(Unicode Version)
တစ်ညတာကို ဖြတ်သန်းပြီးချိန်မှာ သိင်္ဂါရရဲ့စိတ်က အနည်းငယ်တည်ငြိမ်လာလေသည်။ သူ့ဘဝထဲက ထွက်သွားကြသူတွေအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ခွဲခွာရဖို့ အကြောင်းဖန်လာခြင်းအပေါ်မှာ အပြစ်တင်မနေတော့ပေ။ ရှေ့ဆက်လျှောက်ဖို့ အားမွေးပြီး အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။
"အစ်ကိုလေး... ဘဘကြီးက အခုထိ အိပ်ရာက မနိုးသေးဘူးထင်တယ်။ မနက်စာပြင်ပေးထားတာတွေက အေးစက်ကုန်ပြီ။"
အိမ်အကူမလေးရဲ့စကားကြောင့် သိင်္ဂါရလည်း ထူးဆန်းနေသလို ခံစားမိခဲ့သည်။
"ဖေဖေက ပုံမှန်ဆို မနက်(၆)နာရီလောက် နိုးတတ်တာမလား!?"
"ဟုတ်ကဲ့။ အခုက (၇)နာရီတောင် ထိုးတော့မှာ။"
"ခဏလေး... ငါ သွားနှိုးကြည့်ဦးမယ်။"
ပြောပြောဆိုဆိုနဲ့ ဖခင်ဖြစ်သူရဲ့အခန်းတံခါးကို သူ သွားခေါက်ပြီး ခေါ်လိုက်မိသည်။
"ဖေဖေ... အိပ်ရာနိုးပြီလားဟင်!?"
အခန်းထဲမှ တုံ့ပြန်သံက ထွက်မလာခဲ့။
"ဖေဖေ... နေလို့ ကောင်းရဲ့လား!?"
ထိုတစ်ကြိမ်မှာလည်း တိတ်ဆိတ်မှုကသာ ကြီးစိုးထားဆဲ ဖြစ်သည်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ သံသယစိတ်တွေကြောင့် သူ တံခါးကို ဖွင့်လိုက်ချိန်မှာ အခက်အခဲမရှိဘဲ အလိုက်သင့်ပွင့်သွားခဲ့သည်။
သို့ပေမဲ့ ခြေလှမ်းငါးလှမ်းစာ အကွာအဝေးရှိ ဖခင်ဖြစ်သူရဲ့ခုတင်ဆီသို့ သူ ချက်ချင်းလှမ်းမကြည့်ရဲခဲ့ပေ။
"ဖေဖေ အိပ်နေတာပဲ ဖြစ်မှာပါ။"
ကိုယ့်စိတ်ကိုယ် သတိပေးရင်းနဲ့ ကြိုးစားပြီး လှမ်းကြည့်မိတော့မှ ခုတင်ပေါ်မှာ အသက်ကင်းမဲ့စွာ လဲလျောင်းနေတဲ့ ဖခင်ဖြစ်သူကို မြင်တွေ့လိုက်ရသည်။
"ဖေဖေ~~~"
အံ့အားသင့်စွာဖြင့် ဖခင်ရဲ့အနားသို့ တိုးသွားပြီး သူ လှုပ်နှိုးခဲ့ပြန်သည်။
"ဘာလို့ အခုချိန်ထိ အိပ်နေတာလဲ... ဖေဖေရဲ့။ ထတော့လေ..."
ဖခင်ဖြစ်သူက အသက်ဝိညာဉ်ကင်းမဲ့နေမှန်း သိပေမဲ့ အမှန်တရားကို သူ လက်မခံချင်ဘဲ အကြောက်အကန် ငြင်းဆန်နေမိသည်။
"ဖေဖေ... ထပါဦး။ သားကို စကားထပြောပါဦး။"
တောင်းဆိုရင်းနဲ့ သူ ဆုပ်ကိုင်လိုက်မိတာက အေးစက်နေတဲ့ လက်တစ်စုံပင်။ တစ်ပြိုင်နက်တည်းမှာပဲ သူ့အသိစိတ်ထဲသို့ အထီးကျန်ခြင်းနဲ့ အားငယ်ခြင်းတို့က အသီးသီးဝင်ရောက်လာကြပြီး ကြမ်းပြင်ပေါ်မှာ ပုံလျက်သား ထိုင်ချမိတော့သည်။
အများက နှစ်သက်အားကျစေနိုင်လောက်တဲ့ ဆက်ဆံရေးမျိုး မရရှိခဲ့ပေမဲ့ ထိုမိသားစုလေးကို သူ တန်ဖိုးထားခဲ့သည်။ ယခုတော့ မိသားစုဝင်အားလုံးက သူ့ဘဝထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့လေပြီ။ သူ့အတွက် အားထားမှီခိုစရာလည်း မရှိတော့သလို ဖေးမကူညီပေးမယ့်သူလည်း မရှိတော့ပေ။
နှင်းဆီမြိုင်စံအိမ်ကြီးတွင်-
"📱...📱...📱"
တိတ်ဆိတ်နေတဲ့ မနက်ခင်းမှာ ကျယ်လောင်စွာ ထမြည်လာတဲ့ ဖုန်းသံကြောင့် Theoက လန့်နိုးသွားပြီး ဖြေပေးခဲ့သည်။
"ဟယ်လို..."
"Theoလား!? အစ်ကိုက မင်းခန့်ပါ။"
"ဟုတ်ကဲ့... အစ်ကို။ ဘာဖြစ်လို့လဲ!?"
"ဟို... ဦးဒီပ ဆုံးသွားပြီ။"
ထိုစကားက Theoရဲ့အိပ်ချင်စိတ်တွေကို ပျောက်သွားစေပြီး အသိစိတ်ထဲသို့လည်း တစ်ယောက်သောသူက ရောက်ရှိလာလေသည်။
"သိင်္ဂါရရော... သူ ဘယ်မှာလဲ!?"
"သူက သူ့အဖေရဲ့အလောင်းနားမှာပဲ မလှုပ်မယှက် ထိုင်နေတယ်။ ဘာမှလည်း ပြန်မဖြေဘူး။ ဒီကိစ္စကိုလည်း သူတို့အိမ်က ခြံစောင့်ဦးလေးကြီးက ဖုန်းလှမ်းဆက်လို့ သိလိုက်ရတာ။"
သိင်္ဂါရရဲ့ပုံစံကို တွေးကြည့်ပြီး Theo လည်း စိတ်ပူပန်လာမိသည်။ ထို့ကြောင့် ဘာကိုမှ အဆုံးအဖြတ်မပေးနိုင်သေးခင် စိုင်းရသဦးကို ခေါ်ပြီး သိင်္ဂါရဆီ အပြေးသွားဖို့အတွက် ဆုံးဖြတ်လိုက်ရသည်။
သူတို့နှစ်ဦး ရောက်ရှိသွားချိန်မှာ မင်းခန့်က အိမ်သားတွေကို စစ်ဆေးမေးမြန်းနေခဲ့လေသည်။
"အခန်းထဲကို ဝင်သွားကတည်းက ပြန်ထွက်လာတာကို လုံးဝမတွေ့ရဘူးလား!?"
"ဟုတ်ကဲ့... အစ်ကိုလေးနဲ့ အတူပြန်လာပြီး အခန်းထဲကို တန်းဝင်သွားတော့တာပဲ။ ဒီနေ့မနက်လည်း အိပ်ရာထတာ နောက်ကျနေလို့ အစ်ကိုလေးကို သတိပေးလိုက်ရသေးတယ်။ အဲဒီတော့မှ ဆရာကြီး ဆုံးနေမှန်း သိလိုက်ရတာပါ။"
အိမ်အကူမလေး တုံတုံရဲ့ထွက်ဆိုချက်တွေကို မင်းခန့်က မှတ်သားပြီးနောက် Theoတို့ ရောက်ရှိနေမှန်း သတိထားမိသွားတော့သည်။
"ရောက်လာပြီလား!?"
"ဟုတ်ကဲ့... ဦးဒီပက ဘာဖြစ်တာလဲ!?"
"အိပ်ဆေးသောက်ပြီး သတ်သေတာ။"
စိတ်ကူးထားတဲ့အတိုင်း ဖြစ်လာခဲ့ပေမဲ့ ယခုတစ်ကြိမ်မှာတော့ Theo မပျော်ရွှင်နိုင်ခဲ့ပေ။ ဦးဒီပရဲ့သေဆုံးခြင်းမှ ရရှိလိုက်တဲ့ ပျော်ရွှင်မှုပမာဏက သိင်္ဂါရအတွက် ကရုဏာသက်မှုလောက် မများပြားခြင်းကြောင့် ဖြစ်သည်။
"သိင်္ဂါရရော...!?"
"သူက အဲဒီနေရာကနေ လုံးဝမရွေ့ဘူး။"
"ကျွန်တော် သူ့ဆီ သွားကြည့်လိုက်ဦးမယ်။"
မင်းခန့်က ခေါင်းညိတ်ပြလိုက်တာမို့ Theoလည်း ထွက်သွားဖို့ ဟန်ပြင်ခဲ့ရသည်။ စိုင်းရသဦးက သူ့နောက်ကနေ အတူလိုက်ပါဖို့ ကြိုးစားလိုက်ပေမဲ့ မင်းခန့်က တားထားခဲ့ပြန်သည်။
"စိုင်းရသဦးက အစ်ကိုနဲ့ ခဏလောက်နေခဲ့ပါဦး။ နည်းနည်းလောက် ပြောစရာရှိလို့ပါ။"
ထိုစကားကြောင့် စိုင်းရသဦးက Theoရဲ့နောက်သို့ လိုက်မသွားဖြစ်ဘဲ ကျန်ရစ်ခဲ့သည်။
"ဟုတ်ကဲ့... ဘာများ မေးစရာရှိလို့လဲ!?"
"ဦးဒီပရဲ့အိပ်ရာဘေးမှာ စာနှစ်စောင်တွေ့ခဲ့တယ်။ တစ်စောင်က သိင်္ဂါရအတွက်၊ နောက်တစ်ခုကတော့ မင်းအတွက်တဲ့။ မင်းနဲ့ ဦးဒီပကြားမှာ ဘာကိစ္စရှိလို့လဲ!?"
မင်းခန့်ရဲ့အမေးကို စိုင်းရသဦးက တည်ငြိမ်စွာ ပြန်ဖြေပေးလိုက်မိသည်။
"ကျွန်တော်တို့က ကုမ္ပဏီမှာ တွေ့နေကျမို့ နည်းနည်းတော့ ရင်းနှီးပါတယ်။ မနေ့ညတုန်းကလည်း ကျွန်တော့်ကို ဦးဒီပက ခေါ်တွေ့သေးတယ်။"
"ဘာအတွက်လဲ!?"
"အစ်ကိုသိင်္ဂါရကို စောင့်ရှောက်ပေးဖို့ပါ။ ကြည့်ရတာတော့ အဲဒီအချိန်ကတည်းက သူ့စိတ်ထဲမှာ ကြိုတင်စီစဉ်ထားပြီးသား ထင်ပါရဲ့။"
ကျိုးကြောင်းဆီလျော်တဲ့ အဖြေကြောင့် မင်းခန့်က သံသယစိတ်ကို လျှော့ချသွားခဲ့သည်။ ယခုအမှုက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အမှုမှန်း သူကိုယ်တိုင်လည်း သေချာပေါက် သိနေလေသည်။ ထို့ကြောင့် သိင်္ဂါရအတွက် စိတ်မကောင်းနေရုံမှအပ အခြားလုပ်ဆောင်ပေးနိုင်တာ ဘာတစ်ခုမှ ရှိမနေခဲ့ပေ။
ဦးဒီပရဲ့အခန်းထဲကို ဝင်လာလာချင်းမှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် Theoရဲ့ရင်ထဲမှာ ခံစားရခက်သွားတော့သည်။ သိင်္ဂါရက ကြမ်းပြင်ပေါ်မှာ ထိုင်ချထားပြီး ဦးဒီပရဲ့အလောင်းဆီသို့ မမှိတ်မသုန် ကြည့်နေခြင်းပင်။
ငိုရှိုက်နေခြင်းမျိုး မဟုတ်ဘဲ ခံစားချက်တွေ ပျောက်ဆုံးနေသူလို ငြိမ်သက်နေခြင်းသာ ဖြစ်သည်။ ထိုခံစားချက်မျိုးနဲ့ ကိုယ်တိုင်ကြုံခဲ့ရသူမို့ သိင်္ဂါရရဲ့အခြေအနေကို သူ ကိုယ်ချင်းစာ ပေးနိုင်ပေသည်။ သို့ပေမဲ့ ဘယ်ကနေစပြီး နှစ်သိမ့်ပေးရမယ်မှန်း မသိနိုင်တော့သလို ခံစားနေရပြန်သည်။
နောက်ဆုံးမှာ သူ့ခြေလှမ်းတွေကို သိင်္ဂါရရဲ့နံဘေးက နေရာလွတ်ဆီသို့ ဦးတည်ပြီး သွားလိုက်မိသည်။ သိင်္ဂါရနဲ့ ပခုံးချင်းယှဉ်လျက်သားဖြစ်အောင် ထိုင်ချပြီးမှ စကားစပြောဖို့ သူ အားယူခဲ့ရသည်။
"သိင်္ဂါရ..."
