အချိန်အားဖြင့် နံနက်ခင်းပိုင်း
ယနေ့ နန်းတက်ပွဲဖြစ်၍ နန်းတွင်းသူ၊
နန်းတွင်းသားများ ပျားပန်းခပ်လှုပ်ရှားသွားလာနေကြသည်။ ဝတ်စားထားသည်များမှာ သာမန်နေ့ထက် ပိုမို သားနားစွာ တင့်တယ်ခြင်းများ တောက်ပနေကြသည်။
ထိုအချိန် စားဖိုဆောင်နားသို့ ခိုးကြောင်ခိုးဝှက်
ဝင်လာသည့် စုတ်ချွန်းချွန်းလူတစ်ယောက်။
ယနေ့လိုနေ့မျိုးတွင် ဘုရင့်ထံဆက်သမည့်
စားဖွယ်သောက်ရာအဖြာဖြာကို သတိထားစောင့်ကြည့်ရသဖြင့် စားဖိုဆောင် အရှေ့ဘက်တွင် ရဲမက်များ
ကင်းလှည့်နေကြသောကြောင့် ဝဲလည်နေသောလူမှာ အချိန်ကောင်းကိုသာ ငံ့လင့်နေဟန်။ သို့သော်
ထိုလူသည် မျက်လုံးများ အရောင်တလဲ့လဲ့ဖြင့်
ရဲမက်များအား တဟုန်ထိုးတိုးတိုက်ပြေးလာကာ စားဖိုဆောင်သို့သာ သဲကြီးမည်းကြီး ဦးတည်ပြေးဝင်သည်။
"ဟေ့ ဟေ့ ဖမ်းကြစမ်း..."
အများနှင့်တစ်ယောက်ဆိုတော့ ဘယ်လောက်မှ
မကြာလိုက်။ ထိုလူကို ဖမ်းမိသွားသည်။
ထိုလူ၏ လက်ထဲတွင် မုန့်ချိုများကို တစ်ဆုပ်တစ်ခဲ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ ထိုမုန့်များမှာ
ဝယ်ရရှားပါးကာ ကောင်းမွန်သော စားဖွယ်များဖြစ်၍
ဘုရင်ကိုယ်တိုင် ရွေးချယ်ထားခဲ့သော
အကောင်းတကာ့အကောင်းဆုံးများပင်။
မျက်လုံးများ တောင်ကြည့်မြောက်ကြည့်ဖြစ်လိုက်၊
မုန့်များကို ကြည့်လိုက်ဖြင့် ပြုံးနေသေးသည်။
မမြင်ဖူးသည့်အရာကို ကြည့်သလို သူ့မျက်နှာမှာ
ကျေနပ်ပျော်ရွှင်နေဟန်သာရှိပြီး သူ့ကို ဖမ်းချုပ်ထားသည်ကိုလည်း သိပုံမပေါ်။
အကြောက်တရားဟူသည် မတွေ့ရ။
*ဖြောင်း...
"ဒါ ဘုရင့်ကို ဆက်သဖို့ အစားအသောက်ကွ၊ မင်းကများ...."
ထိုလူက ရယ်သာရယ်နေပါသည်။
ထိုအခိုက် ခြေလှမ်းကြဲများဖြင့်
လျှောက်လာသံကို ကြားလိုက်ရသည်။
"ဘုရင်မင်းမြတ်လာတယ် အားလုံးဦးညွှတ်ကြစမ်း"
ပြောပြီးသည့်နောက် ဖောင်းဟု မြည်သံကျယ်ကြီးနှင့်အတူ ပိတ်ရိုက်ခံလိုက်ရသော ရယ်နေသောထိုလူ။ နာကျင်မှု၊ အထိတ်တလန့်ရှိမှုကြောင့် လက်ထဲမှ မုန့်များ အားလုံး ပြုတ်ကျသွား၏။
"ငါ့ ငါ့မုန်တွေ ပြန်ကောက်မယ် ဖယ်စမ်း ဖယ်စမ်း အရူးတွေ!"
အရူးတွေဟု ပြောနေသည့် ထိုလူမှာ ချက်ချင်း
ဝမ်းနည်းပက်လက်ထငိုတော့သည်။
"ဟေး... မင်းကများ ငါ့ကိုဆက်သမယ့် မုန့်တွေကိုခိုးရဲတယ်ပေါ့ ဦးဦးဖျားဖျား ပမာမခန့်"
"မုန့်ပြန်ပေး!"
ဘုရင်သည် ထပ်ရိုက်ရန် လက်ရွယ်ချိန်
ဖယိုဖရဲပြေးလာသော လူတစ်ယောက်သည်
သူ့ရှေ့မှောက် ဒူးထောက်ညွတ်တွားလျက်
"ဘ ဘုရင်မင်းမြတ် သူက အစေခံတွေနေတဲ့နေရာက စိတ်မနှံ့နေတဲ့လူပါ၊ ကျွန်တော့် သားပါ ကျွန်တော်ပြန်ခေါ်သွားပါမယ်၊ ခွင့်လွှတ်ပေးပါ အရှင်"
"ငါ့ဘဝမှာ အကောင်းဆိုတဲ့အရာတိုင်း ငါပဲ ပိုင်ရမယ်၊ ဘယ်သူဘယ်ဝါ့ကိုမှ မမျှဝေနိုင်သလို အကောင်းဆုံးဆိုတာတွေကို ငါပဲ ပိုင်ခွင့်ရှိတယ်၊ ထိခွင့်မရှိဘူး သူ့ကိုသတ်လိုက်"
ကျယ်လောင်စူးရှသော ဘုရင်လောင်းလျာ၏အသံကြောင့် ဘေးနားရှိ လူများဖိန့်ဖိန့်တုန်သွားကြပြီး ခန္ဓာကိုယ်သွေးကြောများတစ်လျှောက်
အကြောက်တရားများ ဖြန့်ကြက်ခံလိုက်ရသည်။
"အ ... အရှင် ခွင့်လွှတ်ပေးပါ၊ သနားတော်မူပါ လူလေးက ဘာမှသိတဲ့လူတစ်ယောက်မဟုတ်ပါဘူး၊ အရှင် မကြိုက်ရင် အစေခံတန်းကနေ ဖယ်ပေးပါ့မယ်၊ မ မလုပ်ပါနဲ့"
ဘုရင်သည် တောင်းပန်သံများကို နားထဲ မဝင်။
ဓားကို ဆွဲထုတ်လိုက်ပြီး မုန့်ယူသည့်လူ၏ လည်ပင်းကို အလျားလိုက် လှီးဖြတ်လိုက်သည်။ ဘိုင်းခနဲ မြေပေါ်လဲကျသွားသူမှာ ဆန့်တငင်ငင်။ အသက်ကို လုရှူနေပြီး မျက်လုံးများစင်းလာကာ မလှုပ်ရှားတော့။
မုန့်ယူစားမည့်သည့် စိတ်ရောဂါသည်တစ်ယောက်၏ အဆုံးသတ်ကား မရှုမလှ၊ ကြည့်ရက်စရာပင်မရှိ။
ရက်စက်လှသည့် ထိုဘုရင်။ နီရဲစူးနေသော မျက်လုံးများသည် ကြည့်လိုက်ရုံဖြင့် စိတ်ထဲ အကြောက်တရားများသာ ကြီးစိုးလာစေသည်။
သူသည် ဓားကို ပြန်သိမ်းကာ
"နန်းတက်ပွဲသွားမယ်၊ အရှုပ်ထုပ် အသုံးမဝင်တဲ့လူတွေက သေခြင်းတရားနဲ့ပဲ ထိုက်တယ်"
ထို့အပြင် သူ့စိတ်ထဲ စွဲမြဲနေသော စကားတစ်ခွန်းကို ရွတ်လိုက်သည်။
အကောင်းဆုံးဆိုတာတွေကို ငါပဲ ပိုင်ရမယ်!
