ဒီလူ က်ပ္မျပည့္ပံုက အေတာ္ဆိုး၏။
Dateမယ္ဆိုၿပီး သူေခၚရာလိုက္ခဲ့ေတာ့
ဘယ္သြားမလဲ ေအာက္မွတ္တယ္ သူ႔တကၠသိုလ္
ေက်ာင္းႀကီးဆီတဲ့။ေက်ာင္းတစ္ပတ္ကို
လိုက္ျပၿပီး ရိေပၚနားမေထာင္ခ်င္တာေတြကိုပါ
ရွင္းျပသည္။ၾကာေတာ့ သူနားပူတာ မခံႏိုင္
ေတာ့သည္က တစ္ေၾကာင္း၊ေနပူႀကီးထဲ
ပတ္သြားေနရသည္က တစ္ေၾကာင္းမို႔ ရိေပၚ
အေတာ္ကို ေမာေနေလၿပီ။နားခ်င္လို႔
သူ႔အေဆာင္ခန္းထဲ သြားခ်င္ေၾကာင္းကို
ေျပာလိုက္မိသည့္အခါ ေျခကာ၊လက္ကာႏွင့္
ျငင္းလိုက္သည္မွာ ပြက္ေလာကိုရိုက္လို႔။
ရိေပၚလည္း အေတာ္ကိုပူေနၿပီျဖစ္ေနတာေၾကာင့္
သူ႔စကားကို ေစာင့္မေနေတာ့ဘဲ ေယာက်ၤားေလး
မ်ားဝင္ထြက္ေနသည့္ အေဆာင္တစ္ေဆာင္ကို
ျမင္ရသည္ႏွင့္ အားရဝမ္းသာ ဒုန္းစိုင္း
ေျပးလာလိုက္မိသည္။ထိုအခါတြင္လည္း
သူ႔အက်ႌစကို အတင္းႀကီးဆြဲထားၿပီး
"အဲ့ဘက္မသြားနဲ႔၊အဲ့ဘက္မသြားနဲ႔လို႔"ဟု
ဆူညံေနေအာင္ ေအာ္ေသးသည့္ ေရွာင္းက်န္႔။
သူ႔ေအာ္သံေၾကာင့္ အေဆာင္ေပၚက လူေတြ
ငံု႔ၾကည့္ၾကသလို၊ေဘးနားျဖတ္ေလ်ွာက္သြား
ၾကသည့္ လူေတြကလည္း အထူးအဆန္းလို
ေငးသြားၾကသည္။ရိေပၚက အေဆာင္ထဲဝင္ဖို႔သာ
အားသန္ေနၿပီး ေရွာင္းက်န္႔ကလည္း
သူ႔ညီမေလး လမ္းမွားမေရာက္ေစဖို႔
ေသခ်င္ေသ၊ရေတာင္ တားမည္ဆိုသည့္ ပံုစံ။
ရိေပၚမွာလည္း အေဆာင္ထဲ ဝင္ၿပီးနားဖို႔အေရး
ဒီေလာက္ အခက္အခဲ၊အတားအဆီး မ်ားလိမ့္
မည္ဟု မထင္ထားခဲ့။သူ႔လက္ကို အတင္းႏွင့္
ဆြဲလို႔ ကန္ေၾကာက္ထားသည့္ ေရွာင္းက်န္႔ကိုမရမက ျဖဳတ္ယူလို႔ အေဆာင္ထဲသာ အတင္း
ေျပးဝင္လိုက္မိသည္။အခုေန ေရေလး
တစ္ခြက္ေလာက္ ေသာက္လိုက္ရမွ ျဖစ္ေတာ့မည္။သူ႔အာေခါင္ထဲ ပူစပ္လာၿပီး
မ်က္လံုးေတြပါ ဝါးလာတာေၾကာင့္ ေရွာင္းက်န္႔
သြားရာ ဆက္လိုက္ဖို႔ဆိုတာ ဘယ္လိုမွ
မျဖစ္ႏိုင္ေတာ့ပါ။
ေက်ာင္းေစာင့္ၪီးေလးႀကီးထံမွ ေရတစ္ခြက္
ေတာင္းေသာက္ၿပီးေနာက္ ေနသာထိုင္သာရိွသြား
ေတာ့မွ သူေရွာင္းက်န္႔ကို လွမ္းၾကည့္ဖို႔
သတိရေတာ့သည္။ထိုလူက သူတြန္းလႊတ္ခဲ့ရာ
ေျမေနရာမွာပင္ အခုထိ လဲက်ေနၿပီး
ဒရမ္မာခ်ိဳးလို႔ မဝေသး။ရိေပၚက သူ႔ေရ႔ွမွာတင္ ေခါက္ခနဲေသသြားလို႔ ဆြံအေနသလိုမ်ိဳး လွမ္းၾကည့္ေနသည္။
"က်န္႔ေကာ..အဆင္ေျပရဲ့လား။ဘယ္နား နာသြား
လို႔လဲ"
ေခါင္းေလးသာ ရမ္းျပၿပီး သူ႔ကို ၿပံဳးျပ
လာျပန္သည္။ျပဴးေနသည့္ ယုန္သြားေတြက
ေနေရာင္ေအာက္မွာ မ်က္စိက်ိန္းစရာပင္...
"ဒါဆို..ကိုယ္တို႔ ဘယ္ဆက္သြားၾကမလဲ။
အာ..ဟုတ္သား။ရိေပၚကို စာၾကည့္တိုက္ဘက္
လိုက္မပို႔ရေသးဘူး။လာ..သြားၾကမယ္"
ေနာက္တစ္ေနရာကို ေျချပင္ေနသည့္ေရွာင္းက်န္႔
ေၾကာင့္ ရိေပၚ ရင္ထဲထိတ္ခနဲ။မျဖစ္ပါ...
သူ ဒီေန့ စိတ္ဝင္စားစရာ မရိွသည့္ ဒီေက်ာင္း
ႀကီးကို ထပ္ၿပီး ပတ္ေလ်ွာက္မေနခ်င္ေတာ့။
စာၾကည့္တိုက္ဘက္ ေျခလွမ္းသည့္ ေရွာင္းက်န္႔
လက္ကို ကေယာင္ကတမ္း ဖမ္းဆြဲလိုက္သည့္
အခါ သူ႔ကို အူေၾကာင္ၾကားေလး ျပန္ၾကည့္
လာသည္။အသနားခံေနသည့္ မ်က္ႏွာေပးႏွင့္
ရိေပၚက ေရွာင္းက်န္႔အား ေအာင့္သက္သက္ႏွင့္
ဟန္ေဆာင္ၿပံဳးျပရင္း..
"ကြၽန္ေတာ့္ကိုယ္ထဲမွာ သၾကားဓာတ္အရမ္း
လိုအပ္ေနၿပီ။ေနပူထဲ ဆက္ေနၪီးမယ္ဆို
မူးလဲ သြားလိမ့္မယ္။"
ထိုအခါမွ အထိတ္ထိတ္အပ်ာပ်ာျဖင့္
ေခြၽးစို႔ေနသည့္ သူ႔နဖူးထက္ လက္မဖိုး
ေသးေသးေလးကလာအုပ္မိုးသည္။
စိုးရိမ္စိတ္ျဖင့္ ၾကည့္ေနသည့္ မ်က္လံုးေတြက
သာမာန္ထက္ ဝိုင္းစက္လို႔...
"Sorry..ကိုယ္ေမ့သြားတယ္။ရိေပၚအရမ္းေမာေနလား။"
ဟန္ေဆာင္ပန္ေဆာင္ အမူအရာပိုကာေခါင္းၿငိမ့္
ျပလိုက္သည္။မဟုတ္လ်ွင္ သူအျမန္နားခြင့္
ရၪီးမည္ မဟုတ္။
"လာ..အရိပ္ထဲ ခဏသြားရေအာင္။"
အရိပ္ရေအာင္ မိုးေပးထားသည့္ ေရွာင္းက်န္႔
လက္ကေလးေတြက ေနေရာင္မလံုေပမဲ့
ရိေပၚ သေဘာက်မိသည္။ကိုယ့္ကို ဒီေလာက္ထိအေသးစိတ္ ဘယ္သူမွ လိုက္မလုပ္ေပးဖူး၍
ထင္ပါသည္။ေရွာင္းက်န္႔က စိတ္သာပံုမွန္
ဆိုလ်ွင္ အစ္ကိုေကာင္း တစ္ေယာက္
ျဖစ္ႏိုင္သည္။
"ပူလိုက္တာ။Air-conမရိွဘူးလား"
ရိေပၚညည္းၫူသံေၾကာင့္ ေရွာင္းက်န္႔ကၿပံဳးရင္း
သူ႔လက္ႏွစ္ဖက္ႏွင့္ နတ္အုန္းသီး ယပ္ခတ္သလို
တျဖတ္ျဖတ္ ထခတ္ျပန္သည္။
"ပံုမွန္ဆို ဒီေအာက္အေဆာင္က Air-con
ရိွတယ္။အခုတေလာ ပ်က္ေနလို႔ျဖစ္မယ္။
ဂိတ္ေစာင့္ ၪီးေလးႀကီးေတာင္ လုပ္စရာ
အလုပ္မရိွေတာ့ရင္ ကိုယ္တို႔ အေပၚထပ္ကို
တက္လာၿပီး ေလၫွင္းလာခံေနၾက"
"ဟင္..အေပၚထပ္က ပိုေအးတာလား"
"ဟုတ္တယ္။အေပၚထပ္က အေဆာင္ဝရံတာ
ေတြမွာ ေလလည္းတိုက္တယ္။သစ္ပင္ရိပ္လည္း ရိွေတာ့ အခုလို ပူတဲ့ေန့ေတြဆို ရွယ္ပဲ"
"ကြၽန္ေတာ့္ကို လိုက္ပို႔"
ခဏေတာ့ ေၾကာင္ၾကည့္ေနသည့္ ေရွာင္းက်န္႔က
ရုတ္တရက္ဆိုသလို ၿပံဳးစိစိျဖစ္သြားၿပီး
တစ္ဖက္လွည့္ကာ သူ႔အားေက်ာခိုင္းသည္။
ထို႔ေနာက္ အေၾကာင္းအရင္းမရိွ သူ႔အက်ႌစေတြ
သူ႔ဘာသာျပန္ေခ်ေနရင္းက...
