Colourless [System] 💜 Infin...

By A-Soe-Lay

115K 11.6K 824

SYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ျဖဴစင္​... More

(syetem သို႔​ေရာက္​႐ွိျခင္​း)Arc-1(ep-1) ပိ​ေတာက္​ႏြယ္​
Arc-1 (ep-2) ပိ​ေတာက္​ႏြယ္​
Arc-1(ep-3)ပိ​ေတာက္​ႏြယ္​
Arc -1 (ep-4)ပိ​ေတာက္​ႏြယ္​
Arc-1(Ep-5)ပိ​ေတာက္​ႏြယ္​
Arc-1(Ep-6 )ပိ​ေတာက္​ႏြယ္​
Arc-1(Ep-7)ပိ​ေတာက္​ႏြယ္​
Arc-1(Ep- 8)ပိ​ေတာက္​ႏြယ္​
Arc-1(Ep-9)ပိ​ေတာက္​ႏြယ္​
Arc-1(Ep-10) ပိ​ေတာက္​ႏြယ္​
Arc-1(Ep-11)ပိ​ေတာက္​ႏြယ္​
Arc-1( end)ပိ​ေတာက္​ႏြယ္​
In the space time
Arc2 (Ep-1 ) fujoshi malay
Arc 2( ep-2)fujoshi ma lay
Arc 2.(ep-3) fujoshi ma lay
Arc 2(ep-4) fuhoshi ma lay
Arc2(ep-5) fujoshi ma lay
Arc2(ep-6)fujoshi ma lay
Arc-2(ep- 7) fujoshi ma lay
Arc-2(ep-8) fuhoshi ma lay
Arc-2( ep-9) fujoshi malay
Arc2(ep-10) fujoshi ma lay
Arc-2.(ep-11) fujoshi ma lay
Arc2 (ep-12) fujoshi ma lay
​Arc-2( ep-13)fujoshi ma lay
Arc-2(ep-14)Fujoshi ma lay
Arc-2(ep-15) fujoshi malay
Arc-2(end).fujoshi ma lay
Arc-2 (characters)
In the space time🌌
Ace-3 (ep-1) Marine lover
Arc- 3 (character intro..) Marine lover
Arc-3(ep-2)Marine lover
Arc-3(ep-3)Marine lover
​Arc-3(ep-4) Marine lover
Arc-3(ep-5)Marine lover
Arc-3(ep-6)Marine lover
Arc-3(ep-7)Marine lover
Arc-3(ep-8)Marine lover
Arc-3(ep-9)Marine lover
Arc-3(ep-10)Marine lover
Arc-3(ep-11)Marine lover
Arc-3(ep-12)Marine lover
Arc-3(ep-13)Marine lover
Arc-3(ep-14)Marine lover
Arc-3(end)Marine lover
Arc-4(charater intro)A idol 's lover
Arc-4(ep- 1)a idol's lover
Arc-4(ep-2) a idol 's lover
Arc-4(ep-3)a idol's lover
Arc-4(ep-4) a idol's lover
Arc-4(ep-5) a idol's lover
Arc-4(ep-6) a idol's lover
Arc-4(ep-7) a idol's lover
Arc-4(ep-8) a idol's lover
Arc-4(ep-9) a idol's lover
Arc-4(ep-10) a idol's lover
Arc-4(ep-11) a idol's lover
Arc-4(ep-12)a idol's lover
Arc-4(ep-13) a idol's lover
Arc-4(ep-14) a idol's lover
Arc-4(ep-15) a idol's lover
Arc-4(ep-16) a idol 's lover
Arc-4(end)a idol's lover
Arc 5(character intro...)love in the webtoon
Arc-5(ep-1)love in the webtoon
Arc-5(ep-2)love in the webtoon
Arc-5(ep-3)love in the webtoon
Arc-5(ep-4)love in the webtoon
Arc-5(ep-5)love in the webtoon
Arc-5(ep-6)love in the webtoon
Arc-5(ep-7) love in the webtoon
Arc-5(ep-8)love in the webtoon
Arc-5(ep-9)love in the webtoon
Arc-5(ep-10)love in the webtoon
Arc-5(ep-11)love in the webtoon
Arc-5(ep-12)love in the webtoon
Arc-5(ep-13)love in the webtoon
Arc-5(ep-14)love in the webtoon
Arc-5(ep-15)love in the webtoon
Arc-5(ep-16)love in the webtoon
Arc-5(ep-17)love in the webtoon
Arc-5(end)love in the webtoon
Arc-5(Extra)love in the webtoon
Arc-6(character intro) Zombie land
Arc-6(ep-1)Zombie land
Arc-6(ep-2)Zombie land
Arc-6(ep-3)Zombie land
Arc-6(ep-4)Zombie land
Arc-6(ep-5)Zombie land
Arc-6(ep-6)Zombie land
Arc-6(ep-7)Zombie land
Arc-6(ep-8)Zombie land
Arc-6(ep-9)Zombie land
Arc-6(ep-10)Zombie land
Arc-6(ep-11)Zombie land
Arc-6(ep-12)Zombie land
Arc-6(ep-13)Zombie land
Arc-6(end)Zombie land
Arc-7(character intro) Beast princess ; kitty lion
Arc-7(ep-1)Beast princess; kitty lion
Arc-7(ep-2) Beast princess;kitty lion
Arc-7(ep-3)Beast princess ;kitty lion
Arc-7(ep-4)Beast princess;kitty lion
Arc-7(ep-5) Beast princess;kitty lion
Arc-7(ep-6)Beast princess; kitty lion
Arc-7(ep-7)Beast princess;kitty lion
Arc -7(ep-8) Beast princess; kitty loin
Arc-7(ep-9) Beast princess; kitty lion
Arc-7(ep-10) Beast princess ; kitty lion
Arc-7(ep-11) Beast princess; kitty lion
Arc-7 (ep-12) Beast princess ; kitty lion
Arc-7(ep-13) Beast princess; kitty lion
Arc-7(ep-14) Beast princess; kitty lion
Arc-7(ep-15) Beast princess; kitty lion
Arc-7(end) Beast princess; kitty lion
Arc-8(ep-1) Wrong mistake and omega koko
Arc-8(ep-2) Wrong mistake with omega koko
Arc-8(ep-3) Wrong mistake with omega koko
Arc-8(ep-4) Wrong mistake with omega koko
Arc-8(ep-5) Wrong mistake with omega koko
Arc-8(ep-6) Wrong mistake with omega koko
Arc-8(ep-7) Wrong mistake with omega koko
Arc-8(ep-8) Wrong mistake with omega koko( a little 🌚)
Arc-8(ep-9) Wrong mistake with omega koko
Arc-8(end..) Wrong mistake with omega koko
Arc-8(ep-10) Wrong mistake with omega koko
Arc-8(character intro) wrong mistake and omega koko
Arc-8(ep-11) Wrong mistake with omega koko
Arc-9(ep-1) Different changes ; gentle and savage
Arc -8(ep-12)Wrong mistake with omega koko
Arc-8(ep-13) Wrong mistake with omega koko
Arc-8(ep-14) Wrong mistake with omega koko
Arc-9(character intro) Different changes; gentle and savage
Arc-9(ep-2)Different changes ;gentle and savage
Arc-9(ep-3) Diffetent changes ;gentle and savage
Arc-9(ep-4)Different changes; gentle and savage
Arc-9 (end)Different changes :gentle and savage
Arc-9(ep-5) Different changes ; gentle and savage
Arc 9(ep-6) Different changes :gentle and savage
Arc-9(ep-7)Different changrs:gentle and savage
Arc-9(ep-8) Different changes : gentle and savage
Arc-9(ep-9)Different changes :gentle and savage
Arc-9(ep-10) Different changes : gentle and savage
Arc-9(ep-11)Different changes :gentle and savage
Arc 9(ep-12 ) Different changes :gentle and savage
Arc-9(ep-13)Different changed :gentle and savage
Arc-9(ep-14)Different changes :gentle and savage
Arc-9(ep-15)Different changes :gentle and savage
Arc-9 (ep-16) Different changes: gentle and savage
Arc-9 (ep-18) Different changes :gentle and savage
Book - 2

