ဖြူလွလွခေါင်းလေးက ချန်းယောလ်ပုခုံးစွန်းပေါ် မှီတွယ်််လာသည်။ အပေါ်စီးကမြင်နေရတဲ့ ဖက်ထုပ်လုံးလေးရဲ့နှုတ်ခမ်းတွေကဖြူဖြူလျော့လျော့။လက်လေးကိုအသာဆုပ်ကိုင်မိတော့ပူနေသည်။
"နေမကောင်းဘူးလားဘတ်ဟျွန်းနီး ကိုယ်တွေပူနေတယ်"
ချန်းယောလ်ကပြောလဲပြော နဖူးပေါ်ကိုလဲစမ်းကြည့်သည်။ဘတ်ဟျွန်းကအနာရှိတာတောင် ချန်းယောလ်ကို
ကယ်ပြီး အခုလဲစိတ်မချလို့ချန်းယောလ်နောက်ကိုလိုက်
ချောင်းရာမှစိတ်ဒုန်းဒုန်းချလိုက်တော့ဖျားပြီထင်ပါရဲ့
ဘတ်ဟျွန်းကဘာမှမပြောပဲချန်းယောလ်ကိုသာ
ခပ်ပြုံးပြုံးလေးကြည့်နေသည်။အကြောတင်းလေးကိုသာကလေးလေးလိုကောက်ပွေ့ပြီးဘတ်ဟျွန်းအိမ်ကိုသာသွားရတော့မည်ဖြစ်သည်။
ဘတ်ဟျွန်းခေါင်းလုံးလုံးလေးကချနိးယောလ်ရင်ခွင်ထဲမှာ
"ချန်း ကမွှေးတယ်နော်ဟိဟိ"
ဘတ်ဟျွန်းကမူးနေတဲ့လူလိုပဲမျက်လုံးမဖွင့်ပဲ
ပြောချင်ရာတွေစွတ်ပြောနေတာဖြစ်သည်။ပြီးတော့ ချန်းယောလ်မေးစိကိုလဲလက်သေးသေးလေးတွေနဲ့ဆော့နေသေးသည်။
"အိမ်သွားတဲ့လမ်းကိုပြောဘတ်ဟျွန်းနီး
ပူကျစ်နေတာပဲကွာ ဖျားနေတာကိုယ့်ကိုမပြောဘူး"
ချန်းယောလ်ကားကိုအရင်ကသိမ်းထားတဲ့ဂိုဒေါင်ကိုသွား တိုင်လုံးဘေးနားရောက်ရင်ငါ့ကိုပြော
"အင်းကိုယ့်လက်ပေါ်မှာခဏအိပ်လိုက်"
ဘတ်ဟျွန်းပြောတဲ့ဂိုဒေါင်လေးကတောင်ကုန်းပေါ်က
ဆင်းရင်ခပ်လှမ်းလှမ်းတော့လျှောက်ရသည်။
ချန်းယောလ်ကရင်ခွင်ထဲကကောင်လေးမနိုးရုံတမယ်
ခပ်သွက်သွက်လျှောက်သည်။
"ဘတ်ဟျွန်း ဘတ်ဟျွန်းနီး ထထ ရောက်ပီ"
"ထူပေးချန်းယောလ် မူးနေလို့"
တိုငိလုံးအောက်ခြေကဖုံးထားတဲ့ခလုတ်ကိုသုံးချက်
ဆက်တိုက်နှိပ်လိုက်တော့လူတစ်ရပ်အရှည်လောက်မှာ sensorဖတ်တဲ့နေရာလေးကျလာသည်။
"ငါ့မျက်လုံးနဲ့scanဖတ်မှပွင့်တာလေ ချန်းယောလ်မျက်လုံးနဲ့လဲဖွင့်လို့ရအောင်လုပ်ပေးမယ်နော်"
Scan ဖတ်ပြီးတော့ပေါ်လာတာကဓာတ်လှေကားလိုမျိုးအခန်းကျဉ်းကျဉ်းလေး ခလုတ်တွေရှိတဲ့နေရာကို
