Unicode✍
တံတောင်ဆစ်ဖုံးရင်ဖုံးအင်္ကျီအဖြူလေးကို ချိတ်တပ်ကျောင်းစိမ်းထဘီလေးနဲ့တွဲဝတ်လိုက်သည်။ မိနွယ်က ရိုးရိုးထမိန်ကိုကောင်းကောင်းဝတ်တတ်သော်လည်း ကိုကြီးသာကချိတ်တပ်လုံချည်တွေ လေးငါးခြောက်ထည် အပ်လာခဲ့ပေးတာကြောင့် အလကားမဖြစ်စေရန်ဝတ်ရမည်။
အနည်းငယ်ရှည်လာသော ဆံပင်ကိုနှစ်ဖက်ခွဲကာ ကျစ်ဆံမြီးကျစ်လိုက်ပြီး ကိုကြီးသာသွေးထားပေးသော သနပ်ခါးကို ရေပြန်ရောကာ အဝိုင်းလေးတွေကွက်လိုက်သည်။
'ငယ်လေးရေ..ငယ်လေး.....မိနွယ်'
'ရှန် ...'
'မရှန်နဲ့ လာဒီမှာရွာထဲက ကောက်ညင်းပေါင်းနဲ့ အကြော်ပူပူလေးဝယ်လာတယ် လာစား အဘကိုပါတခါထဲခေါ်ခဲ့'
'ဟုတ်'
မိနွယ် အဘကိုသွားခေါ်ကာ ကောက်ညင်းပေါင်းနံ့လေးမွှေးနေသော စားပွဲဝိုင်းဆီသို့ ခပ်သွက်သွက်ထွက်လာလိုက်သည်။
'အငယ်လေး နင့်ဟာကအခုမှ၆နာရီတောင်မခွဲသေးဘူး အစောကြီးရှိသေးတာကို အဝတ်စားတွေလဲထားကုန်ပြီလား'
'လဲပီးပေါ့ ကိုကြီးသာရ ဒါစားပြီးရင်သွားတော့မှာ စောစောသွားမှခုံဦးရမှာပေါ့ကိုကြီးသာကလဲ'
'ခုံများဟာ အဲ့လောက်အစောကြီးသွားဦးစရာလိုလို့လား'
မိနွယ်မျက်စောင်းထိုးကာကြည့်လိုက်တော့ အဘကကြားထဲမနေနိုင်စွာ
'နေပါစေသားကြီးရယ် သမီးငယ်က ကျောင်းဖွင့်ရက်ကိုစောင့်နေတာ ခါတိုင်းနှစ်လဲ ဒီလိုရက်ဆိုအစောကြီးသွားတာပဲ ဘယ်တုန်းကပြောလို့ရဖူးလို့လဲ ငါ့သားရာ'
အဘကရယ်ရင်းဆိုတော့မှ ကိုကြီးသာက ဘူးသီးကြော်ကိုပါးစပ်ထဲထိုးထည့်ရင်းလိုက်ရီသည်။
သူတို့သားအဖ ဘယ်လောက်ပြောပြော နောက်ဆုံး
မိနွယ်က ဒါဆိုဒါပဲ လိုက်ရောပေးရသည်ပင်။
_____
နဝမတန်းပထမဆုံးကျောင်းတက်ရမည့်နေ့။
ခက်ကရှေ့ဆုံးတန်းမှာသာထိုင်လေ့ရှိသူမို့ မိနွယ်ပါရောရောင် ရှေ့ဆုံးတန်းကထိုင်ခဲ့သည်မှာ လေးတန်းကထဲကပင်။
အတန်းထဲတွင်မိနွယ်ကလွဲပြီး မည်သူမျှမရောက်ကြသေး။ ကျောင်းပိတ်ထား၍အနည်းငယ် ဖုန်တက်နေသော ခုံများကို စာရွက်များဖြဲကာသုတ်လိုက်သည်။ ခက်အတွက် ရေးခုံရော ထိုင်ခုံပါ ကောင်းကောင်းကိုရွေးပြီး စိတ်ရှည်လက်ရှည် သန့်ရှင်းပေးနေမိသည်။ ခက်ကသန့်ရှင်းနေမှ ကြိုက်သည်မဟုတ်လား။