"ဟို...မေကာင္းဘူးထင္တယ္။အစ္ကို႔အခန္းမွာ
ဘယ္သူမွမရိွဘူး"
"အဲ့တာေကာင္းတာေပါ့။လုပ္ပါ..ကြၽန္ေတာ့္ကို
လိုက္ပို႔ပါ။ဘယ္အထပ္မွာလဲ?"
"အာ..မေကာင္းပါဘူး။မသိခ်င္ပါနဲ႔။သိရင္
ရိေပၚက သံုးထပ္ေျမာက္ရဲ့ အခန္းနံပါတ္၆၂၉ကို
သြားေနၪီးမယ္"
ေရွာင္းက်န္႔ ေျပာၿပီး ကိုယ့္ေအာက္ႏႈတ္ခမ္းကို
ကိုက္လိုက္မိသည္။ညီမေလး အရဲတင္းပံုနဲ႔၊
ေရွာင္းက်န္႔ ဆည္က်ိဳးပံုနဲ႔ကေတာ့..ဟင္း..ဟင္း
"အဲ့တာဆို က်န္႔ေကာေနခဲ့ခ်င္ေနခဲ့ေလ။
ကြၽန္ေတာ့္ဘာသာ တက္သြားလိုက္ေတာ့မယ္"
သူ႔အားထားၿပီး အေဆာင္ေပၚေျပးတက္
သြားသည့္ရိေပၚေၾကာင့္ ေရွာင္းက်န္႔ေနရာမွာတင္
ခုန္ေပါက္ေနလိုက္မိသည္။ဘယ့္ႏွယ့္...
ဒီက က်ားက်ားက ကေလးကိုတစ္ေယာက္တည္း
ပစ္ထားမလားလို႔။
"ကိုယ္လိုက္ပို႔မယ္ ရိေပၚ...."
ေျခခ်င္းလိမ္ၿပီး မလဲရံုတမယ္ ညီမေလးေနာက္အေျပးလိုက္သြား မိလိုက္သည္။သိပ္စိတ္ေစာ
သည့္ ေကာင္မေလးက ေစာင့္ေတာင္
မေစာင့္ေတာ့ဘူး။
➖➖➖➖➖
"အား...အခုမွပဲ ေနသာထိုင္သာ ရိွေတာ့တယ္"
ေရွာင္းက်န္႔ကုတင္ေပၚ ေျခပစ္လက္ပစ္
ကားကားႀကီး လွဲခ်လိုက္သည့္ ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ အထဲဝင္ရခက္၊အျပင္ထြက္ရခက္
ဒီကေလးစိတ္မကုန္ေသးတဲ့ဟာေလးက
ဘယ္လိုသင္ျပေပးမွ ရေတာ့မွာတဲ့လဲေနာ္....
"ရိေပၚ။အဲ့လိုႀကီး မအိပ္နဲ႔။အျမင္မေတာ္ဘူး"
"ေအာင္မေလးဗ်ာ။အိပ္တာေတာင္ အျမင္
တင့္တယ္ ေနရၪီးမွာလား။"
"မဟုတ္ဘူးေလ။ကိုယ္လည္း ရိွေနေတာ့
အဲ့လိုႀကီးၾက ျမင္မေကာင္းဘူး"
သူဘယ္ေလာက္ ဆံုးမၾသဝါဒစကားေတြ
ေႁခြေနပါေစ ရိေပၚက တစ္ခြန္းေတာင္ မတုန္႔ျပန္
ေတာ့ဘဲ ၿငိမ္က်သြားသည္။အိပ္ေနၿပီဆိုတာ
သိလိုက္ရေတာ့ ေရွာင္းက်န္႔မွာ ေၾကာင္စီစီပင္
ျဖစ္သြားရေသး။
အတူတူခ်ိန္းေတြ့ခ်င္လို႔ အခန္းထဲထိမ်ွားလာၿပီး
အခုၾကေတာ့ သူ မဟုတ္သလိုပင္။ဘာပဲ
ျဖစ္ျဖစ္ စကားေလးေျပာၿပီး ဘယ္ေလာက္
ခ်စ္ေၾကာင္းေတြကို ဒီေန့ရေအာင္ဖြင့္ေျပာ
ခ်င္ေသးသည္။လက္ကေလးပဲ ကိုင္ရကိုင္ရ၊
ပါးကေလးပဲ နမ္းရနမ္းရ၊ေရွာင္းက်န္႔ ဒီေန့အတြက္ ေခ်ာေမာရက်ိဳး နပ္ၿပီ။
"က်စ္!ရိေပၚ။ထလို႔ဆို"
မေက်နပ္တာေၾကာင့္ သူ႔အသံက
ခပ္ေဆာင့္ေဆာင့္။ရိေပၚ လက္တစ္ဖက္က
ဆြဲလို႔ အတင္းထူၾကည့္ေပမဲ့ ထိုကေလးမ
ခႏၶာကိုယ္က တစ္စက္ကေလးပင္ မေရြ့။
မဟုတ္ေသးဘူး...နည္းနည္း လြဲေနသလိုပဲ။
အေတြးထဲေမ်ာေနခ်ိန္ ရိေပၚက ဆုပ္ကိုင္ခံထား
ရသည့္ သူ႔လက္ေတြကို ဆတ္ခနဲရုန္းလိုက္သည္။
သို႔ေပမဲ့ ခ်ည္ၿပီးတုပ္ၿပီးသား ျဖစ္ေနေသာ
ေရွာင္းက်န္႔ လက္ေတြပါ ေရာပါသြားၿပီး
အရိွန္မထိန္းႏိုင္ေသာ သူ႔ကိုယ္က ရိေပၚ အေပၚသို႔ ေမွာက္လ်ွက္သား...
သူ႔အေပၚ ၿပိဳက်လာသည့္ ကလန္ကလား
ခႏၶာကိုယ္ တစ္ခုေၾကာင့္ ရိေပၚမိွတ္ထားသည့္
မ်က္လံုးေတြကို ခပ္ျဖည္းျဖည္းခ်င္း ဖြင့္လိုက္
မိသည္။အနည္းငယ္ ျပဴးက်ယ္ေနေသာ
မ်က္ဝန္းတို႔ႏွင့္ ရိေပၚစံုမိသည့္အခါ
ေရွာင္းက်န္႔က မသိမသာ တံေတြးတစ္ခ်က္ကို ၿမိဳခ်ၿပီးခပ္ေတာင့္ေတာင့္ကေလး။
ရိေပၚ၏ အိပ္ခ်င္မူးတူး မ်က္ဝန္းတို႔က
ေရွာင္းက်န္႔ဆီမွ ဖယ္ခြာလို႔ သူ႔ရင္ဘတ္သူ
ငံု႔ၾကည့္သည္။
အားပါးတရ အကိုင္ခံထားရေသာ သူ႔ရင္ဘတ္က
ေရွာင္းက်န္႔ လက္ထဲမွာ အေတာ္ေလး
ဘဝပ်က္ေနၿပီ။ေရွာင္းက်န္႔ကို ျပန္ၾကည့္မိေတာ့
သူ႔ရင္ဘတ္ေပၚမွ လက္ေတြကို မလႊတ္ေပးေသး။
"က်န္႔ေကာ ကြၽန္ေတာ့္ရင္ဘတ္ကို
ကိုင္ထားတယ္"
"အာ...ေတာင္း..ေတာင္းပန္ပါတယ္။"
ထိုအခါမွ အလန္႔တၾကားႏွင့္ သူ႔ရင္ဘတ္ေပၚမွ
လူးလဲကာ အတင္းထသည္မို႔ သူ႔အရိုးႏွင့္
ထိုးမိသည့္ေနရာတိုင္းမွာ ရိေပၚခံစားရတာ
အလူးအလဲ။လြတ္လြတ္ကြၽတ္ကြၽတ္
ျဖစ္သြားကာမွ ကုတင္ေပၚမွ ရိေပၚကို ဆြဲထူေပး
လာသည္။
ရိေပၚတစ္ေယာက္ နာသြားသည့္ ရင္ဘတ္ကို
ခပ္သာသာပြတ္လို႔ ေရွာင္းက်န္႔ဆြဲထူရာ
ထရင္း သူ႔ေဘးနား ခပ္ၿငိမ္ၿငိမ္ကေလး
ထိုင္ေနသည့္ ေရွာင္းက်န္႔ကိုတစ္ခ်က္မ်ွ
ေစာင္းၾကည့္လိုက္သည္။
လုပ္လိုက္ရင္ အၿမဲဆြဲထိုးခ်င္စရာေတြခ်ည္းပင္။
"ဟို...ေတာ္ေတာ္နာသြားလား"
မရဲတရဲ အၾကည့္တို႔ႏွင့္ ေရွာင္းက်န္႔က
ဆိုလာသည့္အခါ ရိေပၚေခါင္းသာ ရမ္းျပမိ
လိုက္သည္။တကယ္လည္း နာတာ ဘာညာ
မရိွေတာ့။
"ကိုယ္ေတာ့မထင္ဘူး။ေအာင့္ သြားမယ္ဆိုတာ
ေသ...ေသခ်ာတယ္"
ငယ္ငယ္က ခ်ံဳခ်င္းမွာ အပ်ိဳေဖာ္ဝင္စ သူငယ္ခ်င္းမိန္းကေလးေတြ မေတာ္တဆ
သူတို႔ရင္ဘတ္ေတြကို တစ္ခုခုႏွင့္တိုက္မိၾကလ်ွင္
အီစလံေဝသြားတာ ေရွာင္းက်န္႔ ျမင္ဖူးသည္။
သူ႔ညီမေလးလည္း ေတာ္ေတာ္ေလး
နာသြားရွာမွာ...