အခန်းထဲမှာ ပြတ်သားစွာ ပေါ်ထွက်လာတဲ့ Theoရဲ့အသံက သိင်္ဂါရကို အသိဝင်လာစေဖို့ လှုံ့ဆော်နိုင်စွမ်း မရှိခဲ့ပေ။
"သိင်္ဂါရ... ကိုယ် ရောက်လာပြီလေ။"
ယခုတစ်ကြိမ်မှာတော့ သိင်္ဂါရရဲ့လက်ကို သူ အသာအယာ ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ အထိအတွေ့ကြောင့် သိင်္ဂါရရဲ့အေးစက်နေတဲ့ လက်ကလေးက အနည်းငယ်မျှ လှုပ်ရှားသွားသလိုပင်။
"အခု မင်းရဲ့စိတ်ထဲမှာ အားငယ်နေမယ်မှန်း ကိုယ် သိပါတယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ကိုယ်တို့က ရှေ့ဆက်ဖို့ အားမွေးရမယ်လေ။"
ချော့မော့ပြောဆိုမှုနဲ့ အသားမကျတဲ့ သူက သိင်္ဂါရအတွက် ကြိုးစားပြီး ပြောပေးနေပေမဲ့ တုံ့ပြန်မှု မရသေးတာမို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြန်သည်။
"သိင်္ဂါရ... ငိုချင်ရင် ငိုချလိုက်ပါ။ မင်းရဲ့စိတ်ကို ချုပ်နှောင်မထားပါနဲ့။"
သို့သည့်တိုင်အောင် သိင်္ဂါရဘက်က တစ်စုံတစ်ရာ ဖွင့်ဟလာခြင်း မရှိဘဲ ပကတိငြိမ်သက်နေခဲ့သည်။ ယခုလိုပုံစံမျိုးအတိုင်း သိင်္ဂါရကို မြင်နေရတာထက် အားပါးတရ ငိုနေခြင်းကိုသာ ရင်နာနာနဲ့ နှစ်သိမ့်ပေးလိုက်ချင်တော့သည်။
"မင်းကို ဒီလိုပုံစံမျိုးနဲ့ မြင်ရရင် မင်းရဲ့အဖေက စိတ်ဖြောင့်နိုင်ပါ့မလား!? မင်းအနေနဲ့ သူ့အတွက် လုပ်ပေးသင့်တာတွေ အများကြီးပဲ ရှိသေးတယ်။"
ထိုစကားက သိင်္ဂါရရဲ့အသိစိတ်ကို လှုပ်ခတ်သွားစေခဲ့လေသည်။ ဖခင်ဖြစ်သူ မှာကြားခဲ့တဲ့ စကားတွေကို ပြန်လည်ကြားယောင်လာပြီး ထိုင်နေရာကနေ အားတင်းကာ ထဖို့ ပြင်လိုက်မိသည်။
သို့ပေမဲ့ မလှုပ်မယှက်ဘဲ ထိုင်နေခဲ့မိခြင်းကြောင့် ခြေထောက်က ထုံကျင်ပြီး ယိုင်ကျမလို ဖြစ်ခဲ့ရသည်။ Theoရဲ့ထိန်းကိုင်ပေးမှုသာ မရှိခဲ့ပါက ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားနိုင်ပေသည်။
"ခြေထောက်က နာနေပြီလား!?"
ဂရုတစိုက်မေးလာတဲ့ Theoကို သူ ဘာမှပြန်မဖြေဘဲ လှည့်ထွက်လာခဲ့သည်။ ယခုအချိန်မှာ သူ ဘယ်သူ့ကိုမှ စကားပြောချင်စိတ် မရှိတော့သလို ခံစားနေရသည်။ သို့ပေမဲ့ လိုအပ်တာတွေ ဆောင်ရွက်ဖို့အတွက် မင်းခန့်ဆီသို့ ဦးတည်ပြီး သွားလိုက်သည်။
"သိင်္ဂါရ... မင်း အဆင်ပြေရဲ့လား!?"
ထိုစကားကလည်း ကြားရဖန်များနေပြီမို့ သူ ငြီးငွေ့နေခဲ့လေပြီ။
"ဖေဖေ့အတွက် ငါ ဘာလုပ်ပေးရမှာလဲ!?"
"အဲဒီအတွက် ငါ ဝိုင်းကူပါ့မယ်။ အရေးကြီးတာတစ်ခုကို အရင်လုပ်လိုက်ဦး။"
"ဘာလဲ!?"
"မင်းအဖေ ချန်ထားခဲ့တဲ့ စာကို ဖတ်ကြည့်ရမယ်လေ။"
ဘာကိုမှ အာရုံမစိုက်မိတာမို့ ထိုစာကို ထားခဲ့မှန်းလည်း သူ မသိခဲ့ပေ။ မင်းခန့်က ပေးအပ်လာတဲ့ စာတစ်စောင်ကို သူ ဂရုတစိုက် လှမ်းယူလိုက်ပေမဲ့ ဖွင့်ဖတ်ဖို့အတွက် ခဲယဉ်းနေခဲ့သည်။
"လုပ်စရာရှိတာကို အရင်လုပ်ကြရအောင်။ စာကို နောက်မှပဲ ဖတ်ကြည့်လိုက်မယ်။"
သိင်္ဂါရရဲ့အခြေအနေကို မင်းခန့်က ရိပ်မိသွားပြီး ထပ်မတိုက်တွန်းတော့ဘဲ လိုက်လျောညီထွေစွာ နေပေးခဲ့ရသည်။
"ဪ... အန်ကယ်က စိုင်းရသဦးအတွက်လည်း စာတစ်စောင် ချန်ထားခဲ့သေးတယ်။ အဲဒီစာကိုတော့ ငါ သူ့ကို ပေးလိုက်ပြီနော်။"
"ဖေဖေက သူ့အတွက် စာထားခဲ့တာလား!?"
"ဟုတ်တယ်။ စာအိတ်ပေါ်မှာ သူ့နာမည်တပ်ထားတာ။ ပြီးတော့ တခြားသူ ဖွင့်မဖတ်ရလို့လည်း ရေးထားသေးတယ်။"
စိုင်းရသဦးနဲ့ ဖခင်ဖြစ်သူရဲ့ကြားမှာ ဘယ်လိုပတ်သက်မှုမျိုးရှိနေလဲဆိုတာကို သူ သိချင်မိသည်။ ယမန်နေ့ညကလည်း သူတို့နှစ်ဦးကို ဆုံတွေ့ပေးကာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပေးခဲ့ရလေသည်။ ထိုမျှနှင့် မလုံလောက်သေးဘဲ ယခုလိုမျိုး စာချန်ထားခဲ့ခြင်းက မသင်္ကာစရာ ကောင်းလှသည်။ သို့ပေမဲ့ သိလိုစိတ်ကို ခဏမျိုသိပ်ပြီး လုပ်ဆောင်စရာရှိတဲ့ ကိစ္စတွေကို ဦးစားပေးလိုက်တော့သည်။
သိင်္ဂါရရဲ့အနောက်မှာ Theoက လိုက်ပါလာပြီး အခြေအနေကို ခပ်လှမ်းလှမ်းကနေသာ အကဲခတ်ကြည့်လိုက်သည်။ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးက ယခုအချိန်ထိ အဆင်မပြေသေးတာမို့ ဆိုင်သူတစ်ယောက်အနေနဲ့ ကူညီပေးဖို့ မသင့်တော်မှန်း သူ သိနေပေသည်။
သိင်္ဂါရက မင်းခန့်နဲ့ စကားပြောပြီး ဦးဒီပရဲ့နာရေးအတွက် အလုပ်ရှုပ်နေစဥ်မှာ လိုအပ်သမျှကို နောက်ကွယ်ကနေ ဖြည့်ဆည်းပေးဖို့ သူ စဉ်းစားလိုက်မိသည်။ ထိုအချိန်မှာပင် စိုင်းရသဦးကလည်း သူ့အနားသို့ ချဉ်းကပ်လာခဲ့သည်။
"Theo... မင်းကို ပေးစရာရှိတယ်။"
"ဘာလဲ!?"
"ဦးဒီပက မင်းအတွက် စာချန်ထားခဲ့တယ်။"
"ဖတ်ကြည့်ပြီးပြီလား!?"
"ငါ မဖတ်ရသေးပါဘူး။ ကာယကံရှင်ဖြစ်တဲ့ မင်းကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်ပါ။"
"လောလောဆယ်တော့ အဲဒီစာကို မင်းပဲ သိမ်းပေးထားဦး။ အိမ်ပြန်ရောက်မှ ငါ ဖတ်ကြည့်လိုက်မယ်။"
စိုင်းရသဦးက အမိန့်အတိုင်း နာခံတဲ့အနေနဲ့ ခေါင်းညိတ်ပြခဲ့လေသည်။
"ဒါနဲ့... သိင်္ဂါရအတွက် ဘာလိုအပ်လဲဆိုတာကို တစ်ချက်လောက် သွားမေးကြည့်ပေးပါ။ ငါ မေးရင် သူက ပြန်ဖြေမှာ မဟုတ်ဘူး။"
"ငါ အခုချက်ချင်း သွားမေးပေးပါ့မယ်။"
စိုင်းရသဦးက သိင်္ဂါရဆီသို့ ဦးတည်ထွက်ခွာသွားချိန်မှာ Theoကတော့ အဝေးကနေသာ ငေးကြည့်နေခဲ့ရသည်။ ယခုလိုမျိုး နီးလျက်နဲ့ ဝေးကွာနေရတဲ့ ဘဝကို သူ မလိုချင်တော့ပြီ။ ကေသရီနဲ့ ပတ်သက်မှုကို အမြန်ရပ်စဲပြီး သိင်္ဂါရရဲ့အနားသို့ ပြန်လည်ရောက်ရှိနိုင်ဖို့ သူ ကြိုးစားရပေဦးမည်။
"အစ်ကို... ကျွန်တော် ဘာကူပေးရမလဲ!?"
အနားသို့ တိတ်တဆိတ်ရောက်ရှိလာတဲ့ စိုင်းရသဦးကို သိင်္ဂါရက ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
"မင်းခန့်က ဝိုင်းကူပေးနေတော့ အဆင်ပြေပါတယ်။"
"ကျွန်တော်က အစ်ကို့အနားမှာပဲ ရှိနေမှာပါ။ ခိုင်းစရာရှိရင် အားမနာပါနဲ့။"
"အင်း...အစ်ကို သိပါတယ်။ ခိုင်းစရာက မရှိပါဘူး။ ဒါပေမဲ့ မေးစရာတစ်ခု ရှိတယ်။"
"ဟုတ်ကဲ့...မေးပါ... အစ်ကို။"
"ဖေဖေက မင်းအတွက် စာတစ်စောင် ထားခဲ့တယ်လို့ ကြားတယ်။ အဲဒါ ဟုတ်လား!?"
"ဟုတ်ပါတယ်။"
"ဖေဖေက ဘာအတွက် စာချန်ခဲ့ရတာလဲ!?"
"အစ်ကို့ကို စောင့်ရှောက်ပေးဖို့ မှာခဲ့တာပါ။ စီးပွါးရေးနဲ့ ပတ်သက်ရင် ကျွန်တော်က ပိုပြီးအတွေ့အကြုံရှိလို့ အစ်ကို့ကို ဝင်ကူညီပေးပါတဲ့။"
"မနေ့ညက လူချင်းဆုံတာကရော!?"
"အဲဒါက ကျွန်တော်တို့ကုမ္ပဏီမှာ ထည့်ထားတဲ့ ရှယ်ယာတွေအတွက် မှာတာပါ။"
စကားထဲမှာ တချို့သော ထိမ်ချန်မှုတွေ ရှိနေမှန်း သိင်္ဂါရက သိနေပေမဲ့ စိတ်အခြေအနေက အဆင်မပြေသေးတာမို့ ဆက်မမေးဖြစ်ခဲ့ပေ။
"သူ့ကို အိမ်ပြန်ခေါ်သွားလိုက်တော့။"
သူဆိုတာက Theoကို ရည်ညွှန်းပြောဆိုနေခြင်းမှန်း စိုင်းရသဦးက ရိပ်မိခဲ့သည်။
"သူက အစ်ကို့ကို လာကူညီပေးတာပါ။"
"သူနဲ့ငါက ဘာမှမဆိုင်တော့ဘူး... ရသ။"
အေးတိအေးစက် ပြောလာတဲ့ စကားတစ်ခွန်းကြောင့် စိုင်းရသဦးလည်း သိင်္ဂါရကို စိတ်အနှောင့်အယှက် ထပ်မပေးဝံ့ဘဲ လက်လျှော့လိုက်ရသည်။ ထို့ကြောင့် လာရာလမ်းအတိုင်း သူ ပြန်လှည့်လာပြီး Theoကို ပြောပြပေးခဲ့ရလေသည်။
"အစ်ကိုက မင်းကို အိမ်ပြန်ပြီး နားခိုင်းလိုက်တယ်။ မနေ့ကမှ ဆေးရုံကနေ ဆင်းလာရတဲ့သူဆိုတော့ စိတ်ပူလို့ နေမှာ။"
"သူက ငါ့ကို မမြင်ချင်လို့ တမင်နှင်ထုတ်နေတာ..."
"ဘာလို့ အဲဒီလိုမျိုး တွေးနေရတာလဲ!?"
