ထာဝရအတွက်
( She season 2 )
အပိုင်း ( ၆ )
' သမီးကြည့်စမ်း ဒီအရောင်လေး မလှဘူးလား'
ဖြူ ရေချိုးနေတုန်း အခန်းထဲပျင်းပျင်းရှိနေသည်နှင့် အောက်သို့ဆင်းကာ အလုပ်လုပ်နေသည့်သူတွေကြား ဝင်ရှုပ်နေမိသည်။ ပြည့်ဝင်ထိုင်တော့ အန်တီအိက အသစ်ရောက်သည့် အထည်စီးများကိုချကာ ပန်းနုရောင်အပျော့သားဝမ်းစက်စလေးအား အစည်းထဲမှဆွဲထုတ်လိုက်သည်။
' လှတယ် '
' မနက်ဖြန်ကျရင် ဖြူ့ကိုစက်ဆိုင်လိုက်ပို့ခိုင်းပြီး သမီးအတိုင်းနဲ့ချုပ်လိုက် '
' ပြည့်အတွက် မချုပ်တော့ပါဘူး။ အန်တီအရင်တစ်ခေါက်ချုပ်ပေးထားတာတွေတောင် ပြည့်မှာအထည်စေ့အောင်မဝတ်ရသေးဘူး'
' အလုပ်သွားရင် ဝတ်လေ။ တစ်ခြားအစတွေကြိုက်ရင်လည်း ရွေးပြီးချုပ်သွားနော် ငါ့သမီးလေး ဧည့်သည်တွေနဲ့သွားရတာ လှလှလေးဖြစ်နေမှ'
' ဟုတ်တယ် ဟုတ်တယ်။ မြမြ ယူသွားပြီး ဖြူ့အခန်းထဲထည့်ပေးထားလိုက်'
ဖြူ့အမေရော အဖွားကပါ ဇွတ်တွေချုပ်ခိုင်းနေတော့ ပြည့်လည်း အားနာ၍ထပ်မငြင်းတော့။ တစ်ကယ်လည်း ပြည့်မှာ ဝတ်စရာတွေမကုန်သေးပါ။ အစရော ချုပ်ခပါ အကုန်မခံရပဲ ဒီဇိုင်းအသစ်ထွက်သည်နှင့် ပြည့်ခါးပေါ်ရောက်ပြီးသားမဟုတ်ပါလား။ လုပ်ဖော်ကိုင်ဖက်တွေက လှလို့ဘယ်မှာဝယ်ရလဲမေးလျှင် ဖြူ့ရဲ့ဆိုင်နာမည်ကိုပြောပြလိုက်သည်။
' ပြည့်နောက်တစ်ခေါက်လာရင် ညီမလေးတွေပါခေါ်ခဲ့ သူတို့ရော မန္တလေးရောက်ဖူးလား'
' သူတို့အားတဲ့ရက်နဲ့ကြုံရင်တော့ ခေါ်ခဲ့ပါမယ် '
' မ အပြင်သွားရအောင်။ အမေ ဖြူတို့ ညစာ အပြင်မှာပဲစားတော့မယ်နော်'
ဖြူ့လှမ်းပေးသည့်လက်ကိုတွဲ၍ ဧည့်ခန်းမှထွက်ခဲ့လိုက်သည်။
' မ ဆိုင်ကယ်နဲ့သွားရအောင်'
'အင်း ဖြူ့သဘောလေ'
ဖြူ့နောက်မှနေပြီးဆိုင်ကယ်မစီးဖြစ်သည်မှာကြာပြီ။ ဖြူရဲ့ခါးကိုခပ်တင်းတင်းဖက်ထားရင်း မန္တလေး၏ညတွေကိုဆိုင်ကယ်နှင့်သွားရသည့်အရသာ။ ဘယ်အချိန်မေးမေး ထိုအရသာ၊ ထိုကြည်နူးမှုမျိုးကို ဘယ်အရာနှင့်မှမလဲရက်နိုင်ပါ။ သူ့ဝိုင်းနှင့်သူလူတြွေပည့်နေသည့်ဆိုင်တွင်း၌ ထောင့်စွန်းဝိုင်းလေးတစ်ခုလွတ်နေ၍ ပြည့်တို့နှစ်ယောက်ဝင်ထိုင်လိုက်သည်။
