Zawgyi//
ကုန္းကြၽင့္ အိပ္ရာက ႏိုးလာေတာ့ 9 နာရီေက်ာ္ေနၿပီ။အခ်ိန္ကိုၾကည့္ၿပီး ဝုန္းခနဲ ကုန္း႐ုန္းထကာ က်န္းေလာင္ရီွးဆီ ဖုန္းအရင္ဆက္ဖို့ ျပင္လိုက္သည္။
သူဒီေန႔ အျပင္သြားဖို႔ ခ်ိန္းထားသည္မဟုတ္လား။ ေစာင့္ရတာ မႀကိဳက္သည့္ က်န္းေလာင္ရီွးတေယာက္ေတာ့ စိတ္ဆိုးေနေပေရာ့မည္။
"ဟဲလို ေကာ"
"အင္း ကြၽင့္ကြၽင့္"
"ေကာ ဟို ကြၽန္ေတာ္ အခုခ်က္ခ်င္းလာႀကိဳမယ္ေနာ္ ဟို...."
"ရတယ္ ကြၽင့္ကြၽင့္ ကိုယ္ မင္းဆီလာေနတာ ေရာက္ေတာ့မယ္"
က်န္းက်ယ္ဟန္႔က အခုမွ လာသည့္ပံုႏွင့္ပင္ ေျပာကာ ေကာ္ဖီဆိုင္ကေန ထြက္ခဲ့လိုက္သည္။
May ကလဲ သူတို႔ေတြ႕ျဖစ္သည့္အေၾကာင္း ကုန္းကြၽင့္ကို မေျပာဖို႔ မွာထားသည္ကိုး။
ကုန္းကြၽင့္ကေတာ့ ႐ႈပ္ပြေနသည့္ သူ႕အခန္းအား အသည္းအသန္ ရွင္းကာ လူက အရက္နံ႔ တေထာင္းေထာင္း ျဖစ္ေနသည္မို႔ ေရအျမန္ ဝင္ခ်ဳိးရသည္။
မေန႔ညက ဒယ္ဒီႏွင့္ စကားမ်ားကာ စိတ္ညစ္ညစ္ႏွင့္ အရက္ေတြ ေသာက္ထားျပီး အခု လူက ေခါင္းေတြ ထိုးကိုက္ေနၿပီ။
ကုန္းကြၽင့္ ေရခ်ဳိးၿပီး အဝတ္အစားလဲကာ ထြက္လာေတာ့ ဧည့္ခန္းက ဆိုဖာေပၚမွာ ထိုင္ေစာင့္ေနသည့္ က်န္းက်ယ္ဟန္႔အား ေတြ႕ရေလသည္။
"ဟင္ ေကာ ေရာက္ေနၿပီလား ျမန္လိုက္တာ"
"ကြၽင့္ကြၽင့္"
က်န္းေလာင္ရီွးက သူ႕ကို ျမင္တာနဲ႔ ေျပးဖက္လိုက္တာေၾကာင့္ ကုန္းကြၽင့္ အေနာက္သို႔ပင္ နည္းနည္းယိုင္သြားရသည္။
"ေကာ ဘာျဖစ္တာလဲ"
"မင္းေၾကာင့္ပဲေလ"
"ဟင္??"
"မင္းပဲ ငါ့ကို တပတ္လံုးပစ္ထားၿပီးေတာ့"
"ကြၽန္ေတာ္လဲ မပစ္ထားခ်င္ပါဘူး။ အစည္းအေဝးက အေရးႀကီးေနေတာ့..."
"ကိုယ္ ဗိုက္ဆာတယ္။ တခုခု လုပ္ေကြၽး"
"အမ္ ဒီခ်ိန္ထိ ဘာမွ မစားရေသးဘူးလား"
"ဘာလဲ မင္းက မလုပ္ေကြၽးခ်င္ဘူးလား "
"အဲ့လိုျဖစ္စရာလား တခုခုျပင္ေပးမယ္ ခနဖယ္ဦး"
"မဖယ္ခ်င္ဘူး"
"မဖယ္ရင္ ကြၽန္ေတာ္က ဘယ္လို ခ်က္ရမွာလဲ"
"မသိဘူး"
"ခိုင္းရွင္းေကာ္ (kāi xīn guô)ေလးက လိမၼာပါတယ္ ခဏေလး ဖယ္ဦး ေနာ္"
"အဲ့လိုႀကီး မေခၚပါနဲ႔ဆို "
"အင္း အင္း မေခၚေတာ့ဘူး ခုေတာ့ လႊတ္ေပးပါဦး"
က်န္းက်ယ္ဟန္႔က ကုန္းကြၽင့္ကို လႊတ္ေပးလိုက္ကာ ထမင္းစား စားပြဲမွာ ဝင္ထိုင္လိုက္သည္။ သူဗိုက္ဆာေနၿပီဆိုတာႏွင့္ ဗ်ာမ်ားေနတဲ့ ေကာင္ေလးကို ၾကည့္ၿပီး မနက္က May ေျပာသြားတာေတြကို ေတြးမိျပန္သည္။
*သူဟာ သူ႕ကမ႓ာမွာ အၫႊန္႔တလူလူတက္ေနတဲ့ ေကာင္ငယ္ေလး တစ္ေယာက္ပဲ။ ငါက ဒါကို ဖ်က္ဆီးပစ္လိူ႕ သင့္ပါ့မလား*
ရင္ထဲမွာ စို႔နစ္လာေသာ ခံစားခ်က္ႏွင့္အတူ မ်က္ရည္တို႔ကပါ လည္လာတာေၾကာင့္ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး အာ႐ံုလႊဲသည့္အေနႏွင့္ ကုန္းကြၽင့္ မနက္စာ ျပင္ေပးေနတာကို video ႐ိုက္ထားလိုက္သည္။