မိနွယ်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းတချို့ရောက်လာကြသည်မို့ သူတို့နဲ့အတူ တံမြက်စည်းလှည်းခြင်း၊ ဘုရားပန်းအိုးလဲခြင်း၊ အမှိုက်ပစ်ခြင်းများ လုပ်ဆောင်ရသည်။
'မိနွယ် နင်ဘယ်ဘာသာတွဲယူထားလဲ'
'ငါဘိုင်အိုတွဲယူမှာ နင်ရောဆုမွန်'
'ငါတော့ ဝိဇ္ဇာတွဲပဲယူထားတယ် ငါကစာလဲသိပ်မလိုက်နိုင်ဘူးလေ နင်နဲ့အခန်းကွဲရင် ငါတော့သတိရနေတော့မှာပဲ မိနွယ်'
မိနွယ်ကကူညီတတ်ပြီး စိတ်ထားကောင်းသူမို့ မိနွယ်ကိုလူတိုင်းကခင်ကြသည်မှာမဆန်းကြယ်။
ထို့နည်းတူ စာအလွန်တော်ကာ ခပ်အေးအေးနှင့် မာနကြီးသလိုနေတတ်သောအကျင့်ကြောင့်
ခက်တမာအပေါင်းအသင်းနည်းသည်မှာလည်း မဆန်းကြယ်။
ကျောင်းပိတ်ရက်အစပိုင်းလောက်တုန်းကခက်နဲ့ တခါရွာထဲမှာဆုံသည်ကလွဲလို့ နောက်ထပ်မတွေ့ဖြစ်။ မိနွယ် သွားလည်ချင်သော်လည်း ခက်ကတခါမျှအလည်မခေါ်သလို ခက်မေမေဒေါ်လေးခင်ကလည်း သူလာလည်တာကိုကြိုက်မည်မဟုတ်မှန်းသိတာကြောင့် ခက်စိတ်ဆင်းရဲမည်ကိုငှဲ့ကွက်ပြီး သွားမလည်ဖြစ်ခဲ့။
၈နာရီကျော်တော့ ခက်ကကျောပိုးအိတ်လေးလွယ်ကာ လက်ရှည်ရင်ဖုံးအင်္ကျီနှင့်သူ့လိုပင် ချိတ်ထဘီခြေမျက်စိဖုံးနှင့် ရောက်လာသည်။ ခက်ကဘယ်လောက်ပူပူအိုက်အိုက် လက်ကောက်ဝတ်ထိဖုံးသောအင်္ကျီလက်ရှည်ကိုသာ အမြဲတစေဝတ်လေ့ရှိသည်။
'ခက်...ဒီမှာငါနေရာယူထားတယ်'
ခက်ကသူ့ခေါ်နေရာသို့ လာထိုင်သည်။
မိနွယ်ခက်ဘေးမှာအတူရှိနေရရုံနဲ့ အရာအားလုံးပြီးပြည့်စုံနေသလိုခံစားရသည်။
ခက်ကနတ်ဘုရားမများလား...။
ပေါက်ကရအတွေးကြောင့် ဟီးခနဲအသံထွက်အောင်ပင်ရီမိသွားသည်။
ခက်ကသူ့ရဲ့အသံကြောင့် လှည့်ကြည့်လာကာ
'မိနွယ် ဘာမျက်နှာရူးနေပြန်တာလဲ'
'ဘာမှမဟုတ်ပါဘူးဟာ ငါနင့်ကိုနတ်သမီးများလားလို့တွေးလိုက်မိလို့ ဟီးဟီး'
'မိနွယ် နင်တော့တကယ်ရူးနေပြီပဲ'
ခက်တမာ ခပ်တိုးတိုးရယ်ကာ မိနွယ်ရဲ့ခပ်ကြောင်ကြောင်အတွေးတွေကိုလျစ်လျူရှူလိုက်ရသည်။ မဟုတ်ရင် ဒီကောင်မလေးကနောက်ထပ်ပေါက်ကရတွေထပ်ထွက်လာအုံးမှာ။
ကျောင်းတက်ခေါင်းလောင်းထိုးပြီးမကြာခင်မှာပင်အတန်းပိုင်ဆရာမဝင်လာကာ နာမည်စာရင်းခေါ်ခြင်း၊ အသစ်ရောက်လာသောကျောင်းသားများကိုမိတ်ဆက်ပေးခြင်း ၊ ဘာသာတွဲအလိုက်အခန်းများခွဲပေးခြင်း တို့ကိုလုပ်ဆောင်တော့ သည်။
'မိနွယ်...'