Arc-9 (ep-17) Different changes :gentle and savage

303 34 15
By A-Soe-Lay

Zawgi...

ဗင္​့ကား ​ေလး ရဲ႕ မီရာ႐ွိရာဆီသို႔ Inferno သြားလိုက္​​ေလသည္​ ။

'အဆင္​​ေျပခဲ့လား Inferno ...'

ကားထဲ၀င္​လာကာ ပြဲတက္​အ၀တ္​​ေလးကို ဖယ္​ခြာၿပီး ႐ုိး႐ုိး အျဖဴ​ေရာင္​ shirt ​ေလးကို ​ေျပာင္​းလဲ၀တ္​ဆင္​​ေနတဲ့ nferno ကို မီရာ ​ေမးလိုက္​​ေလသည္​ ။ Inferno ကိုၾကည္​့ရတာ တစ္​ခုခုကို အလ်ွင္​လို​ေန​ေလသည္​့ပံု​ေပါက္​​ေန​ေလ​ေသာ​ေၾကာင္​့ပင္​ ။

'​ကိုယ္​​ေျပပါတယ္​... zoe ရဲ႕ ညီမ မိသားစု အ​ေၾကာင္​း သိခ်င္​တာ​ေလး​ေတြ႐ွိတယ္​... ကိုယ္​ကိုစံုစမ္​း​ေပးထားပါ...'

' ဘယ္​သြားမလို႔လဲ Inferno ...'

ဆံုရပ္​ကိုျပန္​​ေရာက္​လာ​ေလတဲ့ ​ေဂ်ာ္​နသန္​ တို႔က ​ေမး​ေလျခင္​းပင္​ ။

'ကိုယ္​ purpleocean ကို သြားစရာ႐ွိလို႔...မီရာ ငါသြား​ေတာ့မယ္​.. စံုစမ္​းရရင္​ ခ်က္​ခ်င္​း လွမ္​း​ေျပာ​ေနာ္​...'

ဆိုင္​ဘာ စနစ္​​ေတြထဲ ၀င္​​ေရာက္​႐ွာ​ေဖြ​ေနတဲ့ မီရာရဲ႕ အ​ေျဖကို​​ေတာင္​မ​ေစာင္​့ပဲ Inferno ထိုသည္​က​ေန ထြက္​သြား​ေလ​ေတာ့သည္​ ။

.......................................

ည​ေကာင္​းကင္​ယံက အ​ေမွာင္​ခြင္​း​ေနကာ highway လမ္​းမ​ေလး တစ္​ခုထက္​မွ အနီ​ေရာင္​ ကား​ေလးတစ္​စီး မိႈင္​းႏႈန္​းျမင္​့ အ႐ွိန္​နဲ႔ လမ္​း​ေတြကို ​ေကြ႔ပတ္​စြာ​ေမာင္​း​ေန​ေလသည္​ ။
ထိုသည္​က​ေတာ့ ကလဲရာ ပင္​ျဖစ္​​ေလကာ ကလဲရာ ကား​ေမာင္​း​ေနရင္​းနဲ႔ပင္​ တစ္​စံုတစ္​ဦးကိုဖုန္​း​ေခၚ​ေနလိုက္​​ေလသည္။ ​သို႔​ေပမယ္​့ ဆက္​သြယ္​၍မရဆိုသည္​့ ဆက္​သြယ္​​ေရးဌာနဘက္​မွ စက္​သံအျပင္​ မည္​သည္​မွ လက္​ခံမရခဲ့​ေပ ။

ကလဲရာ ​ေနာက္​ဆံုးတြင္​ ​ေနာက္​ထပ္​ အျခား content ​ေလးတစ္​ခုကို ႏွိပ္​လိုက္​​ေလသည္​ ။ ဖုန္​းသံ​ေလးက တစ္​တူတူ မည္​​ေနရင္​းပင္​ Purpleocean ၿမိဳ႕​ေလးရဲ႕ ​ေအးခ်မ္​းတဲ့ ညခ်မ္​း​ေလးတစ္​ညမွာ romance ဆန္​ဆန္​​ေလး date ​ ကို ျဖတ္​သန္​း​ေနတဲ့ ​ေကာင္​​ေလး တစ္​​ေယာက္​ဆီကို သြား ဆက္​သြယ္​မိ​ေလသည္​ ။

