Zawgyi//
"ကိုကိုး!!"
ေခၚသံႏွင့္အတူ ေျပးဖက္ခံလိုက္ရေသာ က်န္းက်ယ္ဟန္႔မွာ အင့္ခနဲ ျဖစ္သြားရေလသည္။
"ကိုကိုး မူးလဲတာဆို၊ ေကာ္ဖီေတြ ေသာက္လို႔ျဖစ္တာဆို၊ အခုေရာ ဘယ္လိုေနေသးလဲ၊ သက္သာလား၊ ေမာေနလား၊ ဘယ္ေနရာ ေနမေကာင္းတာ ရိွေသးလဲ"
"အာ... ခဏ ခဏေလးလႊတ္ပါဦး "
က်န္းက်ယ္ဟန္႔ ေျပာေတာ့မွ ထိုအဝါေရာင္ အရိပ္ကေလးက လႊတ္ေပးသည္။ သူ႕ကို ေမာ့ၾကည့္ေနတဲ့ မ်က္ဝန္းတစ္စံုမွာေတာ့ စိုးရိမ္မႈေတြ အထင္းသား။
ကုန္းကြၽင့္တေယာက္ အခန္းဝမွ ျမင္ရသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ရင္ဘတ္တေနရာက နာလာသည္ဟု ထင္မိသည္။
တဆက္တည္းမွာ ထိုမိန္းကေလးကို ၾကည့္မိေတာ့ အေတာ္ကိုလွသည့္ မိန္းကေလးပင္။
Blouse ဒူးဖံုး ဂါဝန္အဝါေရာင္တထည္ကို ကပ္ရပ္စြာ ဝတ္ဆင္ထားၿပီး ဆံပင္တို႔ကို ခပ္ေျမာက္ေျမာက္ စုခ်ည္ထားျခင္းက သူမ၏ မ်က္ႏွာဖူးဖူးေလးကို ပို၍ ေပၚလြင္ေစ၏။ မ်က္ႏွာမွာ သူမ်ားေတြလို ေဆးဆိုးပန္း႐ိုက္ျခယ္သထားျခင္းမ်ဳိး မဟုတ္ဘဲ မိတ္ကပ္ကို ခပ္ပါးပါးသာ ျခယ္ထားသည္။
လည္တိုင္ေက်ာ့ေက်ာ့ေပၚမွာ ခပ္မွ်င္မွ်င္ ပလက္တီနမ္ႀကိဳးဆြဲထားတာက လြဲရင္ အထူးအေထြ ဆင္ယင္ထားျခင္းမ်ဳိး မရိွပါေပ။
သို႔တိုင္ေအာင္ ထိုမိန္းကေလးမွာ ၾကည့္လိုက္သည္ႏွင့္ အရိွန္အဝါ တမ်ဳိးကို ခံစားရေစၿပီး ဘယ္သူ႕အေပၚမွ မမီွခိုတတ္သည့္ စ႐ိုက္ကို ျမင္ေနရေလသည္။ မာနဆိုတာထက္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ရိွသည့္ပံုစံမ်ဳိး။ ၿပီးေတာ့ ေယာက်္ားေလးေတြရဲ႕ အသည္းကို လႈပ္ကိုင္ႏိုင္သည့္ ပံုစံမ်ဳိး။
ကုန္းကြၽင့္ ကိုယ့္ကိုယ္ကိုပင္ ကြယ္ေပ်ာက္သြားၿပီဟု ထင္မိသည္။ တဖက္သတ္ယိုဖိတ္လာေသာ သံေယာဇဥ္တို႔ေနာက္က နာက်င္မႈ တခ်ဳိ႕ကိုပါ တဆက္တည္း ခံစားလိုက္ရ၏။
*က်န္းေလာင္ရီွး ဆိုတာ ဒီလို ျပည့္စံုတဲ့ မိန္းကေလးမ်ဳိးနဲ႔ပဲ လိုက္ဖက္တာပါေလ*
"ငါ့ရဲ႕ ကူးႏိုင္ႏိုင္းေလး၊ ေမးရတာ မေမာဘူးလား။ ေမးခြန္းေတြ အမ်ားႀကီး ဘယ္က စေျဖရမလဲ"
က်န္းက်ယ္ဟန္႔၏ ရႊင္ျမဴးေနတဲ့ အသံတပိုင္းတစက ကုန္းကြၽင့္ကို အေတြးနယ္ကြၽံေနရာမွ ျပန္ဆြဲေခၚလာသည္။
ထိုမိန္းကေလးက က်န္းက်ယ္ဟန္႔ႏွင့္ လူခ်င္းခြာသြားေသာ္လဲ လက္ကိုေတာ့ ဆုပ္ကိုင္ထားၿမဲပင္။
"ဘယ္သူ ေကာ္ဖီတိုက္တာလဲကေန စေျဖ "
"အဲ့ဒါက..."
