Chapter 130: နားလည်မှုလွဲခြင်း (၂)

5.4K 916 63
By MidnightHunterTeam


Chapter 130: နားလည်မှုလွဲခြင်း (၂)

...ဒါပေမယ့် သူမရဲ့ဗိုက်က တကယ်ကို နေလို့မကောင်းဘူး. . .

အကြိမ်ကြိမ်ထပ်ခါထပ်ခါ စဉ်းစားပြီးနောက် ဟော်ရှောင်းရှောင်း သတ္တိမွေးကာ မေးလိုက်သည်။ " ဖေဖေ၊ ဖေဖေ ဘာလို့ဆေးလိပ်သောက်နေတာလဲ?? စိတ်အခြေအနေ မကောင်းလို့လားဟင် "

" အင်း "

" ဖေဖေ ဘာလို့စိတ်အခြေအနေမကောင်းတာလဲ?? အလုပ်အဆင်မပြေလို့လား "

ဟော်ဆွေ့ချန်း အနည်းငယ် ထိတ်လန့်သွားသည်။ " ဖေဖေ အလုပ်အဆင်မပြေမှန်း မင်း ဘယ်လိုလုပ်သိလဲ "

" ဘိုးဘိုး ပြောတာ ကြားဖူးတာ " ဟော်ရှောင်းရှောင်းက သူ့အဖေကို နှစ်သိမ့်ပေးဖို့ ကြိုးစားသည်။ " ဖေဖေ၊ စိုးရိမ်စရာမလိုပါဘူး. . . သိပ်မကြာခင် အဆင်ပြေသွားလိမ့်မယ်၊ စိတ်မကောင်းမဖြစ်ပါနဲ့နော် "

ဟော်ဆွေ့ချန်းက သူမ၏ပါးလေးကို ညစ်လိုက်သည်။ " အင်း ဟုတ်ပြီ၊ ဖေဖေ့အကြောင်း မပြောကြရအောင်. . . မင်း ဘာလို့မအိပ်သေးတာလဲ "

ဟော်ရှောင်းရှောင်း နှုတ်ခမ်းဆူလိုက်ပြီး သူမရဲ့သောကကို သူမအဖေရဲ့ကရုဏာအဖြစ် ပြောင်းပေးနိုင်ဖို့ မျှော်လင့်ရင်း မျက်ရည်များ တွဲလွဲခိုနေသော မျက်လုံးများဖြင့် ဟော်ဆွေ့ချန်းကို ကြည့်လိုက်သည်။

" သမီး နေလို့မကောင်းဘူး "

ဟော်ဆွေ့ချန်း၏နှလုံးသားသည် အနက်ရှိုင်းဆုံးသို့ နစ်မြှုပ်သွား၏။

တကယ်ပင်။

သူတို့အမေကို မတွေးတဲ့ ကလေးဆိုတာ မရှိဘူး!

ဟော်ဆွေ့ချန်း ထိုအကြောင်းကို မည်သို့ပြောရမည်ကို မသိသည့်အတွက် သူမ၏အမေကို မဖော်ပြလိုပေ။

" ရှောင်းရှောင်း၊ ဒီနေ့ဘာကြောင့် ဒီလောက်ခံစားချက်မကောင်းတာလဲကို ဖေဖေ သိပါတယ်၊ ဒါပေမယ့် ဖေဖေ မင်းကို ပြောပြချင်— "

" ဖေဖေ၊ သိတယ်လား "

" ဒါပေါ့၊ ဖေဖေ သိတယ်။ ဖေဖေ့မျက်လုံးအောက်ကနေ မင်း ဘယ်လိုလုပ်လွတ်နိုင်မှာလဲ "

ဟော်ရှောင်းရှောင်း အံ့သြသွားသည်။ စဉ်းစားကြည့်ပါက သူမရဲ့အဖေက ကြက်ကြော်နှစ်ပွဲကို ငွေတောင်းခံလွှာမှာ ရှင်းရှင်းလင်းလင်း မြင်ခဲ့လေသည်။ သူ ထိုအချိန်က မမေးခဲ့ခြင်းမှာ လူအများရှေ့တွင် မျက်နှာမပျက်ချင်တာကြောင့် ဖြစ်နိုင်သည်။

" ဒါဆို ... ဖေဖေ သမီးကို အပြစ်တင်မှာလား "

" ဖေဖေက မင်းကို ဘာလို့အပြစ်တင်ရမှာလဲ?? ဒါက သမီးအပြစ်မဟုတ်ဘူး "

ဟော်ရှောင်းရှောင်း အရမ်းအံ့သြသွားသည်။

နူးညံ့လွန်းနေတယ်? သူမအဖေ ဘယ်ချိန်က စရိုက်ပြောင်းသွားတာလဲ??

