Flavor of our love

By 25Minatosaki16Ruka

7.8K 530 50

ကိုယ်သဘောကျမိတဲ့သူကကိုယ့်ကိုပြောင်းလဲပေးနိုင်တာကိုသတိထားမိတဲ့အခါချစ်နေတာ​ြသူကိုဖွင့်ပြောလို့ဖြစ်နိုင်မလား?ကို... More

Part-1
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31

Part-2

310 20 1
By 25Minatosaki16Ruka


နောက်နေ့လဲမနက်ဘက်အချိန်တွေပြီးနေ့လည်စာစားပြီးတော့နေ့လည်ဘက်အတန်းစတော့...
Teacher-"လူစုံသားဘဲ..ဒါနဲ့minaဆိုတဲ့ကျောင်းသူသစ်ရော"
Sana- "nae?မသိမိပါဘူးဆရာ"
ဆရာကsanaကိုကြည့်မေးနေတာမလို့sanaလဲဒီလိုဖြေလိုက်လေသည်..
Teacher-"တစ်နေရာရာမှာသွားစရာရှိလို့ထင်တယ်..ဟုတ်ပြီဒါဆိုအတန်းစလိုက်ရအောင်နော်"
အတန်းစတော့
Chaeyoung-"teacher!အပြင်သွားပါရစေ"
Teacher-"ကောင်းပါပြီ"
Chaeyoungအခန်းပြင်ကိုထွက်လာပြီးအိမ်သာဘက်ကိုသွားတော့minaကိုကျောင်းသူတစ်ယောက်ကျောင်းသားနှစ်ယောက်နဲ့တူတူခေါင်မိုးထက်လှေကားကိုတက်သွားတာမြင်လိုက်သည်..
Chaeyoung- "အတန်းပြေးနေတာလားသူက!"သူ့ကိုယ်သူပြောပြီးခေါင်းလေးခါလိုက်ပြီးအိမ်သာသွားလိုက်သည်ခနနေအိမ်သာကထွက်လာတော့ဒီဆရာရဲ့အတန်းချိန်မတက်ချင်တော့တာမလို့ဆေးလိပ်သောက်ဖို့အတွက်ခေါင်မိုးထက်ကိုတက်လာခဲ့လိုက်သည်..
ခေါင်မိုးထက်ကိုဖွင့်ထွက်လိုက်တော့minaကမြေကြီးမှာထိုင်လျက်လဲနေပြီးကျောင်းသားတစ်ယောက်ကသူကိုရိုက်မယ်လုပ်နေတာကြောင့်chaeyoungအမြန်လာပြီးအ့ကောင်ရဲ့လက်ကိုဆွဲလှန်လိုက်လေသည်
Boy1-" ahhh..!"
Chaeyoung- "မိန်းကလေးတစ်ယောက်ကိုရိုက်ဖို့လုပ်နေတာလား?!"
လို့ဒေါသထွက်ပြောလိုက်ပြီးအ့ကျောင်းသားကိုထိုးလိုက်သည်သူ့အဖော်အထိုးခံရတော့ဘေးကကျောင်းသားကပါChaeyoungကိုထိုးဖို့လုပ်လိုက်သည်..chaeyoungလဲအ့ကျောင်းသားထိုးတာကိုရှောင်လိုက်ပြီးထိုကျောင်းသားကိုပါထိုးလိုက်သည်..ကျောင်းသားနှစ်ယောက်လဲအထိုးခံရတော့လန့်သွားပြီးပြေးဖို့လုပ်ကြသည်..
