Unicode
ကိုယ့်ရဲ့ခံယူချက် အစစ်အမှန်ကို ဖွင့်ဟဝန်ခံပြီးတဲ့နောက်မှာ မိဘတွေနဲ့ ဆက်ဆံရေးဟာလဲ ပြောင်းလဲသွားခဲ့ရသည်။ မျက်နှာချင်းဆိုင်လိုက်မိတာနဲ့ ဖေဖေက ချက်ချင်းရှောင်ထွက်သွားပြီး
မေမေကတော့ မျက်ရည်ဝေ့ကာဝဲကာဖြင့် ရွေးခြယ်ထားတဲ့လမ်းဟာ မှားယွင်းနေပေမယ့် အချိန်မှီ ပြန်လည်ပြင်ဆင်နိုင်သေးကြောင်း နားချရှာသည်။ တစ်ခါ သတ္တိကြောင်ပြီး ထွက်ပြေးခဲ့ဖူး၍ အရမ်းနာကြင်ခဲ့ရပြီးပြီဖြစ်သည်။ ဒါကြောင့် အခုတစ်ကြိမ်မှာတော့ ဘယ်သူတွေလာပြီးနားချပါစေ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး နောက်ဆုတ်လိမ့်မည်မဟုတ်ပါ။
လိင်တူချစ်မိခြင်းသည် အပြစ်မဟုတ်ကြောင်း ၊
ချစ်ခြင်းမှာ လိင်သတ်မှတ်ချက်တွေဟာ အရေးမပါကြောင်း ၊ လိင်တူချစ်သူတွေသည်လည်း လူသားတွေထဲက လူသားတွေပင်ဖြစ်ကြောင်းကို သူနောက်ကျမှ သိရှိနားလည်ခွင့်ရခဲ့သည်။ သူ့ရဲ့ မိဘတွေသည်လဲ သူနားလည်ခဲ့သလိုမျိုး တစ်နေ့နေ့မှာ နားလည်လက်ခံလာပေးမယ်လို့ မျှော်လင့်ထားမိသည်။
ဒီရက်တွေအတွင်းမှာ သူ Jeon ကို ဆက်တိုက် နည်းအမျိုးမျိုးဆက်သွယ်ပါသော်လည်း လုံးဝအဆက်အသွယ်မရပေ။ သူ့ဘက်က phဆက်သော်လည်း စက်ပိတ်ထားသည်ချည်းသာ ပြောနေပြီး mail ပို့သော်လည်း ဘာပြန်စာမှ ရောက်မလာပါ....ကြည့်ရသည်မှာ ph no. ပြောင်းသွားပြီး
mail ကိုလဲ မစစ်ကြည့်တာပင် ဖြစ်မည်။ ထိုကဲ့သို့ အဆက်အသွယ်မရလေလေ Jeon သူ့ကို လုံးဝခွင့်မလွှတ်နိုင်လောက်တော့ဘူးလား ဆိုသည့် စိုးရိမ်စိတ်က ကြီးလာလေလေဖြစ်နေသည်။ Jeon ရဲ့မေမေကို အကျိုးအကြောင်းပြောပြီး Jeon ကိုဆက်သွယ်လို့ရနိုင်မယ့် နည်းလမ်းကို မေးလို့ရသော်လည်း Jeon နဲ့ သူရဲ့ ပြသနာကို သိမသိ မသေချာသောကြောင့် အလကားသက်သက် စိတ်ပူရစေမည့် အဖြစ်မျိုးကို မဖြစ်စေချင်ပါ။ London,United Kingdom မှာ Jeon တို့မိသားစုပိုင် company ခွဲ တစ်ခုရှိသေးကြောင်း ငယ်စဥ်ကတည်းက သိထားခဲ့၍ Jeon ရှိမည့်နေရာကိုတော့ သူသေချာပေါက်သိပါသည်။ သူ့အတွက်အခု Visa ကျလာဖို့နှင့် အရှုပ်ထုပ်တွေကို အကုန်ရှင်းလင်းသွားစေရန် Min Yuri အကြောင်းစုံစမ်းခိုင်းထားသမျှ အကုန်သိရှိစေရန်တို့သာ လိုအပ်တော့သည်။ ထိုကိစ္စရပ်တွေ ရှင်းလင်းပြီးသွားသည်နှင့်တစ်ပြိုင်နက် သူ Jeon နောက်ကို လိုက်သွားလို့ရပြီဖြစ်သည်။
"ဒေါက်......ဒေါက်...."
တံခါးခေါက်သံနှင့်အတူ အခန်းထဲ ဝင်လာသော မေမေ....ဘာများလဲ ဆိုသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်တော့ သက်ပြင်းဖွဖွချလာကာ
"အောက်ခဏ ဆင်းခဲ့ဦး......"
