"Iumos"
"အမြဲတမ်းပဲ..."
"ဒရေဂို! "
"ဟယ်ရီ.."
"မင်းသေချာလိုလား"
"ပေါ်တာ"
"ခရက်..."
"ဘာဖြစ်လိုလဲ"
"ဒရေဂို....ဒရေဂို..."
"မင်းရှိမှ ဒါကဘယ်လို....."
ဟယ်ရီတစ်ယာက် ငတုံးတစ်ယောက်လို အိပ်ရာပေါ်တွင်လှဲနေသော ဒရေဂိုရှိသိုတဖြည်းဖြည်းလျှောက်လာကာ သူဘေးတွင်ဝင်ထိုင်လိုက်ကာ နူးညံစွာဖြင့်
"မက်ဖွိုင်"
8:59pm,17 Aug 2021
[A/N ]
See ya next part !💚
*****************************
Just friend
[A/N]သီချင်းလေးဖွင့်ဖက်ရင်ပိုကောင်းပါတယ်။သီချင်းက အရမ်းနားထောင်လိုကောင်းတယ်။
အချိန်ကာလမှာ အေးဆက်ချမ်းအေးနေကာ လမင်၏အလင်ရောင်ဖြာဖြာဟာ ဂရင်းဖင်းဒေါလ်ယောကျာ်လေးအိပ်ဆောင်ကိုဖြတ်လျက်ကျရောက်လိုနေလေတယ်။အိပ်ခန်းဆောင်ရဲ့ပြတင်းပေါက်ကိုဖွင့်ထားသည့်အတွက် မကြာသေးမှီကမှရွာသွန်းထားသော မိုးနှင့်အတူပါလာသော ရေစက်ရေပွားများသည် တခါတရံနှစ်ခြိုက်စွာအိပ်မောကျနေသော ရွန်ရဲ့ပါပြင်းထက်သို့လွင့်စင်လာခဲ့ကာ နိုးတချက်မနိုးတချက်ဖြစ်စေလေသည်။
နောက်ဆုံးတွင် ရွန်တစ်ယောက်သီးမခံနိုင်တဲ့အဆုံမှာ သူခြေထောက်အောက်ကစောင်ကိုဆွဲယူကာ ခေါင်းမြီခြုံအိပ်ရန်ပြင်လိုက်တော့သည်။
"Iumos"
ရွန် စောင်ဆွဲယူရန်ထလိုက်သောအခါ သူရဲ့ဘေးကုတင်ကဟယ်ရီမှာနိုးလျက်ရှိနေသည်ကိုတွေ့လိုက်သောအခါ ရွန်ဒေါသထွက်စွာဖြင့်မျက်မှောင်ကြုံကာ အသံတိုတိုဖြင့်
"ဟယ်ရီ မင်းမအိပ်သေးပဲဘာထိုင်လုပ်နေတာလဲ ဒီပြတင်ပေါက်ကိုမင်းဖွင့်ထားတာလား"
"Oh Shit! ငါမင်းကိုနိုးမိသွားသလိုဖြစ်သွားတာလား တောင်းပန်းပါတယ် ငါသူကိုကြည်နေတာ ည၂နာရီကိုတစ်ယောက်တည်းအိပ်ဆောင်ကနေ ဘယ်ထသွားတာလဲလို"
ဟယ်ရီသူမြေပုံကြည်ကာပြောလိုက်ခြင်းဖြစ်ရာ ရွန်ကစောင်ကိုကောက်ယူလိုက်ပြီး ဟယ်ရီအားနှစ်သိမ့်ပေးသလိုတချက်ကြည်ကာ"ဟယ်ရီ မင်းသူကိုမမေ့သေးဘူးလား ဒီအချိန်ထိ"
"အမြဲတမ်းပဲ..."
