Unicode 🩺
"မောင်လဲလိုက်မယ်မို့လား"
"လိုက်မှာပေါ့ဗျ။ ကိုကို့ကို တစ်ယောက်တည်းလွှတ်စရာလား"
ပြောနေရင်းနှင့် သူ့ပါးကို လာဆွဲတဲ့မောင်က ကိုယ့်ကို သူ့ထက် အငယ်များအောက်မေ့နေသလား။ မနက်စာ စားပြီး ဟိုဘက်ရွာကို မောင်နဲ့ထွက်လာခဲ့ကြသည်။ အရင်တစ်ခါက ခြေထောက်ဒဏ်ရာရပြီး ချုပ်ထားရသည့်လူနာကို ဒီနေ့ ဒဏ်ရာအခြေအနေကြည့်ပြီး ချုပ်ရိုးဖြေရမည်လေ။ အနာ မကျက်သေးလျှင်လဲ မြို့တက်ပြီး ဆေးခန်းဆက်ပြဖို့ပြောရမည်မို့လား။
"ကိုကို့ လက်ထဲက အထုပ်တွေပေး"
လမ်းလျှောက်နေရင်းနှင့်ပင် မောင်က ကိုယ့်လက်ထဲကဆေးအိတ်ကိုဆွဲပြီး သူ့လက်တစ်ဖက်တည်းနဲ့ပေါင်းသယ်လိုက်သည်။
"မောင်က အထုပ်တွေဆွဲမယ်။ ကိုကိုက မောင့်လက်ကိုဆွဲ"
ပြောနေရင်းနှင့် နွေးထွေးသော မောင့်လက်ဖဝါးကျယ်ကြီးက လာဆုပ်ကိုင်လေတော့ ပိုးမခမှာ သစ်ရွက်လှုပ်တာနဲ့ ရင်ခုန်တတ်သည့် ဆယ်ကျော်သက်လေးလို ရင်တွေခုန်လို့။
"အန်တီ.. ဒဏ်ရာက အတော်ကျက်နေပြီမို့လို့ ကျွန်တော် ချုပ်ရိုးဖြေပေးလိုက်ပြီဗျ။ အလုပ်တော့အရမ်း မလုပ်စေချင်သေးဘူး။ ဆေးလဲ သောက်ဖို့ပေးထားခဲ့မယ်။ ပုံမှန်သောက်ပေးဗျာ။ တစ်ခုခုအဆင်မပြေတာဖြစ်ရင် ဖလမ်းကိုတက်ပြီး ဆေးခန်းပြကြည့်ပေါ့"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာလေးတို့ရယ်။ ဆရာလေးတို့ ဒီနေ့ ပြန်ကြတော့မှာမို့လား။ ကျွန်မလက်ဆောင်လေးတွေထည့်ပေးချင်လို့"
ချင်းပြည်ထွက် အသီးအနှံအချို့နှင့် လက်ဖြင့် ရက်လုပ်ထားသော ရိုးရာအထည်အချို့ကို ပေးလေးသည်။
"မဟုတ်တာ အန်တီရယ်။ အိမ်အတွက်လည်း သိမ်းထားပါဦး"
ဟုဆိုကာ ပိုးမခတို့ အနည်းငယ်သာယူပြီး ပြန်လာခဲ့ကြသည်။
"မောင် ရန်ကုန်ရောက်ရင် အိမ်တန်းပြန်မှာလား"
"အင်းလေး ဘာဖြစ်လို့လဲကိုကိုရဲ့"
"ဘာမှမဟုတ်ပါဘူး"
အနည်းငယ် မျက်နှာလေးညိုးသွားသော ပိုးမခကြောင့်
"မောင် မပြန်သေးဘူး။ ဒီကပြန်ရင် ဟိုကိုညနေလောက်မှရောက်မှာ။ မောင် တစ်ညတော့ ကိုကိုနဲ့နေဦးမယ်။ နောက်တစ်ရက်မှ ပြန်မယ်"
"အင်း"
ပြုံပျော်ပြီး အလှပဆုံးအပြုံးလေးတွေ ဆင်မြန်းထားတဲ့ကိုကိုက မောင့်ရဲ့ကမ္ဘာလေး။
"ဟိုမှာ ပိုးမခတို့ ပြန်လာပြီ။ ကလေးတွေ အဆင်သင့်ပြင်ထားကြနော်။ ပစ္စည်းတွေ မကျန်စေနဲ့"
အဖွဲ့ခေါင်းဆောင် ဆရာကြီးက ကလေးများအား အသံဖြင့် သတိပေးလေသည်။ အချိန်အတော်ကြာနေခဲ့သည့် ဒီရွာလေးကို သံယောဇဉ်ဖြစ်ကြသည့် ကလေးများသည် ရွာသားများကို မျက်ရည်စက်လက်ဖြင့် နှုတ်ဆက်နေကြသည်။ ရွာသားတွေထည့်ပေးလိုက်သည့် အိမ်ပြန်လက်ဆောင်တွေကလည်း များစွာပင်။
"လိန်းနို..အဆင်မပြေတာ တစ်ခုခုဆို ဖုန်းလိုင်းမိတဲ့နေရာကနေ ဒီကိုဆက်သွယ်လိုက်ကွာ"
ပိုးမခသည် လိန်းနိုလေးကို အတော်ချစ်သည်။ အေးစက်သည့်ပိုးမခသည် ကလေးတွေနှင့် မင်းခန့်ထည်အတွက်သာ ရေနွေးအိုးဖြစ်ပေးသည့် လူစားမျိုး။
"ဟုတ်ကဲ့။ ကိုကြီးတို့ လမ်းခရီးဖြောင့်ဖြူးပါစေ။ ရေစက်မကုန်ရင် ပြန်ဆုံကြမယ်ဗျာ။ ကိုကြီးခန့် သေချာဂရုစိုက်နော်"
လိန်းနိုသည် ပိုးမခဘက် မေးငေါ့ပြရင်း ခန့်ကိုအမှာစကားပါးလေသည်။ ဝေးလံခေါင်ပါးသည့်ရွာငယ်လေးဖြစ်သော်လည်း မေတ္တာရောင်ပြန်ဟပ်သည်ဆိုသည့်အတိုင်း ပိုးမခတို့ မေတ္တာထားသောကြောင့် မေတ္တာပြန်ထားကာ ပိုးမခတို့အား ရှုတ်ချခြင်းမပြုကြပေ။
"ကိုကို..စိတ်မကောင်းဖြစ်နေပြန်ပြီလား"
ကားပေါ်ရောက်တော့ ဘေးနားမှာထိုင်နေသည့် မောင်က ပါးလေးကို ဖွဖွပွတ်ရင်း မေးလေသည်။ ပိုးမခ မောင့်ပခုံးပေါ် ခေါင်းမှီပြီး
"ကိုယ်တို့ နောက်ကျ တစ်ခေါက်ထပ်လာရအောင်နော်"
"အင်း မောင်တို့ပြန်လာမယ်"
"တောင်တန်းရဲ့ အခြားတစ်ဖက်သော
ကမ္ဘာမှာမင်းပျော်နေမလားလေ
အချိန်တွေလည်ပတ်လို့ရယ်
ကုန်ဆုံးသွားနေခဲ့ပေမယ့်
မျှော်နေပါတယ် တောင်ဇလပ်ရယ်
ပွင့်လန်းချိန်တွေရောက်တိုင်းလဲ
အတူဆုံချိန်တွေ သိပ်လွမ်းတယ်
ချယ်ရီတွေရယ် သက်သေဘဲ....