"ကြၽန္ေတာ္ တိုက္လိုက္တာပါ"
"ကုန္းကြၽင့္"
ကုန္းကြၽင့္ ေျပာရင္း ဝင္သြားေတာ့ က်န္းေလာင္ရီွးက ေခါင္းညိတ္ျပကာ သူ႕နာမည္ကို ႏႈတ္ခမ္းလႈပ္႐ံုမွ် တီးတိုးေခၚလိုက္သည္။
ထိုမိန္းကေလးမွာလဲ ကုန္းကြၽင့္ အသံေၾကာင့္ ေနာက္သို႔ လွည့္လာေလသည္။ က်န္းေလာင္ရီွးလက္ကိုေတာ့ မလႊတ္ေသး။
"ကြၽန္ေတာ္ က်န္းေလာင္ရီွး ေကာ္ဖီ အျပင္းစားေတြနဲ႔ မတည့္တာကို မသိလို႔ ဇြတ္တိုက္မိသြားတာ"
"ကိုကိုး သူက ဘယ္သူလဲ"
"သူကလား ကိုကိုး႐ံုးမွာ ခဏလာကူတဲ့ graphic designer ေလ ကုန္းကြၽင့္တဲ့"
"ဪ.... နာမည္နဲ႔ လူနဲ႔ လိုက္သားပဲ "
("ကြၽင့္"ဆိုတာ smart, handsome ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္)
"အင္း ဟုတ္တယ္ေနာ္။ ကုန္းကြၽင့္ မိတ္ဆက္လိုက္ပါဦး ဒါက ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ ညီမေလး က်န္းခြၽိမ္းခ်င္တဲ့"
"ဟုတ္...ဗ်ာ အဲ အဲ ညီမ??"
"အင္းေလ ဘာျဖစ္လို႔လဲ"
ကုန္းကြၽင့္မွာ က်န္းေလာင္ရီွးအေမးကို မေျဖႏိုင္ဘဲ မဆီမဆိုင္ အသဲကြဲသေယာင္ေယာင္ ျဖစ္သြားေသာ ကိုယ့္အျဖစ္ကို ရယ္ခ်င္သြားမိသည္။ ညီမျဖစ္ေၾကာင္းလဲ သိေရာ ကုန္းကြၽင့္မ်က္ႏွာႀကီးမွာ တားမရဆီးမရ မိႈရသည့္ မ်က္ႏွာေပးႏွင့္ ၿပံဳးၿဖီးၿဖီး ျဖစ္ေနသည္မွာလဲ ဖံုးမရ။
"ကုန္းကြၽင့္!!"
"ဪ အဟဲ ဘာမွမျဖစ္ပါဘူး သိပ္လွတဲ့နာမည္ေလးကို ပိုင္ဆိုင္ထားတာပဲ"
(ခြၽိမ္းခ်င္ဆိုတာ ေႏြဦးရာသီရဲ႕ ေနသာတဲ့ရက္လို႔ ေျပာတာပါ)
"လူေရာ မလွဘူးလား"
"အာ လွ လွပါတယ္"
မ်က္လံုးတခ်က္ပင့္ကာ ေမးလိုက္သည့္ က်န္းေလာင္ရီွးေၾကာင့္ ကုန္းကြၽင့္ အျမန္ပင္ ေျဖလိုက္သည္။
ကိုယ့္အေတြးနဲ႔ကိုယ္ ရွက္ရမ္းရမ္းၿပီး ေျဖလိုက္တာေၾကာင့္ စကားသံတို႔ပင္ ထစ္အကုန္၏။
က်န္းခြၽိမ္းခ်င္ကေတာ့ သူ႕ကို လွတယ္ ေျပာဖို႔အေရး နားရြက္မ်ားပင္ နီကာ အရွက္ပိုေနေသာ ေကာင္ေခ်ာေလးကို ေသခ်ာအကဲခတ္ေနသည္။ ေခ်ာတာေတာ့ အေတာ့္ကို ေခ်ာတာပင္။