စောစောက စားသောက်ဆိုင်မှာတုန်းက သူ သူမကို သင်ခန်းစာတစ်ခုလောက် ပေးတော့မယ့်ပုံနဲ့ပေမယ့် အခုတော့ သူက အရမ်းကို သဘောထားကြီးနေတယ်!

သူမရဲ့အဖေက တကယ့်ကို အဖေတစ်ယောက်လို နေပြနေတာပဲ!

" ဖေဖေ၊ ဖေဖေက အရမ်းကောင်းတာပဲ " ဟော်ရှောင်းရှောင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမက ဟော်ဆွေ့ချန်း၏လက်မောင်းတွေထဲ မှီကာ သူမ၏အမှားများကို အတောမသတ်နိုင်အောင် စတင်ဝန်ခံတော့သည်။ " ဖေဖေ သမီး တောင်းပန်ပါတယ်. . . သမီး တကယ် အဲ့လိုမရည်ရွယ်ခဲ့ပါဘူး။ ဒီလောက်အရသာရှိတဲ့ ကြက်ကြော်ကို မစားဖူးလို့ ဖေဖေ ဖုန်းပြောနေတုန်း ကြက်သားတစ်ပန်းကန်လုံး စားခဲ့မိတယ်၊ ဖေဖေ မသိအောင်လို့ သမီး နောက်တစ်ပွဲ ထပ်မှာလိုက်တာပါ။ သမီး လောဘကြီးသွားခဲ့ပါတယ်။ ဖေဖေ့ကို လိမ်ဖို့ မရည်ရွယ်ခဲ့ပါဘူး "

"..."

" ပြီးတော့ အန်တီ့ကို သမီးအတွက် လိမ်ပေးဖို့ သမီး တောင်းဆိုခဲ့တာပါ. . . ဖေဖေ၊ သူ့ကို အပြစ်မတင်ပါနဲ့နော် "

" ဒါဆို မင်း အဆင်မပြေခံစားနေရတာက အဲ့ဒါကြောင့်... "

ဟော်ရှောင်းရှောင်း သူမ၏ဗိုက်လေးကို ကိုင်ထားသည်။ " သမီး ကြက်ကြော် အများကြီးစားမိလို့ အစာမချေနိုင်ဖြစ်နေတာ။ သမီးဗိုက်က ဖောင်းနေပြီး နာနေတယ်၊ ပြီးတော့ မသက်သာဘူး "

"..."

ဒါဆို အခြားတစ်ယောက်ရဲ့ အမေကို တွေ့ခဲ့တာကြောင့် မဟုတ်ဘူးပေါ့။

ဟော်ဆွေ့ချန်းတစ်ယောက် ကြက်ဥတွေ ပြည့်ကျပ်လာသလို ခံစားလိုက်ရသည်။ သူ ပြောဖို့ စဥ်းစားထားတဲ့ စကားတွေက သူ့ဗိုက်ထဲမှာ ညပ်နေတော့သည်။

လသာဆောင်မှာ မရေမတွက်နိုင်အောင် စီးကရက်တွေဖွာ၊ အကြာကြီး သက်ပြင်းတွေချ၊ အကြာကြီး တွေးနေတာတွေက နားလည်မှုလွဲတာကြောင့်ပဲလား??

သူမအဖေရဲ့ စိတ်အပြောင်းအလဲများကို သတိမထားမိဘဲ ဟော်ရှောင်းရှောင်းသည်တော့ အတောမသတ်နိုင်အောင် ဆက်ပြောနေခဲ့သည်။ " ဖေဖေ၊ သမီးကို အစာကြေဆေး ၀ယ်ပေးလို့ရမလားဟင်?? သမီး နောက်ကျရင် အပြင်ထပ်ထွက်ချင်သေးတယ် "

သူမအဖေရဲ့ကောင်းပြီလို့ ပြောတာကို ဝမ်းသာအားရစောင့်နေခဲ့သော်လည်း ခဏကြာတဲ့အထိ ဘာဖြေသံမှ သူမ မကြားရချေ။

အပေါ်ကို မော့ကြည့်လိုက်တော့ သူမအဖေရဲ့နူးညံ့သော အမူအရာက ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ့မျက်နှာသည် ဒေါသထွက်နေပြီး အံကြိတ်ထားတာကြောင့် သူ့မေးရိုးများက တောင့်တင်းနေလေသည်။ သူမကို အရှင်လတ်လတ် ဝါးစားချင်နေသူတစ်ဦးနှင့် တူလေသည်။

ဟော်ရှောင်းရှောင်း သူမ ပြောခဲ့သောအရာကို အလေးအနက်ပြန်စဥ်းစားနေခဲ့သည်။ သူမစကားတွေမှာ ဘာအမှားမှမပါဘူးလေ??

