ကိုကို့အား အပိုင်သိမ်းမည့် (...

By HninYhine

1M 59.6K 599

Title~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကေ... More

intro (Unicode)
ep-1 (Unicode)
ep-2 (Unicode)
ep-3 (Unicode)
ep-4( Unicode)
ep-5 ( Unicode)
ep-6 (Unicode)
ep-7 ( Unicode)
ep-8 ( Unicode )
ep-9 ( Unicode )
ep-10 ( Unicode )
ep-11( Unicode )
ep-12 ( Unicode )
ep-13 (Unicode)
ep-14 ( Unicode)
ep-15 ( Unicode)
ep- 16 ( Unicode)
ep- 17 ( Unicode)
ep - 18 ( Unicode)
ep - 19 ( Unicode)
ep - 20 ( Unicode)
ep - 21 ( Unicode)
ep - 22 ( Unicode)
ep - 23 ( Unicode)
ep - 24 ( 1 ) (Unicode)
ep - 24 ( 2 )( Unicode)
ep - 25 ( Unicode )
ep - 26 ( Unicode ) 🚨
ep - 27 ( Unicode )
ep - 28 ( Unicode )
ep - 29 ( Unicode )
ep - 30 ( Unicode )
ep - 32 ( Unicode )
ep - 33 ( Unicode )
ep - 34 ( Unicode )
ep - 35 ( Unicode ) 🚨🚨
ep - 36 ( Unicode )
ep - 37 ( Unicode )
ep - 38 ( Unicode )
ep - 39 ( Unicode )
ep - 40 ( Unicode )
ep - 41 ( Unicode )
ep - 42 ( Unicode )
ep - 43 ( Unicode )
ep - 44 ( Unicode )
ep - 45 ( Unicode )
ep - 46 ( Unicode )
ep - 47 ( Unicode )
ep - 48 ( Unicode )
ep - 49 ( Unicode )
ep - 50 ( Unicode )
ep - 51 ( Unicode )
ep - 52 ( Unicode )
ep - 53 ( Unicode )
ep - 54 ( Unicode )
ep - 55 ( Unicode ) [ Final ]
yellow rabbit's family part 1
Yellow rabbit's family part 2
Yellow rabbit's family part 3
💖 Thank for reading
Birthday Special Extra
For ThiDinKyut Extra🎉

ep - 31 ( Unicode )

10.2K 825 9
By HninYhine


Ep - 31

ယခုအချိန်မှာတော့ သူတို့နှစ်ဦးလုံးဟာ ဧည့်ခန်းဆိုဖာခုံ၏ တစ်ဖက်တစ်ချက်စီမှာ မလှုပ်မယှက်ထိုင်နေကြသည်။ စားပွဲပေါ်မှအသီးပန်းကန်ထဲမှာလည်း အခွံခွာထားပြီးသော လိမ္မော်သီးနှင့် ပန်းသီးစိတ်ကလေးများက စီရီစွာရှိနေ၏ ။ စောစောကတင် အသံကျယ်ကျယ်နှင့်မြင်ကွင်းမဖွယ်မရာတို့ထွက်ပေါ်လာသည့် TV ဖန်သားပြင်ဟာလည်း အခုတော့မူ မည်းနက်လို့နေသည်။ ထိုအဖြစ်အပျက်၏အကျိုးဆက်ကတော့ ချစ်သူနှစ်ဦးလုံးမျက်နှာကို ဆေးဖြန်းထားသည့်အတိုင်း အနီရောင်ငွေ့ငွေ့သန်းစေခဲ့၏။

" ကိုကို့...."

တုန်တုန်ယင်ယင်ဖြင့်ထွက်လာသည့်အသံတိုးတိုးလေးကြောင့် နွေဘုန်းခတစ်ယောက် စားပွဲကိုငေးနေရာမှ ဘေးသို့ခေါင်းစောင်းကြည့်လိုက်သည်။ထိုအခါ ပါးနီနီလေးနှစ်ဖက်နှင့်ချစ်စရာကောင်းနေသည့်သားသားက သူ့ကိုရှက်စနိုးဖြင့်ရယ်ပြလာလေရဲ့။

" ဟီး....ဟို သားတောင်းပန်ပါတယ်။ "

ထိုစကားကြောင့် သူနားမလည်နိုင်ဖြစ်သွားရသည်။တကယ်ဆို ဒါဟာ တောင်းပန်စရာမှမဟုတ်ဘဲ။

" သား ကိုကို့စကားကိုနားထောင်ခဲ့ရမှာကို ။ သားမှားတာပါ ။ အဲ့ကောင်ရဲ့စကားကိုယုံမိတာ။ တွေ့မယ် မြင့်မိုရ်ရိပ် ။ ငါ့ကိုဂျင်းထည့်တဲ့ကောင် ။ "