"မနာပါဘူးဆိုဗ်ာ။ဒီေလာက္ေလးနဲ႔ နာစရာလား"
နားရြက္ဖ်ားေတြ ရဲေနသည့္ ညီမေလးေၾကာင့္
ေရွာင္းက်န္႔ ႏႈတ္ခမ္းေလးကိုက္ကာ မ်က္ႏွာ
လႊဲရသည္။ထို႔ေနာက္ ကိုယ့္ေခါင္းကိုယ္ ခပ္နာနာ
ထုရင္း တိတ္တိတ္ကေလး ဆိုမိသည္က
"အသံုးမက်တဲ့ ေရွာင္းက်န္႔။ကေလး ရွက္ေနမွာ
မစဥ္းစားမိဘူးလား"
သက္ျပင္းတစ္ခုကို ႀကိတ္ခ်လို႔ ကိုယ့္ကိုယ္ကိုယ္
ထြက္ေနသည့္ ေဒါသေတြအား ၿမိဳခ်လိုက္သည္။
"ဒီတံခါးေပါက္ ဖြက္လိုက္မယ္။ကြၽန္ေတာ္
ဝရံတာဘက္ ထြက္ခ်င္လို႔"
ေျပာလည္းေျပာ သြက္လက္စြာပင္ ဝရံတာဘက္
သြားသည့္တံခါးမႀကီးကို ဆြဲဖြင့္လိုက္သည့္
ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ အပူမ်ားသည့္
သားသည္မိခင္လို အေျပးလိုက္ဆြဲရျပန္သည္။
သူဆြဲလို႔ မမိခင္မွာတင္ ခ်စ္ရတဲ့ညီမေလးက
ဝရံတာေပၚ ေရာက္ေနၿပီ။
"အား...လတ္ဆတ္လိုက္တဲ့ေလေလး။
ကြၽန္ေတာ္လည္း ဒီလိုအခန္းနဲ႔တြဲလ်ွက္ပါတဲ့
ဝရံတာေလး လုပ္ခ်င္တာ။ပါးပါးက သူခိုး
တက္မွာစိုးလို႔ဆိုၿပီး မလုပ္ေပးဘူး"
လက္ေတြကို အေၾကာဆန္႔ကာ ေလေအးေအးေလးအား အျပည့္အဝရူရိႈက္ေနစဥ္မွာပင္
တစ္ဖက္ ဝရံတာမွ ေျခသံရွပ္ရွပ္ကို ၾကားလိုက္
ရသည္။
"ဟယ္လိုး...ေလၫွင္းခံေနတာလား?"
ႏႈတ္ဆက္လာသည္ကား တစ္ျခားမဟုတ္ဘဲ
တစ္ဖက္အခန္းမွ စီနီယာ။အားကစားအက်ႌ
လက္ျပတ္ႏွင့္မို႔ ဝင့္ထည္ေသာႂကြက္သားေတြက
ညီမေလးေရ႔ွမွာ ႂကြၾကြရြရျြဖစ္လို႔ေနသည္။
ၿပီးေတာ့ ခ်ိဳသာေသာ အၿပံဳး...
ဒီလူ ငါ့ကေလးေလးကို သက္သက္
လာျမႇဴဆြယ္တာ။
အေတြးႏွင့္ တစ္ေယာက္တည္းေဒါသထြက္
ေနတုန္း စီနီယာက သူ႔ကိုျမင္သြားၿပီး တအံ့တၾသ
လွမ္းၾကည့္လာသည္။
"အယ္..ေရွာင္းက်န္႔။ဘယ္လိုျဖစ္ၿပီး ျပန္လာ
တာလဲ။ေကာင္မေလးနဲ႔ သြားေတြ့တာ အဆင္
မေျပဘူးလား"
'ေျပလို႔ ဝရံတာမွာ Coupleရပ္ေနတာေပါ့
ေစာင္FAရဲ့'ဟု မေအာ္မိေအာင္ ေရွာင္းက်န္႔
ကိုယ့္ပါးစပ္ကို နာနာကိုက္ရင္း ေခါင္းသာ
ရမ္းျပလို႔ အေျဖေပးလိုက္သည္။ရိေပၚက
နားမလည္သလို သူ႔ကိုၾကည့္လိုက္၊စီနီယာအား
ၾကည့္လိုက္ႏွင့္ ျဖစ္ေနၿပီး စီနီယာကေတာ့
ေရွာင္းက်န္႔ပံုစံကို ေလွာင္စရာတစ္ခု
ေတြ့သြားသလို ခပ္ဟဟ ရယ္ရင္း စီနီယာရဲ့
အၾကည့္တို႔က သူ႔ညီမေလးဆီ
ထပ္ၿပီး ဘူတာဆိုက္သည္။
တယ္...ဒီႀကံ့လို ႂကြက္သားေတြနဲ႔
အေကာင္ကေတာ့။
"ဒီက ေရွာင္းက်န္႔နဲ႔ ဘာေတာ္တာလဲ။"
"အာ..အသိပါ"
"ေၾသာ္။ငယ္ၪီးမယ္ထင္တယ္။၁၇ေလာက္
ရိွမလား"
စီနီယာ၏ ခန္႔မွန္းမႈ မွန္ကန္သြားသည္ကို
ရိေပၚက ၿပံဳး၍ ေခါင္းၿငိမ့္ျပသည္။ထို႔ေနာက္
ရယ္စရာမပါဘဲ ရယ္ေနၾကသည္မွာ တဟဲဟဲ။
အသက္ေလးမွန္းတာေလာက္ကို ေရးႀကီးခြင္က်ယ္ လုပ္ေနၾကေသးသည္။
ဘာမ်ား ထူးဆန္းေနလို႔လည္း....
"အစ္ကို႔Bodyက အရမ္းေတာင့္တာပဲ။
ဘယ္လိုေတြ ေလ့က်င့္လဲ?"
ထင္သည္။ဒီေလာက္ေမာင္း ၿပဲကားကားႀကီး
ေတြကို ညီမေလး အာရံုစိုက္မိသြားမည္ဆိုတာ
ေရွာင္းက်န္႔ထင္ၿပီးသား။
ရိေပၚေမးလာသည့္ ေမးခြန္းေၾကာင့္ စီနီယာက
သူ႔လက္ေမာင္းႂကြက္သားကို အီးထြက္မတတ္
ၫွစ္ျပၿပီး...
"အစ္ကို႔လို ျဖစ္ခ်င္လို႔လား?"
"ေသခ်ာေပါက္ေပါ့။အစ္ကို႔ေလာက္ မေတာင့္
ရင္ေတာင္ ကြၽန္ေတာ့္ႂကြက္သားေလး
က်စ္ေနတာမ်ိဳး ျဖစ္ခ်င္တာ။ဒီေလာက္
လက္ေမာင္းနဲ႔ အားမရေသး..."
"အာ..ေတာ္ၿပီ ေတာ္ၿပီ။"
လက္ေမာင္းျဖဴဥဥေလးေတြကို ဆြဲလွန္ေနသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ အက်ႌစကို
အတင္းႏွင့္ ျပန္ဆြဲခ်ကာဥစၥာေျခာက္ရျပန္သည္။ဒီေလာက္ လက္ေမာင္းေတာင္ေရွာင္းက်န္႔နဲ႔
လယ္ဗယ္တူ လိုက္ေနၿပီကို ထပ္ႀကီးခ်င္
ေသးတယ္ဆိုေတာ့ ေယာက်ၤား
ရရင္ ေယာက်ၤားကို ကိုင္ေပါက္မလို႔မ်ားလား။
"အခန္းထဲျပန္ဝင္ၾကမယ္ရိေပၚ။ေစာနကမွ
ေနပူထဲက ျပန္လာတာ။ေလအရမ္းအတိုက္မခံနဲ႔။အပူအေအး မမ်ွပဲေနမယ္"
ရိေပၚကို အတင္းနဲ႔အခန္းထဲဆြဲသြင္းလို႔
တံခါးကိုပါ အသံျမည္ေအာင္ပိတ္ခ်လိုက္သည္။
စီနီယာကေတာ့ ေျပာလက္စ စကားေတြ
ႏႈတ္ခမ္းထက္မွာအျပည့္မို႔ ပါးစပ္ေဟာင္းေလာင္းႏွင့္ က်န္ခဲ့ၿပီ။
လိုက္ကာစကိုပါ ဆြဲေစ့လို႔ စိတ္ခ်ရၿပီဆိုမွ ရိေပၚ
ရိွရာဘက္ ၿပံဳးၿပံဳးေလး လွည့္လိုက္မိသည္။
ရိေပၚကေတာ့ ဟိုႀကံ့ကိုေမ့ေမ့ေပ်ာက္ေပ်ာက္ပင္
ေရွာင္းက်န္႔ အိပ္ယာေပၚ ေမွာက္လ်ားထိုးေနၿပီ။
"အား..က်န္႔ေကာေခါင္းၪီးက ေမႊးေနတာပဲ။
ဘာေခါင္းလိမ္းဆီသံုးတာလဲ?"
"ကိုယ္က ေခါင္းလိမ္းဆီမသံုးဘူး။ေန့တိုင္း
ေခါင္းေလ်ွာ္တယ္။သံုးရက္တစ္ခါ ေခါင္းၪီးစြပ္
လဲတယ္"
"ဝါး..စည္းကမ္းရိွလိုက္တာ။က်န္႔ေကာကို
ရတဲ့လူကေတာ့ ကံေကာင္းမွာပဲ။"
'ကံေကာင္းတဲ့လူက မင္းပဲေလ ကေလးရဲ့'ဟု
နဖူးေလးကို ေတာက္ကာ ဆိုလိုက္ခ်င္ေတာ့သည္
ဒီကေလးက ေရွာင္းက်န္႔ဖြင့္ေျပာလာေအာင္
စကားၪီးေတြ သန္းလြန္းသည္မို႔ ကိုယ္က
အရွက္ပိုရျပန္သည္။ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္က ညီမေလးကို ဖြင့္ေျပာဖို႔ အေကာင္းဆံုးပင္။
လည္ေခ်ာင္းကို ေခ်ာင္းဟန္႔လို႔ တစ္ခ်က္
ရွင္းရင္း လက္ႏွစ္အားဟန္ပါပါ အေနာက္ပစ္
လိုက္သည္။ငုတ္တုတ္ထထိုင္ေနသည့္ ရိေပၚက
သူ႔အားအာရံုမရဘဲ ေဘးနားစားပြဲေပၚမွ
အရုပ္ပိစိေတြကိုသာ လိုက္ဖြလို႔ အလုပ္ရူပ္
ေနသည္။
"ရိေပၚ..."
သူေခၚေတာ့ ရိေပၚက ေမးသာဆတ္ျပၿပီး
လွည့္မၾကည့္။ခပ္ဖြဖြေလး ရိေပၚနားတိုးကပ္
ထိုင္လိုက္မိရင္းက ထားစရာမရိွသည့္
သူ႔လက္တို႔ကား ေပါင္ေပၚတြင္ အခ်င္းခ်င္း
ဆုပ္ေခ်လ်ွက္။
"ကိုယ္..ေျပာစရာ ရိွတယ္"
"ေျပာေလ"
"ဟို...ကိုယ္"
"...."
အေရးအႀကီးဆံုး အပိုင္းကိုေရာက္လာၿပီမို႔
ညီမေလး နားရြက္ေလးနား အသာတိုးကပ္သြားလိုက္သည္။
"ရိေပၚကို...ခ်စ္တယ္"
ေရွာင္းက်န္႔အရုပ္ေတြကို ဖြေနသည့္ ရိေပၚ
လက္ေတြရုတ္ခ်ည္း ရုပ္တန္႔သြားသည္။
ဆတ္ခနဲလွည့္လာသည့္ ရိေပၚေၾကာင့္
ေနာက္ျပန္မဆုတ္ရေသးေသာ ေရွာင္းက်န္႔
ႏႈတ္ခမ္းတို႔ႏွင့္ ရိေပၚႏႈတ္ခမ္းတို႔ၾကား
အနမ္းမည္ေသာ ထိကပ္မႈေလးတစ္ခု။
အတန္ၾကာ သတိလက္လြတ္ တစ္ေယာက္မ်က္ဝန္း တစ္ေယာက္ေငးေနမိသည္။
ဒီအခ်ိန္ ကိုယ္စီရင္ခုန္သံေတြ ဘယ္ေလာက္
ျမန္လဲလည္း မသိႏိုင္ေတာ့။
"အ!ေတာင္း..ေတာင္းပန္ပါတယ္။
ကိုယ္မရည္ရြယ္ပါဘူး"
ကိုယ္ကပင္ စမွားသည္မို႔ ခပ္လွမ္းလွမ္းကို
တိုးကပ္ရင္း ရိေပၚအားေတာင္းပန္စကား
ဆိုလိုက္မိသည္။ရိေပၚကေတာ့ ေရွာ့ခ္ရသြားပံု
ရကာ ေနရာမွာ အေတာင့္လိုက္ပင္။
သူအသက္မျပည့္ေသးတဲ့ ကေလး
တစ္ေယာက္ကို အေတာ္ေလး ကိုယ္ထိလက္ေရာက္ ျပဳမူမိသြားၿပီ။
"ကိုယ္ေတာင္းပန္ပါတယ္ ရိေပၚ။တကယ္
ေတာင္းပန္ပါတယ္"
ညီမေလး တစ္မ်ိဳးထင္သြားမွာ သူတကယ္
မလိုလားပါ။ေတာင္းပန္စကားတို႔ ေသေလာက္ေအာင္ သူဆိုေနေပမဲ့ ရိေပၚက ခပ္ေအးေအးသာ
သူ႔အားၾကည့္ေနသည္။
ထို႔ေနာက္ ေအးစက္စက္ၾသရွေသာစကားသံ
တစ္ခု...
"က်န္႔ေကာက Gayလား?"
ေရွာင္းက်န္႔မ်က္လံုးေလး ျပဴးက်ယ္သြားၿပီး
ရိေပၚအား ႏႈတ္ခမ္းတလႈပ္လႈပ္ႏွင့္
ၾကည့္ေနသည္။
ညီမေလး မၾကားႏိုင္ေသာ ဆဲဆိုသံေတြကို
သူႏွင့္ ဘုရားသာသိသည္ ဆိုတာမ်ိဳး...
➖➖➖➖➖➖➖
"Gayလားတဲ့။ေမးရဲလိုက္တာ။လူယုတ္မာလားလို႔ ေမးလိုက္ရင္ေတာင္ အဲ့ေလာက္နာမွာ
မဟုတ္ဘူး။ရည္းစားစကား ေျပာေနရင္း
Gayလားလို႔ ေမးခံရတာ ဘယ္ေလာက္ေတာင္
ခံရခက္လိုက္သလဲ။ဝါး..ဒီကေလး
ဘယ္ၾကည့္ၿပီး ဒီစကားေျပာတာလဲ?"
အခန္းထဲ ဟိုေလ်ွာက္ဒီေလ်ွာက္ႏွင့္ ႀကိတ္မႏိုင္
ခဲမရ ျဖစ္ေနသည့္ ေရွာင္းက်န္႔ေၾကာင့္ စီနီယာက
ႏွာေခါင္းရူံ႔လို႔မ်က္ႏွာမဲ့သည္။ဟိုေကာင္ေလး
ေျပာသြားတာ ဘာမွလည္း ထူးဆန္းတာမဟုတ္။
ေယာက်ၤားေလး အခ်င္းခ်င္းခ်စ္တယ္သြားေျပာ
မွေတာ့ ဟိုကေမးၿပီေပါ့။ဒါကို ဘာေတြနာေန
တာလဲ။ၿပီးေတာ့ သူ႔ကိုပါ ေကာင္မေလးႏွင့္
သြားေတြ့မယ္လို႔ ညာေသးသည္ဆိုေတာ့
ၾကည့္ရတာ ေရွာင္းက်န္႔က ေယာက်ၤားေလးကို
ႀကိဳက္မည္။Gayမဟုတ္ေစရ ဆိုတာမ်ိဳးလား။
"စိတ္ကိုေလ်ွာ့ေရွာင္းက်န္႔။Gayဆိုတာလည္း
လူပါပဲကြာ။အဲ့နာမ္စား အတပ္ခံရလို႔ဘာမွ
စိတ္ပ်က္ေနစရာ မလိုဘူး။ကိုယ့္ျဖစ္တည္မႈကို
ကိုယ္ခ်စ္စမ္းပါ။လူသားတစ္ေယာက္လို႔
ရိုးရိုးေလး မျမင္ႏိုင္တဲ့ ပတ္ဝန္းက်င္ေတြအတြက္ အတင္းႀကီးလိုက္ေျပာင္းလဲေနစရာ မလိုဘူး။
Gayလည္းလူပဲ။လူလည္းGay..."
"အာ..စီနီယာကပါ ဘာျဖစ္ေနတာလဲ?။
ကြၽန္ေတာ္ Gayမဟုတ္ဘူးလို႔။ကြၽန္ေတာ္က
ရိေပၚကို ႀကိဳက္တာေလ။ရိေပၚ...ဝမ္ရိေပၚ။
သိလား?သူ႔ကိုႀကိဳက္တာ ဘာလို႔Gay
ျဖစ္ရတာလဲ"
သက္ျပင္းတစ္ခုခ်လို႔ စီနီယာက'မင္းအတြက္
အခ်ိန္တစ္ခုလိုေနတယ္။ေကာင္းေကာင္း
အနားယူလိုက္' ဟုသာ ေျပာၿပီး သူ႔အား
ပစ္ထားခဲ့သည္။ေရွာင္းက်န္႔မွာသာ ကူကယ္ရာ
မဲ့သလို ဖ်တ္ဖ်တ္လူးလ်ွက္။
အိပ္ယာေပၚစိတ္ပ်က္လက္ပ်က္ ပစ္လွဲလိုက္
မိေတာ့ ရင္းႏွီးသည့္ သူစိမ္းဆန္ေသာ ညီမေလး
ကိုယ္သင္းနံ႔က ႏွာေခါင္းထက္တိုးဝင္လာသည္။
ထိုရနံ႔ေလးထဲ ပိုနစ္ဝင္ေအာင္နမ္းရိႈက္ရင္း
တင္းၾကပ္သြားေသာ သူ႔လက္အစံုက
လက္သီးဆုပ္မ်ား အျဖစ္သို႔...
"Gay ဟုတ္လား?ဒီၪီးေနွာက္မရိွတဲ့ ကေလးမ
နဲ႔ေတာ့ ဒီေနရာမွာ ငါမဟုတ္ရင္ က်န္တဲ့လူ
အသားယူတာခံရေတာ့မွာပဲ။ခဏ...။မဟုတ္မွ .. "
ေခါင္းထဲမွမွတ္ဉာဏ္ေတြကို အတင္း
ေနာက္ျပန္ရစ္လို႔ ေသခ်ာေတြးေခၚယူလိုက္သည္။
ရင္ဘတ္ကိုလည္း ကိုင္မိတယ္၊ႏႈတ္ခမ္း
ကိုလည္း နမ္းမိတယ္၊ခ်စ္တယ္လို႔ထိ ေျပာၿပီး
ကာမွ Gayလားလို႔ ေမးတယ္ဆိုေတာ့...
"မဟုတ္မွလြဲေရာ...သူ႔ကိုဘာမွမလုပ္လို႔
အဲ့လိုေမးတာလား။ငါ...ငါသူ႔ကိုဘာမွမလုပ္ဘဲ
ေနာက္ဆုတ္လိုက္လို႔ အဲ့လိုေမးတာ။ဒါ...ဒါ
ျဖစ္ႏိုင္တယ္။အား...ဒါအေသခ်ာဆံုးပဲ။
ဝါး...ဒီကေလး မလြယ္ေၾကာပဲ။ဘယ္လိုေတာင္
အတင့္ရဲတဲ့ ေမးခြန္းမ်ိဳးနဲ႔ ပညာလာစမ္း
တာလဲ။ဟြန္း..ခ်ံဳခ်င္းသားက က်ားဆိုတာ
ဒင္းကေလး သိေအာင္ရိုးရိုးသားသား ျပမွ
ျဖစ္ေတာ့မယ္။"
အခုမွသက္သာရာ ရသြားေသာ စိတ္အစံုေၾကာင့္
ေရွာင္းက်န္႔ အိပ္ယာေပၚလွဲလို႔ႏွစ္ၿခိဳက္စြာ
အိပ္ဖို႔ျပင္လိုက္သည္။
အိပ္မက္ထဲ ခ်စ္ရတဲ့ ညီမေလးကိုအသက္ရူ
ၾကပ္တဲ့အထိ ဖက္နမ္းလိုက္သည္မွာ
အရသာရိွလိုက္ေလျခင္းေနာ္.....
➖➖➖➖➖➖➖➖➖
လြမ္းလို႔updateေပးလိုက္ပါတယ္
ဘာပဲျဖစ္ျဖစ္ စိတ္သက္သာရာေလးရေအာင္
ဒါေလးပဲ ခ်ေရးေနမိေတာ့တာပဲ။
အားလံုး ဂရုစိုက္ၾကပါ
ဒီလူ ကျပ်မပြည့်ပုံက အတော်ဆိုး၏။
Dateမယ်ဆိုပြီး သူခေါ်ရာလိုက်ခဲ့တော့
ဘယ်သွားမလဲ အောက်မှတ်တယ် သူ့တက္ကသိုလ်
ကျောင်းကြီးဆီတဲ့။ကျောင်းတစ်ပတ်ကို
လိုက်ပြပြီး ရိပေါ်နားမထောင်ချင်တာတွေကိုပါ
ရှင်းပြသည်။ကြာတော့ သူနားပူတာ မခံနိုင်
တော့သည်က တစ်ကြောင်း၊နေပူကြီးထဲ
ပတ်သွားနေရသည်က တစ်ကြောင်းမို့ ရိပေါ်
အတော်ကို မောနေလေပြီ။နားချင်လို့
သူ့အဆောင်ခန်းထဲ သွားချင်ကြောင်းကို
ပြောလိုက်မိသည့်အခါ ခြေကာ၊လက်ကာနှင့်
ငြင်းလိုက်သည်မှာ ပွက်လောကိုရိုက်လို့။
ရိပေါ်လည်း အတော်ကိုပူနေပြီဖြစ်နေတာကြောင့်
သူ့စကားကို စောင့်မနေတော့ဘဲ ယောင်္ကျားလေး
များဝင်ထွက်နေသည့် အဆောင်တစ်ဆောင်ကို
မြင်ရသည်နှင့် အားရဝမ်းသာ ဒုန်းစိုင်း
ပြေးလာလိုက်မိသည်။ထိုအခါတွင်လည်း
သူ့အင်္ကျီစကို အတင်းကြီးဆွဲထားပြီး
"အဲ့ဘက်မသွားနဲ့၊အဲ့ဘက်မသွားနဲ့လို့"ဟု
ဆူညံနေအောင် အော်သေးသည့် ရှောင်းကျန့်။
သူ့အော်သံကြောင့် အဆောင်ပေါ်က လူတွေ
ငုံ့ကြည့်ကြသလို၊ဘေးနားဖြတ်လျှောက်သွား
ကြသည့် လူတွေကလည်း အထူးအဆန်းလို
ငေးသွားကြသည်။ရိပေါ်က အဆောင်ထဲဝင်ဖို့သာ
အားသန်နေပြီး ရှောင်းကျန့်ကလည်း
သူ့ညီမလေး လမ်းမှားမရောက်စေဖို့
သေချင်သေ၊ရတောင် တားမည်ဆိုသည့် ပုံစံ။
ရိပေါ်မှာလည်း အဆောင်ထဲ ဝင်ပြီးနားဖို့အရေး
ဒီလောက် အခက်အခဲ၊အတားအဆီး များလိမ့်
မည်ဟု မထင်ထားခဲ့။သူ့လက်ကို အတင်းနှင့်
ဆွဲလို့ ကန်ကြောက်ထားသည့် ရှောင်းကျန့်ကိုမရမက ဖြုတ်ယူလို့ အဆောင်ထဲသာ အတင်း
ပြေးဝင်လိုက်မိသည်။အခုနေ ရေလေး
တစ်ခွက်လောက် သောက်လိုက်ရမှ ဖြစ်တော့မည်။သူ့အာခေါင်ထဲ ပူစပ်လာပြီး
မျက်လုံးတွေပါ ဝါးလာတာကြောင့် ရှောင်းကျန့်
သွားရာ ဆက်လိုက်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်တော့ပါ။
ကျောင်းစောင့်ဦးလေးကြီးထံမှ ရေတစ်ခွက်
တောင်းသောက်ပြီးနောက် နေသာထိုင်သာရှိသွား
တော့မှ သူရှောင်းကျန့်ကို လှမ်းကြည့်ဖို့
သတိရတော့သည်။ထိုလူက သူတွန်းလွှတ်ခဲ့ရာ
မြေနေရာမှာပင် အခုထိ လဲကျနေပြီး
ဒရမ်မာချိုးလို့ မဝသေး။ရိပေါ်က သူ့ရှေ့မှာတင် ခေါက်ခနဲသေသွားလို့ ဆွံအနေသလိုမျိုး လှမ်းကြည့်နေသည်။
"ကျန့်ကော..အဆင်ပြေရဲ့လား။ဘယ်နား နာသွား
လို့လဲ"
ခေါင်းလေးသာ ရမ်းပြပြီး သူ့ကို ပြုံးပြ
လာပြန်သည်။ပြူးနေသည့် ယုန်သွားတွေက
နေရောင်အောက်မှာ မျက်စိကျိန်းစရာပင်...
"ဒါဆို..ကိုယ်တို့ ဘယ်ဆက်သွားကြမလဲ။
အာ..ဟုတ်သား။ရိပေါ်ကို စာကြည့်တိုက်ဘက်
လိုက်မပို့ရသေးဘူး။လာ..သွားကြမယ်"
နောက်တစ်နေရာကို ခြေပြင်နေသည့်ရှောင်းကျန့်
ကြောင့် ရိပေါ် ရင်ထဲထိတ်ခနဲ။မဖြစ်ပါ...
သူ ဒီနေ့ စိတ်ဝင်စားစရာ မရှိသည့် ဒီကျောင်း
ကြီးကို ထပ်ပြီး ပတ်လျှောက်မနေချင်တော့။
စာကြည့်တိုက်ဘက် ခြေလှမ်းသည့် ရှောင်းကျန့်
လက်ကို ကယောင်ကတမ်း ဖမ်းဆွဲလိုက်သည့်
အခါ သူ့ကို အူကြောင်ကြားလေး ပြန်ကြည့်
လာသည်။အသနားခံနေသည့် မျက်နှာပေးနှင့်
ရိပေါ်က ရှောင်းကျန့်အား အောင့်သက်သက်နှင့်
ဟန်ဆောင်ပြုံးပြရင်း..
"ကျွန်တော့်ကိုယ်ထဲမှာ သကြားဓာတ်အရမ်း
လိုအပ်နေပြီ။နေပူထဲ ဆက်နေဦးမယ်ဆို
မူးလဲ သွားလိမ့်မယ်။"
ထိုအခါမှ အထိတ်ထိတ်အပျာပျာဖြင့်
ချွေးစို့နေသည့် သူ့နဖူးထက် လက်မဖိုး
သေးသေးလေးကလာအုပ်မိုးသည်။
စိုးရိမ်စိတ်ဖြင့် ကြည့်နေသည့် မျက်လုံးတွေက
သာမာန်ထက် ဝိုင်းစက်လို့...
"Sorry..ကိုယ်မေ့သွားတယ်။ရိပေါ်အရမ်းမောနေလား။"
ဟန်ဆောင်ပန်ဆောင် အမူအရာပိုကာခေါင်းငြိမ့်
ပြလိုက်သည်။မဟုတ်လျှင် သူအမြန်နားခွင့်
ရဦးမည် မဟုတ်။
"လာ..အရိပ်ထဲ ခဏသွားရအောင်။"
အရိပ်ရအောင် မိုးပေးထားသည့် ရှောင်းကျန့်
လက်ကလေးတွေက နေရောင်မလုံပေမဲ့
ရိပေါ် သဘောကျမိသည်။ကိုယ့်ကို ဒီလောက်ထိအသေးစိတ် ဘယ်သူမှ လိုက်မလုပ်ပေးဖူး၍
ထင်ပါသည်။ရှောင်းကျန့်က စိတ်သာပုံမှန်
ဆိုလျှင် အစ်ကိုကောင်း တစ်ယောက်
ဖြစ်နိုင်သည်။
"ပူလိုက်တာ။Air-conမရှိဘူးလား"
ရိပေါ်ညည်းညူသံကြောင့် ရှောင်းကျန့်ကပြုံးရင်း
သူ့လက်နှစ်ဖက်နှင့် နတ်အုန်းသီး ယပ်ခတ်သလို
တဖြတ်ဖြတ် ထခတ်ပြန်သည်။
"ပုံမှန်ဆို ဒီအောက်အဆောင်က Air-con
ရှိတယ်။အခုတလော ပျက်နေလို့ဖြစ်မယ်။
ဂိတ်စောင့် ဦးလေးကြီးတောင် လုပ်စရာ
အလုပ်မရှိတော့ရင် ကိုယ်တို့ အပေါ်ထပ်ကို
တက်လာပြီး လေညှင်းလာခံနေကြ"
"ဟင်..အပေါ်ထပ်က ပိုအေးတာလား"
"ဟုတ်တယ်။အပေါ်ထပ်က အဆောင်ဝရံတာ
တွေမှာ လေလည်းတိုက်တယ်။သစ်ပင်ရိပ်လည်း ရှိတော့ အခုလို ပူတဲ့နေ့တွေဆို ရှယ်ပဲ"
"ကျွန်တော့်ကို လိုက်ပို့"
ခဏတော့ ကြောင်ကြည့်နေသည့် ရှောင်းကျန့်က
ရုတ်တရက်ဆိုသလို ပြုံးစိစိဖြစ်သွားပြီး
တစ်ဖက်လှည့်ကာ သူ့အားကျောခိုင်းသည်။
ထို့နောက် အကြောင်းအရင်းမရှိ သူ့အင်္ကျီစတွေ
သူ့ဘာသာပြန်ချေနေရင်းက...
"ဟို...မကောင်းဘူးထင်တယ်။အစ်ကို့အခန်းမှာ
ဘယ်သူမှမရှိဘူး"
"အဲ့တာကောင်းတာပေါ့။လုပ်ပါ..ကျွန်တော့်ကို
လိုက်ပို့ပါ။ဘယ်အထပ်မှာလဲ?"
"အာ..မကောင်းပါဘူး။မသိချင်ပါနဲ့။သိရင်
ရိပေါ်က သုံးထပ်မြောက်ရဲ့ အခန်းနံပါတ်၆၂၉ကို
သွားနေဦးမယ်"
ရှောင်းကျန့် ပြောပြီး ကိုယ့်အောက်နှုတ်ခမ်းကို
ကိုက်လိုက်မိသည်။ညီမလေး အရဲတင်းပုံနဲ့၊
ရှောင်းကျန့် ဆည်ကျိုးပုံနဲ့ကတော့..ဟင်း..ဟင်း
"အဲ့တာဆို ကျန့်ကောနေခဲ့ချင်နေခဲ့လေ။
ကျွန်တော့်ဘာသာ တက်သွားလိုက်တော့မယ်"
သူ့အားထားပြီး အဆောင်ပေါ်ပြေးတက်
သွားသည့်ရိပေါ်ကြောင့် ရှောင်းကျန့်နေရာမှာတင်
ခုန်ပေါက်နေလိုက်မိသည်။ဘယ့်နှယ့်...
ဒီက ကျားကျားက ကလေးကိုတစ်ယောက်တည်း
ပစ်ထားမလားလို့။
"ကိုယ်လိုက်ပို့မယ် ရိပေါ်...."
ခြေချင်းလိမ်ပြီး မလဲရုံတမယ် ညီမလေးနောက်အပြေးလိုက်သွား မိလိုက်သည်။သိပ်စိတ်စော
သည့် ကောင်မလေးက စောင့်တောင်
မစောင့်တော့ဘူး။
➖➖➖➖➖
"အား...အခုမှပဲ နေသာထိုင်သာ ရှိတော့တယ်"
ရှောင်းကျန့်ကုတင်ပေါ် ခြေပစ်လက်ပစ်
ကားကားကြီး လှဲချလိုက်သည့် ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အထဲဝင်ရခက်၊အပြင်ထွက်ရခက်
ဒီကလေးစိတ်မကုန်သေးတဲ့ဟာလေးက
ဘယ်လိုသင်ပြပေးမှ ရတော့မှာတဲ့လဲနော်....
"ရိပေါ်။အဲ့လိုကြီး မအိပ်နဲ့။အမြင်မတော်ဘူး"
"အောင်မလေးဗျာ။အိပ်တာတောင် အမြင်
တင့်တယ် နေရဦးမှာလား။"
"မဟုတ်ဘူးလေ။ကိုယ်လည်း ရှိနေတော့
အဲ့လိုကြီးကြ မြင်မကောင်းဘူး"
သူဘယ်လောက် ဆုံးမသြဝါဒစကားတွေ
ခြွေနေပါစေ ရိပေါ်က တစ်ခွန်းတောင် မတုန့်ပြန်
တော့ဘဲ ငြိမ်ကျသွားသည်။အိပ်နေပြီဆိုတာ
သိလိုက်ရတော့ ရှောင်းကျန့်မှာ ကြောင်စီစီပင်
ဖြစ်သွားရသေး။
အတူတူချိန်းတွေ့ချင်လို့ အခန်းထဲထိမျှားလာပြီး
အခုကြတော့ သူ မဟုတ်သလိုပင်။ဘာပဲ
ဖြစ်ဖြစ် စကားလေးပြောပြီး ဘယ်လောက်
ချစ်ကြောင်းတွေကို ဒီနေ့ရအောင်ဖွင့်ပြော
ချင်သေးသည်။လက်ကလေးပဲ ကိုင်ရကိုင်ရ၊
ပါးကလေးပဲ နမ်းရနမ်းရ၊ရှောင်းကျန့် ဒီနေ့အတွက် ချောမောရကျိုး နပ်ပြီ။
"ကျစ်!ရိပေါ်။ထလို့ဆို"
မကျေနပ်တာကြောင့် သူ့အသံက
ခပ်ဆောင့်ဆောင့်။ရိပေါ် လက်တစ်ဖက်က
ဆွဲလို့ အတင်းထူကြည့်ပေမဲ့ ထိုကလေးမ
ခန္ဓာကိုယ်က တစ်စက်ကလေးပင် မရွေ့။
မဟုတ်သေးဘူး...နည်းနည်း လွဲနေသလိုပဲ။
အတွေးထဲမျောနေချိန် ရိပေါ်က ဆုပ်ကိုင်ခံထား
ရသည့် သူ့လက်တွေကို ဆတ်ခနဲရုန်းလိုက်သည်။
သို့ပေမဲ့ ချည်ပြီးတုပ်ပြီးသား ဖြစ်နေသော
ရှောင်းကျန့် လက်တွေပါ ရောပါသွားပြီး
အရှိန်မထိန်းနိုင်သော သူ့ကိုယ်က ရိပေါ် အပေါ်သို့ မှောက်လျှက်သား...
သူ့အပေါ် ပြိုကျလာသည့် ကလန်ကလား
ခန္ဓာကိုယ် တစ်ခုကြောင့် ရိပေါ်မှိတ်ထားသည့်
မျက်လုံးတွေကို ခပ်ဖြည်းဖြည်းချင်း ဖွင့်လိုက်
မိသည်။အနည်းငယ် ပြူးကျယ်နေသော
မျက်ဝန်းတို့နှင့် ရိပေါ်စုံမိသည့်အခါ
ရှောင်းကျန့်က မသိမသာ တံတွေးတစ်ချက်ကို မြိုချပြီးခပ်တောင့်တောင့်ကလေး။
ရိပေါ်၏ အိပ်ချင်မူးတူး မျက်ဝန်းတို့က
ရှောင်းကျန့်ဆီမှ ဖယ်ခွာလို့ သူ့ရင်ဘတ်သူ
ငုံ့ကြည့်သည်။
အားပါးတရ အကိုင်ခံထားရသော သူ့ရင်ဘတ်က
ရှောင်းကျန့် လက်ထဲမှာ အတော်လေး
ဘဝပျက်နေပြီ။ရှောင်းကျန့်ကို ပြန်ကြည့်မိတော့
သူ့ရင်ဘတ်ပေါ်မှ လက်တွေကို မလွှတ်ပေးသေး။
"ကျန့်ကော ကျွန်တော့်ရင်ဘတ်ကို
ကိုင်ထားတယ်"
"အာ...တောင်း..တောင်းပန်ပါတယ်။"
ထိုအခါမှ အလန့်တကြားနှင့် သူ့ရင်ဘတ်ပေါ်မှ
လူးလဲကာ အတင်းထသည်မို့ သူ့အရိုးနှင့်
ထိုးမိသည့်နေရာတိုင်းမှာ ရိပေါ်ခံစားရတာ
အလူးအလဲ။လွတ်လွတ်ကျွတ်ကျွတ်
ဖြစ်သွားကာမှ ကုတင်ပေါ်မှ ရိပေါ်ကို ဆွဲထူပေး
လာသည်။
ရိပေါ်တစ်ယောက် နာသွားသည့် ရင်ဘတ်ကို
ခပ်သာသာပွတ်လို့ ရှောင်းကျန့်ဆွဲထူရာ
ထရင်း သူ့ဘေးနား ခပ်ငြိမ်ငြိမ်ကလေး
ထိုင်နေသည့် ရှောင်းကျန့်ကိုတစ်ချက်မျှ
စောင်းကြည့်လိုက်သည်။
လုပ်လိုက်ရင် အမြဲဆွဲထိုးချင်စရာတွေချည်းပင်။
"ဟို...တော်တော်နာသွားလား"
မရဲတရဲ အကြည့်တို့နှင့် ရှောင်းကျန့်က
ဆိုလာသည့်အခါ ရိပေါ်ခေါင်းသာ ရမ်းပြမိ
လိုက်သည်။တကယ်လည်း နာတာ ဘာညာ
မရှိတော့။
"ကိုယ်တော့မထင်ဘူး။အောင့် သွားမယ်ဆိုတာ
သေ...သေချာတယ်"
ငယ်ငယ်က ချုံချင်းမှာ အပျိုဖော်ဝင်စ သူငယ်ချင်းမိန်းကလေးတွေ မတော်တဆ
သူတို့ရင်ဘတ်တွေကို တစ်ခုခုနှင့်တိုက်မိကြလျှင်
အီစလံဝေသွားတာ ရှောင်းကျန့် မြင်ဖူးသည်။
သူ့ညီမလေးလည်း တော်တော်လေး
နာသွားရှာမှာ...
"မနာပါဘူးဆိုဗျာ။ဒီလောက်လေးနဲ့ နာစရာလား"
နားရွက်ဖျားတွေ ရဲနေသည့် ညီမလေးကြောင့်
ရှောင်းကျန့် နှုတ်ခမ်းလေးကိုက်ကာ မျက်နှာ
လွှဲရသည်။ထို့နောက် ကိုယ့်ခေါင်းကိုယ် ခပ်နာနာ
ထုရင်း တိတ်တိတ်ကလေး ဆိုမိသည်က
"အသုံးမကျတဲ့ ရှောင်းကျန့်။ကလေး ရှက်နေမှာ
မစဥ်းစားမိဘူးလား"
သက်ပြင်းတစ်ခုကို ကြိတ်ချလို့ ကိုယ့်ကိုယ်ကိုယ်
ထွက်နေသည့် ဒေါသတွေအား မြိုချလိုက်သည်။
"ဒီတံခါးပေါက် ဖွက်လိုက်မယ်။ကျွန်တော်
ဝရံတာဘက် ထွက်ချင်လို့"
ပြောလည်းပြော သွက်လက်စွာပင် ဝရံတာဘက်
သွားသည့်တံခါးမကြီးကို ဆွဲဖွင့်လိုက်သည့်
ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အပူများသည့်
သားသည်မိခင်လို အပြေးလိုက်ဆွဲရပြန်သည်။
သူဆွဲလို့ မမိခင်မှာတင် ချစ်ရတဲ့ညီမလေးက
ဝရံတာပေါ် ရောက်နေပြီ။
"အား...လတ်ဆတ်လိုက်တဲ့လေလေး။
ကျွန်တော်လည်း ဒီလိုအခန်းနဲ့တွဲလျှက်ပါတဲ့
ဝရံတာလေး လုပ်ချင်တာ။ပါးပါးက သူခိုး
တက်မှာစိုးလို့ဆိုပြီး မလုပ်ပေးဘူး"
လက်တွေကို အကြောဆန့်ကာ လေအေးအေးလေးအား အပြည့်အဝရူရှိုက်နေစဥ်မှာပင်
တစ်ဖက် ဝရံတာမှ ခြေသံရှပ်ရှပ်ကို ကြားလိုက်
ရသည်။
"ဟယ်လိုး...လေညှင်းခံနေတာလား?"
နှုတ်ဆက်လာသည်ကား တစ်ခြားမဟုတ်ဘဲ
တစ်ဖက်အခန်းမှ စီနီယာ။အားကစားအင်္ကျီ
လက်ပြတ်နှင့်မို့ ဝင့်ထည်သောကြွက်သားတွေက
ညီမလေးရှေ့မှာ ကြွကြွရွရွဖြစ်လို့နေသည်။
ပြီးတော့ ချိုသာသော အပြုံး...
ဒီလူ ငါ့ကလေးလေးကို သက်သက်
လာမြှူဆွယ်တာ။
အတွေးနှင့် တစ်ယောက်တည်းဒေါသထွက်
နေတုန်း စီနီယာက သူ့ကိုမြင်သွားပြီး တအံ့တသြ
လှမ်းကြည့်လာသည်။
"အယ်..ရှောင်းကျန့်။ဘယ်လိုဖြစ်ပြီး ပြန်လာ
တာလဲ။ကောင်မလေးနဲ့ သွားတွေ့တာ အဆင်
မပြေဘူးလား"
'ပြေလို့ ဝရံတာမှာ Coupleရပ်နေတာပေါ့
စောင်FAရဲ့'ဟု မအော်မိအောင် ရှောင်းကျန့်
ကိုယ့်ပါးစပ်ကို နာနာကိုက်ရင်း ခေါင်းသာ
ရမ်းပြလို့ အဖြေပေးလိုက်သည်။ရိပေါ်က
နားမလည်သလို သူ့ကိုကြည့်လိုက်၊စီနီယာအား
ကြည့်လိုက်နှင့် ဖြစ်နေပြီး စီနီယာကတော့
ရှောင်းကျန့်ပုံစံကို လှောင်စရာတစ်ခု
တွေ့သွားသလို ခပ်ဟဟ ရယ်ရင်း စီနီယာရဲ့
အကြည့်တို့က သူ့ညီမလေးဆီ
ထပ်ပြီး ဘူတာဆိုက်သည်။
တယ်...ဒီကြံ့လို ကြွက်သားတွေနဲ့
အကောင်ကတော့။
"ဒီက ရှောင်းကျန့်နဲ့ ဘာတော်တာလဲ။"
"အာ..အသိပါ"
"သြော်။ငယ်ဦးမယ်ထင်တယ်။၁၇လောက်
ရှိမလား"
စီနီယာ၏ ခန့်မှန်းမှု မှန်ကန်သွားသည်ကို
ရိပေါ်က ပြုံး၍ ခေါင်းငြိမ့်ပြသည်။ထို့နောက်
ရယ်စရာမပါဘဲ ရယ်နေကြသည်မှာ တဟဲဟဲ။
အသက်လေးမှန်းတာလောက်ကို ရေးကြီးခွင်ကျယ် လုပ်နေကြသေးသည်။
ဘာများ ထူးဆန်းနေလို့လည်း....
"အစ်ကို့Bodyက အရမ်းတောင့်တာပဲ။
ဘယ်လိုတွေ လေ့ကျင့်လဲ?"
ထင်သည်။ဒီလောက်မောင်း ပြဲကားကားကြီး
တွေကို ညီမလေး အာရုံစိုက်မိသွားမည်ဆိုတာ
ရှောင်းကျန့်ထင်ပြီးသား။
ရိပေါ်မေးလာသည့် မေးခွန်းကြောင့် စီနီယာက
သူ့လက်မောင်းကြွက်သားကို အီးထွက်မတတ်
ညှစ်ပြပြီး...
"အစ်ကို့လို ဖြစ်ချင်လို့လား?"
"သေချာပေါက်ပေါ့။အစ်ကို့လောက် မတောင့်
ရင်တောင် ကျွန်တော့်ကြွက်သားလေး
ကျစ်နေတာမျိုး ဖြစ်ချင်တာ။ဒီလောက်
လက်မောင်းနဲ့ အားမရသေး..."
"အာ..တော်ပြီ တော်ပြီ။"
လက်မောင်းဖြူဥဥလေးတွေကို ဆွဲလှန်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အင်္ကျီစကို
အတင်းနှင့် ပြန်ဆွဲချကာဥစ္စာခြောက်ရပြန်သည်။ဒီလောက် လက်မောင်းတောင်ရှောင်းကျန့်နဲ့
လယ်ဗယ်တူ လိုက်နေပြီကို ထပ်ကြီးချင်
သေးတယ်ဆိုတော့ ယောင်္ကျား
ရရင် ယောင်္ကျားကို ကိုင်ပေါက်မလို့များလား။
"အခန်းထဲပြန်ဝင်ကြမယ်ရိပေါ်။စောနကမှ
နေပူထဲက ပြန်လာတာ။လေအရမ်းအတိုက်မခံနဲ့။အပူအအေး မမျှပဲနေမယ်"
ရိပေါ်ကို အတင်းနဲ့အခန်းထဲဆွဲသွင်းလို့
တံခါးကိုပါ အသံမြည်အောင်ပိတ်ချလိုက်သည်။
စီနီယာကတော့ ပြောလက်စ စကားတွေ
နှုတ်ခမ်းထက်မှာအပြည့်မို့ ပါးစပ်ဟောင်းလောင်းနှင့် ကျန်ခဲ့ပြီ။
လိုက်ကာစကိုပါ ဆွဲစေ့လို့ စိတ်ချရပြီဆိုမှ ရိပေါ်
ရှိရာဘက် ပြုံးပြုံးလေး လှည့်လိုက်မိသည်။
ရိပေါ်ကတော့ ဟိုကြံ့ကိုမေ့မေ့ပျောက်ပျောက်ပင်
ရှောင်းကျန့် အိပ်ယာပေါ် မှောက်လျားထိုးနေပြီ။
"အား..ကျန့်ကောခေါင်းဦးက မွှေးနေတာပဲ။
ဘာခေါင်းလိမ်းဆီသုံးတာလဲ?"
"ကိုယ်က ခေါင်းလိမ်းဆီမသုံးဘူး။နေ့တိုင်း
ခေါင်းလျှော်တယ်။သုံးရက်တစ်ခါ ခေါင်းဦးစွပ်
လဲတယ်"
"ဝါး..စည်းကမ်းရှိလိုက်တာ။ကျန့်ကောကို
ရတဲ့လူကတော့ ကံကောင်းမှာပဲ။"
'ကံကောင်းတဲ့လူက မင်းပဲလေ ကလေးရဲ့'ဟု
နဖူးလေးကို တောက်ကာ ဆိုလိုက်ချင်တော့သည်
ဒီကလေးက ရှောင်းကျန့်ဖွင့်ပြောလာအောင်
စကားဦးတွေ သန်းလွန်းသည်မို့ ကိုယ်က
အရှက်ပိုရပြန်သည်။ဘာပဲဖြစ်ဖြစ် ဒီအချိန်က ညီမလေးကို ဖွင့်ပြောဖို့ အကောင်းဆုံးပင်။
လည်ချောင်းကို ချောင်းဟန့်လို့ တစ်ချက်
ရှင်းရင်း လက်နှစ်အားဟန်ပါပါ အနောက်ပစ်
လိုက်သည်။ငုတ်တုတ်ထထိုင်နေသည့် ရိပေါ်က
သူ့အားအာရုံမရဘဲ ဘေးနားစားပွဲပေါ်မှ
အရုပ်ပိစိတွေကိုသာ လိုက်ဖွလို့ အလုပ်ရူပ်
နေသည်။
"ရိပေါ်..."
