Vampires Love [Completed]

By EllaWangyixing

33.5K 2.8K 138

Fantasy type Seme-Xiaozhan Jeon jungkook Uke-Wang yibo Kim taehyung More

Vampires Love
Vampires Love
Vampires love
Vampires love
Vampires love
Vampires love
vampires love
vampires love
Vampires love
Vampires Love
Vampires love
Vampires love
Vampires love
Vampires love
Vampires Love
Vampires Love
Vampires love
Vampires love
Vampires Love
Vampires love
Vampires Love
Vampires Love
Vampires Love
Vampires Love
new fic intro

Vampires love

990 102 4
By EllaWangyixing

Part–14

Uni

taehyungတို့ bossတို့ဆီမှာ အလုပ်လုပ်နေတာအခုဆိုရင်တစ်ပတ်တောင်ပြည့်သွားခဲ့ပြီ
မဆိုးပါဘူး bossတို့နဲ့လည်းအခုတစ်ပတ်အတွင်းနည်းနည်းအဆင်ပြေလာပါပြီ အဆင်ပြေတယ်ဆိုတာစကားပြောရင်အပေါက်အလမ်းတည့်တာကိုပြောတာနော် တခြားတွေးမနေကြနဲ့ဦး ခင်များတို့ကပြောလို့ရတာမဟုတ်ဘူး

jungkook–"taehyung shii ဘာရပ်လုပ်နေတာလဲ"ကားတံခါးရှေ့တည့်တည့်ကြီးမှာရပ်နေပြီးအတွေးကမ္ဘာပတ်နေသော သူ့ရဲ့bodyguardလေးကို ခေါ်လိုက်သည်

taehyung–"အာ.. bossဘာမှမလုပ်ပါဘူး bossကိုစောင့်နေတာပါ"ဟုပြောပြီး jungkookထိုင်မဲ့ဖက်ကိုအပြေးလေးသွားကာကားတံခါးကိုသွားဖွင့်ပေးသော taehyungပါလေ
jungkookမှာလည်းအဲ့လိုအလိုက်သိတာလေးတွေကိုပဲသဘောကျနေရတာ ရိုးရိုးသဘောကျတာနော် အလုပ်ရှင်ကသူ့အလုပ်သမားရဲ့လုပ်ပုံကိုင်ပုံကိုသဘောကျသလိုမျိုး လျှောက်တွေးမနေကြနဲ့အုံး
.

.
xiaozhan–"yiboသွားရအောင်"ဟုပြောကာအိမ်ထဲမှsuit အပြာရောင်လေးဖြင့်ထွက်လာသောxiaozhan

yiboကတော့မသိရင်ကလေးကစားကွင်းသွားမည့်ပုံဖြင့် ဘောင်းဘီဂျင်းအနက်အပွကိုမှ ဒူးလောက်နဲ့ အင်္ကျီမှာတော့ T-shirtအနက်ရောင်လက်တိုကိုမှအရုပ်လေးတွေနဲ့ အထဲကအဖြူရောင်တီရှပ်လေးကိုတွဲဖက်ဝတ်ဆင်ထားသည် မသိရင်ကလေးဗိုလ်လေးလိုပဲ🤧

(ကလေးဗိုလ်လေးyibo)

xiaozhanမျက်စိထဲမှာလည်းyiboကိုကလေးလေးနဲ့တူတယ်လို့ပဲမြင်မိတယ် တကယ်ကိုကလေးပေါက်စလေးပါ ပြီးတော့ချစ်ဖို့လည်းကောင်းတယ် စိတ်ထဲမှာလည်းတစ်မျိုးကြီးပဲ ဘာလို့ဆိုyiboဝတ်ထားတဲ့ဘောင်းဘီကဒူးလောက်ပဲရှိတာလေအဲ့တော့သူ့ရဲ့ခြေသလုံးဖြူဖြူဖွေးဖွေးလေးကပေါ်နေတယ် xiaozhanစိတ်ထဲမှာတောင်အဲ့ခြေသလုံးလေးကိုကိုက်ပစ်ချင်နေတာ တစ်ခြားသူတွေဆိုရင်လည်းအဲ့လိုပဲနေမှာလေ အာ့ကြောင့်အဲ့ခြေသလုံးလေးကိုမပေါ်စေချင်ဘူး ကိုယ့်အနေနဲ့လည်းသူ့ကို အဲ့ဘောင်းဘီမဝတ်နဲ့တစ်ခြားဘောင်းဘီသွားပြန်ဝတ်လို့လဲပြောလို့ကမရ နောက်နောင်တွေမှာတော့အဲ့လိုဘောင်းဘီမဝတ်စေရတော့ဘူး ဒီတစ်ရက်တော့ထားလိုက်ပါတော့ သူလည်းပဲဒီတစ်ရက်ကိုအဝကြည့်ထားအုံးမယ်😏