သူ့ကိုပြောနေရင်း ခေါင်းလေးငုံ့သွားပြီး သူ့သူငယ်ချင်းကို ဒေါသထွက်နေသည့်သားသားပုံစံက တကယ်ကိုရယ်ချင်စရာပင် ။ သို့သော် သားသားတကယ်ရှက်နေသည်မို့ သူမရယ်ခဲ့။
ချွဲတဲ့နေရာမှာ ဆရာကျသလောက် ဒီလိုနေရာမျိုးတွေမှာတော့ သားသားဟာ တကယ့်ကိုအရိုင်းတုံးကလေးပင်။ ဒါဟာ အတွေ့အကြုံနှင့်ဆိုင်မလားတော့မသိ ။ သူသိသလောက်တော့ သားသားရဲ့သွေးသားလိုအင်ဆန္ဒက သာမန်ယောက်ျားလေးများထက်ပင် ပိုနည်းလောက်မည်။ဒါကလည်း သူ့အထင်သက်သက်သာ။ တကယ်ဟုတ် ၊ မဟုတ်တော့ သားသားကိုယ်တိုင်သာသိလိမ့်မည်။

ယခုလည်း နားရွက်ဖျားကလေးများနီရဲနေသည်အထိရှက်နေပုံက pornကားကို အခုမှစကြည့်ဖူးတဲ့သူလိုပင်။ သူ့အနားပင် မလာတော့။ ဟုတ်တော့လည်း ဟုတ်သည်။ သူတို့တစ်ခဏလေးကြည့်လိုက်မိသည့် pornကားက ရိုးရိုးကားမှမဟုတ်ဘဲ ။ အင်း....ယောက်ျားလေးနှစ်ယောက်၏ sex လုပ်ပုံကိုမှ တိတိကျကျရှင်းရှင်းလင်းလင်းရိုက်ကူးထားသည့် gay porn ကား။

တောက်! သူငယ်ချင်းဆိုတဲ့ကောင်ကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့များ ပေးလိုက်သည်မသိ။
သူ ထိုသို့တွေးမိတော့ ရင်တစ်ခုလုံးပူလောင်လာပြန်သည်။မဟုတ်မှ ။ အဲ့ဒီ့ကောင်လေးက သားသားရဲ့အကြောင်းကို သိနေလို့များလား?

" သားသား ။ အဲ့ဒီ့ကောင်လေးက ဘယ်လိုလူမျိုးလဲ? "

" ဟင် ။ ဘာကိုလဲ ကိုကို ။ "

မျက်လုံးလေးပင့်ကြည့်လာပြီး အူကြောင်ကြောင်မျက်နှာပေးနဲ့ပြန်မေးလာတော့ သူသက်ပြင်းသာချလိုက်မိပြန်သည်။ သူတစ်ပါးအကြောင်းကို သူဘာလို့စပ်စုနေမိပါလိမ့်။

" ဘာမှမဟုတ်တော့ပါဘူး ။ သားသားအပေါ် သူရိုးမှရိုးပါ့မလားလို့ ကိုကိုတွေးမိလို့ပါ။ "

" ဟာ...ကိုကို အဲ့ဒါတော့ စိတ်မပူနဲ့ ။ ​မြင့်မိုရ်ရိပ်က သားထက်စီနီယာကျတယ်ဗျ ။ သူ့မှာ ၄ နှစ်တောင်တွဲလာတဲ့ ဘဲကြီးရှိတယ်။ ပြီးတော့ အဲဘဲကြီးကလည်း သားတို့ကျောင်းကပဲ။ သားနဲ့ နှစ်ခါတောင်တွေ့ဖူးတယ်လေ ။ "

သူ့ကို စိတ်ပူမှာစိုးပြီး ရယ်ရယ်ပြုံးပြုံးရှင်းပြနေသည့်သားသား၏စကားလုံးများနောက်မှာ သူ့ရဲ့ရင်နာမှုတွေဟာ ပြာမှုန့်တွေလိုလေထဲဝဲသွားတော့သည်။
သြော်....