ဘုရင် ထွက်သွားနှင့် အသတ်ခံရသောလူ၏
ဖခင်မှာ ရင်ဘတ်များကို တဘုန်းဘုန်းထုရိုက်ကာ
နင့်နင့်နဲနဲ အော်ငိုရှာသည်။ ထို ဘုရင့်ရှေ့မှာသာ
ငိုလျှင် အသတ်သေရကိန်းရှိ၍ ငိုချင်စိတ်ကိုပင်
ဆို့နင့်နေအောင် ထိန်းချုပ်ထားရပါသည်။
ဆိုးရွားလှသည့် ဘုရင်။
**
နန်းရင်ပြင်တွင် အုတ်အာသောင်းသဲစုဝေးနေသော
တိုင်းသူပြည်သားများ၏ အသံများသည် အုတ်အုတ်ကျွတ်ကျွတ် ကျယ်လောင်ဆူညံ၍နေသည်။ သူတို့ မျှော်လင့်ကိုးစားကြသော မင်းသားနှစ်ပါးတွင် တစ်ယောက်က ဘုရင်၊ တစ်ယောက်က သေနာပတိချုပ်အဖြစ် ခန့်အပ်ခံရမည့်နေဖြစ်သဖြင့် ဝမ်းသာ ရွှင်လန်းနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် တိုးတိုက်ရင်း အရှေ့ရောက်ရန် နေရာလုကြသည်။ ပြည်သူများ၏ မျှော်လင့်ချက်များ တလက်လက် ထွန်းတောက်နေကြပေသည်။
တိုင်းပြည်၏ မှူးကြီးမတ်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း နေရာယူပြီးကြပြီ။
ပလ္လင်ပေါ် ထိုင်ရမည့် ဘုရင်ဖြစ်သူနှင့် ပလ္လင်အောက်တစ်ဆင့်နိမ့်သော ခုံတွင်ထိုင်ရမည့် သေနာပတိချုပ်တို့အား တင်မြှောက်ရန်သာ ကျန်သည်။
ပထဦးဆုံး အခမ်းအနားသို့ ဝင်လာသူ ဂျွန်ဧကရီ။
အနုစိတ် ပန်းခတ်နွယ်များပုံဖော်ထားသော အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ကာ တစ်လှမ်းချင်း
ဝင့်ထယ်စွာ လျှောက်လှမ်းလာသည်။ သူမ၏ မျက်နှာတွင် မာန်မာန ပါဝင်သည်။ နှစ်သက်အားရစွာ ကြည်လင်နေသည့် မျက်နှာမဟုတ်။ ဒေါသကို ချုပ်တည်းထားဟန်နှင့် ဝတ္တရားအရသာ လာရသည့် ပုံစံမှာ သိနေသူအားလုံးကတော့ နားလည်ကြသည်။
သူမသည် သက်ဆိုင်ရာခုံတွင် နေရာယူလိုက်လေ၏။
တစ်ပြိုင်နက် တံပိုးမှုတ်သံနှင့်အတူ ဝင်လာသော သေနာပတိချုပ်နှင့်တကွ သူ၏ ဓားတပ်။ ဝူးဝူးဝါးဝါး အော်သံများဖြင့် ပြည်သူများက ကြိုဆိုလိုက်ကြသည်။ သေနာပတိ၏ အသွင်ကား သိက္ခာသမာဓိအပေါင်းဖြင့် တည်ကြည်သည်။ တင်းစေ့ထားသော နှုတ်ခမ်းများက ပြတ်သားသည်။ နက်မှောင်လှသော မျက်ခုံးတန်းများ အုပ်မိုးထားသည့် မျက်လုံးက ရဲရင့်သည်။ တင်းကားနေသော မေးရိုးများကား မာကျောမှု၏ ပြယုဂ်။
သေနာပတိ၏ တပ်ရင်းနောက်တွင် ပါလာသည်က မြင်းခြောက်ကောင်ဆွဲ စစ်ရထားပေါ် စီးနှင်းလာသည့် ဘုရင်မင်းမြတ်။ အသွင်ကား စူးရဲသည်။ နှုတ်ခမ်းများ တစ်ဖက်ကွေး ပြုံးနေပြီး ကျေနပ်အားရသည့်မျက်လုံးများဖြင့် ပလ္လင်ရှိရာ လှမ်းကြည့်နေသည်။
ပြည်သူများကတော့ ကနဦးကအတိုင်း ပွတ်လောထနေသည်။ ရဲမက်များ အားသွန်၍ ထိန်းထားရသည်။
သတ်မှတ်ကန့်သတ်ထားသည့် စည်းကို ကျော်ခွင့်မရှိ။
ဘုရင်မင်းမြတ် ပလ္လင်မြင့်သို့ ကြွရောက် နေရာယူရမည့်အချိန်။ သေနာပတိချုပ်နှင့် သူ၏တပ်ရင်းသည် လမ်း၏ ဘယ်ညာနေရာယူလျက် လျှောက်လှမ်းလာသည့် ဘုရင်အတွက် လမ်းဖယ်ရသည်။ ခေါင်းကိုမော့ရင်ကော့ကာ ရပ်နေသည့် သေနာပတိချုပ်။ တစ်ချိန်တည်း လမ်းပေါ်လျှောက်လှမ်းလာသော ဘုရင်နှင့် ကြဲချလိုက်သော ပန်းမန်များစွာ တလူလူပျံဝဲသွားကြသည်။
ဘုရင် ပလ္လင်ပေါ် မထိုင်ခင် မတ်တပ်ရပ်လျက် မကိုဋ်ဆောင်းပေးမည့် ဧကရီဂျွန်သည် နေရာယူလျက်သား။ ပလ္လင်ဘေးတွင် အဆင်သင့်ထားသော
မကိုဋ်ကိုယူကာ ဘုရင့်ဦးခေါင်းပေါ် ဆောင်းပေးလိုက်သည်။
"တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်သွားပါမည်"
ဟုဘုရင်၏ ကြွေးကြော်သံအဆုံး
"ဝူး ဝူး... ဝူး"
"ဟေး ဟေး"
"ဘုရင်မင်းမြတ်၊ ငါတို့ရဲ့ ဘုရင် သက်တော်ရှည်ပါစေ ဟေး..."