ပြန်လာပါကွယ် ငှက်ကလေးရယ်
အတောင်ညောင်းတဲ့အခါ လှည့်ပြန်ခဲ့
လူစုံစွာရယ် အချိန်တိုင်းကွယ်
အိမ်ပြန်ချိန်ကို ဆီးကြိုမယ်"
ဆုန်သင်းပါရ် ရဲ့တောင်ဇလပ် အိမ်ပြန်ချိန် သီချင်းလေးသည် တိတ်ဆိတ်နေသော ကားလေးထဲ ပျံ့လွင့်နေသည်။
အသွားတုန်းကလည်း ပျော်ရွှင်ဖွယ်သီချင်းလေးနှင့် ဆီးကြိုသည့် ချင်းတောင်တန်းသည် အပြန်ခရီးနှင့် လိုက်လျောညီထွေစွာ တောင်တန်းကြီးကိုလွမ်းမောနေစေရန် သီချင်းလေးနှင့် နှုတ်ဆက်ရှာလေသည်။
*အင်း တစ်နေ့ပြန်လာဖြစ်အောင် ပြန်လာပါ့မယ် ချင်းတောင်တန်းတွေရယ်*
ပိုးမခ မောင့်ပခုံးထက်ခေါင်းလေးမှေးစက်ရင်း ဆေးကုချိန်ကာလအတွင်း ကလေးတွေနှင့် ပျော်ရွှင်ဖွယ်ကောင်းသော ချင်းတောင်းတန်းကိုတွေးနေမိလေသည်။
"ကိုကို...ကိုကို ထတော့ ရောက်ပြီ"
ခရီးရက်အစီအစဉ်အရ လည်ပတ်မည့်ရက်ကို ကျောင်းသားများက ရွာမှာတင် နေမည်ဆိုသောကြောင့် ဖလမ်းနှင့် ကလေးမှာ လည်ပတ်မည့် ရက်များမရှိတော့ပေ။ ထို့ကြောင့် အပြန်မလည်ရဘဲ ကလေးမြို့သို့ တန်းသွားပြီး လေယာဉ်စီးရမည်။ ပိုးမခတို့ ကားပေါ်ကဆင်းတော့ တောင်တန်းတွေလောက် မအေးစိမ့်သည့် ကလေးရာသီဥတုက ကြိုဆိုနေသည်။
ကလေးလွင်ပြင်ကနေ တဖြည်းဖြည်း မြင့်တက်လာသည့် လေယာဉ်ပြတင်းပေါက်လေးမှတစ်ဆင့် ဝေးကွာလာနေသည့် တောင်တန်းတွေကိုကြည့်ရင်း ထိုထဲတွင် မောင်နှင့် သူ့ရဲ့ အချစ်သဝဏ်လွှာလေး မြှုပ်ထားခဲ့သည်ကို တွေးမိပြီး မျက်နှာက အလိုလိုပြုံးမိသွားသည်။
"ခခတို့များ လင်ရပြီး သူငယ်ချင်းကို ပလစ်လိုက်တာ"
ဆရာတွေက သက်သက်ထိုင်ရသည်မို့ မောင်သည် သူ့နေရာမှာသူထိုင်နေရသည်။ မောင်ကတော့ ဆူပုတ်ပြီး မျက်မှောင်ကြုတ်နေလေရဲ့။ တကယ် ကလေးပေါက်လေး။
"မင်းကျ မင်းနောင်နောင်နဲ့ပျော်မြူးနေပြီးတော့"
"ငါကငါလေ"
"ငါမင်းကိုမေးမလို့"
ပိုးမခပြောတော့ ကိုဟိန်းက ဘေးမှ ကော်ဖီခွက်ကို လက်လှမ်းနေရင်း ခေါင်းညိတ်ပြသည်။
"မင်းက ဘယ်တည်းက ရန်လင်းနောင်ကိုကြံနေတာလဲ"
"အင်း..အမှန်အတိုင်းပြောရရင် ကြာပြီ။ ဒါပေမဲ့ ညီအစ်ကို သံယောဇဉ်ကရှိနေတော့"
"ငါ့တောင်မပြောပြဘူး စိတ်ဓာတ်ပဲ"
"ဪ မင်းက အဲ့မတိုင်ခင်က ရေမရောတဲ့ Straight ကြီးလေ။ စော်တွေ ထည်လဲတွဲနေတော့ ငါက မင်းလက်မခံမှာစိုးလို့"
"လဒကောင် နောက်ကျငါ့ကို မပြောပြဘဲချန်ကြည့်"
"အေးပါကွာ"
ပိုးမခတို့ တစ်ဖန်ပြန်တိတ်ဆိတ်သွား ပြီး ပိုးမခလည်း ခဏမှေးနေတုန်း။
"ကိုကို..ကိုကို...!"
ပါးလေးအား လက်နှင့်တို့ကာ နှိုးနေသည့်မောင်က မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့်။
"အင်..မောင်..ဘာဖြစ်လို့လဲ"
"မောင် Toilet သွားချင်လို့။ ကိုကို လိုက်ခဲ့ပေး"
"အမ်..? မောင်ကိုယ်တိုင်သွားလဲရတယ်လေ"
"ကိုကိုကလည်း.."
ကလေးတွေ မရတာပူဆာသလိုမျိုး မောင်က သူ့လက်လေးကိုလှုပ်ရမ်းပြီး ဂျီကျနေသည်။
*ဟား.. ဒီကလေး အဲ့လိုလဲတတ်တာဘဲလား။ အသည်းယားလိုက်တာကွာ*
"လာ လာ ကိုယ်လိုက်ခဲ့ပေးမယ်"
လိုက်ခဲ့ပေးပြီး အိမ်သာရှေ့မှာ ထိုင်စောင့်ပေးနေရတဲ့အဖြစ်ပါ။ ခဏနေတော့ ခေါင်းလေးထွက်လာပြီး
"ကိုကို...ခဏ"
ပိုးမခ သူ့နားကပ်ပေးလိုက်တော့ လက်ကနေဆွဲပြီး အထဲကိုဆွဲသွင်းသွားသည်။ မောင်က တံခါးကိုပိတ်ပြီး သူ့ကိုတံခါးနဲ့ ကပ်ထားလိုက်သည်။ အရပ်ချင်းသိပ်မကွာဘူးဆိုသော်လည်း မောင်က အနည်းငယ်ပိုမြင့်တာကြောင့် မောင်က အုပ်မိုးထားသလို။
*အမလေး မောင်ရယ် ကိုယ့်ကိုနှလုံးရောဂါနဲ့ သေအာင်လုပ်နေတာလား*
"မောင်..."