ပြောပြီးသည်နှင့် ချက်ချင်းလှည့်ထွက်ကာ အောက်ပြန်ဆင်းသွားလေသည်။မျက်နှာလည်း မကောင်းသောကြောင့် ကိစ္စတစ်ခုခုတော့ရှိရမည်မှန်း ရိပ်မိလိုက်မိပြီးသားပင်။
လှေကားထစ်တွေအတိုင်း ဆင်းလာခဲ့ပြီး အောက်ရောက်သည့်အခါ ဖေဖေမေမေတို့နဲ့အတူတူ ကိစ္စတစ်ခုခု ဆွေးနွေးတိုင်ပင်နေဟန် ရှိသော Min Yuri ကိုပါ တစ်ခါတည်းတွေ့လိုက်ရသည်။ သူ့ကို တွေ့သည်နှင့် ပြောလက်စ စကားများရပ်သွားကာ အပြစ်သားတစ်ယောက်ပမာ ဝိုင်းဝန်ကြည့်လာသော မျက်ဝန်းများ....ထိုမျက်ဝန်းတွေထဲတွင် အထင်သေးကဲရဲ့မှု၊ သနားမှု ၊ စက်ဆုပ်ရွံရှာမှုများကိုပါ တစ်စွန်းတစ်စ တွေ့မြင်နေရသည်မှာ ဧကန်မုချပင်....
"ထိုင်"
အေးစက်စက် အသံသည် ဖေဖေ့ ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ Min Yuri သည်လည်း ပြုံးစစဖြင့် သူ့ကို ကြည့်နေပြီး တစ်စုံတစ်ခုအပေါ်တွင် အကျေနပ်ကြီး ကျေနပ်နေသည့်ပုံပင်.....။ ခုံပေါ်ထိုင်လျှင် ထိုင်ခြင်းမှာပင် ဖေဖေ့ထံမှ ထပ်မံထွက်ပေါ်လာသော စကားသံကြောင့် Min Yuri ပြုံးရခြင်းရဲ့ အဓိပ်ပါယျကို နားလည်သွားရတော့သည်။
"ဒီ တစ်ပတ်ထဲ မင်း Yuri နဲ့ လက်ထပ်ရမယ် Taehyung "
"ဖေဖေ..."
"မင်းမှာ ငြင်းဆိုပိုင်ခွင့်မရှိဘူး အရာရာအဆင်သင့်လုပ်ထား"
သူ့ရဲ့ ဖြစ်တည်မှုကို သိရှိထားပါလျက်နှင့် ယခုကဲ့သို့ မိမိရဲ့ သဘောဆန္ဒကိုပါ မမေးမြန်းဘဲ
စီစဥ်မှုအပေါ် အမှန်တကယ်အံ့သြသင့်မိသည်။ သူ့သဘောကတော့ ရှင်းပါသည်...ဒီစီစဥ်ပေးမှုအပေါ် လုံးဝ လက်ခံဖို့ ဆန္ဒမရှိပါ။ တစ်ဦးတည်းသော သားဖြစ်သူက မျိုးဆက်အမွေကို ချန်ထားရစ်ဖို့ ဆန္ဒမရှိပဲ လိင်တူချစ်နေခြင်းအပေါ် သူ့မိဘတွေရဲ့ စိတ်ပျက်မှုကို နားလည်နိုင်ပါသော်လည်း
သူ့နှလုံးသားရဲ့ အလိုဆန္ဒကို ဒီတစ်ကြိမ်တွင်တော့ လိုက်လျောချင်သေးသည်။
"ကျွန်တော်လုံးဝ လက်မခံနိုင်ဘူး ဖေဖေ ၊ ကျွန်တော့်ဖြစ်တည်မှုကို သိပါလျက်နဲ့ ဘာလို့ အခုလို စီစဥ်ရတာလဲ "
"မင်းကိုပြောပြီးသား မင်းမှာ လုံးဝ ငြင်းဆိုပိုင်ခွင့်မရှိဘူးလို့ အခုထိုင်နေတဲ့ မိန်းကလေးက မင်းရဲ့သတိုးသမီးလောင်းပဲ "
ထထွက်သွားသော ဖေဖေ့ကျောပြင်ကျယ်ကို ကြည့်ပြီး စိတ်ပျက်မှုတွေ ကိန်းအောင်းလာတော့သည်။ ကျန်ရှိနေသေးသော မေမေ့ထံတွင်
မျှော်လင့်ချက် တစ်စုံတစ်ရာ ရှာတွေ့နိုးနိုးဖြင့် အားကိုးတစ်ကြီး ကြည့်လိုက်ပြန်တော့လဲ
"မေမေ ချွေးမပဲ လိုချင်တယ် သား...မဟုတ်ရင် သားနဲ့ပက်သက်တဲ့ ကောင်လေးကို မေမေ ဘယ်လို သတ်မှတ်ရမှာလဲ သူကမေမေ့အတွက် ချွေးမလား သားမက်လား မေမေ လက်သင့်ခံစဥ်းစားလို့မရဘူး သား"
မေမေပါ ထထွက်ပြီးသွားသည့်နောက်မှာတော့
Min Yuri သူ့အနားသို့ ဝင်ထိုင်လာတော့သည်။ကိုယ်ကျပ် အင်္ကျီကိုဝတ်ထားသောကြောင့် ရှိုက်ဖို ကြီးငယ် အသွယ်သွယ်တို့မှာ အထင်းသားမြင်နေရသည်။ရုတ်တရက် အပေါ်ကြယ်သီး တစ်လုံးကို ဖြုတ်လိုက်ရာ ရင်နှစ်မွှာကို ခပ်ရေးရေး မြင်လာရပြန်သည်။စကပ်ပေါင်လည်လောက်ကိုပင် ခြေချိတ်ကာ ထိုင်နေသောကြောင့် ဖြူဝင်းပြီး သေးသွယ်သည့် ခြေထောက်တို့ကိုလည်း အထင်းသားမြင်နေရသည်။ မြူဆွယ်နေပေမယ့်လည်း အပိုပင်....ယခုကဲ့သို့ မြူဆွယ်ခြင်းဟာ အရင်စိတ်နဲ့ Kim Taehyung ဆိုလျှင် အလုပ်ဖြစ်ကောင်း အလုပ်ဖြစ်ပေလိမ့်မည်။ ဒါပေမယ့် အခုလက်ရှိသူကတော့ ရင်ခုန်သံတွေကို Jeon တစ်ဦးတည်းအတွက်သာ သီးသန့် ချိတ်ပိတ်ခဲ့ပြီးပြီဖြစ်သည်။
Taehyung သိသိသာသာပင် မျက်နှာလွှဲလိုက်ပြီး ဘေးသို့ တိုးကပ်လိုက်သည်။
"ဒီလိုတွေ အတင်းစီစဥ်နေလဲ အပိုပဲနော် Min Yuri
ငါ လုံးဝ လက်သင့်ခံမှာမဟုတ်ဘူး"
မျက်နှာလွှဲကာ ဘေးသို့ တိုးကပ်ထိုင်နေသော Taehyung ကို မေးစေ့မှ တစ်ဆင့် ဆွဲကိုင်ကာ သူ့ဘက်သို့ ဆွဲလှည့်လိုက်သော Min Yuri. ....
"Yuri ကိုကြည့်ပါ Taehyung ရဲ့ ရက်ပိုင်းအတွင်းပဲ အကြင်လင်မယားဖြစ်လာတော့မယ့်သူတွေပဲကို အဲ့လောက်မစိမ်းကားပါနဲ့....."
Min Yuri ဖြစ်စေချင်သည့်အတိုင်း အကြည့်ချင်းစုံလိုက်ပြီး ခပ်ရဲရဲစိုက်ကြည့်ပေးလိုက်သည်. .သို့သော် မေးစေ့ကို ကိုင်ထားသည့် လက်ကိုမူ စာနာမှု အလျင်းမရှိပဲ ပုတ်ချလိုက်ကာ....
"အိမ်မက်မက်မနေနဲ့"
ထို့နောက် ဒေါသထွက်စွာဖြင့် အခန်းထဲသို့ ပြန်ဝင်လာခဲ့တော့သည်။ ဘဝမှာ ဤကဲ့သို့ အရှက်မရှိသည့်မိန်းမမျိုးကို တစ်သက်လုံးတွေ့ဆုံခဲ့ဖူးခြင်းမရှိခဲ့ပေ.... တွေ့မိပြန်တော့လည်း ယခင်က ဖြူစင်အပြစ်ကင်းသည့်မိန်းမငယ်လေးလို့ သတ်မှတ်ခဲ့ဖူးသော Min Yuri ဖြစ်နေလေသည်။ ဒီတစ်ပတ်အတွင်း လက်ထပ်ရမည်ဟု အိမ်က ရာဇသံပေးထားသော်လည်း လက်ခံဖို့ စိတ်ကူးလုံးဝမရှိ....သူ့သဘောဆန္ဒမပါဘဲ မည်သည့်အရာမှ လုပ်ခွင့်မရစေရ....
စိတ်ပင်ပမ်းမှုတွေကြောင့် ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်တော့ မျက်ဝန်းထောင့်မှ မျက်ရည်များက ပါးပြင်တစ်လျှောက်စီးဆင်းကျလာသည်။ ထို့နောက် ဒီရက်ပိုင်းထဲ သူလုပ်နေကြအတိုင်း စားပွဲပေါ်မှ Laptop ကိုဆွဲယူလိုက်ကာ ဖွင့်လိုက်သည်။ လက်ချောင်းသွယ်သွယ်လေးတွေကို keyboard ပေါ်မှာ လှုပ်ရှားလိုက်ပြီး စာအချို့ကို စတင်ရိုက်လိုက်ကာ တစ်ဖက်ကို ပေးပို့လိုက်သည်။
ခါတိုင်းကဲ့သို့ပင် တစ်ဖက်သို့ ရောက်သွားသော်လည်း စာကိုဖတ်ထားသည်လဲမရှိ နေသလိုပြန်စာလဲ ရှိမနေပေ.....
"Jeon ငါ မင်းကို အရမ်းလွမ်းတယ် " ဆိုသော
တစ်ဖက်တည်းက ပေးပို့ထားသည့် မရေတွက်နိုင်သော စာကြောင်းလေးတွေသာ screen တစ်ခွင် ပြည့်နေတော့သည်။
ထိုစဥ်..ဘေးနားက ph လေးဆီမှ အဆက်မပြတ်တုန်ခါမှုနှင့်အတူ သံစဥ်အချို့ပေါ်ထွက်လာသည်။ screen ပေါ်မှ အမည်ကို ကြည့်ပြီးသည့်နောက် သူ ဝမ်းသာအားရစွာဖြင့် ph လက်ခံ ဖြေကြားလိုက်သည်။
"Hello ဦးငယ်"
"TaeTae ဦးငယ် မင်းစုံစမ်းခိုင်းထားတဲ့ ကောင်မလေး အကြောင်းကို အခုပဲ mail ပို့လိုက်မယ် "
"ဟုတ် ဦးငယ် ကျွန်တော်လဲ အဲ့ဒါပဲ စောင့်နေတာ အခုပို့လိုက် ဦးငယ်"
"Ok TaeTae. ...ဒါနဲ့ TaeTae နဲ့ အဲ့ကောင်မလေး ဘယ်လိုပက်သက်နေလဲ မေးလို့ရမလား"
"ဒီအတိုင်း ကျွန်တော့်ပျော်ရွှင်မှုလေးဆီ ရောက်ဖို့ လမ်းမှာကြုံဆုံရတဲ့ ဆူးငြောင့်ခလုတ် သက်သက်ပါ ဦးငယ်"
"အဲ့ဒါဆို ဦးငယ် စိတ်ချရပါပြီ သူ့အကြောင်းအသေးစိတ်ကိုတော့ mail မှာပဲ ကြည့်လိုက်တော့"
"ဟုတ်....သြော် ဒါနဲ့ ဦးငယ် Visa ကကော ဘယ်လိုလဲ"
"သြော် အဲ့ဒါလဲ ပြောမလို့ကို မေ့နေတာ....မနက်ဖြန် ရမယ်လို့ ချိန်းထားတယ် ကာယကံရှင် ကိုယ်တိုင်သွားတော့ ပိုကောင်းတာပေါ့ မနက်ဖြန် မနက် 10 နာရီလောက် သွားလိုက်ဦး"
"ဟုတ် ဦးငယ် ကျေးဇူးပါဗျာ...."
"ဒီကလေး...ဒီစကားမျိုး ပြောစရာလိုလို့လား ဒါပဲ ဒါပဲ ph ချလိုက်တော့မယ် mail စစ်ကြည့်လိုက်"
"ဟုတ်ကဲ့..."
Ph ချပြီးသည်နှင့် အဆင်သင့် ဝင်လာသော mail ကို ကြည့်လိုက်ရာ Min Yuri ရဲ့ အကြောင်းအသေးစိတ်နှင့် သူ့မိသားစု အကြောင်းများပါ ပါဝင်နေပေသည်။ ထို့အပြင် မတူညီသော ယောကျ်ားများနှင့်အတူ Hotel ထဲ ဝင်သွားပုံများ ၊ ကားထဲမှာ နမ်းနေကြပုံများလဲ ပါဝင်နေသည်။ ထိုမျှနှင့်မက club ထဲတွင် ယောကျ်ားများရဲ့ ပေါင်ပေါ်မှာထိုင်ကာ အရက်ငှဲ့ပေးနေပုံများလဲ ပါဝင်ပေရာ Taehyung ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီး.....Min Yuri ထံသို့ ချက်ချင်း ph ခေါ်လိုက်တော့သည်။
"မင်းဘယ်မှာလဲ....အိမ်အောက်ထပ်မှာပဲ ရှိသေးတာလား....ဟုတ်ပြီ..အခု ငါ့အခန်းထဲလာခဲ့.."
Taehyung ဆီမှ ph လက်ခံရရှိကာ သူ့အခန်းထဲသို့ လာခဲ့ဖို့ရန် ခေါ်ခြင်းခံရသောကြောင့် ကျေနပ်ကာ ဝမ်းသာနေမိသည်။ နောက်ဆုံးတွင် သူ့ရဲ့မြူဆွယ်မှုက အလုပ်ဖြစ်သွားသည်ထင်သည်။ ယခင်က ပွေရှုပ်ခဲ့ဖူးသော သူပင်ဖြစ်သောကြောင့် ယခုကဲ့သို့ မြူဆွယ်မှုအပေါ် သက်ဆင်းသွားရခြင်းပင် ဖြစ်ရမည်။ နောက်ဆုံးတော့လည်း သူ့အပေါ်တွင် မည်သည့် ပုရိသ ယောကျ်ားသားတို့မှ လွန်ဆန်၍ မရဟူသော အတွေးများနှင့်အတူ ခြေလှမ်းတွေက အပေါ်ထပ်ဆီသို့ တက်ကြွစွာဖြင့် လျှောက်လှမ်းလိုက်တော့သည်။
Update နည်းနည်းကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော် သင်တန်းတစ်ဖက်လဲ ရှိသေးတော့ သင်တန်းစာတွေ ပြန်ကြည့်နေရလို့ပါUpdate လေး ပုံမှန် ပြန် up ပေးပါတော့မယ်
Zawgyi
ကိုယ့္ရဲ႕ခံယူခ်က္ အစစ္အမွန္ကို ဖြင့္ဟဝန္ခံၿပီးတဲ့ေနာက္မွာ မိဘေတြနဲ႕ ဆက္ဆံေရးဟာလဲ ေျပာင္းလဲသြားခဲ့ရသည္။ မ်က္ႏွာခ်င္းဆိုင္လိုက္မိတာနဲ႕ ေဖေဖက ခ်က္ခ်င္းေရွာင္ထြက္သြားၿပီး
ေမေမကေတာ့ မ်က္ရည္ေဝ့ကာဝဲကာျဖင့္ ေ႐ြးျခယ္ထားတဲ့လမ္းဟာ မွားယြင္းေနေပမယ့္ အခ်ိန္မွီ ျပန္လည္ျပင္ဆင္နိုင္ေသးေၾကာင္း နားခ်ရွာသည္။ တစ္ခါ သတၱိေၾကာင္ၿပီး ထြက္ေျပးခဲ့ဖူး၍ အရမ္းနာၾကင္ခဲ့ရၿပီးၿပီျဖစ္သည္။ ဒါေၾကာင့္ အခုတစ္ႀကိမ္မွာေတာ့ ဘယ္သူေတြလာၿပီးနားခ်ပါေစ သူ႕ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ျပန္လည္ျပင္ဆင္ၿပီး ေနာက္ဆုတ္လိမ့္မည္မဟုတ္ပါ။
လိင္တူခ်စ္မိျခင္းသည္ အျပစ္မဟုတ္ေၾကာင္း ၊
ခ်စ္ျခင္းမွာ လိင္သတ္မွတ္ခ်က္ေတြဟာ အေရးမပါေၾကာင္း ၊ လိင္တူခ်စ္သူေတြသည္လည္း လူသားေတြထဲက လူသားေတြပင္ျဖစ္ေၾကာင္းကို သူေနာက္က်မွ သိရွိနားလည္ခြင့္ရခဲ့သည္။ သူ႕ရဲ႕ မိဘေတြသည္လဲ သူနားလည္ခဲ့သလိုမ်ိဳး တစ္ေန႕ေန႕မွာ နားလည္လက္ခံလာေပးမယ္လို႔ ေမွ်ာ္လင့္ထားမိသည္။
ဒီရက္ေတြအတြင္းမွာ သူ Jeon ကို ဆက္တိုက္ နည္းအမ်ိဳးမ်ိဳးဆက္သြယ္ပါေသာ္လည္း လုံးဝအဆက္အသြယ္မရေပ။ သူ႕ဘက္က phဆက္ေသာ္လည္း စက္ပိတ္ထားသည္ခ်ည္းသာ ေျပာေနၿပီး mail ပို႔ေသာ္လည္း ဘာျပန္စာမွ ေရာက္မလာပါ....ၾကည့္ရသည္မွာ ph no. ေျပာင္းသြားၿပီး
mail ကိုလဲ မစစ္ၾကည့္တာပင္ ျဖစ္မည္။ ထိုကဲ့သို႔ အဆက္အသြယ္မရေလေလ Jeon သူ႕ကို လုံးဝခြင့္မလႊတ္နိုင္ေလာက္ေတာ့ဘူးလား ဆိုသည့္ စိုးရိမ္စိတ္က ႀကီးလာေလေလျဖစ္ေနသည္။ Jeon ရဲ႕ေမေမကို အက်ိဳးအေၾကာင္းေျပာၿပီး Jeon ကိုဆက္သြယ္လို႔ရနိုင္မယ့္ နည္းလမ္းကို ေမးလို႔ရေသာ္လည္း Jeon နဲ႕ သူရဲ႕ ျပသနာကို သိမသိ မေသခ်ာေသာေၾကာင့္ အလကားသက္သက္ စိတ္ပူရေစမည့္ အျဖစ္မ်ိဳးကို မျဖစ္ေစခ်င္ပါ။ London,United Kingdom မွာ Jeon တို႔မိသားစုပိုင္ company ခြဲ တစ္ခုရွိေသးေၾကာင္း ငယ္စဥ္ကတည္းက သိထားခဲ့၍ Jeon ရွိမည့္ေနရာကိုေတာ့ သူေသခ်ာေပါက္သိပါသည္။ သူ႕အတြက္အခု Visa က်လာဖို႔ႏွင့္ အရႈပ္ထုပ္ေတြကို အကုန္ရွင္းလင္းသြားေစရန္ Min Yuri အေၾကာင္းစုံစမ္းခိုင္းထားသမွ် အကုန္သိရွိေစရန္တို႔သာ လိုအပ္ေတာ့သည္။ ထိုကိစၥရပ္ေတြ ရွင္းလင္းၿပီးသြားသည္ႏွင့္တစ္ၿပိဳင္နက္ သူ Jeon ေနာက္ကို လိုက္သြားလို႔ရၿပီျဖစ္သည္။
"ေဒါက္......ေဒါက္...."
တံခါးေခါက္သံႏွင့္အတူ အခန္းထဲ ဝင္လာေသာ ေမေမ....ဘာမ်ားလဲ ဆိုသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္ေတာ့ သက္ျပင္းဖြဖြခ်လာကာ
"ေအာက္ခဏ ဆင္းခဲ့ဦး......"
ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းလွည့္ထြက္ကာ ေအာက္ျပန္ဆင္းသြားေလသည္။မ်က္ႏွာလည္း မေကာင္းေသာေၾကာင့္ ကိစၥတစ္ခုခုေတာ့ရွိရမည္မွန္း ရိပ္မိလိုက္မိၿပီးသားပင္။
ေလွကားထစ္ေတြအတိုင္း ဆင္းလာခဲ့ၿပီး ေအာက္ေရာက္သည့္အခါ ေဖေဖေမေမတို႔နဲ႕အတူတူ ကိစၥတစ္ခုခု ေဆြးႏြေးတိုင္ပင္ေနဟန္ ရွိေသာ Min Yuri ကိုပါ တစ္ခါတည္းေတြ႕လိုက္ရသည္။ သူ႕ကို ေတြ႕သည္ႏွင့္ ေျပာလက္စ စကားမ်ားရပ္သြားကာ အျပစ္သားတစ္ေယာက္ပမာ ဝိုင္းဝန္ၾကည့္လာေသာ မ်က္ဝန္းမ်ား....ထိုမ်က္ဝန္းေတြထဲတြင္ အထင္ေသးကဲရဲ႕မႈ၊ သနားမႈ ၊ စက္ဆုပ္႐ြံရွာမႈမ်ားကိုပါ တစ္စြန္းတစ္စ ေတြ႕ျမင္ေနရသည္မွာ ဧကန္မုခ်ပင္....
"ထိုင္"
ေအးစက္စက္ အသံသည္ ေဖေဖ့ ထံမွ ထြက္ေပၚလာျခင္းျဖစ္သည္။ Min Yuri သည္လည္း ၿပဳံးစစျဖင့္ သူ႕ကို ၾကည့္ေနၿပီး တစ္စုံတစ္ခုအေပၚတြင္ အေက်နပ္ႀကီး ေက်နပ္ေနသည့္ပုံပင္.....။ ခုံေပၚထိုင္လွ်င္ ထိုင္ျခင္းမွာပင္ ေဖေဖ့ထံမွ ထပ္မံထြက္ေပၚလာေသာ စကားသံေၾကာင့္ Min Yuri ၿပဳံးရျခင္းရဲ႕ အဓိပ္ပါယ်ကိဳ နားလည္သြားရေတာ့သည္။
"ဒီ တစ္ပတ္ထဲ မင္း Yuri နဲ႕ လက္ထပ္ရမယ္ Taehyung "
"ေဖေဖ..."
"မင္းမွာ ျငင္းဆိုပိုင္ခြင့္မရွိဘူး အရာရာအဆင္သင့္လုပ္ထား"
သူ႕ရဲ႕ ျဖစ္တည္မႈကို သိရွိထားပါလ်က္ႏွင့္ ယခုကဲ့သို႔ မိမိရဲ႕ သေဘာဆႏၵကိုပါ မေမးျမန္းဘဲ
စီစဥ္မႈအေပၚ အမွန္တကယ္အံ့ၾသသင့္မိသည္။ သူ႕သေဘာကေတာ့ ရွင္းပါသည္...ဒီစီစဥ္ေပးမႈအေပၚ လုံးဝ လက္ခံဖို႔ ဆႏၵမရွိပါ။ တစ္ဦးတည္းေသာ သားျဖစ္သူက မ်ိဳးဆက္အေမြကို ခ်န္ထားရစ္ဖို႔ ဆႏၵမရွိပဲ လိင္တူခ်စ္ေနျခင္းအေပၚ သူ႕မိဘေတြရဲ႕ စိတ္ပ်က္မႈကို နားလည္နိုင္ပါေသာ္လည္း
သူ႕ႏွလုံးသားရဲ႕ အလိုဆႏၵကို ဒီတစ္ႀကိမ္တြင္ေတာ့ လိုက္ေလ်ာခ်င္ေသးသည္။
"ကြၽန္ေတာ္လုံးဝ လက္မခံနိုင္ဘူး ေဖေဖ ၊ ကြၽန္ေတာ့္ျဖစ္တည္မႈကို သိပါလ်က္နဲ႕ ဘာလို႔ အခုလို စီစဥ္ရတာလဲ "
"မင္းကိုေျပာၿပီးသား မင္းမွာ လုံးဝ ျငင္းဆိုပိုင္ခြင့္မရွိဘူးလို႔ အခုထိုင္ေနတဲ့ မိန္းကေလးက မင္းရဲ႕သတိုးသမီးေလာင္းပဲ "
ထထြက္သြားေသာ ေဖေဖ့ေက်ာျပင္က်ယ္ကို ၾကည့္ၿပီး စိတ္ပ်က္မႈေတြ ကိန္းေအာင္းလာေတာ့သည္။ က်န္ရွိေနေသးေသာ ေမေမ့ထံတြင္
ေမွ်ာ္လင့္ခ်က္ တစ္စုံတစ္ရာ ရွာေတြ႕နိုးနိုးျဖင့္ အားကိုးတစ္ႀကီး ၾကည့္လိုက္ျပန္ေတာ့လဲ
"ေမေမ ေခြၽးမပဲ လိုခ်င္တယ္ သား...မဟုတ္ရင္ သားနဲ႕ပက္သက္တဲ့ ေကာင္ေလးကို ေမေမ ဘယ္လို သတ္မွတ္ရမွာလဲ သူကေမေမ့အတြက္ ေခြၽးမလား သားမက္လား ေမေမ လက္သင့္ခံစဥ္းစားလို႔မရဘူး သား"
ေမေမပါ ထထြက္ၿပီးသြားသည့္ေနာက္မွာေတာ့
Min Yuri သူ႕အနားသို႔ ဝင္ထိုင္လာေတာ့သည္။ကိုယ္က်ပ္ အကၤ်ီကိုဝတ္ထားေသာေၾကာင့္ ရွိုက္ဖို ႀကီးငယ္ အသြယ္သြယ္တို႔မွာ အထင္းသားျမင္ေနရသည္။႐ုတ္တရက္ အေပၚၾကယ္သီး တစ္လုံးကို ျဖဳတ္လိုက္ရာ ရင္ႏွစ္မႊာကို ခပ္ေရးေရး ျမင္လာရျပန္သည္။စကပ္ေပါင္လည္ေလာက္ကိုပင္ ေျခခ်ိတ္ကာ ထိုင္ေနေသာေၾကာင့္ ျဖဴဝင္းၿပီး ေသးသြယ္သည့္ ေျခေထာက္တို႔ကိုလည္း အထင္းသားျမင္ေနရသည္။ ျမဴဆြယ္ေနေပမယ့္လည္း အပိုပင္....ယခုကဲ့သို႔ ျမဴဆြယ္ျခင္းဟာ အရင္စိတ္နဲ႕ Kim Taehyung ဆိုလွ်င္ အလုပ္ျဖစ္ေကာင္း အလုပ္ျဖစ္ေပလိမ့္မည္။ ဒါေပမယ့္ အခုလက္ရွိသူကေတာ့ ရင္ခုန္သံေတြကို Jeon တစ္ဦးတည္းအတြက္သာ သီးသန့္ ခ်ိတ္ပိတ္ခဲ့ၿပီးၿပီျဖစ္သည္။
Taehyung သိသိသာသာပင္ မ်က္ႏွာလႊဲလိုက္ၿပီး ေဘးသို႔ တိုးကပ္လိုက္သည္။
"ဒီလိုေတြ အတင္းစီစဥ္ေနလဲ အပိုပဲေနာ္ Min Yuri
ငါ လုံးဝ လက္သင့္ခံမွာမဟုတ္ဘူး"
မ်က္ႏွာလႊဲကာ ေဘးသို႔ တိုးကပ္ထိုင္ေနေသာ Taehyung ကို ေမးေစ့မွ တစ္ဆင့္ ဆြဲကိုင္ကာ သူ႕ဘက္သို႔ ဆြဲလွည့္လိုက္ေသာ Min Yuri. ....
"Yuri ကိုၾကည့္ပါ Taehyung ရဲ႕ ရက္ပိုင္းအတြင္းပဲ အၾကင္လင္မယားျဖစ္လာေတာ့မယ့္သူေတြပဲကို အဲ့ေလာက္မစိမ္းကားပါနဲ႕....."
Min Yuri ျဖစ္ေစခ်င္သည့္အတိုင္း အၾကည့္ခ်င္းစုံလိုက္ၿပီး ခပ္ရဲရဲစိုက္ၾကည့္ေပးလိုက္သည္. .သို႔ေသာ္ ေမးေစ့ကို ကိုင္ထားသည့္ လက္ကိုမူ စာနာမႈ အလ်င္းမရွိပဲ ပုတ္ခ်လိဳက္ကာ....
"အိမ္မက္မက္မေနနဲ႕"
ထို႔ေနာက္ ေဒါသထြက္စြာျဖင့္ အခန္းထဲသို႔ ျပန္ဝင္လာခဲ့ေတာ့သည္။ ဘဝမွာ ဤကဲ့သို႔ အရွက္မရွိသည့္မိန္းမမ်ိဳးကို တစ္သက္လုံးေတြ႕ဆုံခဲ့ဖူးျခင္းမရွိခဲ့ေပ.... ေတြ႕မိျပန္ေတာ့လည္း ယခင္က ျဖဴစင္အျပစ္ကင္းသည့္မိန္းမငယ္ေလးလို႔ သတ္မွတ္ခဲ့ဖူးေသာ Min Yuri ျဖစ္ေနေလသည္။ ဒီတစ္ပတ္အတြင္း လက္ထပ္ရမည္ဟု အိမ္က ရာဇသံေပးထားေသာ္လည္း လက္ခံဖို႔ စိတ္ကူးလုံးဝမရွိ....သူ႕သေဘာဆႏၵမပါဘဲ မည္သည့္အရာမွ လုပ္ခြင့္မရေစရ....
စိတ္ပင္ပမ္းမႈေတြေၾကာင့္ ကုတင္ေပၚ ပစ္လွဲခ်လိဳက္ၿပီး မ်က္လုံးမ်ားကို မွိတ္လိုက္ေတာ့ မ်က္ဝန္းေထာင့္မွ မ်က္ရည္မ်ားက ပါးျပင္တစ္ေလွ်ာက္စီးဆင္းက်လာသည္။ ထို႔ေနာက္ ဒီရက္ပိုင္းထဲ သူလုပ္ေနၾကအတိုင္း စားပြဲေပၚမွ Laptop ကိုဆြဲယူလိုက္ကာ ဖြင့္လိုက္သည္။ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို keyboard ေပၚမွာ လႈပ္ရွားလိုက္ၿပီး စာအခ်ိဳ႕ကို စတင္ရိုက္လိုက္ကာ တစ္ဖက္ကို ေပးပို႔လိုက္သည္။
ခါတိုင္းကဲ့သို႔ပင္ တစ္ဖက္သို႔ ေရာက္သြားေသာ္လည္း စာကိုဖတ္ထားသည္လဲမရွိ ေနသလိုျပန္စာလဲ ရွိမေနေပ.....
