မှောင်မဲပီးတိတ်ဆိတ်နေတဲ့အခန်းထဲမှာသီချင်းသံကိုယဲ့ယဲ့လေးကြားနေရတယ်။သီချင်းစာသားကအမှောင်ထဲရှိနေတဲ့လင်းရောင်စဉ်ကိုပိုပြီးဝမ်းနည်းအောင်ဖန်တီးပေးနေတယ်။
" တစ်ယောက်ထဲအခန်းထဲမှာ
မှောင်မိုက်လွန်းတဲ့ညတွေမှာ
နင့်ရဲ့အကြောင်းတွေနင့်
သူငယ်ချင်းအသိုင်းအဝိုင်း
အကြောင်းလေးတွေကိုလိုက်
ကြည့်မိတယ်။
ဘယ်သူကရောအထီးကျန်တာကို
ကြိုက်မှာလဲ
သူများတွေမသိနိုင်အောင်သာနေ
နေရတာ
နောက်ဆုံးနွေးထွေးမှုနည်းနည်း
လေးကိုတောင်မှ
နင်အစိတ်စိတ်အမွှာမွှာဖြစ်
အောင်လုပ်ပစ်လိုက်တယ်လေ
အထီးကျန်နေတဲ့လူတစ်
ယောက်ရဲ့ညတွေမှာ
မီးရောင်တွေရှိတာကို
အကြောက်ဆုံးဘဲ
နင်ကအဲ့မီးရောင်ကိုမှိတ်ပစ်
လိုက်တော့
စိတ်ထဲတော်တော်ဝမ်းနည်း
မိတယ်။
မျက်ရည်ကျနေတဲ့နင့်မျက်
ဝန်းတွေ
ထွက်ခွာသွားတဲ့သူ့ရဲ့ပုံစံတွေ
နက်နက်ရှိုင်းရှိုင်းနာကျင်ခံစား
နေရတဲ့နှလုံးသားလေးကို
ကြံ့ကြံ့ခံနိုင်ဖို့ကိုယ့်ဖာသာ
ပြောနေရတယ်
ငါဝန်ခံပါတယ်
ငါသိပ်အားငယ်မိတယ်
ဆိုတာ
ငါညအမှောင်တွေကိုအရမ်း
ကြောက်တယ်
အမှောင်ထုထဲရောက်လာ
တော့မဲ့အခါတိုင်း
ငါအမြဲလိုရုပ်ပျက်ဆင်းပျက်
ဖြစ်နေမိတယ်
ငါညလုံးပေါက်မူးအောင်
သောက်ပစ်လိုက်တယ်
ဒါပေမဲ့ငါဘယ်တော့မှနောင်တ
မရဘူး
ကိုယ့်ဘာသာကိုယ်သဘော
ပေါက်အောင်စဉ်းစားတယ်
ဘာကြောင့်ငါမျက်ရည်ကျရ
သလဲဆိုတာကို
ဒီအထီးကျန်လွန်းတဲ့အရသာကို
ငါတစ်ဖြည်းဖြည်းနဲ့ခံစားနား
လည်လာမှာပါ
အချိန်ကာလကငါ့ရင်ထဲကနှင်း
ဆီပန်းနဲ့ဆုံခွင့်ပေးဉီးမှာပါ''
လင်းသီချင်းကိုနားထောင်ပြီးပြုံးမိတယ်။သီချင်းတောင်ငါ့ခံစားချက်ကိုသိနေပြီးဘဲ။
ring...ring....ring....ring
လင်းဖုန်းလာတော့နာမည်ကိုကြည့်မိတော့daddyတဲ့
"Helloလင်းရောင်စဉ်မင်းဘယ်မှာလဲ''
"ဆေးရုံကိုမြနိမြန်လာမင်းကိုမင်းအမလိုနေပြီး''
Daddyကပြောချင်တာကိုပြောပြီးတာနဲ့ဖုန်းချသွားတယ်။လင်းတွေးမိပြီးရီမိတယ်။
"ဟားဟားးး"
မမကိုတော်တော်စိတ်ပူကြနေကြတယ်။လင်းနည်းနည်းလေးဘဲဖြစ်ဖြစ်မမကိုဂရုစိုက်တဲ့ထဲကနည်းနည်းလောက်ဘဲဖြစ်ဖြစ်လိုချင်တယ်။တကယ်ပါလင်းလည်းအချစ်ခံချင်တယ်။လင်းအချိန်တော်ကြာထိုင်နေပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