သူမ ချက်ချင်း ပြန်လှည့်၍ ဆင်းရန်အလုပ်
"ကျေနပ်ရဲ့လား ဧကရီဂျွန်"
သြဘာသံများ အာလုပ်သံများ အော်ဟစ်ညံဆူနေသော ပရိတ်သတ်အပေါင်း၏ ကြွေးကြော်သံများကြား နှုတ်ခမ်းလှုပ်ရုံမျှ ပြောသော ဘုရင့်စကားကို လျစ်လျူရှူကာ သူမသည် သေနာပတိချုပ်အတွက် မကိုဋ်ဆောင်းပေးရန်သာ ဦးတည်လိုက်၏။
"ပြည်သူတွေအတွက် တရားမျှတမှု၊ အချုပ်အခြာတည်မြဲရေးအတွက် ဘက်လိုက်ခြင်းမရှိဘဲ ကာကွယ်သွားပါမည်ဟု လေးနက်စွာ ကျိန်ဆိုပါသည်"
"ဟေး .... ဂျူရဲ့ အသည်းနှလုံး၊ သေနာပတိချုပ် သက်တော်ရှည်ပါစေ"
အချိန်တစ်ခုအထိ ကျယ်လောင်ဟိန်းထွက်နေသော ကောင်းချီးသြဘာပေးသံများ ငြိမ်သွားကာဖျော်ဖြေပွဲအတွက် စောင့်စားနေကြသည်။ ပွဲဦးထွက် ဖျော်ဖြေရမည်မှာ အသစ်ရောက်လာသော ဟွားမှ မင်းသားငယ်ဟု မသိကြသေး။ ဘယ်သူဘယ်ဝါ ဖြစ်မည်မှန်း မျှော်နေကြ၏။ လှပ၍ သန့်စင်သူများသာ ဖျော်ဖြေခွင့်ရှိသောကြောင့် အသစ်စက်စက်ဖြစ်လိမ့်မည်ဟု အားလုံးသိထားကြသဖြင့် ပိုလို့ပင် မြင်ချင်တွေ့ချင်စိတ်များနေကြပေသည်။ ဘယ်လောက် လှကြောင်း၊ ပကြောင်းလည်း သိချင်ဇောများနေကြမှာ ဧကန်ပင်။
စိတ်ဝင်တစား စောင့်မျှော်နေသော လူအုပ်ကြီး၏
အသံများ ရှဲခနဲ တိတ်ဆိတ်သွားလေပြီ။
မြင်လိုက်ရသည်ကား တစ်စုံတစ်ရာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ ရဲဝံ့သောညီညာညာခြေလှမ်းများနှင့် အခမ်းအနားတွင်း လျှောက်လာသော ဖိတ်ခေါ်လိုက်သည့် အမျိုးသား ကချေသည် ထယ်ယောင်း။ ဘေးဘီပတ်လည် တစ်ချက်မျှ မကြည့်ဘဲ တန်းတန်းမတ်မတ် သွားနေသည်က ဘုရင့်ပလ္လင်ရှိရာဆီ။ အားလုံးအတွက် အထူးအဆန်းပင်။ ကချေသည်တစ်ယောက်မှမဟုတ် မည်သူဖြစ်စေ ထိုသို့ ပြုမူခွင့်မရှိ။ ထယ်ယောင်း
ဘုရင့်ပလ္လင် ခြေရင်းသို့ မရောက်မီ အမတ်တွေထဲမှ တစ်ယောက်က ထရပ်လိုက်ကာ
"ရိုင်းပြလိုက်တာ၊ ဒီလို လုပ်ခွင့်မရှိဘူးဆိုတာ မင်း နားမလည်ဘူးလား ... ကိုယ့်အလုပ်ကို လုပ်လေ! ..."
ဤသို့ဆိုသည့်တိုင် ထယ်ယောင်းသည် ဆက်သွားနေမြဲ။ ထိုအမတ်သည် ဘုရင့်ကို လှမ်းကြည့်ကာ တစ်ခုခုပြောရန် ပြင်စဉ် လက်ကာ ပြလိုက်သော ဘုရင်။
ထယ်ယောင်းသည် အဝတ်တစ်စုံနှင့် ချူလုံးများကို ဘုရင့်ခြေရင်း၌ ချလိုက်သည်။ ထို့နောက် ထယ်ယောင်း၏ မျက်လုံးများက အမတ်ရှိရာသို့
တစ်ချက်ကြည့်ပြီးသည်နှင့် ဘုရင့်ကို ပြန်ကြည့်လျက်
"ဒါ ရိုင်းပြတာမဟုတ်ပါဘူး၊ ဂုဏ်ကိုဆည်တာပါ"
ဘုရင်က ထယ်ယောင်းကိုသာ ကြည့်ပြီး
နှုတ်ဆိတ်နေသေး၏။
"ကျွန်တော်ကဟွားက ဧည့်သည်ပါ"
သေနာပတိချုပ်လည်း ထယ်ယောင်းကိုမြင်၍
အံ့အားသင့်သွားရသည်။ ထို့နောက်
ဒေါသများကြောင့် မေးရိုးများထင်းနေသေး၏။
ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး
"အဲ့ဒါ ငါရဲ့ဧည့်သည်တော်၊ သူသာ ငါ့ကို ဆေးကုမပေးခဲ့ရင် ဒီအချိန်မှာ သေနာပတိချုပ်ဂျွန်ဂျောင်ဂုဆိုတာ ရှိလာမှာ မဟုတ်ဘူး မင်းတို့ကမှ ရိုင်းပြတာ!!"
သေနာပတိချုပ်၏ အသံက အတော်ကြီးပင် ကျယ်၍ အားလုံး တိခနဲ ငြိမ်ကျသွားသည်။ ဂျွန်ဂျောင်ဂုက မရက်စက်တတ်သော်လည်း ဒေါသအလွန်ကြီးသည်။ စိတ်မြန်လက်မြန် တစ်ခုခုဆို လက်ပါလိုက်ရမှ ကျေနပ်သည့်လူ။
အားလုံး အသံများ ပြန်ထွက်လာကြသည်။
ဘုရင်က
"ပြန်ထိုင် ဂျောင် ...၊ စိတ်အေးအေးထား!"
ဂျွန်ဂျောင်ဂုသည် ထယ်ယောင်းကိုသာ စိုက်ကြည့်လျက်ရှိနေသည်။ သို့သော် မျက်လုံးများတွင် ဒေါသများ အပြည့်ဖြစ်၏။ ထယ်ယောင်းကို ဒေါသထွက်နေဟန်တော့မဟုတ်။ သူ့ဒေါသများ မပြေသေး၍သာ
ထိုအတိုင်းတိုင်း ကြည့်နေခြင်းဖြစ်သည်။
"သေနာပတိကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းနာမည် ဘာလဲ"
"ကင်မ်ထယ်ယောင်း"
ဘုရင့်နားထဲတွင် 'ကင်မ်ထယ်ယောင်း'ဟူသော နာမက ပဲ့တင်ထပ်နေသည့်အလျောက် စိတ်နှလုံးတွင် ပိုင်ဆိုင်ချင်စိတ်များကြီးစိုးလာ၏။ ကင်မ်ထယ်ယောင်းသည် တုလွတ်ကင်းသော အလှမျိုး။ ထူးဆန်းသည့် မျက်လုံးစိမ်းများကား ညှို့ဓာတ်တစ်မျိုး။ အလှဆုံးတွေသာ ပိုင်ထားသည့် ကင်မ်ထယ်ယောင်း။ မင်းက ငါ့ရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်သင့်တာ။
"တိုင်းပြည်ရဲ့ ဓားတစ်လက်ကို ကယ်တင်ပေးတဲ့အတွက် လက်ဆောင်တစ်ခု တောင်းပါ ထယ်ယောင်း"
"သေနာပတိချုပ်"
ဟင်ခနဲ အသံများ လွင့်ပျံ့လာ၏။
မှန်သည်။ ထယ်ယောင်း တောင်းလိုက်သည့်လက်ဆောင်ကား သေနာပတိချုပ် ဂျွန်ဂျောင်ဂုကိုပင်။
မျက်နှာပျက်သွားသော ဘုရင်သည်
မျက်နှာကို ထပ်ပြီးတည်တင်းမိသွား၏။
"ကင်မ်ထယ်ယောင်း တိုင်းပြည်ရဲ့ ဓားတစ်လက်ကို တောင်းတာက ပြစ်ဒဏ်မြောက်တယ်!"