က်န္းခြၽိမ္းခ်င္ဆိုတာ အကိုမ်က္ႏွာ တကမ႓ာလို႔ သတ္မွတ္ထားသူ။ သူ႕အကိုေလာက္ ေခ်ာတဲ့လူ ထပ္မရိွေတာ့ဘူးဟု အၿမဲေႂကြးေၾကာ္ေနတတ္သူ။
အခုေတာ့ သူ႕မ်က္စိေရွ႕က ေကာင္ေလးမွာ အကိုထက္ မလြန္ရင္ေတာင္ အကိုေလာက္နီးနီး ေခ်ာတာကို လက္ခံရေတာ့မလိုပင္။
ကုန္းကြၽင့္ဆိုေသာ ထိုေကာင္ေလးမွာ ေယာက်္ားဆန္ဆန္ ေခ်ာတာမ်ဳိး ျဖစ္ၿပီး သူမအကိုကေတာ့ မိန္းမေခ်ာ ေခ်ာေနတာ ျဖစ္သည္။
"ခ်င္ခ်င္း ေျပာေတာ့ ဒီတေခါက္ ခရီးက 3 လေလာက္ အနည္းဆံုးၾကာမွာဆို?? ခု 2 လေတာင္ မျပည့္ေသးဘူး ျပန္လာရၿပီလား"
"အင္းေလ အခုက ဘယ္သူေၾကာင့္ ျပန္လာရတာလဲ "
"ဒီက ဘာမွ မျဖစ္တာကို"
"မျဖစ္လို႔ ေဆး႐ံု တန္းေရာက္လာတာလား။ သူမ်ားကို ျငင္းရမွာ အားနာၿပီး မတည့္တဲ့ ေကာ္ဖီေတြ ေသာက္ၿပီးေတာ့ေလ။ ကိုကိုးေနာ္ ေရွာင္ဟြမ္ေကာ မေျပာရင္ ဒီက သိရမွာေတာင္ မဟုတ္ဘူး"
"အာ ဒီေရွာင္ဟြမ္ဆိုတဲ့ေကာင္... သူမ်က္ႏွာရခ်င္တိုင္း..."
"ကဲ ေတာ္ပါ ၿပီးမွ ဆက္ေျပာစို႔ ခ်င္ခ်င္း ႐ံုးသြားရဦးမယ္ ကိုကိုးကို ေတြ႕ခ်င္လို႔ ေလယာဥ္ကြင္းကေန တန္းလာခဲ့တာ"
"အင္း..."
ကုန္းကြၽင့္ ေရွ႕က ေမာင္ႏွမ ႏွစ္ေယာက္ကို ၾကည့္ၿပီး အလိုလို ၿပံဳးမိေနသည္။ တဦးတည္းေသာသား ျဖစ္တာေၾကာင့္ ညီ၊ ညီမေတြ ရိွခ်င္တာ သူ႕ရဲ႕အိပ္မက္တခု။ အကိုႀကီး တေယာက္အေနႏွင့္ ကိုယ့္ထက္အငယ္ေတြကို အလိုလိုက္ ခ်စ္ေပးရတဲ့ ဘဝမ်ဳိးကို သူသိပ္မက္ေမာသည္။
ဒါေၾကာင့္လဲ ဖန္႔က်င္ေဝကို ကေလးတေယာက္လို အလိုလိုက္ေပးေနျခင္း ျဖစ္ေပသည္။
"ဒါနဲ႔ ဒီက အကို ကုန္းကြၽင့္!!"
"ဗ်ာ ေျပာေလ က်န္းညီမေလး"
"ဘယ္လိုေတြေတာင္ ယဥ္ေက်းေနတာလား။ ခ်င္ခ်င္းလို႔ ေခၚရင္ ရပါၿပီ"
"အာ ဟုတ္"
"အကူအညီတခုေလာက္ ေတာင္းလို႔ရမလား"
"ေျပာပါ ရပါတယ္"
"ကိုကိုးကို အိမ္ျပန္ပို႔ေပးလို႔ ရမလား။ ခ်င္ခ်င္း ကိစၥေလး ရိွေသးလို႔"
"အာ ဒါက မဟုတ္လဲ ကြၽန္ေတာ္ပို႔ေပးမလို႔ပါပဲ"
"ဒါဆိုအေတာ္ပဲ ျဖစ္သြားတာေပါ့။ ကိုကိုး ခ်င္ခ်င္းသြားၿပီ ဟန္ရင္းကို ကားေမာင္းဖို႔ ထားခဲ့ေပးမယ္"
"ဟမ္ ခ်င္ခ်င္း ႐ံုးသြားေတာ့ေရာ??"
