ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယာ...

By NgaChaukMaKyikeBuu

1.4M 225K 10K

ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy... More

Synopsis
( ၁ )
( ၂ )
( ၃ )
( ၄ )
( ၅ )
( ၆ )
( ၇ )
( ၈ )
( ၉ )
( ၁၀ )
( ၁၁ )
( ၁၂ )
( ၁၃ )
( ၁၄ )
( ၁၅ )
( ၁၆ )
( ၁၇ )
( ၁၉ )
( ၂၀ )
( ၂၁ )
( ၂၂ )
( ၂၃ )
( ၂၄ )
( ၂၅ )
( ၂၆ )
( ၂၇ )
( ၂၈ )
( ၂၉ )
( ၃၀ )
( ၃၁ )
( ၃၂ )
( ၃၃ )
( ၃၄ )
( ၃၅ )
( ၃၆ )
( ၃၇ )
( ၃၈ )
( ၃၉ )
( ၄၀ )
( ၄၁ )
( ၄၂ )
( ၄၃ )
( ၄၄ )
( ၄၅ )
( ၄၆ )
( ၄၇ )
( ၄၈ )
( ၄၉ )
About Chu Feng ( May Contain Spoilers! )
( ၅၀ )
( ၅၁ )
( ၅၂ )
( ၅၃ )
( ၅၄ )
( ၅၅ )
( ၅၆ )
( ၅၇ )
( ၅၈ )
( ၅၉ )
( ၆၀ )
( ၆၁ )
( ၆၂ )
( ၆၃ )
( ၆၄ )
( ၆၅ )
( ၆၆ )
( ၆၇ )
( ၆၈ )
( ၆၉ )
( ၇၀ )
( ၇၁ )
( ၇၂ )
( ၇၃ )
( ၇၄ )
( ၇၅ )
( ၇၆ )
( ၇၇ )
( ၇၈ )
( ၇၉ )
( ၈၀ )
( ၈၁ )
( ၈၂ )
( ၈၃ )
( ၈၄ )
( ၈၅ )
( ၈၆ )
( ၈၇ )
( ၈၈ )
( ၈၉ ) - END
Thank You!

( ၁၈ )

14.9K 2.4K 49
By NgaChaukMaKyikeBuu

<Unicode>

အခန်း ( ၁၈ ) - ရင်ခွဲစစ်ဆေးခြင်း

လော့ကျိုးကျိုးသည် အတွေးကမ္ဘာထဲ မျောလွင့်နေရာမှ အသိပြန်ဝင်လာချိန်တွင် ကားလေးအား လမ်းတစ်နေရာတွင် ထိုးရပ်ထားကာ နံဘေးတွင် လူသွားလမ်းကျဥ်းလေးတစ်ခု ရှိ​ေနသည်ကို တွေ့မြင်လိုက်ရလေ၏။

ချူဖုန်းသည် ကားတံခါးဖွင့်ကာ ဆိုသည် "အပြင်ထွက်ခဲ့"

ထို့နောက် သူလည်း ခုန်ဆင်းကာ ချူဖုန်းဦးဆောင်ရာ လမ်းလေးထဲ လိုက်ခဲ့လေသည်။ အနှီလမ်းကြားလေးသည် မထင်မှတ်စွာပင် အတော်ရှည်ကာ ဆင်းရဲသားတို့ နေထိုင်ရာ အိမ်အိုဟောင်းများ အတန်းလိုက် စီရီလျက် မွန်းကြပ်လောက်အောင် လူများ ပြည့်နှက်ရှုပ်ထွေးနေလေသည်။

စျေးကြီးကြီး ထရန့်ချ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ချူဖုန်းသည် ဤသို့ အိုမင်းနွမ်းကျနေသော ပတ်ဝန်းကျင်နှင့် မလိုက်ဖက်စွာ ထင်းလင်းနေ၏။ သို့သော် ကာယကံရှင်ကမူ မထူးဆန်းတော့သည့်အလား စစ်တပ်ထဲမှ ခြေလှမ်းလျှောက်ပုံထားအတိုင်း လမ်းတွင်းသို့ တိုးဝင်ခဲ့လေသည်။ အချိန်မှာ ညစာစားချိန်၏ ဟိုတစ်ဘက်ကမ်းလွန်အောင် ကျော်နေပြီဆိုသော်လည်း အိမ်တိုင်းလိုလိုပင် တစ်နေ့တာအလုပ်များ ပြီးဆုံး၍ အခုမှ အိမ်ပြန်ရောက်သည့်အလား ချက်ပြုတ်အလုပ်ရှုပ်လျက် တလမ်းလုံး အစားအသောက်ရနံ့များ ဖုံးလွှမ်းနေလေသည်။

ေလာ့ကျိုးကျိုးသည် အနံ့ရလေရာ တံတွေးမျိုချ၍ မေးလိုက်သည် "ကျွန်တော်တို့ ဒီကို ဘာလာလုပ်တာလဲ"

ချူဖုန်းသည် သူ၏ တံတွေးမျိုချသော ဂလုအသံကို ကြားရာ ပြုံးလျက် ဖြေသည် "မင်းကို ညစာ တည်ခင်းဧည့်ခံမလို့လေ"

လမ်းထက်ခင်းထားသော ကျောက်ပြားများသည် မညီမညာဖြင့် မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့် အနိမ့်ပိုင်းများတွင် ရေအိုင်ပါ ဖြစ်ထွန်းနေရာ လမ်းလျှောက်ရတာ အတော်တော့ခက်သည်။

လော့ကျိုးကျိုးသည် မူလကမ္ဘာတွင် ဤကဲ့သို့နေရာမျိုး၌ ငှားနေခဲ့ခြင်းဖြစ်သည်။ သို့သော် ချူဖုန်းကမူ မကြာခဏပင် ခြေလှမ်းရပ်ကာ သူ လျှောက်နိုင်ပါ့မလားဟု စိုးရိမ်လျက် လှည့် လှည့်ကြည့်လေသည်။ ထိုအချိန်တိုင်းလည်း လော့ကျိုးကျိုးအား ကျောက်တုံးကျောက်ခဲစများအပေါ် စိတ်အနှောင့်အယှက်ဖြစ်ပုံ မရှိပဲ ရေအိုင်များတွင်လည်း ပေါ့ပါးစွာ ခုန်ကျော်လျှောက်သည်ကို တွေ့ရ၏။

ချူဖုန်းသည် အောက်တံခါးဖွင့်ဟထားသော အိမ်တစ်အိမ်၏ ရှေ့အဖီမိုးအောက်တွင် ရပ်ကာ အထဲဝင်လာခဲ့သည်။

လော့ကျိုးကျိုးကလည်း ချူဖုန်းနောက်မှ လိုက်ဝင်သွားလိုက်သည်။

ဆိုင်းဘုတ်တစ်ခုတစ်လေ မရှိ၊ ကျယ်လှသည်ဟုလည်း မဆိုနိုင်သော်ငြား ဤနေရာကား စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည့်ပုံပင်။ အထဲတွင် လေးထောင့်ပုံ စားပွဲသုံးလုံးနှင့် ထိုင်ခုံများ စီစီရီရီချထားကာ အကုန်သေချာသန့်ရှင်းထားသဖြင့် တောက်ပြောင်၍နေသည်။

ချူဖုန်းသည် အနီးဆုံးစားပွဲတွင် ဝင်ထိုင်လိုက်ကာ လော့ကျိုးကျိုးအား လက်ဖြင့် ဟန်ပြသည် "လာထိုင်လေ"

လော့ကျိုးကျိုးသည် ချူဖုန်းနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်နေရာယူလိုက်၏။

အသံများကို ကြားသည်ထင့်၊ အသက်လေးဆယ်အရွယ် ယောက်ျားတစ်ယောက်သည် နောက်မီးဖိုချောင်မှ ထွက်လာကာ ချူဖုန်းကို မြင်သောအခါ ပြုံးသည် "ဒီနေ့ ဘာများ သုံးဆောင်ချင်သလဲ"

