ရွှေဖူးစာ ဆုံရာဝယ်

By MiSoe21

217K 6.1K 397

နယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တ... More

ရွှေဖူးစာ ဆုံရာဝယ်
part 2
part3
part4
part 5
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part18
part19
part 20
part21
part 22
part 23
part 24
part25
part 26
part 27
part 28
part 29
Apologize 🙏
part 30
part 31
part 32
part 33
part 34
part 35
final part
ကျေးဇူးတင်လွှာ

part 6

6.1K 196 2
By MiSoe21

☘️ရွှေဖူးစာ ဆုံရာဝယ်....☘️

အပိုင်း(၆)

"မဟုတ်ပါဘူးဆိုဒယ်ဒီရာ သူနဲ့သားတွဲတာမှတစ်လကျော်ပဲရှိသေးတယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သုခအိမ်သို့ပြန်ရောက်သည်နှင့် ဟန်နီရဲ့ကိုယ်ဝန်ကိစ္စဖြင့် မာမီရော ဒယ်ဒီရော မမပါ ဝိုင်းအပြစ်တင်ခြင်းခံနေရသည်။

ဧည့်ခန်းထဲတွင်ထိုင်နေသည့်လူလေးယောက်လုံးတစ်ယောက်မှမျက်နှာမကောင်းကြပါ။

ဆိုဖာပေါ်ကိုယ်လေးနွဲ့မှီကာ အကောင်းစားသိုးမွှေးပုဝါကြီးကိုခြုံရင်း ရှူးဆေးဗူးဖြင့်သားတော်မောင်ကြောင့် သွေးတို့ထနေရသော ဒါ်မြနန်း။

ဦးမင်းမြတ်ကတော့ထိုင်ရာမှထကာ ဧည့်ခန်းထဲခါးထောက်၍ ခေါက်တုံ့ခေါက်ပြန်လျှောက်လို့နေသည်။

သုခထိုင်နေသည့်ဆိုဖာ‌ရှည်၏တစ်ဖက်တွင် ထိုင်ကာ မျက်စောင်းတွေပစ်ထို‌းနေသော သုခ၏အစ်မဖြစ်သူမြနန်းသူဇာ။

"နင်ခုလိုတစ်လပဲတွဲနှစ်လပဲတွဲတွဲဒီကိစ္စက ဖြစ်ပြီးသွားပြီးလေဟဲ့ကောင်စုတ်လေးရဲ့"

သူဇာမောင်ဖြစ်သူကို မချိ့တင်ကဲလေသံဖြင့်အပြစ်ဆိုနေမိသည်။

"ကျစ် မဖြစ်နိုင်ပါဘူးဆိုမမကလည်း ကျွန်တော်ရည်းစားများတာမှန်တယ် တခါမှ စည်းလွတ်ဝါးသတ်မပတ်သက်ဖူးဘူး အဲ့ဒါယောက်ျားဂတိပဲ"

"ဒါဆိုသားလေးပြောချင်တာ ဟိုမိန်းကလေး သက်သက်အကွက်ဆင်တာပေါ့"

"မိန်းမ မင်းကိစ္စတစ်ခုကိုသေချာမသိဘဲ ဘယ်ဘက်မှမလိုက်နဲ့ ကိုမကြိုက်ဘူးနောက်စကားပြောရင် မိန်းကလေးတစ်ယောက်ရဲ့သိက္ခာကိုငဲ့ကွက်ပြီးမှပြောတာကောင်းမယ်"

ဒေါ်မြနန်းအားတက်သရော်လေးပြောလိုက်မိပြီးမှ ယောက်ျားဖြစ်သူရဲ့စကားကြောင့် မျက်စောင်းလေးပစ်ထိုးကာ

"အို ကိုဘာသိလို့လဲ ခုခောတ်မိန်းကလေးတွေကအရှက်သိက္ခာတွေရှိကြတော့တာမဟုတ်ဘူး ရရင်ရသလိုအကောင်ကြီးကြီးပဲလိုက်ဖမ်းနေကြတာ"

"မြ ကိုယ်ပြောနေတယ်လေ ဒီမှာသုခ မင်းဝေ့လည်ကြောင်ပတ်ဖြေမနေနဲ့ မင်းဘက်ကမှန်တယ်ဆိုရင် ဟိုမိန်းကလေးကိုခေါ် မင်းတို့ချင်းမျက်နှာချင်းဆိုင်ပြီးထိပ်တိုက်ဖြေရှင်း"

"ရတယ်လေ သားကတောင် ဝဲကမ်းပဲ"

ပုခုံးနှစ်ဖက်ကိုတွန့်၍ခပ်ပေါ့ပေါ့ပြောနေသည့်သားဖြစ်သူကိုကြည့်ကာရင်လေရသည်။

ကိုယ့်သားကိုယ်ယုံပေမယ့် ခုလိုပေါ့တိပေါ့ပျက်နေနေလို စိတ်မချဖြစ်နေရသည်။

ဦးမင်းမြတ် သားဖြစ်သူကိုကြည့်ရင်း ခေါင်းတရမ်းရမ်းဖြင့် အိမ်ပေါ်ထပ်သို့တက်စွားလေသည်။

