(Unicode)
"မသွားပါနဲ့ … နွေ … နွေရေ … ငါတောင်းပန်ပါတယ် … ငါ့ကိုထားမသွားနဲ့ … နွေ………"
ရင်တွေတစ်ဒိန်းဒိန်းခုန်ပြီးပြီးအော်သံကြောင့်ရုတ်တရက်လန့်နိုးသွားသည်။
"ဘာလဲဟ … အိပ်မက်လား"
ရင်ထဲမှာလဲတစ်ဆစ်ဆစ်နာလို့။စစ်မင်းမျက်နှာကိုစမ်းမိတော့မျက်ရည်တွေ။
"ငါငိုနေတာလား''
တစ်ယောက်ထဲရေရွတ်နေမိ၏၊ နာရီကြည့်တော့ မနက်သုံးနာရီ။
"ငါဘာလို့ရင်တွေနာနေရတာလဲ''
စစ်မင်းရင်ဘက်ကိုလက်နှင့်ဖိကာအိပ်ယာထဲပြန်လှဲချလိုက်တော့သည်။
"မမွှေးရေ ကြည့်တို့အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ ကလေးမလေးတွေလွှတ်ပေးပါအုံး"
"အင်းပါ မမွှေးလွှတ်လိုက်မယ်နော်"
"ဒီနေ့ breakfast ကဘာလဲဟင်"
"အုန်းနို့ခေါက်ဆွဲပါ"
"ဘုရားပန်းဝယ်ခဲ့လား မမွှေး"
"ဝယ်ခဲ့တယ်ကြည် လဲတော့မလား''
အခန်းအပြင်ကဆူညံသံတွေနားထဲအတိုင်းသားကြားနေရသည်။ မာမီတို့ရောက်ကတည်းကအိမ်ကအမြဲဆူညံနေ၏၊ မေမွှေးလဲတစ်ခါမှအငြိမ်မနေရ။ သူလဲအိပ်ကောင်းခြင်းမအိပ်ရပေ။
အရင်ကဆိုသူအိပ်နေရင်အပေါ်ထပ်လာပြီးဘာဆူညံသံမှမလုပ်ရဲကြ။သူနိုးမှသာလုပ်စရာရှိတာလုပ်ကြရသည်။
ဆက်အိပ်မရတော့လို့အိပ်ယာကထလာခဲ့ပေမယ့်စိတ်ကမကြည်တော့။ညကအိပ်မက်ကြောင့်လဲ စိတ်ထဲထင့်နေသည်။
သူနွေနဲ့မတွေ့ဖြစ်တာကြာနေပြီ။ ထိုခွေးပေါက်ကလဲသူ့ကိုရှိတယ်လို့တောင်မထင်လားမသိ။စာမေးပွဲဖြေနိုင်လားတောင်မေးဖော်မရ။ ဒီနေ့တော့တွေ့ကြသေးတာပေါ့။
▫️▪️▫️▪️▫️▪️▫️▪️▫️▪️
"အိမ်ရှင်တို့ … အိမ်ရှင်တို့"
"လာပြီ ဘယ်သူလဲမသိ''
အိမ်ထဲမှအပြေးတပိုင်းထွက်လာသောနွေ့အားကြည့်ပြီးသူရယ်ချင်သွားသည်။
"ဟယ် … ဘယ်သူလဲလို့''
"နင်ကငါ့အသံတောင်မမှတ်မိလား''
"မဟုတ်လေ နင်ဘယ်တုန်းကအိမ်ရှင်တို့လို့ခေါ်လို့လဲ ဧည့်သည်ထင်တာပေါ့"
"ဘာလုပ်နေတာလဲ အန်တီမေမရှိလား''
"မားကအလုပ်ရှိလို့မနက်အစောကပဲထွက်သွားတာ နင်ဘာစားပြီးပြီလဲ"
"အုန်းနို့ခေါက်ဆွဲ အီနေလို့ငါ့ကိုကော်ဖီတစ်ခွက်လောက်တိုက်စမ်းပါ''