"ဟာ ေကာ ဓာတ္ပံု႐ိုက္ေနတာလား"
ဓာတ္ပံု႐ိုက္ေနသည္ထင္ကာ ဟင္းခ်က္ေနရာမွ လက္ႏွစ္ေခ်ာင္းေထာင္ျပကာ ပို႔စ္ေပးေနသည့္ ကုန္းကြၽင့္ကို ၾကည့္ၿပီး
"ဟားဟား ေကာင္ေလးတေယာက္ အညာမိသြားၿပီ ဓာတ္ပံုမဟုတ္ဘူး ဗီဒီယို ႐ိုက္ေနတာ"
"ဟင္ အဲ့ဒါဆို ကြၽန္ေတာ္ အခုေျပာေနတာေတြ အကုန္ပါကုန္ၿပီေပါ့ ျပန္ဖ်က္ေပး"
"မဖ်က္ပါဘူး ႐ိုက္လို႔ေတာင္ မၿပီးေသးဘူး"
"ဟာ ေကာ မ႐ိုက္နဲ႔ေတာ့လို႔"
"မင္းဘာသာ ခ်က္စရာရိွတာ ခ်က္ေလ။ ၿပီးမွာ မင္း ဟင္းခ်က္ေနတဲ့ ပံုက ဘယ္ေလာက္ခန္႔ညားလဲ ၾကည့္ေပါ့"
"အားယိုး ခိုင္းရွင္းေကာ္ေလးေတာင္ စကားေတြႂကြယ္လာၿပီပဲ"
"ေခၚျပန္ၿပီလား"
"ဘာလို႔လဲ ဒီေလာက္ လွတဲ့ နာမည္ေလးကို"
က်န္းက်ယ္ဟန္႔ ဘာမွ မေျပာေတာ့ဘဲ ကုန္းကြၽင့္ ဟင္းခ်က္ေနတာကို ႐ႈေထာင့္ေပါင္းစံုကေန ဗီဒီယို လိုက္႐ိုက္ထားလိုက္သည္။
"ကြၽင့္ကြၽင့္ ကိုယ္တို႔ ဒီေန႔ ဘယ္သြားၾကမွာလဲ"
ကုန္းကြၽင့္ေၾကာ္ေပးတဲ့ ထမင္းေၾကာ္ကို စားေနရင္းမွ က်န္းက်ယ္ဟန္႔က စကားစေမးလိုက္သည္။
ကုန္းကြၽင့္က နာရီကို တစ္ခ်က္ၾကည့္လိုက္ကာ
"ေနာက္မွ သြားၾကတာေပါ့ သြားရမွာက နည္းနည္းေဝးတယ္"
"ေဝးလဲ ဘာျဖစ္လဲ "
"အျပန္ေနာက္က်မယ္ေလ။ ကြၽန္ေတာ္က ညပိုင္းဆို ကားေမာင္းရတာ သိပ္အဆင္မေျပဘူး"
"တကယ္မသြားေတာ့ဘူးလား"
"ေနာက္တပတ္ သြားမယ္ေလ ေနာ္ ကြၽန္ေတာ္က သြားရင္လဲ အဲ့ဒီမွာ ေအးေအးေဆးေဆးေလး ခနေနခ်င္ေသးတာေလ အခုသြားရင္ဆို ခ်က္ခ်င္းျပန္မွ ရမွာ"
"အဲ့ဒါဆို ေျပာစရာ ရိွတယ္ဆိုတာကေရာ?"
"အဲ့ဒါလဲ ေနာက္မွ ေျပာေတာ့မယ္။ ေနာက္တပတ္ ကြၽန္ေတာ္ေခၚသြားမယ့္ ေနရာမွာပဲ ေျပာမယ္"
"ဟင္ ဘာဆိုင္လို႔လဲ"
"ဆိုင္တယ္ေလ။ အဲ့ဒီေနရာေရာက္မွ အဲ့ဒီစကားေတြက အသက္ဝင္မွာမို႔"
"အင္းပါ"
က်န္းက်ယ္ဟန္႔က ဘာမွ ဆက္မေျပာေတာ့ဘဲ ထမင္းပန္းကန္ကို ဇြန္းႏွင့္ စိတ္မပါစြာ ေမႊေႏွာက္ေနမိသည္။
ကုန္းကြၽင့္က က်ယ္ဟန္႔ မ်က္ႏွာ သိပ္မလွသည္ကို သတိထားမိၿပီး
"ဘာလို႔လဲ စားမေကာင္းဘူးလား ေကာ"
"မဟုတ္ပါဘူး ဗိုက္ျပည့္သြားၿပီ"
"ကြၽန္ေတာ့္ကို စိတ္ဆိုးသြားတာလား"
"ကိုယ္က ဘာလို႔ စိတ္ဆိုးရမွာလဲ ေကာင္ေလးရဲ႕"
"တကယ္ေနာ္။ ေကာ ဘယ္သြားခ်င္လဲ ဒီေန႔ေတာ့ ေကာ သြားခ်င္တဲ့ ေနရာေျပာ လိုက္ပို႔ေပးမယ္"
"ကမ႓ာေျမ အဆံုးထိ သြားမယ္ဆိုရင္ေရာ"
"ေကာ ဘယ္သြားသြား ကြၽန္ေတာ္က ေကာရဲ႕အနားမွာ အရိပ္လို လိုက္ေနမွာပဲ"
"ဟားဟား ေတာ္ေတာ္စကားတတ္တဲ့ ေခြးေပါက္ေလး"
"အတည္ေျပာေနတာကို"
"ဟုတ္ပါၿပီ ကမ႓ာေျမအဆံုးထိေတာ့ မသြားေတာ့ပါဘူး။ ညေန ကို္ယ္တို႔ sunset သြားၾကည့္ရေအာင္"
"အင္း သြားမယ္ေလ။ ညေနမွ ဆိုေတာ့ ေန႔လည္ အခ်ိန္ရေသးတယ္။ ဘယ္သြားခ်င္ေသးလဲ"