ဦးမင်းမြတ် ဧည့်ခန်းထဲတွင်မရှိတော့ဘူးဆိုရင်ပဲ ဒေါ်မြနန်းတို့သားအမိနှစ်ယောက် ပျာပျာသလဲဖြင့် သုခအနားသို့ရောက်ချလာကြသည်။

ဒေါ်မြနန်းက ခုနကလူမမာရုပ်နှင့်မဟုတ်တော့ဘဲ အားမာန်အပြည့်ဖြင့် သားဖြစ်သူဘေးဝင်ထိုက်ကာ သုခလက်ကိုအုပ်ကိုင်၍

"ဒီမယ် သားလေး အဲ့မိန်းမနဲ့တွေ့မယ်ဆိုရင်လေ မာမီတို့ပါလိုက်မယ် ငါ့သားကိုမဟုတ်မဟက်စွက်စွဲတဲ့မိန်းမ ဒေါ်မြနန်းအကြောင်းကောင်းကောင်းသိသွားစေရမယ်"

သူဇာကလည်းအငြိမ်မနေဘဲ မိခင်ကိုကျော်၍ သုခကိုကြည့်ကာ

"ဟုတ်တယ်မောင်လေး ငါ့မောင်ကိုများ လှည်းကျိုးထမ်းခိုင်းချင်တဲ့မိန်းမ ငါတို့ဂုဏ်သိက္ခာကိုညှိုးနွမ်ူအောင်လုပ်တဲ့ မိန်းမကို မမကောင်းကောင်းလက်စင်ပေးပစ်မယ် မမပါလိုက်မယ်"

တစ်ယောက်တစ်ပေါက်ဖြင့် မာန်ဖီနေကြသော အမေနဲ့အစ်မဖြစ်သူကို ကြည့်ကာ လက်မြောက်ပြရင်း ထရပ်လိုက်ကာ

"ကဲ တော်ကြပါတော့ ကျွန်းတော်ပြဿနာကျွန်တော့ဘာသာဖြေရှင်းမယ် ဒါလူငယ်တွေကိစ္စလူငယ်တွေနဲ့ပဲဆိုင်တယ် မာမီနဲ့မမက ကျွန်တော့အတွက်ဒေါသမထွက်ပါနဲ့ ဘာမဟုတ်တာတဲ့ ပူလောင်ပြီး ငါ့မာမီနဲ့မမ အလှပျက်မခံပါ‌နဲ့နော် ခုသားသွားရှင်းမှာမို့ မာမီတို့ကအေးဆေးစောင့်နေ အိုကေ"

"သားလေး"

"မောင်လေး ဟဲ့ အော်"

"မာမီတို့လိုက်ပါမယ်ဆို"

"အေ့လေ အဲ့ကလေးတစ်ကောင်ဟာ"

နောက်ကအမေနှင့်အစ်မတို့ ခြေတရွရွဖြင့် ထိုင်မရထမရဖြစ်ကျန်ခဲ့ကာ အိမ်ရှေ့တွင်ရပ်ထားသောသူ့ကားပေါ်ဝင်ထိုင်လိုက်သည်။

ကားထဲသူထိုင်လိုက်ပြီး ဖုန်းကိုထုတ်ကာ
ဟန်နီဆီသို့ဆက်လိုက်သည်။

"ဟယ်လို ဟန်နီလား ကိုယ်တို့တွေ့နေကြနေရာမှာတွေ့ရအောင်"

.......

လူများစည်းကားနေသော စားသောက်ဆိုင်တစ်ဆိုင်တွင် ဘယ်ဘက်ထောင့်ဆုံးဝိုင်း၌ သုခနှင့်ဟန်နီတို့ထိုင်ဖြစ်ကြသည်။

ဟန်နီကပဲ စတင်၍ မြူးတူးတူးလေးစကားစသည်။

"ပြောပါအုံးကိုရယ် ထူးထူးဆန်းဆန်း ဟန်နီကိုဖုန်းဆက်ရတဲ့အကြောင်းလေး ဟန်နီဖြင့်ဝမ်းသာသွားတာပဲ ဟင့်"

သုခရှေ့က ကိုယ့်မိသားစုကိုတော့ ပူလောင်အောင်လုပ်ပြီး။သူကိုယ်တိုင်ကျအပူပင်ကင်းကင်းရယ်မောနေနိုင်သည့် ဟန်နီ့ကိုကြည့်ကာ စိတ်ထဲဘဝင်မကျဖြစ်မိသည်။