လေးယောက်သားအတွေးကိုယ်စီနဲ့ taehyungမှမောင်းသူနေရာမှာထိုင်၍ taehyungရဲ့ဘေးမှာyibo သူတို့ရဲ့bossနှစ်ယောက်ကတော့နောက်ခန်းမှာထိုင်နေကြသည် ဤသို့ဖြင့် taehyungမောင်းသည့်ကားလေးမှာ Xiaoအိမ်တော်မှထွက်ခွာ၍ XK companyဆီသို့.....
.

.
company သို့ရောက်တော့ taehyungမှာ bossတို့နှစ်ယောက်နဲ့yiboကို companyရှေ့မှာချပေး၍ သူကတော့ကားထားရာနေရာသို့ဆက်မောင်းသွားလိုက်သည်

yiboတို့companyထဲသို့ဝင်လိုက်တယ်ဆိုရင်ပဲ ဘယ်ကနေဘယ်လိုရောက်နေမှန်းမသိတယ့် ရင်းကျဲမှ

liying–"ဝမ်လေးတို့ရောက်လာပြီလား ကျဲကစောင့်နေတာ"ဟုပြော၍yiboတို့ရှေ့သို့အပြုံးလေးဖြင့်ရောက်လာသည်
ထိုအခါboss xiaoက

xiaozhan–"liyingမ နင်ကငါတို့ကိုတောင်ကျော်ပြီးတော့ နှုတ်ဆက်လိုက်တာဆိုတော့တအားတွေရင်းနှိးနေကြပြီပေါ့ ဟတ်လား
(ဆရာရှောင်းတို့သဝန်တိုနေပါပြီ😋)
အံပါရဲ့နော် သူငယ်ချင်းအရင်းကြီးတောင်ကျော်ပြီးတော့နှုတ်ဆက်ရအောင်အထိရင်းနှီးသွားကြပြီလားတဲ့ အဲ့လိုမှန်းသိရင်မိတ်မဆက်ပေးပါဘူး liyingမ ငါ့ကိုကျော်ပြီ ငါ့လူနဲ့ပိုရင်းနှီးတာတော့မဖြစ်သင့်ဘူးလေ ဟွန့်😒

liying–"အမလေး အဖြစ်သည်းမနေပါနဲ့ ငါကဝမ်လေးကိုကိုယ့်မောင်လေးတစ်ယောက်လိုပဲသဘောထားပြီးခေါ်လိုက်တာပါနော် ဖြစ်ပျက်နေလိုက်တာ နင့်နှုတ်ခမ်းကြီးလဲငါ့လာထိုးမိနေအုံးမယ်"
ဟွန့် xiaozhan xiaozhan နင်ဘယ်ခြေလှမ်းတွေလှမ်းနေလဲဆိုတာငါသိတာပေါ့ ငါကနင့်သူငယ်ချင်းအရင်းကြီးပါ အဲ့ဒီ့တော့ဒီကသူငယ်ချင်းမလေးက နင့်ရဲ့ခြေလှမ်းလေးတွေအောင်မြင်အောင်လို့လမ်းခင်းပေးရတာပေါ့😎😎 ဟိုကောင်မနဲ့မဖြစ်ရင်ပြီးရော 😾
(ဘယ်ကောင်မပါလိမ့်🤔)

yiboမှာတော့
သူငယ်ချင်းနှစ်ယောက်ကြားမှာကြောင်တောင်တောင်လေးရပ်လို့


ဒါပေမဲ့ဘယ်သူကသိမှာလဲနားရွက်ဖျားလေးတွေရဲနေခဲ့တာကို

yiboမှာ ရင်းကျဲ boss xiaoကိုပြောလိုက်တဲ့ အဖြစ်သည်းမနေနဲ့ဆိုတဲ့စကားကိုနားထဲမှာထပ်တလည်းလည်းပြန်ကြားနေမိပြီး နားရွက်ဖျားများရဲလာမိခြင်း