​ေကာ့ပါးနဲ႔ တြန္​မီ တို႔ သံုးရက္​​ေျမႇာက္​ ခ်စ္​သူသက္​တန္​း႐ွိ​ေလသည္​့ ​ထို​ေန႔​ေလးတြင္​​ေတာ့ တြန္​မီသည္​ ​ေကာ့ပါး ရ​ဲ့ အနီးအပါးတြင္​ ႐ွိ​ေလ​ေလသည္​ ။ အ​ေၾကာင္​းက ထို​ေန႔တ​ေန႔ လံုးတြင္​ ခ်စ္​ရတဲ့ ​​ေကာင္​​ေလးနဲ႔ဒိတ္​လုပ္​ဖို႔ ရည္​ရႊယ္​ ထား​ေလ​ေသာ​ေၾကာင္​့ပင္​ ။ သို​႔​ေပမယ္​့ တစ္​​ေနကုန္​ ဒိတ္​​ေလးက​ေတာ့ အရာမထင္​ရ​ေပ ။

ဘာ​ေၾကာင္​့ဆို ​ေကာ့ပါး အလုပ္​လုပ္​သည္​့ စာအုပ္​ဆိုင္​​ေလးတြင္​ အလုပ္​႐ွင္​ကလည္​း ​ခါတိုင္​းလို မ​ေျပာမဆို ​​ေပ်ာက္​​ေနပီး က်န္​တစ္​​ေယာက္​သည္​က​ေတာ့ အစားမွားလို႔ ဆိုကာ ​ေနမ​ေကာင္​းျဖစ္​ၿပီး မလာႏိုင္​​ေသာ​ေၾကာင္​့ပင္​ ။ ထိုသည္​တြင္​ တြန္​မီသည္​ တစ္​​ေယာက္​ထဲ အလုပ္​မ်ား​ေန​ေသာ ခ်စ္​ရသူ​ေလး​ ကို ကူလုပ္​ကိုင္​​ေပးရင္​း ဂန္​းစတား ဘ၀က​ေန အ​ေရာင္​း၀န္​ထမ္​း​ေလးအျဖစ္​ တစ္​ရက္​တာ တာ၀န္​ထမ္​း​ေဆာင္​ရ​ေလျခင္​း အျဖစ္​ကို​ေရာက္​​ေလ​ေတာ့သည္​ ။

​ည​ေနပိုင္​း ဆိုင္​ပိတ္​ခ်ိန္​​ေလး အထိ မအားမလပ္​ျဖစ္​​ေနျခင္​း​ေၾကာင္​့ တြန္​မီရဲ႕ day date ​ေလးက​ေတာ့ ​ေရစုန္​​ေမ်ွာခဲ့ရ​ေလသည္​ ။
ထိုသည္​တြင္​ ည​ေနပိုင္​း အစီအစဥ္​ အတြက္​ ကို​ေတာ့ တြန္​မီ ႀကိဳတင္​အကြက္​က်စြာနဲ႔ပင္​ တပည္​့တစ္​​ေယာက္​ကို ​ေကာင္​​ေလးအစား အလုပ္​လုပ္​​ေပးဖို႔ စတိုးဆိုင္​တြင္​တာ၀န္​​ေပးခဲ့​ေလသည္​ ။

ထိုသို႔ အစီအစဥ္​က်က် ​ေဆာင္​ရႊက္​မႈ​ေတြ​ေၾကာင္​့ ​ေနာက္​ဆံုးတြင္​ ခ်စ္​ရသူ​ေလးနဲ႔ nightout date ​ေလး ကိုရခဲ့​ေလျခင္​းပင္​ ။

လတ္​ဆက္​တဲ့ ​ေလထု​ေတြနဲ႔ ​ေအးျမတဲ့ အရိပ္​အ​ေယာင္​အ​ေငြ႔အသက္​​ေတြနဲ႔ျပည္​့​ေန​ေလတဲ့ purpleocean ၿမိဳ႕​ေလးရဲ႕purple ပင္​လယ္​ ရဲ႕သဲ​ေသာင္​​ေလးတစ္​ခုတြင္​ ​ေတာ့ အလွစီစဥ္ ​ထား​ေလတဲ့ ပန္​းႏွ​ေရာင္​ အမိုးအ၀န္​း​ေလးနဲ႔ လွပ​ေျမာက္​ျကြတဲ့ အျပင္​အဆင္​​​ေလး ႐ွိ​ေန​ေပသည္​ ။

တြန္​မီသည္​ ထို​ေနရာ​ေလးကို ​ေကာ႕ပါးရဲ႕ အႀကိဳက္​ျဖစ္​​ေလတဲ့ ပန္​း ​ေရာင္​ ​ေလး​ေတြနဲ႔ ျပင္​ဆင္​ထားတာ ျဖစ္​ၿပီး ​ေကာ့ပါးကလည္​း ထိုသည္​ကို အလြန္​မွသ​ေဘာက်​ေန​ေလသည္​့ႏွယ္​ပင္ ။

ႏွစ္​​ေယာက္​သား တူတူ ျပင္​ဆင္​ထား​ေလတဲ့ညစာ​ေလးကို ပင္​လယ္​ရဲ႕ ​ေလညႇင္​း​ေလးခံ၍ ၾကည္​ႏူးစြာစားခဲ့ၾက​ေလသည္​ ။
ၿပီး​ေတာ့ တစ္​​ေယာက္​လက္​ကို တစ္​​ေယာက္​ဆုပ္​ကိုင္​​ေလကာ ပင္​လယ္​ကမ္​း​ေျခသဲ​ေသာင္​​ေဖြး​ေဖြး ​ေလး​ေတြ​ေပၚတြင္​ လမ္​းတူတူ ​ေလ်ွာက္​​ခဲ့ၾက​ေလသည္​ ။

ညအ​ေမွာင္​သန္​း​ေလသည္​မို႔ လင္​းလက္​​ေနတဲ့ ၾကယ္​​ေလး​ေတြကလည္​း ၀သီအတိုင္​း လင္​းလက္​​ေနၾက​ေပသည္​ ။ လမင္​းႀကီး တစ္​ျခမ္​းက လည္​း ထိန္​ထိန္​သာ က အလင္​း​ေဆာင္​​ေပး​ေန​ေသးသည္​ ။
သဲ​ေသာင္​​ေလးရဲ႕ အလြန္​မွာထြန္​းထား​ေလတဲ့ အလင္​းတိုင္​တို႔ရဲ႕ အလင္​း​ေရာင္​တို႔ကလည္​း ပင္​လယ္​နားနီး သဲ​ေသာင္​​ေလးအ​ေပၚ အလင္​းက်၍ မဆိုသ​ေလာက္​လင္​း​ေန​ေပသည္​ ။ purple ပင္​လယ္​သဲ​ေသာင္​ရဲ႕ ကမ္​းစပ္​မွာ႐ွိတဲ့ သဘာ၀ရဲ႕ အႏွျမဴ​ေက်ာက္​​ေလး​ေၾကာင္​့လည္​း ပင္​လယ္​နဲ႔ သဲ​ေသာင္​ကို စည္​းျခားထားသလို ႐ူမ၀႐ွိ​ေန​ေလတဲ့ ျမင္​ကြင္​း​ေလးကလည္​း လူႏွစ္​​​ေယာက္​ရဲ႕ ခ်စ္​ျခင္​းရဲ႕ ၾကည္​ႏူးျခင္​းပံုရိပ္​​ေတြကို ပိုကာ အသက္​၀င္​​ေနသလိုပင္​ ။

