TG'sBBLW [BL Completed] [Myan...
By Comet222
131K 18.7K 126
It's just for offline translation. Translate for fun. Please support original author and eng translator. Titl... More
Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
*Chapter(12)*
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
*Chapter(17)*
Chapter(18)
Chapter(19)
*Chapter(20)* [Final]
Sidetrack Story-1
Sidetrack Story-2
Sidetrack Story-2 Part(1)-1
Sidetrack Story-2 Part(1)-2
Sidetrack Story-2 Part(2)-1
*Sidetrack Story-2 Part(2)-2*
Sidetrack Story-2 Part(3)-1
Sidetrack Story-2 Part(3)-2 [The End]
4.2K 471 8
By Comet222
Zawgyi
"ဇနီးလေး?"
"ရှင်းချန်...?"
[ပြီးပါပြီ။]
Unicode
ချင်ယွီကတုန်ယင်သွားပြီးနောက် သူ့မျက်လုံးတွေကိုမှိတ်ပြီး သေဆုံးသွားတော့တယ်။ ရှင်းချန်က သက်ပြင်းချလိုက်ပြီး သူ့ရဲ့ပါးပြင်ထက်ကနေ မျက်ရည်တစ်စက် လိမ့်ဆင်းကျသွားတော့တယ်။
ဘုရင်မင်းမြတ်က စစ်သူကြီးချို့နဲ့ အိမ်ရှေ့စံမင်းသားတို့ နှစ်ယောက်စလုံးဆီကနေ တင်ပြချက်ကိုကြားပြီးတဲ့အချိန်မှာ ယူကြုံးမရဖြစ်သွားတယ်။ သူထို့နောက် တတိယမင်းသားရဲ့ဆန္ဒကို ခွင့်ပြုပေးလိုက်ပြီးတော့ သူ့ကိုမီးသဂြိုလ်ပေးလိုက်တယ်။ သူ့ရဲ့အရိုးပြာကို
တောင်အမြင့်ပေါ်ကနေ လေနဲ့အတူကျဲချပေးလိုက်တယ်။
ရှင်းချန်က စစ်သူကြီးအိမ်တော်ကို ပြန်လာပြီးနောက် သူ့ရဲ့အမျိုးသမီးအဝတ်အစားကို ပြန်ပြောင်းလဲဝတ်ဆင်လိုက်တယ်။ ညစာစားသောက်ပွဲမှာ လုပ်ကြံသတ်ဖြတ်မှု
ဖြစ်ပွားပြီးကတည်းကဆိုရင် အချိန်သုံးရက်ကြာမြင့်သွားပြီ ဖြစ်တယ်။ ရှင်းချန်က သူ့ခင်ပွန်းရဲ့မျက်နှာကို သန့်စင်ပေးလိုက်ပြီးတာနဲ့ ပင်ပန်းနွမ်းနယ်မှုက သူ့ဆီရောက်လာပြီလို့ ခံစားလိုက်ရတယ်။ သူစားပွဲဆီကို လမ်းလျှောက်သွားလိုက်ပြီး ထိုင်ချလိုက်ရင်း လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်တယ်။ ရှင်းချန်ကပင်ပန်းနွမ်းနယ်မှုကြောင့် သူ့မျက်လုံးတွေမူးဝေသွားပြီး စားပွဲပေါ်ကို
မှောက်ကျသွားတော့တယ်။ သူ့လက်တွေက ပျော့ခွေသွားပြီးတော့ သူ့လက်ထဲမှာရှိတဲ့ပန်းကန်လုံးကလည်း
မြည်သံနဲ့အတူ ကော်ဇောပေါ်ကို ကျသွားတော့တယ်။
ကျဲယွင်ရဲ့မျက်တောင်တွေက တဖျတ်ဖျတ်ခတ်လာပြီးတော့ သူ့ရဲ့မျက်လုံးကို​ ဖြေးညင်းစွာဖွင့်လိုက်တယ်။ သူ့ရဲ့ဓားထိုးခံထားရတဲ့နေရာက အတော်လေးထုံထိုင်းနေတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် သူသက်သာလာပါပြီ။ သူအခန်းကို ပတ်ပတ်လည်လိုက်ကြည့်လိုက်တော့ စားပွဲပေါ်မှာ
သတိလစ်နေတဲ့ရှင်းချန်ကို ရှာတွေ့သွားတယ်။
"ဇနီးလေး?"