liyingနဲ့ xiaozhanတို့အကြည့်ချင်းစစ်ခင်းနေကြချိန် yiboမှာလည်းဘယ်လိုဝင်ပြောရမှန်းမသိ boss jungkookကလည်းဘေးနားမှာပွဲကြည့်ပရိတ်သတ် ထိုအချိန်မှာပဲ ကယ်တင်ရှင်လေးtaehyungရောက်ရှိလာပါပြီး

taehyung–"yibo bossတို့ဘာလုပ်နေကြတာလဲဟင်" ဟုဟိုကြည့်ဒီကြည့်နဲ့ပြီးမှ liyingကိုမြင်သွားသည့်ပုံ

"ရင်းကျဲ ရောက်နေတာလား"

liying–"ဟုတ်တယ် ထယ်လေးရေ ဒီမှာ အလကားနေရင်းအဖြစ်သည်းပြနေတဲ့ကိုယ်တော်ကြီးနဲ့တွေ့နေလို့ "
taehyungမှာတော့ ဘာမှနားမလည်သည့်ပုံစံလေးဖြင့်

"ဘာအဖြစ်သည်းတာလဲဟင် "
ထိုအခု jungkookမှဝင်၍

jungkook–"ဘာမှမဟုတ်ပါဘူး xiaozhanနဲ့ ရန်ဖြစ်နေတာ လာသွားရအောင်"ဟုပြောလည်းပြော taehyungရဲ့ပုခုံးကိုဖက်ကာရှေ့ကနေထွက်သွားလေသည်
taehyungကတော့ဘာမှမသိသည့်ပုံလေးဖြင့်သူ့ရဲ့bossခေါ်ဆောင်ရာနောက်သို့ပါသွားလေရဲ့

liyingမှာတော့ဖြင့် သူ့သူငယ်ချင်းနဲ့ အမောင်jungkookတို့အား လက်ဖျားတင်မက ခြေဖျားပါခါမိပါတယ် နှစ်ယောက်လုံးကတစ်ကျိတ်ထဲတစ်ဥာဏ်ထဲတွေ

မသိရင်ငါကပဲသူတို့လူတွေကို လုမဲ့ပုံနဲ့ တစ်ယောက်ကျတော့အဖြစ်သည်းပြတယ် နောက်တစ်ယောက်ကျတော့လည်း ထယ်လေးပဲခေါ်ရသေးတယ်သူ့ရဲ့လူပါဆိုတဲ့ ဆိုဒ်ကြီးနဲ့ပခုံးတောင်ဖက်ပြသွားသေး😑အံသြပါ့
.

.

yiboတို့ ရင်းကျဲနဲ့တော်တော်လေးကိုခင်နေပါပြီ မသိရင်မောင်နှမတွေလိုပဲ ဘာလို့လဲဆိုတော့အဲ့နေ့က

flashback

liying–"မင်းတို့ဘာအကြံအစည်နဲ့ ငါ့သူငယ်ချင်းတွေနားရောက်လာရတာလဲ"ဆိုင်တစ်ဆိုင်၏ VIPအခန်းအတွင်း၌စကားသံတစ်ခုထွက်ပေါ်လာသည်

taehyung–"ကျနော်တို့ကဘာအကြံအစည်ရှိရမှာလဲ"ဟု liyingမေးသည်ကိုမဖြေပဲမေးခွန်းပြန်ထုတ်လာသည့်ကောင်လေးအား

liying–"ဟက်😏.. မင်းတို့ဘာအကြံအစည်ရှိလည်းမသိပေမဲ့ မင်းတို့ကသာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာတော့သေချာတယ်ဟုတ်တယ်မလား"
liyingရဲ့စကားကို မျက်ခုံးလေးပင့်ရုံဖြင့်သာအံသြကြောင်းပြသွားပြီး တစ်ခြားဘာအမူအယာမှမပြသည့်ကောင်လေးနှစ်ယောက်အား liyingသေချာသတိထားကြည့်နေမိသည်

