ထမုံဒီနှစ် ရှစ်တန်းအောင်ခဲ့ပြီ။အိမ်စီးပွားရေးအရကော
ကိုယ်တိုင်လည်းစာမလုပ်ချင်သည့်စိတ်ဖြင့် ကျောင်းနားတော့မည်။
"အဖေနဲ့အမေ ကျတော် ကျောင်းမလိုက်တော့ဘူး "
"ဟဲ့ ထမုံ ကျောင်းမတက်ရင် နင်ဘာလုပ်စားမှာလဲ"
"ငါ့သားကရော ဘာလို့မတက်ချင်တာလဲကွ အကြောင်းပြ
ချက်တော့ရှိရမယ်"
"ဟုတ်အဖေ စာလည်းစိတ်မဝင်စားဘူး ကျောင်းသား
များတော့ အဖေတို့လည်း ကြပ်တည်းတယ်လေ ကျတော်
အလုပ်ထွက်လုပ်မယ်စဉ်းစားထားတယ်"
အဖေနှင့် အမေ မျက်နှာမကောင်းလှဘူး။ထမုံပြောနေတာ
လည်း အမှန်တွေပဲ။
"ကဲပါ ဘာမှစိတ်မကောင်းမဖြစ်နဲ့ ကျတော်လည်းစာမှမလုပ်
ချင်တာ ဘိုးထွန်းရွှေဝပ်ရှော့မှာ သွားလုပ်မယ် "
ခုတော့ အဖေ့ညီ လေးအောင်ထွန်းသာ ဦးစီးလုပ်ကိုင်နေပါ
သည်။ဘိုးထွန်းရွှေက မနှစ်ကဆုံးသွားပြီ။
ထမုံတို့ မုန့်ဖိုးတောင်းစရာလူလျော့သွားပြီ။
ဝပ်ရှော့က ကားရေဆေးဆီလိုက်နှင့်တွဲဖွင့်ထားပါသည်။
ဆိုင်အကြီးစားကြီး မဟုတ်ပေမဲ့ သူမိတ်နှင့်သူ ရပ်ကွက်ထဲ
အဆင်ပြေလှသည်။
"အေး ငါ့သားက လုပ်ချင်သပဆိုလည်း လုပ်ကွာ မယ်ထွေး မင့်သဘောကရော"
"ကျုပ်လည်း မပြောတတ်ဘူး သူစိတ်မပါတာကြီးလည်း
ဇွတ်မလုပ်ခိုင်းချင်ဘူး သူ့အတွက် တာဝန်ပေါ့သွားတာပေါ့
ပြောလည်းရမှာမှမဟုတ်တာ တော့်သားက"
ဒီလိုနဲ့ ထမုံ၏ကျောင်းတက်ခြင်းအနုပညာ ရပ်တန့်သွားခဲ့
သည်။ကျောင်းတက်သည် စာလုပ်သည်ဆိုတာကလည်း
အနုပညာတစ်ခုလိုပဲ ရင်ထဲကမပါရင်လုပ်မရဘူးမလား။
ဝပ်ရှော့မှာ ပညာသင်အနေဖြင့် ဝိုင်းလုပ်ဝိုင်းစားသဘောနဲ့
ခြောက်လလောက် လုပ်လိုက်ရသည်။နောက်တော့ မုန့်ဖိုးသဘောမျိုး လခသဘောမျိုး ပေးသည်။ရသည့်လစာ အမေ့အကုန်အပ်ဖြစ်သည်။ခုလက်ရှိမှာ အမေ့အတွက် ထမုံဟာ
လိမ္မာသည့် သားတစ်ယောက်ပဲ။
ထမုံလူပျိုဖော်စဝင်တော့ အသံတွေဩ မုတ်ဆိပ်မွှေး
ပါးသိုင်းမွှေးတွေ ထွက်လာသည်။ငယ်ကတည်းက ထွားထွား ကြီးလာတော့ အရပ်က ၅'၁၀" အသားညိုညို မျက်တောင်
မွှေးထူလွန်းလို့ မျှော့ကပ်ထားသလိုပဲ။
မျက်လုံး မျက်ဖန်ကောင်းကောင်းနဲ့ ရပ်ကွက်ထဲ လူပျိုချော
စာရင်းဝင်ပါသည်။
လူပုံက ဂျစ်စုတ်စုတ် ။နားသန်သီးတန်းလန်း ဆံပင်ရှည်ရှည် ဂုတ်ထောက်ကေထားတာမို့ ကုလားဆင်ချော ဂျစ်ပစီဆန်
ဆန်ချောပါသည်။မျက်နှာမှာ ဝက်ခြံလေးနည်းနည်းရှိပေမဲ့
လည်း manlyဖြစ်သည့်မျက်နှာလေးကြောင့် အပျိုတွေ၏
ပဲပေးခံရဆုံး ကောင်လေးတစ်ယောက်ပါ။
စွပ်ကျယ်လက်ပြတ်အကျီ ကြားထဲကကို ကြွက်သားတွေက တစ်ရစ်နေတာမြင်ရသည်။
ဝတ်လိုက်ရင်လည်း ချက်ပြုတ်ဘောင်းဘီတွေနဲ့ချည်း။
ဂိုက်တော့ အပေးကြမ်းသည့် ကိုထမုံပါ။
နှုတ်ခမ်းနီမလေးတွေရော အပျိုကြီးမမတွေပါ အသည်းစွဲ
လူပျိုချောလေးပါ။
ရပ်ကွက်ထဲလည်း အရင်ကထက်စာရင်လူစည်လာသည်။
မြို့သစ်တွေချဲ့တော့ ထမုံတို့လမ်း၏အိမ်ခြံမြေလည်း
ဈေးမြောက်လာပြီဖြစ်သည်။
သူတို့ကလေးဘဝတုန်းကလို ပြေးလွှားဆော့ကြတာလည်း သိပ်မရှိတော့ပါ။လူပျိုဖော် အပျိုဖော် ဝင်ကုန်ကြတော့
မီးကုန်ယမ်းကုန်မဆော့ကြတော့ဘူး။
ကိုဦးက တက္ကသိုလ် ပထမနှစ်ကတည်းက မိန်းမယူသွားပြီ။ဒီကောင့်မိန်းမဘက်က ချမ်းသာလို့တော်သေးသည်။နမို့
အဖေတို့ဆီဘဲ လာအပူကပ်နေကြမှာ။ခုတော့ ထမုံကအိမ်မှာ သားကြီးရာထူး ရနေပြီဖြစ်သည်။အဖေ့လည်း ဒီတစ်နှစ်ပြီးရင် အလုပ်ကအနားယူခိုင်းရမည်။အမေ့ထက် အဖေက ဆယ်နှစ်
ကြီးသည်။ခြောက်ဆယ်နားကပ်နေပြီ။အဖေပင်စင်ယူရတော့
မည့် အရွယ်ရောက်နေပြီ။
တစ်ခါတလေ မမျှော်လင့်တာတွေလည်း ဖြစ်လာတတ်သည်။ကံကြမ္မာက မျက်နှာသာပေးချိန်တန်လာသလား မသိ။
"ဒေါ်ထွေး ဗျို့ ဒေါ်ထွေး"
"ဟဲ့ ဘာတုန်း "
"ဒေါ်ထွေး ခင်ဗျားတော့ ချမ်းသာပြီ ခင်ဗျားထိုးထားတဲ့ ထီသုံးဆောင်တွဲက သိန်းနှစ်ရာဆုပေါက်သဗျား"
"ဟေ တကယ်လား အမလေး ကျုပ်ထီပေါက်တယ်တဲ့
တော်ရေ ဝမ်းသာလိုက်တာ"
ထီဆုကြီးကြီးမားမား မဟုတ်ပေမဲ့ ထမုံတို့အိမ်အသက်ရှုနည်းနည်းချောင်သွားသည် ပြောရမည်။ကိုဦးက အမွေလာတောင်းသွားလို့ သိန်းငါးဆယ်ပေးလိုက်ရသေးသည်။
မင်္ဂလာဆောင်တုန်းက မျက်နှာငယ်ခဲ့ရတော့ အမေကလည်း သူ့သားကိုကြည်ကြည်သာသာလုပ်ပေးရှာပါသည်။
ခနော်နီခနော်နဲ့အိမ်လေးကို နံကပ်လေးပြန်ဆောက် ဘာ
လုပ်ညာလုပ်နဲ့ကို တော်တော်လေး ကုန်ပါသည်။အငယ်မ
နှစ်ယောက် တက္ကသိုလ်တက်ဖို့ ကျောင်းလခလေး စိတ်မပူ
ရတော့တာနဲ့ အိမ်ကမိုးလုံလေလုံဖြစ်သွားတာပဲ စိတ်ချမ်းသာရသည်။
ထမုံကတော့ သူ့အလုပ်သူလုပ်တုန်း။ အဖေကတော့
သက်ပြည့်ပင်စင်ယူလိုက်ပြီ။အမေ့က လက်ကျန်ငွေနည်း
နည်းလေးနဲ့ ကုန်စုံဆိုင်အသေးစားလေး တည်ထားသည်။
ဈေးသွားပြီးကုန်ပစ္စည်းအဝယ်ကတော့ အဖေလုပ်တာများပါသည်။
ထမုံလည်း အလုပ်နားရင် အဝယ်ကူပါသည်။
ထမုံအိမ်မှာ ရှိသည့်နေ့တော့ ဈေးဝယ်များပါသည်။
အပျိုကြီးတွေ အပျိုလေးတွေ မုန့်လာဝယ်စားကြပါသည်။
ထမုံကတော့ တစ်ယောက်မှ ရင်မခုန်ပါ။
ကောင်မလေးတွေ မမတွေက မလှတာတော့ မဟုတ်ပါဘူး။ထမုံ့ရင်ထဲပဲ မရောက်တာပါ။
ငယ်သူငယ်ချင်းတွေဖြစ်ကြသည့် မြင့်သိန်းနှင့်အောင်ကြီးက ရည်းစားထားဖို့မြှောက်ပေးပါသည်။သူတို့ညီမတွေနှင့်
လှော်ပေးကြသည်။ကိုယ်ကလည်း အမြဲငြင်းခဲ့သည့်ကောင်ပါ။
***********************************
ဆယ်တန်းစာမေးပွဲ အောင်စာရင်းထွက်လာပြီ။မမ
ဂုဏ်ထူး ၄ ဘာသာပဲပါသည်။သူကတော့ မမအစားဂုဏ်ယူ
ပြီးပျော်နေသည်။
"အမလေး ......ကိုယ့်သမီးလေး တော်လှ တော်လှ
ချီးကျူးနေတာ ငါတို့ကို အရှက်ခွဲတယ်"
"ပြောတော့ All Dဆို မင့်သမီးက... ငါ့မိတ်ဆွေ
ကိုသိန်းဝင်းသမီးက ခြောက်ဘာသာပါတယ် ရှက်လွန်းလို့
မျက်နှာ ဓါးနဲ့တောင် လှီးချင်တယ်"
"ဘာ မင့်သမီးလဲ ....အဲဒါလည်း တော့်သမီးပဲ"
"ဟေ့... ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး"
"မဖြစ်ချင် မပြောနဲ့လေ... အိမ်ကဟာ စောက်သုံးမကျတာ ကျမလည်း မသိဘူး ...မွေးထားရတာ အလကား...
မိဘကျေးဇူးဒီနည်းနဲ့ ....ဆပ်လိုက်တာပေါ့"
"ပြီး.. အမှတ်က ဆေးကျောင်းလည်း မှီမှာ.. မဟုတ်ဘူး
မျှော်လင့်မနေတော့ဘူး"
"အဝေးသင်ပဲတက်တော့... သူ့အတွက် ပိုက်ဆံအကုန်ခံမနေနဲ့တော့ "
မိဘနှစ်ပါးက မမကို တစ်ချက်တောင်လှည့်မကြည့်ဘဲ ပြော
ချင်ရာပြောပြီးထွက်သွားသည်။အမကတော့ မျက်ရည်တွေနှင့် ပါးစပ်ကလည်း
"မမက... မလိမ္မာဘူး မိဘကျေးဇူးလည်း မဆပ်နိုင်ဘူး"
ငိုရင်း ဒီစကားပဲ ထပ်ချည်းတလဲလဲရွှတ်နေသည်။
မမကိုချော့ပြောရင်း အခန်းထဲ ခေါ်သိပ်ထားရသည်။
ဒီနောက်ပိုင်းမှာ မားနှင့်ပါးကလည်း မမကို စကားမပြောတော့ဘူး လျစ်လျူရှုထားကြသည်။
မမလည်း အမြဲ သူ့အခန်းထဲမှာ အောင်းနေသည်။အဲဒီနေ့ကစလို့ မမ၏အပြုံးတွေ ပျောက်သွားပါသည်။စကားလည်းနည်းသွားသလို ပြောရင်လည်း အားငယ်သည့်စကားတွေပဲ ပြောပါသည်။
သူကတော့ မမနှင့်သွားပြီး အမြဲအားပေးစကားပြောပါသည်။မမနားချည်း သွားနေလို့ မားတို့က သူ့ကို စာမလုပ်မှာစိုးရိမ်
ပြီးဘော်ဒါထားပါသည်။ကိုးတန်းနှစ်ဝက်ကတည်းက ကျောင်းအိပ်ကျောင်းစားထားပြီး ဆယ်တန်းတက်နေသည့်အထိ မမကို မတွေ့ရတော့ပါ။မမနှင့်စကားပြောချိန်က မားတို့လာမှ
ဖုန်းက နေတဆင့်ပြောရသည်။
မောင်နှမ နှစ်ယောက်တည်းရှိလို့ မမကို သူအရမ်းချစ်ပါ
သည်။မမဟာ သူ၏ ကစားဖော် သူငယ်ချင်း တိုင်ပင်ဖော်
တိုင်ပင်ဘက်လည်းဖြစ်သည်။မမကို လွမ်းသည်။တွေ့ချင်နေ
ပြီ။
ကျောင်းပိတ်ရက်တွေကိုတောင် သူ့ကို အိမ်ပြန်မလာခိုင်းပါ။ဘာလို့လဲဆိုတာ သူတကယ် မရိပ်မိခဲ့ဘူး။ခုနောက်ပိုင်း
မမနှင့် ဖုန်းကိုမပြောရတော့ဘူး။မားတို့က မမ နေမကောင်းလို့ပဲ သူ့ကိုပြောထားသည်။
ဒီနေ့ သူမမကိုအိမ်မက်မက်သည်။အိမ်မက်ထဲမှာ မမညှိုးညှိုးငယ်ငယ်လေးနဲ့ စတိုခန်းကြီးထဲငိုနေသည်။မားတို့အိမ်မှာ မမကိုအခန်း ထဲပိတ်ထားကြသလားမသိဘူး။သူဘော်ဒါကခိုး
ထွက်ပြီး မမကို သွားတွေ့မည်။
သူဆယ်တန်းစာမေးပွဲမဖြေခင် မမဆီက အားပေးစကားကြားချင်နေတာ။ဆရာတွေကို ပြောနေရင် ခွင့်မပြုဘူးဆိုတာ သိလို့ အခန်းဖော်ပြောပြီး ခိုးထွက်ခဲ့သည်။တစ်ခါမှ ခိုးမလုပ်ဖူးတော့ ရင်ခုန်နေသည်။ဒါပေမဲ့ မမကိုတွေ့ရင် သူသိပ်ပျော်မှာ။
တွေ့ရင်မမဆီက အကြံဉာဏ်တောင်းမည်။မိမိစာဘယ်လိုဖြေရမည် အမှတ်များအောင် ဘယ်လိုလုပ်ရမလဲ
စသည့်မေးခွန်းတွေစုံအောင်မေးမည်။
အိမ်ထဲဝင်ခဲ့တော့ ညမှောင်နေပြီဖြစ်သည်။
" ဟယ်... အကိုလေး "
"ရှူး.... မမနော်ရေ သားမမရော"
မျက်စိမျက်နှာပျက်နှင့် မမနော်ကို သူတွေ့လိုက်ရတော့ မမအတွက်စိုးရိမ်သွားသည်။
"မားတို့... ရှိလား"
ခေါင်းရမ်းပြတော့ သူနည်းနည်း ပျော်သွားသည်။မားတို့တွေ့ရင် သူ့ကို ဆူမည်ဆိုတာ သူသိပေမဲ့ မမကိုတွေ့
ချင်လို့သာ အရဲစွန့်လာခဲ့တာ။
မနော်ကို ဘာမှမပြောဘဲ အပေါ်ထပ်တက်ခဲ့သည်။မမကို
အခန်းထဲမှာလည်း မတွေ့ဘူး။အောက်ထပ်ပြန်ဆင်းပြီး စတို
ခန်းထဲဖွင့်ကြည့်လိုက်သည်။ သော့ကခတ်မထားဘူး။ တံခါး
ဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း မမကို စတိုခန်းထဲမှာ ထိုင်နေတာ တွေ့သည်။
ဟင် မမက...
