နံရံမှာ ကပ်ထားတဲ့ စက္ကူဂျပ်ပုံးကြီးကို
မ , လိုက်သည်နှင့်
" jin "
sofa တွေကို နေရာချနေတဲ့ jung kook က တလွှားလွှား ပြေးလာခဲ့ကာ လက်ထဲမှ ပုံးကို ပြန်ပြီး ဆွဲယူသည် ။
" ဒါက လေးတယ်လေ .. အစအနတွေကလည်း ထိုးထွက်နေတာ မြင်လား .. မင်းကို
ခိုက်မိကုန်လိမ့်မယ် .. ငါပဲ ပစ်ပေးမယ် "
မနေ့ညက သူ,သောင်းကျန်းထားလို့ ပွစာကျဲနေတဲ့
ဧည့်ခန်းကို အခုညမှ ရှင်းလင်းနေတာဖြစ်သည် ။
အိမ်ပြန်ရောက်လို့ စ,ရှင်းကြပါပြီဆိုထဲက
jung kook က သူ့ကို ဘာတစ်ခုမှ အကိုင်မခံ ၊ ဘာတစ်ခုမှ အရှင်းမခံ ။
အခုလည်း အပေါက်၀မှာ ယောင်လည်လည်
လုပ်နေတဲ့ သူ့ကို ပခုံးမှ ဖက်ပြီး အထဲသို့ ပြန်ခေါ်လာကာ TV ရှေ့မှာ ထိုင်ခိုင်းတော့သည် ။
" မင်းကြိုက်တဲ့ running man လာနေပြီ "
ဒီအတိုင်းဆို ဘာလုပ်လုပ် လိုက်ပြီး တားမြစ်
နေတော့မှာမို့ သူ ခေါင်းညိတ်ပြကာ TV ကိုသာ ကြည့်နေလိုက်သည် ။
jung kook ကတော့ တစ်ယောက်ထဲ ဆက်ပြီး
ရှင်းလင်းနေဆဲ ။
" jin "
running man ထဲသို့ ဈာန်၀င်နေစဉ်
jung kook က သူ့နံဘေးသို့ လာထိုင်ပြီး သူ့ကို
ခေါ်သည် ။ သူက TV ဆီမှ အကြည့်မခွာဘဲ
" အင်း "
" ဒီဘက်ကို လှည့်ပါဦးကွာ "
ပြောပြောဆိုဆိုနဲ့ သူ့ကိုမေးဖျားမှ ဆွဲ၍ လှည့်သည် ။
မျက်နှာချင်းဆိုင်သွားသည့်ခဏမှာ သူ့ကို
ပြုံးလျှက် ငေးကြည့်နေခဲ့တဲ့ jung kook ။
" ဘာပြောမလို့လဲ "
ခေါင်းရမ်းပြပြီး သူ့နဖူးကို နမ်းသည် ။
နားသယ်စပ်တွေမှာ ခိုသီးနေတဲ့ ချွေးစတွေကို
သူက လက်ဖြင့် အသာသုတ်ပေးမိရင်း
" ဘာလဲကွာ .. တစ်ယောက်ထဲ သိမ်းကြုံးလုပ်နေပြီး
မောသွားတာလား "
" အင်း မောတယ် .. မောလို့ .. မင်းကို
လာကြည့်တာ .. ချက်ချင်း အမောပြေသွားရော "
ခပ်ဟဟရယ်မိတော့ ဖောင်းလာတဲ့ ပါးကို
jung kook က နှာခေါင်းနှင့် ဖိကပ်၍
နမ်းပြန်သည် ။ ပြီးမှ ..