"တကၠစီငွားသြားမယ္ေလ"
"ဟို ကြၽန္ေတာ့္မွာ ကားပါပါတယ္။ ခ်င္ခ်င္း သြားစရာ ရိွတာ စိတ္ခ်လက္ခ်သြားပါ"
"အဲ့ဒါဆို ၿပီးေရာ ခ်င္ခ်င္း စိတ္ခ်မယ္ အိမ္ကိုပဲ တန္းျပန္ၾကေနာ္"
ေမာင္ႏွမ ႏွစ္ေယာက္ ကားကို နင္ယူငါယူ လုပ္ေနသည့္ကိစၥက ကုန္းကြၽင့္ ဝင္ေျဖရွင္းမွပင္ ၿပီးသြားေလသည္။ ခ်င္ခ်င္းက စိတ္မခ်ႏိုင္စြာ ဂ႐ုစိုက္ၿပီး အိမ္ျပန္ပို႔ဖို႔ အတန္တန္ မွာေနေသးသည္။ မသိရင္ အမႀကီးတေယာက္က ေမာင္ငယ္ေလးတေယာက္ကို စိတ္ပူေနသည့္အလား။
"ကဲ က်န္းခြၽိမ္းခ်င္ နင္ ဒီတသက္ မွာတမ္းေႁခြလို႔ ၿပီးမွာလား။ နင္က ညီမလား ငါက ညီမလား။ တကတည္း မသိရင္ ငါက ၿမီးေကာင္ေပါက္ ကေလးမေလး က်ေနတာပဲ"
သည္းမခံႏိုင္သည့္အဆံုး က်န္းက်ယ္ဟန္႔ ခပ္ဆတ္ဆတ္ပင္ ေျပာခ်လိုက္သည္။
ဟုတ္တယ္ေလ။ သူကေတာင္ အကို ျဖစ္ၿပီး ညီမလုပ္သူကို အဲ့ေလာက္မပူဘူး။ ညီမလုပ္သူက ဒီေယာက်္ားရင့္မာႀကီးကို ဘယ္သူက ခိုးေျပးေတာ့မယ့္အတိုင္း စိတ္ပူေနတာ။
မသိရင္ သူကပဲ အိမ္က မသိေအာင္ ရည္းစားနဲ႔ ခိုးေတြ႕ေနတာက်လို့။
"ဟြန္႔ ၿမီးေကာင္ေပါက္ ကေလးမကမွ နည္းနည္းစိတ္ခ်ရဦးမယ္။ ကိုကိုးက သူမ်ား ကားတင္ေျပးရင္ေတာင္ အားနာပါးနာ လိုက္သြားမယ့္အမ်ဳိး.."
"ငါ တယ္..... တီးထည့္လိုက္ရ၊ ဒါ အကိုကို ေျပာရမယ့္စကားလား"
"သြားၿပီ သြားၿပီ ဘိုင့္ဘိုင္"
က်န္းက်ယ္ဟန္႔ လက္ရြယ္လိုက္မွပင္ ခ်င္ခ်င္း ပါးစပ္ပိတ္ကာ ေျပးထြက္သြားေလသည္။
ေျပးထြက္သြားေသာ ညီမျဖစ္သူကို ၾကည့္ၿပီး က်ယ္ဟန္႔တေယာက္ ေခါင္းကို တြင္တြင္ခါမိသည္။
*ဘုရားစူး...။ ငါ့မွာ ငါထိန္းလို႔ ႀကီးလာတဲ့ ညီမတေယာက္ရိွေနတာပဲ။*
အငယ္ျဖစ္ေနတာေတာင္ သူ႕ကို တခါတေလ ကေလးတေယာက္လို အရိပ္တၾကည့္ၾကည့္ လိုက္ၾကည့္ေနတတ္သည့္ ညီမျဖစ္သူေၾကာင့္ က်န္းက်ယ္ဟန္႔မွာ အခုခ်ိန္ထိ ရည္းစားပင္ ထပ္မထားျဖစ္ေပ။
အမတေယာက္ဆိုရင္ေတာ့ မေတြးဝံ့စရာ။
ကုန္းကြၽင့္ကေတာ့ အေစာပိုင္းက မတရားေတြ ခ်စ္ျပေနၿပီး ေနာက္ပိုင္း မေထာ္မနန္းေတြ ေျပာကာ အႏိုင္ပိုင္းေနၾကသည့္ ခပ္တည္တည္ ခပ္ေအးေအး အကိုရယ္၊
ခပ္သြက္သြက္ ခပ္မိုက္မိုက္ ညီမရယ္ကို ၾကည့္ၿပီး ေတြးလိုက္မိသည္။
*တကယ္ လိုက္လဲ လိုက္တဲ့ ေမာင္ႏွမေတြ....." ဟူ၍.....။
🍀🍀အားေပးမႈကို ေက်းဇူးတင္ပါသည္။
ဆက္လက္ႀကိဳစားပါဦးမည္။ 🍀🍀
မာယာမ်ားတဲ့ ေလာကႀကီးထဲမွာ TT တို႔ အရာရာကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္ၿပီး အႏိုင္ယူၾကရေအာင္။ ဝမ္းနည္းစရာေတြ ေတြးလို႔ဝရင္ ေမ့ပစ္လိုက္။ ကိုယ္တိုင္ေဆးျခယ္ရမယ့္ ဘဝကို ေပ်ာ္စရာေတြနဲ႔ပဲ မြန္းမံၾကတာေပါ့။
Stay strong, stay happy, stay healthy and think positive. We will win at the end 💪💪
Unicode//
"ကိုကိုး!!"