' မ တစ်ခုခုသောက်ရအောင်'
' သောက်လေ ဘရိတ်တော့ဖမ်းမယ်နော် ပြန်ရဉီးမှာ'
ဘီယာအား ဖန်ခွက်နှစ်ခွက်ထဲသို့ အမြှုပ်မထွက်အောင်ငှဲ့လိုက်ပြီး ဖြူ့ရှေ့သို့တစ်ခွက်တွန်းပေးလိုက်သည်။
' မန္တလေးကိုသဘောကျတဲ့ထဲမှာ ဒီခံစားချက်လဲပါတယ် သိလား။ မန္တလေးမှာ လေကအစ နွေးတယ်'
'ဒါဆို ဖြူတို့ ဒီမှာပဲ အခြေချကြမယ်'
' အခြေကျဖို့က အလုပ်လုပ်မြှဖစ်မှာ။ ဖြူ ဆောက်လုပ်ရေးမလုပ်ချင်ဘူးလား '
'ကျောင်းမှာသင်တာတွေကမေ့ကုန်ပြီ မရဲ့။ စာတြွေပန်ဖတ်ရမှာ ပြီးတော့ ဘွဲ့ရထားရုံနဲ့မပြီးသေးဘူးလေ ။ Travel and tours ဖွင့်မလား အဲ့အလုပ်ဆို မကျွမ်းကျင်တာပဲ'
' ဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့ ဖြူရယ်။ တို့တွေ ဒီလိုပဲတစ်သက်လုံးနေလို့မှမရတာ ၊ ဖြူဖြစ်ဖြစ် တို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်များ ယောကျာ်းလေးဖြစ်ရင်ကောင်းမယ်'
'မ လုပ်ချင်တာပြောပါ ဖြူ ကြိုးစားပါ့မယ် '
'ဖြူ့ကို စိတ်ချချင်တာ '
နှစ်ယောက်စလုံးတွင် ဘီယာတစ်ခွက်ကုန်သွားပြီဖြစ်၍ နောက်ထပ်တစ်ခွက်ထပ်ထည့်ပေးလိုက်သည်။
' တို့ပင်ပန်းတယ် ၊ တစ်ကယ်ပင်ပန်းတယ် မိသားစုအတွက်အိမ်အတွက် ပင်ပန်းတာတွေများတော့ ကိုယ်ရွေးချယ်ထားတဲ့ အချစ်မှာတော့ စိတ်ချလက်ချနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ် ဖြူရယ် '
မ ထံမှ သူတစ်ခါမှမကြားဖူးသည့် စကားများကိုကြားလိုက်တော့ ဖြူ့ရင်ထဲဆူးခနဲကျဉ်သွားသည်။ အမြဲတမ်းစကားကို အပေါ်ဆီးကပင်ပြောတတ်သူမဟုတ်ပါလား။ အခုတော့ မ အသံကပျော့ပြောင်းရုံထက်ပင်ပိုသည်။
' သက် ရောက်လာလို့လား'
ပြည့်နောက်ထပ် ဘီယာတစ်ပုလင်းထပ်မှာလိုက်သည်။
' ဘေးလူတွေအကြောင်းကို တို့မပြောချင်ဘူး။ အဓိကက ဖြူကိုယ်တိုင်ပဲ။ ပုဂံကပြန်လာပြီးကနေ ဒီနေ့အထိ ဖြူနဲ့သူကြားထဲကကိစ္စတွေက သူတစ်ယောက်ထဲတာဝန်ရှိတာမဟုတ်ဖူးနော် '
' မ ကိုယ်တိုင်ခွင့်ပြုလို့ ဖြူသူ့ကိုကူညီခဲ့တာပါ'
' တို့ခွင့်မပြုဘူးလို့ပြောရင် ဖြူ တို့ကိုလိမ်တော့မယ်၊ တို့မသိအောင်လုပ်တော့မယ် အဲ့တော့ ခွင့်ပြုရပြီ။ အခုက လွန်လာပြီလို့ထင်တယ်'