" ငါညစာပြင်လိုက်တော့မယ် .. ခဏနေရင် လာခေါ်မယ် .. ထိုင်နေဦး "
ပြောပြီး kitchen ထဲသို့ ၀င်သွားတော့သည် ။
jung kook သွားတဲ့အနောက်ကို ကြည့်နေရင်းမှ ဘေးဘီကို ကြည့်လိုက်တော့ သူဖွထားတဲ့ အိမ်တစ်အိမ်လုံးဟာ မနေ့ညကနဲ့မတူတော့ဘဲ သန့်ရှင်းပြောင်လက်နေပါတော့သည် ။
အခုလည်း kitchen ဆီမှ အိုးသံ ၊ ပန်းကန်သံတွေ
ဆူညံနေတာမို့ ဘာတွေ ချက်ပြုတ်နေပြန်သလဲ
မသိပါ ။
ခဏအကြာမှာတော့ သူက နေရာမှ ထကာ
jung kook ဆီကို သွားလိုက်မိသည် ။
သူ့ကို နောက်ကျောပေးထားတဲ့ jung kook ရဲ့
ခါးကို သိုင်းဖက်ပစ်လိုက်တော့
" ဗိုက်ဆာပြီလား "
" သိပ်မဆာသေးပါဘူး .. မင်းကို
လွမ်းလို့ လာကြည့်တာ "
" ပြောပြန်ပြီ .. လူကို အသဲယားအောင် "
" ပင်ပန်းနေရင်ပြော .. ငါကူပေးမယ် "
" ငါ့အသဲ စားဖို့ချက်ပေးရတာက ပင်ပန်းတယ်
ရှိပါ့မလား "
ဒီလိုတွေ မပြောတတ်တဲ့ အရင်က
jung kook ကိုတောင် သူ့မှာ တုန်နေအောင်ထိ ချစ်ခဲ့ရသည် ။
သူ့ကို ဂရုစိုက်ပြီး ရင်ခုန်အောင်တစ်ချိန်လုံး ပြုမူနေတဲ့ ဒီjung kook ကိုတော့ သူ , ဘယ်လို ချစ်လို့ ချစ်နေပြီမှန်းကို မသိတော့ပါ ။
အချစ်စိတ်တွေ ယိုဖိတ်လာကာ မြင်နေရတဲ့
ဂုတ်ပိုးဖြူဖြူလေးကို ဖွဖွနမ်းမိသည် ။
ထိုအခါ လှုပ်ရှားနေတဲ့ ကျောပြင်ကျယ်ဟာ
ချက်ချင်း တောင့်တင်းသွားသည် ။
" jin "
နာမည်ကို တိုးတိုးခေါ်ရင်း သူ့ဘက်သို့လှည့်လာတဲ့ jung kook ရဲ့ လည်စလုပ်ဟာ ကြည့်ကောင်းစွာ
လှုပ်ရှားနေပါသည် ။
သူက လှုပ်ရှားနေတဲ့ လည်စလုပ်ကို ဖွဖွနမ်းပစ်မိပြီး လည်ပင်းတစ်လျှောက်ကိုလည်း နှုတ်ခမ်းဖြင့် ပွတ်ဆွဲပစ်မိသည် ။
jung kook ကလည်း လည်တိုင်ကို ပိုမော့ပေးခဲ့ကာ မျက်လုံးတွေကို မှိတ်ချပေးရင်း ငြိမ်သက်နေလျှက် ။
" မင်းကိုယ်နံ့လေးကို သဘောကျလိုက်တာ "
ချွေးစတွေ စိုကပ်နေပေမဲ့ ဆပ်ပြာနံ့ သင်းနေဆဲ
လည်တိုင်ကို နှာခေါင်းဖြင့် ဖိပွတ်ရင်းပြောတော့ jung kook လက်တွေက သူ့ခါးကို မြဲမြံစွာ ရစ်ပတ်လာခဲ့ပြီး
" ချွေးတွေနဲ့ဟာကို "
" ဘာပဲဖြစ်ဖြစ် ငါသဘောကျတယ် "
ထိုလည်တိုင်ကို နှုတ်ခမ်းနဲ့ စုပ်ယူမိသည် ။
အနီရောင် အကွက်တို့ ထင်ရှားစွာ ပေါ်လာသည်အထိ
ဖိစုပ်မိသည်မို့ jung kookအသက်ရှုသံတို့ဟာ
သိသိသာသာ ပြင်းထန်လာပါ၏ ။
ထင်းနေတဲ့ လည်တိုင်ကြောတစ်လျှောက် လျှာဖျားဖြင့် တို့ထိနေစဉ်မှာ သူ့ခြေထောက်အစုံဟာ
ကြမ်းပြင်နဲ့ လွှတ်ထွက်သွားတော့သည် ။
jung kook ဟာ သူ့ကို ခါးမှနေ၍ ပင့်မြှောက်
ပစ်လိုက်တာပင် ။
ခေါင်းတစ်လုံးစာ ပိုမြင့်သွားတဲ့ အနေအထားမှာ
jung kook က သူ့ကို မော့ကြည့်လာကာ
" လူကို ကလိနေတာ တော်လောက်ပြီ "
အက်ရှရှအသံနဲ့ နီစပ်စပ်မျက်၀န်းတွေကြောင့်
jung kook ဘာဖြစ်နေပြီဆိုတာကို သူ,
သိလိုက်သည် ။
jung kook ပခုံးတွေကို ဆုပ်ကိုင်ထားရင်းမှ
" ငါဗိုက်ဆာပြီ .. ထမင်းကျွေးတော့လေ ..အဲ ..