"သူက ငါ့ကို စကားပြောဖို့ နေနေသာသာ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။"
"အခုချိန်မှာ သူ့အဖေကြောင့် သူ ဝမ်းနည်းနေရတာလေ။ မင်းကိုမှ မဟုတ်ပါဘူး။ ငါ့ကိုလည်း စကားသိပ်မပြောချင်တဲ့ပုံပါပဲ။"
နှစ်သိမ့်စကားတွေကို နားမထောင်လိုတော့တဲ့ Theoက သိင်္ဂါရရဲ့ဆန္ဒအတိုင်း ထွက်သွားပေးဖို့ ဆုံးဖြတ်လိုက်မိသည်။
"ငါ ကေသရီ့ဆီကို သွားပြီး ရှင်းစရာရှိတာ ရှင်းရဦးမယ်။"
"မင်းရဲ့ဒဏ်ရာက ကောင်းကောင်းသက်သာသေးတာ မဟုတ်ဘူး။ နောက်တော့မှပဲ သွားရှင်းလိုက်ပါလား!?"
"စကားပြောရုံပါပဲ။ သူနဲ့ ကိစ္စမပြီးပြတ်သေးရင် သိင်္ဂါရက ငါ့အပေါ်ကို အခုလိုပဲ ဆက်ပြီး စိမ်းကားနေဦးမှာ။"
ထိုအကြောင်းပြချက်က မှန်ကန်ပေမဲ့ Theoရဲ့ဒဏ်ရာအတွက် စိုင်းရသဦးက စိတ်မချ ဖြစ်နေဆဲပင်။
"ဒါဆို ငါရော လိုက်ခဲ့လို့ရမလား!?"
"မင်း လိုက်ချင်ရင်လည်း လိုက်ခဲ့ပေါ့။"
Theoက တားမြစ်ခြင်း မပြုတာမို့ ကေသရီရှိရာ ဟိုတယ်ဆီသို့ သူတို့နှစ်ဦး အတူထွက်လာဖြစ်ခဲ့ကြသည်။
"🔔...🔔...🔔"
အပြင်သွားဖို့ အလှပြင်နေတဲ့ ကေသရီက ဘဲလ်မြည်သံကြောင့် တံခါးထဖွင့်ပေးခဲ့သည်။ တံခါးဖွင့်ဖွင့်ချင်းမှာ မြင်တွေ့လိုက်ရတဲ့ မျက်နှာက သူမရဲ့စိတ်ကို ချက်ချင်း ရွှင်ပျသွားစေတော့သည်။
"Theo... ဒီအထိ ရောက်လာ..."
ဆက်ပြောဖို့အတွက် ရည်ရွယ်ထားတဲ့ စကားတစ်ခွန်းက Theoရဲ့အနောက်ဘက်မှာ ပါလာတဲ့ စိုင်းရသဦးကြောင့် ရပ်တန့်သွားရသည်။
"သူက ဘာလို့ ပါလာတာလဲ!?"
Theoက သူမရဲ့အမေးကို ပြန်မဖြေခဲ့ပေ။
"အထဲမှာ အေးအေးဆေးဆေး စကားသွားပြောကြရအောင်။"
Theo ပြောသမျှကို နာခံတတ်တဲ့ သူမက ထပ်မမေးရဲဘဲ အခန်းထဲသို့ ဦးဆောင်ခေါ်လာခဲ့လေသည်။ ကိုယ်စီနေရာယူပြီးချိန်မှာ သူမရဲ့သိလိုတဲ့စိတ်က တားမရတော့ပြီမို့ အရဲစွန့်ကာ ထုတ်မေးလိုက်မိသည်။
"Theo... ဘာဖြစ်လို့လဲ!?"
"ငါတို့ လမ်းခွဲကြရအောင်။"
စကားတစ်ခွန်းက သူမရဲ့နှလုံးသားကို ခြေမွှပစ်လိုက်သလိုပင်။
"ကိစ္စတွေ ပြီးသွားရင် တို့နဲ့ လက်ထပ်ပါ့မယ်လို့ ရှင်ပဲ ပြောခဲ့တာလေ။"
"အဲဒီစကားကို အမှန်လို့ ထင်နေတာလား!?"
"တို့နှစ်ယောက်က အဆင့်ကျော်ပြီးနေပြီပဲ။ ရှင်သာ ယောက်ျားပီသတယ်ဆိုရင် ဒီကိစ္စကို တာဝန်ယူပေးသင့်တယ်။"
"ဘာတွေ အထူးအဆန်းလာလုပ်နေတာလဲ!? မင်းက တခြားယောက်ျားတွေနဲ့လည်း ဒီလိုမျိုး နေတတ်တဲ့သူပဲ။ သူတို့ကိုလည်း တာဝန်ယူခိုင်းလိုက်ပေါ့။"
"Theo... တို့သိက္ခာကို မစော်ကားနဲ့။"
"ငါက မင်းရဲ့သိက္ခာကို စော်ကားတာလား!? မင်းကိုယ်တိုင်က သိက္ခာမရှိတာလား!?"
သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ သိက္ခာကို အစော်ကားခံနေရတဲ့ ကေသရီက ရှက်စိတ်နဲ့အတူ ဒေါသက ကပ်ပါလာလေသည်။
"တို့ကို သိက္ခာမရှိဘူးလို့ ပြောရအောင် ရှင့်ရဲ့အရင်ရည်းစားကရော တော်တော်လေး ဂုဏ်ယူချင်စရာ ကောင်းနေလို့လား!? ယောက်ျားတကာနဲ့ ပလူးတတ်တဲ့သူမှန်း သိသာနေတာပဲ။"
"မင်း ပါးစပ်ပေါက်ကို ပိတ်ထားးးး!!!"
Theoရဲ့အော်သံက အခန်းတစ်ခုလုံးကို ဟိန်းထွက်သွားစေခဲ့သည်။ ဒေါသတကြီး ပြောလိုက်မိတဲ့ ကေသရီကလည်း Theoရဲ့မျက်စိရှေ့မှာ မနေဝံ့တော့သလိုပင်။
"သူ့ကို မကောင်းကြောင်းပြောရအောင် မင်းရဲ့ပါးစပ်နဲ့ တန်လို့လား!? ဒီမှာ ကေသရီ... ငါ့ရဲ့ဒေါသတွေကို ထိန်းလို့မရအောင် လာဆွပေးရင် နစ်နာမယ့်သူက မင်းပဲ ဖြစ်သွားလိမ့်မယ်။"
ထိုလူနဲ့ ပတ်သက်လာတိုင်းမှာ Theoရဲ့အပြုအမူတွေက ဆတ်ဆတ်ထိမခံ ဖြစ်သွားတတ်ပေသည်။ သို့ပေမဲ့ မနာလိုဝန်တိုမှုက အကြောက်တရားကိုပင် ဖုံးလွှမ်းပစ်နိုင်စွမ်း ရှိသွားတော့သည်။
"သူ့လို ယောက်ျားတစ်ယောက်ဆီမှာ ရှင့်အတွက် ဘာတွေများ တပ်မက်စရာ ရှိနေလို့လဲ!? သူက ရှင့်ကို ကလေးမွေးပေးနိုင်လို့လား!? မိသားစုဘဝကို ပေးနိုင်လို့လား!?"
"ငါ့အတွက် သူ ရှိနေရင် ရပြီ။ ကျန်တာ ဘာမှမလိုဘူး။"
"ရှင် ဒီလိုပဲ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် တို့နှစ်ယောက်ရဲ့ပတ်သက်မှုကို အားလုံးသိအောင်လို့ ထုတ်ပြောပြလိုက်ရလိမ့်မယ်။"
"ပြောလေ... ဘာသက်သေနဲ့လဲ!?"
ပြန်မဖြေတတ်ဘဲ ဆွံ့အသွားတဲ့ ကေသရီ့ကို ကြည့်ပြီး Theoက ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။
"မင်းမှာ သက်သေမရှိပေမဲ့ ငါ့မှာတော့ ရှိတယ်။ ရသ... သူ့ကို အဲဒီဗီဒီယို ပြလိုက်။"
နံဘေးမှာ တစ်ချိန်လုံး ငြိမ်သက်စွာ ထိုင်နေခဲ့သူက ဘောင်းဘီအိတ်ကပ်ထဲကနေ ဖုန်းကို ယူထုတ်လိုက်ပြီး ကေသရီရဲ့မျက်နှာရှေ့သို့ ချပြခဲ့လေသည်။ ဗီဒီယိုထဲမှာ ပါရှိသည်က သူမနဲ့ Theoတို့ မှားယွင်းခဲ့တဲ့နေ့က အဖြစ်အပျက်တွေကို မှတ်တမ်းယူထားခြင်းသာ ဖြစ်သည်။
ထိုနေ့က Theoက သီချင်းသွားဖွင့်ခိုင်းပြီး သူမက ဝိုင်ခွက်ထဲမှာ ဆေးခပ်လိုက်မိသည်။ ကံကောင်းစွာဖြင့် Theoကလည်း ဖုန်းပြောဖို့အတွက် အပြင်ဘက်သို့ ထွက်သွားခဲ့သည်။ သူမတို့နှစ်ယောက် စကားပြောခဲ့ကြပြီး Theoရဲ့ဆန္ဒအရ ဝိုင်ကို မြည်းကြည့်ခဲ့ရပြန်သည်။
ခဏကြာပြီးနောက် ဘဲလ်မြည်သံကြောင့် သူမ တံခါးသွားဖွင့်ပေးနေချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအရာက ဆေးခပ်ထားတဲ့ ဝိုင်ခွက်ကို သူမရဲ့ဝိုင်ခွက်နဲ့ လဲလှယ်ခံလိုက်ရတဲ့ကိစ္စသာ ဖြစ်လေသည်။
ဝိုင်ကို အနည်းငယ်မျှ ယူမြည်းရုံနဲ့ စိတ်လွတ်လောက်တဲ့အထိ ဖြစ်သွားခဲ့ခြင်းအပေါ် သူမ မသင်္ကာဖြစ်မိပေမဲ့ ယခုလိုမျိုး လုပ်ကြံခံခဲ့ရမှန်း လုံးဝတွေးမထားခဲ့ပေ။ အခြေအနေကို ပိုဆိုးသွားစေတာက ဆေးအရှိန်ကြောင့် လိင်စိတ်ကြွလာချိန်မှာ သူမနဲ့ မှားယွင်းသွားခဲ့သူက Theo မဟုတ်ဘဲ ဘဲလ်လာတီးပြီး ထွက်သွားခဲ့သည့် သူစိမ်းယောက်ျား ဖြစ်နေခဲ့ခြင်းပင်။
ထိုဗီဒီယိုကို ကြည့်ရင်းနဲ့ ကေသရီရဲ့မျက်လုံးက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားပြီး မျက်ရည်တွေ စီးကျလာတော့သည်။
"ဒါ... ဒါ... မဖြစ်နိုင်ဘူး။"
"မျက်စိနဲ့ တပ်အပ်မြင်ရတာတောင် ဘာလို့ မဖြစ်နိုင်ဘူးလို့ ဇွတ်ငြင်းနေတာလဲ!?"
"ဒါက လုပ်ကြံဖန်တီးထားတာပဲ။"
"ဒါဆို ဒီအထဲက မိန်းမက မင်းဟုတ်မဟုတ် သေချာအောင်လို့ တခြားသူတွေကို လိုက်ပြပြီးတော့ မေးကြည့်ပေးရမလား!?"
"Theo!!! ရှင် ဘာလုပ်လိုက်တာလဲ!? ဘာလို့ အခုလိုမျိုး လုပ်ရက်ရတာလဲ!?"
"ဝိုင်ထဲမှာ ဆေးခတ်ခဲ့တာက မင်း မဟုတ်ဘူးလား!? ငါ့ကို အပိုင်ကြံဖို့ အကွက်ချခဲ့တာကရော မင်းပဲ မဟုတ်ဘူးလား!?"
"ရှင် သိနေရင် ရှောင်ထွက်သွားလို့ ရတာပဲ။ ဘာလို့ အခုလိုမျိုး အောက်တန်းကျခဲ့ရတာလဲ!?"
"အဲဒါက မင်းရဲ့စိတ်ဓာတ်အပေါ်မှာ မူတည်တယ်။ ကောင်းတဲ့သူကို ကောင်းသလို ယုတ်မာတဲ့သူကို ယုတ်မာသလို ဆက်ဆံပေးရတာပေါ့။"
"တို့က ရှင့်အပေါ်မှာ ဘယ်နှခါများ ယုတ်မာခဲ့ဖူးလို့လဲ!? ရှင့်ကို သိပ်ချစ်လွန်းလို့ ပိုင်ဆိုင်ချင်ရုံကလွဲပြီး ကျွန်တစ်ယောက်လိုမျိုး ခိုင်းသမျှ အကုန်လုပ်ပေးခဲ့ရတာပါ။ ဒီပြစ်မှုက တော်တော်ကြီးမားသွားလို့လား!?"
"ငါ့ကို မင်း ဘာပဲလုပ်လုပ် ကိစ္စမရှိဘူး... ကေသရီ။ ဒါပေမဲ့ မင်းက ငါတို့နှစ်ယောက်ကြားမှာ ပြဿနာပိုကြီးသွားအောင် ဝင်ရှုပ်ခဲ့တဲ့သူပဲ။"
ထိုစကားကြောင့် ကေသရီက မျက်ရည်တွေကြားကနေ နာကြည်းစွာ ပြုံးပြခဲ့သည်။
"ဪ...နောက်ဆုံးတော့လည်း သူ့ကြောင့်ပဲပေါ့။ သူ့လို အခြောက်ကောင်အတွက်နဲ့..."
"ဖြောင်း!!!"
စကားမဆုံးသေးခင်မှာ Theoရဲ့လက်ဖဝါးက သူမရဲ့ပါးပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာခဲ့သည်။
"Theo... လက်မလွန်စေနဲ့။ တော်တော့။"
စိုင်းရသဦးရဲ့တားမြစ်မှုသာ မရှိခဲ့ပါက ကေသရီ့ကို နေရာမှာပင် သတ်ပစ်လိုက်ဖို့အထိ Theoက စဉ်းစားထားပုံရလေသည်။
"သူ ပြောနေတာကို မင်း မကြားဘူးလား!?"