တြဲလက္​​ေတြကျမဲျမံ​ေနကာ ပင္​လယ္​ဘက္​ကိုမ်က္​ႏွာမႈၿပီး ​ေကာ့ပါးကို​ေနာက္​​ေက်ာက​ေန​ေထြးဖက္​ထား​ေလတဲ့ တြန္​မီ ။ အ​ေနာက္​က​ေနၿပီး ခ်စ္​ရသူ​ေလးရဲ႕ အ​ေငြ႔အသက္​​ေလး​ေတြကိုနမ္​း႐ွိက္​​ေန​ေလသည္​ ။ ဒါသူအျမဲျဖစ္​ခ်င္​ခဲ့​ေလတဲ့ အခိုက္​အတန္​႔​ေလး​ေတြပင္​ ။ ​ေကာင္​​ေလးသည္​ခု​ေတာ့ သူရဲ႕ရင္​ခြင္​ထဲမွာ သူရဲ႕ ျဖစ္​တည္​မႈအားလံုး လက္​ခံၿပီး ႐ွိ​ေပး​ေန​ေလသည္​မလား ။

ႏွစ္​ဦးသား ၾကည္​ႏူး​ေနစဥ္​ ဖ်က္​စီး​ေစျခင္​းအလို္​ငွါ ၀င္​လာ​ေလတဲ့ဖုန္​း​ေလး ။ စိတ္​ကူးယဥ္​ မက္​​ေန​ေလတဲ့ အနာဂတ္​ရဲ႕ ႏွစ္​​ေယာက္​ကမ႓ာအိမ္​မက္​​ေလးက​ေန တြန္​မီ ႏိုးထလာခဲ့​ေပသည္​ ။

​ေကာ့ပါးက ဆုပ္​ကိုင္​ထား​ေလတဲ့ တြန္​မီရဲ႕ လက္​တစ္​ဖက္​ကို ခဏလႊတ္​​ေစကာ အ​ေပၚထပ္​​ေလးထဲမွ ဖုန္​း​ေလးကို ​ေကာက္​ကိုင္​ဖို႔ျပင္​လိုက္​​ေပသည္​ ။
ထိုသည္​ကို တြန္​မီက လ်ွင္​ျမန္​စြာပဲ လုယူလိုက္​​ေပကာ ၾကည္​့လိုက္​​ေလ​ေတာ့ my fav အမကလဲရာ ဆိုကာ​ေနာက္​က​ေန​ေတာင္​ အျပာ​ေရာင္​အသည္​​း​ေလးနဲ႔ မွတ္​ထား​ေလ​ေသးသည္​ ။

​ေကာ့ပါးက လုယူသြားသူဆီက ဖုန္​း​ေလးကိုျပန္​​ေတာင္​းလိုက္​​ေပသည္​ ။

'အကို ကြၽန္​​ေတာ္​ကိုဖုန္​ျပန္​​ေပးပါ...ဖုန္​းလာ​ေနတာကို..'

တြန္​မီက အရပ္​မမွီသည္​ကို ​ေျခဖ်ား​ေထာက္​ကာ လက္​အဆံုးမွာ​ေျမႇာက္​ကိုင္​ထားတဲ့ ဖုန္​း​ေလးကို ယူ​ဖို႔လုပ္​​ေနသူ​ေၾကာင္​့ ဖုန္​းကိုပိုကာ ျမႇင္​့​ေျမႇာက္​ထားလိုက္​သည္​ ။

'ဒါ​ေၾကာင္​့မို႔ ယူလိုက္​တာ​ေလ... သူမ်ား​ေတြ သာယာ​ေနတာကို အလိုက္​ကမ္​းဆိုးမသိ႐ွဴပ္​႐ႈပ္​႐ွက္​႐ွက္​နဲ႔... ဒီ date ​ေလးရဖို႔ ဒီ​ေလာက္​​ေစာင္​့​ေနခဲ့ရတာကို ... ​ေႏွာက္​ယွက္​မွာမလိုခ်င္​ဘူး..'

'အကိုကလည္​း အမကလဲရာ အ​ေရးႀကီးလို႔ဆက္​တာ​ေနမွာ​ေပါ့... ျပန္​​ေပးပါ​ေနာ္​...'

'ကိုယ္​က ဘူးဆို ဖ႐ုံမသီးဘူး​ေနာ္​​ေကာင္​​ေလး...'

'ကြၽန္​​ေတာ္​အတြက္​ပဲဟာ သီးလိုက္​ပါ.. အကိုျဖစ္​ခ်င္​တာ ကြၽန္​​ေတာ္​ လုပ္​​ေပးမယ္​​ေလ​ေနာ္​... ဖုန္​​ေလး​ေတါ့ ျပန္​​ေပး..'

ဒီ​ေတာ့ မွ ​ဖုန္​းသံ​ေလးျမည္​​ေနတဲ့ ဖုန္​း​ေလးကိုင္​ထားရာ လက္​က​ေလးကို ​​ေအာက္​သို႔ျပန္​ခ်​ေပးလိုက္​​ေလသည္​ ။

'ကတိဆိုတာ ​ေျပာၿပီးတည္​ရတယ္​​ေနာ္​​ေကာင္​​ေလး...'

'အြန္​းပါ... မြ...'

​ေကာ့ပါး ဖုန္​းကိုယူလိုက္​ရင္​း ခ်စ္​ရတဲ့ အကို႔ကို ပါ​း​ေလး တစ္​ခ်က္​နမ္​းလိုက္​​ေလသည္​ ။.ၿပီး​ေတာ့ ဖုန္​း​ေလးကို ကိုင္​လိုက္​သည္​ ။

'ဟယ္​လို အမ ကလဲရာ... ဘာမ်ားျဖစ္​လို႔လဲ...'