"အင္း.....ကိုယ္တို႔ တိရစၧာန္႐ံု အတူမသြားဖူးေသးဘူး"
"အဲ့ဒါဆို ကြၽန္ေတာ္တို႔ တိရစၧာန္႐ံု သြားရေအာင္။ မသြားခင္ ေရွာင္အိုက္ကို ခဏဝင္ၾကည့္မယ္"
"ဪ မင္း ေရွာင္အိုက္ကို သတိေတာ့ ရေသးသားပဲ"
"အာ ေကာကလဲ ကြၽန္ေတာ္ မေမ့ပါဘူး"
"ေျပာတာပဲ"
"စားၿပီးရင္ သြားရေအာင္ ေရွာင္အိုက္ ဘယ္ေလာက္ႀကီးလာၿပီလဲ ၾကည့္ရမယ္"
"အင္း"
(ေရွာင္အိုက္ဆိုတာ သူတို႔ႏွစ္ေယာက္အတူစိုက္ထားတဲ့ Bleeding heart အပင္ေလးကို ေပးထားတဲ့ နာမည္ပါတဲ့ 😑😑)
Bleeding heart အပင္ေလးကို ၿခံထဲအိမ္မွာပဲ ထားထားတာ ျဖစ္သည္။ ဦးေလးခ်ဴက အပင္ေတြ အေၾကာင္းနားလည္ေတာ့ စိတ္ခ် လက္ခ် ထားလို႔ရတယ္မဟုတ္လား။
ကုန္းကြၽင့္ bleeding heart အပင္ကို ၾကည့္ေနတုန္း က်န္းက်ယ္ဟန္႔က ဂစ္တာဝင္ယူသည္။
တေလာက ဂစ္တာႀကိဳးျပတ္ထားတာေၾကာင့္ တခါတည္း ႀကိဳးျပန္တပ္ရန္ျဖစ္သည္။
ၿခံထဲမွာ ခဏသာေနၿပီး ႏွစ္ေယာက္သား တိရစၧာန္႐ံုသို႔ ထြက္ခဲ့ၾကသည္။
ကေလးသဖြယ္ အေကာင္ငယ္ေလးေတြကို လက္ညိႇဳးတထိုးထိုးႏွင့္ အေပ်ာ္ႀကီး ေပ်ာ္ေနသည့္ က်န္းေလာင္ရီွးကို ၾကည့္ၿပီး ကုန္းကြၽင့္ဆီသို႔ပါ အေပ်ာ္မ်ား ကူးစက္လာ၏။
ဒီၾကယ္တာယာေလးဟာ ကုန္းကြၽင့္အတြက္ေတာ့ မ်က္ႏွာျမင္ ေအးခ်မ္းပါေစ ဆုေတာင္းႏွင့္ ျဖစ္လာေသာ လူသားေလး။
"ကြၽင့္ကြၽင့္ ျမန္ျမန္လာ ဆင္ေလးကို အစာေကြၽးရေအာင္"
"အင္း"
ကုန္းကြၽင့္ ကင္မရာကိုင္ကာ တေလွ်ာက္လံုး ဓာတ္ပံု ႐ိုက္လာသည္။ ၿပံဳးေပ်ာ္ေနတဲ့ က်န္းေလာင္ရီွးကို ၾကည့္ၿပီး သူ႕ရင္ထဲက အပူမီးေတြ တဝက္ေလာက္ ၿငိမ္းေနေပၿပီ။
ဒီလူသားကို သူဘယ္လိုမွ လက္မလႊတ္ႏိုင္။
ဒီလူသားအတြက္ဆိုလွ်င္ သူ ဘာမဆို စြန္႔လႊတ္ႏိုင္သည္။
ဘာေတြပဲ ေပးဆပ္ရ ေပးဆပ္ရ ခ်စ္ရတဲ့သူအတြက္မို႔
အကုန္လံုးကို မ်က္စိမိွတ္ ေပးဆပ္လိုက္႐ံုသာ။
"ကြၽင့္ကြၽင့္ ကိုယ္တို႔ စက္ဘီးငွားၾကမလား"
"အင္း ငွားမယ္ေလ"
"တစ္စီးပဲ ငွားမယ္ မင္းက ငါ့ကို တင္နင္း"
"ဟင္ ေကာ နင္းေလ"
"မနင္းခ်င္ပါဘူး ေညာင္းတယ္"
"ဟြန္႔ လူလည္ေလး"
ကုန္းကြၽင့္ နင္းသည့္ စက္ဘီးေနာက္မွာ က်န္းက်ယ္ဟန္႔က ခါးကို တင္းၾကပ္စြာ ဖက္တြယ္ေနရင္း မ်က္ႏွာကို ကုန္းကြၽင့္ ေက်ာျပင္၌ အပ္ထားေလသည္။
ကုန္းကြၽင့္က လက္တစ္ဖက္ႏွင့္ပင္ စက္ဘီးလက္ကိုင္ကို ထိန္းကာ က်န္လက္တစ္ဖက္က သူ႕ခါးကို ဖက္ထားသည့္ က်ယ္ဟန္႔လက္ကို အုပ္မိုးကိုင္ထားသည္။
ထိုေန႔ ေန႔လည္က သင္သာ တိရစၧာန္႐ံုထဲမွာ ရိွေနလွ်င္ အေကာင္ေလးေတြကို မၾကည့္ပဲ စက္ဘီး ပတ္စီးေနသည့္ ေကာင္ေလးႏွစ္ေယာက္ကို ေတြ႕ႏိုင္ေပလိမ့္မည္ 🤧
ညေနခင္း ေရာက္ေတာ့ sunset ၾကည့္ဖို႔အတြက္
(.....)ျမစ္ဆီသို႔ ထြက္ခဲ့ၾကသည္။