သူမအဖေက ဘာလို့ ရုတ်တရက်ကြီး ဒီလိုပုံစံမျိုးဖြစ်သွားတာလဲ??

" ...ဖေဖေ? "

ဟော်ဆွေ့ချန်း စကားတစ်ခွန်းမှတောင် မပြောနိုင်ဘဲ သူ့နှုတ်ခမ်းကို ခဏလောက်ကိုက်ထားမိသည်။ " မင်း စားသောက်ဆိုင်က ထွက်လာကတည်းက စကားတွေသိပ်မပြောခဲ့တာက ကြက်ကြော်အများကြီးစားထားပြီး ဗိုက်က အဆင်မပြေလို့ပေါ့?? "

ဟော်ရှောင်းရှောင်းက မဝံ့မရဲ ခေါင်းငြိမ့်ပြလိုက်သည်။

" တစ်ခြားအကြောင်းကြောင့် မဟုတ်ဘူးလား "

" တစ်ခြားအကြောင်းလား " ဟော်ရှောင်းရှောင်း သတိထားကာ မေးလိုက်သည်။

" မင်း ဒီနေ့ ဝင်တိုက်မိခဲ့တဲ့ကောင်မလေးနဲ့ သူ့အမေ... "

ဟော်ရှောင်းရှောင်း ချက်ချင်းပင် စိုးရိမ်သွားသည်။ " သမီး တောင်းပန်ပါတယ်ဖေဖေ အဲ့လိုမရည်ရွယ်ခဲ့ပါဘူး . . . နောက်တစ်ခါ ထွက်လည်းမပြေးတော့ပါဘူး "

ဟော်ဆွေ့ချန်း သူမကို တည့်တည့်ကြည့်ပြီးအသက်ပြင်းပြင်းနဲ့ ကြာကြာရှူလိုက်သည်။ ယခုအချိန်တွင် သူသည် အသေအကြေတိုက်မည့် သူ့ရန်သူအတွက် ပြင်ဆင်ထားသော်လည်း ပြိုင်ဘက်သည် ကလေးတစ်အုပ်သာဖြစ်သည်ကို သိလိုက်ရကဲ့သို့ ခံစားနေရသည်။

သူ အလွန်ဒေါသထွက်တာကြောင့် ရယ်မောလိုက်တော့သည်။ " ဟော်ရှောင်းရှောင်း၊ မင်းကို ရေခဲမုန့်စားခွင့်မပြုတော့ဘူး။ တစ်ပန်းကန်လုံး စားလိုက်တဲ့အတွက် မင်းကို ကြက်ကြော်လည်း စားခွင့်မပြုတော့ဘူး။ မင်းက ဖေဖေ့ကို ဆန့်ကျင်နေတာမလား?? အပြင်ထွက်ပြီးရော ကစားချင်သေးရဲ့လား "

ဟော်ရှောင်းရှောင်းက သူ့ကို ဝမ်းနည်းစွာ ကြည့်လာသည်။

သူမနဲ့ အရမ်းရင်းနှီးတဲ့ဖေဖေ ပြန်လာပြီပေါ့. . .

ဘာလို့လဲ!!!

စောနက သူက အရမ်းနူးနူးညံ့ညံ့နဲ့ ' မသမီးကို အပြစ်မတင်ပါဘူး၊ အဲ့ဒါက သမီးအပြစ် မဟုတ်ဘူးလေ' လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ!! ပြီးတော့ သူမ အမှားလေးကို ဝန်ခံလိုက်တာနဲ့ မျက်စိတစ်မှိတ်အတွင်း သူ့စိတ်အခြေအနေက ပြောင်းပြန် ပြန်ပြောင်းသွားပြန်တယ်!!

သူမအဖေရဲ့ ကြင်နာမှုတွေက သူမရဲ့အမှားတွေကို ၀န်ခံစေဖို့ လှည့်စားထားတဲ့ ဟန်ပြတစ်ခုပဲလား!!

ဒါက လျှို့ဝှက်ကြံစည်ထားတာပဲ!!

