UNICODE
"Yrrrr....သည်းမခံနိုင်တော့ဘူး သည်းမခံနိုင်တော့ဘူး"
ချစ်သူနှစ်ယောက်ချစ်ကြည်နူးနေချိန်တွင် အသံကျယ်ကြီးတစ်ခုပေါ်ထွက်လာသည် အသံလာရာမှာကားးး
"ဘာဖြစ်ရတာလဲ ဟီဆွန်းရာ..."
"ဘာဖြစ်ရမှာလဲ ဟုတ်လား မင်းတို့နှစ်ယောက်ကျောင်းမှာကြည်နူးရတာတင်အားမရလို့ ငါ့အိမ်ထိလာကြည်နူးနေကြတာလေ ငါ့ကိုသနားကြပါအုန်း"
စာမေးပွဲနီးပြီမို့ ဟီဆွန်းတစ်ယောက်သူရဲ့တစ်ဦးတည်းသောချစ်သူငယ်ချင်းကြီးကို အိမ်ခေါ်ပြီးစာကျက်မိသည်က သူ့ရဲ့မဟာအမှားဖြစ်မှန်းမသိခဲ့လေခြင်း
အကြောင်းမှာ သူ့ရဲ့သူငယ်ချင်းကြီးက သူ့ရဲ့ချစ်ရသူလေးကိုမခွဲနိုင်ဟုဆိုကာအိမ်ကိုအပါခေါ်လာခြင်း ဟိုကလည်းမလိုက်ချင်ရှာပါဘူး နည်းနည်းပါးပါးလေးတောင်ပြင်ဆင်မလာဘူး အိမ်နေရင်းဝတ်စုံကြီးနဲ့လိုက်ချလာတာ ခေါင်းတောင်ဖြီးခဲ့ရဲ့လားမသိ
နောက်ပြီး သူ့သူငယ်ချင်းကြီးက ပရိုမိုးရှင်းဆင်းထားပေးတာ ဟီဆွန်းပြုတ်ကျွေးတဲ့ခေါက်ဆွဲပြုတ်ကတအားစားကောင်းတာဆိုပြီး အဲ့တော့လည်းပြုတ်ကျွေးရတာပေါ့
ရောက်ကတည်းကခုထိစာလည်းမကြည့်ရသေးဘူး သူတို့ကြည်နူးဖို့ကိုယ်ကကြားထဲကနေတကူးတကစီစဉ်ပေးထားသလိုနဲ့
နောက်ပြီး ပြုတ်ကျွေးတဲ့လူကိုမှအားမနာ ဟိုလူစားဒီလူစားလုပ်နေတာ ကြာထဲကနေသူကစားရမလို ပြန်ချရမလိုနဲ့
"မင်းတို့စားမှာလား မစားဘူးလား မစားချင်လည်းနေ ငါဆစ်ယောက်ထဲစားမယ်"
ခေါက်ဆွဲအိုးကိုသူ့ဘက်ဆွဲလိုက်တော့မှ...
"စားမှာပါကွာ ဒီဘက်တိုးပါအုန်း"
"စားပါ့မယ် ဟီဆွန်းHyungရယ် စိတ်ကလည်းလက်တစ်ဆစ်လေး"
တတ်လည်းတတ်နိုင်လိုက်ကြတာ...ပြောလိုက်သေးတယ် စိတ်လက်တစ်ဆစ်တဲ့ တကယ်သာစိတ်လက်တစ်ဆစ်ဆို သူတို့နှစ်ယောက်ခုချိန်ဆိုသူ့အိမ်မှာရှိမှာတောင်မဟုတ်တော့ဘူး...ဟွန်းငါနော််
"ကိုကို စာလည်းကြည့်ပြီးပြီဆိုတော့လျှောက်လည်ကြမလား"
"ဂျောင်ဝန်းလေးကဘယ်သွားချင်လို့လဲ"
"Ummm..ပန်းခြံသွားကြမလား Jongieနဲ့အတူတူလမ်းလျှောက်ချင်လို့"
"ဘယ်လိုခေါ်လိုက်တာ"
"Jongieလို့ခေါ်လိုက်တာလေ မကြိုက်လို့လား"
"မဟုတ်ပါဘူး ကြိုက်လွန်းလို့ ထပ်ခေါ်ပါအုန်း"
"Jongie~~~Jongie Letchugo...."