" ကိုကိုတို့အကြောင်းကိုရော အဲဲ့ဒီ့ကောင်လေးသိသလား? "

" တစ်ကျောင်းလုံးသိတယ် ကိုကို "

အားတက်သရောပြောလာသည့်သားသားကြောင့် သူ့မှာ ဘာမှပင်ပြန်မပြောနိုင်အောင် နင်သွားရသည်။

ကောင်းပါ့။ တစ်ကျောင်းလုံးသိမှတော့ သားသားဘာဆိုတာ လူတိုင်းသိပြီပေါ့။အဲ့တော့ ဒီလိုဇာတ်ကားကိုလင်းလိုက်တာ သူငယ်ချင်းကောင်လေးအမှားရယ်လို့ ဘယ်ပြောလို့ရမလဲ?
ဟူး....ခက်တယ် ။ ခက်တယ် ။ ဒီအူတူတူကောင်လေးနဲ့လည်း.......

" ကိုကိုဟိုတစ်ခါ လာကြိုတုန်းက ဘယ်သူတွေဓာတ်ပုံရိုက်ပြီး တင်လိုက်လဲမသိပါဘူး။ mailbox တစ်ခုလုံးပြန့်ပြီး သားတို့အကြောင်းသိသွားကြတာ။ ဒါတောင် သားအတင်းတောင်းပန်ထားလို့ ကိုကို့ပုံကိုဝါးထားတာ။ မဟုတ်ရင် ကိုကို့အလုပ်မှာထိခိုက်မှုတွေရှိလာမှာစိုးလို့လေ။ "

ထိုသို့ပြောလာတော့လည်း သူစိတ်မကောင်းဖြစ်မိသည်။ သားသားဟာ သူ့အတွက်ဆိုအမြဲတွေးပေးတဲ့ကလေးလေး။

" လာပါဦး ကိုကို့ပေါက်စီလုံးလေးရဲ့ ။ ဖက်ထားချင်လို့ ။ "

သူ လက်တွေဆန့်ပြီးခေါ်တော့ မကြာပါဘူး သူ့ရင်ခွင်ထဲကို ပစ်ဝင်လာသည့်ကိုယ်လုံးလုံးလေး။ သူ ထိုကိုယ်လုံးနွေးနွေးလေးကို အားရပါးရပွေ့ဖက်ထားလိုက်သည်။ ပြီးနောက် ဆံခွေကောက်လေးများရှိရာဦးခေါင်းလေးကိုလည်း တဖွဖွနမ်းရှိုက်ရင်း။ စောစောကရှက်နေတာတွေလည်း မေ့လို့သွားခဲ့ပြီ။

" ကိုကို့ အဲ့လိုလုပ်ရင် တကယ်နာမှာလားဟင် "

ဆံခွေတွေကြား နှာခေါင်းတိုးဝင်နေသည့်သူ့မှာ ထိုမရှင်းမရှင်းစကားကြောင့် တစ်ခဏတန့်သွားရသည်။
သားသားပြောတာ ဘာအဓိပ္ပါယ်လဲ?

" ဟင်လို့ ။ အဲ့လိုလုပ်ရင် သားကနာမှာပေါ့ ဟုတ်လား? "

သူ ဘာမှပြန်မပြောနိုင်ပါချေ။ သားသားဟာ အခုဘာတွေတွေးနေပြန်သလဲ။သူ တကယ်ပင်နားမလည်ချင်တော့။

" ဘာတွေပြောနေတာလဲ သားသားရဲ့ ။ ကြည့်စမ်း ည၁၀ နာရီတောင်ရှိနေပြီ ။ အိပ်ကြရအောင်လေ။ "

ပွေ့ထားသည့်ကိုယ်လုံးလေးကိုထူပြီးထလိုက်သော်လည်း လေးလေးဖင့်ဖင့်ပါလာသည်ကြောင့် သူပြန်ပြီးငုံ့ကြည့်လိုက်သည်။
အရည်ကြည်များဝေ့သီနေသည့်လခြမ်းကွေးတွေ။ အောက်နှုတ်ခမ်းပါးလေးကိုကိုက်ပြီး ပြန်မော့ကြည့်လာသည်က အားငယ်ဝမ်းနည်းစွာ။
သားသား၏ထိုမျက်နှာလေးကိုမြင်လိုက်ရသည့်ခဏမှာ သူ့ရင်တစ်ခုလုံးဗြောင်းဆန်သွားခဲ့သည်။

" ဘာလို့မျက်ရည်ဝဲတာလဲ ကလေးရဲ့ ။ ကိုကို မင်းဝမ်းနည်းအောင် ဘာများလုပ်လိုက်မိသလဲကွာ။ ပြောပါဦး။"

ပါးလေးတွေကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီးမေးပေမဲ့ သားသားကတော့ သူ့ကိုသာငေးကြည့်လို့နေသည်။စကားလည်း တစ်ခွန်းမှမပြော။