"ကိုယ်ရှေ့ကယောက်ျားက ကိုယ့်ကို မဟုတ်ပါဘူးငြင်နေတာကို ကိုယ်ဝန်သည်မိန်းမကအေးအေးဆေးဆေးရယ်မောနေနိုင်တာ ငါတကယ်အံ့ဩတယ် မင်းကအာဂပဲ"

"ဟန်နီတို့က လောကဒဏ်ရဲ့ရိုက်ပုတ်မှုကို အပြင်းဆုံးခံလာရသူမို့ ဘယ်အရာမဆိုမတုန်လှုပ်တော့ဘူး ကိုလည်းကြားဖူးမှာပါ အိုးကောင်းချင်နာနာပုတ်ရတယ်ဆို ဟန်နီတို့ကအရိုက်အပုတ်နာနာခံခဲ့ရတာမို့ မဖြုန်တော့တာလေ"

"ထားပါတော့ ငါလိုရင်းပဲပြောတော့မယ် မင်းမှာကိုယ်ဝန်ရှိတယ်ပဲထားအုံး မင်းနဲ့ငါ တွဲတဲ့ကာလတစ်လျှောက် ဘယ်တုန်းကများလွန်လွန်ကြူးကြူးဖြစ်ဖူးလို့လဲ ဟမ်"

"အဟင့် အဲ့ဒါတွေအသာထားစမ်းပါ ဟန်နီနဲ့တရားဝင်တဲ့သူက ကို ခုချိန် ဟန်နီ့မှာကိုယ်ဝန်ရှိနေပါတယ်လို့သတင်းလွင့်လိုက်ရင် လူတွေက ကိုနဲ့ရတယ်ပဲထင်မှာပေါ့"

"မင်းရဲ့ daddyဆိုတဲ့ဘဲကြီးနဲ့ကောမဖြစ်နိုင်ဘူးလား"

"Daddyကသူ့မိသားစုနဲ့သူ ပြီးတော့ ဟန်နီနဲ့တရားဝင်တွဲခဲ့တာမှမဟုတ်တာ"

"အဲ့တော့ ငါကလှည်းကျိုးထမ်းပေးရမယ်ပေါ့ အဲ့လိုလား"

"အဟွင့် အဲ့လိုကြီးတော့ တုံးတိကြီးမပြောပါနဲ့ ဟန်နီကကို့ကချစ်လို့ လက်လွတ်မခံနိုင်လို့အပိုင်ကြံတယ်ပဲပြောပါတော့"

"ဒီမှာဟန်နီ ငါကပတ်ဝန်းကျင်ကိုဂရုမစိုက်တက်တာမင်းသိတယ်နော် လူတွေကငါ့ကိုထင်ရင်တောင် ငါမလုပ်ထားတဲ့အတွက် ငါ့အပြစ်မဟုတ်တဲ့ဟာကို ဘယ်တော့မှ ခံယူမှာမဟုတ်ဘူး"

"ကို့မိသားစုကပတ်ဝန်းကျင်ကိုဂရုစိုက်တယ်ဆိုရင်ရော"

ဟန်နီက မေးလေးပင့်ကာ စိန်ခေါ်သလိုလေးပြောလိုက်၍ သူ့မျက်မှောင်ကြုတ်သွားရသည်။

"အဲ့ခါကျရင်တရားဉ‌ပဒေနဲ့ကိုင်ပြီးမင်းကိုထောင်ချပစ်မယ် ဒီနိုင်ငံမှာ တရားတာမတရားတာထက် ငွေများငွေနိုင်တယ်ဆိုတာ မင်းလည်းသိ‌လောက်မှာပေါ့ အဟွင့် "

ဟန်နီက ပြုံးနေသောမျက်နှာကို ချက်ချင်းတည်သွားရကာ လက်သီးကိုကျစ်ကျစ်ဆုပ်၍ သူ့အား ရန်လိုစွာကြည့်လို့နေသည်။

သူကတော့ ဟန်နီ့ကိုရှိဟန်ပင် သဘောမထားဘဲ သူ့လက်မှနာရီကိုပင့်ကြည့်ကာ

"ဟာ ၂နာရီတောင်ထိုးတော့မယ် ဘေဘီလေးတော့စောင့်နေတော့မှာပဲ ဆောရီးဟန်နီရာ ကိုယ့်ကောင်မလေးနဲ့တွေ့ဖို့ချိန်းထားလို့ သွားရတော့မယ် ဒီဝိုင်းကိုရှင်းခဲ့မယ်နော် နောက်ပြီး မင်းရဲ့အရှုပ်ထုတ်တွေကိုရှင်းတာလဲ နောက်ဆုံးပဲ"

"ကို..."