ချူဖုန်းကလည်း ပြန်ပြုံးပြကာ ဖြေသည် "ထုံးစံပဲပေါ့" ပြီးနောက် ရှေ့ခုံမှ လော့ကျိုးကျိုးအား ညွှန်ပြကာ "ဒီကလေးအတွက်လည်း တစ်ပွဲ"

"ကောင်းပါပြီဗျာ" ချူဖုန်းစကား၌ ထိုယောက်ျားသည် အသံကျယ်လောင်စွာ ဖြေကာ မီးဖိုခန်းထဲ ပြန်ဝင်သွားတော့သည်။

လော့ကျိုးကျိုးမှ ဟိုသည်ဘေးဘီလိုက်ကြည့်​ေနလေရာ ချူဖုန်းက မေးသည် "ဒီနေရာမျိုးမှာ စားဖူးတာ ပထမဆုံးလား"

လော့ကျိုးကျိုးက ခေါင်းခါပြသည်။

သူ ငှားနေခဲ့သော အိမ်မလှမ်းမကမ်းတွင်လည်း ဤသို့ စားသောက်ဆိုင်မျိုး ရှိခဲ့သည်။ အရသာကောင်းလှသည်တော့ မဟုတ်သော်လည်း ေစျးသက်သာကာ အဆင်ပြေသဖြင့် သူ ထိုဆိုင်၏ ပုံမှန်ဖောက်သည်လုပ်ခဲ့လေသည်။

တဖက်တွင် ချူဖုန်းကမူ သူ့အဖြေအား အတည်မှတ်မယူဟန်ဖြင့် ပြုံးရုံသာ ပြုံးသည်။

မကြာမီပင် ဆိုင်ပိုင်ရှင်ဦးလေးကြီးသည် ပန်ကန်ပြားအပိုတစ်ချပ်နှင့်အတူ ပြန်ထွက်လာတော့သည်။

ထို့နောက် နှစ်ဦးရှေ့မှ ပန်းကန်ကိုယ်စီတွင် ခေါက်ဆွဲနှစ်ပွဲချကာ ပန်းကန်ထက်တွင် တူအသန့် နှစ်စုံတင်ပေးလေသည်။

"စားတာပေါ့" ချူဖုန်းသည် ပြုံးရင်း လော့ကျိုးကျိုးကို ပြောလိုက်သည်။

ပန်းကန်ထဲတွင်ကား ကြက်သွန်မြိတ်စိမ်းများကို အပေါ်မှ ဖြန့်အုပ်ထားသည့် ရိုးရှင်းသော ခရမ်းချဥ်သီးနှင့် ကြက်ဥခေါက်ဆွဲပြုတ်ပူလေးတစ်ပွဲ ဖြစ်သည်။ ခေါက်ဆွဲများမှာ အစိမ်းအနီရောင်စုံ ပေါင်းစပ်ထားရာ အကြည့်တစ်ချက်နှင့်တင် သွားရည်ယိုရလောက်အောင် စိုရွှမ်းနေကြသည်။

"ကျေးဇူးပါ" လော့ကျိုးကျိုးသည် ယဥ်ကျေးမနေတော့။ တူများကို ကိုင်ကာ ခေါက်ဆွဲမျှင်တို့ကို ပါးစပ်ထဲသို့ ထိုးသွပ်လိုက်တော့သည်။

တစ်လုပ်နှင့်တင် အရသာရှိလွန်းလှသဖြင့် ဤမျှကောင်းမွန်သော ကြက်ဥခရမ်းချဥ်ခေါက်ဆွဲမျိုးကို သူ တစ်ခါမှ မစားဖူးပါဟု ကောက်ချက်ချရသည် အထိပင်။ သို့ဖြစ်ရာ ခေါင်းတစ်ချက်တောင် မော့မလာတော့ပဲ တစ်လုပ်ပြီး နောက်တစ်လုပ် မရပ်မနားစားပစ်လေတော့သည်။

ဆိုင်ပိုင်ရှင်သည် နောက်ပြန်မဝင်ပဲ အနားမှ ထိုင်ခုံတစ်ခုကို ဆွဲယူလာကာ ချူဖုန်းဘေးထိုင်၍ စကားစမြည်ပြောနေလေသည်။

ချူဖုန်းက မေးသည် "ဦးလေးလျို့ အန်တီလျို့ရော ဒီရက်ပိုင်း ဘယ်လိုနေလဲ"

ဆိုင်ပိုင်ရှင်သည် သက်ပြင်းချကာ ဖြေသည် "ထုံးစံတိုင်းပဲပေါ့ ဦးလေးတို့တော့ ဆွဲဆန့်ထားရတာပဲ ကံကောင်းတာက သူ့ကို ကြည့်ပေးဖို့ ဝမ်ဆုရှိနေတယ်လေ"

ချူဖုန်းသည် ဘာမျှ ထပ်မဆိုတော့။ လော့ကျိုးကျိုးမှ ချောင်းကြည့်ရာ တစ်ဖက်လူအား သူတစ်ခါမှ မမြင်ဖူးသော အကြည့်မျိုးဖြင့် တံခါးဝသို့ မှုန်မှိုင်းစွာ ငေးမောနေသည်ကို တွေ့လိုက်ရ၏။

အချိန်ခဏကြာကာမှ ထပြောလေသည် "ဦးလေးလည်း အတော်ပင်ပန်းပါတယ်လေ"

ဦးလေးလျို့က ဆိုသည် "မင်းဟာလေ အရမ်းကြင်နာတတ်တာပဲ ငါက ဝမ်ဆုနဲ့ ဝမ်ကျွင်းရဲ့ဦးလေး ဝမ်ကျွင်းဆုံးသွားတော့ ခုဆို ဝမ်ဆုပဲ ကျန်တော့တယ် ငါ့ ညီမကို စောင့်ရှောက်ဖို့က ငါ့တာဝန်ပဲပေါ့ အဲ့ဒါကို ဆေးဝါးတွေ ကူနေသေးတယ်..."

နှစ်ဦးကား မေးလိုက်​ဖြေလိုက်ဖြင့် စကားမကုန်နိုင်ပေ။ တစ်ယောက်ကို တစ်ယောက် သိလာသည်မှာ အချိန်အတော်ကြာခဲ့သည့် ပုံပင်။

လော့ကျိုးကျိုးသည် အာရုံစိုက်၍ လိုက်နားထောင်ကာ ခဏကြာသော် နှစ်ယောက်သား ရုတ်တရက် နှုတ်ပြန်ဆိတ်သွားတော့သည်။

တိတ်ဆိတ်မှုတွင် အသံဟူ၍ ချူဖုန်း၏ လက်ထဲမှ မီးခြစ်နှင့် ဆော့ကစားနေ၍ သတ္တုထိခတ်သံသာ ကြားရသည်။

"မင်းအတွက် ပြာခွက်ယူလာပေးမယ်" ဦးလေးလျို့က ထရပ်သည်။

ချူဖုန်းက ဆိုသည် "ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာကြာပြီ"

လော့ကျိုးကျိုးသည် နောက်ဆုံးလက်ကျန် ခေါက်ဆွဲများကို ပါးစပ်ထဲ သွင်းထည့်ပြီးနောက် အရည်ပါမချန် အကုန်သောက်ကာ အပြောင်ရှင်းပစ်လိုက်သည်။ ပန်းကန်လုံးကို အောက်ပြန်ချချိန်တွင်တော့ ချူဖုန်းရော ဦးလေးလျို့ပါ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ဦးလေးလျို့က ပြုံးကာ မေးလာသည် "ထပ်ယူဦးမလား နောက်တစ်ပွဲ ပြင်ပေးမယ်"