taehyungရဲ့စိတ်ထဲမှာအရမ်းကိုအံသြသွားပေမဲ့လည်းအပြင်မှာတော့ဘာမှမဖြစ်သည့်ပုံစံလေးဖြင့်
သူကဘာလဲ ငါတို့အကြောင်းကိုသိသွားပြီလား အာ့ကြောင့်မို့သူမနားမှာဆိုစိတ်ထဲမှာတစ်ခုခုဖြစ်နေသလိုခံစားနေမိတာ သူမကရောဘာလဲ ဘာလို့ငါတို့ကိုသာမန်လူမဟုတ်ဘူးလို့ပြောရတာလဲ ဟူ၍taehyungရဲ့စိတ်ထဲ လဲပေါင်းများစွာဖြင့်

yibo–"ပြောရရင် ဒီကရင်းကျဲကရောသာမန်လူတစ်ယောက်ဟုတ်ရဲ့လား"
yiboထင်ကြေးပေးလိုက်ခြင်းပါ သူ ရင်းကျဲဆိုသူကသာမန်လူဟုတ်လားမဟုတ်လားဆိုတာကိုသေချာမသိဘူး ရင်းကျဲကလည်းပဲvampiresတစ်ကောင်ဖြစ်နေမယ်ဆိုရင်ရော
ခုလိုမေးလိုက်ခြင်းကသူတို့အတွက် အကျိုးရှိလာနိုင်တယ်လေ

liyingတစ်ယောက် သူ့ရှေ့ကကောင်လေးတွေဟာမလွယ်ကြောလေးတွေမှန်းသိလိုက်ပါပြီ ထို့ကြောင့်သူမရဲ့ အဓိကပြောချင်သည့်အရာကိုပဲသူမပြောလိုက်သည်

"မင်းတို့သိစရာမလိုပါဘူး ဒါပေမဲ့မင်းတို့အနေနဲ့ xiaozhanတို့နားကိုအကြံအစည်နဲ့လာတယ်ဆိုရင် အဲ့အကြံအစည်ကိုဒီမှာတင်ရပ်လိုက်ပါ ဘာလို့ဆိုတော့ငါကငါ့သူငယ်ချင်းတွေကိုဘယ်လိုမှအထိခိုက်ခံမှာမဟုတ်လို့ပဲ အေ မင်းတို့ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ငါကလည်းပဲငါ့ရဲ့လူတွေမမြင်နိုင်တဲ့တစ်ဖက်ခြမ်းကိုပြရလိမ့်မယ်"

taehyungစဥ်းစားမိသည် သူမရဲ့လူတွေမမြင်နိုင်တဲ့တစ်ဖက်ခြမ်းဆိုတော့ သူမလည်းပဲ
taehyungတို့လိုမျိုးအင်အားကြီးမျိုးနွယ်စုကလာတဲ့ သာမန်လူ​မဟုတ်တဲ့သူတစ်ယောက်ဖြစ်နိုင်မလားလို့လေ ဘာလို့ဆိုသူမက taehyungတို့သာမန်လူမဟုတ်ဘူးဆိုတာကိုလည်းသိတယ် သူမရဲ့လူတွေမမြင်နိုင်တဲ့တစ်ဖက်ခြမ်းဆိုတာကလည်း
နေအုံး ရင်းကျဲက wild wolfတစ်ကောင်ဆိုဘယ်လိုလုပ်မလဲ သူတို့အတွက်အန္တရယ်ရှိတယ်
taehyungမှyiboကိုမျက်ခုံးပင့်ပြတော့ yiboကလည်းပဲသူနှင့်အတွေးတူသည်ထင်

yibo–"နေပါအုံး ကျတော်တို့မှာအကြံအစည်ရှိတယ်လို့မပြောမိပါဘူး boss တို့ကိုအန္တရယ်ပေးရလောက်သည်အထိလည်းကျနော်တို့အားမနေဘူး ပြီးတော့ဒီအလုပ်ကိုလည်း XK compang ရဲ့CEO​တွကအရင်လာကမ်းလှမ်းတာ အဲ့အလုပ်ကိုကျနော်တို့အစကလက်မခံဘူးလို့တောင်တွေးထားခဲ့တာ ဒါပေမဲ့လစာများလို့သာကျနော်တို့ဝင်လုပ်ဖြစ်တာ ဒါနဲ့ဒီကရင်းကျဲကဘာလို့ကျနော်တို့ကိုသာမန်လူမဟုတ်ဘူးလို့အတတ်ပြောနိုင်ရတာလဲ"