သူကိုပိုင်ဆိုင်ခွင်မရရင်ရင်တောင်မှ...သူငယ်ချင်းတစ်ယောက်အနေနဲ့တော့သူအနားမှရှိနေပြီး..သူလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်လေ ကိုယ်မြတ်နိုးရတဲ့သူအတွက်ပေါ့။
ဟယ်ရီရင်ထဲကနာကျင်မူကိုဖုံးလျက် အပြုံးတစ်ခုဖြင့်ပြန်ပြောလိုက်သည်။သူမြတ်နိုးရသောထိုကောင်လေးမှာ စလေသရင်းမှသူ့ကောင်လေးဖြင့်ချစ်သူဖြစ်ခဲ့သည်မှာတစ်နှစ်ဟုသော အချိန်ပင်ကြာခဲ့ပြီးဖြစ်ရာ။
သူက ထိုလူသားအတွက်တော့ ရင်နှီးသူတစ်ယောက်၊မိတ်ဆွေတစ်ယောက်လိုသာ။သူရဲ့ပျော်ရွှင်မူ၊ဝမ်းနည်းမူတွေကိုမျှဝေခံစားပေးနိုင်တဲ့သူငယ်ချင်တစ်ယောက်သာ။
ဟယ်ရီ ရွန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် ကုတင်အနီးရှိပြတင်ပေါက်ကိုပိတ်လိုက်ကာ သူရဲ့အိပ်ရာဘေးကစာပွဲပေါ်တွင်အသင့်တင်ထားသော ကိုယ်ပျောက်ခြုံထည်ကိုခြုံလိုက်ကာ အိပ်ဆောင်ကနေတိတ်ဆိတ်စွာထွက်လာခဲ့သည်။ဟယ်ရီဝတ်ရုံထဲတွင်မြေပုံကိုကြည်ကာ သူမြတ်နိုးသောထိုကောင်လေးရှိရာနေရာသို့လျှောက်လမ်းလာခဲ့သည်။
Clock Tower ရှိဝရံတာလက်တန်းကိုကိုင်ကာ အေးဆက်နေသောလေထုကိုအံတုကာ ခေါင်းမော့လျက်ရပ်နေသောထိုကောင်လေးရှိရာဆီသို့ ဟယ်ရီတဖြည်းဖြည်းလျှောက်လာခဲ့သည်။လမင်ရောင်ဖြာဖြာက ထိုလူသား၏မျက်လွှာနှစ်ခုချထားသော မျက်နှာပြင်ထက်သို့ကျလျက်ရှိနေရာ ဟယ်ရီသေချာကြည်မိတော့ သူမြတ်နိုးရသောပင်လယ်ပြာမျက်ဝန်းလေးမှာ မျက်ရည်စများတသွင်သွင်စီးကျလျက်ရှိသည်ကိုတွေ့လိုက်ရသောအခါ ဟယ်ရီခြေမကိုင်မိလက်မကိုင်မိဖြစ်လျက် စိုးရိမ်ပူပန်စွာဖြင့်
"ဒရေဂို! "
နာမည်နာမလေးကိုခေါ်လိုက်သည့်နှင့်သူအား အားကိုးတကြည်စိုက်ကြည်လာသော မျက်ရည်များပြည့်နက်နေသော ပင်လယ်ပြာမျက်ဝန်းတစုံ။သူအား နွေးထွေးစွာဖက်လိုက်သော ရင်ခွင်ကျယ်ကျယ်။သူမပိုင်ဆိုင်ရသော ထိုလူသား သူရဲ့ပခုံထပ်ဝယ်တွင် စတင်ငိုကြွေးတော့လေသည်။
"ဟယ်ရီ.."
ဆက်၍အသံတုန်တုန်ရိရိဖြင့်"သူ...သူ...သီအို ငါကိုသစ္စာဖောက်နေတယ်နဲ့တူတယ်..."