လော့ကျိုးကျိုးသည် ညင်သာစွာပင် ခေါင်းခါကာ "ဟင့်အင်း ကျွန်တော် ဗိုက်တင်းနေပြီ"

ထို့နောက် စားပွဲပေါ်မှ စက္ကူတစ်ရှုးဘူးကို ယူကာ တစ်ရှုးတစ်ရွက်ထုတ်၍ ပါးစပ်ကို သုတ်လိုက်သည်။ ချူဖုန်းရှေ့ ပန်းကန်ထဲတွင် ခေါက်ဆွဲများအား ပုံတစ်ချက် မပျက်ပဲ အပြည့်ရှိနေသေးသည်ကို မြင်ရာ မေးလိုက်သည် "ခင်ဗျား မစားဘူးလား"

ချူဖုန်းသည် မီးခြစ်ကို ပြန်သိမ်းကာ ဖြေသည် "ကိုယ်က စားပြီးပြီ" ပြီးနောက် ထရပ်ကာ ဦးလေးလျို့အား ပြောလိုက်သည် "ကျွန်တော် ဒီရက်ပိုင်းအတွင်း အန်တီလျို့နဲ့ လာတွေ့ပါဦးမယ်"

လော့ကျိုးကျိုးသည် သူ ပြန်တော့မည်ဟန် ပြင်နေပြီကို မြင်ရာ လိုက်ထသည်။

လမ်းကြားထဲမှ ပြန်ထွက်လာကာ ကားပေါ် ပြန်ရောက်သောအခါ ချူဖုန်းက ဆိုလာသည် "အလေရှာကို ပြန်ပို့ပေးရတော့မလား"

"ဗျာ" လော့ကျိုးကျိုးသည် အံ့အားသင့်သွားရကာ မေးလိုက်သည် "ကျွန်တော်တို့ ခေါက်ဆွဲစားဖို့အတွက် ဘေးရာ့ဒ်ကို ရောက်လာတာလား"

"အခြားဘာအတွက် ဖြစ်ရမလဲ" ချူဖုန်းက ပြန်ဖြေသည် "ဘာလဲ ပြန်ရတဲ့ အရသာနဲ့ ခရီးစဥ်နဲ့ မတန်ဘူးလား"

လော့ကျိုးကျိုးသည် ပြန်တစိမ့်စိမ့်တွေးပြီးနောက် လျှာသပ်ကာ ပြောလိုက်သည် "တကယ်တန်တယ်"

"ဒီလိုမှပေါ့" ချူဖုန်းက ဆိုသည်။

ကားစက်နှိုးလိုက်သည်ကို မြင်ရာ လော့ကျိုးကျိုးသည် စိတ်ဓာတ်ကျသွားဟန်ဖြင့် မကျေမနပ်အထွန့်တက်၏ "ကျွန်တော်မှ အလေရှာကို မပြန်ချင်သေးတာ..."

"ဒါဆို ဘယ်များ သွားချင်သေးလို့လဲ" ချူဖုန်းက သူ့ကို ကြည့်လာသည်။

လော့ကျိုးကျိုးသည် ရဲစခန်းကိုဟု ဖြေချင်သော်လည်း ပြောရမှာလည်း ကြောက်နေမိရာ ငူငိုင်စွာ ပြန်ကြည့်မိလေသည်။

ချူဖုန်းသည် ထိုအကြည့်ကို မြင်ရာ သတိကြီးကြီး ထားနေဟန်ဖြင့် ပြောသည် "အိမ်တော့ ပြန်မခေါ်ခိုင်းနဲ့နော် ကိုယ်က အသက်မပြည့်သေးတဲ့သူတွေကို မခေါ်ဘူး"

လော့ကျိုးကျိုးက တည်တံ့စွာ ဆိုသည် "ပြောပြီးပြီလေ ကျွန်တော် အသက်ပြည့်ပါတယ်ဆိုနေ"

ချူဖုန်းသည် လက်ခါပြကာ "အသက်ပြည့်လည်း မခေါ်နိုင်ပါဘူး"

လော့ကျိုးကျိုးသည် ထိုင်လျက် စိတ်ဆိုးသွားပြီးနောက် ပြန်စဥ်းစားမိကာ "ခင်ဗျားအိမ်ကို လိုက်ချင်ပါတယ်လို့ ပြောမိလို့လား"

"ဟုတ်သား...ကိုယ့်အိမ်လို့ မပြောဘူးပဲ" ချူဖုန်းသည် စိတ်သက်သာသွားဟန် လုပ်ပြသည်။

ရင်းနှီးနေကျ မျက်နှာထားကို မြင်ရာ လော့ကျိုးကျိုးသည် သူတော့ ထပ်ကစားခံလိုက်ရပြီမှန်း သိသွားသည်။

"ခင်ဗျား...ခင်ဗျားဟာလေ..." လော့ကျိုးကျိုးသည် အံကြိတ်လျက် သင့်လျော်မည့် နာမဝိ​သေသနကို ရှာလိုက်သည်။

"သမန်းဝံပုလွေ မလား" ချူဖုန်းသည် ကားလေးအား လမ်းမဆီသို့ ပြန်ဆွဲတင်ရင်း သူ့စကားကို အဆုံးသတ်ပေးသည်။

လော့ကျိုးကျိုးသည် တစ်ဖက်လူမျက်နှာမှ ဝမ်းမြောက်မှုရိပ်များကို မြင်ကာ သမန်းဝံပုလွေဟူသော စကားသည် ယခင်ကလောက် စော်ကားပုတ်ခတ်သည့် စကားမဟုတ်တော့သလို ခံစားရသည်။

အနှီစကားလုံးသည်ကား ဒိတ်အောက်သွားခဲ့ချေပြီ။

ယာဥ်လေးသည် လမ်းကျဥ်းမှ ထွက်ကာ လမ်းကျယ်ကြီးတစ်ခုဆီ တက်လိုက်လေသည်။ လမ်းနံဘေးမှ ရင်းနှီးထားပြီးသား အဆောက်အဦးများကို ကြည့်ကာ လော့ကျိုးကျိုးသည် ကားလေး၏ ဦးတည်ရပ်မှာ စစ်ဆေးရေးဂိတ်မဟုတ်ပဲ ဘေးရာ့ဒ်ရဲစခန်းမှန်း တန်းသိလိုက်ရသည်။

သူ ချက်ချင်းပင် မျက်လုံးများမှ အရောင်ထတောက်ကုန်ကြကာ အံ့အားတသင့်ဖြင့် ချူဖုန်းအား လှည့်ကြည့်လိုက်လေသည်။

ချူဖုန်းက ပြုံးလျက် ဆိုသည် "ပျော်သွားပြီလား"

"အင်း ပျော်တယ်"

ချူဖုန်းသည် ထပ်မပြုံးမိအောင် ထိန်းလိုက်ကာ "ရဲဌာနရဲ့ လက်ဟောင်းသူခိုးလေး မင်းဆီကနေ ဒီလိုမျိုး ဌာနသွားဖို့အတွက်ဆို ခွန်အားအပြည့်ရှိနေတာကို မြင်ရတာ ကိုယ်တော့ ရဲတွေအစား ဂုဏ်ယူမိပါရဲ့"

လော့ကျိုးကျိုးသည် ချက်ချင်းပင် အပြုံးကို ရုပ်သိမ်းကာ ခပ်တည်တည်ပင် တစ်ဖက်ပြန်လှည့်လျက် စကားထပ်မပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

"မင်းကို မေးစရာတစ်ခုရှိလို့" ချူဖုန်းက ဆိုလာသည် "အလုပ်နဲ့ ဆိုင်တယ်"

လော့ကျိုးကျိုးသည် သူ့အား ထပ်စနေပြန်ပြီဟု ထင်ရာ ကားပြတင်းမှန်အပြင်သို့ ငေးလျက် မလှုပ်။