ဟန်နီက ဒေါသကြောင့်မျက်နှာတစ်ခုလုံးနီရဲကာ ခုံကိုလက်သီးဆုပ်ဖြင့် ထုလိုက်လေသည်။

သုခကလည်းမတ်တပ်ထရပ်ကာ အကျဉ်းတန်လွန်းလှသော ဟန်နီမျက်နှာကိုရွံ့ရှာစရာတစ်ခုလို မျက်လုံးမှေး၍ညအထင်သေးစွာကြည့်ရင်း

"ငါတွဲ့သမျှမိန်းကလေးတွေက ငါနဲ့ပြတ်သွားတိုင်းရုပ်ဆိုးသွားကြတာလား ဒါမှမဟုတ်ငါနဲ့တွဲနေတုန်းမှာ ဟန်ဆောင်ပြီးလှချင်ယောင်ဆောင်ထားကြတာလားမသိပေမယ့် ခုတွဲနေတဲ့မိန်းက‌ေလးကမင်းထက်လှနေတာတော့ ယုံလိုက်"

သုခထိုသို့ပြောရင်း မျက်မှန်အနက်ကိုကောက်တပ်ကာ ဆိုင်ထဲမှကျော့ကျော့လေးထွက်သွားလေသည်။

ထိုင်လျက်ကျန်ခဲ့သော ဟန်နီကတော့ ကြိတ်မနိုင်ခဲမရဖြစ်ကာ လက်သီးကိုဆုပ်ရင်း

"အား....."

ခနဲထအော်လိုက်လေရာ ဆိုင်ထဲမှလူများက သူမကို မော်ဒယ်မင်းသမီးတစ်ယောက်မှန်းသိနေကြကာ သူမ၏ပိရိသတ်ဖြစ်သည့် ဝိတ်တာလေးတစ်ယောက်က စာရွက်နှင့်ဘောပင်လေးကိုင်ကာ လက်မှတ်လာထိုးခိုင်းချိန် သူမအော်သံကြောင့်လန့်ပြီး နောက်သို့ပြန်လှည့်သွားလေသည်။

.........

"အိုး....ပြောစရာလိုတဲ့သူတွေမှမဟုတ်တာ မမရဲ့ ပျိုလေးဆိုတာ တခြားသူလည်းမဟုတ်ဘူမြင့်တူမလေးပဲဟာ ကိုကြီးက သမီးလေးအရမ်းလိုချင်ခဲ့တာ ပျိုလေးမွေးပြီးဆုံးသွားတော့ သူ့သမီးလေးကိုတော့မမြင်လိုက်ရရှာဘူး ကဲ့ပါမမရယ် ပျိုလေးကိုမြင့်ဆီမှာပဲထား ဟုတ်ပြီးလား"

"မမတို့လည်း ပထမတော့အတောင်ထားဖို့ပါပဲ ပျိုလေးကဘာမှနားမလည်သေးတဲ့ကလေးမို့စိတ်မချဘူး မြင့်တို့နဲ့ကျ ‌အမျိုးတွေဆိုတော့စိတ်ချတယ်လေ တစ်ခုပဲ မြင့်တို့အတွက် ဝန်ထုပ်ဝန်ပိုးပေးမိမှာ အားနာတယ်"

"အို မမရယ် ဘာတွေအားနာနေတာလည်း မြင့်အစ်ကိုရဲ့သမီးဟာ မြင့်သမီးလေးပဲပေါ့ ပျိုလေးလာနေရင် အိမ်ကပေါက်ကျော်တွေကြောင့်ပဲ ပြန်အားနာရမှာ"

"အဟွင့် ပိုးပိုးတို့ကခုထိဆော့ကြတုန်းပဲလား"

"ဆော့တာမှမျောက်မူးလဲပဲ ညီအစ်မသုံးယောက်ပေါင်းလောငါးကျော်နေတာ ပိုးပိုးနဲ့ဖြိုးဖြိုးကလည်း ပျိုလေးနဲ့ကျောင်းတူတူပဲကျတယ်လေ အိမ်ကအကြီးမနဲ့ သုံးယောက်ကိုကျောင်းလိုက်ပို့လို့ရတာပေါ့"

"ခုလိုပျိုလေးကို လက်ခံပေးတာကျေးဇူးပါမြင့်ရယ် ပျိုလေးအတွက် ကုန်ကျစရိတ်တစ်လသုံးသိန်းမမတို့ဘက်ကတစ်လတစ်ခါပို့ပေးပါ့မယ် လက်ခံပေးပါနော်"

"မမကလည်း အဲ့ဒါတွေမလိုပါဘူးဆို ပျိုလေးကိုပဲ လာပို့လိုက်ကျန်တာအားလုံးမြင့်တို့တာဝန်ထား "

"အဲ့ဒါလေးတော့ လက်ခံပေးပါ မြင့်ရယ် မဟုတ်ရင် မမစိတ်‌မကောင်းဖြစ်နေရမှာ"

"ကဲဒါဆိုလည်းအဲ့သုံးသိန်းကို ပျိုမုန့်ဖိုးပဲထားလိုက်တော့ မြင့် တစ်နေ့တစ်သောင်းခွဲပေးလိုက်မယ် ကျန်တာတော့ မြင့်လက်မခံတော့ဘူးနော်မမ"