'​ေထြ​ေထြထူးထူး ​ေတာ့ မဟုတ္​ပါဘူး... မင္​းကို မင္​းရဲ႕အကိုဟန္​တာ နဲ႔ပန္​သတ္​ၿပီး ​ေမးစရာ႐ွိလို႔... ကိုယ္​သူနဲ႔ အဆက္​အသြယ္​မရလို႔... '

'ဟုတ္​လား... အကိုက အမ မလာတဲ့ မ​ေန႔ကတည္​းက ​ေပ်ာက္​သြားတာ... ကြၽန္​​ေတာ္​က အမနဲ႔တူတူ လိုက္​သြားတယ္​​ေတာင္​ထင္​​ေနတာ...'

'သူဆိုင္​မွာ ဒီ​ေန႔မ႐ွိဘူး​ေပါ့...'

'ဟုတ္​တယ္​...အကိုဟန္​တာ​ မ႐ွိဘူး အမ ​ေဂ်မီ ကပါ ​ေနမ​ေကာင္​းလို႔မလာ​ေတာ့ ဒီ​ေန႔ဆိုင္​မွာ ကြၽန္​​ေတာ္​တစ္​​ေယာက္​ထဲျဖစ္​​ေနတာ... ဒါနဲ႔ အကိုဟန္​တာက ဘာျဖစ္​လို႔လဲ...'

'ဘာမွမျဖစ္​ပါဘူး... '

'အကိုဟန္​တာ နဲ႔ အဆက္​အသြယ္​မရတာ ကိုသိပ္​စိတ္​မပူပါနဲ႕.. အရင္​တုန္​းက ဆိုလည္​း အကိုက အယ္​လိုပဲ အဆက္​အသြယ္​မရပဲ ခဏခဏ ​ေပ်ာက္​သြားတတ္​တယ္​... တစ္​ရက္​ႏွစ္​ရက္​က်ရင္​ ျပန္​​ေရာက္​လာတာပါပဲ... ကြၽန္​​ေတာ္​တို႔​ေမးၾကည္​့ရင္​​ေတာ့ ​အ​ေဒၚဆိုလား သြား​ေတြ႔တာလို႔​ေတာ့​ေျပာတယ္​..'

'​​ေအာ္​.... အြန္​းပါ ကိုယ္​ ​​ေႏွာက္​ယွက္​မိရင္​​ေတာင္​းပန္​ပါတယ္​​ေနာ္​.. ကိုယ္​ဖုန္​းခ်လိုက္​​ေတာ့မယ္​..'

'ဟုတ္​အမ..'

ကလဲရာနဲ႔ ဖုန္​းခ်လိုက္​​ေလၿပီး​ေတာ့ ​ေကာ့ပါး မိမိ​​​ေနာက္​မွသူကိုၾကည္​့ လိုက္​​ေပ​ေတာ့ လက္​ပိုက္​ကာစူ ပုတ္​​ေနတဲ့ ႐ုပ္​နဲ႔ၾကည္​့​ေန​ေလသည္​ ။ ​ေကာ့ပါး ဂန္​းစတား တစ္​ဦးရဲ႕ စိတ္​​ေကာက္​​ေနတဲ့ ပံု​ေၾကာင္​့ ခပ္ျပံဳးျပံဳး​ေလး လုပ္​​ေန​ေပသည္​ ။​ေကာ့ပါး တြန္​မီ ဘက္​ကို မ်က္​ႏွာမႈရပ္​လိုက္​​ေပကာ

'႐ုပ္​ႀကီးက ဘာျဖစ္​တာတုန္​းလို႔... ျပံဳးျပံဳး​ေလး ​ေနပါလို႔...'

ပါးႏွစ္​ဖက္​ကို လက္​​ေလးႏွစ္​ဖက္​နဲ႔ ဆြဲကိုင္​ကာ ​ေမးလိုက္​​ေလသည္​ ။

' ျပံဳးလိုက္​ရင္​ အကိုက ကြၽန္​​ေတာ္​ႏွလံုးသား​ေလးကို အရည္​​ေတြ​ေပ်ာ္​က်​ေအာင္​ လုပ္​ႏိုင္​တယ္​...ကြၽန္​​ေတာ္​အႀကိဳက္​ဆံုးက အကို႔ ရဲ႕ အျပံဳး​ေတြပဲသိလား...'

​ေကာင္​​ေလး ဆိုလိုက္​တဲ့ စကား​ေလး​ေၾကာင္​့ တြန္​မီရဲ႕ စူပုတ္​ပုတ္​မ်က္​ႏွာက အျပံဳး​ေလးတို႔ ​ေရး​ေရး​ေလး​ေပၚလာ​ေပသည္​ ။

​ေကာင္​​ေလးက အတတ္​က​ေလး ျဖစ္​​ေနတာပင္​ ။ မိမိကို​ေတာင္​ ဘယ္​လိုထိန္​းခ​်ဳပ္​ရမလဲ သိ​ေနတာပဲလား ။ မိမိကပဲ အထိန္​းခ်ဳပ္​ခံခ်င္​လြန္​းလို႔ ျဖစ္​​ေနတာပဲ လား​ေတာ့မသိ​ေပ ။ ခ်က္​ခ်င္​း​ေတာင္​ တင္​းခံထားသမ်ွ ​ေလ်ာ့သြား​ေလ​ေအာင္​​ေတာ့ ​ေကာင္​​ေလး လုပ္​ႏိုင္​ခဲ့​ေပသည္​ ။

'​​ ​ေျပာလို႔ၿပီးၿပီမလား...'

'အြန္​း.. အမကလဲရာက အကိုဟန္​တာ အ​ေၾကာင္​း​ေမးတာ​ေလ ဆက္​သြယ္​လို႔မရလို႔တဲ့..'

'ဒါ​ေတြထားပါ... ကိုယ္​ကိုဖုန္​းသာ​ေပး...'

'ဘာလုပ္​မလို႔လဲ..'

​ေကာ့ပါး ​ေမးလည္​း​ေမး ခ်စ္​ရသူရဲ႕လက္​ထဲကို ဖုန္​း​ေလးလဲ ထည္​့​ေပးလိုက္​​ေပသည္​ ။ ျပီး​ေတာ့ တြန္​မီ ဘာလုပ္​မည္​ကို​ၾကည္​့​ေနလိုက္​ေ​ပသည္​ ။
တြန္​မီက ဖုန္​း​ေလးကို ပါ၀ါပိတ္​ခ် လိုက္​ၿပီး အိတ္​ကပ္​ထဲကိုထည္​့လိုက္​​ေလသည္​ ။

'ခုဆို ကိုယ္​တို႔ကို ဘယ္​သူမွ ​ေႏွာင္​ယွက္​လို႔မရ​ေတာ့ဘူး...'