liying yiboဆိုတဲ့ကောင်လေးပြောတာကိုစပ်ဆက်တွေးမိလိုက်တော့လည်းအဓိပ္ပါယ်ရှိသည် တကယ်ပဲအကြံအစည်မရှိတာလား
liyingအဲ့လောက်လဲလူကဲခတ်မညံ့ပါ ေသချာတွေးကြည့်လိုက်မိတော့လည်းဒီကောင်လေးတွေကြည့်ရတာသူမထင်သလိုပုံစံမပေါက် သူမအတွေးလွန်နေတာများလား

liying–"မင်းတို့က fire vampiresတွေ ငါပြောတာဟုတ်တယ်မလား"

yiboနဲ့taehyung တစ်​ယာက်မျက်နှာတစ်ယောက်ကြည့်မိသည် သူမကwolfတစ်ကောင်လား သူတို့နဲ့မျိုးနွယ်တူတူပဲလား
ဒါမှမဟုတ်တစ်ခြားမျိုးနွယ်ကများလား သူတို့နှစ်ယောက်တကယ်ကိုခေါင်းရှုပ်နေပါပြီ

liyingကသူတို့နှစ်ယောက်ရဲ့အကြည့်တွေကိုနားလည်သည့်ပုံဖြင့်

liying–"ဘာလို့ဆိုငါလည်း fire vampiresတစ်ကောင်မို့လို့ပဲ "
liyingပြောလိုက်မှပဲကောင်လေးတွေကစိတ်အေးသွားသည့်ပုံစံဖြင့်သက်ပြင်းတွေပြိုင်တူချလာကြသည်
ဒါပေမဲ့ yiboဆိုတဲ့ကောင်လေးကမယုံကြည်သေးဟန်ဖြင့်သူမအားအမေးထုတ်လာသည်

yibo–"ရင်းကျဲကfire vampiresဆိုတာကိုကျနော်တို့ဘယ်လိုသိနိုင်မလဲ"
ထိုအခုliyingမှ သူမ၏ မျက်လုံးများအားအနီရောင်ပြောင်း၍ သူမ၏သွေးသောက်လျှင်ထွက်ပေါ်လာသည့်အစွယ်နှစ်ချောင်းကိုထုတ်ပြလိုက်သည်
ထိုအခါမှကောင်လေးတွေကယုံသွားသည့်ပုံ

taehyung–"ဒါနဲ့ ရင်းကျဲကဘာလို့ကျနော်တို့fire vampiresမှန်းသိနေတာလဲ သက်တမ်းအရဆိုရင်အဲ့လောက်လည်းမရင့်သေးပဲနဲ့"
ဟုတ်တယ် ရင်းကျဲကသူတို့နဲ့ဆိုလေးငါးနှစ်လောက်ပဲကွာမှာလေ

liying–"ကျဲက fire vampiresနဲ့ wild wolfမျိုးနွယ်ဝင်တစ်ယောက် ပြောရရင်သွေးနှောပေါ့ ပါးကfire vampires မားကwild wolf အာ့ကြောင့်မို့လို့ကျဲအနေနဲ့ မင်းတို့ကfire vampiresဆိုတာအနံ့ခံမိတာ"ဟုပြောတော့ကောင်လေးနှစ်ယောက်မှာ နောက်ဆုတ်သွားကြသည် အင် ဖြစ်လည်းဖြစ်သင့်ပါတယ်လေ wild wolfဆိုတာ fire vampiresတွေအတွက်ရန်သူပဲဟာ ထို့ကြောင့်သူမရှင်းပြလိုက်သည်