ထယ်ယောင်း၏ နှုတ်ခမ်းပါးလေးသည်
လှုပ်သည်ဆိုရုံသာ ခပ်ရေးရေးမျှ တွန့်သွား၏။
"အချစ်အတွက်ဆို ရူးမိုက်ရဲပါတယ်... အပြစ်ပေးပါ"
ဘုရင့် ရင်ထဲဝယ် ဒေါသများ ထောင်းခနဲထသွားသည်။
ဘာတဲ့ အချစ်အတွက်၊ အဲ့သည့် အချစ်က ဂျွန်ဂျောင်ဂုပေါ့လေ။ ဂျွန်ဂျောင်ဂု မင်းက ဆုံးရှုံးမှုတစ်ခုရှိပေမယ့် နောက်ထပ် ဆုလာဘ်တစ်ခု ထပ်ရခဲ့တာပါလား!။
"ကင်မ်ထယ်ယောင်း သွားတော့"
ထယ်ယောင်း ဘုရင်၏ စကားအဆုံး
ဂျွန့်အား တစ်ချက်ကြည့်ကာ
"အဲ့ဒီလက်ဆောင်ကိုပဲ ယူပါမယ်"
ဟု ပြောပြီးအခမ်းအနားမှ ထွက်လာခဲ့သည်။
ဂျွန့်ခန္ဓာကိုယ် တစ်ခုလုံး ထယ်ယောင်း၏ နောက်သို့ ပြေးလိုက်ချင်စိတ်များကို ခက်ခဲစွာ ချုပ်တည်းထားရပြီး အခမ်းအနားပြီးသည်အထိ စောင့်ရတော့၏။
အခမ်းအနားပြီးသည့်တစ်ပြိုင်နက်
ခြေလှမ်းကြဲများဖြင့် လျင်မြန်စွာ ထွက်လာသော ဂျွန်။
ဘုရင်သည်လည်း အဆောင်သို့ ဒေါသမျက်ဝန်းများ၊ မကျေနပ်ခြင်းများဖြင့် ဦးတည်ခဲ့သည်။
**
ထယ်ယောင်းအား ချယ်ရီမြိုင်တွင် မထားတော့ဘဲ
ဧည့်ဆောင်သို့ ပို့လိုက်ကြသည်။ သို့သော် ဂျွန်ဧကရီ၏ ရံရွေတော်များဖြစ်၍ ဧည့်ဆောင်သစ်သို့မပို့ကြဘဲ နုံချာချာ နေရာဟောင်းတစ်ခုသို့သာ ရောက်လာရပြန်သည်။
"ထယ်ယောင်း ကျွန်မတို့ ပြန်ကြမလား၊ အရင်ကတော့ ပြည့်တန်ဆာတွေနဲ့အတူ နိမ့်ကျစွာ ထားတယ်၊ အခုလည်း စုတ်ချာချာ နေရာကို ရောက်ရပြန်ပြီ"
" ...."
"ထယ်ယောင်းမှာ မာနတွေ မရှိတော့ဘူးလား၊ ထယ်ယောင်း!"
အထိန်းတော်အွန်းတစ်ယောက်ခမျာ အားမလိုအားမရဖြစ်လွန်းကာ အသံပင် ကျယ်မိသွားတော့သည်။
"အထိန်းတော်အွန်း! မာနမရှိတော့တာမဟုတ်ဘူး အချစ်မှာ မာနထားလို့မရတာ"
"ဘာလို့လဲ ထယ်ယောင်းရဲ့ ဘာလို့လဲ၊ ကျွန်မ မကြည့်ရက်ဘူး ပြန်ရအောင်ပါ ..."
ဂျိမ်းဟု တံခါးဖွင့်လိုက်သော အသံသည် လေးလေးပင်ပင်ရှိလှသည်။ အထိန်းတော်အွန်းနှင့် ထယ်ယောင်းလည်း တံခါးဖွင့်သံကြောင့် စကားရပ်သွားသည်။
"ထယ်ယောင်း မင်းတောင်းခဲ့တဲ့ ကိုယ် ရောက်လာပြီလေ"
ထယ်ယောင်း၏ စိမ်းမြမြမျက်ဝန်းများ ပျော်ရွှင်သွားကာ ဂျွန့်ဆီ ခပ်မြန်မြန်သွားမိတော့သည်။
အထိန်းတော်အွန်းသည် သက်ပြင်းချ၍
ရှောင်ထွက်သွားသည်။
-Emerald Green-
မျက်မှန်ပါဝါချိန်းထားတော့
ပါဝါအသစ်နဲ့နေသားမကျသေးလို့
နားနားပြီးရေးနေတာမို့ ကြာသွားတာရယ်💙
Zawgyi
အခ်ိန္အားျဖင့္ နံနက္ခင္းပိုင္း
ယေန႔ နန္းတက္ပြဲျဖစ္၍ နန္းတြင္းသူ၊
နန္းတြင္းသားမ်ား ပ်ားပန္းခပ္လွုပ္ရွားသြားလာေနၾကသည္။ ဝတ္စားထားသည္မ်ားမွာ သာမန္ေန႔ထက္ ပိုမို သားနားစြာ တင့္တယ္ျခင္းမ်ား ေတာက္ပေနၾကသည္။
ထိုအခ်ိန္ စားဖိုေဆာင္နားသို႔ ခိုးေၾကာင္ခိုးဝွက္
ဝင္လာသည့္ စုတ္ခၽြန္းခၽြန္းလူတစ္ေယာက္။
ယေန႔လိုေန႔မ်ိဳးတြင္ ဘုရင့္ထံဆက္သမည့္
စားဖြယ္ေသာက္ရာအျဖာျဖာကို သတိထားေစာင့္ၾကည့္ရသျဖင့္ စားဖိုေဆာင္ အေရွ႕ဘက္တြင္ ရဲမက္မ်ား
ကင္းလွည့္ေနၾကေသာေၾကာင့္ ဝဲလည္ေနေသာလူမွာ အခ်ိန္ေကာင္းကိုသာ ငံ့လင့္ေနဟန္။ သို႔ေသာ္
ထိုလူသည္ မ်က္လုံးမ်ား အေရာင္တလဲ့လဲ့ျဖင့္
ရဲမက္မ်ားအား တဟုန္ထိုးတိုးတိုက္ေျပးလာကာ စားဖိုေဆာင္သို႔သာ သဲႀကီးမည္းႀကီး ဦးတည္ေျပးဝင္သည္။
"ေဟ့ ေဟ့ ဖမ္းၾကစမ္း..."