"အာ....သဘောကျလွန်းလို့သေပါပြီ"
"သေတော့မသေပါနဲ့ တစ်ယောက်ထဲမနေချင်ဘူး"
"စကားအရပြောတာပါ ဒီကJongieကဟောဒီကWonieကိုတစ်ယောက်ထဲထားမခဲ့ပါဘူးဗျာ"
လမ်းမထက်ဝယ်ကောင်လေးနှစ်ယောက်ရဲ့ရယ်သံတွေကဖုံးလွှမ်းလျက်
ထိုရယ်သံတွေဟာကြာရှည်ခံမည်ဆိုတာကိုတော့သူတို့နှစ်ဦးလုံးမသိရှိခဲ့
"ဂျောင်ဝန်း"
"အင်းပြောလေ ဆောနူ"
"မင်းရပ်သင့်ပြီ"
"ဘာကိုလဲ"
"ဂျုံဆောင်းHyungနဲ့ကိစ္စကိုပြောနေတာ"
ဟူးးးးမင်းတို့နားလည်အောင်ဘယ်လိုပြောရမလဲ ငါကိုယ်တိုင်ကိုကသတ္တိမရှိတာပါမယ်ထင်တယ်
"အာ အဲ့ဒါလား"
"အင်း"
"မင်းတို့ကလည်းငါပြောပြီးသားလေ ငါဘယ်လိုလုပ်မယ်ဆိုတာ"
"ငါတို့ဘေးကနေကြည့်ရသလောက်ကတော့ Hyungကမင်းအပေါ်တော်တော်ချစ်တာပါကွာ မင်းမလုပ်သင့်ပါဘူး"
"တော်ပြီ ဒီမှာတင်ရပ်လိုက်ကြရအောင် ငါဆက်မပြောချင်တော့ဘူး"
"မပြောချင်လို့မရဘူး ဂျောင်ဝန်း မင်းကငါ့တို့နှစ်ယောက်သူငယ်ချင်းအရင်းကြီးမလို့မဖြစ်သင့်တာမဖြစ်အောင်ပြောပြနေတာ"
"တော်ပြီလို့ပြောနေတယ်နော် နီခီ"
"မတော်နိုင်ဘူး မင်းလည်း ဂျုံဆောင်းHyungကိုချစ်နေတယ်မလား"
ဟူးးးးး
"မချစ်ဘူး ငါ ဂျုံဆောင်းHyungကို သူ့အချစ်ကိုလက်ခံပြီးတွဲခဲ့တယ်ဆိုတာကလည်း တစ်ချိန်မှာသူ့အသည်းကိုခွဲချင်လို့ ရပြီလား"
"ဒါနဲ့ပဲ တစ်လကြာအောင်တွဲခဲ့တယ်ပေါ့ ဂျောင်ဝန်းရာ ငါတို့ကမင်းသူငယ်ချင်းတွေပါ မင်းစိတ်ကိုနားအလည်ဆုံး မင်းအရင်စိတ်နဲ့သာဆို ဂျုံဆောင်းHyungကိုအသည်းခွဲပြီးတာကြာပြီ ခုမင်းကိုယ်တိုင်ကိုကချစ်နေလို့ ခုချိန်ထိတွဲနေတာ"
"မဟုတ်ဘူးလို့ ပြောပြီးပြီမလား မချစ်ဘူး ဂျုံဆောင်းHyungကိုမချစ်ဘူး အသည်းခွဲချင်တာသက်သက်နဲ့သူ့ကိုတွဲခဲ့တာ"
"Wonnie....."
"Hyung..."
"Wonnieကွာ မင်း..."
"မဟုတ်ဘူးHyung Wonnieပြောတာနားထောင်ပါအုန်း Wonnieရှင်းပြပါ့မယ်"
"အဟက် ရှင်းပြမယ်ဟုတ်လား ဒီလောက်ထိသေချာကိုယ့်နားနဲ့ဆက်ဆက်ကြားပြီးတွေ့နေရတာတောင်ဆက်လိမ်ချင်သေးတာလား ဟင်"
"မဟုတ်...မဟုတ်ဘူး"
"အသည်းခွဲချင်သေးတာလား လာလေ ခွဲပါ ကြိုက်သလောက်ခွဲ လာလေ"
ဘုန်း ဘုန်း ဘုန်း
"မထုပါနဲ့ ကိုယ့်ကိုကိုယ်အနာမခံပါနဲ့ Wonnieမကြည့်ရက်လို့ပါ"
ဂျောင်ဝန်းတစ်ယောက် သူ့ရင်ဘက်သူထုနေသောသူ၏လက်ကိုလှမ်းဆွဲလျှင်
"မကိုင်နဲ့ငါ့အသားကို ထွက်သွားလိုက်တော့ ငါ့ရှေ့ကနေ ထွက်သွားလိုက်ပါတော့ "
"ဟင့်အင်း...မထွက်သွားနိုင်ဘူး"
"ကိုယ့်အသည်းတွေကွဲနေပါပြီ ကျေနပ်ပြီမလား ထွက်သွားလိုက်ပါတော့"
"ဟင့်အင်း Hyung"
"နီခီနဲ့ဆောနူ မင်းတိူ့သူငယ်ချင်း မင်းတို့ခေါ်သွားကြတော့"
"Hyung ...Wonnieကိုထားမခဲ့ပါနဲ့"
"နောက်ကျသွားပြီ ဒီမှာပဲလမ်းခွဲလိုက်ကြရအောင်"
"Hyung"
ဂျုံဆောင်းတစ်ယောက် နောက်မှ ခေါ်သံလေးအား လျစ်လျူရှူရင်း ထိုနေရာမှာထွက်လာခဲ့လိုက်သည်
မင်းတစ်ယောက်ထဲခံစားရတယ်ထင်လို့လား ကိုယ်လည်းပြောမပြတတ်အောင်နာကျင်ရပါတယ် ဟောဒီရင်ဘတ်ထဲက...
__________
အပ်ပုဒိတ်တောင်းနေလို့ ရေးပြီးသလောက်လေးUpပေးလိုက်ပါတယ် ဒီကြားထဲလိုင်းအခက်အခဲကြောင့်ရော အိမ်ကအလုပ်လေးတွေနဲ့ Updateကြာသွားရတဲ့အတွက်တကယ်ကိုတောင်းပန်ပါတယ်
ZAWGYI
"ဘယ်လိုခေါ်လိုက်တာ"
"ဂျောင်ဝန်း"
"အင်းပြောလေ ဆောနူ"
"မင်းရပ်သင့်ပြီ"
"ဘာကိုလဲ"
"အာ အဲ့ဒါလား"
"အင်း"
ဟူးးးးး
"Wonnie....."
"Hyung..."
"Wonnieကွာ မင်း..."
"မဟုတ်...မဟုတ်ဘူး"
ဘုန်း ဘုန်း ဘုန်း
"ဟင့်အင်း Hyung"
"နီခီနဲ့ဆောနူ မင်းတို့သူငယ်ချင်း မင်းတို့ခေါ်သွားကြတော့"
"Hyung"
__________