"အရင်တစ်ခေါက်တုန်းက အလောင်းတွေရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို သေပြီးမှ ဖြစ်ထားတာတွေလို့ မင်း ပြောတာလေ အဲ့ဒါ ကိုယ်တို့ စက်ကိရိယာတွေနဲ့ သေချာပြန်စစ်ကြည့်လိုက်တော့ ဟုတ်နေတယ် မင်းပြောသလိုပဲ သေပြီး ငါးမိနစ်အတွင်း ဖြစ်ထားတာတွေ" ချူဖုန်း၏ လေသံကား ဤတစ်ခေါက်တော့ တည်ကြည်၍နေသည်။

လော့ကျိုးကျိုးသည် အခုမှသာ ခေါင်းပြန်လှည့်ကာ ပြောလိုက်သည် "ပြောသားပဲ"

ချူဖုန်းက အစ်အောက်ကြည့်သည် "အဲ့ဒါ မင်း ဘယ်လိုသိသလဲဆိုတာ ကိုယ့်ကို ပြောပြပါလား"

လော့ကျိုးကျိုးသည် သူ့အား လူထူးဆန်းသဖွယ် ကြည့်ကာ "ကျွန်တော် အရင်တစ်ခါတည်းက သေသေချာချာ ရှင်းပြလိုက်တယ်လေ"

ထိုအကြည့်မှာ အံ့အားသင့်မှု သနားမှုတို့ဖြင့် ရောထွေးနေသည်။ မျက်နှာထက်တွင် 'ခင်ဗျား အဲ့လောက်ထိတုံးသလား' ဟု မရေးထားရုံတမယ်ပင်။

"ဟုတ်သား သူကြီးနဲ့ အယ်လီနော်သင်ပေးတာပေါ့လေ" ချူဖုန်းသည် ပါးစပ်ပိတ်ကာ ထပ်မမေးတော့။

ရဲစခန်းဂိတ်အတွင်းသို့ ဝင်လာရာ လော့ကျိုးကျိုးသည် ဒီတစ်ခေါက်တော့ ချူဖုန်းကို စောင့်ကာ ကားပါကင်ထိုးပြီးမှ စခန်းထဲ အတူလျှောက်ဝင်ခဲ့လိုက်သည်။

'ချန်စီဟန်က ငါလာတဲ့အခါတိုင်း အစည်းအဝေးလုပ်မနေလောက်ပါဘူး' ထို့နောက် စိတ်ထဲမှနေ ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်သည်။

'ချူဖုန်းသာ ဒီနေ့ဘေးရာ့ဒ်ကို ခေါ်မလာခဲ့ရင် ချန်စီဟန်ရှိမှန်းတောင် ငါ မေ့နေမှာ' လော့ကျိုးကျိုး တွေးမိသည်။ ထို့နောက် မိတ်ဖက်ကို ရှာတွေ့ပြီးမှ စိတ်အားထက်သန်မှု လျော့ပါးသည်ထက် လျော့ပါးလာသော သူ့ကိုယ်သူ ရှုတ်ချလိုက်​ေလ၏။

သူ့ကိုယ်သူ ပြောင်းလဲမှ ဖြစ်တော့မည်။

"ဗိုလ်ချုပ်ချူ ရဲမှူးချန်က အစည်းအဝေးလုပ်နေပါတယ်"

ချူဖုန်းအား နှုတ်ဆက်လာသော ရဲအရာရှိထံမှ စကားကို ကြားရာ လော့ကျိုးကျိုးသည် သိပ်တောင်မအံ့သြမိတော့။

ချန်စီဟန်ကား အတောင်ပံများ ထပေါက်ကာ ပျံပြေးမည်မှ မဟုတ်သည်ပင်။ သူ အလျင်လိုစရာ မလိုအပ်။

"အသတ်ခံရသူတွေရဲ့ အကြွင်းအကျန်တွေကို မနက်ဖြန်မနက် သက်ဆိုင်သူတွေက လာယူမယ်တဲ့ဆရာ" ဤကေ့စ်အား ချူဖုန်းကိုင်နေမှန်း သိထားသော ရဲသားတစ်ဦးက ပါးနပ်စွာ သတင်းပေးလာသည်။

ချူဖုန်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် "သိပြီ" ထို့နောက် လော့ကျိုးကျိုးအား ရဲမှူးရုံးခန်းသို့ ခေါ်လာကာ တံခါးဖွင့်ပြီးနောက် အသိပေးသည် "ဒီမှာဆော့ရင်း ခဏစောင့်နေလိုက်"

လော့ကျိုးကျိုးသည် တစ်ဖက်လူမှ အပြင်ထွက်မည့်ဟန်ရသည်ကို တွေ့ရာ "လူသေတွေကို သွားကြည့်မလို့လား"

ချူဖုန်း၏ မျက်ဝန်းများထဲတွင် အမည်ဖော်မရနိုင်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ "ဘာလဲ အတူတူလိုက်ကြည့်ချင်လို့လား"

လော့ကျိုးကျိုး: "...အင်း"

ချူဖုန်းသည် အေးဆေးပင် "လာ သွားမယ်"

လော့ကျိုးကျိုးသည် အလောင်းသွားကြည့်ရမှာကို စိတ်မဝင်စားသော်ငြား ရဲမှူးရုံးခန်းထဲတွင် တစ်ယောက်တည်း မနေခဲ့လိုပေ။

ရဲအရာရှိမှ ဦးဆောင်သည့်နောက် လိုက်ကာ သူ နှင့် ချူဖုန်းတို့သည် ကော်ရစ်တာရှည်ကြီးကို ဖြတ်လျှောက်လျက် မြေအောက်ထပ်ရှိ ရင်ခွဲရုံသို့ ဆင်းခဲ့ကြသည်။ လော့ကျိုးကျိုးသည် ချူဖုန်းနောက်တွင် ရပ်ကာ ရဲအရာရှိမှ သော့ထိုးဖွင့်သည်ကို ကြည့်နေလိုက်သည်။

ထူထပ်သော သတ္တုတံခါးကြီးသည် ကျွီခနဲအသံဖြင့် ပွင့်သွားပြီးနောက် အအေးလှိုင်းတစ်ခုက သုံးဦးအား လာရိုက်ခတ်လိုက်လေသည်။

___

<Zawgyi>

အခန္း ( ၁၈ ) - ရင္ခြဲစစ္ေဆးျခင္း

ေလာ့က်ိဳးက်ိဳးသည္ အေတြးကမၻာထဲ ေမ်ာလြင့္ေနရာမွ အသိျပန္ဝင္လာခ်ိန္တြင္ ကားေလးအား လမ္းတစ္ေနရာတြင္ ထိုးရပ္ထားကာ နံေဘးတြင္ လူသြားလမ္းက်ဥ္းေလးတစ္ခု ရွိ​ေနသည္ကို ေတြ႕ျမင္လိုက္ရေလ၏။

ခ်ဴဖုန္းသည္ ကားတံခါးဖြင့္ကာ ဆိုသည္ "အျပင္ထြက္ခဲ့"

ထို႔ေနာက္ သူလည္း ခုန္ဆင္းကာ ခ်ဴဖုန္းဦးေဆာင္ရာ လမ္းေလးထဲ လိုက္ခဲ့ေလသည္။ အႏွီလမ္းၾကားေလးသည္ မထင္မွတ္စြာပင္ အေတာ္ရွည္ကာ ဆင္းရဲသားတို႔ ေနထိုင္ရာ အိမ္အိုေဟာင္းမ်ား အတန္းလိုက္ စီရီလ်က္ မြန္းၾကပ္ေလာက္ေအာင္ လူမ်ား ျပည့္ႏွက္ရႈပ္ေထြးေနေလသည္။