liying–"ကျဲက wild wolfရဲ့သွေးပါတယ်ဆိုပေမဲ့လည်း ကို့ကိုယ်ကို fire vampiresလို့ပဲခံယူထားတာပါ ပြီးတော့ကျဲအနေနဲ့ wild wolfတွေကိုမုန်းတယ် သူတို့တွေကအကြင်နာတရားမရှိရက်စက်ကြတယ် ဂုဏ်သိက္ခာအတွက်ဆိုရင်သူတို့ရဲ့သားသမီးတွေကိုတောင်စတေးရဲကြတယ် သူတို့ကြောင့်မို့ပဲ ငယ်ငယ်ထဲကမိဘမဲ့ဖြစ်ခဲ့ရတယ် သူတို့ရဲ့အတ္တတွေမာနတွေကြောင့်ပဲကလေးတစ်ယောက်ရဲ့ဘဝပျက်ဆီးခဲ့ရတာ ငယ်ငယ်ကတည်းကအနှိမ်ခံ သူများတွေရဲ့အပြောအဆိုကိုခံခဲ့ရတယ် အဲ့တာတွေသူတို့မသိဘူး သူတို့သိတာကသူတို့ရဲ့ဂုဏ်သိက္ခာတွေ မာနတွေမထိခိုက်ဖို့ပဲ ထိခိုက်လာရင်သူတို့ရဲ့သွေးသားကိုတောင်မျက်တောင်တစ်ချက်မခတ်ရေဆုုံးမြေဆုံးလိုက်သတ်မဲ့သူမျိုးတွေ"
liyingအရင်ကအကြောင်းတွေကိုပြန်ပြောရင်းဒေါသများထွက်လာခဲ့သည်ပြီးတော့သူမရဲ့မိဘတွေကိုသူမရှေ့မှာပဲရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပုံတွေ သူမအဲ့အချိန်တုန်းကဘာမှမလုပ်နိုင်ခဲ့တာတွေကိုပြန်တွေးမိပြီးသူမမျက်ရည်များစီးကျလာခဲ့သည်

yiboနဲ့taehyung သူတို့၏ရှေ့မှ ရင်းကျဲကိုကြည့်ပြီးသနားလာမိသည် ပြီးတော့wild wolfတွေကိုလည်းပိုပြီးတော့တောင်မုန်းလာမိသည် ရင်းကျဲပြောပြနေသည်မှာသူမ၏ငယ်ဘဝမှအကြောင်းတွေဆိုတာကိုသူတို့သိသည် ဘာကြောင့်ဆို ရင်းကျဲ၏မျက်လုံးထဲမှအမုန်းတရားများကိုသူတို့မြင်နေရသည် ပြီးတော့ရင်းကျဲ၏ဒေါသထွက်နေသောကြောင့်နီလာသည့်မျက်လုံးများနှင့်သူမ၏လက်မှထွက်လာသောလက်သည်းများ အစွယ်များကိုကြည့်ခြင်းဖြင့်ဘယ်လောက်တောင်ဒေါသထွက်နေမလဲဆိုတာကိုသူတို့ခံစားမိသည် ထို့ကြောင့်ဒေါသတွေပေါက်မထွက်ခင်သူတို့အချိန်မီတားမှဖြစ်တော့မည်

yibo–"ရင်းကျဲ စိတ်လျှော့ပါအုံး ရင်းကျဲ"

taehyung–"ရင်းကျဲ အရင်ကအကြောင်းတွေကိုပြန်မတွေးပါနဲ့တော့ဖြစ်ပြီးတာတွေလည်းပြီးသွားခဲ့ပြီ စိတ်လျှော့ပါတော့wild wolfတွေဘယ်လောက်ယုတ်မာလဲဆိုတာကျနော်တို့လည်းကိုယ်တွေ့ကြုံခဲ့ရတာမို့ ကျနော်တို့နားလည်ပါတယ်"

liyingသူမ၏ဒေါသများကိုပြန်ထိန်းချုပ်လိုက်သည် သူမတော်တော်ဒေါသထွက်မိသွားတာပဲ
liyingမှသူမ၏မျက်ရည်များကိုသုတ်လိုက်ကာ သူမ၏အစွယ်များနှင့်လက်သည်းများကိုပြန်သိမ်းလိုက်သည်

liying–"sorry ပါ ကျဲဒေါသထွက်မိသွားတယ် မင်းတို့ကိုလန့်စေမိပြီ"

yibo–"မဟုတ်တာကျဲရယ် ကျဲရဲ့ခံစားချက်တွေကိုကျနော်တို့နားလည်ပါတယ် ခုမှသိတော့တယ် ကျဲရဲ့ဘဝထက်ကျနော်တို့ရဲ့ဘဝတွေကတော်သေးတယ်ဆိုတာကို"