ခေါ်သံနှင့်အတူ ပြေးဖက်ခံလိုက်ရသော ကျန်းကျယ်ဟန့်မှာ အင့်ခနဲ ဖြစ်သွားရလေသည်။
"ကိုကိုး မူးလဲတာဆို၊ ကော်ဖီတွေ သောက်လို့ဖြစ်တာဆို၊ အခုရော ဘယ်လိုနေသေးလဲ၊ သက်သာလား၊ မောနေလား၊ ဘယ်နေရာ နေမကောင်းတာ ရှိသေးလဲ"
"အာ... ခဏ ခဏလေးလွှတ်ပါဦး "
ကျန်းကျယ်ဟန့် ပြောတော့မှ ထိုအဝါရောင် အရိပ်ကလေးက လွှတ်ပေးသည်။ သူ့ကို မော့ကြည့်နေတဲ့ မျက်ဝန်းတစ်စုံမှာတော့ စိုးရိမ်မှုတွေ အထင်းသား။
ကုန်းကျွင့်တယောက် အခန်းဝမှ မြင်ရသည့် မြင်ကွင်းကို ကြည့်ပြီး ရင်ဘတ်တနေရာက နာလာသည်ဟု ထင်မိသည်။
တဆက်တည်းမှာ ထိုမိန်းကလေးကို ကြည့်မိတော့ အတော်ကိုလှသည့် မိန်းကလေးပင်။
Blouse ဒူးဖုံး ဂါဝန်အဝါရောင်တထည်ကို ကပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်တို့ကို ခပ်မြောက်မြောက် စုချည်ထားခြင်းက သူမ၏ မျက်နှာဖူးဖူးလေးကို ပို၍ ပေါ်လွင်စေ၏။ မျက်နှာမှာ သူများတွေလို ဆေးဆိုးပန်းရိုက်ခြယ်သထားခြင်းမျိုး မဟုတ်ဘဲ မိတ်ကပ်ကို ခပ်ပါးပါးသာ ခြယ်ထားသည်။
လည်တိုင်ကျော့ကျော့ပေါ်မှာ ခပ်မျှင်မျှင် ပလက်တီနမ်ကြိုးဆွဲထားတာက လွဲရင် အထူးအထွေ ဆင်ယင်ထားခြင်းမျိုး မရှိပါပေ။
သို့တိုင်အောင် ထိုမိန်းကလေးမှာ ကြည့်လိုက်သည်နှင့် အရှိန်အဝါ တမျိုးကို ခံစားရစေပြီး ဘယ်သူ့အပေါ်မှ မမှီခိုတတ်သည့် စရိုက်ကို မြင်နေရလေသည်။ မာနဆိုတာထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည့်ပုံစံမျိုး။ ပြီးတော့ ယောကျ်ားလေးတွေရဲ့ အသည်းကို လှုပ်ကိုင်နိုင်သည့် ပုံစံမျိုး။
ကုန်းကျွင့် ကိုယ့်ကိုယ်ကိုပင် ကွယ်ပျောက်သွားပြီဟု ထင်မိသည်။ တဖက်သတ်ယိုဖိတ်လာသော သံယောဇဉ်တို့နောက်က နာကျင်မှု တချို့ကိုပါ တဆက်တည်း ခံစားလိုက်ရ၏။
*ကျန်းလောင်ရှီး ဆိုတာ ဒီလို ပြည့်စုံတဲ့ မိန်းကလေးမျိုးနဲ့ပဲ လိုက်ဖက်တာပါလေ*
"ငါ့ရဲ့ ကူးနိုင်နိုင်းလေး၊ မေးရတာ မမောဘူးလား။ မေးခွန်းတွေ အများကြီး ဘယ်က စဖြေရမလဲ"
ကျန်းကျယ်ဟန့်၏ ရွှင်မြူးနေတဲ့ အသံတပိုင်းတစက ကုန်းကျွင့်ကို အတွေးနယ်ကျွံနေရာမှ ပြန်ဆွဲခေါ်လာသည်။
ထိုမိန်းကလေးက ကျန်းကျယ်ဟန့်နှင့် လူချင်းခွာသွားသော်လဲ လက်ကိုတော့ ဆုပ်ကိုင်ထားမြဲပင်။
"ဘယ်သူ ကော်ဖီတိုက်တာလဲကနေ စဖြေ "
"အဲ့ဒါက..."