ဟိုမှာ ဟင်းရည်အိုးလည်း ဆူနေပြီ "
jung kook က ဆူနေတဲ့ ဟင်းရည်အိုးကို မီးပိတ်ပစ်လိုက်သည် ။
jung kook ခါးကို သူ့ခြေထောက်တွေဖြင့်
တွယ်ချိတ်ပစ်မိပြီး
" ဆူနေရင် ပန်းကန်ထဲခပ်ရမှာလေ ..
ဘာဖြစ်လို့ ပိတ်ပစ်လိုက်တာလဲ "
" jinရာ .. မင်းကြောင့် .. ဒီကောင် ဘာဖြစ်သွားတယ်ဆိုတာကို မသိဘူးလားကွာ "
" မသိဘူး .. မသိဘူး .. ဗိုက်ဆာတာပဲ သိတယ် ..
အခုမှ မစားရရင် မင်းကို စိတ်ဆိုးပစ်လိုက်မှာ "
" ဟာကွာ "
သူစိတ်ဆိုးမယ်ပြောလို့ ပြာယာခတ်သွားတဲ့
jung kook ဟာ တကယ့်ကိုမှ သနားစရာ
မျက်နှာဘေးလေးဖြင့် ။
နဖူးကြောတွေ တွန့်နေပုံဟာ လွတ်နေတဲ့
စိတ်အစုံကို ထိန်းချုပ်ထားရမှန်း သိသာလွန်းစွာ ။
လေပူတွေကိုလည်း မှုတ်ထုတ်လာခဲ့ကာ
" အင်းပါကွာ .. မင်းဗိုက်ဆာရင်လည်း စားပါ "
စိတ်လျှော့လိုက်သလို ပြောရင်းသူ့ကို ထိုင်ခုံပေါ်သို့ နေရာချပေးတော့သည် ။
သူက ပခုံးတွေကို ပိုတိုးဖက်မိတော့ jung kookက ခန္ဓာကိုယ်ကို အလိုက်သင့် ကိုင်းညွှတ်ပေးသည် ။
ထိစပ်နေတဲ့ အနေအထားအရ jung kook တစ်ကိုယ်လုံးဟာ လှိုက်တုန်နေခဲ့ကာ အသားတွေက ပူခြစ်နေခဲ့ပြီ ။
ဒီလောက်ဖြစ်နေတာတောင်မှ သူစိတ်ဆိုးမယ်ပြောလို့
သူ့ကို အလိုလိုက်ဦးမလို့တဲ့လား ။
သူ့ကို ပိုပြီးအလေးထားတဲ့ ဒီပုံစံလေးအား သေမလောက် ချစ်မိလာရပါသည် ။
အံကြိတ်ထားတဲ့ နှုတ်ခမ်းပါးလေးကို သူက အရင် စနမ်းလိုက်တော့လည်း တုန့်ပြန်ပေးလာသည်က
ညင်ညင်သာသာလေး ။
သူ့ဘက်က စနမ်းတာဖြစ်ပေမဲ့ အချိန်ကြာလာတော့
jung kook က သူ့နှုတ်ခမ်းတစ်ခုလုံးကို ခြယ်လှယ်သူ ဖြစ်လာခဲ့သည် ။
သူ့အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်လိုက်ပြီးမှ
အနမ်းတွေကို ရပ်တန့်ခဲ့ကာ သူ့ကို ရီဝေစွာ စိုက်
ကြည့်လာရင်း
" jin ~ "
" အင်း "
" ငါက .. ငါကလေ .. ငါက "
ပြောမထွက်သလို တုန်ခါနေတဲ့ နှုတ်ခမ်းစိုစိုတွေကို သူက လက်မဖြင့် ပွတ်သပ်ပေးမိရင်း
" အင်း .. ဆက်ပြော "