ထိုသို႔ ဆို​ေလကာ အ​ေ႐ွ႕မွ အသားယားဖြယ္​ရာ ​ေကာင္​​ေလးကို ရင္​ခြင္​ထဲဆြဲသြင္​းလိုက္​​ေပသည္​ ။ ​ေကာ့ပါးလည္​း ဘာမွမဆိုသာ​ေတာ့ပဲ ​ေႏြး​ေထြးတဲ့ ရင္​ခြင္​ထဲမွာသာ ​ခံုလႈံ​ေနလိုက္​​ေတာ့သည္​ ။

'​ေကာင္​​ေလး သိလား... ကိုယ္​အခု အိမ္​၀ယ္​ထားတယ္​... ကိုယ္​တို႔ႏွစ္​​ေယာက္​အတြက္​ အိမ္​က​ေလး.. ​ေကာင္​​ေလးနဲ႔တူတူ​ေနဖို႔...'

'ဟင္​ တူတူ​ေနဖို႔ ....'

'ဟုတ္​တယ္​​ေလ.. ဘာလဲ ​ေကာင္​​ေလးက ကိုယ္​နဲ႔ လာမ​ေနခ်င္​လို႔လား...'

'မဟုတ္​ပါဘူး ​ေနခ်င္​ပါတယ္​...'

'ဒါဆို အခုထဲက ​ေျပာင္​းၾကမလား....'

'ဒီလို​ေတာ့ မရ​ေသးဘူး အကိုရဲ႕... အမကလဲရာကို ​ေျပာၾကည္​့ဦးမယ္​​ေလ... အမက ကြၽန္​​ေတာ္​ကို အိမ္​မွာ​ေနခြင္​့​ေပးထားတာ.. ဒီတိုင္​းႀကီး ထြက္​လာတာ ၾက​ေတာ့မ​ေကာင္​းဘူး​ေလ...႐ုိင္​းရာ ၾကသြားမွာ​ေပါ့...'

​ေကာင္​​ေလး ရဲ႕ စိတ္​သ​ေဘာကိုသိ​ေနသူမို႔ တြန္​မီ ခ်က္​ျခင္​း​ႀကီး​ေျပာင္​း​ေရြ႔ဖို႔ တြန္​းအား မ​ေပး​ေတာ့​ေပ။

'ဒါဆိုရင္​လည္​း ဒီ​ေန႔​ေတာ့ ကိုယ္​့တို႔ႏွစ္​​ေယာက္​အိမ္​မွာ လာအိပ္​... ကိုယ္​ ဟိုအိမ္​မွာ တစ္​​ေယာက္​ထဲ စိတ္​မခ်ဘူး...'

'အြန္​း ​ေကာင္​းၿပီ​ေလ... ကြၽန္​​ေတာ္​ ဒီ​ေန႔ အကိုနဲ႔ တစ္​ညလံုး အခ်ိန္​​ေတြ တူတူျဖဳံးဖို႔ ဆံုးျဖတ္​ထားတာ ဆို​ေတာ့ အကိုနဲ႔လိုက္​ခဲ့မယ္​...'

တြန္​မီက အၾကံ​ေအာင္​သူႏွယ္​ ျပံဳးရယ္​လိုက္​​ေလကာ

'ဒါဆိုလည္​း ကိုယ္​တို႔ ရဲ႕ အိမ္​ကို ျပန္​ၾကရ​ေအာင္​.....'

'ဟင္​ အခုလား...'

'အခု​ေပါ့... အိမ္​မွာ တူတူ လုပ္​ၾကည္​့ဖူးခ်င္​တာ​ေလး​ေတြ႐ွိတယ္​...'

ထိုသို႔ျဖင္​့ တြန္​မီ ရည္​ရြယ္​ထား​ေလတဲ့ ႏွစ္​ဦးသားရဲ႕ အိမ္​​ေလးသို႔ ​ေကာ့ပါး ပါသြား​ေလသည္​ ။

ထို​ေန႔တြင္​ ​ေကာ့ပါး​ေရာ တြန္​မီပါ ညလံုး​ေပါက္​မအိပ္​ခဲ့ၾကပဲ မိုလင္​းမွသာ ဆိုဖာ​ေလး​ေပၚတြင္​ ႏွစ္​​ေယာက္​သား အိပ္​​ေပ်ာ္​သြားၾက​ေလသည္​ ။

အ​ေၾကာင္​းက​ေတာ့ တြန္​မီ လုပ္​ဖူးခ်င္​တဲ့ movie date ​ေလးကိုႏွစ္​​ေယာက္​သား romance ဆန္​ဆန္​ၾကည္​့ရင္​း နဲ႔ပင္​ ​သံုး​ေလးကား ဆက္​သြားသျဖင္​့ တစ္​ညလံုး ကုန္​မွန္​းမသိကုန္​သြား​ေလရျခင္​းသည္​မို႔ပင္​ ။

.............

ကလဲရာ ရဲ႕ ကား​ေလးသည္​ တစ္​ညလံုးနဲ႔ မနက္​ခင္​း တစ္​ခုလံုးရဲ႕ ​ေမာင္​းႏွင္​ၿပီးျခင္​းတြင္​ သူ​ေရာက္​ဖူး​ေနၾက ​ေနရာ​ေလးျဖစ္​​ေလတဲ့ အိမ္​က​ေလးသို႔​ေရာက္​လာ​ေပသည္​ ။

ကလဲရာ အိမ္​ကို ဘဲလ္​တီးၿပီး ​ေခၚၾကည္​့​ေသာ္​လည္​း ထူးျခားတဲ့ တံု႔ျပန္​မႈမ႐ွိ​ေပ ။
ဟန္​တာက password ကို​ေျပာထား​ေလ​ေသာ​ေၾကာင္​့ ကလဲရာ ႐ုိက္​ႏွိပ္​ လိုက္​​ေလကာ အိမ္​ထဲသို႔၀င္​လာလိုက္​​ေပသည္​ ။

အိမ္​ က အလင္​းပိတ္​ထား​ေလ​ေသာ​ေၾကာင္​့ အျပင္​က လင္​းထိန္​​ေန​ေသာ္​လည္​း အနည္​းငယ္​ ​ေမွာင္​ရိပ္​သန္​း​ေနသလိုပင္​ ။
ကလဲရာ အလင္​း​ေရာင္​အတြက္​ ျပတင္​း​ေပါက္​တစ္​ခုကို ဖြင္​့လိုက္​​ေလသည္​ ။

'ဟန္​တာ ႐ွင္​ အထဲမွာ႐ွိလား...'