အမ်ားႏွင့္တစ္ေယာက္ဆိုေတာ့ ဘယ္ေလာက္မွ
မၾကာလိုက္။ ထိုလူကို ဖမ္းမိသြားသည္။
ထိုလူ၏ လက္ထဲတြင္ မုန့္ခ်ိဳမ်ားကို တစ္ဆုပ္တစ္ခဲ
က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။ ထိုမုန့္မ်ားမွာ
ဝယ္ရရွားပါးကာ ေကာင္းမြန္ေသာ စားဖြယ္မ်ားျဖစ္၍
ဘုရင္ကိုယ္တိုင္ ေရြးခ်ယ္ထားခဲ့ေသာ
အေကာင္းတကာ့အေကာင္းဆုံးမ်ားပင္။
မ်က္လုံးမ်ား ေတာင္ၾကည့္ေျမာက္ၾကည့္ျဖစ္လိုက္၊
မုန့္မ်ားကို ၾကည့္လိုက္ျဖင့္ ျပဳံးေနေသးသည္။
မျမင္ဖူးသည့္အရာကို ၾကည့္သလို သူ႔မ်က္ႏွာမွာ
ေက်နပ္ေပ်ာ္ရႊင္ေနဟန္သာရွိၿပီး သူ႔ကို ဖမ္းခ်ဳပ္ထားသည္ကိုလည္း သိပုံမေပၚ။
အေၾကာက္တရားဟူသည္ မေတြ႕ရ။
*ေျဖာင္း...
"ဒါ ဘုရင့္ကို ဆက္သဖို႔ အစားအေသာက္ကြ၊ မင္းကမ်ား...."
ထိုလူက ရယ္သာရယ္ေနပါသည္။
ထိုအခိုက္ ေျခလွမ္းၾကဲမ်ားျဖင့္
ေလၽွာက္လာသံကို ၾကားလိုက္ရသည္။
"ဘုရင္မင္းျမတ္လာတယ္ အားလုံးဦးညႊတ္ၾကစမ္း"
ေျပာၿပီးသည့္ေနာက္ ေဖာင္းဟု ျမည္သံက်ယ္ႀကီးႏွင့္အတူ ပိတ္ရိုက္ခံလိုက္ရေသာ ရယ္ေနေသာထိုလူ။ နာက်င္မွု၊ အထိတ္တလန့္ရွိမွုေၾကာင့္ လက္ထဲမွ မုန့္မ်ား အားလုံး ျပဳတ္က်သြား၏။
"ငါ့ ငါ့မုန္ေတြ ျပန္ေကာက္မယ္ ဖယ္စမ္း ဖယ္စမ္း အ႐ူးေတြ!"
အ႐ူးေတြဟု ေျပာေနသည့္ ထိုလူမွာ ခ်က္ခ်င္း
ဝမ္းနည္းပက္လက္ထငိုေတာ့သည္။
"ေဟး... မင္းကမ်ား ငါ့ကိုဆက္သမယ့္ မုန့္ေတြကိုခိုးရဲတယ္ေပါ့ ဦးဦးဖ်ားဖ်ား ပမာမခန့္"
"မုန့္ျပန္ေပး!"
ဘုရင္သည္ ထပ္ရိုက္ရန္ လက္ရြယ္ခ်ိန္
ဖယိုဖရဲေျပးလာေသာ လူတစ္ေယာက္သည္
သူ႔ေရွ႕ေမွာက္ ဒူးေထာက္ညြတ္တြားလ်က္
"ဘ ဘုရင္မင္းျမတ္ သူက အေစခံေတြေနတဲ့ေနရာက စိတ္မႏွံ့ေနတဲ့လူပါ၊ ကၽြန္ေတာ့္ သားပါ ကၽြန္ေတာ္ျပန္ေခၚသြားပါမယ္၊ ခြင့္လႊတ္ေပးပါ အရွင္"
"ငါ့ဘဝမွာ အေကာင္းဆိုတဲ့အရာတိုင္း ငါပဲ ပိုင္ရမယ္၊ ဘယ္သူဘယ္ဝါ့ကိုမွ မမၽွေဝနိုင္သလို အေကာင္းဆုံးဆိုတာေတြကို ငါပဲ ပိုင္ခြင့္ရွိတယ္၊ ထိခြင့္မရွိဘူး သူ႔ကိုသတ္လိုက္"
က်ယ္ေလာင္စူးရွေသာ ဘုရင္ေလာင္းလ်ာ၏အသံေၾကာင့္ ေဘးနားရွိ လူမ်ားဖိန့္ဖိန့္တုန္သြားၾကၿပီး ခႏၶာကိုယ္ေသြးေၾကာမ်ားတစ္ေလၽွာက္
အေၾကာက္တရားမ်ား ျဖန့္ၾကက္ခံလိုက္ရသည္။
"အ ... အရွင္ ခြင့္လႊတ္ေပးပါ၊ သနားေတာ္မူပါ လူေလးက ဘာမွသိတဲ့လူတစ္ေယာက္မဟုတ္ပါဘူး၊ အရွင္ မႀကိဳက္ရင္ အေစခံတန္းကေန ဖယ္ေပးပါ့မယ္၊ မ မလုပ္ပါနဲ႔"
ဘုရင္သည္ ေတာင္းပန္သံမ်ားကို နားထဲ မဝင္။
ဓားကို ဆြဲထုတ္လိုက္ၿပီး မုန့္ယူသည့္လူ၏ လည္ပင္းကို အလ်ားလိုက္ လွီးျဖတ္လိုက္သည္။ ဘိုင္းခနဲ ေျမေပၚလဲက်သြားသူမွာ ဆန့္တငင္ငင္။ အသက္ကို လုရွူေနၿပီး မ်က္လုံးမ်ားစင္းလာကာ မလွုပ္ရွားေတာ့။
မုန့္ယူစားမည့္သည့္ စိတ္ေရာဂါသည္တစ္ေယာက္၏ အဆုံးသတ္ကား မရွုမလွ၊ ၾကည့္ရက္စရာပင္မရွိ။
ရက္စက္လွသည့္ ထိုဘုရင္။ နီရဲစူးေနေသာ မ်က္လုံးမ်ားသည္ ၾကည့္လိုက္႐ုံျဖင့္ စိတ္ထဲ အေၾကာက္တရားမ်ားသာ ႀကီးစိုးလာေစသည္။
သူသည္ ဓားကို ျပန္သိမ္းကာ
"နန္းတက္ပြဲသြားမယ္၊ အရွုပ္ထုပ္ အသုံးမဝင္တဲ့လူေတြက ေသျခင္းတရားနဲ႔ပဲ ထိုက္တယ္"
ထို႔အျပင္ သူ႔စိတ္ထဲ စြဲျမဲေနေသာ စကားတစ္ခြန္းကို ရြတ္လိုက္သည္။
အေကာင္းဆုံးဆိုတာေတြကို ငါပဲ ပိုင္ရမယ္!
ဘုရင္ ထြက္သြားႏွင့္ အသတ္ခံရေသာလူ၏
ဖခင္မွာ ရင္ဘတ္မ်ားကို တဘုန္းဘုန္းထုရိုက္ကာ
နင့္နင့္နဲနဲ ေအာ္ငိုရွာသည္။ ထို ဘုရင့္ေရွ႕မွာသာ
ငိုလၽွင္ အသတ္ေသရကိန္းရွိ၍ ငိုခ်င္စိတ္ကိုပင္
ဆို႔နင့္ေနေအာင္ ထိန္းခ်ဳပ္ထားရပါသည္။
ဆိုးရြားလွသည့္ ဘုရင္။
**
နန္းရင္ျပင္တြင္ အုတ္အာေသာင္းသဲစုေဝးေနေသာ
တိုင္းသူျပည္သားမ်ား၏ အသံမ်ားသည္ အုတ္အုတ္ကၽြတ္ကၽြတ္ က်ယ္ေလာင္ဆူညံ၍ေနသည္။ သူတို႔ ေမၽွာ္လင့္ကိုးစားၾကေသာ မင္းသားႏွစ္ပါးတြင္ တစ္ေယာက္က ဘုရင္၊ တစ္ေယာက္က ေသနာပတိခ်ဳပ္အျဖစ္ ခန့္အပ္ခံရမည့္ေနျဖစ္သျဖင့္ ဝမ္းသာ ရႊင္လန္းေနၾကသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ တိုးတိုက္ရင္း အေရွ႕ေရာက္ရန္ ေနရာလုၾကသည္။ ျပည္သူမ်ား၏ ေမၽွာ္လင့္ခ်က္မ်ား တလက္လက္ ထြန္းေတာက္ေနၾကေပသည္။
တိုင္းျပည္၏ မွူးႀကီးမတ္ရာမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားလည္း ေနရာယူၿပီးၾကၿပီ။
ပလႅင္ေပၚ ထိုင္ရမည့္ ဘုရင္ျဖစ္သူႏွင့္ ပလႅင္ေအာက္တစ္ဆင့္နိမ့္ေသာ ခုံတြင္ထိုင္ရမည့္ ေသနာပတိခ်ဳပ္တို႔အား တင္ေျမႇာက္ရန္သာ က်န္သည္။
ပထဦးဆုံး အခမ္းအနားသို႔ ဝင္လာသူ ဂၽြန္ဧကရီ။
အႏုစိတ္ ပန္းခတ္ႏြယ္မ်ားပုံေဖာ္ထားေသာ အျပာေရာင္ ဝတ္စုံရွည္ကို ဝတ္ဆင္ကာ တစ္လွမ္းခ်င္း
ဝင့္ထယ္စြာ ေလၽွာက္လွမ္းလာသည္။ သူမ၏ မ်က္ႏွာတြင္ မာန္မာန ပါဝင္သည္။ ႏွစ္သက္အားရစြာ ၾကည္လင္ေနသည့္ မ်က္ႏွာမဟုတ္။ ေဒါသကို ခ်ဳပ္တည္းထားဟန္ႏွင့္ ဝတၱရားအရသာ လာရသည့္ ပုံစံမွာ သိေနသူအားလုံးကေတာ့ နားလည္ၾကသည္။
သူမသည္ သက္ဆိုင္ရာခုံတြင္ ေနရာယူလိုက္ေလ၏။
တစ္ၿပိဳင္နက္ တံပိုးမွုတ္သံႏွင့္အတူ ဝင္လာေသာ ေသနာပတိခ်ဳပ္ႏွင့္တကြ သူ၏ ဓားတပ္။ ဝူးဝူးဝါးဝါး ေအာ္သံမ်ားျဖင့္ ျပည္သူမ်ားက ႀကိဳဆိုလိုက္ၾကသည္။ ေသနာပတိ၏ အသြင္ကား သိကၡာသမာဓိအေပါင္းျဖင့္ တည္ၾကည္သည္။ တင္းေစ့ထားေသာ ႏွုတ္ခမ္းမ်ားက ျပတ္သားသည္။ နက္ေမွာင္လွေသာ မ်က္ခုံးတန္းမ်ား အုပ္မိုးထားသည့္ မ်က္လုံးက ရဲရင့္သည္။ တင္းကားေနေသာ ေမးရိုးမ်ားကား မာေက်ာမွု၏ ျပယုဂ္။
ေသနာပတိ၏ တပ္ရင္းေနာက္တြင္ ပါလာသည္က ျမင္းေျခာက္ေကာင္ဆြဲ စစ္ရထားေပၚ စီးႏွင္းလာသည့္ ဘုရင္မင္းျမတ္။ အသြင္ကား စူးရဲသည္။ ႏွုတ္ခမ္းမ်ား တစ္ဖက္ေကြး ျပဳံးေနၿပီး ေက်နပ္အားရသည့္မ်က္လုံးမ်ားျဖင့္ ပလႅင္ရွိရာ လွမ္းၾကည့္ေနသည္။
ျပည္သူမ်ားကေတာ့ ကနဦးကအတိုင္း ပြတ္ေလာထေနသည္။ ရဲမက္မ်ား အားသြန္၍ ထိန္းထားရသည္။
သတ္မွတ္ကန့္သတ္ထားသည့္ စည္းကို ေက်ာ္ခြင့္မရွိ။
ဘုရင္မင္းျမတ္ ပလႅင္ျမင့္သို႔ ႂကြေရာက္ ေနရာယူရမည့္အခ်ိန္။ ေသနာပတိခ်ဳပ္ႏွင့္ သူ၏တပ္ရင္းသည္ လမ္း၏ ဘယ္ညာေနရာယူလ်က္ ေလၽွာက္လွမ္းလာသည့္ ဘုရင္အတြက္ လမ္းဖယ္ရသည္။ ေခါင္းကိုေမာ့ရင္ေကာ့ကာ ရပ္ေနသည့္ ေသနာပတိခ်ဳပ္။ တစ္ခ်ိန္တည္း လမ္းေပၚေလၽွာက္လွမ္းလာေသာ ဘုရင္ႏွင့္ ၾကဲခ်လိုက္ေသာ ပန္းမန္မ်ားစြာ တလူလူပ်ံဝဲသြားၾကသည္။
ဘုရင္ ပလႅင္ေပၚ မထိုင္ခင္ မတ္တပ္ရပ္လ်က္ မကိုဋ္ေဆာင္းေပးမည့္ ဧကရီဂၽြန္သည္ ေနရာယူလ်က္သား။ ပလႅင္ေဘးတြင္ အဆင္သင့္ထားေသာ
မကိုဋ္ကိုယူကာ ဘုရင့္ဦးေခါင္းေပၚ ေဆာင္းေပးလိုက္သည္။
"တိုင္းျပည္ကို အသက္ေပးၿပီး ကာကြယ္သြားပါမည္"
ဟုဘုရင္၏ ေႂကြးေၾကာ္သံအဆုံး
"ဝူး ဝူး... ဝူး"
"ေဟး ေဟး"
"ဘုရင္မင္းျမတ္၊ ငါတို႔ရဲ့ ဘုရင္ သက္ေတာ္ရွည္ပါေစ ေဟး..."