"ရှင်းချန်...?"
ရှင်းချန်ဆီကနေ ဘာလှုပ်ရှားမှုမှ ဘာအသံမှ မထွက်လာပါဘူး။ သူထို့နောက် အောက်ကိုပြုတ်ကျနေတဲ့ခွက်ကို တွေ့လိုက်တော့ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ သူချက်ချင်း အိပ်ရာပေါ်ကနေ ခုန်ထလိုက်ပြီးတော့ ရှင်းချန်ဆီကို အပြေးသွားလိုက်တော့ ဖြူလျော်ပြီး
ပင်ပန်းနေတဲ့မျက်နှာနဲ့ အဖျားရှိနေတာကိုပဲ တွေ့လိုက်ရတယ်။ သူ့ရဲ့ဒဏ်ရာက အခုထိကောင်းကောင်း မကုသရသေးပေမဲ့လည်း သူရှင်းချန်ကိုပွေ့ချီလိုက်ပြီးတော့ အိပ်ရာပေါ်မှာချလိုက်ပြီး သူပါလှဲလျောင်းချလိုက်ရင်း ချစ်လှစွာသောဇနီးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်တယ်။ ရှင်းချန်က သူဘယ်တော့မှမနိုးလာတော့ဘူး အထင်နဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာလို့ သူတွေးလိုက်မိတာဖြစ်တယ်။ အဲ့ဒါကသူ့ကို
သေလောက်အောင် ကြောက်လန့်သွားစေတယ်။ သူသူ့ရဲ့နူဖူးလေးကို နမ်းလိုက်ပြီးတော့ အနားယူဖို့
သူ့ရဲ့မျက်လုံးတွေကို မှိတ်လိုက်တော့တယ်။
ရှင်းချန်နောက်တစ်နေ့မှာ နိုးလာတော့ သူ့ကိုယ်သူကျဲယွင်ရဲ့လက်မောင်းကြားထဲ ရောက်နေတာကို တွေ့လိုက်ရတယ်။ သူ့နဖူးကိုနမ်းလိုက်တာကို ခံစားမိလိုက်လို့
သူမော့ကြည့်လိုက်တော့ သူ့ခင်ပွန်းကသူ့ကို ပြုံးပြနေတာကို မြင်လိုက်ရတယ်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား?"
ရှင်းချန်ကကျဲယွင်ရဲ့ခါးကိုပွေ့ဖက်လိုက်ပြီး သူ့ရဲ့ချစ်လှစွာသောယောက်ျားနဲ့ ဇိမ်ရှိရှိနေလိုက်တယ်။ သူခေါင်းငြိမ့်ပြလိုက်ပေမဲ့ အမှန်တကယ်တော့ သူအိပ်ချင်နေသေးတုန်းပဲ။ ကျဲယွင်ကပျော်ရွှင်စွာ သူ့ဇနီးလေးကို
ပွေ့ဖက်လိုက်ရင်း သူ့ရဲ့နောက်ကျောကို
ညင်သာစွာပုတ်ပေးလိုက်တယ်။
"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မင်းကိုစိတ်ပူအောင် လုပ်မိတယ်မလား? ကိုယ်မင်းနောက်ထပ် ဘယ်တော့မှ
စိတ်ပူရအောင်မလုပ်တော့ပါဘူး။ ကိုယ်မင်းကို
တစ်ယောက်တည်းထားမသွားပါဘူး..."