ကလဲရာ ထိုသို႔ ဆို​ေလၿပီး အိမ္​တစ္​ခုလံုးကို လွည္​့ပတ္​ကာ ႐ွာၾကည္​့​ေပမယ္​့ အရိပ္​အ​ေယာင္​ဘာတစ္​ခုမွမ​ေတြ႔​ေပ ။

ဟန္​တာရဲ႕ အခန္​းကုတင္​​ေလးတြင္​​ေတာ့ စက္​ပိတ္​ထား​ေလတဲ့ ဖုန္​း​ေလး ကို​ေတြ႔လိုက္​​ေပသည္​ ။ စက္​​ေလးကို​ေကာက္​ဖြင္​့လိုက္​​ေတာ့ မိမိရဲ႕ စာအုပ္​ဆိုင္​မွာ စာ​ေရး​ေနတဲ့ ပံု​ေလးကို အျပင္​ဘက္​ wallpaper မွာတင္​ထား​ေလကာ မိမိ​ေခၚဆိုထားတဲ့ ဖုန္​းအႀကိမ္​​ေရ ရာ​ေက်ာ္​မွာလဲ screen တြင္​ ​ေပၚလာ​ေပသည္​ ။

ကလဲရာ ဖုန္​း password ကို ႐ုိက္​႐ွာလိုက္​​ေလသည္​ ။ သံုး​ေလးငါးႀကိမ္​ ႐ွိက္​႐ွာတာမရပဲ ​ေနာက္ဆံုး အိမ္​ရဲ႕ password အတိုင္​းဖြင္​့​ေလ​ေတာ့မွသာ ပြင္​့သြား​ေလသည္​ ။

အထဲမွာထည္​့ထားတဲ့ wellpaper က​ေတာ့ မိမိပံုပဲဆို​ေပမယ္​့ ထူးျခာ​ေန​ေလသည္​က ထို​ေနရာသည္​ မိမိရဲ႕အိမ္​ရဲ႕ ၀ရံတာ​ေလးတြင္​႐ွိ​ေန​ေလတဲ့ပံုစံ​ေလးပင္​ ။
ထိုသည္​သည္​ မိမိ အိမ္​ကို စ​ေရာက္​ခါစတုန္​းက ႐ုိက္​ထား​ေလတဲ့ပံုျဖစ္​​ေပသည္​ ။

ဒီလိုဆို ရင္​ ဟန္​တာက စာအုပ္​ဆိုင္​မွာမဟုတ္​ပဲ အစထဲက မိမိကို သိ​ေနခဲ့တာလား ။
ကလဲရာ ဖုန္​းကို​ေမြ​ေႏွာက္​စစ္​​ေဆးၾကည္​့​ေပမယ္​့ ခိုး႐ုိက္​ထားတဲ့ မိမိပံုအနည္​းငယ္​ကလြဲရင္​ ဘာဆိုဘာမွကိုမ႐ွိတာပင္​ ။

'​ေဒါက္​​...'

ဧည္​့ခန္​း ထဲမွ အသံတစ္​ခု ၾကားလိုက္​ရ၍ ကလဲရာ အခန္း​အျပင္​ဘက္​ကိုထြက္​လာ​ေပသည္​ ။

'ဟန္​တာလား... ႐ွင္​ဒီမွာ႐ွိ​ေနတယ္​မလား...'

ဘယ္​ကမွန္​းမသိ​ေလတဲ့ ​ေၾကာင္​နက္​တစ္​​ေကာင္​ကိုသာ ထိုအသံအတြက္​ တရားခံအ​ေနနဲ႔​ေတြ႔လိုက္​ရ​ေပကာ ထို​ေၾကာင္​​ေလးသည္​ ကလဲရာကို ျမင္​လ်ွင္​ ကလဲရာဖြင္​့ခဲ့တဲ့ ျပတင္​း​ေပါက္​​ေလးက​ေနတဆင္​့အျပင္​ကို ​ေျပးထြက္​သြား​ေလသည္​ ။

ကလဲရာ ဧည္​့ခန္​းထဲအ​ေရာက္​တြင္​ သတိထားမိခဲ့​ေလတဲ့ ​ အခန္​း ။ ထိုသည္​က​ေတာ့ ​ဟန္​တာ ​ေျပာ​ေန​ေလသည္​့ သူရဲ႕အႁမႊာအကို ဆိုတဲ့ သူရဲ႕အခန္​းပင္​။ ထိုအႁမႊာ Hell ျဖစ္​​ေလဖို႔ ရာခိုင္​ႏႈန္​း က ​ေသခ်ာသ​ေလာက္​႐ွိ​ေန​ေလသည္​မဟုတ္​လား ။

ကလဲရာ ထိုခရမ္​း​ေရာင္​ ​ေဆးခ်ယ္​ထား​​ေလသည္​့အခန္​း သို႔၀င္​ဖို႔ျပင္​လိုက္​ကာ ကြၽမ္​းက်င္​စြာပဲ ​ေသာ့ကို ပ့ုံမပ်က္​ ဖ်က္​လိုက္​​ေပသည္​ ။

'ဒါက...'

အခန္​းထဲမွာ ကလဲရာ ျမင္​ရတာက​ေတာ့ အံျသစရာပါ ။ အသတ္​ခံလိုက္​ရတဲ့ သူ၂၃ ဦးစလံုးရဲ႕ အခ်က္​အလက္​​ေတြကို အစီအစဥ္​က်က် မွန္​​ေဘာင္​ note ​ေတြ​ေပၚမွာမွတ္​သားထား​ေလတာျဖစ္​သည္​။ ၿပီး​ေတာ့ ထိုတြင္​ ဆိုင္​ဘာ စနစ္​ ခ်ိတ္​ဆက္​ထားတဲ့ computer ​ေတြလဲ႐ွိ​ေန​ေပသည္​ ။ ထိုသည္​မ်ားသည္​ပြင္​့ရက္​သား အ​ေျခအ​ေန​တြင္​ပင္​ ။

🎶 You're my angle angle baby ,angle🎶🎶 you're my angle baby.🎶baby your my angle baby 🎶🎶🎶. baby angle🎶🎶

​ေတးသံ​ေလးနဲ႔ ျမည္​လာ​ေလတဲ့ ကလဲရာ ရဲ႕ ဖုန္​းက​ေလးပင္​ ။

'ဟယ္​လို မီရာ ​ေျပာ...'