"ဟုတ်တယ်မမကိုကယ်ရမယ်။နောက်ဆုံးလူတစ်ယောက်ဘဲအသက်ရှင်ရမယ်ဆိုရင်အဲ့လူကမမဘဲဖစ်ရမယ်။''
လင်းထနေရာနေရုတ်တရက်ထလိုက်တော့မူးသွားတယ်။လင်းအားယူပြီးအရှေ့ကိုကြည့်လိုက်တော့အရာအားလုံးကထပ်နေတယ်။လင်းအခုတလောမျက်လုံးကအောက်ပြီးနာနေတယ်။လင်းခေါင်းကိုတစ်ချက်ခါလိုက်ပြီးလဲမဲ့အကျီ်တွေယူလိုက်ကာအပြင်ကုတ်ဝတ်ပြီးအိမ်ကနေထွက်လာခဲ့လိုက်တယ်။လင်းဆေးရုံရောက်တော့ကိုကိုကိုအရင်ဆုံးတွေ့လိုက်ရတော့ကိုကို့အနားသွားလိုက်တော့ကိုကိုကနေပြီးတော့လင်းကိုပြောလာခဲ့တယ်။
"ကိုကို''
"အော်ငါကမင်းအမကိုမကယ်ချင်လို့ထွက်သွားပြီးထင်နေတာ''
လင်းကိုကို့မျက်နှာကိုမယုံနိုင်စွာကြည့်မိတယ်။
"ကိုကိုကလင်းကဘယ်လိုလူထင်နေတာလဲ''
"မင်းကိုမင်းသိမှာပေါ့။ငါတစ်ခုဘဲပြောမယ်မင်းထက်ကိုရအောင်ကယ်ပါ။သူတစ်ခုခုဖြစ်ရင်ငါမင်းကိုသတ်မှာမလို့''
"ဟင်းးဟင်းးစိတ်ချပါ။ကိုကိုချစ်တဲ့သူကိုလုံးဝမထိခိုက်စေရဘူး။''
"မင်းပြောတဲ့အတိုင်းဖြစ်နေပါစေ''
ကိုကိုကလင်းကိုပြောပြီးတာနဲ့မမအခန်းထဲဝင်သွားခဲ့တယ်။နောက်ဆုံးအချိန်ထိကိုကိုကလင်းကိုသံယောဇဉ်လေးတောင်မရှိခဲ့ဘူးဘဲ။
"ဟိုDoctorကပြောစရာရှိလို့တဲ့''
"ဟုတ်ကဲ့ကျွန်တော်သွားလိုက်ပါ့မယ်''
ဟိုရောက်တော့Doctorကနေပြီးတော့
"လင်းသားနေမကောင်းဘူးလား။မျက်နှာကဖြူလျော့နေရောဘဲ။မင်းအဲ့လိုဖြစ်နေတော့ဆေးအရင်စစ်လိုက်ပါ''
"ကျွန်တော်နေကောင်းပါတယ်doctor''
"ဘာဖြစ်တာလဲလင်း''
လင်းdoctorနဲ့စကားပြောရင်းမျက်လုံးကအရမ်းကိုက်နေတော့ကြမ်းပြင်ပေါ်ကိုထိုင်ချလိုက်တယ်။
"လင်းလာလာမျက်လုံးဘာဖြစ်လ်ို့လဲ။ပြကြည့်။လာကုတင်ပေါ်တက်ခဲ့လ်ိုက်''
"ဟုတ်ကဲ့doctor''
Doctorကလင်းရဲ့မျက်လုံးတွေကိုစစ်နေတယ်။
"ဟငိးးးဆရာသားရဲ့မျက်လုံးကိုလည်းစစ်ချင်တယ်။ဆရာနောက်လိုက်ခဲ့ပါ။ဆရာမင်းဒီခွဲစိတ်မှုအတွက်နောက်ဆုံးအနေနဲ့မင်းကိုဆရာစစ်ဆေးချင်တယ်။''
"ဟုတ်ကဲ့ပါ။''
သီချင်းနာမည်လေးက孤芳自赏ပါ။တကယ်နားထောင်လို့ကောင်းပါတယ်။