"ကြားပါတယ်။ ဒါပေမဲ့ သူ့အတွက်ကြောင့်နဲ့ ပြဿနာမကြီးစေချင်ဘူး။ မင်း ကားထဲမှာပဲ သွားစောင့်နေလိုက်ပါ။ သူ့ကို မှာစရာရှိတာ မှာထားခဲ့ပြီးရင် ငါ ဆင်းလာခဲ့မယ်။"
ထိုအခါကျမှ Theoက ကေသရီ့ကို တစ်ချက်လှမ်းကြည့်ပြီး အခန်းထဲကနေ ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။
"ကေသရီ... မင်းက ငါတို့အတွက် သက်သေအနေနဲ့ ကူညီပေးခဲ့တဲ့သူပါ။ အဲဒီအတွက် ငါတို့ဘက်က မင်းရဲ့ဘဏ်အကောင့်ထဲကို သိန်းငါးရာ လွှဲပေးထားပြီးပြီ။ ကိစ္စတွေကို ဒီမှာတင် ရပ်လိုက်ပါတော့။ မဟုတ်လို့ရှိရင် အန္တရာယ်ကို မင်းကိုယ်တိုင် ဖိတ်ခေါ်သလို ဖြစ်သွားလိမ့်မယ်။"
သူ့စကားကို ကြားချိန်မှာ ကေသရီက အက်ကွဲစွာ ရယ်လိုက်သည်။
"ရက်ရောလှချည်လား!? မျက်ရည်ဝဲလောက်တဲ့အထိ ကျေးဇူးတင်မိပါတယ်လို့ သူ့ကို ပြောပေးစမ်းပါဦး။"
"သူနဲ့ ထပ်မပတ်သက်ပါနဲ့။ မင်းအတွက် ငါ သတိပေးနေတာ။"
"မပတ်သက်ရဲတော့ပါဘူး။ နောက်တစ်ခါဆို ကျွန်မက ပျော်တော်ဆက်လိုမျိုး လူတကာနဲ့ ဆက်ဆံရတဲ့သူ ဖြစ်သွားတော့မှာ။ ကြောက်ပါတယ်...ကျွန်မ သူ့ကို အရမ်းကြောက်သွားပါပြီ။"
"ဖြစ်ခဲ့သမျှအတွက် စိတ်မကောင်းပါဘူး။"
စိုင်းရသဦးက အခန်းထဲကနေ ထွက်ခွာသွားချိန်မှာ ကေသရီကတော့ အရူးတစ်ယောက်လို ငိုကြွေးရင်းနဲ့ ကျန်ရစ်ခဲ့လေသည်။
"အချစ်တဲ့... အရာအားလုံး ပေးဆပ်ပြီး ချစ်ပြခဲ့တာတောင်မှ ငါ့ဘဝတစ်ခုလုံး ပျက်စီးခဲ့ရတာတောင်မှ သူက မုန်းတီးနေတုန်းပဲ။"
အခန်းတစ်ခုလုံးမှာ သူမရဲ့အော်ဟစ်ငိုကြွေးသံတွေနဲ့ ပြည့်နှက်နေခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် ခြောက်ကပ်ကပ်ရယ်သံတချို့ကလည်း ထွက်ပေါ်လာခဲ့ပြန်သည်။
"ကြောက်တယ်... သူတို့နှစ်ယောက် ပျော်ရွှင်နေမှာကို ငါ အရမ်းကြောက်တယ်။ ဒါဆို သူတို့ မပျော်ရအောင် လုပ်ပေးရမှာပေါ့။ ဟုတ်တယ်... အဲဒီလိုလုပ်ပေးရမယ်။"
နာကြည်းမှုနဲ့ ယူကျုံးမရဖြစ်မှုတွေက သူမရဲ့စိတ်ကို လွှမ်းမိုးသွားတော့သည်။ ဘယ်အရာမဆို အသာစီးရနေတတ်တဲ့ Theoက မိန်းမတစ်ယောက်ရဲ့အာဃာတတရားကြီးမားမှုကို လျှော့တွက်ထားခဲ့ပုံပင်။
စိုင်းရသဦးက ကားထဲသို့ ဝင်ထိုင်ပြီးချိန်မှာ Theoရဲ့မျက်နှာကို အကဲခတ်ကြည့်ခဲ့သည်။ ဒေါသအရှိန်က အနည်းငယ်မျှ ကျန်ရှိနေသေးတာကို သတိထားမိလိုက်တာမို့ စကားကို ထိန်းပြောနိုင်ဖို့ သူ ကြိုးစားခဲ့ရသည်။
"Theo... နှင်းဆီမြိုင်ကိုပဲ ပြန်မှာမလား!?"
"သိင်္ဂါရဆီကိုပဲ ပြန်ပို့ပေးတော့။"
"သူက မင်းနဲ့ မတွေ့ချင်သေးဘူးလေ။"
"အဝေးကနေ လှမ်းကြည့်နေရုံပါပဲ။"
"မင်းရဲ့ဒဏ်ရာကလည်း ကောင်းသေးတာမှ မဟုတ်တာ။ မနက်ဖြန်မှပဲ ထပ်သွားလိုက်ပါလား!?"
"မင်းက ငါ့အမိန့်ကို ဘယ်တုန်းက သွေဖည်တတ်သွားတာလဲ!?"
ပြဿနာ မကြီးစေဖို့အတွက် နောက်ဆုံးမှာတော့ Theoရဲ့ဆန္ဒအတိုင်း သိင်္ဂါရရှိရာသို့ သူ လိုက်ပို့ပေးခဲ့ရပြန်သည်။ နာရေးကိစ္စတွေကို နွမ်းလျစွာ ဆောင်ရွက်နေရှာတဲ့ သိင်္ဂါရကို အဝေးကနေ လှမ်းကြည့်ပြီး သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်မိပေသည်။
"သူ လွတ်လွတ်လပ်လပ် ပြုံးရယ်ခဲ့ဖူးတာက ဘယ်အချိန်ကလဲဆိုတာတောင် ငါ မမှတ်မိတော့ဘူး။ အခုနောက်ပိုင်းမှာ ငါ တွေ့နေရတာက သူ့မျက်ရည်တွေချည်းပဲ။"
"သူ့ကို ပြန်ပြီး ပြုံးရယ်နိုင်အောင် မင်း လုပ်ပေးလိုက်ပေါ့။"
"ရည်းစားမထားဖူးမှန်း သိသာလိုက်တာ။"
သရော်သလို ပြောလိုက်တဲ့ Theoရဲ့စကားတစ်ခွန်းကြောင့် စိုင်းရသဦးက ပြုံးရွှင်စွာဖြင့် မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ!?"
"ပြတ်သွားဖူးတဲ့ ဆက်ဆံရေးတစ်ခုက လွယ်လွယ်နဲ့ ပြန်မကောင်းနိုင်တော့ဘူး။"
"အဲဒါကိုတော့ ငါလည်း သိပါတယ်။"
"ရွှေစင်မိုးကို သဘောကျလား!?"
"သူနဲ့က အလုပ်သဘောအရ တွဲတာလေ။"
"ဒါပေမဲ့ သူနဲ့ တွေ့ဖြစ်တဲ့နေ့တွေဆို မင်း ကောင်းကောင်းအိပ်ပျော်တာပဲ။"
"မင်းက ငါ အိပ်ပျော်မပျော်ကို အမြဲလာလာချောင်းနေတာလား!?"
Theoက ခဏကြာအောင် တိတ်ဆိတ်သွားပြီးမှ သိင်္ဂါရဆီသို့ ငေးကြည့်ရင်းနဲ့ ညင်သာစွာ ပြောလိုက်သည်။
"ငါ့ဆီမှာ မင်းနဲ့ သိင်္ဂါရပဲ ရှိတော့တာ..."
ထိုစကားတစ်ခွန်းက စိုင်းရသဦးရဲ့ရင်ထဲကို ဆူးနဲ့ ထိုးချလိုက်သလိုပင်။ မိဘမဲ့ဖြစ်ခဲ့ရတဲ့ Theoရဲ့ဘဝလေးကို စာနာမိပြီး တရားခံက သူ့ဖခင် ဖြစ်နေခြင်းကိုလည်း စိတ်မကောင်းဖြစ်မိပေသည်။
"ရသ..."
ကရုဏာသက်စွာ ရေရွတ်လိုက်မိတဲ့ နာမည်ကို Theoက ချက်ချင်းပယ်ချခဲ့သည်။
"ငါ့ကို အဲဒီနာမည် လာမခေါ်နဲ့။"
"တစ်ခါလောက်ပဲ ပြန်ခေါ်ကြည့်ချင်လို့ပါ။ အဲဒီနာမည်နဲ့ မင်းက တကယ်လိုက်တယ်။"
"မင်းက တော်တော်သတ္တိကောင်းလာတာပဲ။"
"မင်းနဲ့ အနေနီးသွားလို့ နေမှာပါ။"
"အားလုံးပြီးသွားရင် မင်းနဲ့ရွှေစင်မိုးအတွက် မင်္ဂလာပွဲကို အကြီးကျယ်ဆုံးဖြစ်အောင် ငါ လုပ်ပေးမယ်။"
"ဘာလဲ... အစ်ကိုနဲ့ မင်းရဲ့ကြားမှာ ငါ လိုက်ရှုပ်နေမှာ စိုးလို့လား!?"
"ဆိုပါတော့..."
ညင်သာစွာ မပြောတတ်တဲ့ ညီဖြစ်သူအပေါ်မှာ စိုင်းရသဦးက အမှန်တကယ် ချစ်မြတ်နိုးခဲ့လေသည်။ Theoရဲ့အတွင်းစိတ်ထဲမှာ သူ့အတွက် နေရာလေးတစ်ခု အတည်တကျ ရှိနေခြင်းကြောင့်လည်း အလိုလို ကြည်နူးနေမိတော့သည်။
*ဒီနေ့ကစပြီး ficကို တစ်ရက်ခြားတစ်ခါ ပြန်အပ်ပေးပါတော့မယ်။ ဘယ်အချိန်မှာ ဘာဖြစ်လာမလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်တဲ့ လောကကြီးမို့ ကြောက်စိတ်ဝင်နေမိတာလည်း ပါပါတယ်။ စောင့်နေပေးကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🌹🌹🌹
#Śûè
*****************
(Zawgyi Version)
တစ္ညတာကို ျဖတ္သန္းၿပီးခ်ိန္မွာ သိဂၤါရရဲ႕စိတ္က အနည္းငယ္တည္ၿငိမ္လာေလသည္။ သူ႕ဘဝထဲက ထြက္သြားၾကသူေတြအတြက္ စိတ္မေကာင္းျဖစ္မိေပမဲ့ ခြဲခြာရဖို႔ အေၾကာင္းဖန္လာျခင္းအေပၚမွာ အျပစ္တင္မေနေတာ့ေပ။ ေ႐ွ႕ဆက္ေလွ်ာက္ဖို႔ အားေမြးၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့ေတာ့သည္။
"အစ္ကိုေလး... ဘဘႀကီးက အခုထိ အိပ္ရာက မႏိုးေသးဘူးထင္တယ္။ မနက္စာျပင္ေပးထားတာေတြက ေအးစက္ကုန္ၿပီ။"
အိမ္အကူမေလးရဲ႕စကားေၾကာင့္ သိဂၤါရလည္း ထူးဆန္းေနသလို ခံစားမိခဲ့သည္။
"ေဖေဖက ပုံမွန္ဆို မနက္(၆)နာရီေလာက္ ႏိုးတတ္တာမလား!?"
"ဟုတ္ကဲ့။ အခုက (၇)နာရီေတာင္ ထိုးေတာ့မွာ။"
"ခဏေလး... ငါ သြားႏိႈးၾကည့္ဦးမယ္။"
ေျပာေျပာဆိုဆိုနဲ႔ ဖခင္ျဖစ္သူရဲ႕အခန္းတံခါးကို သူ သြားေခါက္ၿပီး ေခၚလိုက္မိသည္။
"ေဖေဖ... အိပ္ရာႏိုးၿပီလားဟင္!?"
အခန္းထဲမွ တုံ႔ျပန္သံက ထြက္မလာခဲ့။
"ေဖေဖ... ေနလို႔ ေကာင္းရဲ႕လား!?"
ထိုတစ္ႀကိမ္မွာလည္း တိတ္ဆိတ္မႈကသာ ႀကီးစိုးထားဆဲ ျဖစ္သည္။ တျဖည္းျဖည္း ႀကီးထြားလာတဲ့ သံသယစိတ္ေတြေၾကာင့္ သူ တံခါးကို ဖြင့္လိုက္ခ်ိန္မွာ အခက္အခဲမ႐ွိဘဲ အလိုက္သင့္ပြင့္သြားခဲ့သည္။
သို႔ေပမဲ့ ေျခလွမ္းငါးလွမ္းစာ အကြာအေဝး႐ွိ ဖခင္ျဖစ္သူရဲ႕ခုတင္ဆီသို႔ သူ ခ်က္ခ်င္းလွမ္းမၾကည့္ရဲခဲ့ေပ။
"ေဖေဖ အိပ္ေနတာပဲ ျဖစ္မွာပါ။"
ကိုယ့္စိတ္ကိုယ္ သတိေပးရင္းနဲ႔ ႀကိဳးစားၿပီး လွမ္းၾကည့္မိေတာ့မွ ခုတင္ေပၚမွာ အသက္ကင္းမဲ့စြာ လဲေလ်ာင္းေနတဲ့ ဖခင္ျဖစ္သူကို ျမင္ေတြ႕လိုက္ရသည္။
"ေဖေဖ~~~"
အံ့အားသင့္စြာျဖင့္ ဖခင္ရဲ႕အနားသို႔ တိုးသြားၿပီး သူ လႈပ္ႏိႈးခဲ့ျပန္သည္။
"ဘာလို႔ အခုခ်ိန္ထိ အိပ္ေနတာလဲ... ေဖေဖရဲ႕။ ထေတာ့ေလ..."