" ငါက ပိုဆာတယ် ~ "
ပြောမဲ့ ပြောတော့လည်း ဗိုက်ဆာတဲ့ကိစ္စနဲ့
ရောကာ တုံးတိတိကြီး ။
" ဟုတ်လား "
" အင်း ~ "
" ဒါဆို စားလေ "
" ငါကကွာ ~ ထ ~ ထမင်း ဆာတာ မဟုတ်ဘူး "
သူက ရယ်ချင်စိတ်ကို မြိုသိပ်ပစ်လိုက်ရင်း
" ဒါဆို မုန့်ဆာတာများလား "
ဆက်ရစ်ကြည့်သည် ။ jung kook က ခေါင်းရမ်းပြကာ ထိုင်ခုံပေါ်မှ သူ့ကိုပြန်ဆွဲ
ပွေ့တော့သည် ။ ပြီးမှ
" မင်းကို စားချင်တာ "
" အဟင်း ! ငါ့ကို ဘယ်လောက်ထိ
စားချင်နေတာများလဲ "
" အများကြီးပေါ့ကွာ "
သွေးကြောတွေ ထင်းကာ တစ်ကိုယ်လုံး နီရဲ
ပူလောင်နေသူကြောင့် ဆက်ပြီးမရစ်ရက်တော့ပါ ။
မက်မောမှုအပြည့်နဲ့ စိုက်ကြည့်နေသူရဲ့ ပါးကို တစ်ချက်နမ်းလိုက်မိကာ
" ငါခွင့်ပြုပါတယ် "
နှစ်လိုဖွယ် ပြုံးပြသည့် အပြုံးတစ်ပွင့်အဆုံးမှာ သူ့နှုတ်ခမ်းတွေဟာ ခံတွင်းနွေးနွေးဆီသို့ နောက်တစ်ကြိမ် သက်ဆင်းသွားရပြန်သည် ။
လူဟာလည်း ပွေ့ချီထားတဲ့အတိုင်း အပေါ်ထပ် အခန်းရှိရာဆီသို့ ခြေလှမ်းကျဲကြီးတွေရဲ့ ခေါ်ဆောင်မှုနောက်သို့ ပါသွားရတော့သည် ။
▪️▪️▪️▪️▪️▪️
ပြင်းပြပြဆန္ဒတွေကြား ပြုမူမိတဲ့ အနမ်းတွေထံ
အာရုံရှိနေသူဟာ ကိုယ်ပေါ်မှ အ၀တ်အစားတွေ
ဖဲ့ခြွေခံလိုက်ပြီး သွယ်လျနေတဲ့ ခန္ဓာမှာ အဖြူရောင်
boxer တစ်ထည်သာ ကျန်တော့သည်ကို သတိပြုမိဟန် မရှိသေး ။
သူ့ကိုယ်ပေါ်မှ over size T- shirt ကို ဆွဲချွတ်နေစဉ် အနမ်းတွေဟာ ပြတ်တောက်
သွားခဲ့သည် ။
အပြာနုရောင် အိပ်ယာထက်တွင် ပက်လက်လေး ဖြစ်နေသူက ခေါင်းလေးကိုကြွလာကာ မှီသလောက် သူ့မေးဖျားကို မော့၍ နမ်းလာခဲ့တော့ သူက အင်္ကျီကို လုံးချေကာ တွေ့ရာ ပစ်ပေါက်မိလိုက်သည် ။
ပြီးမှ seok jin ရဲ့ ခေါင်းကို ပြန်ပြီး ဖိချလိုက်ကာ
နမ်းခဲ့လိုက်သည် ။
နှုတ်ခမ်းထူထူလေးတွေကို လုံး၀ အလွတ်မပေးခဲ့ ။
လက်တွေကလည်း ရင်ဘတ်ပေါ်ရှိ ပန်းနုရောင်
ပွင့်ချပ်တွေကို ဖိချေပေးနေခဲ့သည် ။
အသက်ရှုသံတွေ ပြင်းထန်သည်အထိ အလူးအလဲ