ကျောင်းသူ-"yah.. ပြန်လုပ်လေ!"
Chaeyoung-"နင်ပါအရိုက်မခံချင်ရင်ဒီကထွက်သွား.နောက်တခါလူတစ်ယောက်ကိုအနိုင်ကျင့်တာမြင်ရင်သေမယ်!."
Chaeyoungကဒေါသထွက်နေတဲ့အသံနဲ့ပြောလိုက်တာကိုကျောင်းသူရောကျောင်းသားနှစ်ယောက်ပါလန့်နေတာမလို့ဒီနေရာနေထွက်ပြေးသွားလေသည်..
သူတို့ထွက်သွားတော့chaeyoungလဲဒေါသထွက်နေတာကိုလျှော့လိုက်ပြီးminaကိုကြည့်လိုက်လေသည်..အုတ်နံရံနားလေးကပ်နေပြီးမျက်နှာကိုလက်နဲ့အုပ်ထားပြီးအရမ်းကြောက်နေတာကိုသိတော့chaeyoungလဲသူ့ခြေထောက်နားမှာminaရဲ့မျက်မှန်လေးကိုကောက်လိုက်ပြီးminaရဲ့နေရာလေးဆီလျှောက်သွားလိုက်သည်..minaနားရောက်တော့ဒူးလေးထောက်ထိုင်ချလိုက်ပြီးကြောက်နေတဲ့minaရဲ့ပုခုံးလေးကိုအသာထိလိုက်ပြီး..
Chaeyoung- "hay?ခင်များအဆင်ပြေသွားပါပြီသူတို့သွားပြီ"
Minaငိုနေတဲ့မျက်လုံးလေးတွေနဲ့ဘေးဘီကြည့်ပြီးခုနကကျောင်းသားတွေမရှိတော့တာသိလိုက်တော့chaeyoungကိုဖက်လိုက်ပြီးငိုလိုက်လေသည်..
Chaeyoungလဲသူ့ကိုရုတ်တရက်ဖက်တာခံလိုက်ရပြီးminaငိုနေတော့မခွာဘဲminaရဲ့ကျောလေးကိုဖွဖွလေးပုတ်ရင်းငိုတာကိုနှစ်သိမ့်ပေးလိုက်သည်..ခနနေတော့minaငိုတာရပ်လိုက်ပြီးchaeyoungကိုဖက်ထားတာကနေခွာလိုက်သည်..
Chaeyoung-"ဒီမှာခင်များမျက်မှန်"chaeyoungသူ့ရဲ့လေသံတွေကိုပုံမှန်တိုင်းဘဲပြောလိုက်သည်.
Minaခေါင်းလေးငြိမ့်ပြီးသူ့မျက်မှန်လေးကိုတပ်လိုက်သည်..ခုနကကျောင်းသားတွေတက်နင်းမိတာကြောင့်လားဘာကြောင့်မှန်းတော့မသိမျက်မှန်ကိုင်းလေးတစ်ဖက်ကကျိုးတော့မလိုဖြစ်သွားခဲ့သည်..
Mina- "ကျေးဇူးပါ"
Chaeyoung-"ခင်များရဲ့ဒူးနဲ့လက်မှာပွန်းရာတွေနဲ့"
Mina- "ခုနကလဲကျသွားလို့ပါ..အဆင်ပြေပါတယ်"
Chaeyoung-"သွေးထွက်နေပြီးနီနေတယ်လေ..လာကျောင်းဆေးခန်းသွားမယ်"
Minaလဲchaeyoungကအေးတိအေးစက်လေသံနဲ့ပြောပြီးသူ့ကိုခေါ်လာတော့ကျောင်းဆေးခန်းကိုရောက်လာခဲ့သည်..ဆေးခန်းပေါက်ဝကိုဝင်တော့အခန်းထဲကကျောင်းသူတစ်ယောက်ထွက်လာခဲ့သည်..
Chaeyoung- "nurseရှိလား?"
ကျောင်းသူ-"ကျောင်းအုပ်ကြီးခေါ်တာမလို့သွားတယ်ဒီမှာကိုယ့်ဘာသာဝင်လုပ်လို့ရပါတယ်ရှင့်..ဆေးအစုံရှိပါတယ်"
Chaeyoung- "ဟုတ်ကျေးဇူးပါနော်"
ကျောင်းသူ-"ဟုတ်ကဲ့ခွင့်ပြုပါအုံး"
Chaeyoungနဲ့minaဆေးခန်းထဲဝင်လာပြီးဆေးခန်းကုတင်မှာထိုင်ခိုင်းလိုက်သည်..minaကိုဒဏ်ရာတစ်ချို့ကိုဆေးထည့်ဖို့အတွက်အလင်းရောင်ကောင်းကောင်းရတဲ့ပြတင်းပေါက်နားကကုတင်မှာထိုင်ခိုင်းလိုက်သည်..
Chaeyoungဆေးသေတ္တာဗူးကိုယူပြီးကုတင်ဘေးကခုံတန်းမှာထိုင်ပြီးminaရဲ့ဒူးခေါင်းကဒဏ်ရာကိုဆေးထည့်ပေးပြီးလက်ကိုဆေးထည့်ပေးနေလိုက်သည်..
Chaeyoungကပြတင်းပေါက်ကိုကျောပေးထိုင်ထားသည်..လေပြေလေးတစ်ချက်တိုက်လိုက်တော့..
Mina-"ထူးဆန်းတယ်...နင့်ဆီကစတော်ဘယ်ရီနံ့လေးမွှေးလိုက်တာ"
လက်ကအနာကိုဆေးထည့်ပြီးminaကဒီလိုပြောတော့chaeyoungမော့ကြည့်လိုက်သည်..
Chaeyoung- "Omm..."
Mina-"ငါမျက်မှန်ဘယ်လိုလုပ်ရပါ့မလဲ"ကျိုးတော့မှာမလို့လျှော့ကျနေတဲ့မျက်မှန်လေးကိုပင့်တင်ရင်းပြောလိုက်လေသည်..ဒီတော့chaeyoungလဲကုတင်ရဲ့ဘေးကထိုင်ခုံအနိမ့်ကနေထပြီးminaဘေးကိုထိုင်လိုက်ပြီးminaရဲ့မျက်မှန်လေးကိုချွတ်ယူလိုက်သည်..chaeyoungမျက်မှန်ကိုယူလိုက်ရင်းminaရဲ့အညိုရောင်စိုနေတဲ့မျက်လုံးလေးတွေကလှတာကိုသူသတိထားမိသွားသည်..ဒါပေမယ့်လဲminaရဲ့မျက်မှန်လေးကိုသူ့ရဲ့ပေါင်ပေါ်လေးတင်ထားပြီးဆေးသေတ္တာထဲကဆေးတိပ်လေးတစ်ခုကိုထုတ်လိုက်ကာကျိုးနေတဲ့ကိုင်းနေရာလေးကိုစည်းပေးလိုက်ပြီးပြန်ပေးလိုက်သည်...
Chaeyoung-"ဒီလောက်ဆိုအဆင်ပြေလောက်ပါတယ်"
Mina- "ကျေးဇူးပါ....ခုနကအတွက်ရော"
Chaeyoung- "ရပါတယ်..ဒါဆိုအတန်းကိုပြန်သွားလိုက်ပါအုံးဒီမှာဘဲနေလိုက်ပါဆရာကိုခွင့်တိုင်ပေးပါမယ်"
Chaeyoungကုတင်ပေါ်ကဆင်းပြီးဒီဘက်အနည်းငယ်လျှောက်လာပြီးတော့..
Mina- "ငါ့နာမည်minaပါ"

Chaeyoung-"omm.."

chaeyoungကျောခိုင်းရင်းနဲ့minaကိုပြန်ဖြေခဲ့ပြီးသူ့အတန်းကိုသာပြန်လာလိုက်သည်..သူ့ခုံမှာထိုင်ခါနီး..
Chaeyoung- "teacher..minaကနေသိပ်မကောင်းလို့ကျောင်းဆေးခန်းမှာအနားယူနေပါတယ်ခွင့်တိုင်ခိုင်းလိုက်လို့ပါ"
Teacher-"ကောင်းပါပြီကျေးဇူးပါchaeyoung "
Chaeyoungသူ့ခုံမှာထိုင်လိုက်ပြီးစာလုပ်လိုက်လေသည်..
....
ညနေကျောင်းဆင်းတော့အတန်းကမထွက်မှီ..
Nayeon- "chaeနင်ဟိုကျောင်းသူminaနဲ့သိနေပြီလား?"
Chaeyoung-"hmmအော်အ့တာလား?သူအကူအညီလိုလို့ကူညီရုံပါ"
Nayeon- "Aww..အ့လိုလား
...ဒါဆိုငါတို့ပြန်တော့မယ်နော်bye bye"
Tzuyu- "bye bye chaeငါတို့လဲပြန်တော့မယ်"
Chae-"အကုန်လား?"
Tw-"nae bye bye"
Chaeyoung- "Oki Oki bye bye"
Chaeyoungလဲသူ့စာအုပ်တစ်ချို့ကိုထားဖို့lockerဘက်ကိုလာပြီးထားလိုက်သည်..
Minaလဲကျောင်းဆင်းပြီမလို့သူ့lockerမှာသူ့ရဲ့စာရွက်တွေထားပြီးပြန်ဖို့ပြင်ဆင်နေတာတွေ့လိုက်သည်..
မကြာပါဘူးminaအနားကိုbambamရောက်လာပြီးစိတ်ပူကြောင်းအဆင်ပြေရဲ့လားအိမ်ပြန်ပို့ပေးရမလားမေးလာခဲ့သည်..chaeyoungလဲမမြင်ချင်ယောင်ဆောင်ပြီးဘဲထွက်လာခဲ့လိုက်သည်..

Minaသူ့ရဲ့စာအုပ်တွေထားပြီးတော့သူ့နားကိုbambamရောက်လာခဲ့သည်..
Bambam- "hay..minaမင်းအဆင်ပြေရဲ့လား?နေမကောင်းဖြစ်တယ်ဆို?"
Mina- "hmmm?...ommm"
Bambam- "အဆင်ပြေရဲ့လားငါအိမ်ပြန်လိုက်ပို့ရမလား?"
Minaလဲchaeyoungမမြင်ချင်ယောက်ဆောင်ပြီးထွက်သွားတာမြင်တော့chaeyoungနောက်ကိုလိုက်ဖို့အတွက်
Mina-"သွားစရာလေးရှိလို့နောက်မှတွေ့မယ်နော်bambam"လို့ပြောပြီးဒီနေရာကနေနောက်ကိုပြေးလိုက်လာလိုက်သည်..
Minaကျောင်းအပြင်ရောက်တော့ကားပါကင်မှာchaeyoungရဲ့ကားရှိနေသေးတာတွေ့လိုက်သည်..chaeyoungမပြန်သေးဘဲတစ်ယောက်ထဲဘယ်ရောက်သွားမှန်းမသိဖြစ်နေသည်..ဒီတော့minaလဲကျောင်းရဲ့ဘေးဘက်ကဘောလုံးကွင်းဆီဝင်လာရှာခဲ့သည်..ခုံတန်းတွေမှာတစ်ယောက်တည်းထိုင်နေတဲ့chaeyoungကိုတွေ့တော့chaeyoungဆီလျှောက်လာခဲ့လိုက်တယ်..

Chaeyoung
Chaeyoungလဲအိမ်မပြန်ချင်သေးတာခုနကbambamကိုမြင်တိုင်းသူ့သူငယ်ချင်းကိုသတိရတာကြောင့်ဒေါသထွက်နေတာမလို့စိတ်ပြေလက်ပျောက်ဘောလုံးကွင်းဘက်လာပြီးဆေးလိပ်သောက်နေလိုက်သည်..
(Chaeyoungရဲ့အခင်ဆုံးသူငယ်ချင်းကbambamရဲ့သစ္စာဖောက်တာခံရပြီးကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာကြောင့်chaeyoungက bambamကိုဒီလိုမုန်းနေတာပါbambamကသူ့အပြစ်မရှိသလိုသူ့ရှေ့မှာပေါ်လာနေတာကိုသူတကယ်မုန်းနေတယ်..သူ့ကိုသတ်ပစ်ချင်လောက်အောင်ကိုမုန်းနေတာပေါ့)
Chaeyoungဒေါသတစ်ချို့နဲ့ဆေးလိပ်သောက်နေရင်းတစ်လိပ်ကုန်ပြီးတော့နောက်တစ်လိပ်ကိုထပ်သောက်နေလိုက်သည်..
Mina- "hay.."
Chaeyoungအသံလာရာကိုမော့ကြည့်လိုက်တော့minaဖြစ်နေတာမလို့ဘာမှပြန်မပြောဘဲဘောလုံးကွင်းဘက်ကိုပြန်ကြည့်ကာဆေးလိပ်ပြန်သောက်နေလိုက်သည်..
Mina- "နင်ဒီမှာဘာလုပ်နေတာလဲ...ပြီးတော့ခုနကငါ့ကိုလဲမမြင်ချင်ယောင်ဆောင်သွားတယ်"
Minaလဲchaeyoungရဲ့ဘေးဘက်မှာထိုင်လိုက်ပြီးပြောလိုက်သည်..
Chaeyoung-"ဒီတိုင်းပါဘဲစိတ်မကြည်လို့"
Mina-"ဘာတွေစိတ်မကြည်နေတာလဲငါဒီကိုလိုက်လာလို့လား?bambamအိမ်ပြန်လိုက်ပို့မယ်ပြောတာတောင်ငါနင့်ကိုနှုတ်ဆက်ဖို့လာခဲ့တာအဟွတ်"
Chaeyoungရဲ့ဆေးလိပ်ငွေ့တစ်ချို့ကြောင့်minaချောင်းအနည်းငယ်ဆိုးသွားခဲ့သည်..
Chaeyoung- "ဒါဆိုလဲသူနဲ့ဘဲပြန်လိုက်ပါ...ခင်များနဲ့ကျနော်နဲ့ကဘာပြောစရာရှိလို့လဲ?"
Mina- "ငါကဒီတိုင်း--.."
Chaeyoung-"လုပ်စရာရှိသေးလို့ပြန်လိုက်ပါအုံးမယ်"သောက်ပြီးတဲ့ဆေးလိပ်ကိုသတ်လိုက်ပြီးအ့နေရာကထထွက်လာလိုက်သည်..အတန်းဆင်းချိန်ကညနေ၅နာရီတည်းကသူထိုင်ခဲ့တာနာရီဝက်ကျော်ဆိုတော့မှောင်တော့မှာလဲဖြစ်နေတယ်လေ..
Chaeyoungဒေါသတစ်ကြီးနဲ့ကားထဲဝင်ပြီးစီယာတိုင်ကိုကိုင်ပြီး...
Chaeyoung-"ahhhrr..ငါအမြဲဒီလိုဘဲဒေါသထွက်နေရတော့မှာလား!?shiii..!!"
စီယာတိုင်ကိုရိုက်လိုက်ပြီးထိုင်ခုံကိုမှီချလိုက်သည်..စိတ်အနည်းငယ်ပြေသွားပြီးပြန်ဖို့လုပ်မယ်ကြံတော့ခုမှဘောလုံးကွင်းထဲကနေဖြေးဖြေးချင်းထွက်လာတဲ့minaကိုလှမ်းမြင်လိုက်သည်..
Chaeyoung- "သူကခုမှပြန်မှာဘဲလား!?"သူ့ဘာသာသူပြောနေခဲ့သည်..
Chaeyoung-"သူဘာလို့ရင်ဘတ်ကိုဖိပြီးလျှောက်နေတာလဲ?"
ဒီလိုပြောနေရင်းရင်ဘတ်ကိုဖိပြီးထိုင်လျက်ကျသွားတဲ့minaကိုမြင်တော့chaeyoungသူ့ကားထဲကနေထွက်ပြီးminaရှိနေတဲ့နေရာကိုရောက်လာခဲ့သည်..
Chaeyoung-"hayခင်များအဆင်ပြေရဲ့လား?"
Mina- "ငါ...ငါရဲ့လွယ်အိတ်ထဲက.....inhalerလေးထုတ်ပေး...လို့ရမလား?"
(Inhaler)


Minaအရမ်းမောနေတာကြောင့်စကားကိုအရှိန်ယူပြောနေရသည်..
Chaeyoungလဲminaလွယ်အိတ်ထဲကinhalerကိုရှာထုတ်ပေးပြီးminaကိုပေးလိုက်သည်..minaလဲinhalerကိုအနည်းငယ်လှုပ်ပြီးပါးစပ်မှာတည့်ပြီးနှစ်ချက်လောက်ဖိပြီးရှုလိုက်ပြီး
ခနကြာတော့minaအသက်ရူသံပုံမှန်ပြန်ဖြစ်သွားပြီး..
Chaeyoung- "ခင်များအဆင်ပြေရဲ့လား?"
Mina- "ခုအဆင်ပြေသွားပါပြီ"
Chaeyoung- "တစ်ခုခုဖြစ်လို့လား?"
Mina- "ommmငါမှာasthmaရှိတယ်..ငါ့အထင်ခုနကဆေးလိပ်ငွေ့တစ်ချို့ကြောင့်ထင်တယ်..ခုရသွားပါပြီ"
Chaeyoung- "အ့ဆိုဘာလို့ဘေးမှာလာထိုင်ခဲ့တာလဲ?"
{Asthmaကအသက်ရူကြပ်တတ်တဲ့ရောဂါအမျိုးအစားလို့ဒီမှာပြောချင်ပါတယ်

အသက်ရူကြပ်စေတဲ့အရာတွေကတော့ဒီအရာတွေပါ.အဆုတ်အားနည်းတာနဲ့စိတ်အရမ်းလှုပ်ရှားပြီးအသက်ရှုမြန်လာရင်လဲဖြစ်တတ်တာကြောင့်အပေါ်ကဂေါက်ဗူးလေးကိုရူရလေ့ရှိပါတယ်..သိသလောက်လေးဖော်ပြပေးတာမလို့လိုအပ်တာလေးရှိရင်တောင်းပန်ပါတယ်နော်}