ထိုခါliyingမှနားမလည်သည့်ပုံဖြင့်

liying–"ဘာကိုပြောတာလဲဟင် ကျဲနားမလည်ဘူး"ထိုအခါyiboမှ သူနဲ့taehyungရဲ့အကြောင်းကိုပြောပြလိုက်သည်
.
.
.
.
liying yiboတို့ရဲ့အကြောင်းကိုကြားပြီးပြီးချင်း
liying–"နေအုံး yiboပြောတာ ရန်ချင်း YAN companyပိုင်ရှင် သူ့ကိုပြောတာလား

yibo–"ဟုတ်တယ်ကျဲ အဲ့လူကိုကျနော်တို့ဒီတစ်သက်မမေ့ဘူး ကျနော်တို့မိသားစုရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့လူ"ဟု ဒေါသအရိပ်အယောင်လေးဖြင့်ပြောလိုက်သည်

liyingတစ်ယောက်အံ့သြသွားမိသည်

liying–"ရန်ချင်းဆိုတာက ကျဲအဒေါ်ရဲ့ယောကျာ်းပဲ"လို့liyingပြောလိုက်တော့

yibo/taehyung–"ရင်းကျဲအဒေါ်ရဲ့ယောကျာ်း"ဟုနှစ်ယောက်သားအံ့သြသည့်ပုံလေးဖြင့်သံပြိုင်မေးလာသည်

liying–"ဟုတ်တယ် သူတို့တစ်မိသားစုလုံးကအကျင့်မကောင်းကြဘူး ကျဲရဲ့မိဘတွေသေသွားခဲ့ရတာလဲသူတို့စနက်မကင်းဘူး အခုသူတို့ရဲ့သမီးကလည်းအကျင့်မကောင်းတဲ့အပြင်ရီးစားကလည်းရှုပ် လူကိုကြည့်ရင်လည်း cindrellaကားထဲက မိထွေးရဲ့သမီးနှစ်ယောက်ကတောင်အမေခေါ်ရမဲ့ရုပ် ရုပ်လေးမလှလို့ခန္တာကိုယ်လေးလှမလားဆို ခါးတုတ် ဗိုက်ကအခေါက်သုံးထပ်နဲ့ အရပ်ကလည်းပုသေး စိတ်ထားနဲ့သူ့ရဲ့ရုပ်ကတစ်ထပ်တည်းပဲ "ဟုနှာခေါင်းရှုံ့ကာပြောလာသည်

taehyung–"အဲ့လောက်တောင်အခြေအနေဆိုးတာလားဟင် "

liying–"အဲ့ထက်တောင်ဆိုးသေး အပြင်မှာသာတွေ့ရင်လေ ကျဲပြောတာတောင်နည်းနည်းတော်သေးတယ်ပြောရမယ် awwဒါနဲ့လေ အဲ့ဒီ့ရဲ့ ရန်လီပျစ်မကိုလေ "

yibo–"ရန်လီပျစ်😐"

liying–"ဟုတ်တယ်သူ့နာမည်ကရန်လီပျစ်
သူ့ကိုလေ xiaozhanနဲ့ မိဘချင်းသဘောတူထားတာတဲ့"

yiboမှာအံ့သြတစ်ကြီးနဲ့
"ဟမ်"

(ငါတို့ဝမ်လေးအံသြသွားပြီ)

taehyungမှာလည်းစဥ်းစားခန်းဖွင့်နေသည် boss xiaoနဲ့ အဲ့ရန်လီပျစ်ဆိုတဲ့ဟာမနဲ့လူကြီးချင်းသဘောတူထားတယ်တဲ့ ကံတရားကြီးကလဲတိုက်ဆိုင်ချက်