ဟော်ရှောင်းရှောင်း သူမအဖေရဲ့လက်မောင်းတွေထဲမှ ထွက်ကာ ပြောလိုက်သည်။ " ဖေဖေ... စကားမတည်လို့ မရဘူး! ဖေဖေက သမီးရဲ့အဖေဖြစ်ပြီး၊ သမီးက ဖေဖေ့ရဲ့သမီးလေ!! ဖေဖေ ဒီနေ့ ကတိမတည်ရင် နက်ဖြန်ကျ သမီးက ဖေဖေ့အတိုင်း လိုက်လုပ်မှာနော် "

ဟော်ဆွေ့ချန်း ထပ်ပြီးစိတ်အနှောင့်ယှက်ဖြစ်စွာ ရယ်လိုက်သည်။

ဒါက မသိနားမလည်တာတဲ့လား??

သူမရဲ့ ခေါင်းသေးသေးလေးထဲမှာ ဒီလိုအရာတွေအများကြီးနဲ့ ဘယ်လိုလုပ်ပြည့်နေတာလဲ??

" ဟော်ရှောင်းရှောင်း၊ မင်းကရော မကောင်းတာတွေ လျော့လုပ်ခဲ့ဖူးလား?? မင်း ဘယ်ချိန်က ပြောင်းလဲဖူးလို့လဲ?? အရင်တစ်ခေါက်က ဖေဖေရဲ့စာရွက်တွေကို ပေပွအောင်လုပ်ထားတုန်းက ဖေဖေ မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား "

" ဘိုးဘိုးက ပြောတယ်— "

" မင်းရဲ့အဘိုးက ဒီမှာမရှိဘူး "

" ..."

သူမအဖေရဲ့နောက်ထပ်လက်ချာချိန်ပဲ!

' စိတ်အေးအေးထား။ မထိတ်လန့်စေနဲ့။ ဒါက ပြဿနာကြီးတစ်ခုပဲ။ ဒီနေရာမှာ ထိတ်လန့်တာက အသုံးမဝင်ဘူး '

သူမ၏ဟန်ဆောင်မျက်ရည်များက စီးကျလာပြီး ငိုကြွေးနေတာကြောင့် ပါးဖောင်းဖောင်းလေးက ကျုံ့လိုက်ဖောင်းလိုက် ဖြစ်နေတော့သည်။ " တစ်ခြားကလေးတွေကျ ကြက်ကြော် စားရတယ်၊ ဒါပေမယ့် သမီးကျ မစားရဘူး။ တစ်ခြားကလေးကျ ရေခဲမုန့် စားရတယ်၊ ဒါပေမယ့် သမီးကျ မစားရဘူး။ တစ်ခြားကလေးတွေရဲ့အဖေတွေက သူတို့ကို မဆူကြဘူး၊ သမီးရဲ့ဖေဖေကပဲ ဆူတယ်။ ဖေဖေ၊ ဖေဖေက သမီးကို ရိုက်ချင်နေတာ ကြာပြီမလား?? ဖေဖေ ရိုက်ချင်ရင် ရိုက်လို့ရတယ်! ဘိုးဘိုးကို သမီးတိုင်ပြောမှာ မဟုတ်ဘူး "

" ဒါပေမယ့် အခု သမီး တကယ်နေလို့မကောင်းဘူး။ ဖေဖေ သမီးကို ဆေးနည်းနည်း ဝယ်ပေးပြီး နောက်မှ ရိုက်လို့ရမလားဟင်?? "

ဟော်ဆွေ့ချန်း : "..."

______________________________________________
Zawgyi

Chapter 130: နားလည္မႈလြဲျခင္း (၂)

...ဒါေပမယ့္ သူမရဲ့ဗိုက္က တကယ္ကို ေနလို႔မေကာင္းဘူး. . .

အႀကိမ္ႀကိမ္ထပ္ခါထပ္ခါ စဉ္းစားၿပီးေနာက္ ေဟာ္ေရွာင္းေရွာင္း သတၲိေမြးကာ ေမးလိုက္သည္။ " ေဖေဖ၊ ေဖေဖ ဘာလို႔ေဆးလိပ္ေသာက္ေနတာလဲ?? စိတ္အေျခအေန မေကာင္းလို႔လားဟင္ "

" အင္း "

" ေဖေဖ ဘာလို႔စိတ္အေျခအေနမေကာင္းတာလဲ?? အလုပ္အဆင္မေျပလို႔လား "