"ကိုကို့ကိုလွမ်းနေပြီ"
အွင့်....
အတင်းထိကပ်လာသည့် မောင်အနမ်းသည် ပိုးမခကို အသက်ရှုရပ်စေလောက်အောင်။ အချိန်ကြာမြင့်စွာ နမ်းပြီး အသက်ရှုရန်လိုအပ်နေပြီဖြစ်သောကြောင့် မောင့်ကိုတွန်းထုတ်လိုက်ရသည်။ မောင့်အနမ်းတွေသည် နှုတ်ခမ်းမှတစ်ဆင့် လည်တိုင်ပေါ်သို့ ဆင်းလာသောကြောင့် ပိုးမခ အလိုလို ခေါင်းမော့မိလိုက်သည်။
"အာ့.!မောင်..အရာ..မထင်စေနဲ့"
သို့ပေမယ့် မောင်ပေးသော ညိုပုတ်ပုတ်အောင် အမှတ်အသားသည် ဖြူဖွေးသော ပိုးမခလည်ပင်းထက် အထင်းသား။ နောက်ဆုံးပိတ် မောင်က အထိမခံနိုင်သော ပိုးမခ နားရွက်ဖျားလေးကို ကိုက်လိုက်ချိန်မှာတော့ ခြေထောက်များ ခွေကျကာ မောင့်ရင်ခွင်ထဲပုံလျက်သား။
"ကိုကိုက ချစ်စရာလေး။ မောင်ရူးတော့မှာဘဲ"
ရင်ခွင်ထဲ၌ မျက်နှာလေးနီပြီးအသက်ကိုမနည်းရှုနေသော ကိုကိုက တကယ် အသည်းယားစရာ။ ဘယ်လိုဘဲ သူ့ထက် အသက်ကြီးပါစေဦး သူ့အတွက်တော့ ကလေးလေးတစ်ယောက်လို့သာ မြင်မိသည်။ အများရှေ့ဆို အချေဒေါက်တာလေးက ခန့်ရှေ့မှာသာ ပွင့်လင်းသည်။ ယခုလဲ ရင်ခွင်ထဲမှ အသံတိုးတိုးဖြင့်
"မောင်..အရမ်းဆိုးတာဘဲ"
လေယာဉ်သည် ရန်ကုန်သို့ ဆိုက်ရောက်လာပြီး ရာသီဥတု သည် လည်း ချင်းပြည်မှာလို မအေးတော့။ ကလေးတွေပြန်ဖို့ ဖယ်ရီပြင်ပေးထားသော်လည်း မောင်ကသူနှင့်လိုက်လာသည်။ သူ့ကားက လေဆိပ်မှာ အပ်ထားခဲ့တော့ အဆင်ပြေတာပေါ့။ နောင်လေးကလည်း သူ့ကိုဟိန်းနှင့်။
"ခန့်! နောင်နောင်!"
သူတို့ပြန်ခါနီး နောက်မှ အသံပြဲနဲ့အော်သောသူသည် နှစ်ယောက်မရှိ မှုံနံ့သာလှိုင်ပင်။
"နင်တို့ဟာ.! မကောင်းဘူး..လင်ရပြီးတော့ သူငယ်ချင်းကို ပြစ်ထားခဲ့ကြတယ်။ ငါ့လဲ အဖက်လုပ်ကြပါဦး။ အိမ်လဲပြန်မပို့ပေးကြတော့ဘူး နင်တို့တွေ နင်တို့တွေ.."
မကျေမချမ်းအသံဖြင့် ပြောနေသော မှုံနံ့သာလှိုင်ကို ခန့်နှင့် နောင်လေးက ကြည့်ပြီးကြိတ်ရယ်နေသည်။
"အင်...ဖယ်ရီတွေဟိုမှာလေ။ နင်အဲ့တာနဲ့ပြန်ပေါ့" (ခန့်)
"ဖယ်ရီတွေက ပိတ်ပို့ပေးနေမှာနဲ့ကြာမှဟ။ နင်တို့ထဲကတစ်ယောက်လမ်းကြုံခေါ်သွားပေးလေ"
"ငါက ကိုကို့အိမ်လိုက်သွားဦးမှာ။ နင့်နဲ့လမ်းက တစ်လမ်းစီ။ နောင်နောင်..."
"Okay Okay ငါနဲ့လိုက်ခဲ့လိုက်။ ကိုဟိန်း မှုံ့ကိုအိမ်ဝင်ပို့ပေးမယ်နော်"
"ရတယ်လေ။ ဒါဆို သွားရအောင်။ ခခ ငါတို့သွားပြီ"
"အေးအေး"
"ကိုကို..လည်ပင်းကအရာလေးနဲ့ ချစ်ဖို့ကောင်းတယ်"
မောင့်ရဲ့ပြောစကားကြောင့် ပိုးမခ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ကာ ကာ
"မောင်ပဲ အထုပ်တွေသယ်ခဲ့တော့"
ရှေ့ကနေ ထွက်ပြေးသွားသော ကိုကိုက ကလေးတစ်ယောက်ပြေးသွားသလိုလေး။
ကားပေါ်ရောက်တော့လည်း ခါးပတ် မပတ်သေးဘဲ ကားမှန်မှတစ်ဆင့် သူ့လည်ပင်း ပြန်ကြည့်နေသည့် ကိုကို။ ခန့်က ဘဲ သူ့မျက်နှာနားကပ်လိုက်တော့
"အား.! မောင်.!နှာဘူးကောင်!"
သူ့မျက်နှာကို လက်ဖြင့်ကာပြီး အသံကုန်အော်နေသော ကိုကိုသည် သူ့ကို စ ချင်အောင်များလုပ်နေသလား။ ခန့်က ထပ်တိုးသွားတော့ သူ့ခန္ဓာကိုယ်လေးကို ဟိုဘက်ပိုကပ်သွားသည်။ ခန့် ခါးပတ်ကြိုးဆွဲယူပြီး
"ကိုကိုကမှ နှာဘူးလေး။ ဘာတွေတွေးနေမှန်းမသိဘူး"
ထိုအခါမှ ပြူးကြောင်ကြောင် မျက်လုံးလေးဖြင့် ပြန်ကြည့်ရင်း သဘောပေါက်ကာ ပြုံးပြလေသည်။
"မောင် အဝတ်တွေ ဒီမှာထားခဲ့မို့လား"
"အင်း နောက်မောင်လာနေရင် ဝတ််လို့ရအောင်"
"မောင်ကလည်း ကိုယ့်မှာလဲ များနေတာကို။ မောင်ဝတ်ချင်တဲ့ size စုံရှိတယ်"
"ဟူး..ကိုကို....နောက်ဆို ပိုက်ဆံတွေ မဖြုန်းရဘူးနော်။ အသုံးအစွဲဆင်ခြင်ရမယ်"
"ဟုတ်.!"