"အားနာလိုက်တာ မြင့်ရယ်"

"မမနော် အားနာတယ်ထပ်ပြောရင်မြင့်စိတ်ဆိုးမှာ ဘယ်နေ့လောက် ရန်ကုန်လာဖြစ်မလဲမမ"

"ကျောင်းကနောက်လဖွင့်မှာဆိုတော့ နောက်တစ်ပတ်လောက်နေရင်း မမတို့လာဖြစ်မယ်ထင်တယ်"

"ဟုတ်ကဲ့မမ လာခဲ့ပါ"

"ဒါဆို ဒါပဲနော်မြင့် မမဒီမှာချက်ရပြုတ်ရအုံးမှာမို့ "

"ဟုတ်ကဲ့ မမ"

ဒေါ်မြင့်မုရ်ဦးတစ်ယောက်ဖုန်းချကာ
ဧည့်ခန်းဆိုဖာတွင်ထိုင်ချလိုက်သည်။

သူမထိုရင်းတွေးနေမိသည်က

ကိုကြီးဆုံးသွားတစ်ပျိုလေးတစ်သက်ပဲ ဒီလိုခောတ်ကြီးမှာ နောက်အိမ်ထောင်မပြုဘဲ သားသမီးနှသ်ယောက်ကိုလူတစ်လုံးသူတစ်လုံးဖြစ်အောင် ပျိုးထောင်နိုင်သည့်မမကို မြင့်လေး‌စားမိသည်။

အကြီးကောင်လေး သံလွင်မောင် ဆိုရင်အင်ဂျင်နီယာကြီးတစ်ယောက်တောင်ဖြစ်နေပြီး ခုပျိုလေးကလည်းGTCတက်ဖို့ ရန်ကုန်မှာလာနေတော့မယ် မမသိပ်တော်တယ် ကလေးတွေကို ကိုကြီးမရှိတော့တာတောင် ထူးချွန်အောင်မွေးနိုင်ခဲ့တယ်

ဒေါ်မြင့်မိုရ်ဦးမှာ အိမ်၌သာ အိမ်မှုကိစ္စတွေကိုစီစဉ်ကြီးကျပ်ပြီး မြင့်ယောက်ကျားကရန်ကုန်မြို့၏ ကားရှိုးဒွန်း(car show room)ပေါင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်သည်။

မြင့်၏သမီးကြီး မိုးမြင့်မိုရ် ကစီးပွားရေးဘွဲ့ရထားပြီး သူ့အဖေနှင့်အတူလုပ်ငန်းတွေကိုဦးစီးဦးဆောင်လုပ်နိုင်လေပြီးဖြစ်ကာ ပျိုလေးနှင့်ရွယ်တူ အမွှာညီအစ် ပိုးမြုင့်မိုရ်နှင့် ဖြိုးမြင့်မိုရ်တို့ အမွှာသမီးနှစ်ယောက်လည်းရှိသည်။

သုံးယောက်လုံးက အလုပ်ချိန်နဲ့ကျောင်းချိန်ဘယ်လိုနေကြလဲမသိပေမယ့် အိမ်ပြန်ရောက်တာနဲ့မျောက်လောင်းတွေကိုဖ့စ်လို့ ဟူး....

ပွမ် ပွမ်....

အိမ်ရှေ့မှ ကားဟွန်းသံကြောင့် ဒေါ်မြင့်မိုရ်ဦး အတွေးစတို့ကိုဖြတ်ကာ အိမ်ရှေ့သို့ထွက်ကြည့်လိုက်ချိန်မမနန်းတို့ဖြစ်နေ၍

"ဦးကောင်းရေ မမနန်းတို့လာလို့ တံခါးသွားဖွင့်ပေးပါအုံး"

"ဟုတ်ကဲ့ပါ မမြင့်"

ခြံစောင့် ဦးကောင်း ကအပင်များကိုရေလောင်းနေရာမှခြံတံခါးသို့သွားကာတံခါးဖွင့်ပေးသည်။

ခြံထဲသို့ ကားဖြူလေးတစ်စီးဝင်လာကာ အိမ်ရှေ့ရပ်လိုက်ပြီး ကားပေါ်မှ ဒေါ်မြနန်းနှင့် သုခမင်းမြတ်တို့ထွက်လာလေသည်။

"မမနန်းတို့ပါလား လာ လာအိမ်ထဲဝင် အံ့မယ် ငါ့တူသုခကြီးပါပါလာတာပဲ လာသုခလေး"

ဒေါ်မြင့်မိုရ်တစ်ယောက်ပြုံးပြုံးရွှင်ရွှင်စီးကြိုကာ ဒေါ်မြနန်း၏လက်ကိုကိုင်ရင်း ဧည့်ခန်းထဲသို့ပင့်ဖိတ်လေသည်။

ဒေါ်မြနန်းရော သုခမင်းမြတ်ပါ ပြုံး၍ ဧည့်ခန်းထဲတွင် သုံးယောက်သာ ဝင်ထိုင်ဖ့စ်ကြလေသည်။

"ထွေးထွေးရေ သံပုရာရည်လေးနှစ်ခွက် လာပို့ပေးပါအုံး မမနန်းက သွေးတိုးရှိတော့ သံပုရာရည်လေးသောက်ပေး "

"အဟွင့် ဟုတ်တယ်မြင့်ရေ ဒီကသားတော်မောင်ကြောင့် သွေးကတိုးပြီးရင်းတိုးပဲ"

"မာမီကလည်း"

"ဟင့်ဟင့်"

ထိုစဉ် အိမ်ဖော်မလေးထွေးထွေးရောက်လာပြီး သံပုရာရည်ခွက်ကိုလာချပေးသည်။

"သောက်လိုက်ပါအုံးမမတို့"

ဒေါ်မြနန်းက သံပုရာရည်ကိုတစ်ငုံသောက်ကာ မှန်ခုံပေါ်ပြန်ချလိုက်ပြီး

"မမနန်းတို့လာတာ မြင့်တို့ဆီမရောက်ဖြစ်တာလည်းကြာပြီး နောက် နေရောကောင်းကြရဲ့လားသိချင်လို့ကွဲ့"

"အိမ်ကအားလုံးနေကောင်းပါတယ် ကိုမင်းမြတ်နဲ့ သူဇာလေးတို့ရော နေကောင်းရဲ့လား"

"ကောင်းပါတယ်မြင့် ဒါနဲ့ကလေးတွေရော မတွေ့မိပါလား"

"အဲ့ မျောက်လောင်းသုံးကောင်က ဘယ်တော့မှအိမ်မကပ်ဘူး အကြီးမကလည်းအငယ်တွေနဲ့ပေါင်းပြီး ကလေးလုပ်နေတာ ပြောလည်းမနိုင်ပါဘူး"

"သူတို့ကိုကိုလည်း ဘာထူးလို့လဲ ပေလို့တေလို့ကောင်းတုန်းပဲ"

"သားလည်း အလုပ်ရှိပါတယ် မာမီကလည်း"

"ဟုတ်ပါတယ် ဖ့စ်ဖြစ်မြောက်မြောက်မလုပ်တာလေးတစ်ခုပဲ"

ဒေါ်မြနန်းသားကို နှုတ်ခမ်းလေးမဲ့၍ စောသ်းပြောလိုက်သည်။

"မြင့်သိလား ရှင့်တူက ရည်းစားတွေ မှိုလိုပေါက်အောင်တွဲနေတာ မကောင်းတဲ့မိန်းကလေးတွေနဲ့ဖြစ်သွားမှာနေ့တိုင်းပူနေရတယ် ဒင်းကို မိုးလေးနဲ့ပဲနေရာချပေးရင်ဆကာင်းမလားတွေးနေတာ"

"အမလေး မမန်းရယ် သူတို့နှစ်ယောက်သားပေါင်းထားလိုက်ရင်တော့ အိမ်ပါဇောက်ထိုးဖြစ်ကုန်မယ် မဖြစ်ပါဘူး"

"ဟုတ်တယ် တီမြင့် မိမိုးနဲ့တော့ သားမဖြစ်ဘူး အဲ့အရူးမက အငယ်နှစ်ကောင်နဲ့ပေါင်းပြီး ခုထိ ကလေးလိုလိုခွေးလိုလိုလုပ်လို့ကောင်းနေတုန်း"

"ဟဲ့ သား သူများအမေရှေ့မှာ မြင့်ရယ်အားနာလိုက်တာ"

"အဟင့် ရပါတယ် မမနန်းရယ် သားက ငယ်ငယ်လေးတည်းက နှစ်အိမ်တစ်အိမ်နေလာခဲ့တာဆိုတော့ အတွင်းသိအဆင်းသိတွေဖြစ်နေကြတာလေ ဒါနဲ့ သူဇာလေးကတော်လိုက်တာနော် ခုဆို သူဇာ့brandတွေကနာမည်ကြီးပဲ"

"အဲ့ဒါကြောင့်ဒီသမီးလေးတစ်ယောက်ပဲ အားကိုးနေရတာ သားတစ်ယောက်လေးရှိပါတယ် ဟွန့် ‌မပြောလိုက်ချင်ဘူး"

"မာမီမသိသေးလို့ပါ မမအလုပ်တွေက သားအရည်အချင်းနဲ့ယှဉ်လိုက်ရင်ပါးမွှားလေးမို့ မလုပ်တာ ဒီနိုင်ငံမှာ သားနဲ့လယ်ဗယ်တူတဲ့အလုပ်မတွေ့သေးလို့
ကိုယ့်အရည်အချင်းကိုယ်မထုတ်သုံးချင်သေးလို့သဘောပေါက်"

"အေ့‌ပါ လောလောဆယ် အဲ့ပြောင်ချော‌်ချော်ရုပ်ကိုအရင်ပြင်"

"ဟင့်ဟင့် ဟင့်ဟင့်"

ဒေါ်မြနန်းနှင့် ဒေါ်မြင့်မိုရ်ဦးတို့မှာ အိမ်ထောင်စကျစဉ်တုန်းက အိမ်ချင်းကပ်နေလာခဲ့ကြ၍ ယောက်ျားတွေအလုပ်သွားချိန် တစ်အိမ်နဲ့တစ်အိမ်ကူးလူးနေထိုင်လာကြ၍ ညီအစ်မအရင်းတွေခင်ခဲ့ကြသည်။

သုခနှင့် မိုးမြင်မိုရ်တို့မှာရွယ်တူ‌ေတွဖြစ်ကြပြီး သူတို့ဆယ်တန်းနှစ်လောက်မှာ သုခတို့အိမ်ပြောင်းသွားကြ၍ အရင်လိုမတွေ့ဖြစ်ကြသော်လည်း ဖုန်းနှင့်တော့ဘအမြဲသာကြောင်းမာကြောင်းပြောဖြစ်နေတုန်း အရင်လိုခင်မင်နေကြတုန်းပင်.....

..........

"မေမေကလည်း ပျိုတင်ထားတာ ဘားအံမှာပဲလေ ဘယ်လိုလုပ်ရန်ကုန်ဖြစ်သွားတာလဲ ကိုငယ့်ကို တင်ခိုင်းလိုက်ကာမှအကြီးကြီးမှားသွားတာပဲ"

ဧည့်ခန်းထဲ ဝက်ဝံကြီးကိုပိုက်ကာ သူ့အားမကျေမနပ်ကြည့်နေသော ညီမဖြစ်သူကို မောင်က

"အငယ်မ ငါကနင့်ကိုကောင်းစေချင်လို့ရန်ကုန်ပြောင်းထည့်လိုက်တာ ဟိုမှာဆိုညည်းအမြင်ကျယ် တယ် တက်လမ်းတွေအများကြီးပဲ ကျောင်းပိတ်ရက်မှာတက်ဖို့သင်တန်းတွေလည်း ကိုငယ်joinထားပေးပြီးသားပဲ ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်စမ်းပါအုံး"

"မသိဘူး မတက်ဘူး အဲ့မှာ ဒီမှာပဲတက်မယ် ပျို့သူငယ်ချင်းတွေနဲ့ကျောင်းမတူရင်တောင် အားရင်လိုက်လည်မို့ကို ရန်ကုန်မှာသွားတက်လို့ကတော့ ဘယ်မှာဆုံဖ့စ်ကြတော့မလဲ"

မျက်နှာကြီးစူပုတ်ကာ မတက်ဘူးချည်းညင်းနေသော သမီးဖြစ်သူကို ဒေါ်နုနုအေး သက်ပြင်းလေးချကြည့်ရင်း

"ပျိုလေး မေမေပြောတာသေချာနားထောင် သူငယ်ချင်းဆိုတာ ခင်လို့ရတယ် မတွယ်ရဘူး လူဆိုတာ ကိုယ့်ဘဝအတွက်ကိုယ်အရင်ကြိုးစား ခုတော့ သမီးနားလည်မှာမဟုတ်ဘူး ကြီးလာလို့အိမ်ထောင်တွေဘာတွေကျသွားကြရင် တစ်ယောက်တစ်ဘဝဆီဖြစ်သွားကြမှာပဲ"

"ပျိုတို့က ကြီးလာရင် အိမ်ထောင်မပြုဘဲ တူတူနေကြမယ် ‌ပြောထားတယ်"

စောတကတက်စွာ ခပ်တည်တည်လေးပြောနေသည့်ပျိုလေး။

"ပျို ကလေးကလားတွေလုပ်မနေနဲ့ မေမေ အန်တီလေးကိုအားလုံးပြောပြီးသား ပိုးပိုးတို့ဖြိုးဖြိုးတို့လည်းသမီးနဲ့တစ်ကျောင်းတည်းပဲ အဖော်ရတာပဲ"

"ပျိုက စုစုတို့နဲ့ပဲတက်ချင်တဲ့ဟာကို"