သူမ ခ်က္ခ်င္း ျပန္လွည့္၍ ဆင္းရန္အလုပ္
"ေက်နပ္ရဲ့လား ဧကရီဂၽြန္"
ၾသဘာသံမ်ား အာလုပ္သံမ်ား ေအာ္ဟစ္ညံဆူေနေသာ ပရိတ္သတ္အေပါင္း၏ ေႂကြးေၾကာ္သံမ်ားၾကား ႏွုတ္ခမ္းလွုပ္႐ုံမၽွ ေျပာေသာ ဘုရင့္စကားကို လ်စ္လ်ဴရွူကာ သူမသည္ ေသနာပတိခ်ဳပ္အတြက္ မကိုဋ္ေဆာင္းေပးရန္သာ ဦးတည္လိုက္၏။
"ျပည္သူေတြအတြက္ တရားမၽွတမွု၊ အခ်ဳပ္အျခာတည္ျမဲေရးအတြက္ ဘက္လိုက္ျခင္းမရွိဘဲ ကာကြယ္သြားပါမည္ဟု ေလးနက္စြာ က်ိန္ဆိုပါသည္"
"ေဟး .... ဂ်ဴရဲ့ အသည္းႏွလုံး၊ ေသနာပတိခ်ဳပ္ သက္ေတာ္ရွည္ပါေစ"
အခ်ိန္တစ္ခုအထိ က်ယ္ေလာင္ဟိန္းထြက္ေနေသာ ေကာင္းခ်ီးၾသဘာေပးသံမ်ား ၿငိမ္သြားကာေဖ်ာ္ေျဖပြဲအတြက္ ေစာင့္စားေနၾကသည္။ ပြဲဦးထြက္ ေဖ်ာ္ေျဖရမည္မွာ အသစ္ေရာက္လာေသာ ဟြားမွ မင္းသားငယ္ဟု မသိၾကေသး။ ဘယ္သူဘယ္ဝါ ျဖစ္မည္မွန္း ေမၽွာ္ေနၾက၏။ လွပ၍ သန့္စင္သူမ်ားသာ ေဖ်ာ္ေျဖခြင့္ရွိေသာေၾကာင့္ အသစ္စက္စက္ျဖစ္လိမ့္မည္ဟု အားလုံးသိထားၾကသျဖင့္ ပိုလို႔ပင္ ျမင္ခ်င္ေတြ႕ခ်င္စိတ္မ်ားေနၾကေပသည္။ ဘယ္ေလာက္ လွေၾကာင္း၊ ပေၾကာင္းလည္း သိခ်င္ေဇာမ်ားေနၾကမွာ ဧကန္ပင္။
စိတ္ဝင္တစား ေစာင့္ေမၽွာ္ေနေသာ လူအုပ္ႀကီး၏
အသံမ်ား ရွဲခနဲ တိတ္ဆိတ္သြားေလၿပီ။
ျမင္လိုက္ရသည္ကား တစ္စုံတစ္ရာကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ထားကာ ရဲဝံ့ေသာညီညာညာေျခလွမ္းမ်ားႏွင့္ အခမ္းအနားတြင္း ေလၽွာက္လာေသာ ဖိတ္ေခၚလိုက္သည့္ အမ်ိဳးသား ကေခ်သည္ ထယ္ေယာင္း။ ေဘးဘီပတ္လည္ တစ္ခ်က္မၽွ မၾကည့္ဘဲ တန္းတန္းမတ္မတ္ သြားေနသည္က ဘုရင့္ပလႅင္ရွိရာဆီ။ အားလုံးအတြက္ အထူးအဆန္းပင္။ ကေခ်သည္တစ္ေယာက္မွမဟုတ္ မည္သူျဖစ္ေစ ထိုသို႔ ျပဳမူခြင့္မရွိ။ ထယ္ေယာင္း
ဘုရင့္ပလႅင္ ေျခရင္းသို႔ မေရာက္မီ အမတ္ေတြထဲမွ တစ္ေယာက္က ထရပ္လိုက္ကာ
"ရိုင္းျပလိုက္တာ၊ ဒီလို လုပ္ခြင့္မရွိဘူးဆိုတာ မင္း နားမလည္ဘူးလား ... ကိုယ့္အလုပ္ကို လုပ္ေလ! ..."
ဤသို႔ဆိုသည့္တိုင္ ထယ္ေယာင္းသည္ ဆက္သြားေနျမဲ။ ထိုအမတ္သည္ ဘုရင့္ကို လွမ္းၾကည့္ကာ တစ္ခုခုေျပာရန္ ျပင္စဥ္ လက္ကာ ျပလိုက္ေသာ ဘုရင္။
ထယ္ေယာင္းသည္ အဝတ္တစ္စုံႏွင့္ ခ်ဴလုံးမ်ားကို ဘုရင့္ေျခရင္း၌ ခ်လိုက္သည္။ ထို႔ေနာက္ ထယ္ေယာင္း၏ မ်က္လုံးမ်ားက အမတ္ရွိရာသို႔
တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္ ဘုရင့္ကို ျပန္ၾကည့္လ်က္
"ဒါ ရိုင္းျပတာမဟုတ္ပါဘူး၊ ဂုဏ္ကိုဆည္တာပါ"
ဘုရင္က ထယ္ေယာင္းကိုသာ ၾကည့္ၿပီး
ႏွုတ္ဆိတ္ေနေသး၏။
"ကၽြန္ေတာ္ကဟြားက ဧည့္သည္ပါ"
ေသနာပတိခ်ဳပ္လည္း ထယ္ေယာင္းကိုျမင္၍
အံ့အားသင့္သြားရသည္။ ထို႔ေနာက္
ေဒါသမ်ားေၾကာင့္ ေမးရိုးမ်ားထင္းေနေသး၏။
ထိုင္ေနရာမွ ဝုန္းခနဲ ထရပ္ၿပီး
"အဲ့ဒါ ငါရဲ့ဧည့္သည္ေတာ္၊ သူသာ ငါ့ကို ေဆးကုမေပးခဲ့ရင္ ဒီအခ်ိန္မွာ ေသနာပတိခ်ဳပ္ဂၽြန္ေဂ်ာင္ဂုဆိုတာ ရွိလာမွာ မဟုတ္ဘူး မင္းတို႔ကမွ ရိုင္းျပတာ!!"
ေသနာပတိခ်ဳပ္၏ အသံက အေတာ္ႀကီးပင္ က်ယ္၍ အားလုံး တိခနဲ ၿငိမ္က်သြားသည္။ ဂၽြန္ေဂ်ာင္ဂုက မရက္စက္တတ္ေသာ္လည္း ေဒါသအလြန္ႀကီးသည္။ စိတ္ျမန္လက္ျမန္ တစ္ခုခုဆို လက္ပါလိုက္ရမွ ေက်နပ္သည့္လူ။
အားလုံး အသံမ်ား ျပန္ထြက္လာၾကသည္။
ဘုရင္က
"ျပန္ထိုင္ ေဂ်ာင္ ...၊ စိတ္ေအးေအးထား!"