ပြည့်မျက်လုံး၌ ပြည့်လာသည့်မျက်ရည်များကို လက်ခုံဖြင့်ပင့်ကာသုတ်လိုက်သည်။
' သူပြန်သွားရင် နောက်ထပ်မဆက်သွယ်တော့ပါဘူး။ ဖြူ ကတိပေးပါတယ် နော် မ'
'ဟင့်အင်း မယုံဘူး။ တစ်ကယ်မယုံဘူး ။ အရင်လိုစိတ်နဲ့ဆို တို့မနေ့ကတည်းက ပြန်သွားပြီ ဒါပေမယ့် မလုပ်ချင်တော့ဘူး။ ဖြူ့ကြောင့်မဟုတ်ပေမယ့် အန်တီအိနဲ့အဖွားနဲ့ကို အားနာတယ် လူကြီးတွေစိတ်ထင့်သွားတာမျိုးမလုပ်ချင်ဘူး။ နောက်တစ်ခုက တို့ရွေးချယ်ထားတဲ့လူက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူ့ကိုချစ်နေသမျှ သူ့အနားမှာဘယ်လိုနေရမလဲဆိုတာပဲ တွေးတော့တယ်။ တို့ စိတ်ကိုဖြူသိပါတယ် '
ဖြူ ဘာမြှပန်မပြောနိုင်ပါ။ ဟင်းပန်ကန်ထဲက အသားဖက်လေးအား တူဖြင့်ထိုးဆွနေမိသည်။
' ဒီတစ်ခေါက်ပြန်သွားပြီးရင် တို့လည်းလာမတွေ့သလို ၊ ဖြူလည်း တို့ဆီမလာနဲ့ တစ်လဖြစ်ချင်လည်းဖြစ် တစ်နှစ်ဖြစ်ချင်လည်းဖြစ်ပါစေ မင်းမှာ နှစ်ယောက်အတူတူဘဝရှင်သန်ဖို့ ခိုင်မာတဲ့ရည်ရွယ်ချက်ရှိတဲ့နေ့ တို့တြွေပန်တွေ့ကြမယ် ၊ ဒါဘယ်သူ့ကြောင့်မှ မဟုတ်ဖူးနော် ဖြူ ၊ လုပ်သင့်တာကိုလုပ်ကြရတာပဲ '
' ဖြူ့ကို ဘာလုပ်စေချင်လို့လဲ'
' တို့ငွေမမက်ဘူး မင်းကလွဲပြီးဘာကိုမှ မမက်တာဖြူရယ် ၊ ဒါပေမယ့် အရာရာကိုတို့ဘက်ကပဲ စလှမ်းရတယ် တို့ဘက်ကပဲခွင့်လွှတ်ရတယ် အဲ့လိုမျိုးထပ်မဖြစ်ချင်တော့တာ '
' မ ဆန္ဒအတိုင်းပါ။ ဖြူတို့ အဆက်အသွယ်တော့ မပြတ်ဘူးမှလား'
ဖြူ့လက်ဖဝါးနွေးနွေးဖြင့် သူ့လက်များကိုဆုပ်ကိုင်ကာမေးလိုက်တော့ မျက်ရည်ကအလိုလိုလိမ့်ဆင်းသွားသည်။
' မပြတ်ပါဘူး'
မနက်ဖြန်အတွက် သက်အား သွားမတွေ့ရန်ဆုံးဖြတ်လိုက်ပါသည်။ အတိတ်ကအတိတ်မှာကျန်ခဲ့ပြီပဲ ကိုယ်တို့တွေ ခုလက်ရှိဘေးမှာရှိနေတဲ့သူအပေါ်မှာ တာဝန်ကျေရမည်မဟုတ်ပါလား။ ကိုယ်တို့တွေ ဆုံတွေ့ ခြင်းက ဒီလောက်ပါပဲ ။ ကိုယ့်ဘဝ ကျန်သေးသမျှ အချိန်ကာလတိုင်းမှာ အတူတူဖြတ်သန်းချင်တဲ့သူက မ ကလွဲပြီး တစ်ခြားသူမရှိတော့တာ နားလည်ပါ။
.........