ေစ်းႀကီးႀကီး ထရန္႔ခ်္ကုတ္အကၤ်ီကို ဝတ္ဆင္ထားေသာ ခ်ဴဖုန္းသည္ ဤသို႔ အိုမင္းႏြမ္းက်ေနေသာ ပတ္ဝန္းက်င္ႏွင့္ မလိုက္ဖက္စြာ ထင္းလင္းေန၏။ သို႔ေသာ္ ကာယကံရွင္ကမူ မထူးဆန္းေတာ့သည့္အလား စစ္တပ္ထဲမွ ေျခလွမ္းေလၽွာက္ပုံထားအတိုင္း လမ္းတြင္းသို႔ တိုးဝင္ခဲ့ေလသည္။ အခ်ိန္မွာ ညစာစားခ်ိန္၏ ဟိုတစ္ဘက္ကမ္းလြန္ေအာင္ ေက်ာ္ေနၿပီဆိုေသာ္လည္း အိမ္တိုင္းလိုလိုပင္ တစ္ေန႔တာအလုပ္မ်ား ၿပီးဆုံး၍ အခုမွ အိမ္ျပန္ေရာက္သည့္အလား ခ်က္ျပဳတ္အလုပ္ရႈပ္လ်က္ တလမ္းလုံး အစားအေသာက္ရနံ့မ်ား ဖုံးလႊမ္းေနေလသည္။

ေလာ့က်ိဳးက်ိဳးသည္ အနံ့ရေလရာ တံေတြးမ်ိဳခ်၍ ေမးလိုက္သည္ "ကၽြန္ေတာ္တို႔ ဒီကို ဘာလာလုပ္တာလဲ"

ခ်ဴဖုန္းသည္ သူ၏ တံေတြးမ်ိဳခ်ေသာ ဂလုအသံကို ၾကားရာ ျပဳံးလ်က္ ေျဖသည္ "မင္းကို ညစာ တည္ခင္းဧည့္ခံမလို႔ေလ"

လမ္းထက္ခင္းထားေသာ ေက်ာက္ျပားမ်ားသည္ မညီမညာျဖင့္ မိုးသည္းထန္စြာ ရြာသြန္းထားမႈေၾကာင့္ အနိမ့္ပိုင္းမ်ားတြင္ ေရအိုင္ပါ ျဖစ္ထြန္းေနရာ လမ္းေလၽွာက္ရတာ အေတာ္ေတာ့ခက္သည္။

ေလာ့က်ိဳးက်ိဳးသည္ မူလကမၻာတြင္ ဤကဲ့သို႔ေနရာမ်ိဳး၌ ငွားေနခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ခ်ဴဖုန္းကမူ မၾကာခဏပင္ ေျခလွမ္းရပ္ကာ သူ ေလၽွာက္နိုင္ပါ့မလားဟု စိုးရိမ္လ်က္ လွည့္ လွည့္ၾကည့္ေလသည္။ ထိုအခ်ိန္တိုင္းလည္း ေလာ့က်ိဳးက်ိဳးအား ေက်ာက္တုံးေက်ာက္ခဲစမ်ားအေပၚ စိတ္အေႏွာင့္အယွက္ျဖစ္ပုံ မရွိပဲ ေရအိုင္မ်ားတြင္လည္း ေပါ့ပါးစြာ ခုန္ေက်ာ္ေလၽွာက္သည္ကို ေတြ႕ရ၏။

ခ်ဴဖုန္းသည္ ေအာက္တံခါးဖြင့္ဟထားေသာ အိမ္တစ္အိမ္၏ ေရွ႕အဖီမိုးေအာက္တြင္ ရပ္ကာ အထဲဝင္လာခဲ့သည္။

ေလာ့က်ိဳးက်ိဳးကလည္း ခ်ဴဖုန္းေနာက္မွ လိုက္ဝင္သြားလိုက္သည္။

ဆိုင္းဘုတ္တစ္ခုတစ္ေလ မရွိ၊ က်ယ္လွသည္ဟုလည္း မဆိုနိုင္ေသာ္ျငား ဤေနရာကား စားေသာက္ဆိုင္တစ္ဆိုင္ ျဖစ္သည့္ပုံပင္။ အထဲတြင္ ေလးေထာင့္ပုံ စားပြဲသုံးလုံးႏွင့္ ထိုင္ခုံမ်ား စီစီရီရီခ်ထားကာ အကုန္ေသခ်ာသန္႔ရွင္းထားသျဖင့္ ေတာက္ေျပာင္၍ေနသည္။

ခ်ဴဖုန္းသည္ အနီးဆုံးစားပြဲတြင္ ဝင္ထိုင္လိုက္ကာ ေလာ့က်ိဳးက်ိဳးအား လက္ျဖင့္ ဟန္ျပသည္ "လာထိုင္ေလ"

ေလာ့က်ိဳးက်ိဳးသည္ ခ်ဴဖုန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံတြင္ ဝင္ေနရာယူလိုက္၏။

အသံမ်ားကို ၾကားသည္ထင့္၊ အသက္ေလးဆယ္အရြယ္ ေယာက္်ားတစ္ေယာက္သည္ ေနာက္မီးဖိုေခ်ာင္မွ ထြက္လာကာ ခ်ဴဖုန္းကို ျမင္ေသာအခါ ျပဳံးသည္ "ဒီေန႔ ဘာမ်ား သုံးေဆာင္ခ်င္သလဲ"

ခ်ဴဖုန္းကလည္း ျပန္ျပဳံးျပကာ ေျဖသည္ "ထုံးစံပဲေပါ့" ၿပီးေနာက္ ေရွ႕ခုံမွ ေလာ့က်ိဳးက်ိဳးအား ညႊန္ျပကာ "ဒီကေလးအတြက္လည္း တစ္ပြဲ"

"ေကာင္းပါၿပီဗ်ာ" ခ်ဴဖုန္းစကား၌ ထိုေယာက္်ားသည္ အသံက်ယ္ေလာင္စြာ ေျဖကာ မီးဖိုခန္းထဲ ျပန္ဝင္သြားေတာ့သည္။

ေလာ့က်ိဳးက်ိဳးမွ ဟိုသည္ေဘးဘီလိုက္ၾကည့္​ေနေလရာ ခ်ဴဖုန္းက ေမးသည္ "ဒီေနရာမ်ိဳးမွာ စားဖူးတာ ပထမဆုံးလား"

ေလာ့က်ိဳးက်ိဳးက ေခါင္းခါျပသည္။

သူ ငွားေနခဲ့ေသာ အိမ္မလွမ္းမကမ္းတြင္လည္း ဤသို႔ စားေသာက္ဆိုင္မ်ိဳး ရွိခဲ့သည္။ အရသာေကာင္းလွသည္ေတာ့ မဟုတ္ေသာ္လည္း ေစ်းသက္သာကာ အဆင္ေျပသျဖင့္ သူ ထိုဆိုင္၏ ပုံမွန္ေဖာက္သည္လုပ္ခဲ့ေလသည္။

တဖက္တြင္ ခ်ဴဖုန္းကမူ သူ႔အေျဖအား အတည္မွတ္မယူဟန္ျဖင့္ ျပဳံး႐ုံသာ ျပဳံးသည္။

မၾကာမီပင္ ဆိုင္ပိုင္ရွင္ဦးေလးႀကီးသည္ ပန္ကန္ျပားအပိုတစ္ခ်ပ္ႏွင့္အတူ ျပန္ထြက္လာေတာ့သည္။

ထို႔ေနာက္ ႏွစ္ဦးေရွ႕မွ ပန္းကန္ကိုယ္စီတြင္ ေခါက္ဆြဲႏွစ္ပြဲခ်ကာ ပန္းကန္ထက္တြင္ တူအသန္႔ ႏွစ္စုံတင္ေပးေလသည္။