"ကျွန်တော် တိုက်လိုက်တာပါ"
"ကုန်းကျွင့်"
ကုန်းကျွင့် ပြောရင်း ဝင်သွားတော့ ကျန်းလောင်ရှီးက ခေါင်းညိတ်ပြကာ သူ့နာမည်ကို နှုတ်ခမ်းလှုပ်ရုံမျှ တီးတိုးခေါ်လိုက်သည်။
ထိုမိန်းကလေးမှာလဲ ကုန်းကျွင့် အသံကြောင့် နောက်သို့ လှည့်လာလေသည်။ ကျန်းလောင်ရှီးလက်ကိုတော့ မလွှတ်သေး။
"ကျွန်တော် ကျန်းလောင်ရှီး ကော်ဖီ အပြင်းစားတွေနဲ့ မတည့်တာကို မသိလို့ ဇွတ်တိုက်မိသွားတာ"
"ကိုကိုး သူက ဘယ်သူလဲ"
"သူကလား ကိုကိုးရုံးမှာ ခဏလာကူတဲ့ graphic designer လေ ကုန်းကျွင့်တဲ့"
"ဪ.... နာမည်နဲ့ လူနဲ့ လိုက်သားပဲ "
("ကျွင့်"ဆိုတာ smart, handsome ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်)
"အင်း ဟုတ်တယ်နော်။ ကုန်းကျွင့် မိတ်ဆက်လိုက်ပါဦး ဒါက ကိုယ့်ရဲ့ တစ်ဦးတည်းသော ညီမလေး ကျန်းချွိမ်းချင်တဲ့"
"ဟုတ်...ဗျာ အဲ အဲ ညီမ??"
"အင်းလေ ဘာဖြစ်လို့လဲ"
ကုန်းကျွင့်မှာ ကျန်းလောင်ရှီးအမေးကို မဖြေနိုင်ဘဲ မဆီမဆိုင် အသဲကွဲသယောင်ယောင် ဖြစ်သွားသော ကိုယ့်အဖြစ်ကို ရယ်ချင်သွားမိသည်။ ညီမဖြစ်ကြောင်းလဲ သိရော ကုန်းကျွင့်မျက်နှာကြီးမှာ တားမရဆီးမရ မှိုရသည့် မျက်နှာပေးနှင့် ပြုံးဖြီးဖြီး ဖြစ်နေသည်မှာလဲ ဖုံးမရ။
"ကုန်းကျွင့်!!"