ရန်ကုန်သို့ပြန်ရောက်ရောက်ချင်း ဧည့်သည်ရှိနေ၍ အိမ်နှင့်အမေ့ထံသို့ တစ်ပတ်လောက်ကြာမှသာ ရောက်တော့၏။ အိမ်ရှေ့၌ ပရံတွေ လက်သမားတြွေဖင့်ရှုတ်ရှပ်ခတ်နေသည်ကို ခဏမျှရပ်ကြည့်နေမိစဥါ ဆလပ်လောင်းရန်ပြင်ထားသည့်အပေါ်ထပ်မှ လူတစ်ယောက်က သူ့အားလက်လှမ်းပြရင်း အောက်သို့ဆင်းလာ၏။
'အိမ်လာကြည့်တာလား ပြည့်'
'ဘယ်တော့ပြီးမလဲလာမေးတာပါ '
လက်တွင်ကိုင်ထားသည့် ပေဗူးကိုဘောင်းဘီအိတ်ထဲထိုးထည့်ပြီး ရယ်လိုက်သည်။
' ပြီးတော့မှာပါ ။ ခရီးထွက်နေရတာထင်တယ် ဒီဘက်လာတာမတွေ့တော့ဘူး'
'ဟုတ်တယ် နယ်ဘက်တွေရောက်နေလို့။ ပြည့်လာလို့ အလုပ်ပျက်နေပြီလား အမေ့ဆီလာရင်းနဲ့ ဝင်ကြည့်လိုက်တာ '
' မပျက်ပါဘူး။ ဆလပ်လောင်းဖို့ လိုတာလေးတွေ ပြန်စစ်ပေးနေတာပါ မနက်ဖြန်လောင်းမှာ ပြည့် အားရင်လာကြည့်ပါလား'
'မကြည့်တော့ပါဘူး ၊ သွားဦးမယ်နော် ကို...အဲ နာမည်မေ့နေ့တယ်'
'ဇော်မင်းနိုင်ပါ'
ပြည့်အားနာစွာပြုံးပြရင်း ထိုရှေ့မှထွက်ခဲ့လိုက်သည်။
အမေ့အိမ်ရောက်တော့ အမေအိပ်ပျော်နေသည်နှင့် အမေ့ကိုစောင့်ရင်း အိမ်သန့်ရှင်းရေးလုပ်ရန် အမေ့အင်္ကျီနှင့်ထဘီအဟောင်းတစ်ထည်ကိုလည်းဝတ်လိုက်သည်။ တမျက်စည်းလှည်းပြီး လျော်စရာအဝတ်များကိုထုတ်နေတုန်း အမေနိုးလာ၏။
' လန့်လိုက်တာ အပျိုကြီးရယ် ဘယ်တုန်းကရောက်နေတာလဲ'
'သိပ်မကြာသေးပါဘူး။ ဟိုနှစ်ယောက် မလာဘူးလား အမေ'
အမေ့အားရေတစ်ခွက်တိုက်၍ သူပါသောက်လိုက်သည်။
' မလာပါဘူးတော် '
'နေဉီး ခေါ်လိုက်မယ်။ အိမ်ခွဲနေတယ်ဆိုပြီး သန့်ရှင်းရေးလာမလုပ်ဖူးမှလား တစ်အိမ်လုံးညစ်ပတ်နေတာပဲ '
'ညည်းညီမတွေက မအားဘူးတဲ့။ အဝတ်တွေကထားလိုက်ပါ အမေညနေရေချိုးရင်းလျော်လိုက်မယ်'
'ထားတယ် ထားတယ် သူတို့ကိုခေါ်ပြီးလျော်ခိုင်းမလို့။ ပြည့်မနက်ဖြန် အားတယ် အခုသူတို့ကိုခေါ်ပြီး ညကျ ဟိုဘက်အိမ်လိုက်အိပ်လိုမယ် ဒင်းတို့က လွတ်လပ်ရေးတွေရနေကြတာ'
လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်၍ ယုယတို့ကို ချက်ချင်းလာခဲ့ရန်ဖုန်းဆက်လိုက်သည်။ ဖုန်း၌ ဖြူ့ထံမှ စာဝင်နေသော်လည်း မဖတ်ပဲပြန်ပိတ်လိုက်၏။
အဝတ်များအား ဆပ်ပြာစိမ်ထားလိုက်ပြီး တစ်ခြားအလုပ်တွေအကုန်ပြီးခါနီးတော့ ယုယတို့နှစ်ယောက်ရောက်လာသည်။ သူတို့ပင်အိမ်ထဲမဝင်ရသေးခင်