ဘတ်ဟျွန်းရဲ့လက်ဗွေနဲ့ထိတော့မှထိုအခန်းလေးကစရွေ့တော့သည်။အောက်ကိုမရွေ့ပဲဘေးတိုက်ကိုပဲ၅မိနစ်လောက်သွားရသည်။ပြီးမှအောက်ဘက်ကိုဆက်ရွေ့သည်။
တံခါးပွင့်လာတော့ဘတ်ဟျွန်းရဲ့လျို့ဝှက်အခန်းဖြစ်တဲ့
တူရိယာတွေထားတဲ့အခန်း
"ဟင် ဒါဘယ်လို"
"ဆောက်ထားထဲကသေချာဒီဇိုင်းဆွဲထားတာလေ
ဒါကအရေးပေါ်သုံးတဲ့လမ်း အခုတော့လုံးအိနဲ့
ဖက်ထုပ်လုံးလေးတို့ရဲ့လျို့ဝှက်အချစ်အိပ်ဂေဟာလေးပေါ့"
"ချန်းယောလ်ငါ့ကိုချီ မူးတယ်"
ဘတ်ဟျွန်းက ကလေးလေးလိုပဲနေမကောင်းတော့
တအားဂျစ်သည်။အဲ့ငဂျစ်လေးကိုပဲချန်းယောလ်က
သည်းသည်းလှုပ်ချစ်နေရတာဖြစ်သည်။
လက်နှစ်ဖက်အောက်ကနေချန်းယောလ်ကပွေ့ချီယူ
လိုက်ပြီးဘတ်ဟျွန်းကချန်းယောလ်ခါးတွေနားမှာ
ခြေထောက်တွေကိုချိတ်ထားသည်။အခုမှချန်းယောလ်က ကလေးထိန်းနေရသလိုပါပဲ။ဖက်ထုပ်လုံးလေးရဲ့
မက်မွန်သီးနှစ်လုံးကနေထိန်းကိုင်လိုက်ပြီးဘတ်ဟျွန်းရဲ့အိပ်ခန်းဘက်သို့ထွက်လာလိုက်သည်။
"ဘာစားချင်လဲ မက်မွန်သီး ဟာမဟုတ်ပါဘူး
ဘတ်ဟျွန်းနီး"
"စတော်ဘယ်ရီ"
"နေမကောင်းဘူးလေ ဗိုက်ပြည့်တာတစ်ခုခုစားရမှာပေါ့ ဆန်ပြုတ်စားချင်လား"
"ဟင့်အင်းဆန်ပြုတ်မကြိုက်ဘူး ဆန်စိတွေနဲ့"
"ဟောဗျာ ဆန်ပြုတ်ကဆန်နဲ့ပြုတ်တာလေ ဆန်စိမပါလို့ဘာပါမလဲ ပူတူးတူးလေးရဲ့"
"ဘာကိုပူတူးတူးလဲ ဆန်ပြုတ်မဟုတ်ရင်ရပြီ အဆငိပြေတာတစ်ခုခုလုပ်ပေး"
"ပူတူတူလေးကအိပ်နေနှင့်ဦး"
"ပူတူးတူးမဟုတ်ဘူးလို့ ပတ်ချန်းယောလ်ရဲ့"
ချန်းယောလ်ကအော်ရီရင်းဘတ်ဟျွန်းပါးကိုနှာခေါင်းချွန်ချွန်နစ်မြုပ်သွားတဲ့အထိ အားရပါရနမ်းပြီးမှထွက်လာခဲ့သည်။
"ဘတ်ဟျွန်းနီး ထတော့ကိုယ်ခေါက်ဆွဲပြုတ်လာတယ်"
"ကိုက်ခဲနေလို့မထချင်တော့ဘူးချန်းယောလ်"
အခုမှကြည့်မိတော့ဘတ်ဟျွန်းရဲ့ညာဘက်အကျီမှာ
သွေးစအချို့...
"လက်ကဘာဖြစ်လာတာလဲဘတ်ဟျွန်း"
"ဟင့်အင်း ဘာမှမဟုတ်..."