ရှင်းချန်ကသူ့မျက်လုံးကို အချိန်ခဏလောက်ကြာအောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးတော့
အိပ်ချင်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။
"မင်းငါ့ကိုရော ငါတို့ရဲ့သမီးကိုရော တစ်ယောက်တည်း မထားခဲ့ပါဘူးလို့ ပြောသင့်တယ်။"
ကျဲယွင်သူ့စိတ်က ဗလာဖြစ်သွားတယ်လို့ ခံစားလိုက်ရပြီး ရှင်းချန်ကိုငုံ့ကြည့်လိုက်ပြီး သူ့ဇနီးလေးရဲ့သေးသွယ်ပိန်ပါးတဲ့ ဗိုက်လေးကို ထိကြည့်လိုက်တယ်။ ရှင်းချန်က သူ့လက်ကိုရိုက်ထုတ်လိုက်ပြီးတော့ တခစ်ခစ်ရယ်လိုက်တယ်။
"မင်းဘာတွေလျှောက်တွေးနေတာလဲ?"
သူထို့နောက် ကျဲယွင်အဆိပ်မိပြီးနောက် ဖြစ်ပျက်ခဲ့သမျှ ဇာတ်ကြောင်းတစ်ခုလုံးကို ပြန်ပြောပြလိုက်တယ်။ သူနားထောင်လို့ပြီးသွားတဲ့အချိန်ကျမှ ရှင်းချန်ရဲ့မေးစေ့လေးကို ဆွဲမော့လိုက်ပြီးတော့ နက်ရှိုင်းပြီး ချစ်စိတ်ပြင်းပြနေတဲ့အနမ်းတစ်ခုကို ပေးလိုက်တယ်။
သုံးနှစ်ကြာပြီးနောက် က​လေးမလေးတစ်ယောက်က
ဈေးလမ်းမပေါ်မှာ တစ်ယောက်တည်း လျှောက်ပြေးလွှားနေတယ်။ အပြာရောင်ဆင်တူဝတ်စုံကို ဝတ်ဆင်ထားတဲ့စုံတွဲတစ်တွဲက ကလေးမလေးရဲ့အနောက်ကနေ လိုက်လာတယ်။
"ယွီရှု အရမ်းမပြေးနဲ့လေ။ နောက်ကျရင် ချော်လဲကျနေအုံးမယ်။"
ကလေးမလေးက နောက်လှည့်ကြည့်လိုက်ပြီး အသံစူးစူးလေးနဲ့ ရယ်လိုက်တဲ့အသံက သူတို့နားကလူ​တွေကို
အပြုံးတစ်ပွင့်ဖြစ်ပေါ်သွားစေတယ်။ ကလေးမလေးက လက်ဝှေ့ယမ်းပြလိုက်ပြီးတော့ ခုန်ပေါက်နေရင်းစုံတွဲကို အော်ခေါ်လိုက်တယ်။
"အဖေ! အမေ! မြန်မြန်လာ! ဦးလေးဟန်နဲ့အဒေါ်အန်တို့မှာ ကောင်လေးသေးသေးလေးရသွားပြီ။ ယွီရှု
ကလေးလေးကိုကြည့်ချင်တယ်။ ah..."
ကျဲယွင်က တခစ်ခစ်ရယ်မောလိုက်ပြီး ကလေးမလေးကို သွားခေါ်လိုက်တယ်။ သူမကို သူ့ပုခုံးပေါ်မှာတင်လိုက်ပြီးတော့ လက်တစ်ဖက်က သူမကိုကိုင်ထားရင်း ကျန်လက်တစ်ဖက်က သူ့ရဲ့ချစ်လှစွာ​သောဇနီးလေး ရှင်းချန်ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်တယ်။ ထို့နောက် ပျော်ရွှင်နေတဲ့မိသားစုက အတူတကွ
လမ်းလျှောက်သွားလိုက်ကြတော့တယ်။
[ပြီးပါပြီ။]
Continue Reading
You'll Also Like
186K 25.9K 29
[Completed]☑️☑️🤍 一觉醒来成了好兄弟的舅妈 He became the aunt of his best friend after waking up Original Author___ 妥妥 Translator___Leon STATUS IN COO (26) COMPL...
36.7K 3.5K 23
၁၅၃အနေစပြီးတင်လက်စကထပ်တင်လို့မရ တော့လို့ဒီ ကနေစပြီး၁၅၄ကိုဖတ်ပေးကြပါနော် 😊😊😊
217K 32.1K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...