"စားတာေပါ့" ခ်ဴဖုန္းသည္ ျပဳံးရင္း ေလာ့က်ိဳးက်ိဳးကို ေျပာလိုက္သည္။

ပန္းကန္ထဲတြင္ကား ၾကက္သြန္ၿမိတ္စိမ္းမ်ားကို အေပၚမွ ျဖန္႔အုပ္ထားသည့္ ရိုးရွင္းေသာ ခရမ္းခ်ဥ္သီးႏွင့္ ၾကက္ဥေခါက္ဆြဲျပဳတ္ပူေလးတစ္ပြဲ ျဖစ္သည္။ ေခါက္ဆြဲမ်ားမွာ အစိမ္းအနီေရာင္စုံ ေပါင္းစပ္ထားရာ အၾကည့္တစ္ခ်က္ႏွင့္တင္ သြားရည္ယိုရေလာက္ေအာင္ စိုရႊမ္းေနၾကသည္။

"ေက်းဇူးပါ" ေလာ့က်ိဳးက်ိဳးသည္ ယဥ္ေက်းမေနေတာ့။ တူမ်ားကို ကိုင္ကာ ေခါက္ဆြဲမၽွင္တို႔ကို ပါးစပ္ထဲသို႔ ထိုးသြပ္လိုက္ေတာ့သည္။

တစ္လုပ္ႏွင့္တင္ အရသာရွိလြန္းလွသျဖင့္ ဤမၽွေကာင္းမြန္ေသာ ၾကက္ဥခရမ္းခ်ဥ္ေခါက္ဆြဲမ်ိဳးကို သူ တစ္ခါမွ မစားဖူးပါဟု ေကာက္ခ်က္ခ်ရသည္ အထိပင္။ သို႔ျဖစ္ရာ ေခါင္းတစ္ခ်က္ေတာင္ ေမာ့မလာေတာ့ပဲ တစ္လုပ္ၿပီး ေနာက္တစ္လုပ္ မရပ္မနားစားပစ္ေလေတာ့သည္။

ဆိုင္ပိုင္ရွင္သည္ ေနာက္ျပန္မဝင္ပဲ အနားမွ ထိုင္ခုံတစ္ခုကို ဆြဲယူလာကာ ခ်ဴဖုန္းေဘးထိုင္၍ စကားစျမည္ေျပာေနေလသည္။

ခ်ဴဖုန္းက ေမးသည္ "ဦးေလးလ်ိဳ႕ အန္တီလ်ိဳ႕ေရာ ဒီရက္ပိုင္း ဘယ္လိုေနလဲ"

ဆိုင္ပိုင္ရွင္သည္ သက္ျပင္းခ်ကာ ေျဖသည္ "ထုံးစံတိုင္းပဲေပါ့ ဦးေလးတို႔ေတာ့ ဆြဲဆန္႔ထားရတာပဲ ကံေကာင္းတာက သူ႔ကို ၾကည့္ေပးဖို႔ ဝမ္ဆုရွိေနတယ္ေလ"

ခ်ဴဖုန္းသည္ ဘာမၽွ ထပ္မဆိုေတာ့။ ေလာ့က်ိဳးက်ိဳးမွ ေခ်ာင္းၾကည့္ရာ တစ္ဖက္လူအား သူတစ္ခါမွ မျမင္ဖူးေသာ အၾကည့္မ်ိဳးျဖင့္ တံခါးဝသို႔ မႈန္မွိုင္းစြာ ေငးေမာေနသည္ကို ေတြ႕လိုက္ရ၏။

အခ်ိန္ခဏၾကာကာမွ ထေျပာေလသည္ "ဦးေလးလည္း အေတာ္ပင္ပန္းပါတယ္ေလ"

ဦးေလးလ်ိဳ႕က ဆိုသည္ "မင္းဟာေလ အရမ္းၾကင္နာတတ္တာပဲ ငါက ဝမ္ဆုနဲ႔ ဝမ္ကၽြင္းရဲ့ဦးေလး ဝမ္ကၽြင္းဆုံးသြားေတာ့ ခုဆို ဝမ္ဆုပဲ က်န္ေတာ့တယ္ ငါ့ ညီမကို ေစာင့္ေရွာက္ဖို႔က ငါ့တာဝန္ပဲေပါ့ အဲ့ဒါကို ေဆးဝါးေတြ ကူေနေသးတယ္..."

ႏွစ္ဦးကား ေမးလိုက္​ေျဖလိုက္ျဖင့္ စကားမကုန္နိုင္ေပ။ တစ္ေယာက္ကို တစ္ေယာက္ သိလာသည္မွာ အခ်ိန္အေတာ္ၾကာခဲ့သည့္ ပုံပင္။

ေလာ့က်ိဳးက်ိဳးသည္ အာ႐ုံစိုက္၍ လိုက္နားေထာင္ကာ ခဏၾကာေသာ္ ႏွစ္ေယာက္သား ႐ုတ္တရက္ ႏႈတ္ျပန္ဆိတ္သြားေတာ့သည္။

တိတ္ဆိတ္မႈတြင္ အသံဟူ၍ ခ်ဴဖုန္း၏ လက္ထဲမွ မီးျခစ္ႏွင့္ ေဆာ့ကစားေန၍ သတၱဳထိခတ္သံသာ ၾကားရသည္။

"မင္းအတြက္ ျပာခြက္ယူလာေပးမယ္" ဦးေလးလ်ိဳ႕က ထရပ္သည္။

ခ်ဴဖုန္းက ဆိုသည္ "ကၽြန္ေတာ္ ေဆးလိပ္ျဖတ္လိုက္တာၾကာၿပီ"

ေလာ့က်ိဳးက်ိဳးသည္ ေနာက္ဆုံးလက္က်န္ ေခါက္ဆြဲမ်ားကို ပါးစပ္ထဲ သြင္းထည့္ၿပီးေနာက္ အရည္ပါမခ်န္ အကုန္ေသာက္ကာ အေျပာင္ရွင္းပစ္လိုက္သည္။ ပန္းကန္လုံးကို ေအာက္ျပန္ခ်ခ်ိန္တြင္ေတာ့ ခ်ဴဖုန္းေရာ ဦးေလးလ်ိဳ႕ပါ သူ႔အား စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရေလသည္။

ဦးေလးလ်ိဳ႕က ျပဳံးကာ ေမးလာသည္ "ထပ္ယူဦးမလား ေနာက္တစ္ပြဲ ျပင္ေပးမယ္"

ေလာ့က်ိဳးက်ိဳးသည္ ညင္သာစြာပင္ ေခါင္းခါကာ "ဟင့္အင္း ကၽြန္ေတာ္ ဗိုက္တင္းေနၿပီ"

ထို႔ေနာက္ စားပြဲေပၚမွ စကၠဴတစ္ရႈးဘူးကို ယူကာ တစ္ရႈးတစ္ရြက္ထုတ္၍ ပါးစပ္ကို သုတ္လိုက္သည္။ ခ်ဴဖုန္းေရွ႕ ပန္းကန္ထဲတြင္ ေခါက္ဆြဲမ်ားအား ပုံတစ္ခ်က္ မပ်က္ပဲ အျပည့္ရွိေနေသးသည္ကို ျမင္ရာ ေမးလိုက္သည္ "ခင္ဗ်ား မစားဘူးလား"

ခ်ဴဖုန္းသည္ မီးျခစ္ကို ျပန္သိမ္းကာ ေျဖသည္ "ကိုယ္က စားၿပီးၿပီ" ၿပီးေနာက္ ထရပ္ကာ ဦးေလးလ်ိဳ႕အား ေျပာလိုက္သည္ "ကၽြန္ေတာ္ ဒီရက္ပိုင္းအတြင္း အန္တီလ်ိဳ႕နဲ႔ လာေတြ႕ပါဦးမယ္"

ေလာ့က်ိဳးက်ိဳးသည္ သူ ျပန္ေတာ့မည္ဟန္ ျပင္ေနၿပီကို ျမင္ရာ လိုက္ထသည္။

လမ္းၾကားထဲမွ ျပန္ထြက္လာကာ ကားေပၚ ျပန္ေရာက္ေသာအခါ ခ်ဴဖုန္းက ဆိုလာသည္ "အေလရွာကို ျပန္ပို႔ေပးရေတာ့မလား"