"ပျို ဘယ်လိုဖြစ်နေတာလဲ လောကကြီးမှာ အသက်ရှင်သန်ဖို့ဆို အဖော်မက်နေလို့မရဘူး ကိုယ့်ဟာကိုယ်တစ်ယောက်တည်းရပ်တည်းနိုင်အောင်ကို့းစားရတယ် ပျိုရှေ့ဆက်လျှောက်မဲ့လမ်းမှာ သုခတွေကြီးရှိနေမှာမဟုတ်ဘူး ဒုက္ခတွေ အတိုက်အခံတွေ လှည့်စားမှုတွေ ရှိလာခဲ့ရင် ပျို့ကိုချစ်လို့ စုစုတို့ပိုပိုတို့နွယ်တို့က ဝင်ဖြေရှင်းလို့မရဘူးနော်
ကာယံကံရှင်ဖြစ်တဲ့ပျိုကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရမှာ မေမေပြောနေတာ စုစုလေးတို့နဲ့မပေါင်းနဲ့လို့ပြောနေတာမဟုတ်ဘူး ဖုန်းကနေဆက်သွယ်လို့ရနေတာပဲ နောက် ရက်ကြီးခါကြီးတွေကျောင်းပိတ်ရက်တွေဆို မေမေတို့လာကြိုမှာပေါ့အဲ့ခါကျတွေ့ရမှာပဲဟာနော်"

"မေမေပြောတာ ပျိုနားလည်ပါတယ် ဒါပေမယ့် ပျိုမေမေနဲ့မခွဲနိုင်သေးဘူး အီး"

ကိုယ်ကိုဖက်တွယ်ကာ ရင်ခွင်ထဲတိုးဝင်၍ငိုရှုက်နေသည့် သမီးဖြစ်သူကြောင့် သူမလည်းတစ်ခါမှခဠဲမနေဖူးဘူး မခွဲနိုင်ပါ။
သူမတစ်ကိုယ်ကောင်းဆန်ဆန် အနားမှာပဲသမီးလေးကိုထားလိုက်မယ်ဆိုရင်သမီးလေးရဲ့တက်လမ်းတွေပိတ်သွားလိမ့်မည်။

"ပျို မေမေ့ကိုကြည့်"

ရင်ခွင်ထဲမှ မျက်ရည်များစိုလူးနေသော မျက်နှာလေးကိုဆွဲယူကာ သူမအားကြည့်စေလိုက်သည်။

"လူဘဝက သေတစ်နေ့မွေး‌တစ်နေ့ပဲ ဘယ်အရာမှမတည်မြဲဘူး ခုမဟုတ်ရင်တောင် နောက်တစ်ချိန်ခွဲခွာကြရမှာပဲ
မေမေပြောတာနားလည်လား
တကယ်လို့ မေမေမရှိတော့တဲ့ချိန်ကျရင် မေမေစိတ်ချရအောင်
သမီး ဘဝကိုအရင်တည်ဆောက်ပြီး မေမေ့ရဲ့ကျေးဇူးတွေကိုဆပ်ပေးနိုင်မလား"

"ရွတ် ဟုတ်"

အငိုမျက်နှာလေးဖြင့်ခေါင်းညိတ်ကာမိခင်ကိုဖက်တွယ်ထားသည့်ညီမဖြစ်သူကိုကြည့်ကာ မောင်လည်းစိတ်မကောင်းဖြစ်ရသည်။

သို့သော် ခုလို‌ေြခာက်ကပ်ကပ်အခြေအနေကိုဖြိုခွင်ဖို့ သူကြံရာ

"မေမေ ဘယ်ကဘီးလူးမလေးလည်းမသိဘူး ငါ့မေမေကိုလိုက်ဖက်ထားတယ်ကွာ"

"ကိုငယ်နော်"

"အာ ရုပ်ဆိုစလိုက်တာ နှပ်ချေးတွဲလောင်းနဲ့"

"ဘယ်မှလဲနှပ်ချေး မဟုတ်ဘဲနဲ့လိုက်ပြောနေတယ် ကဲ့ဟယ်"

ဘုတ်

သူ့လက်ထဲမှအရုပ်နှင့် အစ်ကိုဖြစ်သူကိုပစ်ပေါက်လိုက်သည့်ပျို။

"အ... နာတယ် မေမေရေ မေမေ့သမီးသားကိုအနိုင်ကျင့်နေပါတယ် ဗျို့"

"ကိုငယ် အကျင့်ပုတ် တွေ့မယ်"

ဒေါ်နုနုအေး ပတ်ပြေးနေသော သားနှင့်သမီးကိုကြည့်ကာရယ်နေမိသည်။

"ဟင့်ဟင့် ကလေးတွေကျနေတာပဲ"

☘️☘️☘️

စာမစစ်ရသေးဘဲတင်လိုက်တာမို့အမှားပါရင်ခွင့်လွှတ်ပါနော်

Nightingale (နိုက်တင်ဂေး)

Continue Reading

You'll Also Like

5.4M 559K 59
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
3.2M 104K 90
"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်...
1.6M 23.8K 53
တေဇမင်းမောင် =ကလေးမ မင်းကဒီလောက်အရွယ်လေးနဲ့ပိုက်ဆံအတွက် ဒီအလုပ်လုပ်နိုင်တယ်ပေါ့ ကျူလစ်ပျို=ဒါကပျို့အကြောင်းပါ ဦးနဲ့မဆိုင်ဘူး ကျူးလစ်ပန်းလေးတေက "ထာ...
2.3M 343K 164
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...