သူခေါ်တော့ ရိပေါ်က မေးသာဆတ်ပြပြီး
လှည့်မကြည့်။ခပ်ဖွဖွလေး ရိပေါ်နားတိုးကပ်
ထိုင်လိုက်မိရင်းက ထားစရာမရှိသည့်
သူ့လက်တို့ကား ပေါင်ပေါ်တွင် အချင်းချင်း
ဆုပ်ချေလျှက်။
"ကိုယ်..ပြောစရာ ရှိတယ်"
"ပြောလေ"
"ဟို...ကိုယ်"
"...."
အရေးအကြီးဆုံး အပိုင်းကိုရောက်လာပြီမို့
ညီမလေး နားရွက်လေးနား အသာတိုးကပ်သွားလိုက်သည်။
"ရိပေါ်ကို...ချစ်တယ်"
ရှောင်းကျန့်အရုပ်တွေကို ဖွနေသည့် ရိပေါ်
လက်တွေရုတ်ချည်း ရုပ်တန့်သွားသည်။
ဆတ်ခနဲလှည့်လာသည့် ရိပေါ်ကြောင့်
နောက်ပြန်မဆုတ်ရသေးသော ရှောင်းကျန့်
နှုတ်ခမ်းတို့နှင့် ရိပေါ်နှုတ်ခမ်းတို့ကြား
အနမ်းမည်သော ထိကပ်မှုလေးတစ်ခု။
အတန်ကြာ သတိလက်လွတ် တစ်ယောက်မျက်ဝန်း တစ်ယောက်ငေးနေမိသည်။
ဒီအချိန် ကိုယ်စီရင်ခုန်သံတွေ ဘယ်လောက်
မြန်လဲလည်း မသိနိုင်တော့။
"အ!တောင်း..တောင်းပန်ပါတယ်။
ကိုယ်မရည်ရွယ်ပါဘူး"
ကိုယ်ကပင် စမှားသည်မို့ ခပ်လှမ်းလှမ်းကို
တိုးကပ်ရင်း ရိပေါ်အားတောင်းပန်စကား
ဆိုလိုက်မိသည်။ရိပေါ်ကတော့ ရှော့ခ်ရသွားပုံ
ရကာ နေရာမှာ အတောင့်လိုက်ပင်။
သူအသက်မပြည့်သေးတဲ့ ကလေး
တစ်ယောက်ကို အတော်လေး ကိုယ်ထိလက်ရောက် ပြုမူမိသွားပြီ။
"ကိုယ်တောင်းပန်ပါတယ် ရိပေါ်။တကယ်
တောင်းပန်ပါတယ်"
ညီမလေး တစ်မျိုးထင်သွားမှာ သူတကယ်
မလိုလားပါ။တောင်းပန်စကားတို့ သေလောက်အောင် သူဆိုနေပေမဲ့ ရိပေါ်က ခပ်အေးအေးသာ
သူ့အားကြည့်နေသည်။
ထို့နောက် အေးစက်စက်သြရှသောစကားသံ
တစ်ခု...
"ကျန့်ကောက Gayလား?"
ရှောင်းကျန့်မျက်လုံးလေး ပြူးကျယ်သွားပြီး
ရိပေါ်အား နှုတ်ခမ်းတလှုပ်လှုပ်နှင့်
ကြည့်နေသည်။
ညီမလေး မကြားနိုင်သော ဆဲဆိုသံတွေကို
သူနှင့် ဘုရားသာသိသည် ဆိုတာမျိုး...
➖➖➖➖➖➖➖
"Gayလားတဲ့။မေးရဲလိုက်တာ။လူယုတ်မာလားလို့ မေးလိုက်ရင်တောင် အဲ့လောက်နာမှာ
မဟုတ်ဘူး။ရည်းစားစကား ပြောနေရင်း
Gayလားလို့ မေးခံရတာ ဘယ်လောက်တောင်
ခံရခက်လိုက်သလဲ။ဝါး..ဒီကလေး
ဘယ်ကြည့်ပြီး ဒီစကားပြောတာလဲ?"
အခန်းထဲ ဟိုလျှောက်ဒီလျှောက်နှင့် ကြိတ်မနိုင်
ခဲမရ ဖြစ်နေသည့် ရှောင်းကျန့်ကြောင့် စီနီယာက
နှာခေါင်းရူံ့လို့မျက်နှာမဲ့သည်။ဟိုကောင်လေး
ပြောသွားတာ ဘာမှလည်း ထူးဆန်းတာမဟုတ်။
ယောင်္ကျားလေး အချင်းချင်းချစ်တယ်သွားပြော
မှတော့ ဟိုကမေးပြီပေါ့။ဒါကို ဘာတွေနာနေ
တာလဲ။ပြီးတော့ သူ့ကိုပါ ကောင်မလေးနှင့်
သွားတွေ့မယ်လို့ ညာသေးသည်ဆိုတော့
ကြည့်ရတာ ရှောင်းကျန့်က ယောင်္ကျားလေးကို
ကြိုက်မည်။Gayမဟုတ်စေရ ဆိုတာမျိုးလား။
"စိတ်ကိုလျှော့ရှောင်းကျန့်။Gayဆိုတာလည်း
လူပါပဲကွာ။အဲ့နာမ်စား အတပ်ခံရလို့ဘာမှ
စိတ်ပျက်နေစရာ မလိုဘူး။ကိုယ့်ဖြစ်တည်မှုကို
ကိုယ်ချစ်စမ်းပါ။လူသားတစ်ယောက်လို့
ရိုးရိုးလေး မမြင်နိုင်တဲ့ ပတ်ဝန်းကျင်တွေအတွက် အတင်းကြီးလိုက်ပြောင်းလဲနေစရာ မလိုဘူး။
Gayလည်းလူပဲ။လူလည်းGay..."
"အာ..စီနီယာကပါ ဘာဖြစ်နေတာလဲ?။
ကျွန်တော် Gayမဟုတ်ဘူးလို့။ကျွန်တော်က
ရိပေါ်ကို ကြိုက်တာလေ။ရိပေါ်...ဝမ်ရိပေါ်။
သိလား?သူ့ကိုကြိုက်တာ ဘာလို့Gay
ဖြစ်ရတာလဲ"
သက်ပြင်းတစ်ခုချလို့ စီနီယာက'မင်းအတွက်
အချိန်တစ်ခုလိုနေတယ်။ကောင်းကောင်း
အနားယူလိုက်' ဟုသာ ပြောပြီး သူ့အား
ပစ်ထားခဲ့သည်။ရှောင်းကျန့်မှာသာ ကူကယ်ရာ
မဲ့သလို ဖျတ်ဖျတ်လူးလျှက်။
အိပ်ယာပေါ်စိတ်ပျက်လက်ပျက် ပစ်လှဲလိုက်
မိတော့ ရင်းနှီးသည့် သူစိမ်းဆန်သော ညီမလေး
ကိုယ်သင်းနံ့က နှာခေါင်းထက်တိုးဝင်လာသည်။
ထိုရနံ့လေးထဲ ပိုနစ်ဝင်အောင်နမ်းရှိုက်ရင်း
တင်းကြပ်သွားသော သူ့လက်အစုံက
လက်သီးဆုပ်များ အဖြစ်သို့...
"Gay ဟုတ်လား?ဒီဦးနှောက်မရှိတဲ့ ကလေးမ
နဲ့တော့ ဒီနေရာမှာ ငါမဟုတ်ရင် ကျန်တဲ့လူ
အသားယူတာခံရတော့မှာပဲ။ခဏ...။မဟုတ်မှ .. "
ခေါင်းထဲမှမှတ်ဉာဏ်တွေကို အတင်း
နောက်ပြန်ရစ်လို့ သေချာတွေးခေါ်ယူလိုက်သည်။
ရင်ဘတ်ကိုလည်း ကိုင်မိတယ်၊နှုတ်ခမ်း
ကိုလည်း နမ်းမိတယ်၊ချစ်တယ်လို့ထိ ပြောပြီး
ကာမှ Gayလားလို့ မေးတယ်ဆိုတော့...
"မဟုတ်မှလွဲရော...သူ့ကိုဘာမှမလုပ်လို့
အဲ့လိုမေးတာလား။ငါ...ငါသူ့ကိုဘာမှမလုပ်ဘဲ
နောက်ဆုတ်လိုက်လို့ အဲ့လိုမေးတာ။ဒါ...ဒါ
ဖြစ်နိုင်တယ်။အား...ဒါအသေချာဆုံးပဲ။
ဝါး...ဒီကလေး မလွယ်ကြောပဲ။ဘယ်လိုတောင်
အတင့်ရဲတဲ့ မေးခွန်းမျိုးနဲ့ ပညာလာစမ်း
တာလဲ။ဟွန်း..ချုံချင်းသားက ကျားဆိုတာ
ဒင်းကလေး သိအောင်ရိုးရိုးသားသား ပြမှ
ဖြစ်တော့မယ်။"
အခုမှသက်သာရာ ရသွားသော စိတ်အစုံကြောင့်
ရှောင်းကျန့် အိပ်ယာပေါ်လှဲလို့နှစ်ခြိုက်စွာ
အိပ်ဖို့ပြင်လိုက်သည်။
အိပ်မက်ထဲ ချစ်ရတဲ့ ညီမလေးကိုအသက်ရူ
ကြပ်တဲ့အထိ ဖက်နမ်းလိုက်သည်မှာ
အရသာရှိလိုက်လေခြင်းနော်.....
➖➖➖➖➖➖➖➖➖
လွမ်းလို့updateပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ် စိတ်သက်သာရာလေးရအောင်
ဒါလေးပဲ ချရေးနေမိတော့တာပဲ။
အားလုံး ဂရုစိုက်ကြပါ