လေဆိပ်တွငိ
လေဆိပျတှငိ
"ပါပါး သားတို့ သွားတော့မယ်နော်"
" ဟိုမှာ သေချာဂရုစိုက်နော် နေမကောင်းမဖြစ်စေနဲ့ "
မျက်နှာလေး သိပ်မကောင်း မခွဲခြင်နေဖြစ်နေကာ မျက်နှာလေး ပိစိလေးဘဲ ကျန်တော့တယ့်သားကို
လွန်းသုထက် ရင်ခွင်ထဲသို့ ဆွဲဖက်ကာ တစ်ဝကြီး အနမ်းပေးလိုက်သည်။
ထိုအချိန် လေယာဉ်ချိန်ကိုပြောနေပြီမလို့
သုလေးလည်း ပါပါးနဲ့ ဒယ်ဒီကို နှုတ်ဆက်ရင်း ဦးလက်ကိုဆွဲကာ လေယာဉ်ပေါ်ဆီသို့
လေယာဉ်ပေါ်ရောက်တည်းက မှန်ဘက်လှည့်ကာ မျက်နှာသိပ်မကောင်း
တယ့် ကလေးလေးကြောင့် မင်းကမ္ဘာတည်လည်း စိတ်မပျော်ပါ.
ဒီကလေးလေး မျက်နှာငယ်နေရင်ကို
သူဘယ်လိုမှမနေတတ်တော့
ကိုယ်လုံးလေးကို သေးသေးလေးဖြစ်တယ့်အထိ ကွေးထားတယ့် ကလေးလေးကို
မင်းကမ္ဘာတည် သူ့ရင်ခွင်ထဲ မှီစေလိုက်ရင်း
"ကလေးလေး ကိုယ်နဲ့လိုက်ရမှာ မပျော်ဘုးလားဟင်"
"ဟင့်အင်း ဦးကလေးပျော်ပါတယ်"
"အွန်းပါ ကလေးမျက်နှာလေးညိုးနေတော့ ဦးလည်း"
"ရှူးတိုးတိုးလေးနေဦး ကလေးဦးနောက်လိုက်လာရတာ ပျော်ပါတယ် ဒါပေမယ့် ပါပါးတို့နဲ့ ဒါမျိုးမခွဲဘူးလို့ ဝမ်းနည်းနေမိတာပါ ။
ဦးကြောင့်မဟုတ်ရပါဘူးနော်"
သူ စိတ်မကောင်းဖြစ်မှာဆိုးလို့ ဝမ်းနည်းနေရက်သားနဲ့ အသည်းအသန်ပြန်ရှင်းပြနေတယ့် ကလေးကို ချစ်စိတ်တွေတဖြည်းဖြည်းတိုးလာရသည်။
"ဦး စိတ်မကောင်းမဖြစ်နဲ့နော် ကလေးလည်း ခနအိပ်ဦးမယ်"
သုလေးလည်း ဝမ်းနည်းနေတာကြောင့် ဒီအတိုင်းသာ ဆက်နေရင် ငိုမိမှာဆိုးလို့
ဦးရင်ခွင်ထဲကို မျက်နှာအပ်ကာ အိပ်ပျော်ရန်သာ ကြိုးစားလိုက်သည်။
အွန်း အိပ်ပျော်လို့ နိုးလာရင်တော့ ဝမ်းနည်းတာ သက်သာကောင်းသက်သာသွားမယ်ထင်ပါရဲ့
(😁 ရေးရတာ အတော်အဆင်မပြေလို့ ဒီနားမှာရပ်ပါရစေ နက်ဖြန်မှ ep အသစ်တင်ပေးမယ်နော် ချောင်းတော့မရိုက်ပါနဲ့ စိတ်တွေ အောက်ဆုံးဖြစ်နေလို့😑)