"ဗ်ာ" ေလာ့က်ိဳးက်ိဳးသည္ အံ့အားသင့္သြားရကာ ေမးလိုက္သည္ "ကၽြန္ေတာ္တို႔ ေခါက္ဆြဲစားဖို႔အတြက္ ေဘးရာ့ဒ္ကို ေရာက္လာတာလား"

"အျခားဘာအတြက္ ျဖစ္ရမလဲ" ခ်ဴဖုန္းက ျပန္ေျဖသည္ "ဘာလဲ ျပန္ရတဲ့ အရသာနဲ႔ ခရီးစဥ္နဲ႔ မတန္ဘူးလား"

ေလာ့က်ိဳးက်ိဳးသည္ ျပန္တစိမ့္စိမ့္ေတြးၿပီးေနာက္ လၽွာသပ္ကာ ေျပာလိုက္သည္ "တကယ္တန္တယ္"

"ဒီလိုမွေပါ့" ခ်ဴဖုန္းက ဆိုသည္။

ကားစက္ႏွိုးလိုက္သည္ကို ျမင္ရာ ေလာ့က်ိဳးက်ိဳးသည္ စိတ္ဓာတ္က်သြားဟန္ျဖင့္ မေက်မနပ္အထြန္႔တက္၏ "ကၽြန္ေတာ္မွ အေလရွာကို မျပန္ခ်င္ေသးတာ..."

"ဒါဆို ဘယ္မ်ား သြားခ်င္ေသးလို႔လဲ" ခ်ဴဖုန္းက သူ႔ကို ၾကည့္လာသည္။

ေလာ့က်ိဳးက်ိဳးသည္ ရဲစခန္းကိုဟု ေျဖခ်င္ေသာ္လည္း ေျပာရမွာလည္း ေၾကာက္ေနမိရာ ငူငိုင္စြာ ျပန္ၾကည့္မိေလသည္။

ခ်ဴဖုန္းသည္ ထိုအၾကည့္ကို ျမင္ရာ သတိႀကီးႀကီး ထားေနဟန္ျဖင့္ ေျပာသည္ "အိမ္ေတာ့ ျပန္မေခၚခိုင္းနဲ႔ေနာ္ ကိုယ္က အသက္မျပည့္ေသးတဲ့သူေတြကို မေခၚဘူး"

ေလာ့က်ိဳးက်ိဳးက တည္တံ့စြာ ဆိုသည္ "ေျပာၿပီးၿပီေလ ကၽြန္ေတာ္ အသက္ျပည့္ပါတယ္ဆိုေန"

ခ်ဴဖုန္းသည္ လက္ခါျပကာ "အသက္ျပည့္လည္း မေခၚနိုင္ပါဘူး"

ေလာ့က်ိဳးက်ိဳးသည္ ထိုင္လ်က္ စိတ္ဆိုးသြားၿပီးေနာက္ ျပန္စဥ္းစားမိကာ "ခင္ဗ်ားအိမ္ကို လိုက္ခ်င္ပါတယ္လို႔ ေျပာမိလို႔လား"

"ဟုတ္သား...ကိုယ့္အိမ္လို႔ မေျပာဘူးပဲ" ခ်ဴဖုန္းသည္ စိတ္သက္သာသြားဟန္ လုပ္ျပသည္။

ရင္းႏွီးေနက် မ်က္ႏွာထားကို ျမင္ရာ ေလာ့က်ိဳးက်ိဳးသည္ သူေတာ့ ထပ္ကစားခံလိုက္ရၿပီမွန္း သိသြားသည္။

"ခင္ဗ်ား...ခင္ဗ်ားဟာေလ..." ေလာ့က်ိဳးက်ိဳးသည္ အံႀကိတ္လ်က္ သင့္ေလ်ာ္မည့္ နာမဝိ​ေသသနကို ရွာလိုက္သည္။

"သမန္းဝံပုေလြ မလား" ခ်ဴဖုန္းသည္ ကားေလးအား လမ္းမဆီသို႔ ျပန္ဆြဲတင္ရင္း သူ႔စကားကို အဆုံးသတ္ေပးသည္။

ေလာ့က်ိဳးက်ိဳးသည္ တစ္ဖက္လူမ်က္ႏွာမွ ဝမ္းေျမာက္မႈရိပ္မ်ားကို ျမင္ကာ သမန္းဝံပုေလြဟူေသာ စကားသည္ ယခင္ကေလာက္ ေစာ္ကားပုတ္ခတ္သည့္ စကားမဟုတ္ေတာ့သလို ခံစားရသည္။

အႏွီစကားလုံးသည္ကား ဒိတ္ေအာက္သြားခဲ့ေခ်ၿပီ။

ယာဥ္ေလးသည္ လမ္းက်ဥ္းမွ ထြက္ကာ လမ္းက်ယ္ႀကီးတစ္ခုဆီ တက္လိုက္ေလသည္။ လမ္းနံေဘးမွ ရင္းႏွီးထားၿပီးသား အေဆာက္အဦးမ်ားကို ၾကည့္ကာ ေလာ့က်ိဳးက်ိဳးသည္ ကားေလး၏ ဦးတည္ရပ္မွာ စစ္ေဆးေရးဂိတ္မဟုတ္ပဲ ေဘးရာ့ဒ္ရဲစခန္းမွန္း တန္းသိလိုက္ရသည္။

သူ ခ်က္ခ်င္းပင္ မ်က္လုံးမ်ားမွ အေရာင္ထေတာက္ကုန္ၾကကာ အံ့အားတသင့္ျဖင့္ ခ်ဴဖုန္းအား လွည့္ၾကည့္လိုက္ေလသည္။

ခ်ဴဖုန္းက ျပဳံးလ်က္ ဆိုသည္ "ေပ်ာ္သြားၿပီလား"

"အင္း ေပ်ာ္တယ္"

ခ်ဴဖုန္းသည္ ထပ္မျပဳံးမိေအာင္ ထိန္းလိုက္ကာ "ရဲဌာနရဲ့ လက္ေဟာင္းသူခိုးေလး မင္းဆီကေန ဒီလိုမ်ိဳး ဌာနသြားဖို႔အတြက္ဆို ခြန္အားအျပည့္ရွိေနတာကို ျမင္ရတာ ကိုယ္ေတာ့ ရဲေတြအစား ဂုဏ္ယူမိပါရဲ့"

ေလာ့က်ိဳးက်ိဳးသည္ ခ်က္ခ်င္းပင္ အျပဳံးကို ႐ုပ္သိမ္းကာ ခပ္တည္တည္ပင္ တစ္ဖက္ျပန္လွည့္လ်က္ စကားထပ္မေျပာဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

"မင္းကို ေမးစရာတစ္ခုရွိလို႔" ခ်ဴဖုန္းက ဆိုလာသည္ "အလုပ္နဲ႔ ဆိုင္တယ္"

ေလာ့က်ိဳးက်ိဳးသည္ သူ႔အား ထပ္စေနျပန္ၿပီဟု ထင္ရာ ကားျပတင္းမွန္အျပင္သို႔ ေငးလ်က္ မလႈပ္။

"အရင္တစ္ေခါက္တုန္းက အေလာင္းေတြရဲ့ ကိုယ္ေပၚက ဒဏ္ရာေတြကို ေသၿပီးမွ ျဖစ္ထားတာေတြလို႔ မင္း ေျပာတာေလ အဲ့ဒါ ကိုယ္တို႔ စက္ကိရိယာေတြနဲ႔ ေသခ်ာျပန္စစ္ၾကည့္လိုက္ေတာ့ ဟုတ္ေနတယ္ မင္းေျပာသလိုပဲ ေသၿပီး ငါးမိနစ္အတြင္း ျဖစ္ထားတာေတြ" ခ်ဴဖုန္း၏ ေလသံကား ဤတစ္ေခါက္ေတာ့ တည္ၾကည္၍ေနသည္။