သူမပိုင်ဆိုင်ရတဲ့ထိုကောင်လေးက သူမြတ်နိုးရတဲ့သူအကြောင်းပြောရင် အမြဲပျော်နေခဲ့တာ အခုတော့ သူကြောင့်ဝမ်းနည်းနေရပြီးတဲ့လား။
"မင်းသေချာလိုလား"
ဒရေဂို ခေါင်းတချက်ငြိမ့်လျက်"ငါ...ငါသိနေတယ်..ငါခံစားနေရတယ်..ထွက်ခွာသွားတော့မယ်လူတွေအကုန်လုံးက..ကျန်ရစ်ခဲ့တဲ့သူတွေအပေါ်အမြဲကောင်းခဲ့တာပဲလေ"
ဟယ်ရီဖက်နေရမှကွာလိုက်ပြီး မျက်ရည်ပူများဖြင့်ခြောက်သွေ့စပြုနေသော မျက်ဝန်းပြာပြာအားစိုက်ကြည်လျက်
"မင်းစိတ်ထင်လိုနေမှာပါ"
"မဟုတ်ဘူး..သူငါအပေါ်အရင်ကထက်ကောင်းကောင်းဆက်ဆံလာတယ် အရင်ကသူကအဲ့ပုံစံမဟုတ်ဘူး သူငါကိုဂရုစိုက်ပေမယ့် သူ့အကြည်တွေ သူ့အပြုအမူတွေ သူ့အပြောတွေက အသက်မရှိတဲ့လူသားတစ်ဟောက်လိုပဲ အသက်မပါခဲ့ဘူး"
ဟယ်ရီသူအားကျောပေးရပ်နေသော ထိုလူသား၏နောက်ကျောထက်ကိုကြည်ကာ
"မင်း စိတ်ရှုပ်စရာတွေပျောက်သွားတဲ့အထိ ငါမင်းနဲ့အတူ ဒီနေရာကြီးမှာနေပေးမယ်"
ချမ်းအေးသောပတ်ဝန်ကျင်ကိုလစ်လျူရှုလျက် အချိန်အတော်လင့်သည့်အထိ ထိုနေရာတွင်ရပ်နေခဲ့ရာ နောက်ဆုံးတွင်တော့ ဒရေဂိုက"ငါတိုပြန်ကြရအောင်...ဘယ်လိုပဲဖြစ်ဖြစ် မင်းကငါအတွက်အကောင်းဆုံးသူငယ်ချင်းပါ ဟယ်ရီ..."
ဟယ်ရီ နှုတ်ခမ်းသားနှစ်ခုပြုံရုံဆိုသလောက်လေးပြုံးပြလိုက်ကာ သူရဲ့ကိုယ်ပျောက်ခြုံထည်အား ဒရေဂိုလက်ထဲသို့ထည့်လိုက်ကာ"မင်းဒီအတိုင်ပြန်မသွားနဲ့ဒါယူသွား ဒါခြုံလိုက်ရင်မင်းကိုဘယ်သူမှမြင်နိုင်တော့မှမဟုတ်ဘူး"
ဟယ်ရီသူရဲ့ခြုံထည်အားခြုံကာ ပျောက်ကွယ်သွားသော ထိုလူသားရဲ့နောက်ကျောကိုကြည်နေခဲ့လေသည်။
[ Time skip next day after lunch time ]
ဟယ်ရီတိုသူငယ်ချင်းသုံးယောက် နေလယ်စာစားပြီးနောက် ပရော်ဖက်ဆာစနိပ် ပေးထားသောဆေးရည်သင်ခန်းစာကို စာကြည်တိုက်ထဲမှာ လေ့လာနေကြလေသည်။ဟယ်ရီ နားမလည်သည်များကို ဟာမွန်နီကစိတ်ရှည်ရှည်ဖြင့် ရှင်းပြပေးလေသည်။
"ပေါ်တာ"
ဟယ်ရီသူနောက်က အသံကိုကြာသည့်နှင့်လှည့်ကြည်လိုက်ရာ သူမထင်တာသည်သူဖြစ်သည်အတွက် အနည်းငယ်အံသြမိနေကာ စိတ်ရှုပ်ထွေစွာဖြင့်စိုက်ကြည်၍
"ခရက်..."
"ပေါ်တာ မင်းငါနဲ့ခဏလိုက်ခဲ့"
"ဘာဖြစ်လိုလဲ"
"ဒရေဂို....ဒရေဂို..."
ဟယ်ရီထိုလူသား၏ အမည်နာမကြားသည်နှင့်စိုးရိမ်ပူပန်းမူများစွာဖြင့် ခရပ်နောက်သို့လိုက်လျင်မြန်စွာလိုက်သွားလိုက်သည်။စာကြည်တိုက်အပြင်ရောက်သည်နှင့် ခရပ်က ဟယ်ရီအားသူရဲ့ကိုယ်ပျောက်ခြုံထည်ကိုလှမ်းပေးလိုက်ကာ"မင်းဒါဝတ်ထားတာ ပိုအဆင်ပြေလိမ့်မယ်လို ငါထင်တယ်"
"မင်းရှိမှ ဒါကဘယ်လို....."
ဟယ်ရီမေးခွန်းတွေမေးမနေတော့ ခြုံထည်ကိုအမြန်ခြုံလိုက်လေသည်။အချိန်ကြာလာသည်နှင့်အမျှ ထိုလူသားအား သူစိုးရိမ်လှလေသည်။
ခရက်က သူအားစလေးသရင်နားနေဆောင်ကိုခေါ်သွားခြင်းဖြစ်ရာ တံခါရှေ့ရောက်တော့"Pure Blood"
စလေသရင်းနားနေဆောင်တွင်လူရှုပ်လျက်ရှိနေရာ ခရက်ကဟယ်ရီဟာ ဒရေဂိုအိပ်ဆောင်ရှိရာဆီသိုခေါ်သွားလိုက်လေသည်။အခန်းထဲကမြင်ကွင်းကြောင့် ဟယ်ရီမျက်လုံးအိမ်ကျယ်သွားမိသွားကာ ဝတ်ရုံကိုချွတ်၍ အခန်းထဲသို့ဝင်လာခဲ့သည်။အစိမ်ရင့်ရောင်ဖြင့်အလှဆင်ထားသော ရှုပ်ပွနေသော အခန်း၊အိပ်ရာတို့အပြင် ဖန်ပစ္စည်းအချို့မှလည်း ကြမ်းပြင်းပေါ်တွင် ကွဲကြွေလျက်လျက်ရှိနေသည်။
ဟယ်ရီမြင်လိုက်ရသည်မှာ အိပ်ရာပေါ်တွင် စိတ်ပျက်စွာဖြင့်ပက်လက်လှဲလျက်ရှိနေသော ဒရေဂို၊ရှုပ်ပွနေသောငွေရောင်ဆံနွယ်၊မကြာသေးမှီကမှငိုကြွးထားသည်ဟုထင်ရသော မျက်ရည်စများဖြင့်ခြောက်သွေ့စပြုနေသော မျက်ဝန်းတစုံ တို့အပြင်ဒရေဂို၏အင်္ကျီသည် ကြယ်သီးအကုန်နီပါးဖြတ်ထွက်စပြုနေသည်။ထိုအင်္ကျီစအဟကိုသေချာကြည်မည်ဆိုလျှင် ဒရေဂိုပိုင်ဆိုင်သောပန်ရောင်ပွင့်ချပ်တစုံကောင်းမွန်စွာမြင်နိုင်လေသည်။
ဟယ်ရီတစ်ယာက် ငတုံးတစ်ယောက်လို အိပ်ရာပေါတွင်လှဲနေသော ဒရေဂိုရှိသိုတဖြည်းဖြည်းလျှောက်လာကာ သူဘေးတွင်ဝင်ထိုင်လိုက်ကာ နူးညံစွာဖြင့်
"မက်ဖွိုင်"
8:59pm,17 Aug 2021
[A/N ]
ဒီနေ့ကိုယ်ရတဲ့စိတ်ကူးလေးကိုချရေးလိုက်တာပါ။သိပ်မကြာခင် part 2 ကို upပေးပါမယ်နော်။မင်းတို့ role ခွဲလားမခွဲလားမသိပေမယ် ရေးတဲ့ကိုယ်ကတော့ တကယ်မခွဲပါဘူး 😂
မင်းတို့မျော်လင့်နေတဲ့အခန်းမျိုးလည်းပါရင်ပါမယ်ပေါ့နော် မပါရင်လည်းမပါဘူးမှတ် 😂
See ya next part !💚