"မမ ...ဘာဖြစ်တာလဲ "
မျက်ကွင်းတွေလည်း ညိုမဲပြီး ကြောင်တောင်တောင်
မျက်လုံးတွေနှင့် သူ့ကို ကြည့်နေသည်။
"မမ... မောင်လေးလေ ...သားကို ပြောပါဦး"
မမပုံစံကို ကြည့်ပြီး ပိန်သေးသေးခန္ဓာကိုယ်လေးဖက်ပြီး သူငိုမိသည်။
"မောင်လေး ...မောင်လေးလား ငါကလေ မလိမ္မာဘူး ပါးတို့
မမကြောင့်... အရှက်ကွဲတယ် မိဘကျေးဇူးမသိတတ်ဘူး မမက... မလိမ္မာဘူး"
မမက မိဘကျေးဇူးမသိတတ်ဘူး ဆိုသည့် စကားတွေချည်း ထပ်ချည်းတလဲလဲရွှတ်နေသည်။အသိစိတ်ကပ်ပုံမရဘူး။
အရင်က ဒီပုံစံမြင်ဖူးပေမဲ့ ခုတစ်ခေါက်က ပိုဆိုးသလိုပဲ။
ဆံပင် စုတ်ဖွားနဲ့ အရူးမလေးပုံစံလေးနဲ့တူနေသည်။မောင်နှမ နှစ်ယောက်ဖက်ငိုနေမိသည်။
မနော် စတိုခန်းထဲဝင်လာတာတွေ့သည်။
"အကိုလေး... မမလေးကလေ ညတွေလည်း မအိပ်ဘူး
တစ်ယောက်တည်းလည်း ...စကားပြောနေတတ်တယ် ကျမတို့လည်း ဘာလုပ်ပေးရမှန်းမသိဘူး"
"ရေလည်း မချိုး ...ထမင်းလည်းမစားဘူး မောင်လေးနဲ့ တွေ့ချင်ရင်.. ထမင်းစားလို့ပြောပြီးမနည်းချော့ကျွှေးရတယ် "
"မားတို့ရော... သိလား"
"ဟုတ်... သိတယ် မမလေးက ဒီအမှောင်ခန်းကြီးထဲပဲ..
အမြဲဝင်နေတော့တာ"
"သူငြိမ်ရင်... ပြီးရော လွတ်ထားလိုက်လို့ ပြောလို့... ကျမတို့
လည်း ကြည့်နေရတယ်"
တကယ်ဆို သူလို ကျောင်းသားတစ်ယောက်တောင် မမ၏ပုံစံမူမမှန်တာကို သတိထားမိသည်။ဒီလောက်တောင် သားသမီးကို ဂရုမစိုက်ရကောင်းလား ဆိုပြီး မားတို့ကိုသူအပြစ်တင်မိသည်။တကယ်ဆို မမမှာ ဘာအပြစ်မှမရှိပါ။သူ့အလှည့်
ကျတော့ရော ဘယ်လိုလာမှာလဲ။
သူနည်းနည်းတော့ အရွတ်တိုက်ချင်လာသည်။ပါးနှင့်မား သူတို့မောင်နှမတွေကို တကယ်ချစ်ရဲ့လားလို့ တွေးမိသည်။
ဆယ်တန်းစာမေးပွဲဖြေပြီးရင် မမကို ဆရာဝန်နှင့် သွားပြပေးမည်။မောင်လေး မကြာခင် ပြန်လာခဲ့မယ်မမ ။
မမကို သေချာဂရုစိုက်ပေးဖို့မှာပြီး မားတို့ပြန်မလာခင် အိမ်ကထွက်လာခဲ့သည်။သူဆယ်တန်းမှာ ဂုဏ်ထူးတစ်ခုမှ မပါရင် မားနှင့်ပါး ဘယ်လိုဖြစ်မလဲဆိုတာ သူစိတ်ဝင်စားသွားသည်။
နောက်တစ်ပတ်ဆို တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မည်။သူစိတ်လှုပ်ရှားမိသည်။မျှော်လင့်ထားသလို
ဖြစ်ပါစေဆုတောင်းရင်း စိုးတထိတ်ထိတ်နဲ့ ဖြေဆိုခဲ့သည်။
ဘာသာစုံ ၇၃ မှတ်ရရင် တော်ပြီဆိုပြီး ဂုဏ်ထူးမှတ်ကို
ကပ်ဖြုတ် ဖြေဆိုခဲ့သည်။သူ့အတွက်က ဂုဏ်ထူးပါခြင်း
မပါခြင်း သိပ်အရေးမကြီးဘူး။မိမိဘာဖြစ်ချင်သလဲဆိုသည့်
ခေါင်းစဉ်ကို သူတစ်ခါမှ မစဉ်းစားဖူးဘူး။
ဆယ်တန်းကBioဆရာ (ဆရာဝန်)ကို မမအကြောင်းပြောပြ
ပြီး မေးမြန်းခဲ့သည်။ဒါဟာ စိတ်ကျန်းမာရေးချို့ယွင်းသည့်
လက္ခဏာတွေလို့ ဆရာကပြောသည်။သူ့အကူအညီနှင့် မမကို စိတ်ကျန်းမာရေး ဆရာဝန်နှင့် ပြသခဲ့သည်။
မားနှင့်ပါးက အစက လက်မခံဘူး သူတို့မျိုးရိုးထဲမှာ ဒါမျိုးမရှိဘူး။ သူ့သမီး မရူးဘူး ဘယ်ဆရာဝန်နဲ့မှ ပြစရာ မလိုဘူးလို့ အစပိုင်းတုန်းက ငြင်းကြသေးသည်။
သို့ပေမဲ့ မမ၏အခြေအနေ ပိုဆိုးရွှားလာခဲ့သည်။နေ့စဉ်
ပုံမှန်လုပ်ငန်းဆောင်တာတွေဖြစ်သည့်
အလုပ်( Activities of daily living ADLs)
တွေလည်း တစ်ခုမှမလုပ်တော့ဘူး။အဆိုးဆုံးက မိမိကိုယ့်ကို သေကြောင်းကြံစည်လာမှသာ စိတ်ကျန်းမာရေး အထူးကုနှင့် ပြရတော့သည်။
ထို့နေ့က ရေချိုးခန်းထဲမှာ ဆွဲကြိုးချဖို့ ကြံစည်နေသည်ကို တွေ့မှ မားလည်း ပြူးပြူးပြာပြာဖြစ်သွားသည်။ဒါတောင်
မနည်း ပါးကို နားချရသည်။မမက လှုပ်ရှားမှုတောင်
မရှိတော့ဘဲ တော်တော်ငြိမ်သွားသည်။အစားလည်း လုံးဝမစားတော့ဘူး။တချိန်လုံး အသံမထွက်ဘဲ မျက်ရည်တွေပဲ