နမ်းနေကြပြီးသည့်နောက် သူ့နှုတ်ခမ်းတွေဟာ
seok jin ရဲ့ လည်တိုင်ထံမှာ ၀ပ်တွားခယခဲ့သည်။
မျက်တောင်လေးတွေ စင်းကျနေသူဟာလည်း
သူ့ဆံပင်တွေနဲ့ ကျောပြင်တစ်လျှောက်ကို
လက်လေးတွေဖြင့် ပွတ်သပ်ပေးနေလျှက် ။
ညှပ်ရိုးလေးတွေနဲ့ ရင်ဘတ်လေးတစ်ဝိုက်ဟာ
သူ့အကြင်နာအမှတ်တို့ များပြားစွာစွန်းထင်း
လာသည် ။
သူက ခန္ဓာကိုယ်ကို အသာကြွကာ ၀တ်ထားတဲ့ short pants နဲ့ boxer ကို ဆွဲချွတ်ပစ်မိသည် ။
ဗလာကျင်းသွားတဲ့ သူ့ခန္ဓာကို မြင်သွားတဲ့
seok jin ဟာ နီရဲနေတဲ့ နှုတ်ခမ်းလွှာတွေက
ပွင့်ဟလာသည် ။
" ငါမိုက်လား "
seok jin က သူ့ခန္ဓာကိုယ်မှ အကြည့်မခွာဘဲ ခေါင်းလေးညိတ်ပြသည် ။ သူက
" မင်းရော "
" ... "
" မင်း .. တကယ်လှတာ jin ရယ် "
သူ့စကားကို ကြားမှ seok jin က ကိုယ်တိုင်လည်း ဗလာကျင်းနေပြီမှန်း သိသွားခဲ့တော့သည် ။
ခြေထောက်လေးကို လိမ်ယှက်လိုက်ကာ နှစ်ဦးသားအောက် ပိပြားနေသော စောင်ကို အတင်းဆွဲယူနေတော့သည် ။
လိုချင်တပ်မက်မှုတွေ အများအပြား ပါ၀င်နေတဲ့ သူ့အကြည့်တွေကြောင့် seok jin က ရှက်သွေး
ကြွကာ တစ်ကိုယ်လုံးဟာ ပန်းရောင်ရင့်နေသည် ။
" မကြည့်နဲ့တော့ kook ရာ "
ပြောရင်း လက်ဖ၀ါးလေးတွေဟာလည်း သူ့မျက်လုံးတွေကို ဖိပိတ် လာခဲ့သည် ။
သူက ထိုလက်လေးတွေကို ဆွဲယူလိုက်သည် ။
လက်နှစ်ဖက်ကို ပူးကာ အပေါ်သို့ ပင့်တင်ပစ်ပြီး သူ့လက်တစ်ဖက်ထဲဖြင့် ဖိချုပ်လိုက်သည် ။
တစ်ထည်ထဲသာ ကျန်တော့တဲ့seok jin ရဲ့ အဖြူရောင် boxer လေးကိုပါ ဆွဲချွတ်လိုက်ရင်း
လိမ်ယှက်ထားတဲ့ ခြေထောက်လေးတွေကို
သူ့ခါးဘေးတစ်ဖက်ဆီမှာ နေရာချပေးလိုက်သည် ။
ပေါင်ရင်းနားသို့ ရောက်သွားခဲ့သည့် သူ့လက်တွေ အထက်အောက် ရွေ့လျားနေချိန်တိုင်း seok jin ရဲ့ ခါးသွယ်သွယ်တွေဟာ အိပ်ယာထက်မှမြှောက်တက်
လာသည် ။
ခပ်မြန်မြန် လှုပ်ရှားပေးမိတော့ လည်တိုင်တွေကိုပါ
ဆွဲချလာကာ သူ့နှုတ်ခမ်းတွေကို ကိုက်ဆွဲသည် ။
" kook ~ kook "
နောက်တော့ သူ့နာမည်ကို အထပ်ထပ်ခေါ်လာကာ