"ဪ အဟဲ ဘာမှမဖြစ်ပါဘူး သိပ်လှတဲ့နာမည်လေးကို ပိုင်ဆိုင်ထားတာပဲ"
(ချွိမ်းချင်ဆိုတာ နွေဦးရာသီရဲ့ နေသာတဲ့ရက်လို့ ပြောတာပါ)
"လူရော မလှဘူးလား"
"အာ လှ လှပါတယ်"
မျက်လုံးတချက်ပင့်ကာ မေးလိုက်သည့် ကျန်းလောင်ရှီးကြောင့် ကုန်းကျွင့် အမြန်ပင် ဖြေလိုက်သည်။
ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရမ်းရမ်းပြီး ဖြေလိုက်တာကြောင့် စကားသံတို့ပင် ထစ်အကုန်၏။
ကျန်းချွိမ်းချင်ကတော့ သူ့ကို လှတယ် ပြောဖို့အရေး နားရွက်များပင် နီကာ အရှက်ပိုနေသော ကောင်ချောလေးကို သေချာအကဲခတ်နေသည်။ ချောတာတော့ အတော့်ကို ချောတာပင်။
ကျန်းချွိမ်းချင်ဆိုတာ အကိုမျက်နှာ တကမ္ဘာလို့ သတ်မှတ်ထားသူ။ သူ့အကိုလောက် ချောတဲ့လူ ထပ်မရှိတော့ဘူးဟု အမြဲကြွေးကြော်နေတတ်သူ။
အခုတော့ သူ့မျက်စိရှေ့က ကောင်လေးမှာ အကိုထက် မလွန်ရင်တောင် အကိုလောက်နီးနီး ချောတာကို လက်ခံရတော့မလိုပင်။
ကုန်းကျွင့်ဆိုသော ထိုကောင်လေးမှာ ယောကျ်ားဆန်ဆန် ချောတာမျိုး ဖြစ်ပြီး သူမအကိုကတော့ မိန်းမချော ချောနေတာ ဖြစ်သည်။
"ချင်ချင်း ပြောတော့ ဒီတခေါက် ခရီးက 3 လလောက် အနည်းဆုံးကြာမှာဆို?? ခု 2 လတောင် မပြည့်သေးဘူး ပြန်လာရပြီလား"
"အင်းလေ အခုက ဘယ်သူကြောင့် ပြန်လာရတာလဲ "
"ဒီက ဘာမှ မဖြစ်တာကို"
"မဖြစ်လို့ ဆေးရုံ တန်းရောက်လာတာလား။ သူများကို ငြင်းရမှာ အားနာပြီး မတည့်တဲ့ ကော်ဖီတွေ သောက်ပြီးတော့လေ။ ကိုကိုးနော် ရှောင်ဟွမ်ကော မပြောရင် ဒီက သိရမှာတောင် မဟုတ်ဘူး"
"အာ ဒီရှောင်ဟွမ်ဆိုတဲ့ကောင်... သူမျက်နှာရချင်တိုင်း..."
"ကဲ တော်ပါ ပြီးမှ ဆက်ပြောစို့ ချင်ချင်း ရုံးသွားရဦးမယ် ကိုကိုးကို တွေ့ချင်လို့ လေယာဉ်ကွင်းကနေ တန်းလာခဲ့တာ"
"အင်း..."
ကုန်းကျွင့် ရှေ့က မောင်နှမ နှစ်ယောက်ကို ကြည့်ပြီး အလိုလို ပြုံးမိနေသည်။ တဦးတည်းသောသား ဖြစ်တာကြောင့် ညီ၊ ညီမတွေ ရှိချင်တာ သူ့ရဲ့အိပ်မက်တခု။ အကိုကြီး တယောက်အနေနှင့် ကိုယ့်ထက်အငယ်တွေကို အလိုလိုက် ချစ်ပေးရတဲ့ ဘဝမျိုးကို သူသိပ်မက်မောသည်။
ဒါကြောင့်လဲ ဖန့်ကျင်ဝေကို ကလေးတယောက်လို အလိုလိုက်ပေးနေခြင်း ဖြစ်ပေသည်။
"ဒါနဲ့ ဒီက အကို ကုန်းကျွင့်!!"
"ဗျာ ပြောလေ ကျန်းညီမလေး"
"ဘယ်လိုတွေတောင် ယဉ်ကျေးနေတာလား။ ချင်ချင်းလို့ ခေါ်ရင် ရပါပြီ"
"အာ ဟုတ်"
"အကူအညီတခုလောက် တောင်းလို့ရမလား"
"ပြောပါ ရပါတယ်"
"ကိုကိုးကို အိမ်ပြန်ပို့ပေးလို့ ရမလား။ ချင်ချင်း ကိစ္စလေး ရှိသေးလို့"
"အာ ဒါက မဟုတ်လဲ ကျွန်တော်ပို့ပေးမလို့ပါပဲ"
"ဒါဆိုအတော်ပဲ ဖြစ်သွားတာပေါ့။ ကိုကိုး ချင်ချင်းသွားပြီ ဟန်ရင်းကို ကားမောင်းဖို့ ထားခဲ့ပေးမယ်"
"ဟမ် ချင်ချင်း ရုံးသွားတော့ရော??"