"Jeon ငါ မင္းကို အရမ္းလြမ္းတယ္ " ဆိုေသာ
တစ္ဖက္တည္းက ေပးပို႔ထားသည့္ မေရတြက္နိုင္ေသာ စာေၾကာင္းေလးေတြသာ screen တစ္ခြင္ ျပည့္ေနေတာ့သည္။
ထိုစဥ္..ေဘးနားက ph ေလးဆီမွ အဆက္မျပတ္တုန္ခါမႈႏွင့္အတူ သံစဥ္အခ်ိဳ႕ေပၚထြက္လာသည္။ screen ေပၚမွ အမည္ကို ၾကည့္ၿပီးသည့္ေနာက္ သူ ဝမ္းသာအားရစြာျဖင့္ ph လက္ခံ ေျဖၾကားလိုက္သည္။
"Hello ဦးငယ္"
"TaeTae ဦးငယ္ မင္းစုံစမ္းခိုင္းထားတဲ့ ေကာင္မေလး အေၾကာင္းကို အခုပဲ mail ပို႔လိုက္မယ္ "
"ဟုတ္ ဦးငယ္ ကြၽန္ေတာ္လဲ အဲ့ဒါပဲ ေစာင့္ေနတာ အခုပို႔လိုက္ ဦးငယ္"
"Ok TaeTae. ...ဒါနဲ႕ TaeTae နဲ႕ အဲ့ေကာင္မေလး ဘယ္လိုပက္သက္ေနလဲ ေမးလို႔ရမလား"
"ဒီအတိုင္း ကြၽန္ေတာ့္ေပ်ာ္႐ႊင္မႈေလးဆီ ေရာက္ဖို႔ လမ္းမွာႀကဳံဆုံရတဲ့ ဆူးေျငာင့္ခလုတ္ သက္သက္ပါ ဦးငယ္"
"အဲ့ဒါဆို ဦးငယ္ စိတ္ခ်ရပါၿပီ သူ႕အေၾကာင္းအေသးစိတ္ကိုေတာ့ mail မွာပဲ ၾကည့္လိုက္ေတာ့"
"ဟုတ္....ေၾသာ္ ဒါနဲ႕ ဦးငယ္ Visa ကေကာ ဘယ္လိုလဲ"
"ေၾသာ္ အဲ့ဒါလဲ ေျပာမလို႔ကို ေမ့ေနတာ....မနက္ျဖန္ ရမယ္လို႔ ခ်ိန္းထားတယ္ ကာယကံရွင္ ကိုယ္တိုင္သြားေတာ့ ပိုေကာင္းတာေပါ့ မနက္ျဖန္ မနက္ 10 နာရီေလာက္ သြားလိုက္ဦး"
"ဟုတ္ ဦးငယ္ ေက်းဇူးပါဗ်ာ...."
"ဒီကေလး...ဒီစကားမ်ိဳး ေျပာစရာလိုလို႔လား ဒါပဲ ဒါပဲ ph ခ်လိဳက္ေတာ့မယ္ mail စစ္ၾကည့္လိုက္"
"ဟုတ္ကဲ့..."
Ph ခ်ၿပီးသည္ႏွင့္ အဆင္သင့္ ဝင္လာေသာ mail ကို ၾကည့္လိုက္ရာ Min Yuri ရဲ႕ အေၾကာင္းအေသးစိတ္ႏွင့္ သူ႕မိသားစု အေၾကာင္းမ်ားပါ ပါဝင္ေနေပသည္။ ထို႔အျပင္ မတူညီေသာ ေယာက်္ားမ်ားႏွင့္အတူ Hotel ထဲ ဝင္သြားပုံမ်ား ၊ ကားထဲမွာ နမ္းေနၾကပုံမ်ားလဲ ပါဝင္ေနသည္။ ထိုမွ်ႏွင့္မက club ထဲတြင္ ေယာက်္ားမ်ားရဲ႕ ေပါင္ေပၚမွာထိုင္ကာ အရက္ငွဲ႕ေပးေနပုံမ်ားလဲ ပါဝင္ေပရာ Taehyung ေက်ေက်နပ္နပ္ႀကီး ၿပဳံးလိုက္ၿပီး.....Min Yuri ထံသို႔ ခ်က္ခ်င္း ph ေခၚလိုက္ေတာ့သည္။
"မင္းဘယ္မွာလဲ....အိမ္ေအာက္ထပ္မွာပဲ ရွိေသးတာလား....ဟုတ္ၿပီ..အခု ငါ့အခန္းထဲလာခဲ့.."
Taehyung ဆီမွ ph လက္ခံရရွိကာ သူ႕အခန္းထဲသို႔ လာခဲ့ဖို႔ရန္ ေခၚျခင္းခံရေသာေၾကာင့္ ေက်နပ္ကာ ဝမ္းသာေနမိသည္။ ေနာက္ဆုံးတြင္ သူ႕ရဲ႕ျမဴဆြယ္မႈက အလုပ္ျဖစ္သြားသည္ထင္သည္။ ယခင္က ေပြရႈပ္ခဲ့ဖူးေသာ သူပင္ျဖစ္ေသာေၾကာင့္ ယခုကဲ့သို႔ ျမဴဆြယ္မႈအေပၚ သက္ဆင္းသြားရျခင္းပင္ ျဖစ္ရမည္။ ေနာက္ဆုံးေတာ့လည္း သူ႕အေပၚတြင္ မည္သည့္ ပုရိသ ေယာက်္ားသားတို႔မွ လြန္ဆန္၍ မရဟူေသာ အေတြးမ်ားႏွင့္အတူ ေျခလွမ္းေတြက အေပၚထပ္ဆီသို႔ တက္ႂကြစြာျဖင့္ ေလွ်ာက္လွမ္းလိုက္ေတာ့သည္။
Update နည္းနည္းၾကာသြားတဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္ သင္တန္းတစ္ဖက္လဲ ရွိေသးေတာ့ သင္တန္းစာေတြ ျပန္ၾကည့္ေနရလို႔ပါUpdate ေလး ပုံမွန္ ျပန္ up ေပးပါေတာ့မယ္