အိပ်ယာထက်သို့ ပြန်လဲကျသွားသည် ။
တစ်ပြိုင်နက် သူ့လက်နဲ့ရင်ဘတ်တွေဆီမှာလည်း ပူနွေးစိုစွတ်သွားလျှက် ။
အဲ့ဒီ့လက်နဲ့ပဲ seok jin ရဲ့ နယ်နမိတ်လေးဆီ
ထပ်မံကာ အခြေချမိတော့
" အ့! "
နာကျင်သွားတဲ့ အော်ညည်းသံလေးဟာ ပထမဆုံး
အနေနဲ့ထွက်ကျလာသည် ။
မျက်ခုံးတန်းလေးတွေဟာလည်း တွန့်ကျုံ့သွား
သည် ။
တွန့်ကျုံ့နေတဲ့မျက်ခုံးတန်းတွေ ၊ နီစွေးနေတဲ့
ပါးပြင်တွေ ၊ ထူအမ်းနေတဲ့နှုတ်ခမ်းတွေကို အထပ်ထပ် နမ်းမိရင်း လက်ချောင်းတွေဖြင့် လုံလောက်တဲ့ အနေအထားကိုဖန်တီးပေးခဲ့သည် ။
အဆင်ပြေမဲ့ အနေအထားသို့ ရောက်တော့မှ
သူက ထိုနယ်နမိတ်လေးထဲသို့ စတင်၍ အခြေချရန် ကြိုးပမ်းမိသည် ။
ခါးကို ကြွကာ တိုး၀င်လိုက်ချိန်တိုင်း သူ့လက်ထဲမှ
လက်သီးဆုပ်လေးတွေဟာ ပိုပိုတင်းကြပ်လာသည် ။
မျက်ရည်တွေပါ ရစ်သိုင်းလာခဲ့သည်ကိုမြင်တော့ ခါးကို အနောက်သို့ ပြန်ဆုတ်ကာ ရပ်ပေးဖို့ ဟန်ပြင်မိသည် ။
ထိုအခါ seok jin က သူ့ခါးကို ခြေထောက်တွေဖြင့် ရစ်ပတ်လာပြီး အဆုံးထိ နေရာကျစေခဲ့သည် ။
" အင်း ~ jin "
နွေးလွန်းပြီး တင်းကြပ်လှတဲ့ ထိုကြိုဆိုမှုလေးမှာ
သူမိန်းမောသွားရပါသည် ။
နာကျင်မှုကို သက်သာစေရန် seok jin နှုတ်ခမ်းတွေကို ဖွဖွနမ်းပေးမိသလို သူ့ခါးကိုလည်း တဖြည်းဖြည်း လှုပ်ရှားလိုက်သည် ။
လက်သီးဆုပ်လေးတွေ ပြေလျော့သွားတော့မှ ဖိချုပ်ထားတဲ့လက်လေးတွေကိုလွှတ်ပေးမိပြီး ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည် ။
ညလေအေးအေးဟာ ခန်းစီးလိုက်ကာစကို
ဖြတ်ကာ အခန်းတွင်းသို့ တိုးဝှေ့နေပါသော်လည်း
သူတို့နှစ်ဦးမှာ မအေးနိုင်ခဲ့ပါ ။
ချွေးတစ်ပြိုက်ပြိုက်ကျသည်အထိ လှုပ်ရှား
ယိမ်းထိုးနေခဲ့သည် ။
တလိပ်လိပ် လှိုက်တက်လာတဲ့ ချစ်ခြင်းယှက်သည့်
ဆန္ဒဇောတွေကြား သူက
" မင်းထဲက နွေးလိုက်ဝာာ "
" ဟူး ~ ငါရူးတော့မှာပဲ "
" မင်းက လှလွန်းလို့ မျက်တောင်ခတ်
ရမှာတောင် နှမြောတယ် "