'....'
'ဟဲ့ မိနွယ်...'
'ရှန်...ရှန်ဆရာမ မိနွယ်ရှိ'
မိနွယ် စာအုပ်ထဲတွင် ပုံများခြစ်ဆွဲနေရာမှ ခက်ကတံတောင်ဆစ်ဖြင့်တွန်းလာတာကြောင့် အရှေ့ကိုကြည့်မိတော့ ဆရာမရဲ့ ကြိမ်လုံးနဲ့အကြည့်စူးစူးတို့ကိုတွဲတွေ့လိုက်ရသည်။ မိနွယ် လက်လေးထောင်ကာအထစ်ထစ်အငေါ့ငေါ့ဖြင့် အမြန်ပင်ထူးလိုက်ရတော့သည်။
'ဘာရှန်လဲ ရှင်လို့ထူးစမ်း မိန်းခလေးဖြစ်ပြီး ညည်းဟာလေ ရှပ်ပြာရှပ်ပြာနဲ့ အခုမှကျောင်းစဖွင့်တယ် စိတ်ကဘယ်ရောက်နေတာတုံး ညည်းလိုကလေးတွေကြောင့်ငါအာပေါက်တာဟဲ့သိရဲ့လား..'
အတန်းပိုင်ဆရာမက သူ့ဘာသာစကားများတာကိုတော့ထည့်မပြော။ သို့သော်မိနွယ်က ဒီလောက်လေးအပြောခံရရုံနဲ့နည်းနည်းမျှမဖြုံပါ။ မချိုမချဉ်မျက်နှာနှင့် အပြုံးတို့က မိနွယ်ရဲ့အားသာချက်ပင်အလား။အခုလဲ သွားသေးသေးလေးများပေါ်အောင် ဆရာမကိုရီပြလိုက်သည်။
'အမယ်လေး မိနွယ်ညည်းကြွက်သွားနဲ့လာရီပြမနေနဲ့ ညည်းကဘာကိစ္စသိပ္ပံတွဲယူထားတာတုန်း အင်္ဂလိပ်လိုကျက်ရမှာထက်စာရင် ကောက်ပင်ပဲစိုက်လိုက်မယ်လေးဘာလေးနဲ့ အခုကဘယ်လိုဖြစ်တာတုန်း'
'ဟဲဟဲ အခုကမိနွယ်ကောက်မစိုက်ချင်တော့လို့
စာကိုပဲကြိုးစားတော့မယ်လို့ဆုံးဖြတ်ထားတယ်ဆရာမ ဟဲဟဲ'
ဟဲဟဲ ဟဲဟဲနဲ့ပုံစံမျိုးစုံလုပ်ပြနေသောမိနွယ်ကို
ဆရာမကလက်လျော့လိုက်သည့်ဟန် ဘာမျှဆက်မပြောတော့။
တကယ်ကအင်္ဂလိပ်လိုကျက်ရမှာကို မိနွယ်တကယ်
မကြိုက်ပါ။ ဆရာမပြောသလို ကောက်ပင်မစိုက်ချင်လို့လဲမဟုတ်ပါ။
ခက်ကဘိုင်အိုတွဲယူမှာသေချာနေသည်မို့
ခက်နဲ့မခွဲချင်လို့ အရင်လိုအတူတူထိုင်လို့ရအောင်
ဘိုင်အိုတွဲယူထားခြင်းသာဖြစ်သည်။
ဆရာမမေးပြီးတော့ ခက်ကလဲမေးလာပါတော့သည်။
'မိနွယ် နင်တကယ်ဘိုင်အိုတွဲယူမှာလား'
'ဟုတ်တယ် ဘာလို့လဲခက် ငါ..ငါလိုက်နိုင်အောင်ကြိုးစားမှာပါဟ'
ခက်ကစိတ်ရှုပ်သလို ခေါင်းကိုတစ်ချက်ကုတ်လိုက်ကာ
'နင်အကြိုက်ဆုံးဘာသာက သမိုင်းမဟုတ်လား