ေဟာ္ေဆြ့ခ်န္း အနည္းငယ္ ထိတ္လန႔္သြားသည္။ " ေဖေဖ အလုပ္အဆင္မေျပမွန္း မင္း ဘယ္လိုလုပ္သိလဲ "

" ဘိုးဘိုး ေျပာတာ ၾကားဖူးတာ " ေဟာ္ေရွာင္းေရွာင္းက သူ႔အေဖကို ႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားသည္။ " ေဖေဖ၊ စိုးရိမ္စရာမလိုပါဘူး. . . သိပ္မၾကာခင္ အဆင္ေျပသြားလိမ့္မယ္၊ စိတ္မေကာင္းမျဖစ္ပါနဲ႔ေနာ္ "

ေဟာ္ေဆြ့ခ်န္းက သူမ၏ပါးေလးကို ညစ္လိုက္သည္။ " အင္း ဟုတ္ၿပီ၊ ေဖေဖ့အေၾကာင္း မေျပာၾကရေအာင္. . . မင္း ဘာလို႔မအိပ္ေသးတာလဲ "

ေဟာ္ေရွာင္းေရွာင္း ႏႈတ္ခမ္းဆူလိုက္ၿပီး သူမရဲ့ေသာကကို သူမအေဖရဲ့ကရုဏာအျဖစ္ ေျပာင္းေပးႏိုင္ဖို႔ ေမ်ွာ္လင့္ရင္း မ်က္ရည္မ်ား တြဲလြဲခိုေနေသာ မ်က္လံုးမ်ားျဖင့္ ေဟာ္ေဆြ့ခ်န္းကို ၾကၫ့္လိုက္သည္။

" သမီး ေနလို႔မေကာင္းဘူး "

ေဟာ္ေဆြ့ခ်န္း၏ႏွလံုးသားသည္ အနက္ရိႈင္းဆံုးသို႔ နစ္ျမႇဳပ္သြား၏။

တကယ္ပင္။

သူတို႔အေမကို မေတြးတဲ့ ကေလးဆိုတာ မရိွဘူး!

ေဟာ္ေဆြ့ခ်န္း ထိုအေၾကာင္းကို မည္သို႔ေျပာရမည္ကို မသိသည့္အတြက္ သူမ၏အေမကို မေဖာ္ျပလိုေပ။

" ေရွာင္းေရွာင္း၊ ဒီေန့ဘာေၾကာင့္ ဒီေလာက္ခံစားခ်က္မေကာင္းတာလဲကို ေဖေဖ သိပါတယ္၊ ဒါေပမယ့္ ေဖေဖ မင္းကို ေျပာျပခ်င္— "

" ေဖေဖ၊ သိတယ္လား "

" ဒါေပါ့၊ ေဖေဖ သိတယ္။ ေဖေဖ့မ်က္လံုးေအာက္ကေန မင္း ဘယ္လိုလုပ္လြတ္ႏိုင္မွာလဲ "

ေဟာ္ေရွာင္းေရွာင္း အံ့ၾသသြားသည္။ စဉ္းစားၾကၫ့္ပါက သူမရဲ့အေဖက ၾကက္ေၾကာ္ႏွစ္ပြဲကို ေငြေတာင္းခံလႊာမွာ ရွင္းရွင္းလင္းလင္း ျမင္ခဲ့ေလသည္။ သူ ထိုအခ်ိန္က မေမးခဲ့ျခင္းမွာ လူအမ်ားေရ႔ွတြင္ မ်က္ႏွာမပ်က္ခ်င္တာေၾကာင့္ ျဖစ္ႏိုင္သည္။

" ဒါဆို ... ေဖေဖ သမီးကို အျပစ္တင္မွာလား "

" ေဖေဖက မင္းကို ဘာလို႔အျပစ္တင္ရမွာလဲ?? ဒါက သမီးအျပစ္မဟုတ္ဘူး "

ေဟာ္ေရွာင္းေရွာင္း အရမ္းအံ့ၾသသြားသည္။

ႏူးညံ့လြန္းေနတယ္? သူမအေဖ ဘယ္ခ်ိန္က စရိုက္ေျပာင္းသြားတာလဲ??

ေစာေစာက စားေသာက္ဆိုင္မွာတုန္းက သူ သူမကို သင္ခန္းစာတစ္ခုေလာက္ ေပးေတာ့မယ့္ပံုနဲ႔ေပမယ့္ အခုေတာ့ သူက အရမ္းကို သေဘာထားႀကီးေနတယ္!

သူမရဲ့အေဖက တကယ့္ကို အေဖတစ္ေယာက္လို ေနျပေနတာပဲ!