ၿမိဳ႕ျပင္ကို အနည္းငယ္ထြက္ရသည္ျဖစ္၍ ၿမိဳ႕ျပရဲ႕ ျပယုဂ္က ႐ုန္းထြက္လိုက္သည္ႏွင့္ ေလထုက တမ်ဴိးတဖံု လတ္ဆတ္လာသည္။
ကုန္းကြၽင့္တို႔ ေရာက္သည့္အခ်ိန္က အနည္းငယ္ေစာေနေသး၍ ျမစ္ကမ္းနံေဘးဆီမွ
ေလအသြဲ႕မွာ တႏြဲ႕ႏြဲ႕ လႈပ္ရမ္းေနေသာ ျမက္႐ိုင္းပင္ႀကီးမ်ားႏွင့္
ဓာတ္ပံု႐ိုက္ျဖစ္ၾကသည္။
"ကြၽင့္ကြၽင့္ မင္းေရာလာေလ"
က်န္းက်ယ္ဟန္႔က တခ်ိန္လံုး သူ႕ကိုသာ ဓာတ္ပံုလိုက္႐ိုက္ေပးေနသည့္ ကုန္းကြၽင့္ကို လက္ယက္ေခၚလိုက္သည္။
ေျပာရလွ်င္ တေယာက္ကို တေယာက္သာ ဓာတ္ပံု ႐ိုက္ေပးၾကေပမယ့္ သူတို႔ႏွစ္ေယာက္တြဲၿပီး တစ္ခါမွ ဓာတ္ပံုမ႐ိုက္ဖူးေသးေခ်။
"အာ ရၿပီ ေကာ"
"မရပါဘူး ကိုယ္တို႔ အတူတူ ဓာတ္ပံုမ႐ိုက္ဖူးေသးဘူး အတူတူ႐ိုက္ရေအာင္"
"ေကာ ဒီေန႔ တယ္ထူးဆန္းပါလား တခါမွ မလုပ္ဖူးတာေတြပဲ လိုက္လုပ္ေနတယ္"
"ဟင္ ဘာလဲ မင္းက မ႐ိုက္ခ်င္ဘူးလား"
"ဘယ္လိုေျပာလိုက္တာပါလိမ့္ဗ်ာ မ႐ိုက္ခ်င္ဘဲ ေနပါ့မလား"
ကုန္းကြၽင့္က ေျပာေျပာဆိုဆို ကင္မရာကို stand နဲ႔ ေနရာခ်လိုက္သည္။ 10 ပံုေလာက္ စိတ္ႀကိဳက္႐ိုက္ၿပီးခ်ိန္မွာေတာ့ ေနကဝင္စ ျပဳေနေလၿပီ။
"ေကာ ေနဝင္ေတာ့မယ္"
"အင္း"
အနီးအနားရိွ အုတ္ခံုေလးေပၚမွာ ႏွစ္ေယာက္သား အတူထိုင္ရင္း ေနဝင္သည္ကို ၾကည့္ျဖစ္ၾကသည္။
ေနလံုးနီနီက တိမ္ေရာင္စံုတို႔ကို အနားကြပ္ကာ ပုဇြန္ဆီေရာင္ ေကာင္းကင္ႀကီးကို မီွခိုၿပီး အေနာက္မိုးကုတ္စက္ဝိုင္းဆီသို႔ ေမွးတင္ အိပ္စက္သြားေလၿပီ။
ျမစ္ေရျပင္ကို ျဖတ္၍ တိုက္ခတ္လာေသာ ေလႏုေအးတို႔ကို စီးေမ်ာခံစားရင္း က်န္းက်ယ္ဟန္႔က သက္ျပင္းတစ္ခ်က္ ခိုး႐ိႈက္ကာ ကုန္းကြၽင့္ပုခံုးဆီသို႔ ေခါင္းေလးမီွထားသည္။
ဒီလိုေလး......ဒီလိုေလးပဲ ကုန္းကြၽင့္ကို သူ႕အနားမွာ အၿမဲရိွေစခ်င္မိလွ်င္ သူ သိပ္ေလာဘႀကီးရာ က်သြားမလား။
႐ုတ္တရက္ ဂစ္တာယူလာသည္ကို သတိရကာ သီခ်င္းတစ္ပုဒ္ေလာက္ဆိုရန္ စိတ္ကူးမိသည္။
ခ်စ္ရသူနဲ႔အတူ ဖန္တီးရတဲ့ သံစဥ္ေတြဟာ သိပ္ကို လွပတတ္တယ္ မဟုတ္လား။
"ကြၽင့္ကြၽင့္ ကိုယ္တို႔ သီခ်င္းဆိုရေအာင္"
"ေကာ ဆိုေလ ကြၽန္ေတာ္ နားေထာင္မယ္"
"အင္း"
က်န္းက်ယ္ဟန္႔က ေျပာၿပီးသည္ႏွင့္ ဂစ္တာႀကိဳးကို အရင္ညိႇလိုက္သည္။
ထို႔ေနာက္မွာေတာ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ခပ္ေအးေအးအသံက ျမစ္ေရစီးသံကို ခြင္းၿပီး လြင့္ပ်ံ႕လာေလသည္။
"အခုလို မင္းနဲ႔အတူ ရိွေနရတာကို ကိုယ္သေဘာက်တယ္
မင္းသြားမယ့္ ဘယ္ေနရာကိုျဖစ္ျဖစ္ ကိုယ့္ကို ေခၚသြားပါ
မင္းရဲ႕မ်က္ႏွာနဲ႔ တေျဖးေျဖးနီးလာေလေလ
မနက္ျဖန္ဆိုတာကိုလဲ တေျဖးေျဖး ရွင္းလင္းစြာ ျမင္လာရေလပဲ.....
မင္း ကိုယ့္ႏွလံုးသားေလးကို ခ်စ္ေပးတာကို သေဘာက်တယ္
ကိုယ့္ရဲ႕ လက္ေခ်ာင္းေလးေတြကို မင္း ညင္သာစြာ ထိေတြ႕ေနတယ္..
ကိုယ္သိပါတယ္....ဒါဟာ
မင္းရဲ႕ကတိစကားေတြကို ေျပာေနတယ္ဆိုတာကိုေပါ့"
(Song: xî huān nî)
ကုန္းကြၽင့္တေယာက္ ဘာသီခ်င္းဆိုေနမွန္း မသိေတာ့ေလာက္ေအာင္ က်န္းေလာင္ရီွးကို ေမးေထာက္ရင္း ေငးေနမိသည္။
ဒီလူသားရဲ႕ အျပဳအမူတိုင္းကို ျမတ္ႏိုးလိုက္ရတာ...။
ထိုေကာင္ေလးကို ၾကည့္ၿပီး က်န္းက်ယ္ဟန္႔ တစ္ခ်က္ တစ္ခ်က္ လိႈက္တက္လာေသာ ႐ိႈက္သံတို႔ကို မနည္းထိန္းထားရသည္။
ဒီေလာက္ထိန္းထားတာေတာင္ တုန္ရီေနေသာ အသံတို႔က ျမစ္ေဘးတေလွ်ာက္ ပ်ံ႕လြင့္လို႔.........။
« မနက္ျဖန္ကို ကိုယ္တို႔မပိုင္ဘူး
ဒါေပမယ့္ ပစၥဳပၸန္ကို ကိုယ္တို႔ ပိုင္တယ္
အမွတ္တရေကာင္းေတြ ခ်န္ခဲ့ဖို႔
သိပ္ကို လံုေလာက္တဲ့ အခ်ိန္ေတြပဲမလား
#moethaukyan »
ထိုေန႔က တိမ္ေတာင္ေတြ ကႀကိဳးစံုသည္။ ထို႔အတူ
ေကာင္ေလးႏွစ္ေယာက္ရဲ႕ အေတြးေတြမွာလဲ အေရာင္ေတြစံုလို႔....။
🍀🍀 အားေပးမႈကို ေက်းဇူးတင္ပါသည္။
ဆက္လက္ႀကိဳးစားပါဦးမည္။ 🍀🍀
(ေရးထားတာက တဝက္ေလာက္ ပ်က္သြားလို႔ အသစ္ ျပန္ေရးရင္း ေနာက္က်သြားတယ္ 😑😑။
ဦးေႏွာက္ထဲမွာ လံုးဝ blind ျဖစ္ေနတုန္း စာ႐ိုက္မိတာမို႔ ဖတ္ရတာ ကေမာက္ကမ ျဖစ္သြားရင္ ေတာင္းပန္ပါတယ္)
Unicode//
ကုန်းကျွင့် အိပ်ရာက နိုးလာတော့ 9 နာရီကျော်နေပြီ။အချိန်ကိုကြည့်ပြီး ဝုန်းခနဲ ကုန်းရုန်းထကာ ကျန်းလောင်ရှီးဆီ ဖုန်းအရင်ဆက်ဖို့ ပြင်လိုက်သည်။
သူဒီနေ့ အပြင်သွားဖို့ ချိန်းထားသည်မဟုတ်လား။ စောင့်ရတာ မကြိုက်သည့် ကျန်းလောင်ရှီးတယောက်တော့ စိတ်ဆိုးနေပေရော့မည်။
"ဟဲလို ကော"
"အင်း ကျွင့်ကျွင့်"
"ကော ဟို ကျွန်တော် အခုချက်ချင်းလာကြိုမယ်နော် ဟို...."
"ရတယ် ကျွင့်ကျွင့် ကိုယ် မင်းဆီလာနေတာ ရောက်တော့မယ်"
ကျန်းကျယ်ဟန့်က အခုမှ လာသည့်ပုံနှင့်ပင် ပြောကာ ကော်ဖီဆိုင်ကနေ ထွက်ခဲ့လိုက်သည်။
May ကလဲ သူတို့တွေ့ဖြစ်သည့်အကြောင်း ကုန်းကျွင့်ကို မပြောဖို့ မှာထားသည်ကိုး။
ကုန်းကျွင့်ကတော့ ရှုပ်ပွနေသည့် သူ့အခန်းအား အသည်းအသန် ရှင်းကာ လူက အရက်နံ့ တထောင်းထောင်း ဖြစ်နေသည်မို့ ရေအမြန် ဝင်ချိုးရသည်။
မနေ့ညက ဒယ်ဒီနှင့် စကားများကာ စိတ်ညစ်ညစ်နှင့် အရက်တွေ သောက်ထားပြီး အခု လူက ခေါင်းတွေ ထိုးကိုက်နေပြီ။
ကုန်းကျွင့် ရေချိုးပြီး အဝတ်အစားလဲကာ ထွက်လာတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်စောင့်နေသည့် ကျန်းကျယ်ဟန့်အား တွေ့ရလေသည်။
"ဟင် ကော ရောက်နေပြီလား မြန်လိုက်တာ"
"ကျွင့်ကျွင့်"
ကျန်းလောင်ရှီးက သူ့ကို မြင်တာနဲ့ ပြေးဖက်လိုက်တာကြောင့် ကုန်းကျွင့် အနောက်သို့ပင် နည်းနည်းယိုင်သွားရသည်။
"ကော ဘာဖြစ်တာလဲ"
"မင်းကြောင့်ပဲလေ"
"ဟင်??"
"မင်းပဲ ငါ့ကို တပတ်လုံးပစ်ထားပြီးတော့"
"ကျွန်တော်လဲ မပစ်ထားချင်ပါဘူး။ အစည်းအဝေးက အရေးကြီးနေတော့..."
"ကိုယ် ဗိုက်ဆာတယ်။ တခုခု လုပ်ကျွေး"
"အမ် ဒီချိန်ထိ ဘာမှ မစားရသေးဘူးလား"
"ဘာလဲ မင်းက မလုပ်ကျွေးချင်ဘူးလား "
"အဲ့လိုဖြစ်စရာလား တခုခုပြင်ပေးမယ် ခနဖယ်ဦး"
"မဖယ်ချင်ဘူး"
"မဖယ်ရင် ကျွန်တော်က ဘယ်လို ချက်ရမှာလဲ"
"မသိဘူး"
"ခိုင်းရှင်းကော် (kāi xīn guô)လေးက လိမ္မာပါတယ် ခဏလေး ဖယ်ဦး နော်"
"အဲ့လိုကြီး မခေါ်ပါနဲ့ဆို "
"အင်း အင်း မခေါ်တော့ဘူး ခုတော့ လွှတ်ပေးပါဦး"
ကျန်းကျယ်ဟန့်က ကုန်းကျွင့်ကို လွှတ်ပေးလိုက်ကာ ထမင်းစား စားပွဲမှာ ဝင်ထိုင်လိုက်သည်။ သူဗိုက်ဆာနေပြီဆိုတာနှင့် ဗျာများနေတဲ့ ကောင်လေးကို ကြည့်ပြီး မနက်က May ပြောသွားတာတွေကို တွေးမိပြန်သည်။
*သူဟာ သူ့ကမ္ဘာမှာ အညွှန့်တလူလူတက်နေတဲ့ ကောင်ငယ်လေး တစ်ယောက်ပဲ။ ငါက ဒါကို ဖျက်ဆီးပစ်လိူ့ သင့်ပါ့မလား*
ရင်ထဲမှာ စို့နစ်လာသော ခံစားချက်နှင့်အတူ မျက်ရည်တို့ကပါ လည်လာတာကြောင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အာရုံလွှဲသည့်အနေနှင့် ကုန်းကျွင့် မနက်စာ ပြင်ပေးနေတာကို video ရိုက်ထားလိုက်သည်။
"ဟာ ကော ဓာတ်ပုံရိုက်နေတာလား"
ဓာတ်ပုံရိုက်နေသည်ထင်ကာ ဟင်းချက်နေရာမှ လက်နှစ်ချောင်းထောင်ပြကာ ပို့စ်ပေးနေသည့် ကုန်းကျွင့်ကို ကြည့်ပြီး
"ဟားဟား ကောင်လေးတယောက် အညာမိသွားပြီ ဓာတ်ပုံမဟုတ်ဘူး ဗီဒီယို ရိုက်နေတာ"
"ဟင် အဲ့ဒါဆို ကျွန်တော် အခုပြောနေတာတွေ အကုန်ပါကုန်ပြီပေါ့ ပြန်ဖျက်ပေး"
"မဖျက်ပါဘူး ရိုက်လို့တောင် မပြီးသေးဘူး"
"ဟာ ကော မရိုက်နဲ့တော့လို့"
"မင်းဘာသာ ချက်စရာရှိတာ ချက်လေ။ ပြီးမှာ မင်း ဟင်းချက်နေတဲ့ ပုံက ဘယ်လောက်ခန့်ညားလဲ ကြည့်ပေါ့"
"အားယိုး ခိုင်းရှင်းကော်လေးတောင် စကားတွေကြွယ်လာပြီပဲ"
"ခေါ်ပြန်ပြီလား"
"ဘာလို့လဲ ဒီလောက် လှတဲ့ နာမည်လေးကို"
ကျန်းကျယ်ဟန့် ဘာမှ မပြောတော့ဘဲ ကုန်းကျွင့် ဟင်းချက်နေတာကို ရှုထောင့်ပေါင်းစုံကနေ ဗီဒီယို လိုက်ရိုက်ထားလိုက်သည်။
"ကျွင့်ကျွင့် ကိုယ်တို့ ဒီနေ့ ဘယ်သွားကြမှာလဲ"
ကုန်းကျွင့်ကြော်ပေးတဲ့ ထမင်းကြော်ကို စားနေရင်းမှ ကျန်းကျယ်ဟန့်က စကားစမေးလိုက်သည်။
ကုန်းကျွင့်က နာရီကို တစ်ချက်ကြည့်လိုက်ကာ
"နောက်မှ သွားကြတာပေါ့ သွားရမှာက နည်းနည်းဝေးတယ်"
"ဝေးလဲ ဘာဖြစ်လဲ "
"အပြန်နောက်ကျမယ်လေ။ ကျွန်တော်က ညပိုင်းဆို ကားမောင်းရတာ သိပ်အဆင်မပြေဘူး"
"တကယ်မသွားတော့ဘူးလား"
"နောက်တပတ် သွားမယ်လေ နော် ကျွန်တော်က သွားရင်လဲ အဲ့ဒီမှာ အေးအေးဆေးဆေးလေး ခနနေချင်သေးတာလေ အခုသွားရင်ဆို ချက်ချင်းပြန်မှ ရမှာ"
"အဲ့ဒါဆို ပြောစရာ ရှိတယ်ဆိုတာကရော?"
"အဲ့ဒါလဲ နောက်မှ ပြောတော့မယ်။ နောက်တပတ် ကျွန်တော်ခေါ်သွားမယ့် နေရာမှာပဲ ပြောမယ်"
"ဟင် ဘာဆိုင်လို့လဲ"
"ဆိုင်တယ်လေ။ အဲ့ဒီနေရာရောက်မှ အဲ့ဒီစကားတွေက အသက်ဝင်မှာမို့"
"အင်းပါ"
ကျန်းကျယ်ဟန့်က ဘာမှ ဆက်မပြောတော့ဘဲ ထမင်းပန်းကန်ကို ဇွန်းနှင့် စိတ်မပါစွာ မွှေနှောက်နေမိသည်။
ကုန်းကျွင့်က ကျယ်ဟန့် မျက်နှာ သိပ်မလှသည်ကို သတိထားမိပြီး
"ဘာလို့လဲ စားမကောင်းဘူးလား ကော"
"မဟုတ်ပါဘူး ဗိုက်ပြည့်သွားပြီ"
"ကျွန်တော့်ကို စိတ်ဆိုးသွားတာလား"
"ကိုယ်က ဘာလို့ စိတ်ဆိုးရမှာလဲ ကောင်လေးရဲ့"
"တကယ်နော်။ ကော ဘယ်သွားချင်လဲ ဒီနေ့တော့ ကော သွားချင်တဲ့ နေရာပြော လိုက်ပို့ပေးမယ်"
"ကမ္ဘာမြေ အဆုံးထိ သွားမယ်ဆိုရင်ရော"
"ကော ဘယ်သွားသွား ကျွန်တော်က ကောရဲ့အနားမှာ အရိပ်လို လိုက်နေမှာပဲ"