"တက္ကစီငှားသွားမယ်လေ"
"ဟို ကျွန်တော့်မှာ ကားပါပါတယ်။ ချင်ချင်း သွားစရာ ရှိတာ စိတ်ချလက်ချသွားပါ"
"အဲ့ဒါဆို ပြီးရော ချင်ချင်း စိတ်ချမယ် အိမ်ကိုပဲ တန်းပြန်ကြနော်"
မောင်နှမ နှစ်ယောက် ကားကို နင်ယူငါယူ လုပ်နေသည့်ကိစ္စက ကုန်းကျွင့် ဝင်ဖြေရှင်းမှပင် ပြီးသွားလေသည်။ ချင်ချင်းက စိတ်မချနိုင်စွာ ဂရုစိုက်ပြီး အိမ်ပြန်ပို့ဖို့ အတန်တန် မှာနေသေးသည်။ မသိရင် အမကြီးတယောက်က မောင်ငယ်လေးတယောက်ကို စိတ်ပူနေသည့်အလား။
"ကဲ ကျန်းချွိမ်းချင် နင် ဒီတသက် မှာတမ်းခြွေလို့ ပြီးမှာလား။ နင်က ညီမလား ငါက ညီမလား။ တကတည်း မသိရင် ငါက မြီးကောင်ပေါက် ကလေးမလေး ကျနေတာပဲ"
သည်းမခံနိုင်သည့်အဆုံး ကျန်းကျယ်ဟန့် ခပ်ဆတ်ဆတ်ပင် ပြောချလိုက်သည်။
ဟုတ်တယ်လေ။ သူကတောင် အကို ဖြစ်ပြီး ညီမလုပ်သူကို အဲ့လောက်မပူဘူး။ ညီမလုပ်သူက ဒီယောကျ်ားရင့်မာကြီးကို ဘယ်သူက ခိုးပြေးတော့မယ့်အတိုင်း စိတ်ပူနေတာ။
မသိရင် သူကပဲ အိမ်က မသိအောင် ရည်းစားနဲ့ ခိုးတွေ့နေတာကျလို့။
"ဟွန့် မြီးကောင်ပေါက် ကလေးမကမှ နည်းနည်းစိတ်ချရဦးမယ်။ ကိုကိုးက သူများ ကားတင်ပြေးရင်တောင် အားနာပါးနာ လိုက်သွားမယ့်အမျိုး.."
"ငါ တယ်..... တီးထည့်လိုက်ရ၊ ဒါ အကိုကို ပြောရမယ့်စကားလား"
"သွားပြီ သွားပြီ ဘိုင့်ဘိုင်"
ကျန်းကျယ်ဟန့် လက်ရွယ်လိုက်မှပင် ချင်ချင်း ပါးစပ်ပိတ်ကာ ပြေးထွက်သွားလေသည်။
ပြေးထွက်သွားသော ညီမဖြစ်သူကို ကြည့်ပြီး ကျယ်ဟန့်တယောက် ခေါင်းကို တွင်တွင်ခါမိသည်။
*ဘုရားစူး...။ ငါ့မှာ ငါထိန်းလို့ ကြီးလာတဲ့ ညီမတယောက်ရှိနေတာပဲ။*
အငယ်ဖြစ်နေတာတောင် သူ့ကို တခါတလေ ကလေးတယောက်လို အရိပ်တကြည့်ကြည့် လိုက်ကြည့်နေတတ်သည့် ညီမဖြစ်သူကြောင့် ကျန်းကျယ်ဟန့်မှာ အခုချိန်ထိ ရည်းစားပင် ထပ်မထားဖြစ်ပေ။
အမတယောက်ဆိုရင်တော့ မတွေးဝံ့စရာ။
ကုန်းကျွင့်ကတော့ အစောပိုင်းက မတရားတွေ ချစ်ပြနေပြီး နောက်ပိုင်း မထော်မနန်းတွေ ပြောကာ အနိုင်ပိုင်းနေကြသည့် ခပ်တည်တည် ခပ်အေးအေး အကိုရယ်၊
ခပ်သွက်သွက် ခပ်မိုက်မိုက် ညီမရယ်ကို ကြည့်ပြီး တွေးလိုက်မိသည်။
*တကယ် လိုက်လဲ လိုက်တဲ့ မောင်နှမတွေ....." ဟူ၍.....။
🍀🍀အားပေးမှုကို ကျေးဇူးတင်ပါသည်။
ဆက်လက်ကြိုစားပါဦးမည်။ 🍀🍀
မာယာများတဲ့ လောကကြီးထဲမှာ TT တို့ အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အနိုင်ယူကြရအောင်။ ဝမ်းနည်းစရာတွေ တွေးလို့ဝရင် မေ့ပစ်လိုက်။ ကိုယ်တိုင်ဆေးခြယ်ရမယ့် ဘဝကို ပျော်စရာတွေနဲ့ပဲ မွန်းမံကြတာပေါ့။
Stay strong, stay happy, stay healthy and think positive. We will win at the end 💪💪