" ေဖေဖ၊ ေဖေဖက အရမ္းေကာင္းတာပဲ " ေဟာ္ေရွာင္းေရွာင္း အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။ သူမက ေဟာ္ေဆြ့ခ်န္း၏လက္ေမာင္းေတြထဲ မွီကာ သူမ၏အမွားမ်ားကို အေတာမသတ္ႏိုင္ေအာင္ စတင္ဝန္ခံေတာ့သည္။ " ေဖေဖ သမီး ေတာင္းပန္ပါတယ္. . . သမီး တကယ္ အဲ့လိုမရည္ရြယ္ခဲ့ပါဘူး။ ဒီေလာက္အရသာရိွတဲ့ ၾကက္ေၾကာ္ကို မစားဖူးလို႔ ေဖေဖ ဖုန္းေျပာေနတုန္း ၾကက္သားတစ္ပန္းကန္လံုး စားခဲ့မိတယ္၊ ေဖေဖ မသိေအာင္လို႔ သမီး ေနာက္တစ္ပြဲ ထပ္မွာလိုက္တာပါ။ သမီး ေလာဘႀကီးသြားခဲ့ပါတယ္။ ေဖေဖ့ကို လိမ္ဖို႔ မရည္ရြယ္ခဲ့ပါဘူး "

"..."

" ၿပီးေတာ့ အန္တီ့ကို သမီးအတြက္ လိမ္ေပးဖို႔ သမီး ေတာင္းဆိုခဲ့တာပါ. . . ေဖေဖ၊ သူ႔ကို အျပစ္မတင္ပါနဲ႔ေနာ္ "

" ဒါဆို မင္း အဆင္မေျပခံစားေနရတာက အဲ့ဒါေၾကာင့္... "

ေဟာ္ေရွာင္းေရွာင္း သူမ၏ဗိုက္ေလးကို ကိုင္ထားသည္။ " သမီး ၾကက္ေၾကာ္ အမ်ားႀကီးစားမိလို႔ အစာမေခ်ႏိုင္ျဖစ္ေနတာ။ သမီးဗိုက္က ေဖာင္းေနၿပီး နာေနတယ္၊ ၿပီးေတာ့ မသက္သာဘူး "

"..."

ဒါဆို အျခားတစ္ေယာက္ရဲ့ အေမကို ေတြ့ခဲ့တာေၾကာင့္ မဟုတ္ဘူးေပါ့။

ေဟာ္ေဆြ့ခ်န္းတစ္ေယာက္ ၾကက္ဥေတြ ျပၫ့္က်ပ္လာသလို ခံစားလိုက္ရသည္။ သူ ေျပာဖို႔ စဥ္းစားထားတဲ့ စကားေတြက သူ႔ဗိုက္ထဲမွာ ညပ္ေနေတာ့သည္။

လသာေဆာင္မွာ မေရမတြက္ႏိုင္ေအာင္ စီးကရက္ေတြဖြာ၊ အၾကာႀကီး သက္ျပင္းေတြခ်၊ အၾကာႀကီး ေတြးေနတာေတြက နားလည္မႈလြဲတာေၾကာင့္ပဲလား??

သူမအေဖရဲ့ စိတ္အေျပာင္းအလဲမ်ားကို သတိမထားမိဘဲ ေဟာ္ေရွာင္းေရွာင္းသည္ေတာ့ အေတာမသတ္ႏိုင္ေအာင္ ဆက္ေျပာေနခဲ့သည္။ " ေဖေဖ၊ သမီးကို အစာေၾကေဆး ၀ယ္ေပးလို႔ရမလားဟင္?? သမီး ေနာက္က်ရင္ အျပင္ထပ္ထြက္ခ်င္ေသးတယ္ "

သူမအေဖရဲ့ေကာင္းၿပီလို႔ ေျပာတာကို ဝမ္းသာအားရေစာင့္ေနခဲ့ေသာ္လည္း ခဏၾကာတဲ့အထိ ဘာေျဖသံမွ သူမ မၾကားရေခ်။

အေပၚကို ေမာ့ၾကၫ့္လိုက္ေတာ့ သူမအေဖရဲ့ႏူးညံ့ေသာ အမူအရာက ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

သူ႔မ်က္ႏွာသည္ ေဒါသထြက္ေနၿပီး အံႀကိတ္ထားတာေၾကာင့္ သူ႔ေမးရိုးမ်ားက ေတာင့္တင္းေနေလသည္။ သူမကို အရွင္လတ္လတ္ ဝါးစားခ်င္ေနသူတစ္ဦးႏွင့္ တူေလသည္။

ေဟာ္ေရွာင္းေရွာင္း သူမ ေျပာခဲ့ေသာအရာကို အေလးအနက္ျပန္စဥ္းစားေနခဲ့သည္။ သူမစကားေတြမွာ ဘာအမွားမွမပါဘူးေလ??