"အေး လာရင်ငါ့ကိုတစ်ခုမဟုတ်တစ်ခုခိုင်းနေလိုက်''
နွေဆောင့်အောင့်ပြီးကော်ဖီဖျော်ရန်ထသွားတော့သည်။ စစ်မင်းခုံပေါ်ထင်ထားသောစာအုပ်ပုံဆီအကြည့်ရောက်သွားတော့ ကျောက်မျက်နဲ့ပက်သက်တဲ့စာအုပ်တွေ၊သူစာအုပ်တစ်အုပ်ဆွဲယူပြီးဟိုလှန်ဒီလှန်ကြည့်နေလိုက်သည်။
"ရော့ … ဘာသိလို့ကြည့်နေလဲငါ့စာအုပ်တွေကို"
"ဟ… ငါလဲနည်းနည်းပါးပါးသိပါတယ်ဟ''
"စာမေးပွဲရောဖြေနိုင်ရဲ့လား''
"အင်း ဖြေထားတာပဲ အောင်မှာပေါ့"
"နင်ဘာလုပ်မယ်စိတ်ကူးထားလဲ ကျောင်းပြီးရင်''
"ဒယ်ဒီကသူ့ company မှာဝင်လုပ်ခိုင်းနေတယ် ၊ငါလဲလုပ်ကြည့်မလို့ နင်ရော အန်တီမေ့အလုပ်တွေလေ့လာနေပြီပေါ့"
"အင်း ဟုတ်တယ် ငါမားအလုပ်တွေကူပေးမလို့၊ပြီးတော့…"
နွေ့အသံကပြောနေရင်းတိမ်ဝင်သွားသည်။ ခေါင်းကိုငုံ့ထားပြီးသူ့ကိုတစ်ခုခုပြောချင်နေပုံ။
''ပြီးတော့ဘာဖြစ်လဲ ပြောလေ''
ခေါင်းကိုငုံ့ထားမြဲ။
''ဘာဖြစ်လဲလို့''
"စစ်မင်း … ငါလေ … ငါပြောမထွက်ဘူးဟာ "
နွေ့ပါးစပ်ကပြောမထွက်။ စစ်မင်းစိတ်ဆိုးမှာကြောက်သည်။ ဒါပေမယ့်စစ်မင်းတားလျှင်နွေမသွားဖို့ဆုံးဖြတ်ပြီးသားပါ။
"နင်ငါ့ကိုပြောမှာ Paris သွားမယ့်ကိစ္စမလား''
''ဟင် နင်သိနေတယ်လား"
ခုမှအံ့ဩခြင်းများစွာဖြင့်သူ့အားမော့ကြည့်လာပါတော့တယ်။
"အင်း ခုဏကစာအုပ်ထဲကဒါလေးထွက်ကျလာတာ"
စစ်မင်း သူ့ဘောင်းဘီအိတ်ထဲက passport စာအုပ်ကလေးထုတ်ပြလာသည်။
"ငါသွားရမလား"
"နင်အားလုံးစီစဉ်ထားပြီးသားပဲ ၊ သဘော ငါ့မှာတားပိုင်ခွင့်မှမရှိတာ"
"မဟုတ်ဘူး နင်တားရင်ငါမသွားးဘူး စစ်မင်း ပြော ငါမသွားရဘူးလား''
"နင်ဘယ်လောက်ကြာမှာလဲ အဲ့မှာ"
"နှစ်နှစ်သုံးနှစ်ပေါ့''
"နင်အားလုံးစီစဉ်ထားပြီးခါမှ ငါကဘယ်လိုစိတ်နဲ့နင့်ကိုတားရမှာလဲ … သွားပါ ငါအားပေးတယ်…
နင်ဖြစ်ချင်တာကိုသာ နင်ဖြစ်အောင်လုပ်ပါ ငါကနင့်ဘဝအတွက် အတားဆီးမဖြစ်ချင်ဘူးနွေ … ဒါနဲ့နင်ဘယ်တော့သွားဖို့စီစဉ်ထားလဲ''
"နောက်အပတ်ထဲ … နင်ငါ့ကိုစိတ်ဆိုးလားဟင်"