" ကျစ်! ပြောပါကွာ ။ ကိုကို ရင်တွေပူလာပြီ ဖုန်းခရဲ့။ "

ထိုအခါမှ မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ရင်ခွင်ထဲအတင်းတိုးဝင်လာတော့သည်။ သူ့မှာတော့ သားသား၏ငြိမ်နေမှုများကြောင့် ရင်ပူမှုသာပိုပြီးတိုးလာနေဆဲ။

" ဟင့်....ကိုကို့ကို အားနာလို့ ။ "

" ဘယ်လို ။ "

" ဟုတ်တယ်လေ။ သားက ကိုကိုပျော်ရွှင်အောင် ဘာမှလုပ်မပေးနိုင်ဘူး ။ ကိုကိုကသာ သားအပေါ်ဂရုစိုက် အလိုလိုက်နေတာ။ သားကတော့ ကိုကို့ကောင်လေးဖြစ်နေတာတောင် ကိုကို့အပေါ် ကလေးဆန်မိနေတုန်းပဲ ။ အခြားစုံတွဲတွေလိုမျိုး သာယာမှုလည်းမပေးတတ်ဘူး။ အခြားကောင်လေးတွေလို ချစ်သူစိတ်ကျေနပ်အောင်လုပ်ပေးသလိုမျိုးလည်း သားမလုပ်ပေးတတ်ဘူး။ သားကအရမ်းစိတ်ပျက်စရာကောင်းနေတယ်မလား ကိုကို။ ဟင်..သားက ကိုကို့ကောင်လေးမဖြစ်ထိုက်ဘူးမလား ။ သားက ဘာမှအသုံးမကျဘူးလေ။ "

သူ့ရင်ခွင်ထဲကနေမထွက်ဘဲ စကားတွေချည့်လှိမ့်ပြောနေသည့်ပေါက်စီလုံးအား သူကိုင်ပေါက်ချင်လာပြီ။ ဒါ့ကြောင့်နဲ့ ဝမ်းနည်းသတဲ့လား။ မင်းက တော်တော်လေးကိုမဟုတ်ဘူး! အများကြီးကိုဆိုးပါတယ် သားသား!

" သားသား ကိုကို့ကိုကြည့်စမ်း ။ "

" ဟင့်အင် "

" မရဘူး ။ ကိုကို့ကိုကြည့်! ဒီည အဲ့ကိစ္စကို အပြီးဖြတ်မှရမယ်။ "

အတင်းကုပ်တွယ်ဖက်ထားသည့်သားသားကို
သူ့ရင်ခွင်ထဲကနေအတင်းဆွဲထုတ်ပြီး မျက်နှာချင်းဆိုင်လိုက်ကာ အကြည့်တွေကိုဆုံစေလိုက်သည်။

" မျက်လွှာချမထားနဲ့ ။ ကိုကို့မျက်လုံးတွေကိုသေချာကြည့် သားသား ။ "

သူ့အပြောကြောင့် သားသားဟာမငြင်းဆန်တော့ဘဲ သူ့ကိုအသေအချာစိုက်ကြည့်လို့လာသည်။လခြမ်းကွေးလေးများကတော့ အခုထိမျက်ရည်အိုင်ဆဲ။

" ပြော ။ မင်းရဲ့မျက်လုံးထဲမှာ ကိုကို့ကိုဘယ်လိုမြင်လဲ ။ "

" ဟင့်အင်...သားမပြောတတ်ဘူး။ "

" ဟုတ်ပြီ ။ အဲ့ဒါဆို ကိုကိုမေးမယ်။ ကိုကို မင်းကို အရမ်းချစ်တယ်ဆိုတာကို ယုံလား။ "

" ဟုတ် ။ ယုံတယ် ။ "

ခေါင်းလေးညိတ်ပြီး သူယုံကြောင်းကိုပြောလာသည့် အဆိုးကလေး။

" ယုံတယ်ဆို ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဝမ်းနည်းရအောင်လုပ်လဲ ကလေးရဲ့။ ကိုကိုက မင်းကိုချစ်တယ်။ မင်းက ကိုကို့ကိုချစ်တယ်။ ဒါဆိုပြီးပြီလေ။ ဘာလို့ ဘာမဟုတ်တဲ့အကြောင်းအရာတွေနဲ့ ကိုကို့ကိုအားနာနေရတာလဲ ။ မလိုဘူး သားသားရဲ့။ ကိုကို့ကို အခုလိုကိစ္စတွေနဲ့ပတ်သတ်ပြီး အားနာစရာမလိုပါဘူး။ ကိုကိုချစ်တာ မင်းကိုလေ ။မင်းပေးတဲ့သာယာမှုတွေ ၊ မင်းနာကျင်မှရလာမယ့် ကိုယ့်အတွက်စိတ်ကျေနပ်မှုတွေ ကိုမှ ချစ်တာမဟုတ်ဘဲ။ ကိုယ့်အတွက်က မင်းကိုဒီအတိုင်းလေးထွေးဖက်ထားရရင်ပဲ ကျေနပ်ပါပြီ။ "