ဖခင္ျဖစ္သူက အသက္ဝိညာဥ္ကင္းမဲ့ေနမွန္း သိေပမဲ့ အမွန္တရားကို သူ လက္မခံခ်င္ဘဲ အေၾကာက္အကန္ ျငင္းဆန္ေနမိသည္။
"ေဖေဖ... ထပါဦး။ သားကို စကားထေျပာပါဦး။"
ေတာင္းဆိုရင္းနဲ႔ သူ ဆုပ္ကိုင္လိုက္မိတာက ေအးစက္ေနတဲ့ လက္တစ္စုံပင္။ တစ္ၿပိဳင္နက္တည္းမွာပဲ သူ႕အသိစိတ္ထဲသို႔ အထီးက်န္ျခင္းနဲ႔ အားငယ္ျခင္းတို႔က အသီးသီးဝင္ေရာက္လာၾကၿပီး ၾကမ္းျပင္ေပၚမွာ ပုံလ်က္သား ထိုင္ခ်မိေတာ့သည္။
အမ်ားက ႏွစ္သက္အားက်ေစႏိုင္ေလာက္တဲ့ ဆက္ဆံေရးမ်ိဳး မရ႐ွိခဲ့ေပမဲ့ ထိုမိသားစုေလးကို သူ တန္ဖိုးထားခဲ့သည္။ ယခုေတာ့ မိသားစုဝင္အားလုံးက သူ႕ဘဝထဲကေန တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားခဲ့ေလၿပီ။ သူ႕အတြက္ အားထားမွီခိုစရာလည္း မ႐ွိေတာ့သလို ေဖးမကူညီေပးမယ့္သူလည္း မ႐ွိေတာ့ေပ။
ႏွင္းဆီၿမိဳင္စံအိမ္ႀကီးတြင္-
"📱...📱...📱"
တိတ္ဆိတ္ေနတဲ့ မနက္ခင္းမွာ က်ယ္ေလာင္စြာ ထျမည္လာတဲ့ ဖုန္းသံေၾကာင့္ Theoက လန္႔ႏိုးသြားၿပီး ေျဖေပးခဲ့သည္။
"ဟယ္လို..."
"Theoလား!? အစ္ကိုက မင္းခန္႔ပါ။"
"ဟုတ္ကဲ့... အစ္ကို။ ဘာျဖစ္လို႔လဲ!?"
"ဟို... ဦးဒီပ ဆုံးသြားၿပီ။"
ထိုစကားက Theoရဲ႕အိပ္ခ်င္စိတ္ေတြကို ေပ်ာက္သြားေစၿပီး အသိစိတ္ထဲသို႔လည္း တစ္ေယာက္ေသာသူက ေရာက္႐ွိလာေလသည္။
"သိဂၤါရေရာ... သူ ဘယ္မွာလဲ!?"
"သူက သူ႕အေဖရဲ႕အေလာင္းနားမွာပဲ မလႈပ္မယွက္ ထိုင္ေနတယ္။ ဘာမွလည္း ျပန္မေျဖဘူး။ ဒီကိစၥကိုလည္း သူတို႔အိမ္က ျခံေစာင့္ဦးေလးႀကီးက ဖုန္းလွမ္းဆက္လို႔ သိလိုက္ရတာ။"
သိဂၤါရရဲ႕ပုံစံကို ေတြးၾကည့္ၿပီး Theo လည္း စိတ္ပူပန္လာမိသည္။ ထို႔ေၾကာင့္ ဘာကိုမွ အဆုံးအျဖတ္မေပးႏိုင္ေသးခင္ စိုင္းရသဦးကို ေခၚၿပီး သိဂၤါရဆီ အေျပးသြားဖို႔အတြက္ ဆုံးျဖတ္လိုက္ရသည္။
သူတို႔ႏွစ္ဦး ေရာက္႐ွိသြားခ်ိန္မွာ မင္းခန္႔က အိမ္သားေတြကို စစ္ေဆးေမးျမန္းေနခဲ့ေလသည္။
"အခန္းထဲကို ဝင္သြားကတည္းက ျပန္ထြက္လာတာကို လုံးဝမေတြ႕ရဘူးလား!?"
"ဟုတ္ကဲ့... အစ္ကိုေလးနဲ႔ အတူျပန္လာၿပီး အခန္းထဲကို တန္းဝင္သြားေတာ့တာပဲ။ ဒီေန႔မနက္လည္း အိပ္ရာထတာ ေနာက္က်ေနလို႔ အစ္ကိုေလးကို သတိေပးလိုက္ရေသးတယ္။ အဲဒီေတာ့မွ ဆရာႀကီး ဆုံးေနမွန္း သိလိုက္ရတာပါ။"
အိမ္အကူမေလး တုံတုံရဲ႕ထြက္ဆိုခ်က္ေတြကို မင္းခန္႔က မွတ္သားၿပီးေနာက္ Theoတို႔ ေရာက္႐ွိေနမွန္း သတိထားမိသြားေတာ့သည္။
"ေရာက္လာၿပီလား!?"
"ဟုတ္ကဲ့... ဦးဒီပက ဘာျဖစ္တာလဲ!?"
"အိပ္ေဆးေသာက္ၿပီး သတ္ေသတာ။"
စိတ္ကူးထားတဲ့အတိုင္း ျဖစ္လာခဲ့ေပမဲ့ ယခုတစ္ႀကိမ္မွာေတာ့ Theo မေပ်ာ္႐ႊင္ႏိုင္ခဲ့ေပ။ ဦးဒီပရဲ႕ေသဆုံးျခင္းမွ ရ႐ွိလိုက္တဲ့ ေပ်ာ္႐ႊင္မႈပမာဏက သိဂၤါရအတြက္ က႐ုဏာသက္မႈေလာက္ မမ်ားျပားျခင္းေၾကာင့္ ျဖစ္သည္။
"သိဂၤါရေရာ...!?"
"သူက အဲဒီေနရာကေန လုံးဝမေ႐ြ႕ဘူး။"
"ကြၽန္ေတာ္ သူ႕ဆီ သြားၾကည့္လိုက္ဦးမယ္။"
မင္းခန္႔က ေခါင္းညိတ္ျပလိုက္တာမို႔ Theoလည္း ထြက္သြားဖို႔ ဟန္ျပင္ခဲ့ရသည္။ စိုင္းရသဦးက သူ႕ေနာက္ကေန အတူလိုက္ပါဖို႔ ႀကိဳးစားလိုက္ေပမဲ့ မင္းခန္႔က တားထားခဲ့ျပန္သည္။
"စိုင္းရသဦးက အစ္ကိုနဲ႔ ခဏေလာက္ေနခဲ့ပါဦး။ နည္းနည္းေလာက္ ေျပာစရာ႐ွိလို႔ပါ။"
ထိုစကားေၾကာင့္ စိုင္းရသဦးက Theoရဲ႕ေနာက္သို႔ လိုက္မသြားျဖစ္ဘဲ က်န္ရစ္ခဲ့သည္။
"ဟုတ္ကဲ့... ဘာမ်ား ေမးစရာ႐ွိလို႔လဲ!?"
"ဦးဒီပရဲ႕အိပ္ရာေဘးမွာ စာႏွစ္ေစာင္ေတြ႕ခဲ့တယ္။ တစ္ေစာင္က သိဂၤါရအတြက္၊ ေနာက္တစ္ခုကေတာ့ မင္းအတြက္တဲ့။ မင္းနဲ႔ ဦးဒီပၾကားမွာ ဘာကိစၥ႐ွိလို႔လဲ!?"
မင္းခန္႔ရဲ႕အေမးကို စိုင္းရသဦးက တည္ၿငိမ္စြာ ျပန္ေျဖေပးလိုက္မိသည္။
"ကြၽန္ေတာ္တို႔က ကုမၸဏီမွာ ေတြ႕ေနက်မို႔ နည္းနည္းေတာ့ ရင္းႏွီးပါတယ္။ မေန႔ညတုန္းကလည္း ကြၽန္ေတာ့္ကို ဦးဒီပက ေခၚေတြ႕ေသးတယ္။"
"ဘာအတြက္လဲ!?"
"အစ္ကိုသိဂၤါရကို ေစာင့္ေ႐ွာက္ေပးဖို႔ပါ။ ၾကည့္ရတာေတာ့ အဲဒီအခ်ိန္ကတည္းက သူ႕စိတ္ထဲမွာ ႀကိဳတင္စီစဥ္ထားၿပီးသား ထင္ပါရဲ႕။"
က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေျဖေၾကာင့္ မင္းခန္႔က သံသယစိတ္ကို ေလွ်ာ့ခ်သြားခဲ့သည္။ ယခုအမႈက ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့အမႈမွန္း သူကိုယ္တိုင္လည္း ေသခ်ာေပါက္ သိေနေလသည္။ ထို႔ေၾကာင့္ သိဂၤါရအတြက္ စိတ္မေကာင္းေန႐ုံမွအပ အျခားလုပ္ေဆာင္ေပးႏိုင္တာ ဘာတစ္ခုမွ ႐ွိမေနခဲ့ေပ။
ဦးဒီပရဲ႕အခန္းထဲကို ဝင္လာလာခ်င္းမွာ ျမင္ေတြ႕လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Theoရဲ႕ရင္ထဲမွာ ခံစားရခက္သြားေတာ့သည္။ သိဂၤါရက ၾကမ္းျပင္ေပၚမွာ ထိုင္ခ်ထားၿပီး ဦးဒီပရဲ႕အေလာင္းဆီသို႔ မမွိတ္မသုန္ ၾကည့္ေနျခင္းပင္။
ငို႐ိႈက္ေနျခင္းမ်ိဳး မဟုတ္ဘဲ ခံစားခ်က္ေတြ ေပ်ာက္ဆုံးေနသူလို ၿငိမ္သက္ေနျခင္းသာ ျဖစ္သည္။ ထိုခံစားခ်က္မ်ိဳးနဲ႔ ကိုယ္တိုင္ၾကဳံခဲ့ရသူမို႔ သိဂၤါရရဲ႕အေျခအေနကို သူ ကိုယ္ခ်င္းစာ ေပးႏိုင္ေပသည္။ သို႔ေပမဲ့ ဘယ္ကေနစၿပီး ႏွစ္သိမ့္ေပးရမယ္မွန္း မသိႏိုင္ေတာ့သလို ခံစားေနရျပန္သည္။
ေနာက္ဆုံးမွာ သူ႕ေျခလွမ္းေတြကို သိဂၤါရရဲ႕နံေဘးက ေနရာလြတ္ဆီသို႔ ဦးတည္ၿပီး သြားလိုက္မိသည္။ သိဂၤါရနဲ႔ ပခုံးခ်င္းယွဥ္လ်က္သားျဖစ္ေအာင္ ထိုင္ခ်ၿပီးမွ စကားစေျပာဖို႔ သူ အားယူခဲ့ရသည္။
"သိဂၤါရ..."
အခန္းထဲမွာ ျပတ္သားစြာ ေပၚထြက္လာတဲ့ Theoရဲ႕အသံက သိဂၤါရကို အသိဝင္လာေစဖို႔ လႈံ႕ေဆာ္ႏိုင္စြမ္း မ႐ွိခဲ့ေပ။
"သိဂၤါရ... ကိုယ္ ေရာက္လာၿပီေလ။"
ယခုတစ္ႀကိမ္မွာေတာ့ သိဂၤါရရဲ႕လက္ကို သူ အသာအယာ ဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။ အထိအေတြ႕ေၾကာင့္ သိဂၤါရရဲ႕ေအးစက္ေနတဲ့ လက္ကေလးက အနည္းငယ္မွ် လႈပ္႐ွားသြားသလိုပင္။
"အခု မင္းရဲ႕စိတ္ထဲမွာ အားငယ္ေနမယ္မွန္း ကိုယ္ သိပါတယ္။ ဒါေပမဲ့ က်န္ခဲ့တဲ့ ကိုယ္တို႔က ေ႐ွ႕ဆက္ဖို႔ အားေမြးရမယ္ေလ။"
ေခ်ာ့ေမာ့ေျပာဆိုမႈနဲ႔ အသားမက်တဲ့ သူက သိဂၤါရအတြက္ ႀကိဳးစားၿပီး ေျပာေပးေနေပမဲ့ တုံ႔ျပန္မႈ မရေသးတာမို႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မိျပန္သည္။
"သိဂၤါရ... ငိုခ်င္ရင္ ငိုခ်လိုက္ပါ။ မင္းရဲ႕စိတ္ကို ခ်ဳပ္ေႏွာင္မထားပါနဲ႔။"
သို႔သည့္တိုင္ေအာင္ သိဂၤါရဘက္က တစ္စုံတစ္ရာ ဖြင့္ဟလာျခင္း မ႐ွိဘဲ ပကတိၿငိမ္သက္ေနခဲ့သည္။ ယခုလိုပုံစံမ်ိဳးအတိုင္း သိဂၤါရကို ျမင္ေနရတာထက္ အားပါးတရ ငိုေနျခင္းကိုသာ ရင္နာနာနဲ႔ ႏွစ္သိမ့္ေပးလိုက္ခ်င္ေတာ့သည္။
"မင္းကို ဒီလိုပုံစံမ်ိဳးနဲ႔ ျမင္ရရင္ မင္းရဲ႕အေဖက စိတ္ေျဖာင့္ႏိုင္ပါ့မလား!? မင္းအေနနဲ႔ သူ႕အတြက္ လုပ္ေပးသင့္တာေတြ အမ်ားႀကီးပဲ ႐ွိေသးတယ္။"
ထိုစကားက သိဂၤါရရဲ႕အသိစိတ္ကို လႈပ္ခတ္သြားေစခဲ့ေလသည္။ ဖခင္ျဖစ္သူ မွာၾကားခဲ့တဲ့ စကားေတြကို ျပန္လည္ၾကားေယာင္လာၿပီး ထိုင္ေနရာကေန အားတင္းကာ ထဖို႔ ျပင္လိုက္မိသည္။
သို႔ေပမဲ့ မလႈပ္မယွက္ဘဲ ထိုင္ေနခဲ့မိျခင္းေၾကာင့္ ေျခေထာက္က ထုံက်င္ၿပီး ယိုင္က်မလို ျဖစ္ခဲ့ရသည္။ Theoရဲ႕ထိန္းကိုင္ေပးမႈသာ မ႐ွိခဲ့ပါက ၾကမ္းျပင္ေပၚသို႔ ပုံလ်က္သား လဲက်သြားႏိုင္ေပသည္။
"ေျခေထာက္က နာေနၿပီလား!?"