သမိုင်းကျက်ရတဲ့အချိန်တွေက နင်အပျော်ဆုံးနဲ့စိတ်အဝင်စားဆုံးပဲဆို'
'ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့လဲ သမိုင်းကစာအုပ်တွေရှာဝယ်ပြီး ပြန်ဖတ်လိုက်လို့ရပါတယ် '
'နင်ငါ့ကြောင့် ဒီဘာသာတွဲယူတာတော့မဟုတ်ပါဘူးနော် မိနွယ်'
'မဟုတ်ဘူး မဟုတ်ဘူးခက် ငါ့ဘာသာယူတာ'
ခက်က မယုံသလိုလေးကြည့်ကာမေးတော့
မိနွယ်ခေါင်းရောလက်ရော ခါပြကာငြင်းလိုက်ရသည်။
အမှန်တိုင်းပြောလိုက်ရင် ခက်ကလက်ခံမှာမဟုတ်တာသေချာနေသည်။
ထိုသို့နှင့်ပင်နဲ့စာကျက်ပျင်းသောမိနွယ်တစ်ယောက်မှာ စာကျက်ချိန်တွေတိုးသထက်တိုးလာခဲ့ရသည်။ ထို့အပြင် စာတော်သည့်သူငယ်ချင်းနားကပ်နေရန်မှာ မလွယ်ကြောင်းပါသိလာရသည်။
Chuu...
Please vote for me 💗
Zawgi ✍
တံေတာင္ဆစ္ဖုံးရင္ဖုံးအကၤ်ီအျဖဴေလးကို ခ်ိတ္တပ္ေက်ာင္းစိမ္းထဘီေလးနဲ႕တြဲဝတ္လိုက္သည္။ မိႏြယ္က ရိုးရိုးထမိန္ကိုေကာင္းေကာင္းဝတ္တတ္ေသာ္လည္း ကိုႀကီးသာကခ်ိတ္တပ္လုံခ်ည္ေတြ ေလးငါးေျခာက္ထည္ အပ္လာခဲ့ေပးတာေၾကာင့္ အလကားမျဖစ္ေစရန္ဝတ္ရမည္။
အနည္းငယ္ရွည္လာေသာ ဆံပင္ကိုႏွစ္ဖက္ခြဲကာ က်စ္ဆံၿမီးက်စ္လိုက္ၿပီး ကိုႀကီးသာေသြးထားေပးေသာ သနပ္ခါးကို ေရျပန္ေရာကာ အဝိုင္းေလးေတြကြက္လိုက္သည္။
'ငယ္ေလးေရ..ငယ္ေလး.....မိႏြယ္'
'ရွန္ ...'
'မရွန္နဲ႕ လာဒီမွာ႐ြာထဲက ေကာက္ညင္းေပါင္းနဲ႕ အေၾကာ္ပူပူေလးဝယ္လာတယ္ လာစား အဘကိုပါတခါထဲေခၚခဲ့'
'ဟုတ္'
မိႏြယ္ အဘကိုသြားေခၚကာ ေကာက္ညင္းေပါင္းနံ႕ေလးေမႊးေနေသာ စားပြဲဝိုင္းဆီသို႔ ခပ္သြက္သြက္ထြက္လာလိုက္သည္။
'အငယ္ေလး နင့္ဟာကအခုမွ၆နာရီေတာင္မခြဲေသးဘူး အေစာႀကီးရွိေသးတာကို အဝတ္စားေတြလဲထားကုန္ၿပီလား'
'လဲပီးေပါ့ ကိုႀကီးသာရ ဒါစားၿပီးရင္သြားေတာ့မွာ ေစာေစာသြားမွခုံဦးရမွာေပါ့ကိုႀကီးသာကလဲ'
'ခုံမ်ားဟာ အဲ့ေလာက္အေစာႀကီးသြားဦးစရာလိုလို႔လား'