"ဟားဟား တော်တော်စကားတတ်တဲ့ ခွေးပေါက်လေး"
"အတည်ပြောနေတာကို"
"ဟုတ်ပါပြီ ကမ္ဘာမြေအဆုံးထိတော့ မသွားတော့ပါဘူး။ ညနေ ကိုယ်တို့ sunset သွားကြည့်ရအောင်"
"အင်း သွားမယ်လေ။ ညနေမှ ဆိုတော့ နေ့လည် အချိန်ရသေးတယ်။ ဘယ်သွားချင်သေးလဲ"
"အင်း.....ကိုယ်တို့ တိရစ္ဆာန်ရုံ အတူမသွားဖူးသေးဘူး"
"အဲ့ဒါဆို ကျွန်တော်တို့ တိရစ္ဆာန်ရုံ သွားရအောင်။ မသွားခင် ရှောင်အိုက်ကို ခဏဝင်ကြည့်မယ်"
"ဪ မင်း ရှောင်အိုက်ကို သတိတော့ ရသေးသားပဲ"
"အာ ကောကလဲ ကျွန်တော် မမေ့ပါဘူး"
"ပြောတာပဲ"
"စားပြီးရင် သွားရအောင် ရှောင်အိုက် ဘယ်လောက်ကြီးလာပြီလဲ ကြည့်ရမယ်"
"အင်း"
(ရှောင်အိုက်ဆိုတာ သူတို့နှစ်ယောက်အတူစိုက်ထားတဲ့ Bleeding heart အပင်လေးကို ပေးထားတဲ့ နာမည်ပါတဲ့ 😑😑)
Bleeding heart အပင်လေးကို ခြံထဲအိမ်မှာပဲ ထားထားတာ ဖြစ်သည်။ ဦးလေးချူက အပင်တွေ အကြောင်းနားလည်တော့ စိတ်ချ လက်ချ ထားလို့ရတယ်မဟုတ်လား။
ကုန်းကျွင့် bleeding heart အပင်ကို ကြည့်နေတုန်း ကျန်းကျယ်ဟန့်က ဂစ်တာဝင်ယူသည်။
တလောက ဂစ်တာကြိုးပြတ်ထားတာကြောင့် တခါတည်း ကြိုးပြန်တပ်ရန်ဖြစ်သည်။
ခြံထဲမှာ ခဏသာနေပြီး နှစ်ယောက်သား တိရစ္ဆာန်ရုံသို့ ထွက်ခဲ့ကြသည်။
ကလေးသဖွယ် အကောင်ငယ်လေးတွေကို လက်ညှိုးတထိုးထိုးနှင့် အပျော်ကြီး ပျော်နေသည့် ကျန်းလောင်ရှီးကို ကြည့်ပြီး ကုန်းကျွင့်ဆီသို့ပါ အပျော်များ ကူးစက်လာ၏။
ဒီကြယ်တာယာလေးဟာ ကုန်းကျွင့်အတွက်တော့ မျက်နှာမြင် အေးချမ်းပါစေ ဆုတောင်းနှင့် ဖြစ်လာသော လူသားလေး။
"ကျွင့်ကျွင့် မြန်မြန်လာ ဆင်လေးကို အစာကျွေးရအောင်"
"အင်း"
ကုန်းကျွင့် ကင်မရာကိုင်ကာ တလျှောက်လုံး ဓာတ်ပုံ ရိုက်လာသည်။ ပြုံးပျော်နေတဲ့ ကျန်းလောင်ရှီးကို ကြည့်ပြီး သူ့ရင်ထဲက အပူမီးတွေ တဝက်လောက် ငြိမ်းနေပေပြီ။
ဒီလူသားကို သူဘယ်လိုမှ လက်မလွှတ်နိုင်။
ဒီလူသားအတွက်ဆိုလျှင် သူ ဘာမဆို စွန့်လွှတ်နိုင်သည်။
ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ချစ်ရတဲ့သူအတွက်မို့
အကုန်လုံးကို မျက်စိမှိတ် ပေးဆပ်လိုက်ရုံသာ။
"ကျွင့်ကျွင့် ကိုယ်တို့ စက်ဘီးငှားကြမလား"
"အင်း ငှားမယ်လေ"
"တစ်စီးပဲ ငှားမယ် မင်းက ငါ့ကို တင်နင်း"
"ဟင် ကော နင်းလေ"
"မနင်းချင်ပါဘူး ညောင်းတယ်"
"ဟွန့် လူလည်လေး"
ကုန်းကျွင့် နင်းသည့် စက်ဘီးနောက်မှာ ကျန်းကျယ်ဟန့်က ခါးကို တင်းကြပ်စွာ ဖက်တွယ်နေရင်း မျက်နှာကို ကုန်းကျွင့် ကျောပြင်၌ အပ်ထားလေသည်။
ကုန်းကျွင့်က လက်တစ်ဖက်နှင့်ပင် စက်ဘီးလက်ကိုင်ကို ထိန်းကာ ကျန်လက်တစ်ဖက်က သူ့ခါးကို ဖက်ထားသည့် ကျယ်ဟန့်လက်ကို အုပ်မိုးကိုင်ထားသည်။
ထိုနေ့ နေ့လည်က သင်သာ တိရစ္ဆာန်ရုံထဲမှာ ရှိနေလျှင် အကောင်လေးတွေကို မကြည့်ပဲ စက်ဘီး ပတ်စီးနေသည့် ကောင်လေးနှစ်ယောက်ကို တွေ့နိုင်ပေလိမ့်မည် 🤧
ညနေခင်း ရောက်တော့ sunset ကြည့်ဖို့အတွက်
(.....)မြစ်ဆီသို့ ထွက်ခဲ့ကြသည်။
မြို့ပြင်ကို အနည်းငယ်ထွက်ရသည်ဖြစ်၍ မြို့ပြရဲ့ ပြယုဂ်က ရုန်းထွက်လိုက်သည်နှင့် လေထုက တမျိူးတဖုံ လတ်ဆတ်လာသည်။
ကုန်းကျွင့်တို့ ရောက်သည့်အချိန်က အနည်းငယ်စောနေသေး၍ မြစ်ကမ်းနံဘေးဆီမှ
လေအသွဲ့မှာ တနွဲ့နွဲ့ လှုပ်ရမ်းနေသော မြက်ရိုင်းပင်ကြီးမ်ားနှင့်
ဓာတ်ပုံရိုက်ဖြစ်ကြသည်။
"ကျွင့်ကျွင့် မင်းရောလာလေ"
ကျန်းကျယ်ဟန့်က တချိန်လုံး သူ့ကိုသာ ဓာတ်ပုံလိုက်ရိုက်ပေးနေသည့် ကုန်းကျွင့်ကို လက်ယက်ခေါ်လိုက်သည်။
