Rebirth on the Doors to the C...

By _Ccally_

558K 74.3K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 31_1

6.8K 956 23
By _Ccally_

Unicode

သူမတို့ ကန်တင်းသို့ရောက်လာသည့်အချိန်မှာ ညနေစာစားချိန်ရောက်ပြီဖြစ်သဖြင့် ကန်တင်းတွင် လူအတော်အသင့်ရှိနေလေသည်။သို့သော် ဆေးရုံဝန်ထမ်းများသည် အလုပ်များကြောင့် အစာစားချိန် ပုံမှန်မရှိပေ။

ရှဖန်သည် ယွီသုံအား စားပွဲလွတ်တစ်ခုသို့ ခေါ်လာသည်။

" ဒီမှာထိုင်နေနော်...ကိုယ်စားစရာ သွားယူလိုက်ဦးမယ် "

" အင်း "ယွီသုံ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

ရှဖန်လည်း ပြန်ပြုံးပြလိုက်ပြီးနောက် စားစရာယူရန် ထွက်လာခဲ့သည်။

" ဒေါက်တာရှ...ခင်ဗျားမှာထားတဲ့ ဆန်ပြုတ်ရပြီ "ကန်တင်းမှ စာဖိုမှူးသည် ရှဖန်အား မြင်သောအခါ လှမ်းပြောလာသည်။" ကျွန်‌တော် သွားယူပေးမယ် "

" ကျေးဇူးပါဗျာ "

" မင်းက အရမ်းယဉ်ကျေးတာပဲ! "ထိုသို့ပြောပြီး စာဖိုမှူးသည် မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။

ထိုစားဖိုမှူးသည် သိပ်မကြာခင် ဆန်ပြုတ်အိုးလိုက်ယူလာပြီး ရှဖန်အား ပြောလေသည်။" အခုမှ မီးဖိုပေါ်ကချလာတာဆိုတော့ တော်တော်လေးပူသေးတယ်။သတိထားနော် "

" ကျေးဇူးတင်ပါတယ် "ရှဖန်လည်း စာဖိုမှူးကို ကျေးဇူးတင်စကားပြောပြီး ဆန်ပြုတ်အိုးအား လှမ်းယူလိုက်သည်။

" အဲ့တာကဘာလည်း? "ရှောက်ရိဖန် အနားသို့ချဉ်းကပ်လာသည်ကို သတိမထားမိသောရှဖန်မှာ ရုတ်တရက်ထိတ်လန့်သွားသည်။ရှောက်ရိဖန်သည် အိုးအဖုံးကိုဖွင့်ကြည့်လိုက်သောအခါ မွှေးကြိုင်သည့်ရနံ့ထွက်ပေါ်လာ‌လေသည်။ရှောက်ရိဖန်လည်း ထိုအနံ့ကိုရှုရှိုက်ရင်း " ကြက်သားမှိုဆန်ပြုတ်အနံ့လေးကအရမ်းမွှေးတာပဲ "

" အဖုံးပြန်အုပ်လိုက်! "ရှဖန် ဒေါသထွက်လာသည်။

"‌ ဒါက ယွီသုံအတွက် အထူးသီးသန့်လား?ငါ ဒီလိုအာဟာရပြည့်တဲ့အစားအစာတွေ မစားရတာကြာနေလို့ ငါ့ကိုလည်း တစ်ပန်းကန်လောက်တိုက်ပါလား "‌ရှောက်ရိဖန် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြောလိုက်သည်။

" ဟာသလုပ်နေတာလား! "

" မတွန့်တိုစမ်းပါနဲ့...ဒီလိုပန်းကန်အကြီးကြီးကို ယွီသုံလည်း ဘယ်နည်းနဲ့မှ ကုန်မှာမဟုတ်ဘူး "‌ရှောက်ရိဖန်သည် ရှဖန်အားကပ်၍ နားပူနားဆာလုပ်နေလေသည်။

" ဒီနေ့မနက်စောစောတုန်းက ယွီသုံက မင်းရဲ့idolလို့ မင်းပြောခဲ့တယ်မလား?အခု ဘာလို့ မင်းidolရဲ့အစားအသောက်တွေကို လုစားဖို့ ကြိုးစားနေရတာလည်း? "

" ကပ်စေးနှဲကောင်! "ရှောက်ရိဖန်လည်း အဖုံးကို ပြန်ပိတ်လိုက်ပြီး စားဖိုမှူးအား မကျေမနပ်စွာဖြင့် ပြောလေသည်။" စားဖိုမှူးကြီး...ခင်ဗျားက ဘာလို့ ရှဖန်အတွက်ပဲ အထူးဟင်းပွဲလုပ်ပေးတာလည်း?ကျွန်တော်လည်း အဲ့လိုမျိုးစားချင်တယ် "

" Oh...ဟားဟား...နောက်ရက်ပေါ့ကွာ...နောက်ရက် "‌ရှောက်ရိဖန်စနေသည်ကို သိရှိသော စားဖိုမှူးဖြစ်သူသည် ရယ်မောရင်း ပြန်လည်ပြောဆိုလာသည်။

ရှဖန်လည်း ထိုဆန်ပြုတ်အိုးအား ယွီသုံဆီသို့ ယူလာခဲ့ပြီး သူမ၏အရှေ့မှ စားပွဲပေါ်သို့ ချ‌ပေးလိုက်သည်။" ခဏစောင့်ဦးနော်...ကိုယ် ပန်းကန်လုံးနဲ့ဇွန်းသွားယူလိုက်ဦးမယ် "

" ဟုတ်ကဲ့ "ရှဖန် မီးဖိုချောင်သုံးပစ္စည်းများ ထားသည့်နေရာသို့ ထသွား‌သောအခါ သူမ သိလိုစိတ်ဖြင့် အိုးအဖုံးကိုဖွင့်ကြည့်လိုက်သည့်အချိန် စားချင်စဖွယ်ဖြစ်သည့် ကြက်သားမှိုဆန်ပြုတ်ကို မြင်လိုက်ရသည်။

ထိုစဉ် ရှဖန်ပြန်ရောက်လာပြီး သူမအား ဇွန်းလှမ်းပေးကာ ပန်းကန်လုံးတစ်လုံးကို သူမအ‌ရှေ့၌ ချပေး‌လေသည်။

ယွီသုံလည်း ရယ်ရင်းဖြင့် ဇွန်းကိုလှမ်းယူလိုက်ကာ ရှဖန်အား ပြောလိုက်သည်။" ရှင်က ကျွန်မကို က‌လေးတစ်ယောက်လို ဆက်ဆံနေတော့တာပဲ "

" ကလေး‌တွေက မကြာခဏ ငိုယိုပြီးတော့ ပြဿနာလည်းရှာကြတယ်လေ ... မင်းက ဒီလောက်လိမ္မာနေတာကို ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလည်း? " ထိုသို့ပြောပြီး ရှဖန်သည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ့အတွက်ပါ ဆန်ပြုတ်တစ်ပန်းကန်ထည့်လိုက်သည်။

" အရမ်းအရသာရှိတာပဲ! "

" မင်းရဲ့အသံက ဘယ်လိုလုပ်ပြီး ဘဝတစ်‌လျှောက်လုံး ဆန်ပြုတ်မစားဖူးတဲ့သူလို ဖြစ်နေရတာလည်း? "ရှဖန် စလိုက်သည်။

" သေချာပေါက် နီးစပ်တာပေါ့။ကျွန်မ ဆန်ပြုတ်မစားရတာ ၇နှစ်၊၈နှစ်လောက်ရှိနေပြီ "ယခင်ဘဝက သူမသည် အလုပ်စွဲလမ်းသူတစ်ဦးဖြစ်သောကြောင့် မနက်စောစောအိပ်ယာထရန် အခက်အခဲရှိလေသည်။ထို့ကြောင့် မကြာခဏ မနက်စာမစားဖြစ်သည့်အပြင် စားသည့်အခါအများစု၌လည်း အသင့်စားအစားအစာများကိုသာ စားဖြစ်လေသည်။သူမမှာ ဆန်ပြုတ်စားရမယ့်အချိန် ဘယ်လိုလုပ်ရှိမှာလည်း?

" ၇နှစ်၊၈နှစ်? "ရှဖန် အံ့အားသင့်သွားသည်။

" Ah!အင်း...ဟားဟား... "သူမဆိုလိုရင်းကို သဘောပေါက်သွားပြီး ဘာပြောရမည်မှန်း မသိသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် ရယ်သာရယ်နေလိုက်တော့သည်။

" ဆန်ပြုတ်က အစာအိမ်အတွက်ကောင်းတယ်။မင်းက အမြဲနောက်ကျမှအိပ်ရတဲ့အပြင် မနက်စာလည်း မကြာခဏဆိုသလိုလွတ်တတ်‌တော့ အခွင့်အရေးရတုန်း များများစားနော် "

" ကျွန်မ အများကြီးစားပါ့မယ် "

ယွီသုံလည် အနည်းငယ်စားပြီးသည့်နောက် ပတ်ဝန်းကျင်မှလူများကို လိုက်ကြည့်လိုက်သည့်အခါ ထမင်း သို့မဟုတ် အခြားရိုးရှင်းသည့်စားစရာများကိုသာ စားနေကြသည့်အတွက် သူမ ရှဖန်အား မေးလိုက်သည်။" ရှင် တစ်‌နေ့လုံးအလုပ်ရှုပ်နေတာကို ဒီဆန်ပြုတ်လေးစားရုံနဲ့ လုံလောက်လို့လား?အခြား တစ်ခုခု ထပ်စားချင်သေးလား? "

" ကိုယ် စောစောက ပေါင်မုန့်စားထားသေးတယ်။အဲ့တာကြောင့် အခု ဗိုက်သိပ်မဆာဘူး "

" အော် "

ယွီသုံ ဘာမှထပ်မပြောတော့ဘဲ ဆန်ပြုတ်ကုန်အောင်သာ သောက်နေလိုက်သည်။ခဏကြာပြီးသည့်နောက် သူမပန်းကန်ထဲမှ ဆန်ပြုတ်များအားလုံး ကုန်သွားလေတော့သည်။

ဘာမှမရှိတော့သည့်ပန်းကန်လုံးကို သူမငုံ့ကြည့်လိုက်ပြီးနောက် ခဏငြိမ်နေပြီးသောအခါ ထိုပန်းကန်လုံးကို ရှဖန်ဆီသို့ တွန်း‌ပေးလိုက်သည်။

ရှဖန်သည် နားမလည်စွာဖြင့် ခေါင်းမော့ကြည့်လာသည်။

" နောက်ထပ် တစ်ပန်းကန်လောက်! "ထိုသို့ပြောပြီး ချိုသာစွာပြုံးပြလိုက်သည်။

ရှဖန်လည်း ရယ်လိုက်ပြီးနောက် သူ၏ဇွန်းကို ချထားလိုက်ပြီး သူမဆီမှ ပန်းကန်လုံးကို ယူလိုက်သည်။

" ဘယ်လောက်တောင် ချစ်နေကြတာပါလိမ့်! " ‌ရှောက်ရိဖန်သည် ထိုစုံတွဲနှင့် သိပ်မဝေးသည့် စားပွဲဝိုင်းတစ်ခု၌ ထိုင်နေလေသည်။၎င်းကိုမြင်သောအခါ သက်ပြင်းချ၍ သူနာပြုလော့အား ညည်းညူပြောလိုက်သည်။

" သူတို့က လက်ထပ်ပြီးခါစစုံတွဲဆို‌တော့ ဒါမျိုးက သာမန်ပါပဲ "သူနာပြုလော့က ပြန်ဖြေလိုက်သည်။

" ဒါက လက်ထပ်ပြီးခါစစုံတွဲဖြစ်လို့တင်မကပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြလို့ပါ "ရှောက်ရိဖန် အံ့ဩမိသည်။" ဒါပေမယ့် အရင်က ရှဖန်ရဲ့ ဒီလိုမျိုးပြုမူတဲ့ပုံစံကို တစ်ခါမှမတွေ့ဖူးဘူး "

ရှဖန်သည် အန်အန်းနှင့်ချစ်ကျွမ်းဝင်ခဲ့စဉ်ကလည်း ထိုကဲ့သို့ လုံးဝမပြုမူဖူးပေ။အရင်က ရှဖန်တို့ချိန်းတွေ့တဲ့အချိန် သူလိုက်လာရင်တောင်မှ တစ်ခါမှ စိတ်ကသိကအောက် မဖြစ်ဖူးဘူး။အခုတော့ ၅မီတာအကွာအဝေးလောက်ကနေတောင် မျက်မမြင်တစ်ယောက်လို နေနေရတယ်။

" သူတို့က ဘယ်မှာ အလွန်အကျွံချစ်ကြည်နူးနေကြလို့လည်း?စားစရာကိုပဲ အတူတူစားနေကြတာပါ။ဒါပေမယ့် ဒီစုံတွဲရဲ့အနီးတစ်ဝိုက်မှာတော့ အခြေအနေက ထူးကဲနေတာပဲ "

" ဟုတ်တယ် "

" ဘာလည်း?ရှင်က ကျွန်မကို အနေရခက်အောင်လုပ်နေတာလား "ရှောက်ရိဖန်၏မျက်လုံးများသည် တလက်လက်တောက်ပနေသည်ကို သူနာပြုလော့သတိထားမိသည်။

" အစ်မလော့ ... အဆင်ပြေတဲ့သူရှိရင် ကျွန်တော်နဲ့မိတ်ဆက်ပေးစမ်းပါ "

" ရှင့်ကို တိတ်တခိုးသဘောကျနေတဲ့ သူနာပြုလေးတွေအများကြီးရှိနေတာတောင်မှ တခြားတစ်ယောက်နဲ့ကျွန်မကို မိတ်ဆက်ပေးခိုင်းတုန်းလား? "သူနာပြုလော့ အံ့အားသင့်သွားသည်။" ကျွန်မတို့ဆေးရုံမှာ ရွှေမင်းသားလေး ၂ယောက်ပဲရှိတာကို တစ်ယောက်က အခုမရနိုင်တော့ဘူး "

အစားစားပြီးသည့်နောက် ရှောက်ရိဖန်သည် သူနာပြုလော့နှင့်အတူ ထွက်လာခဲ့သည်။

ရှဖန်သည်လည်း စားသောက်ပြီးသည့်နောက် အထက်လူကြီးထံသို့ သွားရောက်ခွင့်တောင်းကာ ယွီသုံနှင့်အတူ အိမ်ပြန်လာခဲ့သည်။

" ဒီနေ့ညအလုပ်မသွားဘဲနဲ့ ခွင့်ယူလိုက်နော် "

" အမ်း! "ယွီသုံသည်လည်း သူမအလုပ်များကို ကောင်းမွန်စွာမလုပ်ကိုင်နိုင်လောက်သေးဟု တွေးမိလေသည်။

ဖုန်းမြည်သံ!

ရှဖန်၏ဖုန်းမြည်လာသော‌ကြောင့် အိတ်ထဲမှထုတ်၍ ကြည့်လိုက်‌ပြီးနောက် ယွီသုံဆီသို့ လှမ်းပေးလိုက်သည်။

သူမလည်း ဖုန်းခေါ်ဆိုသူအား ကြည့်လိုက်သောအခါ မားမားရှဖြစ်နေလေသည်။" ကျွန်မ ရှင့်နားလေးကပ်ပေးမယ် "

" ရတယ်...မင်းပဲ ဖြေလိုက်ပါ "

" ဒါပေမယ့် အန်တီက ရှင့်ကို ခေါ်တာလေ "

" အမေကဖုန်း‌ခေါ်တိုင်း အနည်းဆုံး၈ကြိမ်လောက် မင်းအကြောင်းမေးနေတော့တာပဲ "ရှဖန်ရယ်ကာ ပြောလေသည်။

" အမေ! "

" Oh...သုံသုံ သမီးက ရှဖန်နဲ့အတူရှိနေတာလား? "

" ဟုတ်ကဲ့.. ရှဖန်က အခု ကားမောင်းနေလို့ ဖုန်းပြန်မဖြေနိုင်သေးဘူး "

" ရတယ် ... ကိစ္စမရှိဘူးရယ်။ဒါနဲ့သုံသုံ...သမီး အအေးမိနေတာလား?အသံက နည်းနည်းထူးဆန်းနေတယ် "

" Ah...ဟုတ်ကဲ့။သမီး အအေးနည်းနည်းမိခဲ့‌ပေမယ့် အခုကောင်းလုနီးပါးဖြစ်နေပါပြီ "

ရှဖန် နားထောင်ရင်း မျက်မှောင်ကြုံ့လိုက်သော်လည်း ဘာမှဝင်မပြောပေ။

" ဘာဖြစ်တာလည်း?ငါ့သားကတော့ သမီးကို ကောင်းကောင်းဂရုမစိုက်ဘူးထင်တယ်။ဖုန်းspeakerဖွင့်လိုက်ဦး...အမေ သူ့ကိုပြောဦးမယ် "မာမားရှ ရုတ်တရက် စိတ်တိုလာသည်။

" အမေ...အဲ့တာ ရှဖန်အပြစ်မဟုတ်ပါဘူး။သမီးက ရာသီဥတုအခြေအနေ‌ကို ဂရုမစိုက်မိဘဲ အဝတ်အပါးလေးတွေ ဝတ်မိသွားလို့ပါ "

" မဟုတ်ဘူး...အဲ့တာ သူနဲ့လည်းဆိုင်တယ်။သူက အသက်လည်းပိုကြီးတဲ့အပြင် ဆရာဝန်တစ်ယောက်လည်းဖြစ်နေတာကို ဘာလို့ ဘာမှမပြောရတာလည်း? "

" အမေ..ဒီကိစ္စက တစ်ကယ်ပဲ သူ့အပြစ်မဟုတ်ပါဘူး။သူ ကူရှန်ကို အလုပ်ကိစ္စနဲ့ခရီးသွားနေတုန်း သမီးကအအေးမိသွားတာပါ "

" မင်းနေမကောင်းနေတာတောင်မှ သူက အလုပ်ကိစ္စနဲ့ခရီးသွားတုန်းလား?သမီး သူ့ကိုဖုန်းပေးလိုက် "မာမားရှပို၍ပင် ဒေါသထွက်လာသည်။

မိခင်ဖြစ်သူပြောနေသည်များကို ရှဖန်မကြားသော်လည်း ယွီသုံ သူမကိုပြန်ပြောနေသည်ကို နားထောင်ခြင်းဖြင့် ရှဖန်ခန့်မှန်းနိုင်သည်။ယွီသုံသည် သူ့အား အ‌မောတကောဖြင့် ကာကွယ်နေသည်ကို မြင်ရခြင်းဖြင့် အခြေအနေသည် ရယ်စရာကောင်းသည်ဟု သူတွေးမိသည့်အပြင် နွေးထွေးသည့် ခံစားချက်များနှင့် ပြည့်နှက်လာသည်။

" ကိုယ့်နားကို ဖုန်းကပ်ပေးလေ "ယွီသုံမှာ အခက်အခဲဖြစ်နေသောကြောင့် ရှဖန် သူမကိုပြောလိုက်သည်။

" အင်း "

" အမေ "မာမားရှသည် ယွီသုံအားဂရုမစိုက်သည့်အတွက် ရှဖန်အား ကြိမ်းမောင်းပြောဆိုနေဆဲပင်ဖြစ်သည်။

" သားလား? "ထိုအခိုက် အသံပြောင်းသွားမှုကို မာမားရှသတိပြုမိသွားသည်။

" ဟုတ်ကဲ့...ကျွန်တော်ပါ "

" မင်းရဲ့ဂရုစိုက်မှုအောက်မှာ ယွီသုံက ဘယ်လိုလုပ်ပြီး နေမကောင်းဖြစ်ရတာလည်း?မင်း ဆေးကျောင်းတက်ခဲ့တုန်းက မဟုတ်တာတွေပဲ သင်လာတာလား? "

" မင်းကလည်း ဘာ‌တွေမဟုတ်သုတ်ခ‌ ပြောနေတာလည်း?ဆရာဝန်ဆိုတာ လူနာတွေကို ပြုစုကုသပေးဖို့ပဲ သင်ကြားရတာလေ။သူက လူတွေကို ‌နေမကောင်းမဖြစ်အောင် လုပ်ပေးလို့မှမရတာ...မင်း‌ပြော‌နေတာတွေက အကျိုးအကြောင်း မသင့်တော်ဘူး " ဖုန်းတစ်ဖက်မှ ဖခင်၏ငြင်းခုံသံကို ရှဖန် ကြားလိုက်ရသည်။

" ရှင် ပါးစပ်ပိတ်ထားလိုက် "မာမားရှက အော်ဟစ်လိုက်သည်။

မိဘများ၏ကျီစယ်နေမှုကို နားထောင်ရင်း ရှဖန်အော်ရယ်လိုက်လေ‌သည်။

" ဟုတ်ပါတယ်...ကျွန်တော့်အပြစ်ပါ။ကျွန်တော် သူ့ကို ‌သေချာမစောင့်ရှောက်မိလို့ပါ "ထိုသို့ပြောပြီး ခေါင်းကိုစောင်း၍ ယွီသုံကို လှမ်းကြည့်လိုက်သည်။သူမ၏မျက်နှာသည် အခက်တွေ့မှု‌ကြောင့် နီရဲနေလေသည်။

" ကောင်းတယ်...မင်းက ပြောတာကို သ‌ဘောပေါက်လွယ်သားပဲ "ထို့နောက် မာမားရှသည် ရုတ်တရက်အသံတိုးကာ မေးလေသည်။" သုံသုံကိုကြည့်ရတာ နည်းနည်းစိတ်ကသိကအောက်ဖြစ်နေပုံရတယ်မလား? "

ရှဖန်လည်း သူမကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ ပြန်ဖြေလိုက်သည်။" ဟုတ်ကဲ့ "

" ငါ့သား...အမေက မင်းကိုပိုဆူလေ..မင်းကို ပိုကူညီရာရောက်လေဆိုတာ မင်းနားလည်တယ်မလား? "မာမားရှက တိုးတိုးလေးကျိတ်ကာ ပြောလေသည်။

" ကျွန်တော် နားလည်ပါတယ် "ရှဖန်လည်း ခေါင်းငြိမ့်ပြရင်း တဟားဟားရယ်လေ‌တော့သည်။

" မင်း ဉာဏ်များနေတာလား! "ပါပါးရှမှာ မာမားရှ၏ဇာတ်လမ်းဆင်မှုကို လိုက်မမှီတော့ပေ။

" ရှင် သိပ်မကြာခင်မှာ မြေးချီချင်တယ်မလား?ဒါဆို ပါးစပ်ပိတ်ထားလိုက်! "
မာမားရှသည် ပါပါးရှအား အော်ငေါက်ပြီးနောက် ရှဖန်အား ဆက်ပြောလေသည်။" နှစ်သစ်ကူးမှာ ဘာလုပ်မယ်ဆိုတာ ပြောပြီးကြပြီလား?အမေတို့ကတော့ ဒီနှစ်မှာ ယွီသုံရဲ့မိသားစုဆီ လိုက်တွေ့ကြမယ်လို့ မင်းအဖေနဲ့ သဘောတူထားကြတယ် "

" ဗျာ? "

" ဘာကို ' ဗျာ ' လည်း?မနှစ်ကလိုပဲ ဆေးရုံမှာ အချိန်ပိုဆင်းရဲဆင်းကြည့်စမ်းပါ။မင်းရဲ့အထက်လူကြီးတွေကိုလည်း သွားပြောထားလိုက်။မင်းက သူတို့သမီးကို လက်ထပ်ထားပြီးတော့ ယောက္ခမတွေဆီ သွားမလည်လို့ ဖြစ်ပါ့မလား?သူက မင်းကို ကာကွယ်ပေးတယ်ဆိုပြီး သူ့ကိုအနိုင်ကျင့်ဖို့တော့ မစဉ်းစားနဲ့နော် "

" ဟုတ်ကဲ့...ကျွန်တော် သဘောပေါက်ပါပြီ "

" ကောင်းပြီ...အခု ဖုန်းကို သုံသုံ့ဆီပေးလိုက်တော့။အမေ သူနဲ့ပြောလိုက်ဦးမယ် "

ထိုကြောင့် ရှဖန် သူမဘက်သို့လှည့်ကာ ပြောလိုက်သည်။" ကိုယ့်အမေက မင်းနဲ့ပြောချင်လို့တဲ့ "

" ဟုတ်ကဲ့...အမေ "

" ယွီသုံ...အဲ့ဒီကလေးကို ဘယ်လိုသင်ခန်းစားပေးရမလည်းဆိုတာကို အမေ သမီးကို ကူသင်ပေးမယ် "

ယွီသုံ ကားမောင်းနေသည့်ရှဖန်အား အပြစ်ရှိသလို လှမ်းကြည့်လိုက်သည်။

" သမီး သောကြာနေ့မှာ အဲ့ကလေးရဲ့မွေးနေ့ပွဲကို ကျင်းပပေးစရာမလိုဘူး "စိတ်တိုနေသည့်ဟန်ဖြင့် မာမားရှ ပြောလိုက်သည်။

မွေးနေ့?ဒီတစ်ပတ် သော‌ကြာနေ့လား?

သူမ ရှဖန်အား နောက်ထပ်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။

" ဒါဆို...သမီးတို့ကို မနှောင့်ယှက်တော့ဘူး။အမေ အရင်ဖုန်းချလိုက်တော့မယ် "

ဖုန်းချပြီးသည့်နောက် ပါပါးရှသည် မာမားရှအား မေးလေသည်။" ရှဖန်ရဲ့‌မွေးနေ့အကြောင်း ယွီသုံကိုအသိ‌ပေးလိုက်တာလား? "

" ရှင် ဘာတွေပြောနေတာလည်း?သူတို့တွဲလာတာကြာလှပြီကို ယွီသုံက ဘယ်လိုလုပ်ပြီး ရှဖန်မွေးနေ့ကို မသိပဲနေမှာလည်း? "

အမှန်တစ်ကယ်၌ ယွီသုံသည် ရှဖန်၏မွေး‌နေ့ကို လုံးဝမသိခဲ့ပေ။

" ဘာဖြစ်လို့လည်း?အိမ်ရောက်ပြီလေ "ယွီသုံသည် ဖုန်းချပြီးသည့်နောက် တွေဝေနေသဖြင့် ရှဖန် မေးလိုက်သည်။

" ဟင်?အိမ်လား? "ယွီသုံကြည့်လိုက်သည့်အခါ သူမတို့၏တိုက်ခန်းရှေ့၌ ‌ရောက်နေပြီဖြစ်သည်။

" အရင်ဆင်းနှင့်လိုက်လေ။ကိုယ် ပါကင်သွားထိုးလိုက်ဦးမယ် "

" အမ်း "သူမ ထိုင်ခုံခါးပါတ်ကိုဖြုတ်၍ ကားပေါ်မှဆင်းလာခဲ့သည်။

" ခဏစောင့်ဦး! "ရှဖန်သည် ခေါင်းစွပ်ဦးထုပ်ကို ဆွဲထုတ်လိုက်ပြီးနောက် ဂျာကင်နှင့်‌ခေါင်းစွပ်ဦးထုပ်အား ယွီသုံဝတ်ဆင်ရန် ကူညီပေးလေသည်။" အပြင်မှာအေးတယ်။အိမ်ပြန်ရောက်ရင် အပူပေးစက်ကို ချက်ချင်းဖွင့်ပြီးတော့ နွေးလာတဲ့အချိန်မှ ကုတ်အင်္ကျီကို ချွတ်နော် "

" အမ်း "

ထိုသို့ပြောပြီး ကားပါကင်ထိုးရန် ရှဖန်ထွက်သွားလေသည်။၎င်း‌နောက် ရှဖန်သည် ကားပါကင်ထိုး၍ အဆောက်အဦး၏ဝင်ပေါက်သို့ရောက်လာချိန်၌ ယွီသုံမှာ အပြင်ဘက်တွင် မတ်တပ်ရပ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ထို့ကြောင့် မျက်မှောင်ကြုံ့ကာ သူမဆီသို့ အလျင်အမြန်သွား၍ မေးလိုက်သည်။" မင်း ဘာလို့ ဒီမှာ အခုထိရပ်နေတာလည်း? "

" ရှင့်ကိုစောင့်နေတာလေ "

" ကိုယ် မြန်မြန်ပြန်လာပေမယ့်လည်း မင်းက အခုမှ အအေးမိတာကနေ ပျောက်ခါစ ရှိသေးတာလေ "ရှဖန် သူမအားဆူပူ၍ အဆောက်အဦးတံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။

" ကျွန်မတို့က ကြုံတောင့်ကြုံခဲ အိမ်ကိုအတူပြန်လာရလို့ပါ "ယွီသုံ အသံတိုးတိုး‌လေးဖြင့် ပြောလိုက်သည်။

၎င်းကိုကြားသည့်ရှဖန်မှာ သူမ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သော်လည်း ဘာပြောရမည်မှန်းမသိပေ။ထိုအခိုက် ဓာတ်လှေကားရောက်လာသည်။

" အိမ်ပြန်ကြရအောင် "

...

သူမ အိပ်ယာထဲ၌လှဲလျောင်းရင်း ရှဖန်၏ဂရုစိုက်မှုများကို ပြန်လည်တွေးတောနေမိသည်။သူ၏ကြင်နာမှုများ၊သူ၏အပြုံးများ...သူမ၏‌ခေါင်းထဲ၌ ရှဖန်အ‌ကြောင်းများနှင့်သာ ပြည့်နှက်နေသည်။

အရေးပေါ်လူနာဌာနမှာလည်း သူမကို ပွေ့ပိုက်ပြီး ပြေးလွှားခဲ့တယ်။

ကော်ရစ်တာ‌တစ်လျှောက်လည်း သူရဲ့ချောမောခန့်ငြားတဲ့မျက်နှာက သူမကိုကြည့်ပြီးတော့ သူမရဲ့လက်တွေကို သူရဲ့လက်တွေနဲ့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့တယ်။

သူမ စ‌နောက်နေတာတောင်မှ ပြုံးပြီးတော့ သူမပန်းကန်လုံးထဲကို ဆန်ပြုတ်တွေ ထည့်ပေးခဲ့တယ်။

မိန်းမကြီးတစ်ယောက်လိုပဲ အအေးမမိအောင်‌နေဖို့ပြောပြီးတော့ သူမအတွက် စိတ်ပူပန်ပေးတယ်။

အပြင်မှာရပ်ပြီး သူ့ကိုစောင့်နေတာတောင်မှ အပြစ်မတင်ခဲ့ဘူး။

ယွီသုံ စောင်ထဲ၌ နွေးထွေးစွာဖြင့် ဇိမ်ကျနေရင်း ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်များကို တွေးတောနေမိသည်။

သူမ ရှဖန်နဲ့လက်မထပ်ခင်တုန်းက သူက အဆင်‌ပြေတဲ့အတွက် သူ့ကိုသဘောကျလာဖို့အတွက် ကြိုးစားချင်ခဲ့တယ်။ဒါပေမယ့် ရှဖန်...ကျွန်မ ရှင့်ကို သဘောကျနေပြီးသား ဖြစ်ပုံရပါတယ်။

ရှဖန်သည် သူ၏စားပွဲတွင်ထိုင်ကာ စမ်းသပ်မှုအချက်အလက်များကို ပြင်ဆင်နေလေသည်။သို့သော် တစ်နာရီခန့်ကြာပြီးသည်နောက် ရှဖန်သည် စာရွက်များကို ကြည့်မ‌နေ‌နိုင်‌တော့ဘဲ သူ၏မျက်လုံးများမှာ အမြဲလိုပင် အမှတ်တမဲ့ဖြင့် ယွီသုံ၏အခန်းတံခါးသို့တဖြည်းဖြည်းနှင့် ရွေ့သွားလေသည်။

သူ ဘယ်အချိန်ကစပြီးတော့ စိတ်ပျံ့လွင့်လာတာလည်း?

အချစ်နာကျနေတဲ့ လူငယ်လေးတစ်ယောက်လိုမျိုး...

နောက်ဆုံး၌ အလုပ်လုပ်ခြင်းကို ရှဖန်အရှုံးပေးလိုက်သည်။ ထို့နောက် အခန်းထဲသို့ဝင်လာပြီး ကုတ်အင်္ကျီကိုယူကာ ယွီသုံပေးထားသည့် ပိုက်ဆံအိတ်ကိုထုတ်လိုက်သည်။ထိုအိတ်ထဲ၌ ကတ်အနည်းငယ်နှင့်ပိုက်ဆံအနည်းငယ်တို့ကို ထိုးသိပ်ထည့်ထားလေသည်။

ထိုအထဲမှ ကဒ်တစ်ခုကိုထုတ်လိုက်ပြီး စာသားများကို နောက်တစ်ကြိမ်ထပ်ဖတ်ပြန်သည်။

ချစ်ရပါသော မစ္စတာရှဖန်,

ကမ္ဘာပေါ်မှာရှိတဲ့ အ‌ချောအလှလေးတွေ မကျော်လွှားနိုင်တဲ့ မစ္စယွီသုံကို ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ဒါက အနာဂတ်မှာ သူမကို ကောင်းကောင်းဆက်ဆံဖို့အတွက် သတိရအောင်ပေးတဲ့ မစ္စယွီသုံရဲ့ ဝန်ခံစာ‌လေးတစ်ခုဖြစ်ပါတယ်။

စာကြွင်း... ရှင်ဘယ်လောက်ပဲ အလုပ်များပါစေ...အစာစားဖို့ မမေ့နဲ့နော်!
(* ^ _ ^ * )

ထိုစာကိုဖတ်သည့်အချိန်တိုင်း ရှဖန်ရယ်မိလေသည်။

ရှဖန် ၇နှစ်အရွယ်ခန့်က ဖခင်ဖြစ်သူအား အိမ်ရှိအလုပ်များအားလုံးကို ပြုလုပ်ရန် မိခင်ဖြစ်သူမှ စေခိုင်းခြင်းကို ရှဖန်မြင်ဖူးလေသည်။အခြားကလေးများ၏ နူးညံ့ချိုသာသည့် မိခင်တို့နှင့် နှိုင်းယှဉ်လျှင် သူ၏မိခင်မှာ ဖခင်ဖြစ်သူ၏ အလိုလိုက်ခြင်းခံရသည့် အမျိုးသမီးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် ရှဖန် မနေနိုင်တော့ဘဲ ဖခင်ဖြစ်သူအား မေးလိုက်သည်။" အဖေ...အမေက အဖေ့ကို ‌ကောင်း‌ကောင်းမဆက်ဆံတာကို ဘာလို့ အမေနဲ့ လက်ထပ်ခဲ့တာလည်း? "

" မင်းအမေက အဖေ့အပေါ် ကောင်းပါတယ်ကွာ "

" လိမ်တယ် "ရှဖန် မယုံပေ။

" အဖေ မင်းကို ဇာတ်လမ်းတစ်ပုဒ်‌ပြောပြမယ်။အဖေ စစ်သားဘဝတုန်းက ရေကြီးတာကို ကြုံတွေ့ခဲ့ရတယ်။တစ်နေ့မှာ ရေအရမ်းကြီး‌လာပြီး‌ တာတမံပြိုကျလာ‌တော့ စစ်သား‌တစ်ယောက်အ‌နေနဲ့သာမန်ပြည်သူ‌တွေကို ဦးစားပေးပြီး အရင်သွားခိုင်းခဲ့တာပေါ့။နောက်ဆုံးရက်မှာတော့ တာတမံကျိုးကျပြီး ဒါဇင်ပေါင်းများစွာသော ရွာသား‌တွေကို ရေလွှမ်းမိုးသွားခဲ့ရော "

" အဖေရဲ့ရဲဘော်ရဲဘက်တွေနဲ့အဖေက ရေလှိုင်းနဲ့အတူ ပါသွားခဲ့ကြတယ် "ရှဖန်ဖခင်၏မျက်လုံးထဲ၌ မျက်ရည်များရစ်ဝဲနေလေသည်။

" အဖေက ၁၀မိုင်လောက်ဝေးတဲ့ လျှိုမြောင်တစ်ခုထဲ ရောက်သွားခဲ့ပြီးတဲ့‌နောက် ‌ကျေးဇူးတင်စရာကောင်းတာက အဖေက ရေနစ်မသွားဘဲနဲ့ တစ်ရက်လောက် မေ့နေခဲ့တယ်။အဖေနိုးလာတဲ့အချိန် ပထမဆုံးတွေ့လိုက်ရတဲ့သူက မင်းအမေပဲ။သူရဲ့ဖူးရောင်‌နေတဲ့မျက်လုံးလေး‌တွေရယ်၊ရွှံ့ပေ‌နေတဲ့ မျက်နှာလေးရယ်ကို အဖေ အခုထိမှတ်မိသေးတယ် "

" အဖေ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးက အဖေသေပြီလို့ ထင်နေကြပေမယ့် မင်းရဲ့အမေကတော့ မြစ်ရိုးတစ်လျှောက် တစ်နေကုန်လမ်းလျှောက်ပြီးတော့ အဖေ့ကို လိုက်ရှာခဲ့တယ်။တစ်စုံတစ်ယောက်က အများကြီးစိတ်ပူပြီးတော့ အန္တရာယ်တွေ ဘယ်လောက်များပါစေ အဖေ့အတွက် လက်မလျော့တာက အဖေ့ကို တစ်ကယ်ချစ်မြတ်နိုးလို့ပဲ ဖြစ်ရမယ်လို့ အဲ့ဒီအချိန်တုန်းက အဖေတွေးမိလိုက်တယ် "

" Oh! "ရှဖန် နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေလိုက်သည်။" အမေက အဖေ့ကို ကယ်ခဲ့တာပေါ့ "

" မင်း အခုတော့ နားလည်မှာမဟုတ်‌သေးပေမယ့် မင်းကြီးလာလို့ ချစ်သူထားမယ်ဆိုရင် ရုပ်ရည်တစ်ခုတည်းကိုပဲ မကြည့်နဲ့ "

" သားကို လာရှာပြီးကယ်တင်ပေးမယ့်တစ်ယောက်ကို ရှာသင့်တာလား? "ရှဖန် ရိုးသားစွာဖြင့် မေးလိုက်သည်။

" အရူးကောင်လေး...ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး သူရဲ့ချစ်သူကိုပဲ ကယ်တင်ခိုင်းနေရမှာလည်း? "

" ဒါပေမယ့် အမေက အဖေ့ကို ကယ်ခဲ့‌တယ်လေ "ရှဖန်‌လေးသည် မှတ်ဉာဏ်ကောင်းလေသည်။

" မေ့လိုက်တော့!ငါကလည်း ဘာလို့ ကလေးနဲ့ငြင်းနေမိတာလည်းမသိဘူး။အတိုချုံးပြောရရင်‌တော့ အနာဂတ်မှာ မင်းမိန်းမယူမယ်ဆိုရင် အဖေနိုးလာရင် မင်းအမေကိုမြင်ရသလိုမျိုး မင်းရဲ့နှလုံးသားကို နွေးထွေးစေမယ့်သူကို ရှာရမယ် "

ပထမ၌ ဖခင်၏ပြောစကားများကို သူ နားလည်သည်ဟု ရှဖန်‌တွေးမိသော်လည်း ယနေ့မနက်ခင်း ဆေးရုံအပြင်ဘက်တွင် ယွီသုံကိုမြင်လိုက်ရသည့်အချိန်မှ ထိုစကားလုံးများ၏အဓိပ္ပာယ်ကို သေချာ‌သဘောပေါက်နားလည်သွား‌တော့သည်။

ပိုက်ဆံအိတ်၏အရှေ့နှင့်အနောက်ကို လက်ဖြင့် ပွတ်သပ်လိုက်သောအခါ ချောမွေ့သည့်မျက်နှာပြင်ကို မျဉ်းကြောင်းလေးများက ကာဆီးထားသည်။ရှဖန်သည် ထိုအိတ်၏ပုံစံကို သေချာမကြည့်ဖူးပေ။နောက်ဆုံး၌ သိလိုစိတ်ပြင်းပြစွာဖြင့် မီးအိမ်အောက်သို့ ယူ‌၍ ဂရုတစိုက်ကြည့်လိုက်သည်။

ရှဖန် ထိုဒီဇိုင်းကိုမြင်သောအခါ အပြုံးကြီးကြီးပြုံးလိုက်မိသည်။

ငါးအကြီးကြီးတစ်ကောင်ပါလား။

>>>>>

T.B.C
22.9.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

သူမတို႔ ကန္တင္းသို႔ေရာက္လာသၫ့္အခ်ိန္မွာ ညေနစာစားခ်ိန္ေရာက္ၿပီျဖစ္သျဖင့္ ကန္တင္းတြင္ လူအေတာ္အသင့္ရိွေနေလသည္။သို႔ေသာ္ ေဆးရံု၀န္ထမ္းမ်ားသည္ အလုပ္မ်ားေၾကာင့္ အစာစားခ်ိန္ ပံုမွန္မရိွေပ။

ရွဖန္သည္ ယြီသံုအား စားပြဲလြတ္တစ္ခုသို႔ ေခၚလာသည္။

" ဒီမွာထိုင္ေနေနာ္...ကိုယ္စားစရာ သြားယူလိုက္ဦးမယ္ "

" အင္း "ယြီသံု အၿပံဳးေလးျဖင့္ ျပန္ေျဖလိုက္သည္။

ရွဖန္လည္း ျပန္ၿပံဳးျပလိုက္ၿပီးေနာက္ စားစရာယူရန္ ထြက္လာခဲ့သည္။

" ေဒါက္တာရွ...ခင္ဗ်ားမွာထားတဲ့ ဆန္ျပဳတ္ရျပီ "ကန္တင္းမွ စာဖိုမွဴးသည္ ရွဖန္အား ျမင္ေသာအခါ လွမ္းေျပာလာသည္။" ကြၽန္‌ေတာ္ သြားယူေပးမယ္ "

" ေက်းဇူးပါဗ်ာ "

" မင္းက အရမ္းယဉ္ေက်းတာပဲ! "ထိုသို႔ေျပာၿပီး စာဖိုမွဴးသည္ မီးဖိုခန္းထဲသို႔ ၀င္သြားေလသည္။

ထိုစားဖိုမွဴးသည္ သိပ္မၾကာခင္ ဆန္ျပဳတ္အိုးလိုက္ယူလာၿပီး ရွဖန္အား ေျပာေလသည္။" အခုမွ မီးဖိုေပၚကခ်လာတာဆိုေတာ့ ေတာ္ေတာ္ေလးပူေသးတယ္။သတိထားေနာ္ "

" ေက်းဇူးတင္ပါတယ္ "ရွဖန္လည္း စာဖိုမွဴးကို ေက်းဇူးတင္စကားေျပာၿပီး ဆန္ျပဳတ္အိုးအား လွမ္းယူလိုက္သည္။

" အဲ့တာကဘာလည္း? "ေရွာက္ရိဖန္ အနားသို႔ခ်ဉ္းကပ္လာသည္ကို သတိမထားမိေသာရွဖန္မွာ ရုတ္တရက္ထိတ္လန႔္သြားသည္။ေရွာက္ရိဖန္သည္ အိုးအဖံုးကိုဖြင့္ၾကၫ့္လိုက္ေသာအခါ ေမႊးႀကိဳင္သၫ့္ရနံ႔ထြက္ေပၚလာ‌ေလသည္။ေရွာက္ရိဖန္လည္း ထိုအနံ႔ကိုရႈရိႈက္ရင္း " ၾကက္သားမိႈဆန္ျပဳတ္အနံ႔ေလးကအရမ္းေမႊးတာပဲ "

" အဖံုးျပန္အုပ္လိုက္! "ရွဖန္ ေဒါသထြက္လာသည္။

"‌ ဒါက ယြီသံုအတြက္ အထူးသီးသန႔္လား?ငါ ဒီလိုအာဟာရျပၫ့္တဲ့အစားအစာေတြ မစားရတာၾကာေနလို႔ ငါ့ကိုလည္း တစ္ပန္းကန္ေလာက္တိုက္ပါလား "‌ေရွာက္ရိဖန္ ႏႈတ္ခမ္းကို လ်ွာျဖင့္သပ္ကာ ေျပာလိုက္သည္။

" ဟာသလုပ္ေနတာလား! "

" မတြန႔္တိုစမ္းပါနဲ႔...ဒီလိုပန္းကန္အႀကီးႀကီးကို ယြီသံုလည္း ဘယ္နည္းနဲ႔မွ ကုန္မွာမဟုတ္ဘူး "‌ေရွာက္ရိဖန္သည္ ရွဖန္အားကပ္၍ နားပူနားဆာလုပ္ေနေလသည္။

" ဒီေန ့မနက္ေစာေစာတုန္းက ယြီသံုက မင္းရဲ့idolလို႔ မင္းေျပာခဲ့တယ္မလား?အခု ဘာလို႔ မင္းidolရဲ့အစားအေသာက္ေတြကို လုစားဖို႔ ႀကိဳးစားေနရတာလည္း? "

" ကပ္ေစးႏွဲေကာင္! "ေရွာက္ရိဖန္လည္း အဖံုးကို ျပန္ပိတ္လိုက္ၿပီး စားဖိုမွဴးအား မေက်မနပ္စြာျဖင့္ ေျပာေလသည္။" စားဖိုမွဴးႀကီး...ခင္ဗ်ားက ဘာလို႔ ရွဖန္အတြက္ပဲ အထူးဟင္းပြဲလုပ္ေပးတာလည္း?ကြၽန္ေတာ္လည္း အဲ့လိုမ်ိဳးစားခ်င္တယ္ "

" Oh...ဟားဟား...ေနာက္ရက္ေပါ့ကြာ...ေနာက္ရက္ "‌ေရွာက္ရိဖန္စေနသည္ကို သိရိွေသာ စားဖိုမွဴးျဖစ္သူသည္ ရယ္ေမာရင္း ျပန္လည္ေျပာဆိုလာသည္။

ရွဖန္လည္း ထိုဆန္ျပဳတ္အိုးအား ယြီသံုဆီသို႔ ယူလာခဲ့ၿပီး သူမ၏အေရွ ့မွ စားပြဲေပၚသို႔ ခ်‌ေပးလိုက္သည္။" ခဏေစာင့္ဦးေနာ္...ကိုယ္ ပန္းကန္လံုးနဲ႔ဇြန္းသြားယူလိုက္ဦးမယ္ "

" ဟုတ္ကဲ့ "ရွဖန္ မီးဖိုေခ်ာင္သံုးပစၥည္းမ်ား ထားသၫ့္ေနရာသို႔ ထသြား‌ေသာအခါ သူမ သိလိုစိတ္ျဖင့္ အိုးအဖံုးကိုဖြင့္ၾကၫ့္လိုက္သၫ့္အခ်ိန္ စားခ်င္စဖြယ္ျဖစ္သၫ့္ ၾကက္သားမိႈဆန္ျပဳတ္ကို ျမင္လိုက္ရသည္။

ထိုစဉ္ ရွဖန္ျပန္ေရာက္လာၿပီး သူမအား ဇြန္းလွမ္းေပးကာ ပန္းကန္လံုးတစ္လံုးကို သူမအ‌ေရွ ့၌ ခ်ေပး‌ေလသည္။

ယြီသံုလည္း ရယ္ရင္းျဖင့္ ဇြန္းကိုလွမ္းယူလိုက္ကာ ရွဖန္အား ေျပာလိုက္သည္။" ရွင္က ကြ်န္မကို က‌ေလးတစ္ေယာက္လို ဆက္ဆံေနေတာ့တာပဲ "

" ကေလး‌ေတြက မၾကာခဏ ငိုယိုၿပီးေတာ့ ျပႆနာလည္းရွာၾကတယ္ေလ ... မင္းက ဒီေလာက္လိမၼာေနတာကို ဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာလည္း? " ထိုသို႔ေျပာၿပီး ရွဖန္သည္ ထိုင္ခံုတြင္ ၀င္ထိုင္လိုက္ျပီး သူ႔အတြက္ပါ ဆန္ျပဳတ္တစ္ပန္းကန္ထၫ့္လိုက္သည္။

" အရမ္းအရသာရိွတာပဲ! "

" မင္းရဲ့အသံက ဘယ္လိုလုပ္ၿပီး ဘ၀တစ္‌ေလွ်ာက္လံုး ဆန္ျပဳတ္မစားဖူးတဲ့သူလို ျဖစ္ေနရတာလည္း? "ရွဖန္ စလိုက္သည္။

" ေသခ်ာေပါက္ နီးစပ္တာေပါ့။ကြၽန္မ ဆန္ျပဳတ္မစားရတာ ၇နွစ္၊၈နွစ္ေလာက္ရိွေနျပီ "ယခင္ဘ၀က သူမသည္ အလုပ္စြဲလမ္းသူတစ္ဦးျဖစ္ေသာေၾကာင့္ မနက္ေစာေစာအိပ္ယာထရန္ အခက္အခဲရိွေလသည္။ထို႔ေၾကာင့္ မၾကာခဏ မနက္စာမစားျဖစ္သၫ့္အျပင္ စားသၫ့္အခါအမ်ားစု၌လည္း အသင့္စားအစားအစာမ်ားကိုသာ စားျဖစ္ေလသည္။သူမမွာ ဆန္ျပဳတ္စားရမယ့္အခ‌်ိန္ ဘယ္လိုလုပ္ရိွမွာလည္း?

" ၇နွစ္၊၈နွစ္? "ရွဖန္ အံ့အားသင့္သြားသည္။

" Ah!အင္း...ဟားဟား... "သူမဆိုလိုရင္းကို သေဘာေပါက္သြားျပီး ဘာေျပာရမည္မွန္း မသိေသာေၾကာင့္ စိတ္လႈပ္ရွားစြာျဖင့္ ရယ္သာရယ္ေနလိုက္ေတာ့သည္။

" ဆန္ျပဳတ္က အစာအိမ္အတြက္ေကာင္းတယ္။မင္းက အၿမဲေနာက္က်မွအိပ္ရတဲ့အျပင္ မနက္စာလည္း မၾကာခဏဆိုသလိုလြတ္တတ္‌ေတာ့ အခြင့္အေရးရတုန္း မ်ားမ်ားစားေနာ္ "

" ကြၽန္မ အမ်ားႀကီးစားပ့ါမယ္ "

ယြီသံုလည္ အနည္းငယ္စားၿပီးသၫ့္ေနာက္ ပတ္၀န္းက်င္မွလူမ်ားကို လိုက္ၾကၫ့္လိုက္သည့္အခါ ထမင္း သို႔မဟုတ္ အျခားရိုးရွင္းသၫ့္စားစရာမ်ားကိုသာ စားေနၾကသၫ့္အတြက္ သူမ ရွဖန္အား ေမးလိုက္သည္။" ရွင္ တစ္‌ေန ့လံုးအလုပ္ရႈပ္ေနတာကို ဒီဆန္ျပဳတ္ေလးစားရံုနဲ႔ လံုေလာက္လို႔လား?အျခား တစ္ခုခု ထပ္စားခ်င္ေသးလား? "

" ကိုယ္ ေစာေစာက ေပါင္မုန႔္စားထားေသးတယ္။အဲ့တာေျကာင့္ အခု ဗိုက္သိပ္မဆာဘူး "

" ေအာ္ "

ယြီသံု ဘာမွထပ္မေျပာေတာ့ဘဲ ဆန္ျပဳတ္ကုန္ေအာင္သာ ေသာက္ေနလိုက္သည္။ခဏၾကာၿပီးသၫ့္ေနာက္ သူမပန္းကန္ထဲမွ ဆန္ျပဳတ္မ်ားအားလံုး ကုန္သြားေလေတာ့သည္။

ဘာမွမရိွေတာ့သၫ့္ပန္းကန္လံုးကို သူမငံု႔ၾကၫ့္လိုက္ၿပီးေနာက္ ခဏၿငိမ္ေနၿပီးေသာအခါ ထိုပန္းကန္လံုးကို ရွဖန္ဆီသို႔ တြန္း‌ေပးလိုက္သည္။

ရွဖန္သည္ နားမလည္စြာျဖင့္ ေခါင္းေမာ့ၾကၫ့္လာသည္။

" ေနာက္ထပ္ တစ္ပန္းကန္ေလာက္! "ထိုသို႔ေျပာၿပီး ခ်ိဳသာစြာၿပံဳးျပလိုက္သည္။

ရွဖန္လည္း ရယ္လိုက္ၿပီးေနာက္ သူ၏ဇြန္းကို ခ်ထားလိုက္ၿပီး သူမဆီမွ ပန္းကန္လံုးကို ယူလိုက္သည္။

" ဘယ္ေလာက္ေတာင္ ခ်စ္ေနၾကတာပါလိမ့္! " ‌ေရွာက္ရိဖန္သည္ ထိုစံုတြဲႏွင့္ သိပ္မေဝးသၫ့္ စားပြဲဝိုင္းတစ္ခု၌ ထိုင္ေနေလသည္။၎ကိုျမင္ေသာအခါ သက္ျပင္းခ်၍ သူနာျပဳေလာ့အား ညည္းၫူေျပာလိုက္သည္။

" သူတို႔က လက္ထပ္ၿပီးခါစစံုတြဲဆို‌ေတာ့ ဒါမ်ိဳးက သာမန္ပါပဲ "သူနာျပဳေလာ့က ျပန္ေျဖလိုက္သည္။

" ဒါက လက္ထပ္ၿပီးခါစစံုတြဲျဖစ္လို႔တင္မကပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနၾကလို႔ပါ "ေရွာက္ရိဖန္ အံ့ဩမိသည္။" ဒါေပမယ့္ အရင္က ရွဖန္ရဲ့ ဒီလိုမ်ိဳးျပဳမူတဲ့ပံုစံကို တစ္ခါမွမေတြ ့ဖူးဘူး "

ရွဖန္သည္ အန္အန္းႏွင့္ခ်စ္ကြၽမ္း၀င္ခဲ့စဉ္ကလည္း ထိုကဲ့သို႔ လံုး၀မျပဳမူဖူးေပ။အရင္က ရွဖန္တို႔ခ်ိန္းေတြ ့တဲ့အခ်ိန္ သူလိုက္လာရင္ေတာင္မွ တစ္ခါမွ စိတ္ကသိကေအာက္ မျဖစ္ဖူးဘူး။အခုေတာ့ ၅မီတာအကြာအေဝးေလာက္ကေနေတာင္ မ်က္မျမင္တစ္ေယာက္လို ေနေနရတယ္။

" သူတို႔က ဘယ္မွာ အလြန္အကြၽံခ်စ္ၾကည္ႏူးေနၾကလို႔လည္း?စားစရာကိုပဲ အတူတူစားေနၾကတာပါ။ဒါေပမယ့္ ဒီစံုတြဲရဲ့အနီးတစ္ဝိုက္မွာေတာ့ အေျခအေနက ထူးကဲေနတာပဲ "

" ဟုတ္တယ္ "

" ဘာလည္း?ရွင္က ကြၽန္မကို အေနရခက္ေအာင္လုပ္ေနတာလား "ေရွာက္ရိဖန္၏မ်က္လံုးမ်ားသည္ တလက္လက္ေတာက္ပေနသည္ကို သူနာျပဳေလာ့သတိထားမိသည္။

" အစ္မေလာ့ ... အဆင္ေျပတဲ့သူရိွရင္ ကြၽန္ေတာ္နဲ႔မိတ္ဆက္ေပးစမ္းပါ "

" ရွင့္ကို တိတ္တခိုးသေဘာက်ေနတဲ့ သူနာျပဳေလးေတြအမ်ားႀကီးရိွေနတာေတာင္မွ တျခားတစ္ေယာက္နဲ႔ကြၽန္မကို မိတ္ဆက္ေပးခိုင္းတုန္းလား? "သူနာျပဳေလာ့ အံ့အားသင့္သြားသည္။" ကြၽန္မတို႔ေဆးရံုမွာ ေရႊမင္းသားေလး ၂ေယာက္ပဲရိွတာကို တစ္ေယာက္က အခုမရႏိုင္ေတာ့ဘူး "

အစားစားၿပီးသၫ့္ေနာက္ ေရွာက္ရိဖန္သည္ သူနာျပဳေလာ့ႏွင့္အတူ ထြက္လာခဲ့သည္။

ရွဖန္သည္လည္း စားေသာက္ၿပီးသၫ့္ေနာက္ အထက္လူႀကီးထံသို႔ သြားေရာက္ခြင့္ေတာင္းကာ ယြီသံုႏွင့္အတူ အိမ္ျပန္လာခဲ့သည္။

" ဒီေန ့ညအလုပ္မသြားဘဲနဲ႔ ခြင့္ယူလိုက္ေနာ္ "

" အမ္း! "ယြီသံုသည္လည္း သူမအလုပ္မ်ားကို ေကာင္းမြန္စြာမလုပ္ကိုင္ႏိုင္ေလာက္ေသးဟု ေတြးမိေလသည္။

ဖုန္းျမည္သံ!

ရွဖန္၏ဖုန္းျမည္လာေသာ‌ေၾကာင့္ အိတ္ထဲမွထုတ္၍ ျကၫ့္လိုက္‌ၿပီးေနာက္ ယြီသံုဆီသို႔ လွမ္းေပးလိုက္သည္။

သူမလည္း ဖုန္းေခၚဆိုသူအား ၾကၫ့္လိုက္ေသာအခါ မားမားရွျဖစ္ေနေလသည္။" ကြၽန္မ ရွင့္နားေလးကပ္ေပးမယ္ "

" ရတယ္...မင္းပဲ ေျဖလိုက္ပါ "

" ဒါေပမယ့္ အန္တီက ရွင့္ကို ေခၚတာေလ "

" အေမကဖုန္း‌ေခၚတိုင္း အနည္းဆံုး၈ႀကိမ္ေလာက္ မင္းအေၾကာင္းေမးေနေတာ့တာပဲ "ရွဖန္ရယ္ကာ ေျပာေလသည္။

" အေမ! "

" Oh...သံုသံု သမီးက ရွဖန္နဲ႔အတူရိွေနတာလား? "

" ဟုတ္ကဲ့.. ရွဖန္က အခု ကားေမာင္းေနလို႔ ဖုန္းျပန္မေျဖႏိုင္ေသးဘူး "

" ရတယ္ ... ကိစၥမရိွဘူးရယ္။ဒါနဲ ့သံုသံု...သမီး အေအးမိေနတာလား?အသံက နည္းနည္းထူးဆန္းေနတယ္ "

" Ah...ဟုတ္ကဲ့။သမီး အေအးနည္းနည္းမိခဲ့‌ေပမယ့္ အခုေကာင္းလုနီးပါးျဖစ္ေနပါၿပီ "

ရွဖန္ နားေထာင္ရင္း မ်က္ေမွာင္ႀကံဳ႔လိုက္ေသာ္လည္း ဘာမွ၀င္မေျပာေပ။

" ဘာျဖစ္တာလည္း?ငါ့သားကေတာ့ သမီးကို ေကာင္းးေကာင္းဂရုမစိုက္ဘူးထင္တယ္။ဖုန္းspeakerဖြင့္လိုက္ဦး...အေမ သူ႔ကိုေျပာဦးမယ္ "မာမားရွ ရုတ္တရက္ စိတ္တိုလာသည္။

" အေမ...အဲ့တာ ရွဖန္အျပစ္မဟုတ္ပါဘူး။သမီးက ရာသီဥတုအေျခအေန‌ကို ဂရုမစိုက္မိဘဲ အ၀တ္အပါးေလးေတြ ၀တ္မိသြားလို႔ပါ "

" မဟုတ္ဘူး...အဲ့တာ သူနဲ႔လည္းဆိုင္တယ္။သူက အသက္လည္းပိုႀကီးတဲ့အျပင္ ဆရာ၀န္တစ္ေယာက္လည္းျဖစ္ေနတာကို ဘာလို႔ ဘာမွမေျပာရတာလည္း? "

" အေမ..ဒီကိစၥက တစ္ကယ္ပဲ သူ႔အျပစ္မဟုတ္ပါဘူး။သူ ကူရွန္ကို အလုပ္ကိစၥနဲ႔ခရီးသြားေနတုန္း သမီးကအေအးမိသြားတာပါ "

" မင္းေနမေကာင္းေနတာေတာင္မွ သူက အလုပ္ကိစၥနဲ႔ခရီးသြားတုန္းလား?သမီး သူ႔ကိုဖုန္းေပးလိုက္ "မာမားရွပို၍ပင္ ေဒါသထြက္လာသည္။

မိခင္ျဖစ္သူေျပာေနသည္မ်ားကို ရွဖန္မၾကားေသာ္လည္း ယြီသံု သူမကိုျပန္ေျပာေနသည္ကို နားေထာင္ျခင္းျဖင့္ ရွဖန္ခန႔္မွန္းႏိုင္သည္။ယြီသံုသည္ သူ႔အား အ‌ေမာတေကာျဖင့္ ကာကြယ္ေနသည္ကို ျမင္ရျခင္းျဖင့္ အေျခအေနသည္ ရယ္စရာေကာင္းသည္ဟု သူေတြးမိသၫ့္အျပင္ ေနြးေထြးသည့္ ခံစားခ်က္မ်ားႏွင့္ ျပၫ့္ႏွက္လာသည္။

" ကိုယ့္နားကို ဖုန္းကပ္ေပးေလ "ယြီသုံမွာ အခက္အခဲျဖစ္ေနေသာေၾကာင့္ ရွဖန္ သူမကိုေျပာလိုက္သည္။

" အင္း "

" အေမ "မာမားရွသည္ ယြီသံုအားဂရုမစိုက္သၫ့္အတြက္ ရွဖန္အား ႀကိမ္းေမာင္းေျပာဆိုေနဆဲပင္ျဖစ္သည္။

" သားလား? "ထိုအခိုက္ အသံေျပာင္းသြားမႈကို မာမားရွသတိျပဳမိသြားသည္။

" ဟုတ္ကဲ့...ကြၽန္ေတာ္ပါ "

" မင္းရဲ့ဂရုစိုက္မႈေအာက္မွာ ယြီသံုက ဘယ္လိုလုပ္ၿပီး ေနမေကာင္းျဖစ္ရတာလည္း?မင္း ေဆးေက်ာင္းတက္ခဲ့တုန္းက မဟုတ္တာေတြပဲ သင္လာတာလား? "

" မင္းကလည္း ဘာ‌ေတြမဟုတ္သုတ္ခ‌ ေျပာေနတာလည္း?ဆရာ၀န္ဆိုတာ လူနာေတြကို ျပဳစုကုသေပးဖို႔ပဲ သင္ၾကားရတာေလ။သူက လူေတြကို ‌ေနမေကာင္းမျဖစ္ေအာင္ လုပ္ေပးလို႔မွမရတာ...မင္း‌ေျပာ‌ေနတာေတြက အက်ိဳးအေၾကာင္း မသင့္ေတာ္ဘူး " ဖုန္းတစ္ဖက္မွ ဖခင္၏ျငင္းခံုသံကို ရွဖန္ ၾကားလိုက္ရသည္။

" ရွင္ ပါးစပ္ပိတ္ထားလိုက္ "မာမားရွက ေအာ္ဟစ္လိုက္သည္။

မိဘမ်ား၏က်ီစယ္ေနမႈကို နားေထာင္ရင္း ရွဖန္ေအာ္ရယ္လိုက္ေလ‌သည္။

" ဟုတ္ပါတယ္...ကြၽန္ေတာ့္အျပစ္ပါ။ကြၽန္ေတာ္ သူ႔ကို ‌ေသခ်ာမေစာင့္ေရွာက္မိလို႔ပါ "ထိုသို႔ေျပာၿပီး ေခါင္းကိုေစာင္း၍ ယြီသံုကို လွမ္းၾကၫ့္လိုက္သည္။သူမ၏မ်က္နွာသည္ အခက္ေတြ ့မႈ‌ေၾကာင့္ နီရဲေနေလသည္။

" ေကာင္းတယ္...မင္းက ေျပာတာကို သ‌ေဘာေပါက္လြယ္သားပဲ "ထို႔ေနာက္ မာမားရွသည္ ရုတ္တရက္အသံတိုးကာ ေမးေလသည္။" သံုသံုကိုၾကၫ့္ရတာ နည္းနည္းစိတ္ကသိကေအာက္ျဖစ္ေနပံုရတယ္မလား? "

ရွဖန္လည္း သူမကို ေနာက္တစ္ႀကိမ္ ထပ္ၾကၫ့္လိုက္ကာ ျပန္ေျဖလိုက္သည္။" ဟုတ္ကဲ့ "

" ငါ့သား...အေမက မင္းကိုပိုဆူေလ..မင္းကို ပိုကူညီရာေရာက္ေလဆိုတာ မင္းနားလည္တယ္မလား? "မာမားရွက တိုးတိုးေလးက်ိတ္ကာ ေျပာေလသည္။

" ကြၽန္ေတာ္ နားလည္ပါတယ္ "ရွဖန္လည္း ေခါင္းၿငိမ့္ျပရင္း တဟားဟားရယ္ေလ‌ေတာ့သည္။

" မင္း ဉာဏ္မ်ားေနတာလား! "ပါပါးရွမွာ မာမားရွ၏ဇာတ္လမ္းဆင္မွုကို လိုက္မမွီေတာ့ေပ။

" ရွင္ သိပ္မၾကာခင္မွာ ေျမးခ်ီခ်င္တယ္မလား?ဒါဆို ပါးစပ္ပိတ္ထားလိုက္! "
မာမားရွသည္ ပါပါးရွအား ေအာ္ေငါက္ၿပီးေနာက္ ရွဖန္အား ဆက္ေျပာေလသည္။" ႏွစ္သစ္ကူးမွာ ဘာလုပ္မယ္ဆိုတာ ေျပာၿပီးၾကၿပီလား?အေမတို႔ကေတာ့ ဒီႏွစ္မွာ ယြီသံုရဲ့မိသားစုဆီ လိုက္ေတြ ့ၾကမယ္လို႔ မင္းအေဖနဲ႔ သေဘာတူထားၾကတယ္ "

" ဗ်ာ? "

" ဘာကို ' ဗ်ာ ' လည္း?မႏွစ္ကလိုပဲ ေဆးရံုမွာ အခ်ိန္ပိုဆင္းရဲဆင္းၾကၫ့္စမ္းပါ။မင္းရဲ့အထက္လူၾကီးေတြကိုလည္း သြားေျပာထားလိုက္။မင္းက သူတို႔သမီးကို လက္ထပ္ထားၿပီးေတာ့ ေယာကၡမေတြဆီ သြားမလည္လို႔ ျဖစ္ပါ့မလား?သူက မင္းကို ကာကြယ္ေပးတယ္ဆိုၿပီး သူ႔ကိုအႏိုင္က်င့္ဖို႔ေတာ့ မစဉ္းစားနဲ႔ေနာ္ "

" ဟုတ္ကဲ့...ကြၽန္ေတာ္ သေဘာေပါက္ပါၿပီ "

" ေကာင္းၿပီ...အခု ဖုန္းကို သံုသံု႔ဆီေပးလိုက္ေတာ့။အေမ သူနဲ႔ေျပာလိုက္ဦးမယ္ "

ထိုေၾကာင့္ ရွဖန္ သူမဘက္သို႔လွၫ့္ကာ ေျပာလိုက္သည္။" ကိုယ့္အေမက မင္းနဲ႔ေျပာခ်င္လို႔တဲ့ "

" ဟုတ္က‌ဲ့...အေမ "

" ယြီသံု...အဲ့ဒီကေလးကို ဘယ္လိုသင္ခန္းစားေပးရမလည္းဆိုတာကို အေမ သမီးကို ကူသင္ေပးမယ္ "

ယြီသံု ကားေမာင္းေနသၫ့္ရွဖန္အား အျပစ္ရိွသလို လွမ္းၾကၫ့္လိုက္သည္။

" သမီး ေသာၾကာေန ့မွာ အဲ့ကေလးရဲ့ေမြးေန ့ပြဲကို က်င္းပေပးစရာမလိုဘူး "စိတ္တိုေနသၫ့္ဟန္ျဖင့္ မာမားရွ ေျပာလိုက္သည္။

ေမြးေန ့?ဒီတစ္ပတ္ ေသာ‌ၾကာေန ့လား?

သူမ ရွဖန္အား ေနာက္ထပ္တစ္ႀကိမ္ လွမ္းၾကၫ့္လိုက္ျပန္သည္။

" ဒါဆို...သမီးတို႔ကို မေနွာင့္ယွက္ေတာ့ဘူး။အေမ အရင္ဖုန္းခ်လိုက္ေတာ့မယ္ "

ဖုန္းခ်ၿပီးသၫ့္ေနာက္ ပါပါးရွသည္ မာမားရွအား ေမးေလသည္။" ရွဖန္ရဲ့‌ေမြးေန ့အေၾကာင္း ယြီသံုကိုအသိ‌ေပးလိုက္တာလား? "

" ရွင္ ဘာေတြေျပာေနတာလည္း?သူတို႔တြဲလာတာၾကာလွၿပီကို ယြီသံုက ဘယ္လိုလုပ္ၿပီး ရွဖန္ေမြးေန ့ကို မသိပဲေနမွာလည္း? "

အမွန္တစ္ကယ္၌ ယြီသံုသည္ ရွဖန္၏ေမြး‌ေန ့ကို လံုး၀မသိခဲ့ေပ။

" ဘာျဖစ္လို႔လည္း?အိမ္ေရာက္ၿပီေလ "ယြီသံုသည္ ဖုန္းခ်ၿပီးသၫ့္ေနာက္ ေတြေဝေနသျဖင့္ ရွဖန္ ေမးလိုက္သည္။

" ဟင္?အိမ္လား? "ယြီသံုၾကၫ့္လိုက္သၫ့္အခါ သူမတို႔၏တိုက္ခန္းေရွ ့၌ ‌ေရာက္ေနျပီျဖစ္သည္။

" အရင္ဆင္းႏွင့္လိုက္ေလ။ကိုယ္ ပါကင္သြားထိုးလိုက္ဦးမယ္ "

" အမ္း "သူမ ထိုင္ခံုခါးပါတ္ကိုျဖဳတ္၍ ကားေပၚမွဆင္းလာခဲ့သည္။

" ခဏေစာင့္ဦး! "ရွဖန္သည္ ေခါင္းစြပ္ဦးထုပ္ကို ဆြဲထုတ္လိုက္ၿပီးေနာက္ ဂ်ာကင္ႏွင့္‌ေခါင္းစြပ္ဦးထုပ္အား ယြီသံု၀တ္ဆင္ရန္ ကူညီေပးေလသည္။" အျပင္မွာေအးတယ္။အိမ္ျပန္ေရာက္ရင္ အပူေပးစက္ကို ခ်က္ခ်င္းဖြင့္ၿပီးေတာ့ ေနြးလာတဲ့အခ်ိန္မွ ကုတ္အက်ႌကို ခြၽတ္ေနာ္ "

" အမ္း "

ထိုသို႔ေျပာၿပီး ကားပါကင္ထိုးရန္ ရွဖန္ထြက္သြားေလသည္။၎‌ေနာက္ ရွဖန္သည္ ကားပါကင္ထိုး၍ အေဆာက္အဦး၏၀င္ေပါက္သို ့ေရာက္လာခ်ိန္၌ ယြီသံုမွာ အျပင္ဘက္တြင္ မတ္တပ္ရပ္ေနဆဲျဖစ္ေၾကာင္း ျမင္လိုက္ရသည္။ထို႔ေၾကာင့္ မ်က္ေမွာင္ႀကံဳ႔ကာ သူမဆီသို႔ အလ်င္အျမန္သြား၍ ေမးလိုက္သည္။" မင္း ဘာလို႔ ဒီမွာ အခုထိရပ္ေနတာလည္း? "

" ရွင့္ကိုေစာင့္ေနတာေလ "

" ကိုယ္ ျမန္ျမန္ျပန္လာေပမယ့္လည္း မင္းက အခုမွ အေအးမိတာကေန ေပ်ာက္ခါစ ရိွေသးတာေလ "ရွဖန္ သူမအားဆူပူ၍ အေဆာက္အဦးတံခါးကိုဖြင့္ကာ ၀င္လာခဲ့သည္။

" ကြၽန္မတို႔က ႀကံဳေတာင့္ႀကံဳခဲ အိမ္ကိုအတူျပန္လာရလို႔ပါ "ယြီသံု အသံတိုးတိုး‌ေလးျဖင့္ ေျပာလိုက္သည္။

၎ကိုၾကားသၫ့္ရွဖန္မွာ သူမ၏လက္ကို တင္းက်ပ္စြာဆုပ္ကိုင္လိုက္ေသာ္လည္း ဘာေျပာရမည္မွန္းမသိေပ။ထိုအခိုက္ ဓာတ္ေလွကားေရာက္လာသည္။

" အိမ္ျပန္ၾကရေအာင္ "

...

သူမ အိပ္ယာထဲ၌လွဲေလ်ာင္းရင္း ရွဖန္၏ဂရုစိုက္မွုမ်ားကို ျပန္လည္ေတြးေတာေနမိသည္။သူ၏ၾကင္နာမႈမ်ား၊သူ၏အျပံဳးမ်ား...သူမ၏‌ေခါင္းထဲ၌ ရွဖန္အ‌ေၾကာင္းမ်ားႏွင့္သာ ျပၫ့္ႏွက္ေနသည္။

အေရးေပၚလူနာဌာနမွာလည္း သူမကို ေပြ ့ပိုက္ၿပီး ေျပးလႊားခဲ့တယ္။

ေကာ္ရစ္တာ‌တစ္ေလ်ွာက္လည္း သူရဲ့ေခ်ာေမာခန႔္ျငားတဲ့မ်က္ႏွာက သူမကိုၾကၫ့္ၿပီးေတာ့ သူမရဲ့လက္ေတြကို သူရဲ့လက္ေတြနဲ႔ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားခဲ့တယ္။

သူမ စ‌ေနာက္ေနတာေတာင္မွ ၿပံဳးၿပီးေတာ့ သူမပန္းကန္လံုးထဲကို ဆန္ျပဳတ္ေတြ ထၫ့္ေပးခဲ့တယ္။

မိန္းမႀကီးတစ္ေယာက္လိုပဲ အေအးမမိေအာင္‌ေနဖို႔ေျပာၿပီးေတာ့ သူမအတြက္ စိတ္ပူပန္ေပးတယ္။

အျပင္မွာရပ္ၿပီး သူ႔ကိုေစာင့္ေနတာေတာင္မွ အျပစ္မတင္ခဲ့ဘူး။

ယြီသံု ေစာင္ထ‌ဲ၌ ေနြးေထြးစြာျဖင့္ ဇိမ္က်ေနရင္း ေပ်ာ္ရႊင္ဖြယ္ရာ အဆံုးသတ္မ်ားကို ေတြးေတာေနမိသည္။

သူမ ရွဖန္နဲ႔လက္မထပ္ခင္တုန္းက သူက အဆင္‌ေျပတဲ့အတြက္ သူ႔ကိုသေဘာက်လာဖို႔အတြက္ ႀကိဳးစားခ်င္ခဲ့တယ္။ဒါေပမယ့္ ရွဖန္...ကြၽန္မ ရွင့္ကို သေဘာက်ေနၿပီးသား ျဖစ္ပံုရပါတယ္။

ရွဖန္သည္ သူ၏စားပြဲတြင္ထိုင္ကာ စမ္းသပ္မႈအခ်က္အလက္မ်ားကို ျပင္ဆင္ေနေလသည္။သို႔ေသာ္ တစ္နာရီခန႔္ၾကာၿပီးသည္ေနာက္ ရွဖန္သည္ စာရြက္မ်ားကို ၾကၫ့္မ‌ေန‌နိုင္‌ေတာ့ဘဲ သူ၏မ်က္လံုးမ်ားမွာ အၿမဲလိုပင္ အမွတ္တမဲ့ျဖင့္ ယြီသံု၏အခန္းတံခါးသို ့တျဖည္းျဖည္းႏွင့္ ေရြ ့သြားေလသည္။

သူ ဘယ္အခ်ိန္ကစၿပီးေတာ့ စိတ္ပ်ံ့လြင့္လာတာလည္း?

အခ်စ္နာက်ေနတဲ့ လူငယ္ေလးတစ္ေယာက္လိုမ်ိဳး...

ေနာက္ဆံုး၌ အလုပ္လုပ္ျခင္းကို ရွဖန္အရႈံးေပးလိုက္သည္။ ထို႔ေနာက္ အခန္းထဲသို႔၀င္လာျပီး ကုတ္အက်ႌကိုယူကာ ယြီသံုေပးထားသၫ့္ ပိုက္ဆံအိတ္ကိုထုတ္လိုက္သည္။ထိုအိတ္ထဲ၌ ကတ္အနည္းငယ္ႏွင့္ပိုက္ဆံအနည္းငယ္တို႔ကို ထိုးသိပ္ထၫ့္ထားေလသည္။

ထိုအထဲမွ ကဒ္တစ္ခုကိုထုတ္လိုက္ၿပီး စာသားမ်ားကို ေနာက္တစ္ႀကိမ္ထပ္ဖတ္ျပန္သည္။

ခ်စ္ရပါေသာ မစၥတာရွဖန္,

ကမ႓ာေပၚမွာရိွတဲ့ အ‌ေခ်ာအလွေလးေတြ မေက်ာ္လႊားႏိုင္တဲ့ မစၥယြီသံုကို ရရိွပိုင္ဆိုင္ႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူပါတယ္။ဒါက အနာဂတ္မွာ သူမကို ေကာင္းေကာင္းဆက္ဆံဖို႔အတြက္ သတိရေအာင္ေပးတဲ့ မစၥယြီသံုရဲ့ ၀န္ခံစာ‌ေလးတစ္ခုျဖစ္ပါတယ္။

စာႂကြင္း... ရွင္ဘယ္ေလာက္ပဲ အလုပ္မ်ားပါေစ...အစာစားဖို႔ မေမ့နဲ႔ေနာ္!
(* ^ _ ^ * )

ထိုစာကိုဖတ္သၫ့္အခ်ိန္တိုင္း ရွဖန္ရယ္မိေလသည္။

ရွဖန္ ၇နွစ္အရြယ္ခန႔္က ဖခင္ျဖစ္သူအား အိမ္ရိွအလုပ္မ်ားအားလံုးကို ျပဳလုပ္ရန္ မိခင္ျဖစ္သူမွ ေစခိုင္းျခင္္းကို ရွဖန္ျမင္ဖူးေလသည္။အျခားကေလးမ်ား၏ ႏူးညံ့ခ်ိဳသာသၫ့္ မိခင္တို႔ႏွင့္ ႏိႈင္းယွဉ္လ်ွင္ သူ၏မိခင္မွာ ဖခင္ျဖစ္သူ၏ အလိုလိုက္ျခင္းခံရသၫ့္ အမ်ိဳးသမီးႀကီးတစ္ေယာက္ကဲ့သို႔ ျဖစ္ေနသည္။

ထို႔ေၾကာင့္ ရွဖန္ မေနႏိုင္ေတာ့ဘဲ ဖခင္ျဖစ္သူအား ေမးလိုက္သည္။" အေဖ...အေမက အေဖ့ကို ‌ေကာင္း‌ေကာင္းမဆက္ဆံတာကို ဘာလို႔ အေမနဲ႔ လက္ထပ္ခဲ့တာလည္း? "

" မင္းအေမက အေဖ့အေပၚ ေကာင္းပါတယ္ကြာ "

" လိမ္တယ္ "ရွဖန္ မယံုေပ။

" အေဖ မင္းကို ဇာတ္လမ္းတစ္ပုဒ္‌ေျပာျပမယ္။အေဖ စစ္သားဘ၀တုန္းက ေရႀကီးတာကို ႀကံဳေတြ ့ခဲ့ရတယ္။တစ္ေန ့မွာ ေရအရမ္းႀကီး‌လာျပီး‌ တာတမံၿပိဳက်လာ‌ေတာ့ စစ္သား‌တစ္ေယာက္အ‌ေနနဲ ့သာမန္ျပည္သူ‌ေတြကို ဦးစားေပးၿပီး အရင္သြားခိုင္းခဲ့တာေပါ့။ေနာက္ဆံုးရက္မွာေတာ့ တာတမံက်ိဳးက်ၿပီး ဒါဇင္ေပါင္းမ်ားစြာေသာ ရြာသား‌ေတြကို ေရလႊမ္းမိုးသြားခဲ့ေရာ "

" အေဖရဲ့ရဲေဘာ္ရဲဘက္ေတြနဲ႔အေဖက ေရလိႈင္းနဲ႔အတူ ပါသြားခဲ့ၾကတယ္ "ရွဖန္ဖခင္၏မ်က္လံုးထဲ၌ မ်က္ရည္မ်ားရစ္ဝဲေနေလသည္။

" အေဖက ၁၀မိုင္ေလာက္ေဝးတဲ့ လ်ိႈေျမာင္တစ္ခုထဲ ေရာက္သြားခဲ့ျပီးတဲ့‌ေနာက္ ‌ေက်းဇူးတင္စရာေကာင္းတာက အေဖက ေရနစ္မသြားဘဲနဲ႔ တစ္ရက္ေလာက္ ေမ့ေနခဲ့တယ္။အေဖနိုးလာတဲ့အခ်ိန္ ပထမဆံုးေတြ ့လိုက္ရတဲ့သူက မင္းအေမပဲ။သူရဲ့ဖူးေရာင္‌ေနတဲ့မ်က္လံုးေလး‌ေတြရယ္၊ရႊံ႔ေပ‌ေနတဲ့ မ်က္ႏွာေလးရယ္ကို အေဖ အခုထိမွတ္မိေသးတယ္ "

" အေဖ့ရဲ့လုပ္ေဖာ္ကိုင္ဖက္ေတြအကုန္လံုးက အေဖေသၿပီလို႔ ထင္ေနၾကေပမယ့္ မင္းရဲ့အေမကေတာ့ ျမစ္ရိုးတစ္ေလ်ွာက္ တစ္ေနကုန္လမ္းေလ်ွာက္ျပီးေတာ့ အေဖ့ကို လိုက္ရွာခဲ့တယ္။တစ္စံုတစ္ေယာက္က အမ်ားႀကီးစိတ္ပူၿပီးေတာ့ အႏၲရာယ္ေတြ ဘယ္ေလာက္မ်ားပါေစ အေဖ့အတြက္ လက္မေလ်ာ့တာက အေဖ့ကို တစ္ကယ္ခ်စ္ျမတ္ႏိုးလို႔ပဲ ျဖစ္ရမယ္လို႔ အဲ့ဒီအခ်ိန္တုန္းက အေဖေတြးမိလိုက္တယ္ "

" Oh! "ရွဖန္ နားေထာင္ရင္း ေခါင္းတၿငိမ့္ၿငိမ့္ လုပ္ေနလိုက္သည္။" အေမက အေဖ့ကို ကယ္ခဲ့တာေပါ့ "

" မင္း အခုေတာ့ နားလည္မွာမဟုတ္‌ေသးေပမယ့္ မင္းႀကီးလာလို႔ ခ်စ္သူထားမယ္ဆိုရင္ ရုပ္ရည္တစ္ခုတည္းကိုပဲ မၾကၫ့္နဲ႔ "

" သားကို လာရွာျပီးကယ္တင္ေပးမယ့္တစ္ေယာက္ကို ရွာသင့္တာလား? "ရွဖန္ ရိုးသားစြာျဖင့္ ေမးလိုက္သည္။

" အရူးေကာင္ေလး...ေယာက်ာ္းတစ္ေယာက္က ဘယ္လိုလုပ္ၿပီး သူရဲ့ခ်စ္သူကိုပဲ ကယ္တင္ခိုင္းေနရမွာလည္း? "

" ဒါေပမယ့္ အေမက အေဖ့ကို ကယ္ခဲ့‌တယ္ေလ "ရွဖန္‌ေလးသည္ မွတ္ဉာဏ္ေကာင္းေလသည္။

" ေမ့လိုက္ေတာ့!ငါကလည္း ဘာလို႔ ကေလးနဲ႔ျငင္းေနမိတာလည္းမသိဘူး။အတိုခ်ံဳးေျပာရရင္‌ေတာ့ အနာဂတ္မွာ မင္းမိန္းမယူမယ္ဆိုရင္ အေဖႏိုးလာရင္ မင္းအေမကိုျမင္ရသလိုမ်ိဳး မင္းရဲ့ႏွလံုးသားကို ေနြးေထြးေစမယ့္သူကို ရွာရမယ္ "

ပထမ၌ ဖခင္၏ေျပာစကားမ်ားကို သူ နားလည္သည္ဟု ရွဖန္‌ေတြးမိေသာ္လည္း ယေန ့မနက္ခင္း ေဆးရံုအျပင္ဘက္တြင္ ယြီသံုကိုျမင္လိုက္ရသၫ့္အခ်ိန္မွ ထိုစကားလံုးမ်ား၏အဓိပၸာယ္ကို ေသခ်ာ‌သေဘာေပါက္နားလည္သြား‌ေတာ့သည္။

ပိုက္ဆံအိတ္၏အေရွ ့ႏွင့္အေနာက္ကို လက္ျဖင့္ ပြတ္သပ္လိုက္ေသာအခါ ေခ်ာေမြ ့သၫ့္မ်က္ႏွာျပင္ကို မ်ဉ္းေၾကာင္းေလးမ်ားက ကာဆီးထားသည္။ရွဖန္သည္ ထိုအိတ္၏ပံုစံကို ေသခ်ာမၾကၫ့္ဖူးေပ။ေနာက္ဆံုး၌ သိလိုစိတ္ျပင္းျပစြာျဖင့္ မီးအိမ္ေအာက္သို႔ ယူ‌၍ ဂရုတစိုက္ၾကၫ့္လိုက္သည္။

ရွဖန္ ထိုဒီဇိုင္းကိုျမင္ေသာအခါ အၿပံဳးႀကီးႀကီးၿပံဳးလိုက္မိသည္။

ငါးအႀကီးႀကီးတစ္ေကာင္ပါလား။

>>>>>

T.B.C
22.9.2021

Continue Reading

You'll Also Like

1.6M 34.5K 72
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
543K 64.6K 184
အပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး
632K 51.6K 108
Title: Vengeance: Ex-husband CEO, please love me Author: Little Ear-chan English Translator: Atlas Genre: Romance, Drama #credit to original author ‌...
15.1K 2K 12
"ငါကမြေခွေး လူသားမဟုတ်ဘူး။" "မမကမြေခွေးမှန်းကျွန်တော်သိတယ်လေ" "ဒါဆိုဘာလို့ငါ့နောက်ကိုလိုက်နေသေးတာလဲ" "ကျွန်တော်မမကိုသဘောကျလို့" "ဒါပေမယ့်ငါကတော့မင်းက...