မိႏြယ္မ်က္ေစာင္းထိုးကာၾကည့္လိုက္ေတာ့ အဘကၾကားထဲမေနနိုင္စြာ
'ေနပါေစသားႀကီးရယ္ သမီးငယ္က ေက်ာင္းဖြင့္ရက္ကိုေစာင့္ေနတာ ခါတိုင္းႏွစ္လဲ ဒီလိုရက္ဆိုအေစာႀကီးသြားတာပဲ ဘယ္တုန္းကေျပာလို႔ရဖူးလို႔လဲ ငါ့သားရာ'
အဘကရယ္ရင္းဆိုေတာ့မွ ကိုႀကီးသာက ဘူးသီးေၾကာ္ကိုပါးစပ္ထဲထိုးထည့္ရင္းလိုက္ရီသည္။
သူတို႔သားအဖ ဘယ္ေလာက္ေျပာေျပာ ေနာက္ဆုံး
မိႏြယ္က ဒါဆိုဒါပဲ လိုက္ေရာေပးရသည္ပင္။
_____
နဝမတန္းပထမဆုံးေက်ာင္းတက္ရမည့္ေန႕။
ခက္ကေရွ႕ဆုံးတန္းမွာသာထိုင္ေလ့ရွိသူမို႔ မိႏြယ္ပါေရာေရာင္ ေရွ႕ဆုံးတန္းကထိုင္ခဲ့သည္မွာ ေလးတန္းကထဲကပင္။
အတန္းထဲတြင္မိႏြယ္ကလြဲၿပီး မည္သူမွ်မေရာက္ၾကေသး။ ေက်ာင္းပိတ္ထား၍အနည္းငယ္ ဖုန္တက္ေနေသာ ခုံမ်ားကို စာ႐ြက္မ်ားၿဖဲကာသုတ္လိုက္သည္။ ခက္အတြက္ ေရးခုံေရာ ထိုင္ခုံပါ ေကာင္းေကာင္းကိုေ႐ြးၿပီး စိတ္ရွည္လက္ရွည္ သန႔္ရွင္းေပးေနမိသည္။ ခက္ကသန႔္ရွင္းေနမွ ႀကိဳက္သည္မဟုတ္လား။
မိႏြယ္ေရာက္ၿပီး သိပ္မၾကာခင္မွာပဲ သူငယ္ခ်င္းတခ်ိဳ႕ေရာက္လာၾကသည္မို႔ သူတို႔နဲ႕အတူ တံျမက္စည္းလွည္းျခင္း၊ ဘုရားပန္းအိုးလဲျခင္း၊ အမွိုက္ပစ္ျခင္းမ်ား လုပ္ေဆာင္ရသည္။
'မိႏြယ္ နင္ဘယ္ဘာသာတြဲယူထားလဲ'
'ငါဘိုင္အိုတြဲယူမွာ နင္ေရာဆုမြန္'
'ငါေတာ့ ဝိဇၨာတြဲပဲယူထားတယ္ ငါကစာလဲသိပ္မလိုက္နိုင္ဘူးေလ နင္နဲ႕အခန္းကြဲရင္ ငါေတာ့သတိရေနေတာ့မွာပဲ မိႏြယ္'
မိႏြယ္ကကူညီတတ္ၿပီး စိတ္ထားေကာင္းသူမို႔ မိႏြယ္ကိုလူတိုင္းကခင္ၾကသည္မွာမဆန္းၾကယ္။
ထို႔နည္းတူ စာအလြန္ေတာ္ကာ ခပ္ေအးေအးႏွင့္ မာနႀကီးသလိုေနတတ္ေသာအက်င့္ေၾကာင့္
ခက္တမာအေပါင္းအသင္းနည္းသည္မွာလည္း မဆန္းၾကယ္။
ေက်ာင္းပိတ္ရက္အစပိုင္းေလာက္တုန္းကခက္နဲ႕ တခါ႐ြာထဲမွာဆုံသည္ကလြဲလို႔ ေနာက္ထပ္မေတြ႕ျဖစ္။ မိႏြယ္ သြားလည္ခ်င္ေသာ္လည္း ခက္ကတခါမွ်အလည္မေခၚသလို ခက္ေမေမေဒၚေလးခင္ကလည္း သူလာလည္တာကိုႀကိဳက္မည္မဟုတ္မွန္းသိတာေၾကာင့္ ခက္စိတ္ဆင္းရဲမည္ကိုငွဲ႕ကြက္ၿပီး သြားမလည္ျဖစ္ခဲ့။