သူမအေဖက ဘာလို႔ ရုတ္တရက္ႀကီး ဒီလိုပံုစံမ်ိဳးျဖစ္သြားတာလဲ??

" ...ေဖေဖ? "

ေဟာ္ေဆြ့ခ်န္း စကားတစ္ခြန္းမွေတာင္ မေျပာႏိုင္ဘဲ သူ႔ႏႈတ္ခမ္းကို ခဏေလာက္ကိုက္ထားမိသည္။ " မင္း စားေသာက္ဆိုင္က ထြက္လာကတည္းက စကားေတြသိပ္မေျပာခဲ့တာက ၾကက္ေၾကာ္အမ်ားႀကီးစားထားၿပီး ဗိုက္က အဆင္မေျပလို႔ေပါ့?? "

ေဟာ္ေရွာင္းေရွာင္းက မဝံ့မရဲ ေခါင္းၿငိမ့္ျပလိုက္သည္။

" တစ္ျခားအေၾကာင္းေၾကာင့္ မဟုတ္ဘူးလား "

" တစ္ျခားအေၾကာင္းလား " ေဟာ္ေရွာင္းေရွာင္း သတိထားကာ ေမးလိုက္သည္။

" မင္း ဒီေန့ ဝင္တိုက္မိခဲ့တဲ့ေကာင္မေလးနဲ႔ သူ႔အေမ... "

ေဟာ္ေရွာင္းေရွာင္း ခ်က္ခ်င္းပင္ စိုးရိမ္သြားသည္။ " သမီး ေတာင္းပန္ပါတယ္ေဖေဖ အဲ့လိုမရည္ရြယ္ခဲ့ပါဘူး . . . ေနာက္တစ္ခါ ထြက္လည္းမေျပးေတာ့ပါဘူး "

ေဟာ္ေဆြ့ခ်န္း သူမကို တၫ့္တၫ့္ၾကၫ့္ၿပီးအသက္ျပင္းျပင္းနဲ႔ ၾကာၾကာရႉလိုက္သည္။ ယခုအခ်ိန္တြင္ သူသည္ အေသအေၾကတိုက္မည့္ သူ႔ရန္သူအတြက္ ျပင္ဆင္ထားေသာ္လည္း ၿပိဳင္ဘက္သည္ ကေလးတစ္အုပ္သာျဖစ္သည္ကို သိလိုက္ရကဲ့သို႔ ခံစားေနရသည္။

သူ အလြန္ေဒါသထြက္တာေၾကာင့္ ရယ္ေမာလိုက္ေတာ့သည္။ " ေဟာ္ေရွာင္းေရွာင္း၊ မင္းကို ေရခဲမုန႔္စားခြင့္မျပဳေတာ့ဘူး။ တစ္ပန္းကန္လံုး စားလိုက္တဲ့အတြက္ မင္းကို ၾကက္ေၾကာ္လည္း စားခြင့္မျပဳေတာ့ဘူး။ မင္းက ေဖေဖ့ကို ဆန႔္က်င္ေနတာမလား?? အျပင္ထြက္ၿပီးေရာ ကစားခ်င္ေသးရဲ့လား "

ေဟာ္ေရွာင္းေရွာင္းက သူ႔ကို ဝမ္းနည္းစြာ ၾကၫ့္လာသည္။

သူမနဲ႔ အရမ္းရင္းႏွီးတဲ့ေဖေဖ ျပန္လာၿပီေပါ့. . .

ဘာလို႔လဲ!!!

ေစာနက သူက အရမ္းႏူးႏူးညံ့ညံ့နဲ႔ ' မသမီးကို အျပစ္မတင္ပါဘူး၊ အဲ့ဒါက သမီးအျပစ္ မဟုတ္ဘူးေလ' လို႔ ရွင္းရွင္းလင္းလင္း ေျပာခဲ့တယ္ေလ!! ၿပီးေတာ့ သူမ အမွားေလးကို ဝန္ခံလိုက္တာနဲ႔ မ်က္စိတစ္မိွတ္အတြင္း သူ႔စိတ္အေျခအေနက ေျပာင္းျပန္ ျပန္ေျပာင္းသြားျပန္တယ္!!