ဂ႐ုတစိုက္ေမးလာတဲ့ Theoကို သူ ဘာမွျပန္မေျဖဘဲ လွည့္ထြက္လာခဲ့သည္။ ယခုအခ်ိန္မွာ သူ ဘယ္သူ႕ကိုမွ စကားေျပာခ်င္စိတ္ မ႐ွိေတာ့သလို ခံစားေနရသည္။ သို႔ေပမဲ့ လိုအပ္တာေတြ ေဆာင္႐ြက္ဖို႔အတြက္ မင္းခန္႔ဆီသို႔ ဦးတည္ၿပီး သြားလိုက္သည္။
"သိဂၤါရ... မင္း အဆင္ေျပရဲ႕လား!?"
ထိုစကားကလည္း ၾကားရဖန္မ်ားေနၿပီမို႔ သူ ၿငီးေငြ႕ေနခဲ့ေလၿပီ။
"ေဖေဖ့အတြက္ ငါ ဘာလုပ္ေပးရမွာလဲ!?"
"အဲဒီအတြက္ ငါ ဝိုင္းကူပါ့မယ္။ အေရးႀကီးတာတစ္ခုကို အရင္လုပ္လိုက္ဦး။"
"ဘာလဲ!?"
"မင္းအေဖ ခ်န္ထားခဲ့တဲ့ စာကို ဖတ္ၾကည့္ရမယ္ေလ။"
ဘာကိုမွ အာ႐ုံမစိုက္မိတာမို႔ ထိုစာကို ထားခဲ့မွန္းလည္း သူ မသိခဲ့ေပ။ မင္းခန္႔က ေပးအပ္လာတဲ့ စာတစ္ေစာင္ကို သူ ဂ႐ုတစိုက္ လွမ္းယူလိုက္ေပမဲ့ ဖြင့္ဖတ္ဖို႔အတြက္ ခဲယဥ္းေနခဲ့သည္။
"လုပ္စရာ႐ွိတာကို အရင္လုပ္ၾကရေအာင္။ စာကို ေနာက္မွပဲ ဖတ္ၾကည့္လိုက္မယ္။"
သိဂၤါရရဲ႕အေျခအေနကို မင္းခန္႔က ရိပ္မိသြားၿပီး ထပ္မတိုက္တြန္းေတာ့ဘဲ လိုက္ေလ်ာညီေထြစြာ ေနေပးခဲ့ရသည္။
"ဪ... အန္ကယ္က စိုင္းရသဦးအတြက္လည္း စာတစ္ေစာင္ ခ်န္ထားခဲ့ေသးတယ္။ အဲဒီစာကိုေတာ့ ငါ သူ႕ကို ေပးလိုက္ၿပီေနာ္။"
"ေဖေဖက သူ႕အတြက္ စာထားခဲ့တာလား!?"
"ဟုတ္တယ္။ စာအိတ္ေပၚမွာ သူ႕နာမည္တပ္ထားတာ။ ၿပီးေတာ့ တျခားသူ ဖြင့္မဖတ္ရလို႔လည္း ေရးထားေသးတယ္။"
စိုင္းရသဦးနဲ႔ ဖခင္ျဖစ္သူရဲ႕ၾကားမွာ ဘယ္လိုပတ္သက္မႈမ်ိဳး႐ွိေနလဲဆိုတာကို သူ သိခ်င္မိသည္။ ယမန္ေန႔ညကလည္း သူတို႔ႏွစ္ဦးကို ဆုံေတြ႕ေပးကာ လြတ္လြတ္လပ္လပ္ ေျပာဆိုခြင့္ေပးခဲ့ရေလသည္။ ထိုမွ်ႏွင့္ မလုံေလာက္ေသးဘဲ ယခုလိုမ်ိဳး စာခ်န္ထားခဲ့ျခင္းက မသကၤာစရာ ေကာင္းလွသည္။ သို႔ေပမဲ့ သိလိုစိတ္ကို ခဏမ်ိဳသိပ္ၿပီး လုပ္ေဆာင္စရာ႐ွိတဲ့ ကိစၥေတြကို ဦးစားေပးလိုက္ေတာ့သည္။
သိဂၤါရရဲ႕အေနာက္မွာ Theoက လိုက္ပါလာၿပီး အေျခအေနကို ခပ္လွမ္းလွမ္းကေနသာ အကဲခတ္ၾကည့္လိုက္သည္။ သူတို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးက ယခုအခ်ိန္ထိ အဆင္မေျပေသးတာမို႔ ဆိုင္သူတစ္ေယာက္အေနနဲ႔ ကူညီေပးဖို႔ မသင့္ေတာ္မွန္း သူ သိေနေပသည္။
သိဂၤါရက မင္းခန္႔နဲ႔ စကားေျပာၿပီး ဦးဒီပရဲ႕နာေရးအတြက္ အလုပ္႐ႈပ္ေနစဥ္မွာ လိုအပ္သမွ်ကို ေနာက္ကြယ္ကေန ျဖည့္ဆည္းေပးဖို႔ သူ စဥ္းစားလိုက္မိသည္။ ထိုအခ်ိန္မွာပင္ စိုင္းရသဦးကလည္း သူ႕အနားသို႔ ခ်ဥ္းကပ္လာခဲ့သည္။
"Theo... မင္းကို ေပးစရာ႐ွိတယ္။"
"ဘာလဲ!?"
"ဦးဒီပက မင္းအတြက္ စာခ်န္ထားခဲ့တယ္။"
"ဖတ္ၾကည့္ၿပီးၿပီလား!?"
"ငါ မဖတ္ရေသးပါဘူး။ ကာယကံ႐ွင္ျဖစ္တဲ့ မင္းကိုယ္တိုင္ပဲ ဖတ္ၾကည့္လိုက္ပါ။"
"ေလာေလာဆယ္ေတာ့ အဲဒီစာကို မင္းပဲ သိမ္းေပးထားဦး။ အိမ္ျပန္ေရာက္မွ ငါ ဖတ္ၾကည့္လိုက္မယ္။"
စိုင္းရသဦးက အမိန္႔အတိုင္း နာခံတဲ့အေနနဲ႔ ေခါင္းညိတ္ျပခဲ့ေလသည္။
"ဒါနဲ႔... သိဂၤါရအတြက္ ဘာလိုအပ္လဲဆိုတာကို တစ္ခ်က္ေလာက္ သြားေမးၾကည့္ေပးပါ။ ငါ ေမးရင္ သူက ျပန္ေျဖမွာ မဟုတ္ဘူး။"
"ငါ အခုခ်က္ခ်င္း သြားေမးေပးပါ့မယ္။"
စိုင္းရသဦးက သိဂၤါရဆီသို႔ ဦးတည္ထြက္ခြာသြားခ်ိန္မွာ Theoကေတာ့ အေဝးကေနသာ ေငးၾကည့္ေနခဲ့ရသည္။ ယခုလိုမ်ိဳး နီးလ်က္နဲ႔ ေဝးကြာေနရတဲ့ ဘဝကို သူ မလိုခ်င္ေတာ့ၿပီ။ ေကသရီနဲ႔ ပတ္သက္မႈကို အျမန္ရပ္စဲၿပီး သိဂၤါရရဲ႕အနားသို႔ ျပန္လည္ေရာက္႐ွိႏိုင္ဖို႔ သူ ႀကိဳးစားရေပဦးမည္။
"အစ္ကို... ကြၽန္ေတာ္ ဘာကူေပးရမလဲ!?"
အနားသို႔ တိတ္တဆိတ္ေရာက္႐ွိလာတဲ့ စိုင္းရသဦးကို သိဂၤါရက ျဖည္းညင္းစြာ လွည့္ၾကည့္လိုက္သည္။
"မင္းခန္႔က ဝိုင္းကူေပးေနေတာ့ အဆင္ေျပပါတယ္။"
"ကြၽန္ေတာ္က အစ္ကို႔အနားမွာပဲ ႐ွိေနမွာပါ။ ခိုင္းစရာ႐ွိရင္ အားမနာပါနဲ႔။"
"အင္း...အစ္ကို သိပါတယ္။ ခိုင္းစရာက မ႐ွိပါဘူး။ ဒါေပမဲ့ ေမးစရာတစ္ခု ႐ွိတယ္။"
"ဟုတ္ကဲ့...ေမးပါ... အစ္ကို။"
"ေဖေဖက မင္းအတြက္ စာတစ္ေစာင္ ထားခဲ့တယ္လို႔ ၾကားတယ္။ အဲဒါ ဟုတ္လား!?"
"ဟုတ္ပါတယ္။"
"ေဖေဖက ဘာအတြက္ စာခ်န္ခဲ့ရတာလဲ!?"
"အစ္ကို႔ကို ေစာင့္ေ႐ွာက္ေပးဖို႔ မွာခဲ့တာပါ။ စီးပြါးေရးနဲ႔ ပတ္သက္ရင္ ကြၽန္ေတာ္က ပိုၿပီးအေတြ႕အၾကဳံ႐ွိလို႔ အစ္ကို႔ကို ဝင္ကူညီေပးပါတဲ့။"
"မေန႔ညက လူခ်င္းဆုံတာကေရာ!?"
"အဲဒါက ကြၽန္ေတာ္တို႔ကုမၸဏီမွာ ထည့္ထားတဲ့ ႐ွယ္ယာေတြအတြက္ မွာတာပါ။"
စကားထဲမွာ တခ်ိဳ႕ေသာ ထိမ္ခ်န္မႈေတြ ႐ွိေနမွန္း သိဂၤါရက သိေနေပမဲ့ စိတ္အေျခအေနက အဆင္မေျပေသးတာမို႔ ဆက္မေမးျဖစ္ခဲ့ေပ။
"သူ႕ကို အိမ္ျပန္ေခၚသြားလိုက္ေတာ့။"
သူဆိုတာက Theoကို ရည္ၫႊန္းေျပာဆိုေနျခင္းမွန္း စိုင္းရသဦးက ရိပ္မိခဲ့သည္။
"သူက အစ္ကို႔ကို လာကူညီေပးတာပါ။"
"သူနဲ႔ငါက ဘာမွမဆိုင္ေတာ့ဘူး... ရသ။"
ေအးတိေအးစက္ ေျပာလာတဲ့ စကားတစ္ခြန္းေၾကာင့္ စိုင္းရသဦးလည္း သိဂၤါရကို စိတ္အေႏွာင့္အယွက္ ထပ္မေပးဝံ့ဘဲ လက္ေလွ်ာ့လိုက္ရသည္။ ထို႔ေၾကာင့္ လာရာလမ္းအတိုင္း သူ ျပန္လွည့္လာၿပီး Theoကို ေျပာျပေပးခဲ့ရေလသည္။
"အစ္ကိုက မင္းကို အိမ္ျပန္ၿပီး နားခိုင္းလိုက္တယ္။ မေန႔ကမွ ေဆး႐ုံကေန ဆင္းလာရတဲ့သူဆိုေတာ့ စိတ္ပူလို႔ ေနမွာ။"
"သူက ငါ့ကို မျမင္ခ်င္လို႔ တမင္ႏွင္ထုတ္ေနတာ..."
"ဘာလို႔ အဲဒီလိုမ်ိဳး ေတြးေနရတာလဲ!?"
"သူက ငါ့ကို စကားေျပာဖို႔ ေနေနသာသာ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ခဲ့ဘူး။"
"အခုခ်ိန္မွာ သူ႕အေဖေၾကာင့္ သူ ဝမ္းနည္းေနရတာေလ။ မင္းကိုမွ မဟုတ္ပါဘူး။ ငါ့ကိုလည္း စကားသိပ္မေျပာခ်င္တဲ့ပုံပါပဲ။"
ႏွစ္သိမ့္စကားေတြကို နားမေထာင္လိုေတာ့တဲ့ Theoက သိဂၤါရရဲ႕ဆႏၵအတိုင္း ထြက္သြားေပးဖို႔ ဆုံးျဖတ္လိုက္မိသည္။
"ငါ ေကသရီ႕ဆီကို သြားၿပီး ႐ွင္းစရာ႐ွိတာ ႐ွင္းရဦးမယ္။"
"မင္းရဲ႕ဒဏ္ရာက ေကာင္းေကာင္းသက္သာေသးတာ မဟုတ္ဘူး။ ေနာက္ေတာ့မွပဲ သြား႐ွင္းလိုက္ပါလား!?"
"စကားေျပာ႐ုံပါပဲ။ သူနဲ႔ ကိစၥမၿပီးျပတ္ေသးရင္ သိဂၤါရက ငါ့အေပၚကို အခုလိုပဲ ဆက္ၿပီး စိမ္းကားေနဦးမွာ။"
ထိုအေၾကာင္းျပခ်က္က မွန္ကန္ေပမဲ့ Theoရဲ႕ဒဏ္ရာအတြက္ စိုင္းရသဦးက စိတ္မခ် ျဖစ္ေနဆဲပင္။
"ဒါဆို ငါေရာ လိုက္ခဲ့လို႔ရမလား!?"
"မင္း လိုက္ခ်င္ရင္လည္း လိုက္ခဲ့ေပါ့။"
Theoက တားျမစ္ျခင္း မျပဳတာမို႔ ေကသရီ႐ွိရာ ဟိုတယ္ဆီသို႔ သူတို႔ႏွစ္ဦး အတူထြက္လာျဖစ္ခဲ့ၾကသည္။
"🔔...🔔...🔔"
အျပင္သြားဖို႔ အလွျပင္ေနတဲ့ ေကသရီက ဘဲလ္ျမည္သံေၾကာင့္ တံခါးထဖြင့္ေပးခဲ့သည္။ တံခါးဖြင့္ဖြင့္ခ်င္းမွာ ျမင္ေတြ႕လိုက္ရတဲ့ မ်က္ႏွာက သူမရဲ႕စိတ္ကို ခ်က္ခ်င္း ႐ႊင္ပ်သြားေစေတာ့သည္။
"Theo... ဒီအထိ ေရာက္လာ..."
ဆက္ေျပာဖို႔အတြက္ ရည္႐ြယ္ထားတဲ့ စကားတစ္ခြန္းက Theoရဲ႕အေနာက္ဘက္မွာ ပါလာတဲ့ စိုင္းရသဦးေၾကာင့္ ရပ္တန္႔သြားရသည္။
"သူက ဘာလို႔ ပါလာတာလဲ!?"
Theoက သူမရဲ႕အေမးကို ျပန္မေျဖခဲ့ေပ။
"အထဲမွာ ေအးေအးေဆးေဆး စကားသြားေျပာၾကရေအာင္။"
Theo ေျပာသမွ်ကို နာခံတတ္တဲ့ သူမက ထပ္မေမးရဲဘဲ အခန္းထဲသို႔ ဦးေဆာင္ေခၚလာခဲ့ေလသည္။ ကိုယ္စီေနရာယူၿပီးခ်ိန္မွာ သူမရဲ႕သိလိုတဲ့စိတ္က တားမရေတာ့ၿပီမို႔ အရဲစြန္႔ကာ ထုတ္ေမးလိုက္မိသည္။
"Theo... ဘာျဖစ္လို႔လဲ!?"
"ငါတို႔ လမ္းခြဲၾကရေအာင္။"
စကားတစ္ခြန္းက သူမရဲ႕ႏွလုံးသားကို ေျခမႊပစ္လိုက္သလိုပင္။
"ကိစၥေတြ ၿပီးသြားရင္ တို႔နဲ႔ လက္ထပ္ပါ့မယ္လို႔ ႐ွင္ပဲ ေျပာခဲ့တာေလ။"
"အဲဒီစကားကို အမွန္လို႔ ထင္ေနတာလား!?"
"တို႔ႏွစ္ေယာက္က အဆင့္ေက်ာ္ၿပီးေနၿပီပဲ။ ႐ွင္သာ ေယာက်္ားပီသတယ္ဆိုရင္ ဒီကိစၥကို တာဝန္ယူေပးသင့္တယ္။"
"ဘာေတြ အထူးအဆန္းလာလုပ္ေနတာလဲ!? မင္းက တျခားေယာက်္ားေတြနဲ႔လည္း ဒီလိုမ်ိဳး ေနတတ္တဲ့သူပဲ။ သူတို႔ကိုလည္း တာဝန္ယူခိုင္းလိုက္ေပါ့။"
"Theo... တို႔သိကၡာကို မေစာ္ကားနဲ႔။"
"ငါက မင္းရဲ႕သိကၡာကို ေစာ္ကားတာလား!? မင္းကိုယ္တိုင္က သိကၡာမ႐ွိတာလား!?"
သူစိမ္းတစ္ေယာက္ရဲ႕အေ႐ွ႕မွာ သိကၡာကို အေစာ္ကားခံေနရတဲ့ ေကသရီက ႐ွက္စိတ္နဲ႔အတူ ေဒါသက ကပ္ပါလာေလသည္။
"တို႔ကို သိကၡာမ႐ွိဘူးလို႔ ေျပာရေအာင္ ႐ွင့္ရဲ႕အရင္ရည္းစားကေရာ ေတာ္ေတာ္ေလး ဂုဏ္ယူခ်င္စရာ ေကာင္းေနလို႔လား!? ေယာက်္ားတကာနဲ႔ ပလူးတတ္တဲ့သူမွန္း သိသာေနတာပဲ။"
"မင္း ပါးစပ္ေပါက္ကို ပိတ္ထားးးး!!!"
Theoရဲ႕ေအာ္သံက အခန္းတစ္ခုလုံးကို ဟိန္းထြက္သြားေစခဲ့သည္။ ေဒါသတႀကီး ေျပာလိုက္မိတဲ့ ေကသရီကလည္း Theoရဲ႕မ်က္စိေ႐ွ႕မွာ မေနဝံ့ေတာ့သလိုပင္။
"သူ႕ကို မေကာင္းေၾကာင္းေျပာရေအာင္ မင္းရဲ႕ပါးစပ္နဲ႔ တန္လို႔လား!? ဒီမွာ ေကသရီ... ငါ့ရဲ႕ေဒါသေတြကို ထိန္းလို႔မရေအာင္ လာဆြေပးရင္ နစ္နာမယ့္သူက မင္းပဲ ျဖစ္သြားလိမ့္မယ္။"
ထိုလူနဲ႔ ပတ္သက္လာတိုင္းမွာ Theoရဲ႕အျပဳအမူေတြက ဆတ္ဆတ္ထိမခံ ျဖစ္သြားတတ္ေပသည္။ သို႔ေပမဲ့ မနာလိုဝန္တိုမႈက အေၾကာက္တရားကိုပင္ ဖုံးလႊမ္းပစ္ႏိုင္စြမ္း ႐ွိသြားေတာ့သည္။
"သူ႕လို ေယာက်္ားတစ္ေယာက္ဆီမွာ ႐ွင့္အတြက္ ဘာေတြမ်ား တပ္မက္စရာ ႐ွိေနလို႔လဲ!? သူက ႐ွင့္ကို ကေလးေမြးေပးႏိုင္လို႔လား!? မိသားစုဘဝကို ေပးႏိုင္လို႔လား!?"
"ငါ့အတြက္ သူ ႐ွိေနရင္ ရၿပီ။ က်န္တာ ဘာမွမလိုဘူး။"
"႐ွင္ ဒီလိုပဲ ဆက္ၿပီး ေခါင္းမာေနမယ္ဆိုရင္ တို႔ႏွစ္ေယာက္ရဲ႕ပတ္သက္မႈကို အားလုံးသိေအာင္လို႔ ထုတ္ေျပာျပလိုက္ရလိမ့္မယ္။"
"ေျပာေလ... ဘာသက္ေသနဲ႔လဲ!?"
ျပန္မေျဖတတ္ဘဲ ဆြံ႕အသြားတဲ့ ေကသရီ႕ကို ၾကည့္ၿပီး Theoက ခပ္မဲ့မဲ့ျပဳံးျပလိုက္သည္။
"မင္းမွာ သက္ေသမ႐ွိေပမဲ့ ငါ့မွာေတာ့ ႐ွိတယ္။ ရသ... သူ႕ကို အဲဒီဗီဒီယို ျပလိုက္။"
နံေဘးမွာ တစ္ခ်ိန္လုံး ၿငိမ္သက္စြာ ထိုင္ေနခဲ့သူက ေဘာင္းဘီအိတ္ကပ္ထဲကေန ဖုန္းကို ယူထုတ္လိုက္ၿပီး ေကသရီရဲ႕မ်က္ႏွာေ႐ွ႕သို႔ ခ်ျပခဲ့ေလသည္။ ဗီဒီယိုထဲမွာ ပါ႐ွိသည္က သူမနဲ႔ Theoတို႔ မွားယြင္းခဲ့တဲ့ေန႔က အျဖစ္အပ်က္ေတြကို မွတ္တမ္းယူထားျခင္းသာ ျဖစ္သည္။
ထိုေန႔က Theoက သီခ်င္းသြားဖြင့္ခိုင္းၿပီး သူမက ဝိုင္ခြက္ထဲမွာ ေဆးခပ္လိုက္မိသည္။ ကံေကာင္းစြာျဖင့္ Theoကလည္း ဖုန္းေျပာဖို႔အတြက္ အျပင္ဘက္သို႔ ထြက္သြားခဲ့သည္။ သူမတို႔ႏွစ္ေယာက္ စကားေျပာခဲ့ၾကၿပီး Theoရဲ႕ဆႏၵအရ ဝိုင္ကို ျမည္းၾကည့္ခဲ့ရျပန္သည္။
ခဏၾကာၿပီးေနာက္ ဘဲလ္ျမည္သံေၾကာင့္ သူမ တံခါးသြားဖြင့္ေပးေနခ်ိန္မွာ မထင္မွတ္ထားတဲ့ ကိစၥတစ္ခုကို ျမင္ေတြ႕လိုက္ရသည္။ ထိုအရာက ေဆးခပ္ထားတဲ့ ဝိုင္ခြက္ကို သူမရဲ႕ဝိုင္ခြက္နဲ႔ လဲလွယ္ခံလိုက္ရတဲ့ကိစၥသာ ျဖစ္ေလသည္။
ဝိုင္ကို အနည္းငယ္မွ် ယူျမည္း႐ုံနဲ႔ စိတ္လြတ္ေလာက္တဲ့အထိ ျဖစ္သြားခဲ့ျခင္းအေပၚ သူမ မသကၤာျဖစ္မိေပမဲ့ ယခုလိုမ်ိဳး လုပ္ၾကံခံခဲ့ရမွန္း လုံးဝေတြးမထားခဲ့ေပ။ အေျခအေနကို ပိုဆိုးသြားေစတာက ေဆးအ႐ွိန္ေၾကာင့္ လိင္စိတ္ႂကြလာခ်ိန္မွာ သူမနဲ႔ မွားယြင္းသြားခဲ့သူက Theo မဟုတ္ဘဲ ဘဲလ္လာတီးၿပီး ထြက္သြားခဲ့သည့္ သူစိမ္းေယာက်္ား ျဖစ္ေနခဲ့ျခင္းပင္။
ထိုဗီဒီယိုကို ၾကည့္ရင္းနဲ႔ ေကသရီရဲ႕မ်က္လုံးက မယုံၾကည္ႏိုင္မႈေၾကာင့္ ျပဴးက်ယ္သြားၿပီး မ်က္ရည္ေတြ စီးက်လာေတာ့သည္။
"ဒါ... ဒါ... မျဖစ္ႏိုင္ဘူး။"
"မ်က္စိနဲ႔ တပ္အပ္ျမင္ရတာေတာင္ ဘာလို႔ မျဖစ္ႏိုင္ဘူးလို႔ ဇြတ္ျငင္းေနတာလဲ!?"
"ဒါက လုပ္ၾကံဖန္တီးထားတာပဲ။"
"ဒါဆို ဒီအထဲက မိန္းမက မင္းဟုတ္မဟုတ္ ေသခ်ာေအာင္လို႔ တျခားသူေတြကို လိုက္ျပၿပီးေတာ့ ေမးၾကည့္ေပးရမလား!?"
"Theo!!! ႐ွင္ ဘာလုပ္လိုက္တာလဲ!? ဘာလို႔ အခုလိုမ်ိဳး လုပ္ရက္ရတာလဲ!?"
"ဝိုင္ထဲမွာ ေဆးခတ္ခဲ့တာက မင္း မဟုတ္ဘူးလား!? ငါ့ကို အပိုင္ၾကံဖို႔ အကြက္ခ်ခဲ့တာကေရာ မင္းပဲ မဟုတ္ဘူးလား!?"
"႐ွင္ သိေနရင္ ေ႐ွာင္ထြက္သြားလို႔ ရတာပဲ။ ဘာလို႔ အခုလိုမ်ိဳး ေအာက္တန္းက်ခဲ့ရတာလဲ!?"
"အဲဒါက မင္းရဲ႕စိတ္ဓာတ္အေပၚမွာ မူတည္တယ္။ ေကာင္းတဲ့သူကို ေကာင္းသလို ယုတ္မာတဲ့သူကို ယုတ္မာသလို ဆက္ဆံေပးရတာေပါ့။"
"တို႔က ႐ွင့္အေပၚမွာ ဘယ္ႏွခါမ်ား ယုတ္မာခဲ့ဖူးလို႔လဲ!? ႐ွင့္ကို သိပ္ခ်စ္လြန္းလို႔ ပိုင္ဆိုင္ခ်င္႐ုံကလြဲၿပီး ကြၽန္တစ္ေယာက္လိုမ်ိဳး ခိုင္းသမွ် အကုန္လုပ္ေပးခဲ့ရတာပါ။ ဒီျပစ္မႈက ေတာ္ေတာ္ႀကီးမားသြားလို႔လား!?"
"ငါ့ကို မင္း ဘာပဲလုပ္လုပ္ ကိစၥမ႐ွိဘူး... ေကသရီ။ ဒါေပမဲ့ မင္းက ငါတို႔ႏွစ္ေယာက္ၾကားမွာ ျပႆနာပိုႀကီးသြားေအာင္ ဝင္႐ႈပ္ခဲ့တဲ့သူပဲ။"
ထိုစကားေၾကာင့္ ေကသရီက မ်က္ရည္ေတြၾကားကေန နာၾကည္းစြာ ျပဳံးျပခဲ့သည္။
"ဪ...ေနာက္ဆုံးေတာ့လည္း သူ႕ေၾကာင့္ပဲေပါ့။ သူ႕လို အေျခာက္ေကာင္အတြက္နဲ႔..."
"ေျဖာင္း!!!"
စကားမဆုံးေသးခင္မွာ Theoရဲ႕လက္ဖဝါးက သူမရဲ႕ပါးျပင္ေပၚသို႔ အ႐ွိန္ျပင္းစြာ က်ဆင္းလာခဲ့သည္။
"Theo... လက္မလြန္ေစနဲ႔။ ေတာ္ေတာ့။"
စိုင္းရသဦးရဲ႕တားျမစ္မႈသာ မ႐ွိခဲ့ပါက ေကသရီ႕ကို ေနရာမွာပင္ သတ္ပစ္လိုက္ဖို႔အထိ Theoက စဥ္းစားထားပုံရေလသည္။
"သူ ေျပာေနတာကို မင္း မၾကားဘူးလား!?"
"ၾကားပါတယ္။ ဒါေပမဲ့ သူ႕အတြက္ေၾကာင့္နဲ႔ ျပႆနာမႀကီးေစခ်င္ဘူး။ မင္း ကားထဲမွာပဲ သြားေစာင့္ေနလိုက္ပါ။ သူ႕ကို မွာစရာ႐ွိတာ မွာထားခဲ့ၿပီးရင္ ငါ ဆင္းလာခဲ့မယ္။"
ထိုအခါက်မွ Theoက ေကသရီ႕ကို တစ္ခ်က္လွမ္းၾကည့္ၿပီး အခန္းထဲကေန ေဒါသတႀကီးျဖင့္ ထြက္သြားေတာ့သည္။
"ေကသရီ... မင္းက ငါတို႔အတြက္ သက္ေသအေနနဲ႔ ကူညီေပးခဲ့တဲ့သူပါ။ အဲဒီအတြက္ ငါတို႔ဘက္က မင္းရဲ႕ဘဏ္အေကာင့္ထဲကို သိန္းငါးရာ လႊဲေပးထားၿပီးၿပီ။ ကိစၥေတြကို ဒီမွာတင္ ရပ္လိုက္ပါေတာ့။ မဟုတ္လို႔႐ွိရင္ အႏၲရာယ္ကို မင္းကိုယ္တိုင္ ဖိတ္ေခၚသလို ျဖစ္သြားလိမ့္မယ္။"
သူ႕စကားကို ၾကားခ်ိန္မွာ ေကသရီက အက္ကြဲစြာ ရယ္လိုက္သည္။
"ရက္ေရာလွခ်ည္လား!? မ်က္ရည္ဝဲေလာက္တဲ့အထိ ေက်းဇူးတင္မိပါတယ္လို႔ သူ႕ကို ေျပာေပးစမ္းပါဦး။"
"သူနဲ႔ ထပ္မပတ္သက္ပါနဲ႔။ မင္းအတြက္ ငါ သတိေပးေနတာ။"
"မပတ္သက္ရဲေတာ့ပါဘူး။ ေနာက္တစ္ခါဆို ကြၽန္မက ေပ်ာ္ေတာ္ဆက္လိုမ်ိဳး လူတကာနဲ႔ ဆက္ဆံရတဲ့သူ ျဖစ္သြားေတာ့မွာ။ ေၾကာက္ပါတယ္...ကြၽန္မ သူ႕ကို အရမ္းေၾကာက္သြားပါၿပီ။"
"ျဖစ္ခဲ့သမွ်အတြက္ စိတ္မေကာင္းပါဘူး။"
စိုင္းရသဦးက အခန္းထဲကေန ထြက္ခြာသြားခ်ိန္မွာ ေကသရီကေတာ့ အ႐ူးတစ္ေယာက္လို ငိုေႂကြးရင္းနဲ႔ က်န္ရစ္ခဲ့ေလသည္။
"အခ်စ္တဲ့... အရာအားလုံး ေပးဆပ္ၿပီး ခ်စ္ျပခဲ့တာေတာင္မွ ငါ့ဘဝတစ္ခုလုံး ပ်က္စီးခဲ့ရတာေတာင္မွ သူက မုန္းတီးေနတုန္းပဲ။"
အခန္းတစ္ခုလုံးမွာ သူမရဲ႕ေအာ္ဟစ္ငိုေႂကြးသံေတြနဲ႔ ျပည့္ႏွက္ေနခဲ့သည္။ တစ္ၿပိဳင္နက္တည္းမွာပင္ ေျခာက္ကပ္ကပ္ရယ္သံတခ်ိဳ႕ကလည္း ထြက္ေပၚလာခဲ့ျပန္သည္။
"ေၾကာက္တယ္... သူတို႔ႏွစ္ေယာက္ ေပ်ာ္႐ႊင္ေနမွာကို ငါ အရမ္းေၾကာက္တယ္။ ဒါဆို သူတို႔ မေပ်ာ္ရေအာင္ လုပ္ေပးရမွာေပါ့။ ဟုတ္တယ္... အဲဒီလိုလုပ္ေပးရမယ္။"
နာၾကည္းမႈနဲ႔ ယူက်ံဳးမရျဖစ္မႈေတြက သူမရဲ႕စိတ္ကို လႊမ္းမိုးသြားေတာ့သည္။ ဘယ္အရာမဆို အသာစီးရေနတတ္တဲ့ Theoက မိန္းမတစ္ေယာက္ရဲ႕အာဃာတတရားႀကီးမားမႈကို ေလွ်ာ့တြက္ထားခဲ့ပုံပင္။
စိုင္းရသဦးက ကားထဲသို႔ ဝင္ထိုင္ၿပီးခ်ိန္မွာ Theoရဲ႕မ်က္ႏွာကို အကဲခတ္ၾကည့္ခဲ့သည္။ ေဒါသအ႐ွိန္က အနည္းငယ္မွ် က်န္႐ွိေနေသးတာကို သတိထားမိလိုက္တာမို႔ စကားကို ထိန္းေျပာႏိုင္ဖို႔ သူ ႀကိဳးစားခဲ့ရသည္။
"Theo... ႏွင္းဆီၿမိဳင္ကိုပဲ ျပန္မွာမလား!?"
"သိဂၤါရဆီကိုပဲ ျပန္ပို႔ေပးေတာ့။"
"သူက မင္းနဲ႔ မေတြ႕ခ်င္ေသးဘူးေလ။"
"အေဝးကေန လွမ္းၾကည့္ေန႐ုံပါပဲ။"
"မင္းရဲ႕ဒဏ္ရာကလည္း ေကာင္းေသးတာမွ မဟုတ္တာ။ မနက္ျဖန္မွပဲ ထပ္သြားလိုက္ပါလား!?"
"မင္းက ငါ့အမိန္႔ကို ဘယ္တုန္းက ေသြဖည္တတ္သြားတာလဲ!?"
ျပႆနာ မႀကီးေစဖို႔အတြက္ ေနာက္ဆုံးမွာေတာ့ Theoရဲ႕ဆႏၵအတိုင္း သိဂၤါရ႐ွိရာသို႔ သူ လိုက္ပို႔ေပးခဲ့ရျပန္သည္။ နာေရးကိစၥေတြကို ႏြမ္းလ်စြာ ေဆာင္႐ြက္ေန႐ွာတဲ့ သိဂၤါရကို အေဝးကေန လွမ္းၾကည့္ၿပီး သူကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္မိေပသည္။
"သူ လြတ္လြတ္လပ္လပ္ ျပဳံးရယ္ခဲ့ဖူးတာက ဘယ္အခ်ိန္ကလဲဆိုတာေတာင္ ငါ မမွတ္မိေတာ့ဘူး။ အခုေနာက္ပိုင္းမွာ ငါ ေတြ႕ေနရတာက သူ႕မ်က္ရည္ေတြခ်ည္းပဲ။"
"သူ႕ကို ျပန္ၿပီး ျပဳံးရယ္ႏိုင္ေအာင္ မင္း လုပ္ေပးလိုက္ေပါ့။"
"ရည္းစားမထားဖူးမွန္း သိသာလိုက္တာ။"
သေရာ္သလို ေျပာလိုက္တဲ့ Theoရဲ႕စကားတစ္ခြန္းေၾကာင့္ စိုင္းရသဦးက ျပဳံး႐ႊင္စြာျဖင့္ ေမးလိုက္မိသည္။
"ဘာျဖစ္လို႔လဲ!?"
"ျပတ္သြားဖူးတဲ့ ဆက္ဆံေရးတစ္ခုက လြယ္လြယ္နဲ႔ ျပန္မေကာင္းႏိုင္ေတာ့ဘူး။"
"အဲဒါကိုေတာ့ ငါလည္း သိပါတယ္။"
"ေ႐ႊစင္မိုးကို သေဘာက်လား!?"
"သူနဲ႔က အလုပ္သေဘာအရ တြဲတာေလ။"
"ဒါေပမဲ့ သူနဲ႔ ေတြ႕ျဖစ္တဲ့ေန႔ေတြဆို မင္း ေကာင္းေကာင္းအိပ္ေပ်ာ္တာပဲ။"
"မင္းက ငါ အိပ္ေပ်ာ္မေပ်ာ္ကို အၿမဲလာလာေခ်ာင္းေနတာလား!?"
Theoက ခဏၾကာေအာင္ တိတ္ဆိတ္သြားၿပီးမွ သိဂၤါရဆီသို႔ ေငးၾကည့္ရင္းနဲ႔ ညင္သာစြာ ေျပာလိုက္သည္။
"ငါ့ဆီမွာ မင္းနဲ႔ သိဂၤါရပဲ ႐ွိေတာ့တာ..."
ထိုစကားတစ္ခြန္းက စိုင္းရသဦးရဲ႕ရင္ထဲကို ဆူးနဲ႔ ထိုးခ်လိုက္သလိုပင္။ မိဘမဲ့ျဖစ္ခဲ့ရတဲ့ Theoရဲ႕ဘဝေလးကို စာနာမိၿပီး တရားခံက သူ႕ဖခင္ ျဖစ္ေနျခင္းကိုလည္း စိတ္မေကာင္းျဖစ္မိေပသည္။
"ရသ..."
က႐ုဏာသက္စြာ ေရ႐ြတ္လိုက္မိတဲ့ နာမည္ကို Theoက ခ်က္ခ်င္းပယ္ခ်ခဲ့သည္။
"ငါ့ကို အဲဒီနာမည္ လာမေခၚနဲ႔။"
"တစ္ခါေလာက္ပဲ ျပန္ေခၚၾကည့္ခ်င္လို႔ပါ။ အဲဒီနာမည္နဲ႔ မင္းက တကယ္လိုက္တယ္။"
"မင္းက ေတာ္ေတာ္သတၱိေကာင္းလာတာပဲ။"
"မင္းနဲ႔ အေနနီးသြားလို႔ ေနမွာပါ။"
"အားလုံးၿပီးသြားရင္ မင္းနဲ႔ေ႐ႊစင္မိုးအတြက္ မဂၤလာပြဲကို အႀကီးက်ယ္ဆုံးျဖစ္ေအာင္ ငါ လုပ္ေပးမယ္။"
"ဘာလဲ... အစ္ကိုနဲ႔ မင္းရဲ႕ၾကားမွာ ငါ လိုက္႐ႈပ္ေနမွာ စိုးလို႔လား!?"
"ဆိုပါေတာ့..."
ညင္သာစြာ မေျပာတတ္တဲ့ ညီျဖစ္သူအေပၚမွာ စိုင္းရသဦးက အမွန္တကယ္ ခ်စ္ျမတ္ႏိုးခဲ့ေလသည္။ Theoရဲ႕အတြင္းစိတ္ထဲမွာ သူ႕အတြက္ ေနရာေလးတစ္ခု အတည္တက် ႐ွိေနျခင္းေၾကာင့္လည္း အလိုလို ၾကည္ႏူးေနမိေတာ့သည္။
*ဒီေန႔ကစၿပီး ficကို တစ္ရက္ျခားတစ္ခါ ျပန္အပ္ေပးပါေတာ့မယ္။ ဘယ္အခ်ိန္မွာ ဘာျဖစ္လာမလဲဆိုတာကို ခန္႔မွန္းလို႔ မရႏိုင္တဲ့ ေလာကႀကီးမို႔ ေၾကာက္စိတ္ဝင္ေနမိတာလည္း ပါပါတယ္။ ေစာင့္ေနေပးၾကသူမ်ားကိုလည္း ေက်းဇူးအထူးတင္႐ွိပါတယ္႐ွင့္🌹🌹🌹
#Śûè
*****************