၈နာရီေက်ာ္ေတာ့ ခက္ကေက်ာပိုးအိတ္ေလးလြယ္ကာ လက္ရွည္ရင္ဖုံးအကၤ်ီႏွင့္သူ႕လိုပင္ ခ်ိတ္ထဘီေျခမ်က္စိဖုံးႏွင့္ ေရာက္လာသည္။ ခက္ကဘယ္ေလာက္ပူပူအိုက္အိုက္ လက္ေကာက္ဝတ္ထိဖုံးေသာအကၤ်ီလက္ရွည္ကိုသာ အၿမဲတေစဝတ္ေလ့ရွိသည္။
'ခက္...ဒီမွာငါေနရာယူထားတယ္'
ခက္ကသူ႕ေခၚေနရာသို႔ လာထိုင္သည္။
မိႏြယ္ခက္ေဘးမွာအတူရွိေနရ႐ုံနဲ႕ အရာအားလုံးၿပီးျပည့္စုံေနသလိုခံစားရသည္။
ခက္ကနတ္ဘုရားမမ်ားလား...။
ေပါက္ကရအေတြးေၾကာင့္ ဟီးခနဲအသံထြက္ေအာင္ပင္ရီမိသြားသည္။
ခက္ကသူ႕ရဲ႕အသံေၾကာင့္ လွည့္ၾကည့္လာကာ
'မိႏြယ္ ဘာမ်က္ႏွာ႐ူးေနျပန္တာလဲ'
'ဘာမွမဟုတ္ပါဘူးဟာ ငါနင့္ကိုနတ္သမီးမ်ားလားလို႔ေတြးလိုက္မိလို႔ ဟီးဟီး'
'မိႏြယ္ နင္ေတာ့တကယ္႐ူးေနၿပီပဲ'
ခက္တမာ ခပ္တိုးတိုးရယ္ကာ မိႏြယ္ရဲ႕ခပ္ေၾကာင္ေၾကာင္အေတြးေတြကိုလ်စ္လ်ဴရႉလိုက္ရသည္။ မဟုတ္ရင္ ဒီေကာင္မေလးကေနာက္ထပ္ေပါက္ကရေတြထပ္ထြက္လာအုံးမွာ။
ေက်ာင္းတက္ေခါင္းေလာင္းထိုးၿပီးမၾကာခင္မွာပင္အတန္းပိုင္ဆရာမဝင္လာကာ နာမည္စာရင္းေခၚျခင္း၊ အသစ္ေရာက္လာေသာေက်ာင္းသားမ်ားကိုမိတ္ဆက္ေပးျခင္း ၊ ဘာသာတြဲအလိုက္အခန္းမ်ားခြဲေပးျခင္း တို႔ကိုလုပ္ေဆာင္ေတာ့ သည္။
'မိႏြယ္...'
'....'
'ဟဲ့ မိႏြယ္...'
'ရွန္...ရွန္ဆရာမ မိႏြယ္ရွိ'
မိႏြယ္ စာအုပ္ထဲတြင္ ပုံမ်ားျခစ္ဆြဲေနရာမွ ခက္ကတံေတာင္ဆစ္ျဖင့္တြန္းလာတာေၾကာင့္ အေရွ႕ကိုၾကည့္မိေတာ့ ဆရာမရဲ႕ ႀကိမ္လုံးနဲ႕အၾကည့္စူးစူးတို႔ကိုတြဲေတြ႕လိုက္ရသည္။ မိႏြယ္ လက္ေလးေထာင္ကာအထစ္ထစ္အေငါ့ေငါ့ျဖင့္ အျမန္ပင္ထူးလိုက္ရေတာ့သည္။
'ဘာရွန္လဲ ရွင္လို႔ထူးစမ္း မိန္းခေလးျဖစ္ၿပီး ညည္းဟာေလ ရွပ္ျပာရွပ္ျပာနဲ႕ အခုမွေက်ာင္းစဖြင့္တယ္ စိတ္ကဘယ္ေရာက္ေနတာတုံး ညည္းလိုကေလးေတြေၾကာင့္ငါအာေပါက္တာဟဲ့သိရဲ႕လား..'
အတန္းပိုင္ဆရာမက သူ႕ဘာသာစကားမ်ားတာကိုေတာ့ထည့္မေျပာ။ သို႔ေသာ္မိႏြယ္က ဒီေလာက္ေလးအေျပာခံရ႐ုံနဲ႕နည္းနည္းမွ်မၿဖဳံပါ။ မခ်ိဳမခ်ဥ္မ်က္ႏွာႏွင့္ အၿပဳံးတို႔က မိႏြယ္ရဲ႕အားသာခ်က္ပင္အလား။အခုလဲ သြားေသးေသးေလးမ်ားေပၚေအာင္ ဆရာမကိုရီျပလိုက္သည္။
'အမယ္ေလး မိႏြယ္ညည္းႂကြက္သြားနဲ႕လာရီျပမေနနဲ႕ ညည္းကဘာကိစၥသိပၸံတြဲယူထားတာတုန္း အဂၤလိပ္လိုက်က္ရမွာထက္စာရင္ ေကာက္ပင္ပဲစိုက္လိုက္မယ္ေလးဘာေလးနဲ႕ အခုကဘယ္လိုျဖစ္တာတုန္း'
'ဟဲဟဲ အခုကမိႏြယ္ေကာက္မစိုက္ခ်င္ေတာ့လို႔
စာကိုပဲႀကိဳးစားေတာ့မယ္လို႔ဆုံးျဖတ္ထားတယ္ဆရာမ ဟဲဟဲ'
ဟဲဟဲ ဟဲဟဲနဲ႕ပုံစံမ်ိဳးစုံလုပ္ျပေနေသာမိႏြယ္ကို
ဆရာမကလက္ေလ်ာ့လိုက္သည့္ဟန္ ဘာမွ်ဆက္မေျပာေတာ့။
တကယ္ကအဂၤလိပ္လိုက်က္ရမွာကို မိႏြယ္တကယ္
မႀကိဳက္ပါ။ ဆရာမေျပာသလို ေကာက္ပင္မစိုက္ခ်င္လို႔လဲမဟုတ္ပါ။
ခက္ကဘိုင္အိုတြဲယူမွာေသခ်ာေနသည္မို႔
ခက္နဲ႕မခြဲခ်င္လို႔ အရင္လိုအတူတူထိုင္လို႔ရေအာင္
ဘိုင္အိုတြဲယူထားျခင္းသာျဖစ္သည္။
ဆရာမေမးၿပီးေတာ့ ခက္ကလဲေမးလာပါေတာ့သည္။
'မိႏြယ္ နင္တကယ္ဘိုင္အိုတြဲယူမွာလား'
'ဟုတ္တယ္ ဘာလို႔လဲခက္ ငါ..ငါလိုက္နိုင္ေအာင္ႀကိဳးစားမွာပါဟ'
ခက္ကစိတ္ရႈပ္သလို ေခါင္းကိုတစ္ခ်က္ကုတ္လိုက္ကာ
'နင္အႀကိဳက္ဆုံးဘာသာက သမိုင္းမဟုတ္လား
သမိုင္းက်က္ရတဲ့အခ်ိန္ေတြက နင္အေပ်ာ္ဆုံးနဲ႕စိတ္အဝင္စားဆုံးပဲဆို'
'ဟုတ္ေတာ့ဟုတ္ပါတယ္ ဒါေပမဲ့လဲ သမိုင္းကစာအုပ္ေတြရွာဝယ္ၿပီး ျပန္ဖတ္လိုက္လို႔ရပါတယ္ '
'နင္ငါ့ေၾကာင့္ ဒီဘာသာတြဲယူတာေတာ့မဟုတ္ပါဘူးေနာ္ မိႏြယ္'
'မဟုတ္ဘူး မဟုတ္ဘူးခက္ ငါ့ဘာသာယူတာ'
ခက္က မယုံသလိုေလးၾကည့္ကာေမးေတာ့
မိႏြယ္ေခါင္းေရာလက္ေရာ ခါျပကာျငင္းလိုက္ရသည္။
အမွန္တိုင္းေျပာလိုက္ရင္ ခက္ကလက္ခံမွာမဟုတ္တာေသခ်ာေနသည္။
ထိုသို႔ႏွင့္ပင္နဲ႕စာက်က္ပ်င္းေသာမိႏြယ္တစ္ေယာက္မွာ စာက်က္ခ်ိန္ေတြတိုးသထက္တိုးလာခဲ့ရသည္။ ထို႔အျပင္ စာေတာ္သည့္သူငယ္ခ်င္းနားကပ္ေနရန္မွာ မလြယ္ေၾကာင္းပါသိလာရသည္။
Chuu...
Please vote for me 💗