မျက်ရည်လေးဝဲကာသူ့အားမော့ကြည့်ပြီးမေးလားသောနွေ့ကြောင့် သူ့ဆိုးချင်တဲ့စိတ်တောင်ဘယ်နားသွားရှာရမယ်မသိ။
"မဆိုးဘူးဟုတ်ပြီလား မငိုနဲ့ နင်ငိုတာမြင်ရင်ငါ့ရင်တွေနာလွန်းလို့"
"ဟင် ဘာလို့ရင်နာတာ"
"အရမ်းရုပ်ဆိုးလို့လေ ဟားး ဟားး"
''ငစစ် သေနာကောင်"
နွေစိတ်တိုတိုနှင့်သူ့လက်မောင်းအားတဖုံးဖုံးထုရိုက်ပစ်လိုက်သည်။ သူကတော့ရယ်လို့မောလို့ နည်းနည်းတောင်ဝမ်းနည်းပုံမပြ။
ငယ်ငယ်ကမားနဲ့နွေခရီးထွက်ရင်သူပါလိုက်ရမှ။တစ်ခါကသူ့ကိုထားခဲ့တာ နွေ့ကိုမတွေ့ရလို့ အိမ်မှာသောင်းကျန်းပြီး ထမင်းမစားရေမသောက်နဲ့ဆန္ဒပြနေလို့ နွေတို့မှာချက်ချင်းပြန်ခဲ့ရသည်လေ။
အဲ့ချိန်ကစလို့နွေဘယ်သွားသွားသူကပ်ခွာလိုလိုက်ကပ်နေတာ။ နွေ ကျောင်းခရီးတွေလိုက်ရင်လဲ သူကကားနဲ့လိုက်လာတတ်သည်။ ပြောရင်စိတ်မချလို့တဲ့။ ခုကျ ဒီလောက်မိုင်ထောင်ချီမကဝေးတဲ့နေရာကို။
*နင်အရင်ကလိုငါ့ကိုစိတ်မချဆိုပြီးလိုက်လာပေးရင်သိပ်ကောင်းမှာပဲ စစ်ရယ်*
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
(Zawgyi)
"မသြားပါနဲ႔ … ေႏြ … ေႏြေရ … ငါေတာင္းပန္ပါတယ္ … ငါ႔ကိုထားမသြားနဲ႔ … ေႏြ………"
ရင္ေတြတစ္ဒိန္းဒိန္းခုန္ၿပီးၿပီးေအာ္သံေၾကာင့္႐ုတ္တရက္လန္႔ႏိုးသြားသည္။
"ဘာလဲဟ … အိပ္မက္လား"
ရင္ထဲမွာလဲတစ္ဆစ္ဆစ္နာလို႔။စစ္မင္းမ်က္ႏွာကိုစမ္းမိေတာ့မ်က္ရည္ေတြ။
"ငါငိုေနတာလား''
တစ္ေယာက္ထဲေရရြတ္ေနမိ၏၊ နာရီၾကည့္ေတာ့ မနက္သုံးနာရီ။
"ငါဘာလို႔ရင္ေတြနာေနရတာလဲ''
စစ္မင္းရင္ဘက္ကိုလက္ႏွင့္ဖိကာအိပ္ယာထဲျပန္လွဲခ်လိုက္ေတာ့သည္။
"မေမႊးေရ ၾကည့္တို႔အခန္းကိုသန္႔ရွင္းေရးလုပ္ဖို႔ ကေလးမေလးေတြလႊတ္ေပးပါအုံး"
"အင္းပါ မေမႊးလႊတ္လိုက္မယ္ေနာ္"
"ဒီေန႔ breakfast ကဘာလဲဟင္"
"အုန္းႏို႔ေခါက္ဆြဲပါ"
"ဘုရားပန္းဝယ္ခဲ့လား မေမႊး"
"ဝယ္ခဲ့တယ္ၾကည္ လဲေတာ့မလား''
အခန္းအျပင္ကဆူညံသံေတြနားထဲအတိုင္းသားၾကားေနရသည္။ မာမီတို႔ေရာက္ကတည္းကအိမ္ကအၿမဲဆူညံေန၏၊ ေမေမႊးလဲတစ္ခါမွအၿငိမ္မေနရ။ သူလဲအိပ္ေကာင္းျခင္းမအိပ္ရေပ။