တည်ကြည်ဟိန်းသာကြားရင် ထရိုက်သတ်ချင်လောက်မည်။ တစ်သက်လုံး ထိန်းလာသည့် တည်ကြည်ဟိန်း ပြောမိရင် ပြန်ကိုက်နေကျ။ သူ့လင် မင်းခန့်ထည်ပြောတော့ တစ်ခွန်းတည်း 'ဟုတ်.!' တဲ့။
"ကိုကို ဘာစားချင်လဲ"
"အမ်..အိမ်မှာ ဘာမှမရှိဘူးလေ"
"ဒီနားက City Mart မှာ ပြေးဝယ်လိုက်မယ်လေ။ ဘာစားချင်လဲပြော"
"အင်...ကိုယ်မပြောတတ်ဘူး။"
မပြောတတ်တာထက် သိကိုမသိတာဆိုပိုမှန်လိမ့်မည်။ အမြဲတမ်း ကြီးမေချက်ပေးထားသည့် ဟင်းကိုအဆင်သင့်စားနေကျဆိုတော့ သူ့ကို တစ်ယောက်ယောက်က သီးသန့်ချက်ပေးပြီး ဘာစားချင်လဲမေးရင် သူဘာဖြေရမှန်းမသိတော့။
"ကိုကိုကတော့လေ..။ ရေချိုးပြီး ခဏစောင့်နေ မောင်သွားဝယ်ခဲ့မယ်။ ရေအကြာကြီးမချိုးနဲ့နော်"
"အင်း ဂရုစိုက်သွားဦး"
မင်းခန့်ထည် City Martထဲဝင်ပြီး ကိုကို ကြိုက်မည်ထင်သော အသားနှင့်အသီးအရွက် အချို့ကို ဝယ်လာခဲ့သည်။ အိမ်ရောက်တော့ ကိုကိုက ရေချိုးခန်းထဲမှထွက်လာချိန်နှင့်ကွက်တိပင်။
"အင်္ကျီအမြန်သွားဝတ်တော့ ကိုကို။ ဖျားနေမယ်"
ပြောပြီး ခန့်က ဟင်းချက်ဖို့ပြင်တော့သည်။
ပိုးမခ အင်္ကျီလဲပြီးထွက်လာတော့ အမြဲ တိတ်ဆိတ်နေသည့် သူ့အိမ်မှာ ယခုတော့ ဟင်းချက်သံတချို့က နေရာယူနေသည်။ ထိုအသံလာရာသည် ချစ်ရသူမှ သူ့အတွက် ချက်ပေးနေသည့် ညစာလည်းဖြစ်နေသေးသည်။ ပိုးမခ နောက်ကနေ ဟင်းချက်နေသည့် မောင့်ခါးကိုဖက်ကာ မောင့် ပခုံးပေါ် ခေါင်းတင်ရင်း ဟင်းချက်နေတာကို ချောင်းကြည့်လိုက်သည်။
"ကိုကို..အချွဲတုံးလေး။ ခဏလေးစောင့်နော် ပြီးတော့မယ်"
"ဟုတ်"
အသား၊ အသီးအရွက်စုံလင်စွာနှင့် ချက်ထားသည့် ထမင်းပေါင်းက သူ့မျက်စိရှေ့တွင် အငွေ့တထောင်းထောင်းထနေသည်။
"ကိုကိုစားနှင့်တော့ မောင်ရေချိုးလိုက်ဦးမယ်။ ဟင်းနံ့တွေ စွဲနေမှာစိုးလို့"
ပြောတော့မှ ကိုကိုက ထိုင်နေရာမှ ထကာ သူ့ကို လာဖက်ပြီး
"မောင့်ကိုယ်နံ့ကိုကြိုက်တယ်။ မောင်က အမြဲနွေးထွေးနေတာဘဲ ကျေးဇူးတင်ပါတယ်"
ဝမ်းနည်းနေသလိုလေး ပြောနေသည့်ကိုကိုက မောင့်အတွက် ချစ်ရလွန်းသည်။
"ဝမ်းနည်းနေပြန်ပြီ ဒီကလေးလေးကတော့။ မောင်က အမြဲတမ်းအနားမှာရှိပေးမှာလေ။ ဝမ်းနည်း မနေနဲ့တော့နော်"
"မောင့်ကို လက်မလွှတ်ဘူး။ သိပ်ချစ်ပြီး ပိုင်ဆိုင်ချင်တာမို့ စတွေ့တည်းက မောင်က ကိုယ့်အပိုင်"
"ဟားဟား..ဟုတ်ပါပြီဗျာ မောင်က ကိုကို့အပိုင်ပါ။ မောင့်ကိုလွှတ်ဦးရေချိုးဦးမယ်"
"အွင်း...မြန်မြန်ချိုး ကိုယ်စောင့်နေမယ်"
"ဟုတ်ပါပြီဗျာ"
ယခင်က တိတ်ဆိတ်အထီးကျန်သော အိမ်လေးသည် ယခုတော့ နွေးထွေးသည့် အချစ်ရိပ်မြုံလေးအဖြစ် ပြောင်းလဲလို့သွားတော့သည်။
Zawgyi 🩺
"ေမာင္လဲလိုက္မယ္မို႔လား"
"လိုက္မွာေပါ့ဗ်။ ကိုကို႔ကို တစ္ေယာက္တည္းလႊတ္စရာလား"
ေျပာေနရင္းႏွင့္ သူ႔ပါးကို လာဆြဲတဲ့ေမာင္က ကိုယ့္ကို သူ႔ထက္ အငယ္မ်ားေအာက္ေမ့ေနသလား။ မနက္စာ စားၿပီး ဟိုဘက္႐ြာကို ေမာင္နဲ႔ထြက္လာခဲ့ၾကသည္။ အရင္တစ္ခါက ေျခေထာက္ဒဏ္ရာရၿပီး ခ်ဳပ္ထားရသည့္လူနာကို ဒီေန႔ ဒဏ္ရာအေျခအေနၾကည့္ၿပီး ခ်ဳပ္႐ိုးေျဖရမည္ေလ။ အနာ မက်က္ေသးလွ်င္လဲ ၿမိဳ႕တက္ၿပီး ေဆးခန္းဆက္ျပဖို႔ေျပာရမည္မို႔လား။
"ကိုကို႔ လက္ထဲက အထုပ္ေတြေပး"