'ကြွ ကြွ ။ ငါ့ညီမလေးတွေ ပျင်းနေမှာဆိုးလို့ မမမှာတကူးတကခေါ်လိုက်ရတာ'
ပါလာသည့်အထုတ်လေးတွေကို ကွတ်ပျစ်ပေါ်ချလိုက်ကြပြီး တမျက်စည်းကောက်ကိုင်သူကကိုင် အဝတ်လျော်ရောက်သူကရောက်ကုန်၏။
'ဟဲ့ တမျက်စည်းကငါလှည်းပြီးပြီ ယုယအဝတ်လျော်လိမ့်မယ် မြတ်နိုးက ကြမ်းလိုက်တိုက်။ နင်တို့က ဘာတွေအလုပ်များနေလို့ သန့်ရှင်းရေးလာမလုပ်ကြတာလဲ '
မြတ်နိုးက ကြမ်းတိုက်ဝတ်ကိုခြေထောက်ဖြင့်နင်းကာ ကြမ်းပေါ်သို့လိုက်တိုက်နေရင်းက
' ညီမလေးက ကျောင်းပြန်ရင် အလုပ်ဆင်းရတာကို'
' ကျောင်းပိတ်ရက် လာလို့ရတယ်လေ။ နေ့တိုင်းလုပ်ထားရင် ဒီလောက်ထိမညစ်ပတ်ဖူး နေ့တိုင်းလုပ်ရမယ်လည်းမပြောပါဘူး တစ်ပတ်တစ်ခါတော့လာပေါ့ ။ အမေ့ကိုလုပ်ခိုင်းဖို့ စိတ်ကူးမနေနဲ့ ဒါတွေက အမေလုပ်ရမယ့်အလုပ်မဟုတ်တော့ဘူး '
' ပေါက်ကြီးနဲ့သူ့၏ညီမများ ပြဇာတ်စပါပြီတော်။ ငါခေါ်ရင် မလာကြတာတွေ '
အငယ်နှစ်ယောက်အား တစ်ယောက်တစ်လှည့်စီဆူနေတော့ အမေက ယုယအားလှမ်းစ၏။ ယုယကတော့ ရယ်ဖျဲဖျဲနှင့် လျော်ပြီးသည့်အဝတ်များအား တန်းတွင်လှမ်းနေသည်။ မြတ်နိုးက မျက်ရည်တွေစမ်းစမ်းဖြင့်သာ။
'ဆူလိုက်ရင် မျက်ရည်ကကျပြီ ၊ သွား သွား နောက်ဖေးသွားငို ရုပ်ကဆိုးရတဲ့ထဲ'
' မမ ဘယ်ချိန်ပြန်မှာလဲ'
'မပြန်ဘူး နင်တို့နဲ့လိုက်အိပ်မှာ'
'အဲ့ဒါကြောင့်နေမှာ သမီးညက အိမ်မက်ဆိုးတွေမက်နေတာ ဟိုအိမ်မှာ ဒီထက်အမောပြေစရာလေးတွေရှိသေးတယ် ဟီး။ ဒါတောင် ညကအိမ်မက်မကောင်းလို့ ထရှင်းလိုက်သေးတယ် ဟူး ကံကောင်းလိုက်တဲ့ ငါလေး'
ယုယအပြောကြောင့် ပြည့်ရယ်မိသည်။ တစ်အိမ်လုံးရှင်းပြီးသွားတော့ ညီမသုံးယောက် ပြန်ရန်ပြင်ကြသည်။
' ငါညီမလေးတွေကို မုန့်လိုက်ကျွေးမယ် ။ မုန့်စားပြီးမှ ပြန်ကြမယ် '
မုန့်သွားစားမည့်ဆိုင်မှာ သုံးမှတ်တိုင်လောက်သာဝေး၍ ကားမစီးတော့ပဲ ညီမတစ်တွေစကားပြောရင်း လမ်းလျောက်ခဲ့ကြသည်။ ပြည့်၌ ရှိသည့်အရာတော်တော်များများ ဖြူ့မှာမရှိ။ ဖြူတို့သားအမိမှာလည်း ပြည့်တို့လောက်ရင်းရင်းနှီးနှီးမရှိကြသေး၊ ပြီးတော့ မောင်နှမ ၊ ဖြူ့ဘဝက အထီးကျန်သည်။ ထို့ကြောင့် သူ့အနားကိုကပ်လာသူတိုင်းကို တွယ်ညိတတ်၏။ ပြည့်ထိုအချက်တွေကြောင့်လည်း ဖြူ့ကိုသနားစိတ်ဖြင့် မစွတ်လွှတ်နိုင်ပဲ ပို၍သာချစ်နေမိသည်မဟုတ်ပါလား။
#Sweetdream