အရင္ကဆိုသူအိပ္ေနရင္အေပၚထပ္လာၿပီးဘာဆူညံသံမွမလုပ္ရဲၾက။သူႏိုးမွသာလုပ္စရာရွိတာလုပ္ၾကရသည္။
ဆက္အိပ္မရေတာ့လို႔အိပ္ယာကထလာခဲ့ေပမယ့္စိတ္ကမၾကည္ေတာ့။ညကအိပ္မက္ေၾကာင့္လဲ စိတ္ထဲထင့္ေနသည္။
သူေႏြနဲ႔မေတြ႕ျဖစ္တာၾကာေနၿပီ။ ထိုေခြးေပါက္ကလဲသူ့ကိုရွိတယ္လို႔ေတာင္မထင္လားမသိ။စာေမးပြဲေျဖႏိုင္လားေတာင္ေမးေဖာ္မရ။ ဒီေန႔ေတာ့ေတြ႕ၾကေသးတာေပါ႔။
▫️▪️▫️▪️▫️▪️▫️▪️▫️▪️
"အိမ္ရွင္တို႔ … အိမ္ရွင္တို႔"
"လာၿပီ ဘယ္သူလဲမသိ''
အိမ္ထဲမွအေျပးတပိုင္းထြက္လာေသာေႏြ႕အားၾကည့္ၿပီးသူရယ္ခ်င္သြားသည္။
"ဟယ္ … ဘယ္သူလဲလို႔''
"နင္ကငါ႔အသံေတာင္မမွတ္မိလား''
"မဟုတ္ေလ နင္ဘယ္တုန္းကအိမ္ရွင္တို႔လို႔ေခၚလို႔လဲ ဧည့္သည္ထင္တာေပါ႔"
"ဘာလုပ္ေနတာလဲ အန္တီေမမရွိလား''
"မားကအလုပ္ရွိလို႔မနက္အေစာကပဲထြက္သြားတာ နင္ဘာစားၿပီးၿပီလဲ"
"အုန္းႏို႔ေခါက္ဆြဲ အီေနလို႔ငါ႔ကိုေကာ္ဖီတစ္ခြက္ေလာက္တိုက္စမ္းပါ''
"ေအး လာရင္ငါ႔ကိုတစ္ခုမဟုတ္တစ္ခုခိုင္းေနလိုက္''
ေႏြေဆာင့္ေအာင့္ၿပီးေကာ္ဖီေဖ်ာ္ရန္ထသြားေတာ့သည္။ စစ္မင္းခုံေပၚထင္ထားေသာစာအုပ္ပုံဆီအၾကည့္ေရာက္သြားေတာ့ ေက်ာက္မ်က္နဲ႔ပက္သက္တဲ့စာအုပ္ေတြ၊သူစာအုပ္တစ္အုပ္ဆြဲယူၿပီးဟိုလွန္ဒီလွန္ၾကည့္ေနလိုက္သည္။
"ေရာ့ … ဘာသိလို႔ၾကည့္ေနလဲငါ႔စာအုပ္ေတြကို"
"ဟ… ငါလဲနည္းနည္းပါးပါးသိပါတယ္ဟ''
"စာေမးပြဲေရာေျဖႏိုင္ရဲ႕လား''
"အင္း ေျဖထားတာပဲ ေအာင္မွာေပါ႔"
"နင္ဘာလုပ္မယ္စိတ္ကူးထားလဲ ေက်ာင္းၿပီးရင္''
"ဒယ္ဒီကသူ့ company မွာဝင္လုပ္ခိုင္းေနတယ္ ၊ငါလဲလုပ္ၾကည့္မလို႔ နင္ေရာ အန္တီေမ့အလုပ္ေတြေလ့လာေနၿပီေပါ႔"
"အင္း ဟုတ္တယ္ ငါမားအလုပ္ေတြကူေပးမလို႔၊ၿပီးေတာ့…"
ေႏြ႕အသံကေျပာေနရင္းတိမ္ဝင္သြားသည္။ ေခါင္းကိုငုံ႔ထားၿပီးသူ့ကိုတစ္ခုခုေျပာခ်င္ေနပုံ။
''ၿပီးေတာ့ဘာျဖစ္လဲ ေျပာေလ''
ေခါင္းကိုငုံ႔ထားၿမဲ။
''ဘာျဖစ္လဲလို႔''
"စစ္မင္း … ငါေလ … ငါေျပာမထြက္ဘူးဟာ "
ေႏြ႕ပါးစပ္ကေျပာမထြက္။ စစ္မင္းစိတ္ဆိုးမွာေၾကာက္သည္။ ဒါေပမယ့္စစ္မင္းတားလွ်င္ေႏြမသြားဖို႔ဆုံးျဖတ္ၿပီးသားပါ။
"နင္ငါ႔ကိုေျပာမွာ Paris သြားမယ့္ကိစၥမလား''
''ဟင္ နင္သိေနတယ္လား"
ခုမွအံ့ဩျခင္းမ်ားစြာျဖင့္သူ့အားေမာ့ၾကည့္လာပါေတာ့တယ္။
"အင္း ခုဏကစာအုပ္ထဲကဒါေလးထြက္က်လာတာ"
စစ္မင္း သူ့ေဘာင္းဘီအိတ္ထဲက passport စာအုပ္ကေလးထုတ္ျပလာသည္။
"ငါသြားရမလား"
"နင္အားလုံးစီစဉ္ထားၿပီးသားပဲ ၊ သေဘာ ငါ႔မွာတားပိုင္ခြင့္မွမရွိတာ"
"မဟုတ္ဘူး နင္တားရင္ငါမသြားးဘူး စစ္မင္း ေျပာ ငါမသြားရဘူးလား''
"နင္ဘယ္ေလာက္ၾကာမွာလဲ အဲ့မွာ"
"ႏွစ္ႏွစ္သုံးႏွစ္ေပါ႔''
"နင္အားလုံးစီစဉ္ထားၿပီးခါမွ ငါကဘယ္လိုစိတ္နဲ႔နင့္ကိုတားရမွာလဲ … သြားပါ ငါအားေပးတယ္…
နင္ျဖစ္ခ်င္တာကိုသာ နင္ျဖစ္ေအာင္လုပ္ပါ ငါကနင့္ဘဝအတြက္ အတားဆီးမျဖစ္ခ်င္ဘူးေႏြ … ဒါနဲ႔နင္ဘယ္ေတာ့သြားဖို႔စီစဉ္ထားလဲ''
"ေနာက္အပတ္ထဲ … နင္ငါ႔ကိုစိတ္ဆိုးလားဟင္"
မ်က္ရည္ေလးဝဲကာသူ့အားေမာ့ၾကည့္ၿပီးေမးလားေသာေႏြ႕ေၾကာင့္ သူ့ဆိုးခ်င္တဲ့စိတ္ေတာင္ဘယ္နားသြားရွာရမယ္မသိ။
"မဆိုးဘူးဟုတ္ၿပီလား မငိုနဲ႔ နင္ငိုတာျမင္ရင္ငါ႔ရင္ေတြနာလြန္းလို႔"
"ဟင္ ဘာလို႔ရင္နာတာ"
"အရမ္း႐ုပ္ဆိုးလို႔ေလ ဟားး ဟားး"
''ငစစ္ ေသနာေကာင္"
ေႏြစိတ္တိုတိုႏွင့္သူ့လက္ေမာင္းအားတဖုံးဖုံးထု႐ိုက္ပစ္လိုက္သည္။ သူကေတာ့ရယ္လို႔ေမာလို႔ နည္းနည္းေတာင္ဝမ္းနည္းပုံမျပ။
ငယ္ငယ္ကမားနဲ႔ေႏြခရီးထြက္ရင္သူပါလိုက္ရမွ။တစ္ခါကသူ့ကိုထားခဲ့တာ ေႏြ႕ကိုမေတြ႕ရလို႔ အိမ္မွာေသာင္းက်န္းၿပီး ထမင္းမစားေရမေသာက္နဲ႔ဆႏၵျပေနလို႔ ေႏြတို႔မွာခ်က္ခ်င္းျပန္ခဲ့ရသည္ေလ။
အဲ့ခ်ိန္ကစလို႔ေႏြဘယ္သြားသြားသူကပ္ခြာလိုလိုက္ကပ္ေနတာ။ ေႏြ ေက်ာင္းခရီးေတြလိုက္ရင္လဲ သူကကားနဲ႔လိုက္လာတတ္သည္။ ေျပာရင္စိတ္မခ်လို႔တဲ့။ ခုက် ဒီေလာက္မိုင္ေထာင္ခ်ီမကေဝးတဲ့ေနရာကို။
*နင္အရင္ကလိုငါ႔ကိုစိတ္မခ်ဆိုၿပီးလိုက္လာေပးရင္သိပ္ေကာင္းမွာပဲ စစ္ရယ္*
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