လမ္းေလွ်ာက္ေနရင္းႏွင့္ပင္ ေမာင္က ကိုယ့္လက္ထဲကေဆးအိတ္ကိုဆြဲၿပီး သူ႔လက္တစ္ဖက္တည္းနဲ႔ေပါင္းသယ္လိုက္သည္။
"ေမာင္က အထုပ္ေတြဆြဲမယ္။ ကိုကိုက ေမာင့္လက္ကိုဆြဲ"
ေျပာေနရင္းႏွင့္ ေႏြးေထြးေသာ ေမာင့္လက္ဖဝါးက်ယ္ႀကီးက လာဆုပ္ကိုင္ေလေတာ့ ပိုးမခမွာ သစ္႐ြက္လႈပ္တာနဲ႔ ရင္ခုန္တတ္သည့္ ဆယ္ေက်ာ္သက္ေလးလို ရင္ေတြခုန္လို႔။
"အန္တီ.. ဒဏ္ရာက အေတာ္က်က္ေနၿပီမို႔လို႔ ကြၽန္ေတာ္ ခ်ဳပ္႐ိုးေျဖေပးလိုက္ၿပီဗ်။ အလုပ္ေတာ့အရမ္း မလုပ္ေစခ်င္ေသးဘူး။ ေဆးလဲ ေသာက္ဖို႔ေပးထားခဲ့မယ္။ ပုံမွန္ေသာက္ေပးဗ်ာ။ တစ္ခုခုအဆင္မေျပတာျဖစ္ရင္ ဖလမ္းကိုတက္ၿပီး ေဆးခန္းျပၾကည့္ေပါ့"
"ဟုတ္ကဲ့ ေက်းဇူးပါဆရာေလးတို႔ရယ္။ ဆရာေလးတို႔ ဒီေန႔ ျပန္ၾကေတာ့မွာမို႔လား။ ကြၽန္မလက္ေဆာင္ေလးေတြထည့္ေပးခ်င္လို႔"
ခ်င္းျပည္ထြက္ အသီးအႏွံအခ်ိဳ႕ႏွင့္ လက္ျဖင့္ ရက္လုပ္ထားေသာ ႐ိုးရာအထည္အခ်ိဳ႕ကို ေပးေလးသည္။
"မဟုတ္တာ အန္တီရယ္။ အိမ္အတြက္လည္း သိမ္းထားပါဦး"
ဟုဆိုကာ ပိုးမခတို႔ အနည္းငယ္သာယူၿပီး ျပန္လာခဲ့ၾကသည္။
"ေမာင္ ရန္ကုန္ေရာက္ရင္ အိမ္တန္းျပန္မွာလား"
"အင္းေလး ဘာျဖစ္လို႔လဲကိုကိုရဲ႕"
"ဘာမွမဟုတ္ပါဘူး"
အနည္းငယ္ မ်က္ႏွာေလးညိဳးသြားေသာ ပိုးမခေၾကာင့္
"ေမာင္ မျပန္ေသးဘူး။ ဒီကျပန္ရင္ ဟိုကိုညေနေလာက္မွေရာက္မွာ။ ေမာင္ တစ္ညေတာ့ ကိုကိုနဲ႔ေနဦးမယ္။ ေနာက္တစ္ရက္မွ ျပန္မယ္"
"အင္း"
ၿပဳံေပ်ာ္ၿပီး အလွပဆုံးအၿပဳံးေလးေတြ ဆင္ျမန္းထားတဲ့ကိုကိုက ေမာင့္ရဲ႕ကမာၻေလး။
"ဟိုမွာ ပိုးမခတို႔ ျပန္လာၿပီ။ ကေလးေတြ အဆင္သင့္ျပင္ထားၾကေနာ္။ ပစၥည္းေတြ မက်န္ေစနဲ႔"
အဖြဲ႕ေခါင္းေဆာင္ ဆရာႀကီးက ကေလးမ်ားအား အသံျဖင့္ သတိေပးေလသည္။ အခ်ိန္အေတာ္ၾကာေနခဲ့သည့္ ဒီ႐ြာေလးကို သံေယာဇဥ္ျဖစ္ၾကသည့္ ကေလးမ်ားသည္ ႐ြာသားမ်ားကို မ်က္ရည္စက္လက္ျဖင့္ ႏႈတ္ဆက္ေနၾကသည္။ ႐ြာသားေတြထည့္ေပးလိုက္သည့္ အိမ္ျပန္လက္ေဆာင္ေတြကလည္း မ်ားစြာပင္။
"လိန္းႏို..အဆင္မေျပတာ တစ္ခုခုဆို ဖုန္းလိုင္းမိတဲ့ေနရာကေန ဒီကိုဆက္သြယ္လိုက္ကြာ"
ပိုးမခသည္ လိန္းႏိုေလးကို အေတာ္ခ်စ္သည္။ ေအးစက္သည့္ပိုးမခသည္ ကေလးေတြႏွင့္ မင္းခန္႔ထည္အတြက္သာ ေရေႏြးအိုးျဖစ္ေပးသည့္ လူစားမ်ိဳး။
"ဟုတ္ကဲ့။ ကိုႀကီးတို႔ လမ္းခရီးေျဖာင့္ျဖဴးပါေစ။ ေရစက္မကုန္ရင္ ျပန္ဆုံၾကမယ္ဗ်ာ။ ကိုႀကီးခန္႔ ေသခ်ာဂ႐ုစိုက္ေနာ္"
လိန္းႏိုသည္ ပိုးမခဘက္ ေမးေငါ့ျပရင္း ခန္႔ကိုအမွာစကားပါးေလသည္။ ေဝးလံေခါင္ပါးသည့္႐ြာငယ္ေလးျဖစ္ေသာ္လည္း ေမတၱာေရာင္ျပန္ဟပ္သည္ဆိုသည့္အတိုင္း ပိုးမခတို႔ ေမတၱာထားေသာေၾကာင့္ ေမတၱာျပန္ထားကာ ပိုးမခတို႔အား ရႈတ္ခ်ျခင္းမျပဳၾကေပ။
"ကိုကို..စိတ္မေကာင္းျဖစ္ေနျပန္ၿပီလား"
ကားေပၚေရာက္ေတာ့ ေဘးနားမွာထိုင္ေနသည့္ ေမာင္က ပါးေလးကို ဖြဖြပြတ္ရင္း ေမးေလသည္။ ပိုးမခ ေမာင့္ပခုံးေပၚ ေခါင္းမွီၿပီး
"ကိုယ္တို႔ ေနာက္က် တစ္ေခါက္ထပ္လာရေအာင္ေနာ္"
"အင္း ေမာင္တို႔ျပန္လာမယ္"
"ေတာင္တန္းရဲ႕ အျခားတစ္ဖက္ေသာ
ကမာၻမွာမင္းေပ်ာ္ေနမလားေလ
အခ်ိန္ေတြလည္ပတ္လို႔ရယ္
ကုန္ဆုံးသြားေနခဲ့ေပမယ့္
ေမွ်ာ္ေနပါတယ္ ေတာင္ဇလပ္ရယ္
ပြင့္လန္းခ်ိန္ေတြေရာက္တိုင္းလဲ
အတူဆုံခ်ိန္ေတြ သိပ္လြမ္းတယ္
ခ်ယ္ရီေတြရယ္ သက္ေသဘဲ....
ျပန္လာပါကြယ္ ငွက္ကေလးရယ္
အေတာင္ေညာင္းတဲ့အခါ လွည့္ျပန္ခဲ့
လူစုံစြာရယ္ အခ်ိန္တိုင္းကြယ္
အိမ္ျပန္ခ်ိန္ကို ဆီးႀကိဳမယ္"
ဆုန္သင္းပါရ္ ရဲ႕ေတာင္ဇလပ္ အိမ္ျပန္ခ်ိန္ သီခ်င္းေလးသည္ တိတ္ဆိတ္ေနေသာ ကားေလးထဲ ပ်ံ႕လြင့္ေနသည္။
အသြားတုန္းကလည္း ေပ်ာ္႐ႊင္ဖြယ္သီခ်င္းေလးႏွင့္ ဆီးႀကိဳသည့္ ခ်င္းေတာင္တန္းသည္ အျပန္ခရီးႏွင့္ လိုက္ေလ်ာညီေထြစြာ ေတာင္တန္းႀကီးကိုလြမ္းေမာေနေစရန္ သီခ်င္းေလးႏွင့္ ႏႈတ္ဆက္ရွာေလသည္။
*အင္း တစ္ေန႔ျပန္လာျဖစ္ေအာင္ ျပန္လာပါ့မယ္ ခ်င္းေတာင္တန္းေတြရယ္*
ပိုးမခ ေမာင့္ပခုံးထက္ေခါင္းေလးေမွးစက္ရင္း ေဆးကုခ်ိန္ကာလအတြင္း ကေလးေတြႏွင့္ ေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ ခ်င္းေတာင္းတန္းကိုေတြးေနမိေလသည္။
"ကိုကို...ကိုကို ထေတာ့ ေရာက္ၿပီ"
ခရီးရက္အစီအစဥ္အရ လည္ပတ္မည့္ရက္ကို ေက်ာင္းသားမ်ားက ႐ြာမွာတင္ ေနမည္ဆိုေသာေၾကာင့္ ဖလမ္းႏွင့္ ကေလးမွာ လည္ပတ္မည့္ ရက္မ်ားမရွိေတာ့ေပ။ ထို႔ေၾကာင့္ အျပန္မလည္ရဘဲ ကေလးၿမိဳ႕သို႔ တန္းသြားၿပီး ေလယာဥ္စီးရမည္။ ပိုးမခတို႔ ကားေပၚကဆင္းေတာ့ ေတာင္တန္းေတြေလာက္ မေအးစိမ့္သည့္ ကေလးရာသီဥတုက ႀကိဳဆိုေနသည္။
ကေလးလြင္ျပင္ကေန တျဖည္းျဖည္း ျမင့္တက္လာသည့္ ေလယာဥ္ျပတင္းေပါက္ေလးမွတစ္ဆင့္ ေဝးကြာလာေနသည့္ ေတာင္တန္းေတြကိုၾကည့္ရင္း ထိုထဲတြင္ ေမာင္ႏွင့္ သူ႔ရဲ႕ အခ်စ္သဝဏ္လႊာေလး ျမႇဳပ္ထားခဲ့သည္ကို ေတြးမိၿပီး မ်က္ႏွာက အလိုလိုၿပဳံးမိသြားသည္။
"ခခတို႔မ်ား လင္ရၿပီး သူငယ္ခ်င္းကို ပလစ္လိုက္တာ"
ဆရာေတြက သက္သက္ထိုင္ရသည္မို႔ ေမာင္သည္ သူ႔ေနရာမွာသူထိုင္ေနရသည္။ ေမာင္ကေတာ့ ဆူပုတ္ၿပီး မ်က္ေမွာင္ၾကဳတ္ေနေလရဲ႕။ တကယ္ ကေလးေပါက္ေလး။
"မင္းက် မင္းေနာင္ေနာင္နဲ႔ေပ်ာ္ျမဴးေနၿပီးေတာ့"
"ငါကငါေလ"
"ငါမင္းကိုေမးမလို႔"
ပိုးမခေျပာေတာ့ ကိုဟိန္းက ေဘးမွ ေကာ္ဖီခြက္ကို လက္လွမ္းေနရင္း ေခါင္းညိတ္ျပသည္။
"မင္းက ဘယ္တည္းက ရန္လင္းေနာင္ကိုႀကံေနတာလဲ"
"အင္း..အမွန္အတိုင္းေျပာရရင္ ၾကာၿပီ။ ဒါေပမဲ့ ညီအစ္ကို သံေယာဇဥ္ကရွိေနေတာ့"
"ငါ့ေတာင္မေျပာျပဘူး စိတ္ဓာတ္ပဲ"
"ဪ မင္းက အဲ့မတိုင္ခင္က ေရမေရာတဲ့ Straight ႀကီးေလ။ ေစာ္ေတြ ထည္လဲတြဲေနေတာ့ ငါက မင္းလက္မခံမွာစိုးလို႔"
"လဒေကာင္ ေနာက္က်ငါ့ကို မေျပာျပဘဲခ်န္ၾကည့္"
"ေအးပါကြာ"
ပိုးမခတို႔ တစ္ဖန္ျပန္တိတ္ဆိတ္သြား ၿပီး ပိုးမခလည္း ခဏေမွးေနတုန္း။
"ကိုကို..ကိုကို...!"
ပါးေလးအား လက္ႏွင့္တို႔ကာ ႏႈိးေနသည့္ေမာင္က မ်က္လုံးေလး ေပကလပ္ေပကလပ္ျဖင့္။
"အင္..ေမာင္..ဘာျဖစ္လို႔လဲ"
"ေမာင္ Toilet သြားခ်င္လို႔။ ကိုကို လိုက္ခဲ့ေပး"
"အမ္..? ေမာင္ကိုယ္တိုင္သြားလဲရတယ္ေလ"
"ကိုကိုကလည္း.."
ကေလးေတြ မရတာပူဆာသလိုမ်ိဳး ေမာင္က သူ႔လက္ေလးကိုလႈပ္ရမ္းၿပီး ဂ်ီက်ေနသည္။
*ဟား.. ဒီကေလး အဲ့လိုလဲတတ္တာဘဲလား။ အသည္းယားလိုက္တာကြာ*
"လာ လာ ကိုယ္လိုက္ခဲ့ေပးမယ္"
လိုက္ခဲ့ေပးၿပီး အိမ္သာေရွ႕မွာ ထိုင္ေစာင့္ေပးေနရတဲ့အျဖစ္ပါ။ ခဏေနေတာ့ ေခါင္းေလးထြက္လာၿပီး
"ကိုကို...ခဏ"
ပိုးမခ သူ႔နားကပ္ေပးလိုက္ေတာ့ လက္ကေနဆြဲၿပီး အထဲကိုဆြဲသြင္းသြားသည္။ ေမာင္က တံခါးကိုပိတ္ၿပီး သူ႔ကိုတံခါးနဲ႔ ကပ္ထားလိုက္သည္။ အရပ္ခ်င္းသိပ္မကြာဘူးဆိုေသာ္လည္း ေမာင္က အနည္းငယ္ပိုျမင့္တာေၾကာင့္ ေမာင္က အုပ္မိုးထားသလို။
*အမေလး ေမာင္ရယ္ ကိုယ့္ကိုႏွလုံးေရာဂါနဲ႔ ေသအာင္လုပ္ေနတာလား*
"ေမာင္..."
"ကိုကို႔ကိုလြမ္းေနၿပီ"
အြင့္....
အတင္းထိကပ္လာသည့္ ေမာင္အနမ္းသည္ ပိုးမခကို အသက္ရႈရပ္ေစေလာက္ေအာင္။ အခ်ိန္ၾကာျမင့္စြာ နမ္းၿပီး အသက္ရႈရန္လိုအပ္ေနၿပီျဖစ္ေသာေၾကာင့္ ေမာင့္ကိုတြန္းထုတ္လိုက္ရသည္။ ေမာင့္အနမ္းေတြသည္ ႏႈတ္ခမ္းမွတစ္ဆင့္ လည္တိုင္ေပၚသို႔ ဆင္းလာေသာေၾကာင့္ ပိုးမခ အလိုလို ေခါင္းေမာ့မိလိုက္သည္။
"အာ့.!ေမာင္..အရာ..မထင္ေစနဲ႔"
သို႔ေပမယ့္ ေမာင္ေပးေသာ ညိဳပုတ္ပုတ္ေအာင္ အမွတ္အသားသည္ ျဖဴေဖြးေသာ ပိုးမခလည္ပင္းထက္ အထင္းသား။ ေနာက္ဆုံးပိတ္ ေမာင္က အထိမခံႏိုင္ေသာ ပိုးမခ နား႐ြက္ဖ်ားေလးကို ကိုက္လိုက္ခ်ိန္မွာေတာ့ ေျခေထာက္မ်ား ေခြက်ကာ ေမာင့္ရင္ခြင္ထဲပုံလ်က္သား။
"ကိုကိုက ခ်စ္စရာေလး။ ေမာင္႐ူးေတာ့မွာဘဲ"
ရင္ခြင္ထဲ၌ မ်က္ႏွာေလးနီၿပီးအသက္ကိုမနည္းရႈေနေသာ ကိုကိုက တကယ္ အသည္းယားစရာ။ ဘယ္လိုဘဲ သူ႔ထက္ အသက္ႀကီးပါေစဦး သူ႔အတြက္ေတာ့ ကေလးေလးတစ္ေယာက္လို႔သာ ျမင္မိသည္။ အမ်ားေရွ႕ဆို အေခ်ေဒါက္တာေလးက ခန္႔ေရွ႕မွာသာ ပြင့္လင္းသည္။ ယခုလဲ ရင္ခြင္ထဲမွ အသံတိုးတိုးျဖင့္
"ေမာင္..အရမ္းဆိုးတာဘဲ"
ေလယာဥ္သည္ ရန္ကုန္သို႔ ဆိုက္ေရာက္လာၿပီး ရာသီဥတု သည္ လည္း ခ်င္းျပည္မွာလို မေအးေတာ့။ ကေလးေတြျပန္ဖို႔ ဖယ္ရီျပင္ေပးထားေသာ္လည္း ေမာင္ကသူႏွင့္လိုက္လာသည္။ သူ႔ကားက ေလဆိပ္မွာ အပ္ထားခဲ့ေတာ့ အဆင္ေျပတာေပါ့။ ေနာင္ေလးကလည္း သူ႔ကိုဟိန္းႏွင့္။
"ခန္႔! ေနာင္ေနာင္!"
သူတို႔ျပန္ခါနီး ေနာက္မွ အသံၿပဲနဲ႔ေအာ္ေသာသူသည္ ႏွစ္ေယာက္မရွိ မႈံနံ႔သာလႈိင္ပင္။
"နင္တို႔ဟာ.! မေကာင္းဘူး..လင္ရၿပီးေတာ့ သူငယ္ခ်င္းကို ျပစ္ထားခဲ့ၾကတယ္။ ငါ့လဲ အဖက္လုပ္ၾကပါဦး။ အိမ္လဲျပန္မပို႔ေပးၾကေတာ့ဘူး နင္တို႔ေတြ နင္တို႔ေတြ.."
မေက်မခ်မ္းအသံျဖင့္ ေျပာေနေသာ မႈံနံ႔သာလႈိင္ကို ခန္႔ႏွင့္ ေနာင္ေလးက ၾကည့္ၿပီးႀကိတ္ရယ္ေနသည္။
"အင္...ဖယ္ရီေတြဟိုမွာေလ။ နင္အဲ့တာနဲ႔ျပန္ေပါ့" (ခန္႔)
"ဖယ္ရီေတြက ပိတ္ပို႔ေပးေနမွာနဲ႔ၾကာမွဟ။ နင္တို႔ထဲကတစ္ေယာက္လမ္းႀကဳံေခၚသြားေပးေလ"
"ငါက ကိုကို႔အိမ္လိုက္သြားဦးမွာ။ နင့္နဲ႔လမ္းက တစ္လမ္းစီ။ ေနာင္ေနာင္..."
"Okay Okay ငါနဲ႔လိုက္ခဲ့လိုက္။ ကိုဟိန္း မႈံ႕ကိုအိမ္ဝင္ပို႔ေပးမယ္ေနာ္"
"ရတယ္ေလ။ ဒါဆို သြားရေအာင္။ ခခ ငါတို႔သြားၿပီ"
"ေအးေအး"
"ကိုကို..လည္ပင္းကအရာေလးနဲ႔ ခ်စ္ဖို႔ေကာင္းတယ္"
ေမာင့္ရဲ႕ေျပာစကားေၾကာင့္ ပိုးမခ လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ ကာ ကာ
"ေမာင္ပဲ အထုပ္ေတြသယ္ခဲ့ေတာ့"
ေရွ႕ကေန ထြက္ေျပးသြားေသာ ကိုကိုက ကေလးတစ္ေယာက္ေျပးသြားသလိုေလး။
ကားေပၚေရာက္ေတာ့လည္း ခါးပတ္ မပတ္ေသးဘဲ ကားမွန္မွတစ္ဆင့္ သူ႔လည္ပင္း ျပန္ၾကည့္ေနသည့္ ကိုကို။ ခန္႔က ဘဲ သူ႔မ်က္ႏွာနားကပ္လိုက္ေတာ့
"အား.! ေမာင္.!ႏွာဘူးေကာင္!"
သူ႔မ်က္ႏွာကို လက္ျဖင့္ကာၿပီး အသံကုန္ေအာ္ေနေသာ ကိုကိုသည္ သူ႔ကို စ ခ်င္ေအာင္မ်ားလုပ္ေနသလား။ ခန္႔က ထပ္တိုးသြားေတာ့ သူ႔ခႏၶာကိုယ္ေလးကို ဟိုဘက္ပိုကပ္သြားသည္။ ခန္႔ ခါးပတ္ႀကိဳးဆြဲယူၿပီး
"ကိုကိုကမွ ႏွာဘူးေလး။ ဘာေတြေတြးေနမွန္းမသိဘူး"
ထိုအခါမွ ျပဴးေၾကာင္ေၾကာင္ မ်က္လုံးေလးျဖင့္ ျပန္ၾကည့္ရင္း သေဘာေပါက္ကာ ၿပဳံးျပေလသည္။
"ေမာင္ အဝတ္ေတြ ဒီမွာထားခဲ့မို႔လား"
"အင္း ေနာက္ေမာင္လာေနရင္ ဝတ္္လို႔ရေအာင္"
"ေမာင္ကလည္း ကိုယ့္မွာလဲ မ်ားေနတာကို။ ေမာင္ဝတ္ခ်င္တဲ့ size စုံရွိတယ္"
"ဟူး..ကိုကို....ေနာက္ဆို ပိုက္ဆံေတြ မျဖဳန္းရဘူးေနာ္။ အသုံးအစြဲဆင္ျခင္ရမယ္"
"ဟုတ္.!"
တည္ၾကည္ဟိန္းသာၾကားရင္ ထ႐ိုက္သတ္ခ်င္ေလာက္မည္။ တစ္သက္လုံး ထိန္းလာသည့္ တည္ၾကည္ဟိန္း ေျပာမိရင္ ျပန္ကိုက္ေနက်။ သူ႔လင္ မင္းခန္႔ထည္ေျပာေတာ့ တစ္ခြန္းတည္း 'ဟုတ္.!' တဲ့။
"ကိုကို ဘာစားခ်င္လဲ"
"အမ္..အိမ္မွာ ဘာမွမရွိဘူးေလ"
"ဒီနားက City Mart မွာ ေျပးဝယ္လိုက္မယ္ေလ။ ဘာစားခ်င္လဲေျပာ"
"အင္...ကိုယ္မေျပာတတ္ဘူး။"
မေျပာတတ္တာထက္ သိကိုမသိတာဆိုပိုမွန္လိမ့္မည္။ အၿမဲတမ္း ႀကီးေမခ်က္ေပးထားသည့္ ဟင္းကိုအဆင္သင့္စားေနက်ဆိုေတာ့ သူ႔ကို တစ္ေယာက္ေယာက္က သီးသန္႔ခ်က္ေပးၿပီး ဘာစားခ်င္လဲေမးရင္ သူဘာေျဖရမွန္းမသိေတာ့။
"ကိုကိုကေတာ့ေလ..။ ေရခ်ိဳးၿပီး ခဏေစာင့္ေန ေမာင္သြားဝယ္ခဲ့မယ္။ ေရအၾကာႀကီးမခ်ိဳးနဲ႔ေနာ္"
"အင္း ဂ႐ုစိုက္သြားဦး"
မင္းခန္႔ထည္ City Martထဲဝင္ၿပီး ကိုကို ႀကိဳက္မည္ထင္ေသာ အသားႏွင့္အသီးအ႐ြက္ အခ်ိဳ႕ကို ဝယ္လာခဲ့သည္။ အိမ္ေရာက္ေတာ့ ကိုကိုက ေရခ်ိဳးခန္းထဲမွထြက္လာခ်ိန္ႏွင့္ကြက္တိပင္။
"အက်ႌအျမန္သြားဝတ္ေတာ့ ကိုကို။ ဖ်ားေနမယ္"
ေျပာၿပီး ခန္႔က ဟင္းခ်က္ဖို႔ျပင္ေတာ့သည္။
ပိုးမခ အက်ႌလဲၿပီးထြက္လာေတာ့ အၿမဲ တိတ္ဆိတ္ေနသည့္ သူ႔အိမ္မွာ ယခုေတာ့ ဟင္းခ်က္သံတခ်ိဳ႕က ေနရာယူေနသည္။ ထိုအသံလာရာသည္ ခ်စ္ရသူမွ သူ႔အတြက္ ခ်က္ေပးေနသည့္ ညစာလည္းျဖစ္ေနေသးသည္။ ပိုးမခ ေနာက္ကေန ဟင္းခ်က္ေနသည့္ ေမာင့္ခါးကိုဖက္ကာ ေမာင့္ ပခုံးေပၚ ေခါင္းတင္ရင္း ဟင္းခ်က္ေနတာကို ေခ်ာင္းၾကည့္လိုက္သည္။
"ကိုကို..အခြၽဲတုံးေလး။ ခဏေလးေစာင့္ေနာ္ ၿပီးေတာ့မယ္"
"ဟုတ္"
အသား၊ အသီးအ႐ြက္စုံလင္စြာႏွင့္ ခ်က္ထားသည့္ ထမင္းေပါင္းက သူ႔မ်က္စိေရွ႕တြင္ အေငြ႕တေထာင္းေထာင္းထေနသည္။
"ကိုကိုစားႏွင့္ေတာ့ ေမာင္ေရခ်ိဳးလိုက္ဦးမယ္။ ဟင္းနံ႔ေတြ စြဲေနမွာစိုးလို႔"
ေျပာေတာ့မွ ကိုကိုက ထိုင္ေနရာမွ ထကာ သူ႔ကို လာဖက္ၿပီး
"ေမာင့္ကိုယ္နံ႔ကိုႀကိဳက္တယ္။ ေမာင္က အၿမဲေႏြးေထြးေနတာဘဲ ေက်းဇူးတင္ပါတယ္"
ဝမ္းနည္းေနသလိုေလး ေျပာေနသည့္ကိုကိုက ေမာင့္အတြက္ ခ်စ္ရလြန္းသည္။
"ဝမ္းနည္းေနျပန္ၿပီ ဒီကေလးေလးကေတာ့။ ေမာင္က အၿမဲတမ္းအနားမွာရွိေပးမွာေလ။ ဝမ္းနည္း မေနနဲ႔ေတာ့ေနာ္"
"ေမာင့္ကို လက္မလႊတ္ဘူး။ သိပ္ခ်စ္ၿပီး ပိုင္ဆိုင္ခ်င္တာမို႔ စေတြ႕တည္းက ေမာင္က ကိုယ့္အပိုင္"
"ဟားဟား..ဟုတ္ပါၿပီဗ်ာ ေမာင္က ကိုကို႔အပိုင္ပါ။ ေမာင့္ကိုလႊတ္ဦးေရခ်ိဳးဦးမယ္"
"အြင္း...ျမန္ျမန္ခ်ိဳး ကိုယ္ေစာင့္ေနမယ္"
"ဟုတ္ပါၿပီဗ်ာ"
ယခင္က တိတ္ဆိတ္အထီးက်န္ေသာ အိမ္ေလးသည္ ယခုေတာ့ ေႏြးေထြးသည့္ အခ်စ္ရိပ္ၿမဳံေလးအျဖစ္ ေျပာင္းလဲလို႔သြားေတာ့သည္။