ကျနေသည်။
နောက်ဆုံး စိတ်ကျန်းမာရေးဆရာဝန်နှင့်ပြရသည်။
ဆရာဝန်ပေးသည့် သောက်ဆေးတွေဝင်မှ မမရောဂါ
လက္ခဏာ တွေသက်သာလာသည်။အစားလည်းဝင် ပုံမှန်အိပ် တစ်ကိုယ်ရည်သန့်ရှင်းရေး (ADLs)လုပ်လာသည်။
"မမ ...ဒီဆေးလေး သောက်လိုက်နော် "
"မမ...အိပ်တော့ "
"မမ... မောင်လေးနဲ့ ထမင်းစားမယ်"
"မမ... ရေချိုးပြီး အလှပြင်တော့... ခြံထဲဆင်း လမ်းလျှောက်
ရအောင်"
မမနားမှာနေပြီး သူဂရုစိုက်ပေးသည်။ဆရာဝန်မှာထား
သည့်အတိုင်း စိတ်ကျဝေဒနာရှင်တွေ ဆေးသောက်ပြီး
နှစ်ပတ်အတွင်း စိတ်တွေ ပြန်တက်/ကြွလာသည့် အခါ
လည်း မိမိကိုယ့်ကို သေကြောင်းကြံစည်တတ်သည်ဆိုပြီး
မှာလိုက်ကတည်းက မမနားမှာသာ တချိန်လုံးနေပေးခဲ့သည်။
ဆေးပုံမှန် သောက်ရင် လူကောင်းတွေလို ပုံမှန်နေထိုင်သွားလို့ ရသည်ဆိုတော့ သူပိုပြီး ဂရုစိုက်သည်။မမကို အားပေး
စကားပြောပြီး ညနေတိုင်း လမ်းထဲမှာပါ လမ်းလျှောက်ဖြစ်
သည်။သူတို့မောင်နှမ နှစ်ယောက်က အပြင်နဲ့ အထိ
အတွေ့နည်းသည်မလား။
မမလည်း အသားအရေက အစပုံမှန်ပြန်ဖြစ်လာသည်။စကားလည်း အကုန်လုံးနှင့်ပုံမှန်ပြန်ပြောနိုင်လာသည်။မမအစား သူတအားဝမ်းသာသည်။မမ၏အပြုံးလေးတွေ သူပြန်မြင်လာရ
ပြီ။
အောင်စာရင်းထွက်တော့ ပါးက သူ့ကို လက်သီးနဲ့ထိုးပါ
သည်။သူက Dတစ်လုံးမှမပါတော့ မမထက်တောင် ပိုဆိုး
သည်။
"တောက်...!!! မိဘမျက်နှာ အိုးမဲသုတ်တဲ့ကောင် ...
တစ်ယောက်လာလည်းဒါ... နောက်တစ်ယောက်က ပိုဆိုး"
"လူညံ့ .. စောက်ဖြစ်ကိုမရှိဘူး"
"ဒါ မင်းတမင်လုပ်တာ... ငါသိတယ်"
"အမလေး !!! ရှေ့လူက တစ်ချက်ခေါက်... နောက်လူက ငါတို့ကို ဆယ်ချက်ခေါက်သွားတယ်"
"မိဘကျေးဇူး မသိတတ်တဲ့ကောင်တွေ... ကောင်မတွေ အားကိုးလို့မရဘူး"
မားရော ပါးပါ ဆူဆဲရိုက်နှက်နေလည်း သူပျော်သည်။မမက သူ့ထက်ပိုတော်သည်လေ။သူကမှ အဆူခံဖို့ လျစ်လျူရှုခံဖို့
ထိုက်တန်သည်မလား။
(AN- ဝါဆိုမိုးမြင့် ဖြစ်သည့်ရောဂါအမည်က Adolescence Depression
(ဆယ်ကျော်သက်အရွယ်စိတ်ကျရောဂါ)ပါ။
စိတ်ကျန်းမာရေးချို့ယွင်းသည့် လူများသည်
ဆေးပုံမှန်သောက်ရင် လူကောင်းပကတိတွေလို
နေထိုင်နိုင်ပါသည်။ကျတော်၏စိတ်ကူးယဉ်သက်သက်ဖြင့်
ဇာတ်လမ်းကို ပုံဖော်ထားပါသည်။မည်သည့်လူတစ်ယောက်ကိုမှ မရည်ညွှန်းထားပါ။တိုက်ဆိုင်မှုရှိသွားလျှင်
ခွင့်လွှတ်ပါ။)
#mamapisi
19.10.2021