ဂၽြန္ေဂ်ာင္ဂုသည္ ထယ္ေယာင္းကိုသာ စိုက္ၾကည့္လ်က္ရွိေနသည္။ သို႔ေသာ္ မ်က္လုံးမ်ားတြင္ ေဒါသမ်ား အျပည့္ျဖစ္၏။ ထယ္ေယာင္းကို ေဒါသထြက္ေနဟန္ေတာ့မဟုတ္။ သူ႔ေဒါသမ်ား မေျပေသး၍သာ
ထိုအတိုင္းတိုင္း ၾကည့္ေနျခင္းျဖစ္သည္။
"ေသနာပတိကို ကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ မင္းနာမည္ ဘာလဲ"
"ကင္မ္ထယ္ေယာင္း"
ဘုရင့္နားထဲတြင္ 'ကင္မ္ထယ္ေယာင္း'ဟူေသာ နာမက ပဲ့တင္ထပ္ေနသည့္အေလ်ာက္ စိတ္ႏွလုံးတြင္ ပိုင္ဆိုင္ခ်င္စိတ္မ်ားႀကီးစိုးလာ၏။ ကင္မ္ထယ္ေယာင္းသည္ တုလြတ္ကင္းေသာ အလွမ်ိဳး။ ထူးဆန္းသည့္ မ်က္လုံးစိမ္းမ်ားကား ညႇို႔ဓာတ္တစ္မ်ိဳး။ အလွဆုံးေတြသာ ပိုင္ထားသည့္ ကင္မ္ထယ္ေယာင္း။ မင္းက ငါ့ရဲ့ ပိုင္ဆိုင္မွုပဲ ျဖစ္သင့္တာ။
"တိုင္းျပည္ရဲ့ ဓားတစ္လက္ကို ကယ္တင္ေပးတဲ့အတြက္ လက္ေဆာင္တစ္ခု ေတာင္းပါ ထယ္ေယာင္း"
"ေသနာပတိခ်ဳပ္"
ဟင္ခနဲ အသံမ်ား လြင့္ပ်ံ႕လာ၏။
မွန္သည္။ ထယ္ေယာင္း ေတာင္းလိုက္သည့္လက္ေဆာင္ကား ေသနာပတိခ်ဳပ္ ဂၽြန္ေဂ်ာင္ဂုကိုပင္။
မ်က္ႏွာပ်က္သြားေသာ ဘုရင္သည္
မ်က္ႏွာကို ထပ္ၿပီးတည္တင္းမိသြား၏။
"ကင္မ္ထယ္ေယာင္း တိုင္းျပည္ရဲ့ ဓားတစ္လက္ကို ေတာင္းတာက ျပစ္ဒဏ္ေျမာက္တယ္!"
ထယ္ေယာင္း၏ ႏွုတ္ခမ္းပါးေလးသည္
လွုပ္သည္ဆို႐ုံသာ ခပ္ေရးေရးမၽွ တြန့္သြား၏။
"အခ်စ္အတြက္ဆို အသက္ကို စေတးပါမယ္၊ အျပစ္ေပးပါ၊ အကယ္လို႔ ဒီစကားသာ မွားခဲ့ရင္ ထပ္ၿပီး အျပစ္ေပးနိုင္ပါတယ္"
ဘုရင့္ ရင္ထဲဝယ္ ေဒါသမ်ား ေထာင္းခနဲထသြားသည္။
ဘာတဲ့ အခ်စ္အတြက္၊ အဲ့သည့္ အခ်စ္က ဂၽြန္ေဂ်ာင္ဂုေပါ့ေလ။ ဂၽြန္ေဂ်ာင္ဂု မင္းက ဆုံးရွုံးမွုတစ္ခုရွိေပမယ့္ ေနာက္ထပ္ ဆုလာဘ္တစ္ခု ထပ္ရခဲ့တာပါလား!။
"ကင္မ္ထယ္ေယာင္း သြားေတာ့"
ထယ္ေယာင္း ဘုရင္၏ စကားအဆုံး
ဂၽြန့္အား တစ္ခ်က္ၾကည့္ကာ
"အဲ့ဒီလက္ေဆာင္ကိုပဲ ယူပါမယ္"
ဟု ေျပာၿပီးအခမ္းအနားမွ ထြက္လာခဲ့သည္။
ဂၽြန့္ခႏၶာကိုယ္ တစ္ခုလုံး ထယ္ေယာင္း၏ ေနာက္သို႔ ေျပးလိုက္ခ်င္စိတ္မ်ားကို ခက္ခဲစြာ ခ်ဳပ္တည္းထားရၿပီး အခမ္းအနားၿပီးသည္အထိ ေစာင့္ရေတာ့၏။
အခမ္းအနားၿပီးသည့္တစ္ၿပိဳင္နက္
ေျခလွမ္းၾကဲမ်ားျဖင့္ လ်င္ျမန္စြာ ထြက္လာေသာ ဂၽြန္။
ဘုရင္သည္လည္း အေဆာင္သို႔ ေဒါသမ်က္ဝန္းမ်ား၊ မေက်နပ္ျခင္းမ်ားျဖင့္ ဦးတည္ခဲ့သည္။
**
ထယ္ေယာင္းအား ခ်ယ္ရီၿမိဳင္တြင္ မထားေတာ့ဘဲ
ဧည့္ေဆာင္သို႔ ပို႔လိုက္ၾကသည္။ သို႔ေသာ္ ဂၽြန္ဧကရီ၏ ရံေရြေတာ္မ်ားျဖစ္၍ ဧည့္ေဆာင္သစ္သို႔မပို႔ၾကဘဲ ႏုံခ်ာခ်ာ ေနရာေဟာင္းတစ္ခုသို႔သာ ေရာက္လာရျပန္သည္။
"ထယ္ေယာင္း ကၽြန္မတို႔ ျပန္ၾကမလား၊ အရင္ကေတာ့ ျပည့္တန္ဆာေတြနဲ႔အတူ နိမ့္က်စြာ ထားတယ္၊ အခုလည္း စုတ္ခ်ာခ်ာ ေနရာကို ေရာက္ရျပန္ၿပီ"
" ...."
"ထယ္ေယာင္းမွာ မာနေတြ မရွိေတာ့ဘူးလား၊ ထယ္ေယာင္း!"
အထိန္းေတာ္အြန္းတစ္ေယာက္ခမ်ာ အားမလိုအားမရျဖစ္လြန္းကာ အသံပင္ က်ယ္မိသြားေတာ့သည္။
"အထိန္းေတာ္အြန္း! မာနမရွိေတာ့တာမဟုတ္ဘူး အခ်စ္မွာ မာနထားလို႔မရတာ"
"ဘာလို႔လဲ ထယ္ေယာင္းရဲ့ ဘာလို႔လဲ၊ ကၽြန္မ မၾကည့္ရက္ဘူး ျပန္ရေအာင္ပါ ..."
ဂ်ိမ္းဟု တံခါးဖြင့္လိုက္ေသာ အသံသည္ ေလးေလးပင္ပင္ရွိလွသည္။ အထိန္းေတာ္အြန္းႏွင့္ ထယ္ေယာင္းလည္း တံခါးဖြင့္သံေၾကာင့္ စကားရပ္သြားသည္။
"ထယ္ေယာင္း မင္းေတာင္းခဲ့တဲ့ ကိုယ္ ေရာက္လာၿပီေလ"
ထယ္ေယာင္း၏ စိမ္းျမျမမ်က္ဝန္းမ်ား ေပ်ာ္ရႊင္သြားကာ ဂၽြန့္ဆီ ခပ္ျမန္ျမန္သြားမိေတာ့သည္။
အထိန္းေတာ္အြန္းသည္ သက္ျပင္းခ်၍
ေရွာင္ထြက္သြားသည္။
-Emerald Green-
မ်က္မွန္ပါဝါခ်ိန္းထားေတာ့
ပါဝါအသစ္နဲ႔ေနသားမက်ေသးလို႔
နားနားၿပီးေရးေနတာမို႔ ၾကာသြားတာရယ္💙