သူမအေဖရဲ့ ၾကင္နာမႈေတြက သူမရဲ့အမွားေတြကို ၀န္ခံေစဖို႔ လွၫ့္စားထားတဲ့ ဟန္ျပတစ္ခုပဲလား!!

ဒါက လ်ိႈ႔ဝွက္ႀကံစည္ထားတာပဲ!!

ေဟာ္ေရွာင္းေရွာင္း သူမအေဖရဲ့လက္ေမာင္းေတြထဲမွ ထြက္ကာ ေျပာလိုက္သည္။ " ေဖေဖ... စကားမတည္လို႔ မရဘူး! ေဖေဖက သမီးရဲ့အေဖျဖစ္ၿပီး၊ သမီးက ေဖေဖ့ရဲ့သမီးေလ!! ေဖေဖ ဒီေန့ ကတိမတည္ရင္ နက္ျဖန္က် သမီးက ေဖေဖ့အတိုင္း လိုက္လုပ္မွာေနာ္ "

ေဟာ္ေဆြ့ခ်န္း ထပ္ၿပီးစိတ္အေနွာင့္ယွက္ျဖစ္စြာ ရယ္လိုက္သည္။

ဒါက မသိနားမလည္တာတဲ့လား??

သူမရဲ့ ေခါင္းေသးေသးေလးထဲမွာ ဒီလိုအရာေတြအမ်ားႀကီးနဲ႔ ဘယ္လိုလုပ္ျပည့္ေနတာလဲ??

" ေဟာ္ေရွာင္းေရွာင္း၊ မင္းကေရာ မေကာင္းတာေတြ ေလ်ာ့လုပ္ခဲ့ဖူးလား?? မင္း ဘယ္ခ်ိန္က ေျပာင္းလဲဖူးလို႔လဲ?? အရင္တစ္ေခါက္က ေဖေဖရဲ့စာရြက္ေတြကို ေပပြေအာင္လုပ္ထားတုန္းက ေဖေဖ မင္းကို ဘာေျပာခဲ့လဲ မွတ္မိေသးလား "

" ဘိုးဘိုးက ေျပာတယ္— "

" မင္းရဲ့အဘိုးက ဒီမွာမရိွဘူး "

" ..."

သူမအေဖရဲ့ေနာက္ထပ္လက္ခ်ာခ်ိန္ပဲ!

' စိတ္ေအးေအးထား။ မထိတ္လန႔္ေစနဲ႔။ ဒါက ျပႆနာႀကီးတစ္ခုပဲ။ ဒီေနရာမွာ ထိတ္လန႔္တာက အသံုးမဝင္ဘူး '

သူမ၏ဟန္ေဆာင္မ်က္ရည္မ်ားက စီးက်လာၿပီး ငိုေႂကြးေနတာေၾကာင့္ ပါးေဖာင္းေဖာင္းေလးက က်ံဳ႔လိုက္ေဖာင္းလိုက္ ျဖစ္ေနေတာ့သည္။ " တစ္ျခားကေလးေတြက် ၾကက္ေၾကာ္ စားရတယ္၊ ဒါေပမယ့္ သမီးက် မစားရဘူး။ တစ္ျခားကေလးက် ေရခဲမုန႔္ စားရတယ္၊ ဒါေပမယ့္ သမီးက် မစားရဘူး။ တစ္ျခားကေလးေတြရဲ့အေဖေတြက သူတို႔ကို မဆူၾကဘူး၊ သမီးရဲ့ေဖေဖကပဲ ဆူတယ္။ ေဖေဖ၊ ေဖေဖက သမီးကို ရိုက္ခ်င္ေနတာ ၾကာၿပီမလား?? ေဖေဖ ရိုက္ခ်င္ရင္ ရိုက္လို႔ရတယ္! ဘိုးဘိုးကို သမီးတိုင္ေျပာမွာ မဟုတ္ဘူး "

" ဒါေပမယ့္ အခု သမီး တကယ္ေနလို႔မေကာင္းဘူး။ ေဖေဖ သမီးကို ေဆးနည္းနည္း ဝယ္ေပးၿပီး ေနာက္မွ ရိုက္လို႔ရမလားဟင္?? "

ေဟာ္ေဆြ့ခ်န္း : "..."

Continue Reading

You'll Also Like

246K 35.8K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
196K 15.7K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
1.5M 213K 108
Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre - Comedy, Drama, Romance, School Life, Sh...
726K 56.6K 200
ရွမ်ကျူးကျူးတ‌ယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြ...