သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန...
By SoeHmue
68.7K 9K 38
အတွဲ(၆) More
1001
1002
1003
1004
1005
1006
1007
1008
1009
1010
1011
1012
1013
1014
1015
1016
1017
1018
1019
1020
1021
1022
1023
1024
1025
1026
1027
1028
1029
1030
1031
1032
1033
1034
1035
1036
1037
1038
1039
1040
1041
1042
1043
1044
1045
1046
1047
1048
1049
1050
1051
1052
1053
1054
1055
1056
1057
1058
1059
1060
1062
1063
1064
1065
1066
1067
1068
1069
1070
1071
1072
1073
1074
1075
1076
1077
1078
1079
1080
1081
1082
1083
1084
1085
1086
1087
1088
1089
1090
1091
1092
1093
1094
1095
1096
1097
1098
1099
1100
1101
1102
1103
1104
1105
1106
1107
1108
1109
1110
1111
1112
1113
1114
1115
1116
1117
1118
1119
1120
1121
1122
1123
1124
1125
1126
1127
1128
1129
1130
1131
1132
1133
1134
1135
1136
1137
1138
1139
1140
1141
1142
1143
1144
1145
1146
1147
1148
1149
1150
1151
1152
1153
1154
1155
1156
1157
1158
1159
1160
1161
1162
1163
1164
1165
1166
1167
1168
1169
1170
1171
1172
1173
1174
1175
1176
1177
1178
1179
1180
1181
1182
1183
1184
1185
1186
1187
1188
1189
1190
1191
1192
1193
1194
1195
1196
1197
1198
1199
1200
1061
331 44 0
By SoeHmue
Chapter 1061: မင်း လုပ်နိုင်တယ်လို့ ငါ ပြောရင် မင်း လုပ်နိုင်လို့ပဲ
မွန်းစတားကလန် နဲ့ မိစ္ဆာကလန်တို့သည် ပြန့်ကျဲနေသော သဲများပမာ လောက်လောက်လားလား နည်းဗျူဟာမရှိဘဲ တိုက်ခိုက်နေခဲ့ကြသည်။ ထို့အပြင် သူတို့တွင် အဖွဲ့လိုက်တိုက်ခိုက်ပုံဟု ခေါ်ကြသည့် အယူအဆတွေလည်း မရှိပါ။ သူတို့သည် အမှောင်ရိပ်ကလန်များကို သူတို့ကိုယ်စီ ခန္ဓာကိုယ်တစ်ခုတည်း၏ စွမ်းအားဖြင့်သာ တိုက်ခိုက်နေခဲ့ကြသည်။
ကလန်နှစ်ခုစလုံးမှ စစ်တပ်များကို လီအိုနာက ထိန်းချုပ်လိုက်သောအခါ တိုက်ပွဲတွင် ပါဝင်နေကြသော မိစ္ဆာကလန် နဲ့ မွန်းစတားကလန်ဝင်များသည် ပြောင်းလဲမှုကို အများကြီးမခံစားရပါ။ သို့သော် ရှီယန် ၊ ဖေးလန် ၊ ဘန်နီ၊ အရှင်မှော်နက် ၊ ရွှမ်ဖေး နဲ့ တခြားကြည့်ရှုသူများသည် လုံးဝကွဲပြားသွားမှုကို မြင်နိုင်ကြသည်။
မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ စစ်တပ်များသည် မိစ္ဆာတစ်ကောင်၏ တောင်ပံနှစ်ဖက်ပမာ လှုပ်ရှားကြသည်။ ရက်စက်ကြမ်းတမ်းပြီး ပြိုင်ဘက်ကင်းဖြစ်သော အရှိန်အဝါသည် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာပြီး မိစ္ဆာကလန်ဝင်များနဲ့ မွန်းစတားကလန်ဝင်များကို ဦးဆောင်ညွှန်ပြနေသည်။ သူတို့၏ ဖွဲ့စည်းပုံပြောင်းလဲနေစဉ် သူတို့၏ အရှိန်အဝါများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
ထိုအချိန်၌ မွန်းစတားကလန်ဝင် နဲ့ မိစ္ဆာကလန်ဝင်တို့သည် ခိုင်ခံ့မာကြောသော ၀င်္ကဘာတစ်ခုကို ပုံဖော်ကြသည်။ ထို၀င်္ကဘာကို ခွဲထုတ်၍ မရသလို ချိုးဖြတ်လို့လည်း မရပါ။ ဤကဲ့သို့သော ကြောက်စရာကောင်းမှုက လူတွေကို ချက်ချင်း ချုပ်တည်းထားနိုင်သည်။
မွန်းစတားကလန်ဝင် နဲ့ မိစ္ဆာကလန်ဝင်တို့၏ တစ်ယောက်ချင်းစီိတိုက်ခိုက်နိုင်မှုစွမ်းရည်က ဆေးနှင့်ကိရိယာစံအိမ် နဲ့ တိုက်ခိုက်ရေးအဖွဲ့အစည်း၏ သိုင်းသမားများထက် သာလွန်သည်။ အရင်က သူတို့ မပြခဲ့ကြခြင်းမှာ သူတို့သည် အဖွဲ့လိုက်တိုက်ခိုက်ရာတွင် မကျွမ်းကျင်ကြသောကြောင့်ဖြစ်သည်။
လီအိုနာသည် သွေးစွန်းစစ်တပ်၏ တပ်မှူး တစ်ယောက်ဖြစ်သည်။ အမှောင်ကောင်းကင် မိသားစု မျိုးဆက်လည်း ဖြစ်သည်။ သူမသည် သွေးသောက်ရှစ်ယောက်သွေးမျိုးဆက်မှ ၀င်္ကဘာနည်းဗျူဟာနှင့် စစ်ပညာအမွေကို ဆက်ခံခဲ့သည်။ သူမ ထုတ်လုပ်လိုက်သော အရှိန်အဝါသည် အမှောင်ရိပ်ကလန်ကို အပိုင်းအစလေးတွေအဖြစ် ဆုတ်ဖြဲပစ်ရန် လုံလောက်သည်။
မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ သိုင်းသမားများသည် အချင်းချင်းဘယ်လိုထောက်ပံ့ရမယ်ကို သိပြီးနောက် အမှောင်ရိပ်ကလန် သိုင်းသမားများ၀ရုန်းသုန်းကား ရှောင်တိမ်းကုန်ကြရသည်ကို အားလုံးမြင်တွေ့နိုင်ကြသည်။
အမှောင်ရိပ်ကလန် သိုင်းသမားများသည် မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ သာလွန်သော ခွန်အားအောက်၌ လွန်လွန်ကဲကဲ အသတ်ခံနေကြရသည်။ မွန်းစတားကလန် နဲ့ မိစ္ဆာကလန် စစ်တပ်ကို တိုက်ခိုက်နေရသော အမှောင်ရိပ်ကလန်ဝင်များသည် အစက သူတို့မခံစားဖူးသည့် ဖိအားကို သိသိသာသာ ခံစားနေကြရသည်။ ထိုအချိန်တွင် ဆေးနှင့်ကိရိယာစံအိမ်ကို တိုက်ခိုက်နေသော အမှောင်ရိပ်ကလန်အဖွဲ့၀င်များက ဒီဘက်ကို လာကူကြရတော့သည်။
အမှောင်ရိပ်ကလန်ဝင်များသည် ဘာဖြစ်နေသည်ကို မသိကြပါ။ သူတို့ အလွန်စိတ်ရှုပ်သွားကြ၏။
အစက ကလန်နှစ်ခု၏ သိုင်းသမားများသည် ကောင်းကောင်းမပူးပေါင်းနိုင်ကြသည်မှာ သိသာသည်။ သို့သော် သူတို့၏ မျက်လုံးများပွင့်သွားသည့်ပမာ သူတို့တွင် အဘယ်ကြောင့် နည်းဗျူဟာရှိလာသလဲဆိုသည်မှာ မသိနိုင်သော အရာဖြစ်သည်။ ဤအဖြစ်သည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်သော ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ယခုအခါ သူတို့သည် လူသုံးယောက် သို့မဟုတ် ငါးယောက်ပါသော အုပ်စုအဖြစ် စုစည်းလိုက်ကြသည်။ ထိုအဖွဲ့များသည် ကောင်းကောင်းပူးပေါင်းပြီး ကြီးမားသော အစီအရင်တစ်ခု ဖန်တီးရန် နည်းဗျူဟာ နဲ့ တိုက်ခိုက်ကြသည်။ သူတို့၏ ကြောက်စဖွယ်တိုက်ခိုက်နိုင်မှုစွမ်းရည်သည် နောက်ဆုံးအချိန် ယခုတွင် ထုတ်ပြလာကြသည်။
အမှောင်ရိပ်ကလန်ဝင်များသည် ချက်ချင်းပင် စတင်နောက်ဆုတ်ပြီး ပြိုလဲသွားကြသည်။ ၎င်းသည် ရှုံးနိမ့်မှု၏ လက္ခဏာများပင်ဖြစ်သည်။
ရွှမ်ဖေး သူမ ပါးစပ်ကို အုပ်လိုက်သည်။ သူမ မျက်နှာသည် ထိတ်လန့်ကြောက်ရွံ့နေ၏။ လီအိုနာ ဝင်ပါပြီးနောက် မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ ကမ္ဘာတုန်လောက်စရာ ပြောင်းလဲမှုကို မြင်သောအခါ သူမ ဇဝေဇဝါ ဖြစ်သွားသည်။ သူမ ရှင်းမပြနိုင်လောက်အောင်ထိ မွှန်ထူသွားခဲ့သည်။ “ဒါ…ဒါက ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။ သူတို့က လူတစ်ယောက်ပဲ ထပ်ထည့်လိုက်တာကို အကုန်လုံးက ပြဇာတ်ဆန်ဆန်နဲ့ အဲ့လိုမျိုး ပြောင်းလဲသွားတယ်”
အရှင်မှော်နက်လည်း သွေးဆုတ်သွားသည်။ လီအိုနာကို တွေဝေစွာ ကြည့်နေပြီးမှ သူ့အနားတွင် ရပ်နေသာ ရှီယန်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာသည် တကယ်ထူးဆန်းနေ၏။
ထိုအချိန်တွင် အရှင်မှော်နက်သည် ထူးထူးဆန်းဆန်း ခံစားနေရသည်။ လူငယ်လေးသည် ကြီးမားကျယ်ပြန့်သော ဤစကြာဝဠာကြီးထဲ၌ ဘယ်နေရာမှာပဲနေနေ အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်လာစေရန် ကံကြမ္မာရှိ၏။ မည်သည့်အရာကမှ သူ့တောက်ပမှုကို ကွယ်အုပ်နိုင်မှာ မဟုတ်ပါ။
တည်ငြိမ်နေနိုင်သေးသော ကြည့်ရှုသူများသည် လီအိုနာကို အရင်ကတည်းက သိကြသည့် လူတွေသာဖြစ်ကြသည်။ ဖေးလန်သည် လီအိုနာတွင် ထိုကဲ့သို့သော အရည်အချင်းရှိသည်ကို သိထားသည့်ပမာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ ကာထို့သည် မိစ္ဆာကလန် နဲ့ မွန်းစတားကလန် သိုင်းသမားများ အစီအရင်၏ အလယ်ဗဟိုတွင် ရပ်နေသော လီအိုနာကို ကြည့်ရင်း ဆိုးယုတ်စွာ ရယ်လိုက်သည်။ ဒေါသမီးလျှံကြယ်တာရာနယ်မြေမှ သားသတ်သမကို ဘာထင်နေကြသနည်း။ သူမ နောက်တစ်ခါပြန်လာပြီဟု သူ တွေးလိုက်သည်။
“အဖွဲ့လိုက်တိုက်ခိုက်မှုအပေါ် သူမ နားလည်ပုံနဲ့သိမှတ်ရရှိတာတွေက အဲ့မိန်းကလေးထက်…အများကြီး ပိုကောင်းမွန်တာပဲ” ဘန်နီသည် ခပ်တိုးတိုးလေးနဲ့ အော်လိုက်သည်။ “သူမက အဲ့နှစ်တုန်းက ကျွန်တော့်မိသားစု အကြီးအကဲနဲ့တောင် နှိုင်းယှဉ်လို့ရတယ်”
လီအိုနာသည် တိုက်ပွဲအတွင်း ၀င်္ကဘာအသုံးပြုပုံကို မည်မျှရင်းနှီးကျွမ်းဝင်ကြောင်း အကုန်လုံး မြင်နိုင်ကြသည်။ သူမသည် ရှာစင်းယန်ထက် အများကြီး ပိုကျွမ်းကျင်လေသည်။ သို့သော် ဤကဲ့သို့သော ခြားနားမှုသည် တိုက်ပွဲများမှ ရသော အတွေ့အကြုံများဖြင့် တည်ဆောက်လို့မရပါ။ ထို့ကြောင့် ၎င်းသည် လျို့ဝှက်အမွေတစ်ခုခုကြောင့်သာ ပိုဖြစ်နိုင်သည်။
လီအိုနာသည် အစီအရင်ထဲသို့ ဝင်သွားပြီးနောက် မွန်းစတားကလန် နဲ့ မိစ္ဆာကလန်မှ သိုင်းသမားများသည် အသစ်ရှင်သန်လာကြသလိုပင်။ ယခုအခါ သူတို့တွင် ဝိဉာဉ်အသက်ပါသော အစီအရင်တစ်ခု ရှိနေပြီဖြစ်သည်။ သူမတွင် သီးခြားသိုင်းသမားများ၏ အရှိန်အဝါများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်သည့် ထူးခြားသော နည်းလမ်းတစ်ချို့ရှိပုံပေါ်သည်။ ထွက်လာသော ထူးခြားသည့် အရှိန်အဝါသည်လည်းရက်စက်ကြမ်းတမ်းသည်။ ၎င်းအရှိန်အဝါသည် ရန်သူစိတ်များအပေါ်ပင် သက်ရောက်နိုင်သည်။ ရန်သူများအား သူတို့သည် ရှုံးနိမ့်ပြီးသားပမာ စိတ်ပျက်အားငယ်သွားစေနိုင်သည်။
ကနဦးနတ်ဘုရားအဆင့်ရောက်သိုင်းပညာရှင်ခြောက်ယောက်၏ တိုက်ပွဲ ၊ တိုက်ခိုက်ရေးအဖွဲ့အစည်း ၊ ဆေးနှင့်ကိရိယာစံအိမ် နဲ့ အမှောင်ရိပ်ကလန် တို့ကြား တိုက်ပွဲ၊ ဝိဉာဉ်ခွဲသလင်းငါးကို သန့်စင်နေသော ယွီရှန် ၊ ထိုအဖြစ်အပျက်တို့သည် ဟင်းလင်းပြင်လမ်းကြောင်းထဲ၌ စုပြုံဖြစ်ပျက်နေသည်။
ဟင်းလင်းပြင်လမ်းကြောင်းထဲတွင် သေခြင်းသည် အချိန်မရွေး ဖြစ်လာနိုင်သည်။ မည်သည့်အဖွဲ့အစည်းကမှ သူတို့ သိုင်းသမားအားလုံးကို ကယ်နိုင်မှာ မဟုတ်ပါ။ သို့သော် နီးနီးကပ်ကပ်ကြည့်လိုက်လျှင် မိစ္ဆာကလန် နဲ့ မွန်းစတားကလန်၏ ကြမ်းတမ်းရက်စက်သော အရှိန်အဝါသည် လီအိုနာ သူတို့ထဲ ပါလာပြီးနောက် တိုးမြင့်သွားသည်ကို သူတို့ မြင်ကြရသည်။ အမှောင်ရိပ်ကလန်၏ သိုင်းသမားများသည် ပိုပိုပြီး များပြားစွာ အသတ်ခံကြရသည်။ သူတို့ သေနှုန်းသည် အာဂါတေးကြယ်နယ်မြေ၏ အင်အားစုလေးခုထက် ပို၍ မြန်ဆန်သည်။
ဤနှုန်းထားနဲ့ဆိုရင် အမှောင်ရိပ်ကလန်သည် မကြာခင် ရှုံးနိမ့်သွားမည်ဖြစ်သည်။ သူတို့သိုင်းသမားများသည် လျင်မြန်စွာ အသတ်ခံနေကြရသည်။
“ကြယ်နယ်မြေကြားအချင်းချင်း တိုက်ပွဲမှာ ကြီးစိုးခြယ်လှယ်တတ်တဲ့ စစ်တပ်က အချွန်ထက်ဆုံး လက်နက်ပဲ။ သိုင်းသမားတွေကို ဘယ်လိုလေ့ကျင့်ပေးရမယ်ဆိုတာ သိတဲ့ သိုင်းပညာရှင်တွေက ကြီးမားတဲ့ ကြယ်နယ်မြေတိုင်းမှာ တန်ဖိုးအရှိဆုံးအင်အားပဲ။ အင်အားစုအကုန်လုံးက သူတို့ကို စည်းရုံးခေါ်သွားချင်ကြတယ်” ရွှမ်ဖေးသည် ခေတ္တခဏ တွေဝေနေပြီးမှ ရှီယန်ကို စကားပြောလိုက်သည်။ “မွန်းစတားကလန် နဲ့ မိစ္ဆာကလန် ရဲ့ တပ်မှူးနေရာကို ခုနလေးတင်ပဲ သူယူလိုက်တယ်ဆိုပေမယ့် အဲ့လောက်အမြင့်ထိ သူရောက်နိုင်ခဲ့တယ်။ တကယ်လို့ ….တကယ်လို့ သူ့မှာ နှစ်အနည်းငယ်လောက် လေ့ကျင့်ချိန်ရမယ်ဆိုရင် … ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ ဘယ်လောက်အင်အားကြီးလာမလဲဆိုတာ ကျွန်မ စိတ်ကူးတောင်မယဉ်နိုင်ဘူး”
ခဏစဉ်းစားပြီးမှ ရွှမ်ဖေးက ဆက်ပြောလိုက်သည်။ “နတ်ဘုရားကလန်ရဲ့ စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မယ့် အင်အားမျိုး သူမမှာ ရှိတာလည်း ဖြစ်နိုင်တယ်”
လီအိုနာသည် သူမ၏ အင်အားကြီးလုပ်ဆောင်မှုကို ပြသခဲ့သည်။ ၎င်းက ရွှမ်ဖေးကို လက်ခံယုံကြည်သွားစေ၏။ နောက်ဆုံးတွင် သူမက နတ်ဘုရားကလန်စစ်တပ်များသည် လုံးလုံးကျော်လွှားလို့မရသည့်သူများမဟုတ်ကြောင်း ဝန်ခံခဲ့ရသည်။
“သူမကို ကျွန်မတို့ မိုးစက်မီးလျှံကြယ်နယ်မြေဆီလာပြီး ကျွန်မတို့ စစ်တပ်ကို လေ့ကျင့်ပေးဖို့ ရှင် ပြောပေးလို့ရမလား။ စိတ်မပူပါနဲ့ ။ ကျွန်မတို့ မိုးစက်မီးလျှံကြယ်နယ်မြေက အင်အားစုအားလုံးက သူမကို ကာကွယ်ဖို့ ဘာမဆိုလုပ်ကြမှာပါ” ရွှမ်ဖေးသည် ရှီယန်ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
မျက်မှောင်ကြုတ်လျက် ရှီယန်က အသံခြောက်ကပ်ကပ်နဲ့ ပြန်ဖြေလိုက်သည်။ “ကျုပ်တို့ အဲ့အကြောင်းကို နောက်မှ ပြောကြမယ်”
ယနေ့တိုက်ပွဲမှတစ်ဆင့် အလွန်တော်သော ခေါင်းဆောင်တစ်ယောက်သည် မတူညီသည့် အင်အားစုအချင်းချင်းကြား တိုက်ပွဲဖြစ်နေစဉ် သူ့အင်အားစုကို မည်သို့ပံ့ပိုးပေးနိုင်သလဲဆိုသည်ကို ရှီယန် နားလည်သဘောပေါက်သွားသည်။
သူ့တွင် ထိုကဲ့သို့သော ပါရမီမျိုး မရှိသည်ကို သူ သိသည်။ လီအိုနာသည် ထိုကဲ့သို့သောအရာမျိုးတွင် ပါရမီပါပြီး နတ်ဘုရားကလန်သည်လည်း အာဂါတေးကြယ်နယ်မြေသို့ ကျူးကျော်မည့်အလုပ်ကို စတင်လုပ်ဆောင်လိုက်ကြပြီဖြစ်သဖြင့် ရှီယန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤနေရာတွင် ပြီးသွားပြီးနောက် လီအိုနာ၏ အရည်အချင်းကို အကောင်းဆုံးအသုံးချနိုင်ရန် သူ တစ်ခုခု လုပ်ဖို့ လိုအပ်သည်။
ဤအဖြစ်အပျက်ဖြစ်ပြီးနောက် မွန်းစတားကလန် နဲ့ မိစ္ဆာကလန်တို့သည် ရှီယန် နဲ့ လီအိုနာတို့ကို လက်ခံအသိအမှတ်ပြုကြမည်ဟု ရှီယန် ယုံကြည်ထားသည်။ ထို့နောက် လီအိုနာသည် မွန်းစတားကလန် နဲ့ မိစ္ဆာကလန် စစ်တပ်အပေါ် ကမ္ဘာတုန်လောက်စရာ ပြောင်းလဲမှုကို ယူဆောင်သွားမည်ဖြစ်သည်။ သူတို့သည် နောက်ဆုံးတွင် ကျော်လွှားလို့မရသူများ ဖြစ်လာကြမည်၏ဖြစ်သည်။
လီအိုနာ တစ်ယောက်တည်းက ဤတိုက်ပွဲ၏ အကြမ်းဖျင်းအခြေအနေက်ို ပြောင်းလဲနိုင်ခဲ့သည်။ အောင်နိုင်မှုသည် ယခုအခါ အာဂါတေးကြယ်နယ်မြေ အင်အားစုဘက်သို့ ယိမ်းယိုင်လာပြီဖြစ်သည်။ အမှောင်ရိပ်ကလန်များ ရှုံးနိမ့်သွားမည့် အဖြစ်သည် ယခုအခါ အချိန်ကိုသာ စောင့်ရတော့မည်။
အမှောင်ရိပ်ကလန်၏ အကြီးအကဲ ဘီလိုနဲ့ သူ့တပည့် ကေဒါတို့သည် ထိုပြောင်းလဲမှုကို သတိမူမိနိုင်လောက်အောင်ထိ ပါးနပ်ကြပါသည်။ သူတို့သည် တိုးတိုးတိတ်တိတ်လေး စိုးရိမ်နေကြ၏။
သူတို့၏ လက်အောက်ငယ်သားများသည် သတ်ဖြတ်ခံနေကြရသည်။ သူတို့လက်အောက်သားတစ်ယောက်ချင်းစီသည် သူတို့ကလန်မှ ထိပ်တန်းအင်းအားစုများဖြစ်ကြသည်။ အမှောင်ရိပ်ကလန်သည် နတ်ဘုရားကလန်၏ လက်ပါးစေအများအပြားထဲမှ တစ်ခုသာဖြစ်သည်။ အကယ်၍ သူတို့သည် ဤနေရာတွင် ကြီးကြီးမားမား ဆုံးရှုံးသွားကြပါလျှင် သူတို့ကလန်အနာဂတ်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်သည်။ သူတို့၏ ကလန်ဝင်များကို ဤနေရာတွင် မစတေးချင်ကြပါ။
ဘီလိုသည် နောက်ဆုတ်ချင်နေသည်။ ဘာသာနဲ့ ကုတဲ့က သူ့ကို ဒုက္ခအကြီးအကျယ် ပေးနေ၏။ ယွီရှန်ကို ကြည့်ရင် သူ့သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။
ယွီရှန်သည် အမှောင်ရိပ်ကလန်၏ ကျဆုံးမှုကို ဖြစ်စေသော ခေါင်းဆောင်ဖြစ်သည်။ သူမသာမရှိလျှင် သွေးတစ္ဆေတို့အုပ်စုသည် သူ့ထောင်ချောက်မှ လွတ်နိုင်ကြမှာ မဟုတ်ပါ။ သူတို့သည် သေသွားကြပြီး ဝိဉာဉ်ခွဲသလင်းငါးလည်း ဘေးကင်းနေမည်ဖြစ်သည်။
ဘီလို၏ သတ်ဖြတ်လိုစိတ်များ သူ့ခေါင်းထဲတွင် မြင့်တက်လာသဖြင့် ဘာသာ ၊ ကုတဲ့ တို့နဲ့ တိုက်ခိုက်နေစဉ် ယွီရှန်ကို တမင်တကာ ချဉ်းကပ်လိုက်သည်။
ယွီရှန်၏ ကြိုးစားမှုသည် ဝိဉာဉ်ခွဲသလင်းငါးကို သန့်စင်ရာ၌သာ နစ်မြုပ်ထားသည်။ ထိုအချိန်၌ သလင်းငါးသည် ပိုပြီး သေးငယ်သော အရွယ်အစားသို့ ကျုံ့သွားပြီး သူ့ခန္ဓာကိုယ်တစ်လျောက်ရှိ အသားပိုများသည်လည်း အဆိပ်ပါမြူခိုးမြူငွေ့များကို ထုတ်မလွှတ်နိုင်ကြတော့ပါ။ ၎င်းသည် ဘောလုံးတစ်ခုလို ကွေးပြီး ညည်းညူနေသည်နှင့်တူသည်။
ဘီလို၏ ကနဦးအကန့်အသတ်သည် ရုတ်တရက် ကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။
သူ့ကနဦးအကန့်အသတ်သည် တကယ့်ကမ္ဘာကြီးကို ထင်ဟပ်စေသော ကြီးမားသည့် မှန်တစ်ချပ်လိုပင်။ ထိုမှန်ကြီးသည် ရုတ်ချည်း ကွဲအက်သွားပြီး တကယ့်ကမ္ဘာတွင်လည်း များပြားသော အဆင့်မြင့်ဟင်းလင်းပြင်အက်ကြောင်းများ တစ်ချိန်တည်း၌ ပေါ်လာခဲ့သည်။
“ဟင်းလင်းပြင်ပေါက်ကွဲမှု ” ကျားတုက ကြောက်လန့်တကြား အော်လိုက်သည်။ “ဘီလို က ဒီဟင်းလင်းပြင်လမ်းကြောင်းထဲမှာပဲ ဖောက်ခွဲမှုပြုလုပ်ချင်နေတာပဲ။ ဟင်းလင်းပြင်လမ်းကြောင်း ပြိုကျသွားတာနဲ့ သူ့ကနဦးနတ်ဘုရားအဆင့်ရောက် ဟင်းလင်းပြင်စွမ်းအင်အသိကို သုံးပြီးတော့ အမှောင်ရိပ်ကလန်ဝင်တွေ အားလုံးကို ရွေ့ပြီး ဒီနေကာကနေ ထွက်ပြေးလွတ်မြောက်ချင်နေတာပဲ။ ဒါပေမယ့် ငါတို့ကတော့ ကစဉ့်ကလျားဟင်းလင်းပြင်လမ်းကြောင်းထဲ ပစ်ထားခံကြရမှာ ”
သူ့စကားကို ကြားသောအခါ ရှီယန် မျက်နှာထားပြောင်းလဲလာသည်။ ရွှမ်ဖေး ၊ ဖေးလန် နဲ့ တခြားသူများလည်း ကြောက်သွားကြသည်။
ဘီလိုသည်လည်း ချောင်ပိတ်သွားသောကြောင့် ဖြစ်သည်။
ဟင်းလင်းပြင်လမ်းကြောင်းပြိုကျသွားသည်နဲ့ များပြားသော လူအင်အားနဲ့ ကိရိယာပစ္စည်များကို အသုံးပြုပြီး သူတို့ရှင်းလင်းခဲ့ရသော ဝင်ပေါက်သည်လည်း မြှုပ်နှံပြီးဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သူတို့ဘယ်အချိန်မှ ပြန်လာပြီး ဤဝင်ပေါက်ကို နောက်တစ်ခါ ရှင်းလင်းနိုင်မလဲဆိုသည်မှာ မည်သူမှ မသိသော အရာပင်။
သူသည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ အတင်းအကျပ် တွန်းပို့ခံခဲ့ရသည်။ သူ ကြီးကြီးမားမား ပေးဆပ်ရပြီး နတ်ဘုရားကလန်ထံမှ အပြစ်ဒဏ်ခံရမယ်ဆိုလျှင်တောင် ဤနေရာမှာ သေသွားနိုင်တာကို အရင်ရှောင်လွှဲဖို့လိုသည်။
“သူ့ကို ဘယ်လိုတားရမယ်ဆိုတာ ခင်ဗျား သိလား” ရှီယန် အော်လိုက်သည်။
ကျားတုသည် မျက်မှောင်ကြုတ်လိုက်ပြီး “သူက ဟင်းလင်းပြင်စွမ်းအင်ကျင့်ကြံသူ ကနဦးနတ်ဘုရားအဆင့်ရောက် သိုင်းပညာရှင်ပဲ။ ဒီဟင်းလင်းပြင်လမ်းကြောင်းကို သူပဲ ရှင်းလင်းလာခဲ့တာ။ သူက အသာစီးရတဲ့ အခြေအနေဘက်မှာပဲ။ ငါတို့ သူ့ကို ဘယ်လိုတားနိုင်မှာလဲ”
“ဒါဆို ကျုပ်တို့မှာ နည်းလမ်းမရှိဘူးပေါ့” ရှီယန် မျက်မှောင်ကြုတ်လိုက်သည်။
ဤအခြေအနေသည် မည်မျှအရေးကြီးပြီး အန္တရာယ်များလဲဆိုသည်ကို သူ သိပါသည်။ အကယ်၍ ဤဟင်းလင်းပြင်လမ်းကြောင်းပေါက်ကွဲသွားလျှင် ဘီလိုသည် သူ့လက်အောက်ငယ်သားများကို ခေါ်ယူပြီး ထွက်ပြေးနိုင်သည်။ သူတို့မှာမူ ဤနေရာတွင် သူတို့အလောင်းများကို မြုပ်ကြရမည်ဖြစ်သည်။
ဘီလို၏ ကနဦးအကန့်အသတ်တွင် တကယ့်ကမ္ဘာပုံစံ ထင်ဟပ်နေသဖြင့် သူ့ကနဦးအကန့်အသတ် တစ်ခါပြောင်းလဲလျှင် တကယ့်ကမ္ဘာသည်လည်း လိုက်လျောညီစွာ ပြောင်းလဲသွားသည်။ ပထမဆုံး ဟင်းလင်းပြင်ကို အနည်ထိုင်စေလိုက်သည်။ ထို့နောက် ၎င်းက များပြားလှသည့် ဟင်းလင်းပြင်အက်ကြောင်းများကို ထုတ်ပြလာကာ ပြင်ပဟင်းလင်းပြင်စီးကြောင်းများသို့ သက်ရောက်စေသည်။
သိုင်းပညာရှင်အကုန်လုံးက သေနိုင်သည့် ဤအခြေအနေကို သတိမူမိကြသည်။ သို့သော် ထိုအချိန်တွင် ဘီလိုကို ဟင်းလင်းပြင်အက်ကြောင်းများက ဖုံးအုပ်ထားသဖြင့် ဘယ်သူကမှ သူ့နားသို့ မချဉ်းကပ်နိုင်ကြပါ။
ဘာသာ နဲ့ ကုတဲ့ ပင်လျှင် ဘီလို ရူးမိုက်စွာ ပေါက်ကွဲသွားသည်ကို တွေ့ကြသောအခါ နောက်ဆုတ်လိုက်ကြရသည်။
ဘီလိုသည် ဟင်းလင်းပြင်ပေါက်ကွဲမှု၏ မဏ္ဍိုင်ဖြစ်လာသည်။ သူ့စွမ်းအားများကို အဆက်မပြတ် စုစည်းလိုက်သည်။ ၎င်းက သူ့ကနဦးအကန့်အသတ်ကို ပို၍ ကွဲအက်သွားစေခဲ့သည်။ ထို့အတူ တကယ့်ကမ္ဘာကလည်း တူညီသော အကျိုးဆက်ကို ခံလိုက်ရ၏။
“ကာထို့ကို လုပ်ခိုင်းလိုက်။ သူ့ကစဉ့်ကလျားစွမ်းအင်အသိက ဟင်းလင်းပြင်ကိုတောင် ရစ်ပတ်နိုင်တယ်။ ဒါဆို ဟိုကောင် ဒီဟင်းလင်းပြင်ကို ချေမွနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒါကို ဒီဟင်းလင်းပြင်ကြီး ပြိုကျလုခါနီးမှာ လုပ်ခိုင်းဖို့ သတိရပါ။ မဟုတ်ရင် သူ ချက်ချင်း အသတ်ခံရလိမ့်မယ်” သွေးနွယ်ရှင်လက်စွပ်ထံမှ ဆက်သွယ်မှုဖြစ်သည်။ လက်စွပ်ဝိဥာဉ်သည်လည်း အန္တရာယ်ကို ခံစားမိနိုင်ခဲ့သည်။ ၎င်းက ရှီယန်ကို ချည့်နဲ့စွာ ဝိဥာဉ်နဲ့ စကားပါးလိုက်သည်။
ရှီယန် တုန်လှုပ်သွားသည်။ ကာထို့ကို ခေါ်လိုက်ပြီး “မင်း အဲ့နေရာကို သွားလိုက်။ ဟို ဟင်းလင်းပြင်အက်ကြောင်းတွေ ထူထပ်တဲ့ နေရာကို သွားလိုက်။ ဒီဟင်းလင်းပြင်ကြီး ပြိုကျလုခါနီးဖြစ်သွားရင် မင်းရဲ့ ကစဉ့်ကလျားစွမ်းအင်တွေအားလုံးကို မင်း ထုတ်လွှတ်ပြီး ရစ်ပတ်ထားရမယ်။ မှတ်ထားပါ။ မင်း ဒါကို အချိန်အတိအကျနဲ့ လုပ်ရမယ်။ မင်း သူ့ကို တားနိုင်တယ်”
ကာထို့သည် ဇဝေဇဝါ ဖြစ်သွားပြီး သူ့ကိုယ်သူ အံ့အားသင့်စွာ လက်ညိုးထိုး၍ “ငါက အဲ့လိုလုပ်နိုင်မှာလား”
“မင်း လုပ်နိုင်တယ်လို့ ငါ ပြောရင် မင်းလုပ်နိုင်လို့ပဲ။ သွားတော့” ရှီယန် အော်လိုက်သည်။
ကာထို့ ထိတ်လန့်သွားသည်။
“သွားလှုပ်ရှားလိုက်တော့” ဖေးလန်က နားပေါက်ကွဲလုမတတ် အော်လိုက်သည်။
ကာထို့သည် တုန်ခါသွားပြီး ဘီလိုကွဲအက်ဟင်းလင်းပြင်များ စုစည်းနေသော နေရာသို့ ပျံသန်းလိုက်သည်။ ဘီလို၏ ကနဦးအကန့်အသတ်အောက်တည့်တည့်ကို လာပြီး ကွဲအက်နေသော ဟင်းလင်းပြင်များကြားသို့ ဆက်တိုက်ဖြတ်၀င်သွားလိုက်၏။ သူ့ခေါင်းထက်ရှိ အဆက်မပြတ် ပြောင်းလဲနေသော ဘီလို၏ ကနဦးအကန့်အသတ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာသည် တောင့်တင်းပြီး ဂနာမငြိမ်ဖြစ်နေသည်။ သူ့ပုံစံသည် ယုံကြည်ချက်ရှိပုံ သိပ်မပေါ်ချေ။
----- ----- ----- ----- ----- ----- ----- ----- ----- -----
မွန်းစတားကလန် နဲ့ မိစ်ဆာကလန်၏ သိုင်းသမားများသည် အချင်းချင်းဘယ်လိုထောက်ပံ့ရမယ်ကို သိပြီးနောက် အမှောင်ရိပ်ကလန် သိုင်းသမားများဝရုန်းသုန်းကား ရှောင်တိမ်းကုန်ကြရသည်ကို အားလုံးမြင်တွေ့နိုင်ကြသည်။