" ဒါပေမဲ့ လူတိုင်းမှာ သွေးသားဆန္ဒလိုအပ်ချက်ဆိုတာ ရှိတာပဲမဟုတ်လား ကိုကို။ သားသူငယ်ချင်းအတွဲဆိုရင် ခဏခဏ အတူတူနေကြတယ်တဲ့။ "

အခုထိ သူပြောသည်ကိုနားမလည်သေးသည့်သားသားကြောင့် အသည်းယားစွာဖြင့် နဖူးပြင်လေးကို ဖွဖွတောက်လိုက်မိသည်။

" အရူးလေး ။ သူတို့က သူတို့ ။ ကိုယ်တို့က ကိုယ်တို့ပဲလေ ။ ဘာလို့ လိုက်ပြီးနှိုင်းယှဥ်နေတာလဲ။ "

" နှိုင်းယှဥ်တာမဟုတ်ပါဘူး ကိုကိုရဲ့ ။ သူနဲ့သားနဲ့ အသက်အတူတူတောင်မှ သူကကျ အဲ့တာလုပ်လို့ရတယ်။ သားကျတော့ "

" ထပ်ပြီး တော်တော့ ။ သားသားက သားသားပဲ။ သူများနဲ့လိုက်မယှဥ်နဲ့ ။ ပြီးတော့ ကိုကိုက သူတို့ရဲ့ဘဲကြီးတွေလိုမဟုတ်ဘူး ။ သားသားကို ပိစိလေးကတည်းက ကိုကိုကိုယ်တိုင်အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့ရတဲ့သူ ။ ကိုကို မင်းကို အသန့်စင်ဆုံးအချစ်နဲ့ အချိန်တွေအကြာကြီး ချစ်သွားချင်သေးတာ ကွ ။ ဘာအရောင်တွေမှ မခြယ်မှုန်းပေးချင်သေးဘူး။ "

သူ့စကားလုံးတိုင်းကို သားသားတစ်ယောက်တော့ အပြည့်အဝနားလည်ပုံမပေါ်သေး။ မျက်လေးထောင့်ကပ် ၊ အောက်နှုတ်ခမ်းလေးဖိကိုက်ပြီး စဥ်းစားနေတုန်းပင်ရှိသေး၏။

" ကဲ နားမလည်သေးရင် နောက်မှကိုကိုပြန်ပြောပြမယ် ။ အခုတော့ နောက်ကျနေပြီမလို့ သွားအိပ်ကြရအောင်နော်။ "

" ဟုတ် ။ "

ထို့နောက် သူတို့နှစ်ဦးလုံး အရင်သူပိုင်သည့်အခန်းလေးထဲသို့ ဝင်လာခဲ့လိုက်သည်။ ဒီညတော့ သူအိပ်ပျော်လိမ့်မည် မထင်။ စပ်စုစိန်လေးသားသားကြောင့် သူ့အတွေးများဟာ ချည်ထွေးတစ်ခုလိုပင် ဖြစ်နေခဲ့လေပြီ။

ဟူး.....
မင်းအရွယ်ရောက်လာလေ ကိုယ်စိတ်မောရလေပါလား သားသားရာ.....
တကယ်ကို မလွယ်ဘူး။

✨✨✨✨✨✨✨✨✨✨✨✨✨✨

TBC..
A / N မှောင်တော့မယ်လို့ ထင်နေကြတာလား😁😁 ဟီး...မှောင်တော့မှောင်မလို့ပဲ ။ ဒါပေမဲ့ မိုးအေးနေလို့ မမှောင်တော့ပါဘူး။...
ဒါနဲ့ အနီ နေ့တိုင်း update တင်ပေးနေတယ်နော့်😊။ သဘောကောင်းချက်ကွာ။😁
31.8.2021

Continue Reading

You'll Also Like

1.5K 98 24
အပြာရောင်နှင်းဆီပန်းဟာ နက်နဲသောအချစ်ကို ကိုယ်စားပြုသည်။ သွဲ့မြူနှောင်း Start Day - 27.4.2023 End Day - 1.4.2024
671K 13.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
978K 30.8K 65
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
124K 11.2K 62
မိုးညနေ ဆုထူးပြည့်စုံ