ပြောရလျှင် တယောက်ကို တယောက်သာ ဓာတ်ပုံ ရိုက်ပေးကြပေမယ့် သူတို့နှစ်ယောက်တွဲပြီး တစ်ခါမှ ဓာတ်ပုံမရိုက်ဖူးသေးချေ။
"အာ ရပြီ ကော"
"မရပါဘူး ကိုယ်တို့ အတူတူ ဓာတ်ပုံမရိုက်ဖူးသေးဘူး အတူတူရိုက်ရအောင်"
"ကော ဒီနေ့ တယ်ထူးဆန်းပါလား တခါမှ မလုပ်ဖူးတာတွေပဲ လိုက်လုပ်နေတယ်"
"ဟင် ဘာလဲ မင်းက မရိုက်ချင်ဘူးလား"
"ဘယ်လိုပြောလိုက်တာပါလိမ့်ဗျာ မရိုက်ချင်ဘဲ နေပါ့မလား"
ကုန်းကျွင့်က ပြောပြောဆိုဆို ကင်မရာကို stand နဲ့ နေရာချလိုက်သည်။ 10 ပုံလောက် စိတ်ကြိုက်ရိုက်ပြီးချိန်မှာတော့ နေကဝင်စ ပြုနေလေပြီ။
"ကော နေဝင်တော့မယ်"
"အင်း"
အနီးအနားရှိ အုတ်ခုံလေးပေါ်မှာ နှစ်ယောက်သား အတူထိုင်ရင်း နေဝင်သည်ကို ကြည့်ဖြစ်ကြသည်။
နေလုံးနီနီက တိမ်ရောင်စုံတို့ကို အနားကွပ်ကာ ပုဇွန်ဆီရောင် ကောင်းကင်ကြီးကို မှီခိုပြီး အနောက်မိုးကုတ်စက်ဝိုင်းဆီသို့ မှေးတင် အိပ်စက်သွားလေပြီ။
မြစ်ရေပြင်ကို ဖြတ်၍ တိုက်ခတ်လာသော လေနုအေးတို့ကို စီးမျောခံစားရင်း ကျန်းကျယ်ဟန့်က သက်ပြင်းတစ်ချက် ခိုးရှိုက်ကာ ကုန်းကျွင့်ပုခုံးဆီသို့ ခေါင်းလေးမှီထားသည်။
ဒီလိုလေး......ဒီလိုလေးပဲ ကုန်းကျွင့်ကို သူ့အနားမှာ အမြဲရှိစေချင်မိလျှင် သူ သိပ်လောဘကြီးရာ ကျသွားမလား။
ရုတ်တရက် ဂစ်တာယူလာသည်ကို သတိရကာ သီချင်းတစ်ပုဒ်လောက်ဆိုရန် စိတ်ကူးမိသည်။
ချစ်ရသူနဲ့အတူ ဖန်တီးရတဲ့ သံစဉ်တွေဟာ သိပ်ကို လှပတတ်တယ် မဟုတ်လား။
"ကျွင့်ကျွင့် ကိုယ်တို့ သီချင်းဆိုရအောင်"
"ကော ဆိုလေ ကျွန်တော် နားထောင်မယ်"
"အင်း"
ကျန်းကျယ်ဟန့်က ပြောပြီးသည်နှင့် ဂစ်တာကြိုးကို အရင်ညှိလိုက်သည်။
ထို့နောက်မှာတော့ ကောင်လေးတစ်ယောက်ရဲ့ ခပ်အေးအေးအသံက မြစ်ရေစီးသံကို ခွင်းပြီး လွင့်ပျံ့လာလေသည်။
"အခုလို မင်းနဲ့အတူ ရှိနေရတာကို ကိုယ်သဘောကျတယ်
မင်းသွားမယ့် ဘယ်နေရာကိုဖြစ်ဖြစ် ကိုယ့်ကို ခေါ်သွားပါ
မင်းရဲ့မျက်နှာနဲ့ တဖြေးဖြေးနီးလာလေလေ
မနက်ဖြန်ဆိုတာကိုလဲ တဖြေးဖြေး ရှင်းလင်းစွာ မြင်လာရလေပဲ.....
မင်း ကိုယ့်နှလုံးသားလေးကို ချစ်ပေးတာကို သဘောကျတယ်
ကိုယ့်ရဲ့ လက်ချောင်းလေးတွေကို မင်း ညင်သာစွာ ထိတွေ့နေတယ်..
ကိုယ်သိပါတယ်....ဒါဟာ
မင်းရဲ့ကတိစကားတွေကို ပြောနေတယ်ဆိုတာကိုပေါ့"
(Song: xî huān nî)
ကုန်းကျွင့်တယောက် ဘာသီချင်းဆိုနေမှန်း မသိတော့လောက်အောင် ကျန်းလောင်ရှီးကို မေးထောက်ရင်း ငေးနေမိသည်။
ဒီလူသားရဲ့ အပြုအမူတိုင်းကို မြတ်နိုးလိုက်ရတာ...။
ထိုကောင်လေးကို ကြည့်ပြီး ကျန်းကျယ်ဟန့် တစ်ချက် တစ်ချက် လှိုက်တက်လာသော ရှိုက်သံတို့ကို မနည်းထိန်းထားရသည်။
ဒီလောက်ထိန်းထားတာတောင် တုန်ရီနေသော အသံတို့က မြစ်ဘေးတလျှောက် ပျံ့လွင့်လို့.........။
« မနက်ဖြန်ကို ကိုယ်တို့မပိုင်ဘူး
ဒါပေမယ့် ပစ္စုပ္ပန်ကို ကိုယ်တို့ ပိုင်တယ်
အမှတ်တရကောင်းတွေ ချန်ခဲ့ဖို့
သိပ်ကို လုံလောက်တဲ့ အချိန်တွေပဲမလား
#moethaukyan »
ထိုနေ့က တိမ်တောင်တွေ ကကြိုးစုံသည်။ ထို့အတူ
ကောင်လေးနှစ်ယောက်ရဲ့ အတွေးတွေမှာလဲ အရောင်တွေစုံလို့....။
🍀🍀 အားပေးမှုကို ကျေးဇူးတင်ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။ 🍀🍀
(ရေးထားတာက တဝက်လောက် ပျက်သွားလို့ အသစ် ပြန်ရေးရင်း နောက်ကျသွားတယ် 😑😑။
ဦးနှောက်ထဲမှာ လုံးဝ blind ဖြစ်နေတုန်း စာရိုက်မိတာမို့ ဖတ်ရတာ ကမောက်ကမ ဖြစ်သွားရင် တောင်းပန်ပါတယ်)