့လိုလာပြီ။ ရှင်းသန့်ရင်ဆိုင်ရမယ့်ပြဿနာတွေက အသေးအမွှားလေးမှမဟုတ်လေပဲ။ ပထမဦးဆုံး မိသားစုနဲ့အတိုက်အခံအရင်လုပ်ရလိမ့်မည်။ ပြီးတော့သူငယ်ချင်းတွေ ပြီးရင် အလုပ်နဲ့သိက္ခာတရား။ ဒီလိုအရာတွေရဲ့ ထိုးနှက်မှုကို ရှင်းသန့်မခံနိုင်မှာသူအရမ်းစိုးရိမ်ပါသည်။

အဲ့တာအသာထား ဝေယံဆိုသည့်ကောင်သာ ရှင်းသန့်ကိုဖွင့်ပြောလာခဲ့ရင် ရှင်းသန့်ဘက်ကဘယ်လိုတုန့်ပြန်မလဲဆိုတာ သူလည်းမသိ။ အခုထိတော့ ရှင်းသန့်ကသူ့ကို မထုတ်ပြောသေးပေ။ ဒီထက်ပိုပြီးဆက်မတွေးရဲတော့။

အောက်မှာရောက်နေသည့် ရှင်းသန့်ဖြူမှာလည်း အတွေးပေါင်းစုံနှင့်ပတ်ရှုတ်နေတာပင်။ အိမ်နဲ့လို့တွေးမိတိုင်း ကိုယ့်ကိုကိုယ်အားမရ။ ဒါပေမယ့် ကိုယ်ဘာဆိုတာကိုသေချာသိတဲ့အချိန်တော့ ထိုက်တော်ဝင်ကို တိကျတဲ့အဖြေပေးမှာပင်။ နှစ်ယောက်လုံးမလှုပ်မယှက်ထပ်လျက်နေမိနေပြီးမှ ထိုက်တော်ဝင်ဘက်ကအရင်ဖယ်လေသည်။ ပြီးမှ ရှင်းသန့်ကိုဆွဲထူကာ...

"ရှင်းသန့် ငါမင့်ကိုလက်မလွှတ်နိုင်ပေမယ့် မင်းရဲ့အဖြေပေါ်မူတည်ပြီးငါနောက်ဆုတ်သင့်ရင်ဆုတ်ပေးမှာ။ ငါမင့်ကိုအခက်မတွေ့စေချင်ဘူး ငါ့ကြောင့်နဲ့။"

ရှင်းသန့်ဖြူ ဘာမှပြန်မပြောမိ။ ထိုက်တော်ဝင်ရဲ့ မျက်ဝန်းတည့်တည့်သာစိုက်ကြည့်နေမိသည်။ ပြီးမှခေါင်းညိမ့်ပြလိုက်ပြီး ထိုက်တော်ဝင်ကိုပြန်ကြည့်နေမိပြန်သည်။ သူ့ရှေ့မှာရှိသည့်ကလေးမသည် သူ့ထက်ငယ်ပေမယ့် တစ်ခါတစ်ခါရင့်ကျက်လွန်းသည်။ ဆုံးဖြတ်ချက်ချတာမြန်ပေမယ့် ချပြီးရင်လည်းခိုင်လွန်းသည်။

ထိုက်တော်ဝင်ပြုံးပြလိုက်ပြီး မိမိခုတင်ဘက်သွားလိုက်ရသည်။ မသွားလို့မဖြစ် သူနှင့်ရှင်းသန့်နှစ်ယောက်ရှိချိန်တိုင်း ကြားထဲကန့်လန့်ကန့်လန့်နှင့်ပါနေကျဖြစ်သည့် ငြိမ်းသူဇာလင်းက သူတို့အခန်းဘက်ကိုလာနေသည်မှန်း အသံနှင့်ပင်သိနိုင်သည်။ စကားပြောပြီး နားညီအောင်ကျယ်လှသည့် မြင်းဟီသလိုရယ်သံကြီးကအတိုင်းသားကြားနေရသည်။ အသံနားထောင်ရသလောက် လှေကားနားပင်ရောက်နေချေပြီ။ ရှင်းသန့်ကတော့ ဇာပန်းထိုးဖို့ပြင်နေပေပြီ။

ထိုက်တော်ဝင် ပန်းချီဆွဲချင်စိတ်မရှိတာမို့ စာရွက်ယူပြီးစိတ်ကူးတည့်ရာ ဟိုခြစ်ဒီခြစ်လုပ်နေလိုက်သည်။ ခဏကြာတော့ငြိမ်းသူဇာလင်းနှင့် ရှင်းလွင်ဝင်လာကြပြီး ငြိမ်းကမတ်တပ်နှင့်ဖြစ်ကာ ရှင်းလွင်ကတော့ခုတင်ပေါ်တက်ထိုင်လေသည်။

ရှင်းသန့်ကမတ်တပ်ရပ်နေသည့်ငြိမ်းကိုကြည့်လိုက်သည်။ ငြိမ်းရဲ့မျက်နှာက စပ်ဖြဲဖြဲဖြစ်နေသည်မို့ ခုတင်တွင်ထိုင်ပြီး အသစ်လုပ်လာသည့်မျက်မှန်ကိုထိုင်ကြည့်နေသည့် ရှင်းလွင်ကိုလှည့်မေးလိုက်သည်။

"ရှင်းလွင် ပါဝါက ဘယ်လောက်တိုးသွားတာလဲ။"

မျက်မှန်ကိုင်နေသည့်ရှင်းလွင်က လှည့်မကြည့်လာပဲခေါင်းငုံ့ရက်ပင်ဖြေသည်။ မျက်မှန်ကကော်အဝိုင်းလေးဖြစ်သည်။ အရင်ကလေးထောင့်ဆိုတော့ ပါဝါတိုးတဲ့အထိမ်းအမှတ်အနေနဲ့ ဆိုဒ်စုံပြောင်းနေတာဖြစ်လိမ့်မည်။

"55"

"နင်တစ်ဖြည်းဖြည်းနဲ့များလာနေပြီနော်။ ဖုန်းသုံးတာလေးလျှော့လိုက်ဦး။ အသက်ကငယ်ငယ်လေးနဲ့ ပါဝါက ၁၅၀ကေျာ်ဖြစ်နေပြီ။ နင့်မျက်လုံးကိုချွေတာလိုက်ဦးနော် ရှင်းလွင်။"

"အေးပါ မမရာ။ နင်မေးလို့လည်းဖြေရသေးတယ် ငါ့ဆိုဆူဖို့ကြီးပဲ။"

ပြောပြီးသည်နှင့် ရှင်းလွင်ကခုတင်ပေါ်လှဲလိုက်ပြီးတစ်ဖက်စောင်းကာ အိပ်ရန်ပြင်လေပြီ။ ငြိမ်းသူဇာလင်းကတော့ အပေါ်တက်လာရခြင်းအကြောင်းရှိပေသည်။ ထိုက်တော်ဝင်ကိုကြည့်လိုက်တော့အပြင်ထွက်ဖို့ပြင်နေတာဖြစ်သည်။ ဒီနေ့က တစ်ကိုယ်လုံးအနက်တွေကြီးဝတ်ထားတာဖြစ်သည်။ ထိုက်တော်ဝင်က ဘာဝတ်ဝတ်လိုက်ပေမယ့် အနက်နဲ့ဆို ပုံမှန်ထက်ပေါ်လွင်နေတတ်သည်။ ထိုက်တော်ဝင်နဲ့အလိုက်ဆုံးအရောင်က အနက်လို့တောင်ငြိမ်းထင်မိသည်။ ဘေးကလှုပ်ရှားမှုကင်းမဲ့
နေလို့ရှင်းသန့်ကိုကြည့်လိုက်တော့ တည်ငြိမ်သူလေးက တည်တည်ငြိမ်ငြိမ်လေးနှင့်ပင် ပတ်ဝန်းကျင်ကိုပါမေ့ပြီး ထိုက်တော်ဝင်ကိုငေးကြည့်နေလေသည်။ ကြည့်နေတာမှ အပြင်ထွက်သွားတဲ့အထိတစ်လျှောက်လုံးကြည့်နေတာဖြစ်သည်။

ငြိမ်းသူဇာလင်းမြင်ပေမယ့် မသိသလိုနေပေးလိုက်သည်။ တော်နေ သူ့ပိစိလေးရှက်နေမှဖြင့် အခန်းထဲကမောင်းထုတ်ခံရဦးမယ်။ ငြိမ်သင့်တဲ့အချိန်ငြိမ်နေပြီး ပါးစပ်ပိတ်သင့်သည့်အချိန်ပိတ်မှ သူမအတွက် ထိုက်ရှင်းအတွဲကိုရရင်ရသလောက်ချောင်းနိုင်မှာဖြစ်သည်။ ရှင်းသန့်က စိတ်မောသလိုလေး သက်ပြင်းတစ်ချက်ချလိုက်တာလည်းတွေ့လိုက်သည်။ ငြိမ်းသူဇာလင်းမှာပြောချင်ပေမယ့် နှလုံးသားကိစ္စဆိုတာ ကြားလူမဝင်သင့်သည့်ကိစ္စပင်။

ရှင်းသန့်လှည့်လာမှ ငြိမ်းသူဇာလင်းပြောဖို့ပြင်ရတော့သည်။

"ရှင်းသန့် ငါအိမ်ခဏပြန်မလို့ အဲ့တာလိုက်ကူဦး။ ငါ့အမေကနင့်ကိုခေါ်လာခိုင်းတာဟ။ ရှင်းသန့်လည်းလိုက်လာရင်ကောင်းမယ်နဲ့ပြောနေတာခဏခဏပဲ။"

"အေးပါ။ လိုက်မယ်လေ။ ဒီနေ့ငါ ကျူရှင်မသွားဘူး။ သွားရင်လည်းအချိန်ကုန်တယ် အဆောင်မှာပဲစာကျက်လိုက်တော့မယ်။

"အင်း အင်း။ ငါလည်းမသွားချင်တော့ဘူး။ စာမေးပွဲအတွက်ပေးထားပြီးပြီဆိုတော့သွားစရာမလိုတော့ပါဘူး။ အဲ့တာဆို နင်တစ်ခါတည်းပြင်လိုက် ငါစောင့်နေမယ်။"

ရှင်းသန့်က ခေါင်းငြိမ့်ပြပြီး ခုတင်ပေါ်ကွေးပြီးအိပ်နေသည့်ရှင်းလွင်ကို တစ်ချက်ကြည့်ကာ...

"ရှင်းလွင်..ဗိုက်ဆာရင် ကိုယ့်ဘာသာလုပ်စားလိုက်နော် ကြားလား ။ ငါခဏလေးအပြင်သွားဦးမယ်။"

"ငါသိတယ်။ ငါကလေးမဟုတ်ဘူး။ သွားစရာရှိတာသွား။ "

ခုတင်ပေါ်တွင် တစ်ချက်မလှုပ်ဘေးတစောင်းလှဲနေသည့်ရှင်းလွင်ထံမှမာတောင့်နေသည့်အသံကြားလိုက်ရတော့ အိပ်ပြီထင်နေသည့်ငြိမ်းသူဇာလင်းမှာ ထိတ်ခနဲတောင်ဖြစ်သွားရသည်။ တော်သေး သူအိပ်နေပြီအထင်နဲ့ ငါ့ရဲ့ထိုက်ရှင်းအကြောင်း ပေါက်ကရတွေမပြောမိတာ ငါတော်တော်ကံကောင်းနေပြီ။ ကျေးဇူးတင်လိုက်တာ ငါ့ပါးစပ်လေး ပိတ်သင့်တဲ့အချိန်ပိတ်ပေးလို့။ ရှင်းသန့်ကတော့ သူပြောနေကျ လေပြေအေးလေးနှင့်ပင်ဆက်ပြောသည်။

"အင်း...အချိန်ကိုလည်းကြည့်လိုက်ဦးနော်။ ရထားချိန်နောက်ကျနေမယ်။"

ရှင်းလွင်က အိပ်နေရင်းပင်ခေါင်းငြိမ့်ပြလာသည်မို့ ရှင်းသန့်ဖြူလည်း ပြင်စရာရှိတာပြင်ရသည်။ များများစားစားတော့မဟုတ် ထဘီဝတ်ပြီးECOBagလွယ်လိုက်ခြင်းသာ။ ရှင်းလွင်က သူ့ကိုကလေးတစ်ယောက်လိုနောက်ကတစ်ကောက်ကောက်လိုက်ပြောနေရင်လုံးဝမကြိုက်။ သတိပေးသင့်သလောက်ပေးလိုက်ပြီဆို သူ့ဘာသာအဆင်ပြေအောင်လုပ်သွားတတ်တာမို့ ရှင်းလွင်ကိုကစိတ်ပူစရာမလိုပေ။

အားလုံးပြင်ပြီးသွားတော့ ငြိမ်းကိုကြည့်ကာခေါင်းငြိမ့်ပြလိုက်သည်။ ငြိမ်းနှင့်လှေကားမှာအတူဆင်းရင်းပင်....

"ငြိမ်း နင်ခဏကဘယ်သွားနေတာလဲ။"

ရုတ်တရက်ငြိမ်းသူဇာလင်းမှာဖြေစရာစကားပင်ရှာမတွေ့။ ဖြူစင်စွာမေးလာသည့် ရှင်းသန့်ကိုသာအံသြတကြီးလှည့်ကြည့်နေမိသည်။

အမလေးဟယ်...စဥ်းစားလို့တောင်မရဘူး။ နင်တို့နှစ်ယောက်အေးဆေးရိုရအောင်တမင်လည်းရှောင်ထွက်ပေးရသေးတယ်။ ဘယ်လိုတောင်မေးရဲတာလည်းအမိရယ်။

ငြိမ်းသူဇာလင်း- "..."

ငြိမ်းဆီကတုန့်ပြန်သံမကြားရတော့ ရှင်းသန့်လည်းဆက်မမေးတော့။ ငြိမ်းဘာကြောင့်ထွက်သွားတာလဲဆိုတာကို သူမကိုပြူးကြည့်နေသည့် ငြိမ်းရဲ့မျက်လုံးကတစ်ဆင့် ကွက်ကွက်ကွင်းကွင်းမြင်သွားလို့ဖြစ်သည်။ အဲ့တုန်းက ကိုယ်ဘာလုပ်ခဲ့လဲကိုယ်သိလေ။

လှေကားအောက်နားရောက်တော့ အပေါ်တက်မည့် ဖြူဖြူသွယ်နှင့်ထိပ်တိုက်တိုးလေသည်။ ဖြူဖြူသွယ်ကလည်း အံသြသွားဟန်ပြပြီးမှ ငြိမ်းဆီအကြည့်ရောက်မှာတော့ ရန်ဆောင်သည့်အကြည့်သို့ပြောင်းသွားလေသည်။ ပြီးမှ လှေကားတစ်ထစ်ချင်းစီတက်လာကာ ရှင်းသန့်နားရောက်တော့ရပ်လိုက်ပြီး...

"ဟေ့ ရှင်းသန့်ဖြူ နင်ကလူကသာ ဘာမဟုတ်တာ ကောင်မလေးနောက်တစ်ယောက်ကိုတောင် အခန်းထဲခေါ်သွင်းသေးတယ်နော်။ မထင်ထားဘူး နင်မိန်းမတွေကိုအဲ့လောက်ကြိုက်မယ်လို့။"

ရှင်းသန့်ဖြူမှာရုတ်တရက် ဖြူဖြူသွယ်ဘာကိုပြောချင်မှန်းမရိပ်မိလိုက်။ စဥ်းစားမိတာက ရှင်းလွင်အပြင်တစ်ခြားဘယ်သူမှသူ့အခန်းထဲရောက်မလာပါဘူးလို့။ နောက်မှ စကားအတိမ်အနက်ကိုသဘောပေါက်သွားပြီး ရှင်းပြမယ်လုပ်တော့ သူ့ထက် ပါးစပ်ရောလက်ရောသွက်သည့် ငြိမ်းက သူ့ကိုလှေကားတစ်ထစ်အောက်ဆင်းစေပြီးဖြူဖြူသွယ်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ အခြေအနေက ငြိမ်းနှင့် ဖြူဖြူသွယ်ကတစ်ထစ်တည်းရပ်နေတာဖြစ်ပြီး သူကတော့ သူတို့နှစ်ယောက်ရဲ့အောက်တစ်ထစ်မှာ။ ငြိမ်းကိုတားချင်တောင်တားမရသည့်အခြေအနေ။ လှေကားအကျယ်ကကျဥ်းတော့ တစ်ထစ်ထဲမှာလူနှစ်ယောက်လောက်သာချောင်ချိစွာတက်နိုင်သည်။ သုံးယောက်ဆိုသိသိသာသာပင်ကျပ်သွားသည်။

ငြိမ်းသူဇာလင်းဘက်ကကြည့်ရင် သူနှင့်ဖြူဖြူသွယ်ကြားမှာရှင်းသန့်ကရောက်နေတော့ ကုတ်ကြဖဲ့ကြရင် ကြားထဲကရှင်းသန့်ကိုထိခိုက်နိုင်မည်မို့ ရှင်းသန့်ကိုအောက်ဆင်းစေပြီး အပီအပြင်ချရန် ဖြူဖြူသွယ်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ ပြီးနောက် ခန္ဓာနောက်လိုက်သည့် ပါးစပ်က ပက်ခနဲ။ ငါဘာပြောလိုက်ရမလဲဆိုပြီးတွေးနေစရာမလို။ အမြင်ကပ်နေသည့်သူတွေကိုဆို ပယ်ပယ်နှယ်နှယ်ပြောတတ်သည့်ပါးစပ်ကအဆင်ချောစွာ ထွက်လေသည်။

"ဟမလေး..ဟမလေး... မအေဘေးရယ်။ နင်တော့ဇောက်ထိုးချိုးကပ် ကမ္ဘာတစ်သိန်းလွန်သွားရင်တောင်ခွာလို့ရမယ့်အမျိုးထဲပါသွားမှာမဟုတ်ဘူး။ နားလည်လား။ဘူးမယ်ဆိုလည်းကြည့်ပြီးဘူး၊ ပြောမယ်ဆိုလည်းနည်းနည်းလေးစုံစမ်းကြည့်ပြီးမှပြော။"

ထိုအခါဖြူဖြူသွယ်က ချက်ချင်းမျက်နှာရှုံ့တွသွားပြီး...

"နင့်စောက်ပူမို့ပြောနေတာလား။ ငါမေးတာ ရှင်းသန့်ဖြူကိုပဲပြောတာ။  နှဖူးကပြောင်၊ နှာခေါင်းကကောက်၊ နှုတ်ခမ်းကထော်နဲ့ နင့်ကိုနင်ဘာများထင်နေလည်း။"

ဖြူဖြူသွယ်မှာမနိုင် နိုင်ရာမဲပြောနေပေမယ့် ငြိမ်းသူဇာလင်းကတော့ သူ့ရဲ့စပ်ဖြီးဖြီးရုပ်ကိုမခွာချသေး။ ကြည့်ရတာ ဟိုတစ်ခေါက်ကရန်ငြိုးကို လှေကားမှာပြန်နွှေးကြမယ့်ပုံပင်။ ငြိမ်းသူဇာလင်းက ရယ်ရင်းပင်..

"ဟုတ်လား။ ငါလည်းနေ့တိုင်းမှန်ကြည့်ပါတယ်။ ဒါပေမယ့်နင်ပြောသလောက်လဲရုပ်ဆိုးမနေပါဘူး။ ငါကငါ့ကိုယ်ငါတောင်မဟားတရားတွေချောနေတယ်ထင်တာ နင်ပြောမှငါရိပ်မိလိုက်တယ်။ အဲ့တော့ ငါ့ရဲ့လက်ရှိ ကွန်ဖီးဒန့် လယ်ဗယ်က တာဝတိံသာမှာပေါ့နော်။ လုံးဝကိုဆင်းချင်စိတ်မရှိတာ။ နင်အဲ့လိုပြောလိုက်တော့ ဗြဟ္မာပြည်တောင်ဆောင့်တက်ချင်သွားသလိုလို။"

ဖြူဖြူသွယ်မှာစိတ်တိုလွန်းလို့ ရှေ့မှာရယ်ရင်းပင်ပြောနေသည့်ငြိမ်းကိုကုတ်ဖဲ့ချင်လာပေမယ့်မလုပ်ရဲ။ ငြိမ်းရဲ့လက်ဆကိုသိနေသည်လေ။ ဖြစ်ချင်တော့ငြိမ်းအခုဝတ်ထားတာက ပေါင်လယ်လောက်ရှိသည့်ဂျင်းဘောင်းဘီအတိုလေးဖြစ်နေသည်။

"ဒူးခေါင်းကမှာမည်းပါတယ်ဆို အတိုတွေဝတ်ပြီးဖော်ပြနေတာမရှက်ဘူးလား။"

ငြိမ်းသူဇာလင်းဒေါသက ဂိတ်ဆုံးနေပေပြီ။ လှေကားတစ်ထစ်အောက်ရောက်နေသည့် ရှင်းသန့်က လက်ဆွဲလာပြီးသတိပေးတော့မှ ရိုက်ဖို့စိတ်ကူးတွေကိုပြန်ရုတ်လိုက်ရသည်။

"သေချာတာကတော့ ငါ့ဒူးခေါင်းကနင့်စောက်ခွက်ထက်တော့ဖြူတယ် ရှင်းလား အသားမည်းမ။"

ဖြူဖြူသွယ်စိတ်တိုလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့။ ဘာမှမပြောလိုက်ရသေးခင်ပင် ရှင်းသန့်ဖြူက ငြိမ်းကိုအတင်းဆွဲခေါ်ကာ အခန်းထဲဝင်ဆွဲသွားလေသည်။ ဒါတောင်ငြိမ်းကခေတာမဟုတ်။ လှေကားနဲ့အခန်းကြား လေး ငါးလှမ်းလောက်လျှောက်ချိန်မှာကိုပါးစပ်ကဆယ်ခွန်းလောက်ပြောနေပေပြီ။

"ငရဲအိုး အဝီစိချိုးကပ်မယ့်ဟာမကများ။ ဟေ့ မကျေပွဲနွှဲလို့ရတယ်နော် ကောင်မ နေရာမရွေးအချိန်မရွေးပဲ ငါ့လက်က လက်သီးလက်ဝါးရွေးတာမဟုတ်ဘူး။ကြားလားမအေဘေးမ။"

ငြိမ်းကိုအခန်းထဲရောက်အောင် မနည်းဆွဲခေါ်လာခဲ့ပြီးမှရှင်းသန့်ဖြူ စိတ်ချသွားရသည်။ရှင်းသန့်က ဒေါသထွက်နေသည့်ငြိမ်းကို တွေ့ရာစာအုပ်ကောက်ဆွဲကာ ယပ်ခပ်ပေးနေရင်းပင်...

"တော်ပါတော့ငြိမ်းရယ်။ ထစ်ခနဲရှိ ဒေါသထွက်တတ်တဲ့အကျင့်ကိုပြင်စမ်းပါ။ စိတ်အတက်အကျမြန်တာကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ "

အဲ့လိုပြောလာတော့ ငြိမ်းက ယပ်ခပ်ပေးနေတာကိုအခန့်သားခံယူရင်း ဂျိုတွေလှိမ့်ပစ်လာသည်။ ရှင်းသန့်ဖြူပြုံးရင်းပင်...

"အဲ့လိုကြည့်မလာနဲ့ ငါကနင့်အတွက်ပြောပေးတာ။ တကယ်ပဲ ဒေါသလေးလျှော့စမ်းပါဟာ။"

"အေးပါ အေးပါ။ "

ငြိမ်းသူဇာလင်းအဝတ်လဲရင်းပင်စဥ်းစားမိလာသည်။

မနက်အိပ်ရာထတုန်းက အအိပ်ကြမ်းလို့ ခုတင်ပေါ်ကနေပြုတ်ကျပြီးခါးနာသွားတယ်။ ပြီးရော ထမင်းစားပြန်တော့လည်း အရိပ်အခြေကြည့်ပြီးမှစားရပြန်တယ်။ အဲ့တာနဲ့မလုံလောက်ဘူး သူ့ရဲ့ ထိုက်ရှင်းအတွဲနမ်းတာကိုခိုးပြီးကြည့်ရလို့ ညှို့သကျည်းနဲ့လှေကားနဲ့ဆောင့်ခံရတယ်။ ထိုက်ရှင်းရဲ့အချို​တွေတောင်ကုန်အောင်မကြည့်ရသေးခင် ရှင်းလွင်ဆိုတဲ့ကလေးမရောက်လာလို့ အက်ရှင်လိုသဘောထားပြီးပြေးရသေးတယ်။ အဲ့နောက်တော့ မအေဘေးနဲ့ပြန်တွေ့ရပြန်တယ်။

'ဟူး....အခုမှသတိထားမိတယ်။ ငါ့ဘဝက တမာရွက်ထက်တောင်ခါးနေပါရောလား။ ဟင်း...မလွယ်လိုက်တဲ့ ဘဝဆိုတာ။'

27.6.2021
Sunday
6:25(p.m)

Continue Reading

You'll Also Like

357K 36.8K 177
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.7M 74.9K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
5M 521K 158
ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein
447K 10.7K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...