Mina- "ငါနင့်ကိုစကားတစ်ချို့လာပြောချင်ရုံပါနင်ကစိတ်မကြည်ဘူးဆိုတော့ငါအ့နားမှာထိုင်လိုက်မိလိုက်တာဒါပေမယ့်ငါကကူညီရာမရောက်ဘူး"minaစိတ်မကောင်းဖြစ်သွားပြီးခေါင်းလေးအောက်ငုံ့ပြောလိုက်လေသည်..
Chaeyoung-"ခုဒီကထတော့အေးပြီးနောက်ထပ်ထပ်ဖြစ်နေမယ်လေ"
Chaeyoungလက်လှမ်းလိုက်ပြီးminaကိုအ့နေရာကထခိုင်းလိုက်သည်..
Mina- "ခုချက်ချင်းတော့မဖြစ်တော့ပါဘူးဆေးလုပ်လိုက်ပြီမလိူ့"
Chaeyoung-"မှောင်လာနေပြီဒီကပြန်ရအောင်..ကျမလိုက်ပို့ပေးမယ်"
Mina- "နင်အဆင်ပြေပါ့မလား"
Chaeyoung- "ရတယ်..သွားမယ်"
Chaeyoungသူ့ကားဆီကိုလျှောက်သွားပြီးကားထဲဝင်လိုက်သည်..minaလဲနောက်ကလိုက်လာပြီးကားရှေ့ခန်းမှာဘဲထိုင်လိုက်သည်..
Chaeyoungကminaကိုကြည့်လိုက်တော့ကားခါပတ်ပတ်မထားတော့သူ့ရဲ့ခါးပတ်ကိုဖြေလိုက်ပြီးminaရဲ့ခုံဘက်ကိုကုန်းပြီးခါးပတ်ကြိုးကိုယူလိုက်သည်..
Minaကchaeyoungသူဘက်ကိုခါးပတ်ကြို့လှမ်းယူလိုက်တော့အနည်းငယ်ရင်ခုန်သွားသည်..chaeyoungရဲ့မျက်နှာနဲ့သူ့မျက်နှာကအနည်းငယ်ဘဲကွာတော့တာမလို့ထိုင်ခုံနောက်ဘက်ကိုဆုတ်လိုက်ပြီးကပ်လိုက်သည်..
Chaeyoungကခါးပတ်ကြို့ယူတတ်နေရင်းminaရဲ့အသက်ရူသံပြင်းတာကြားရတော့..
Chaeyoung-"ဘာလို့လဲအသက်ရှုကြပ်လာလို့လား?"
Mina- "hmm...မဟုတ်ပါဘူးအဆင်ပြေပါတယ်"
Chaeyoungကသူ့နဲ့minaနီးနီးလေးရှိနေတာကိုသတိထားမိလိုက်ပြီးအမြန်ခါးပတ်ကြိုးတပ်လိုက်ပြီးသူ့ထိုင်ခုံမှာထိုင်လိုက်သည်..minaရှုက်နေပြီးသူ့လဲအနည်းငယ်ရှုက်ပေမယ့်အိမ်ပြန်ဖို့အတွက်
Chaeyoung- "mapမှာအိမ်နေရာထောက်ထားလိုက်ပါသွားရတာပိုလွယ်သွားအောင်"
Mina- "hmm..Omm Omm"
Minaလဲchaeyoungပြောသလိုcar mapမှာအိမ်နေရာကိုထောက်လိုက်သည်..
ကားနဲ့ထွက်လာပြီးလမ်းမှာကားတစ်ချို့ပိတ်နေတာမလို့အနည်းငယ်ကြာနေလေသည်..minaကိုကြည့်လိုက်တော့မှန်ဘက်ကိုအနည်းငယ်မှီပြီးအိပ်နေတာကိုတွေ့လိုက်ကာ..chaeyoungလဲminaကိုကြည့်မိလေသည်.ဘေးဘက်ကကားမီးရောင်တွေနဲ့minaရဲ့ဘေးဘက်ကကြည့်ရတာအဆင်ပြေလှပါတယ်chaeyoungစိတ်ထဲကနေminaကိုလှသားဘဲလို့ရေရွတ်လိုက်မိသည်..ကြည့်နေရင်းminaရဲ့နှုတ်ခမ်းတွေဆီအကြည့်တွေရောက်သွားခဲ့သည်..chaeyoungဘာကြောင့်မှန်းမသိသူ့ရင်တွေခုန်လာတာကိုခံစားမိလိုက်သည်..
Chaeyoung-"ဘာလို့ရင်တွေခုန်လာတာလဲဟ"လို့ရေရွတ်ရင်းသူ့ရင်ဘတ်ကိုဖိထားလိုက်သည်..
တီ~~~~!!!
Chaeyoung-"ahh..လန့်သေတော့မှာဘဲဟ!"
မီးစိမ်းနေတာကြောင့်နောက်ကကားကဟွန်းတီးတာကိုchaeyoungလန့်သွားလေသည်..minaကတော့မနိုးသွားတာမလို့chaeyoungလဲminaအိမ်ကိုမောင်းလာလိုက်သည်..15မိနစ်လောက်ကြာတော့အိမ်ကိုရောက်လာခဲ့သည်..
Chaeyoungလမ်းကိုကြည့်လိုက်ပြီး..
Chaeyoung-"ငါ့အိမ်နဲ့သိပ်မဝေးဘူးဘဲ"လို့ပြောပြီးminaကိုနှိုးဖို့လုပ်လိုက်သည်


Continue Reading

You'll Also Like

804K 130K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
225K 32.7K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
95.2K 13.2K 54
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...