ချန်းယော်ကလက်ကို အတင်းဆွဲလှန်ကြည့်တော့လက်ဖျံက၃လက်မခန့်ပြတ်ရှရာကြီးကသွေးတွေစိမ့်ထွက်နေသည်
"ဒီလောက်သွေးတွေထွက်နေတာကို ဘာမှမဟုတ်ဘူးလား ဘတ်ဟျွန်း ကျစ်"
ဆူပစ်လိုက်ချငိသော်လဲဘတ်ဟျွန်းကနေမကောင်းဖြစ်နေသည်မဟုတ်ပါလား။နေကောင်းမှချော့မေးမယ်ဟုကြံရင်းဆေးထည့်ပေးလိုက်တော့သည်။
"ဘယ်တော့မှကိုယ့်ဘာသာကိုယ်ဂရုမစိုက်တဲ့
ဖက်ထုပ်လုံးလေးက အဆိုးလေး"
"ငါမင်းထက်အကြီးနော် မသိရင်သူ့ကလေးကျနေတာပဲ
ပူတူးတူးလေး အဆိုးလေးနဲ့ အခုရည်းစားတွေဆိုတော့
ဟော့ဒီက၆လကြီးတဲ့ ဗြောင်ဘတ်ဟျွန်းကိုဟော့ဒီက
လုံးအိလေးက ကိုကိုလို့ခေါ်"
"ဘာ"
"ခေါ်ကြည့်ပါဦး ကိုကိုလို့"
"မစနဲ့ကွာ မောင့်အတွက်ဘတ်ဟျွန်းနီးက အမြဲတမ်းကလေးပဲ ကိုယ့်ကိုမောင်လို့ခေါ်နော်မောင့်ပူတူတူးလေးက"
"မခေါ်နိုင်ပါဘူး ငါ့ကို ကိုကိုလို့ခေါ်ရင်စဉ်းစားပေးမယ်လေ"
"မဆိုးနဲ့ကွာ လာအိပ်တော့မောင့်ရင်ခွင်ထဲ"
ဘတ်ဟျွန်းလဲနေမကောင်းတဲ့အရှိန်လေးနဲ့ဆက်မရစ်နိုင်တော့ဘူးထင်ပါရဲ့။ချနိးယောလ်ပုခုံးပေါ်မှီတွယ်လာပြီး
ပခုံးကိုတစ်ချက်နမ်းပြီးရင်ခွင်ထဲဝင်လာသည်။ဆေး
အရှိန်ကြောင့်ငဂျစ်ကလေးဘတ်ဟျွန်းဟာအသက်ရှုသံလေးခပ်မှန်မှန်ထွက်လာရင်းအိပ်မောကျသွားတော့သည်။
အိပ်ပျော်သွားသောဘတ်ဟျွန်းမျက်နှာတစ်ခုလုံးကိုချန်းယောလ်ကဖွဖွလိုက်နမ်းသည်။မကြာခင်ချန်းယောလ်ပါ
ဖက်ထုပ်လုံးလေးနဲ့အတူအိပ်မောကျသွားတော့သည်။
ချန်းယောလ်ရဲ့အသက်ဆက်ရှင်ဖို့လုံလောက်တဲ့ရိုးရှင်းတဲ့တစ်ခုထဲသောအကြောင်းပြချက်လေးဟာချန်းယောလ်ရဲ့ရင်ခွင်ထဲမှာအသက်ရှုမှန်မှန်နဲ့အိပ်မောကျလို့.....
Zawgyi
"ဟင် ဒါဘယ်လို"
ဘတ်ဟျွန်းနီး"
"စတော်ဘယ်ရီ"
သွေးစအချို့...
"ဟင့်အင်း ဘာမှမဟုတ်..."
"ဘာ"
ချန်းယော်ရဲ့အသက်ဆက်ရှင်ဖို့လုံလောက်တဲ့ရိုးရှင်းတဲ့တစ်ခုထဲသောအကြောင်းပြချက်လေးဟာချန်းယောလ်ရဲ့ရင်ခွင်ထဲမှာအသက်ရှုမှန်မှန်နဲ့အိပ်မောကျလို့.....