liying–"ဟုတ်တယ် အဲ့ရန်လီပျစ်နဲ့ xiaozhanနဲ့ကို xiaozhanရဲ့မိဘတွေမဆုံးခင်တည်းကလူကြီးချင်းသဘောတူထားတာတဲ့ အဲ့ကိစ္စကိုxiaozhanလဲသိတယ် xiaozhanကတော့သိပ်လက်မခံချင်ပုံပဲ ဒါပေမဲ့လည်းမိဘတွေရဲ့ဆန္ဒလည်းဖြစ်သလို companyနှစ်ခုမျက်နှာမပျက်ချင်ဘူးတဲ့
xiaozhanဖက်ကလက်ခံထားတာမျိုးလည်းမဟုတ်ပါဘူး သူကအားနာလို့တဲ့လေ"ဟုသူမ၏သူငယ်ချင်းအားရွဲ့သလိုပုံစံဖြင့်ပြောလာသည်
.
.
flashback end. .....
.
.
..
...
....

ဟဲဟဲ ဆောတီးနော်ဒါဒါလေးတို့ နည်းနည်းနောက်ကျသွားတယ် ခုတလော Ella warပွဲတွေတက်နေရလို့ပါနော် ငါတို့ရဲ့ကလေးလေးတွေကိုအလကားနေရင်းလိုက်blameနေလို့ Ellaဝင်ဆဲနေရလို့ပါ ကလေးလေးတွေဆိုလို့ BTSနဲ့ yibo xiaozhan အကုန်လုံးကိုblameနေကြတာပါ အာ့ကြောင့်Ellaမအားလို့ အခုဒီအပိုင်းလေးကို တစ်ရက်တည်းနဲ့အပြီးရေးလိုက်တာကြောင့်မို့ဖတ်ရတာပေါ့သွားရင်လည်းတောင်းပန်ပါတယ်နော် သည်းခံပြီးဖတ်ပေးကြပါအုံးလို့ 🤧🤧

Part–14

Zawgyi



.

.


(ကလေးဗိုလ်လေးyibo)


.

.


ထိုအခါboss xiaoက


(ဘယ်ကောင်မပါလိမ့်🤔)

yiboမှာတော့





"ရင်းကျဲ ရောက်နေတာလား"


"ဘာအဖြစ်သည်းတာလဲဟင် "



.

.


flashback










liyingအဲ့လောက်လဲလူကဲခတ်မညံ့ပါ သေချာတွေးကြည့်လိုက်မိတော့လည်းဒီကောင်လေးတွေကြည့်ရတာသူမထင်သလိုပုံစံမပေါက် သူမအတွေးလွန်နေတာများလား








liying–"ကျဲက wild wolfရဲ့သွေးပါတယ်ဆိုပေမဲ့လည်း ကို့ကိုယ်ကို fire vampiresလို့ပဲခံယူထားတာပါ ပြီးတော့ကျဲအနေနဲ့ wild wolfတွေကိုမုန်းတယ် သူတို့တွေကအကြင်နာတရားမရှိရက်စက်ကြတယ် ဂုဏ်သိက္ခာအတွက်ဆိုရင်သူတို့ရဲ့သားသမီးတွေကိုတောင်စတေးရဲကြတယ် သူတို့ကြောင့်မို့ပဲ ငယ်ငယ်ထဲကမိဘမဲ့ဖြစ်ခဲ့ရတယ် သူတို့ရဲ့အတ္တတွေမာနတွေကြောင့်ပဲကလေးတစ်ယောက်ရဲ့ဘဝပျက်ဆီးခဲ့ရတာ ငယ်ငယ်ကတည်းကအနှိမ်ခံ သူများတွေရဲ့အပြောအဆိုကိုခံခဲ့ရတယ် အဲ့တာတွေသူတို့မသိဘူး သူတို့သိတာကသူတို့ရဲ့ဂုဏ်သိက္ခာတွေ မာနတွေမထိခိုက်ဖို့ပဲ ထိခိုက်လာရင်သူတို့ရဲ့သွေးသားကိုတောင်မျက်တောင်တစ်ချက်မခတ်ရေဆုံးမြေဆုံးလိုက်သတ်မဲ့သူမျိုးတွေ"








.
.
.
.








yibo–"ရန်လီပျစ်😐"


"ဟမ်"



.
.
flashback end. .....
.
.
..
...
....


Continue Reading

You'll Also Like

242K 13.6K 110
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
459K 38K 104
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
19.9K 882 18
Sequel to 'philophobia' book one. A chanbaek/baekyeol fanfic.
2.1M 59.4K 97
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...