အစရှိသည့်စကားတွေကို ပြောခဲ့မိပေမဲ့
seok jin ကတော့ သူ့မျက်နှာကိုမျက်တောင်
စင်းစင်းတွေကြားမှ စူးစိုက်ကြည့်နေသည်မှလွဲ ဘာအသံမှ သိပ်မထွက် ။
မျက်နှာအနေအထားကတော့ အားပြင်းစွာ
လှုပ်ရှားလိုက်တိုင်း ပြောင်းလဲသွားသည်တော့
ရှိသည် ။
ခဏအကြာမှာ သူ့ခန္ဓာမှ တစ်စုံတစ်ရာဟာ
လွတ်ထွက်ချင်လာသည် ။
သူ့ခါးပေါ်မှ ရှိနေတဲ့ ခြေထောက်လေးတွေကို
သူ့ပခုံးထက်တွင် ရွေ့တင်လိုက်ကာ အရှိန်မြင့်မိတော့
seok jin ဆီမှ အသံသဲ့သဲ့ စထွက်လာသည် ။
သူ့ကျောပြင်တွေကိုလည်း ကုတ်ခြစ်လာခဲ့ရင်း
" ဟင့် ~ "
သူ့ဗိုက်သားတွေ ပူနွေးစိုစွတ်သွားပြန်သည် ။
ရှားရှားပါးပါး ညည်းသံလေးကို သူက နားစွင့်လိုက်ရင်းseok jin ရဲ့ လည်တိုင်တွေဆီသို့ မျက်နှာကိုတိုးဝှေ့ပစ်မိသည့်နောက်
" ဟား ~ jin "
သူလည်းပဲ seok jin ရဲ့ခန္ဓာပေါ်သို့ ပြိုလဲကျ
သွားခဲ့တော့သည် ။ အသွေးအသားတွေဟာလည်း seok jin ထံသို့ပျံ့ကျဲကုန်ကြသည် ။
ထိုပုံစံအတိုင်း နှစ်ဦးသား ငြိမ်သက်နေကြရင်း
" အိပ်ချင်ပြီ "
seok jin ဆီမှ အသံထွက်လာသည် ။
ချွေးတွေဖြင့် စိုကပ်နေတဲ့ နဖူးပေါ်မှ ဆံပင်တွေကို
သူက သပ်တင်ပေးမိကာ
" ဗိုက်မဆာတော့ဘူးလား "
" ပင်ပန်းလို့ .. အိပ်ချင်တာက ပိုနေတယ် "
" ဟုတ်လား .. ဒါဆိုလည်း အိပ်လေ .. လာ ..
ငါချော့သိပ်ပေးမယ် "
သူက ဘေးကို လှဲချလိုက်ရင်း seok jin ကို
ရင်ခွင်ထဲ ဆွဲထည့်ကာ ပြောလိုက်သည် ။
seok jin ကလည်း မျက်လုံးလေးတွေကို မှိတ်ချလိုက်ပြီး အိပ်ပျော်ဖို့ရန် ကြိုးစားသည် ။
နဖူးလေးထက် ခပ်ဖွဖွ နမ်းလိုက်ရင်း
" jin "
ခေါ်သံကြောင့် မျက်တောင်လေးတွေဟာ လှုပ်ခတ်သွားခဲ့ပေမဲ့ မျက်လုံးလေးတွေကတော့ ပွင့်မလာခဲ့ ။
" ချစ်တယ် "
နှုတ်ခမ်းလေးတွေက ကွေးညွှတ်သွားခဲ့ကာ
သူ့ကိုပိုတိုးပြီး ဖက်တွယ်လာခဲ့တော့ သူလည်းပဲ
seok jin ကို ပိုပြီးဖက်တွယ်မိကာ မျက်နှာအနှံ့ အနမ်းတွေ ခြွေရင်း အိပ်ပျော်စေခဲ့တော့သည် ။
▪️▪️▪️▪️▪️
To be continued