ေလာ့က်ိဳးက်ိဳးသည္ အခုမွသာ ေခါင္းျပန္လွည့္ကာ ေျပာလိုက္သည္ "ေျပာသားပဲ"

ခ်ဴဖုန္းက အစ္ေအာက္ၾကည့္သည္ "အဲ့ဒါ မင္း ဘယ္လိုသိသလဲဆိုတာ ကိုယ့္ကို ေျပာျပပါလား"

ေလာ့က်ိဳးက်ိဳးသည္ သူ႔အား လူထူးဆန္းသဖြယ္ ၾကည့္ကာ "ကၽြန္ေတာ္ အရင္တစ္ခါတည္းက ေသေသခ်ာခ်ာ ရွင္းျပလိုက္တယ္ေလ"

ထိုအၾကည့္မွာ အံ့အားသင့္မႈ သနားမႈတို႔ျဖင့္ ေရာေထြးေနသည္။ မ်က္ႏွာထက္တြင္ 'ခင္ဗ်ား အဲ့ေလာက္ထိတုံးသလား' ဟု မေရးထား႐ုံတမယ္ပင္။

"ဟုတ္သား သူႀကီးနဲ႔ အယ္လီေနာ္သင္ေပးတာေပါ့ေလ" ခ်ဴဖုန္းသည္ ပါးစပ္ပိတ္ကာ ထပ္မေမးေတာ့။

ရဲစခန္းဂိတ္အတြင္းသို႔ ဝင္လာရာ ေလာ့က်ိဳးက်ိဳးသည္ ဒီတစ္ေခါက္ေတာ့ ခ်ဴဖုန္းကို ေစာင့္ကာ ကားပါကင္ထိုးၿပီးမွ စခန္းထဲ အတူေလၽွာက္ဝင္ခဲ့လိုက္သည္။

'ခ်န္စီဟန္က ငါလာတဲ့အခါတိုင္း အစည္းအေဝးလုပ္မေနေလာက္ပါဘူး' ထို႔ေနာက္ စိတ္ထဲမွေန ကိုယ့္ကိုကိုယ္ ျပန္အားေပးလိုက္သည္။

'ခ်ဴဖုန္းသာ ဒီေန႔ေဘးရာ့ဒ္ကို ေခၚမလာခဲ့ရင္ ခ်န္စီဟန္ရွိမွန္းေတာင္ ငါ ေမ့ေနမွာ' ေလာ့က်ိဳးက်ိဳး ေတြးမိသည္။ ထို႔ေနာက္ မိတ္ဖက္ကို ရွာေတြ႕ၿပီးမွ စိတ္အားထက္သန္မႈ ေလ်ာ့ပါးသည္ထက္ ေလ်ာ့ပါးလာေသာ သူ႔ကိုယ္သူ ရႈတ္ခ်လိုက္​ေလ၏။

သူ႔ကိုယ္သူ ေျပာင္းလဲမွ ျဖစ္ေတာ့မည္။

"ဗိုလ္ခ်ဳပ္ခ်ဴ ရဲမႉးခ်န္က အစည္းအေဝးလုပ္ေနပါတယ္"

ခ်ဴဖုန္းအား ႏႈတ္ဆက္လာေသာ ရဲအရာရွိထံမွ စကားကို ၾကားရာ ေလာ့က်ိဳးက်ိဳးသည္ သိပ္ေတာင္မအံ့ၾသမိေတာ့။

ခ်န္စီဟန္ကား အေတာင္ပံမ်ား ထေပါက္ကာ ပ်ံေျပးမည္မွ မဟုတ္သည္ပင္။ သူ အလ်င္လိုစရာ မလိုအပ္။

"အသတ္ခံရသူေတြရဲ့ အႂကြင္းအက်န္ေတြကို မနက္ျဖန္မနက္ သက္ဆိုင္သူေတြက လာယူမယ္တဲ့ဆရာ" ဤေက့စ္အား ခ်ဴဖုန္းကိုင္ေနမွန္း သိထားေသာ ရဲသားတစ္ဦးက ပါးနပ္စြာ သတင္းေပးလာသည္။

ခ်ဴဖုန္းသည္ မ်က္ေမွာင္ကုတ္ကာ ေျပာလိုက္သည္ "သိၿပီ" ထို႔ေနာက္ ေလာ့က်ိဳးက်ိဳးအား ရဲမႉး႐ုံးခန္းသို႔ ေခၚလာကာ တံခါးဖြင့္ၿပီးေနာက္ အသိေပးသည္ "ဒီမွာေဆာ့ရင္း ခဏေစာင့္ေနလိုက္"

ေလာ့က်ိဳးက်ိဳးသည္ တစ္ဖက္လူမွ အျပင္ထြက္မည့္ဟန္ရသည္ကို ေတြ႕ရာ "လူေသေတြကို သြားၾကည့္မလို႔လား"

ခ်ဴဖုန္း၏ မ်က္ဝန္းမ်ားထဲတြင္ အမည္ေဖာ္မရနိုင္ေသာ အလင္းတန္းတစ္ခု ျဖတ္သန္းသြားကာ "ဘာလဲ အတူတူလိုက္ၾကည့္ခ်င္လို႔လား"

ေလာ့က်ိဳးက်ိဳး: "...အင္း"

ခ်ဴဖုန္းသည္ ေအးေဆးပင္ "လာ သြားမယ္"

ေလာ့က်ိဳးက်ိဳးသည္ အေလာင္းသြားၾကည့္ရမွာကို စိတ္မဝင္စားေသာ္ျငား ရဲမႉး႐ုံးခန္းထဲတြင္ တစ္ေယာက္တည္း မေနခဲ့လိုေပ။

ရဲအရာရွိမွ ဦးေဆာင္သည့္ေနာက္ လိုက္ကာ သူ ႏွင့္ ခ်ဴဖုန္းတို႔သည္ ေကာ္ရစ္တာရွည္ႀကီးကို ျဖတ္ေလၽွာက္လ်က္ ေျမေအာက္ထပ္ရွိ ရင္ခြဲ႐ုံသို႔ ဆင္းခဲ့ၾကသည္။ ေလာ့က်ိဳးက်ိဳးသည္ ခ်ဴဖုန္းေနာက္တြင္ ရပ္ကာ ရဲအရာရွိမွ ေသာ့ထိုးဖြင့္သည္ကို ၾကည့္ေနလိုက္သည္။

ထူထပ္ေသာ သတၱဳတံခါးႀကီးသည္ ကၽြီခနဲအသံျဖင့္ ပြင့္သြားၿပီးေနာက္ အေအးလွိုင္းတစ္ခုက သုံးဦးအား လာရိုက္ခတ္လိုက္ေလသည္။

___

Continue Reading

You'll Also Like

78.8K 6.1K 77
*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့...
135K 10.1K 21
သွားဆရာဝန်​လေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့​​ကျောင်းသား​လေး❣ Author(s): Choda Genre(s):Webtoons / Comedy / Romance / Shounen Ai / Slice Of Life / Sc...
2.7M 289K 200
Wáng Yì(ဝမ်ရိ)ဟာ Novelတစ်ခုရဲ့ အချိန်အပိုင်းအခြားထဲကို မတော်တဆဝင်ရောက်သွားပြီး အဲ့ဝတ္ထုထဲမှာ Villain roleနေရာကနေ သရုပ်ဆောင်ပေးရတဲ့ System Manhuaလေးပါ...
2M 151K 180
Yaoi Ongoing ရည္းစားျဖစ္သူက အိမ္ကိုေရာင္းၿပီးအေႂကြေတြ႔နဲ႔ျပစ္ထားခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးကကံေကာင္းျခင္းေတြ႔ကိုယူေဆာင္လာၿပီးေနာက္ yakuzaေခါင္းေဆာင္နဲ...