'တို႔အခ်က္​အလက္​​ေတြအကုန္​သိလာၿပီ...'

'Zoe ရဲ႕ မတ္​က အစိုးရဘက္​က စံုစမ္​း​ေရးမႈး တစ္​​ေယာက္​ပဲ .. အထက္​ဘက္​က မသမာ ကိစၥတစ္​ခုကို ​ေဖာ္​ထုတ္​လိုက္​လို႔ မိသားစု​ သံုး​​ေယာက္​ လံုး အကုန္​အသတ္​ခံခဲ့ရတယ္​ ... Zoe သြားကယ္​​ေပမယ္​့​ေနာက္​က်သြားတယ္​ မ​ေသမ႐ွင္​ျဖစ္​​ေနတဲ့ တူငယ္​ တစ္​​ေယာက္ကိုပဲ ျပန္​ရခဲ့တာ... Hell က ​ေဆး႐ုံမွာ ဦး​ေႏွာက္​ထိသြားလို႔ ႏွစ္​ႏွစ္​​ေလာက္​ ကိုမာ၀င္​​ေနခဲ့တယ္​... ၿပီး​ေတာ့ ကံ​ေထာက္​မလို႔ သတိရလာ​ေတာ့လည္​း စိတ္​အ​ေျခအ​ေနက သိပ္​မ​ေကာင္​းခဲ့ဘူး​ေလ..​ေတာ္​​ေတာ္​​ေလး ျပန္​​ေကာင္​းမြန္​လာ​ေအာင္​ သံုးႏွစ္​ ​ေလာက္​ၾကာ​ေအာင္​ ကုခဲ့ရတယ္​... ၿပီး​ေတာ့ Zoe ရဲ႕​ေဖးကူမမႈ​ေတြနဲ႔ မိဘ​ေတြအတြက္​ လက္​စား​ေျခတဲ့ Hell ျဖစ္​လာခဲ့တာပဲ.....'

'ကိုယ္​သိခ်င္​တာ က Hell မွာ အႁမႊာညီ​ေတြပါ​ေတြ႐ွိလား...'

'ညီ​ေတာ့မ႐ွိဘူး... အကို​ေတာ့ ႐ွိခဲ့တယ္​...'

'႐ွိခဲ့တယ္​ ဆိုတာ ဘယ္​လိုမ်ိဳးလဲ...'

'ဒီလို​ေလ Zoe ရဲ႕ ညီမနဲ႔ မတ္​ က သား​ေလး ႏွစ္​​ေယာက္​​ေမြးခဲ့တာ .. ႐ဳပ္​ခ်င္​း ခြၽတ္​စြပ္​ တူတယ္​​ေလ... ဒါ​ေပမယ္​့ စိတ္​မ​ေကာင္​းစရာက အႀကီး​ေကာင္​​ေလးက လသားအရႊယ္​မွာ ပဲ ​ေရာဂါ နဲ႔ တစ္​ခုျဖစ္​ၿပီး ဆံုးသြားခဲ့တယ္​...'

'ဘယ္​လို ​ေသခ်ာရဲ႕လား မီရာ ... တစ္​ခုခုမွား​ေနသလိုပဲ...'

'​တို႔ ဘယ္​တုန္​းက မ​ေသခ်ာမခိုင္​မာတဲ့ အရင္​းအျမစ္​ကိုထုတ္​​ေပးဖူးလို႔လဲ... ကိုယ္​့မွာ အယ္​့က​ေလး​ေလးရဲ႕ ​ေသ​ေၾကာင္​း​ေထာက္​ခံစာကို​ေတာင္​ ရထားတယ္​.. ပို႔လို႔က္​မယ္​...'

ဖုန္​း​ေလး ​ေခၚဆိုမႈၿပီး​ေတာ့ မီရာပို႔​ေလတဲ့ စာရြက္​စာတမ္​း​ေလးကို၀င္​ၾကည္​့မိ​ေလသည္​ ။

💭 တကယ္​ကိုပဲ ဒါႀကီးက အစစ္​ပင္​... ဒါဆို ဟန္​တာ နဲ႔ Hell က...💭

ကလဲရာ အံျသစြာ​ေတြး​ေနမိ​ေလသည္​ ။

💭 ဘယ္​လိုလုပ္​ျဖစ္​ႏိုင္​မွာလဲ... နွစ္​ေ​ယာက္​လံုးက ခံစားရတဲ့ အ​ေငြ႔အသက္​​ေတြမတူဘူး​ေလ... လံုး၀ဆန္​႔က်င္​ဘက္​ပဲကို...💭

ထိုစဥ္​ မ်က္​၀န္​းထဲျမင္​လာတဲ့ အရိပ္​​ေလးတစ္​ခု ။ ကလဲရာ သည္​ လက္​သြယ္​​ေခ်ာင္​း​ေလးတစ္​ခုရဲ႕ လည္​တိုင္​နား ထိ​ေတြ႔ျခင္​းခံလိုက္​ရ​ေလကာ အ​ေမွာင္​ထုဆီသို႔ ႐ုတ္​ခ်ည္​း အလည္​တစ္​​ေခါက္​​ေရာက္​သြား​ေလသည္​ ။

😻😻😻😻😻😻😻😻😻😻😻

ဘာ​ေတြ ဆက္​ျဖစ္​မလဲ ဒန္​ဒန္​ဒန္​...

9.1.2022 ဒီ​​ေန႔မွာ သာသာ ရဲ႕ ဒီ colourless ​ေလး fujoshi မွာ # 1 ခ်ိတ္​သြားပါတယ္​ .. ခုဆို # 1 ရဖူးတာ 2 ခါ​ေတာင္​ ျဖစ္​သြားလို႔ ဒီသာသာ​ေလး စြန္​း​ေပ်ာ္​​ေနပါတယ္​ ... ဒါ​ေတြက ခ်စ္​ရတဲ့ ဒါဒါ​ေလး​ေတြရဲ႕ ​ေကာင္​းမႈ ​ေတြ​ေၾကာင္​့ ပါ... ဒါဒါ​ေလး​ေတြကို အရမ္​း ​ေတြ အရမ္​း​ေတြ အရမ္​း​ေတြကိုမွ အားပါးတရ နဲ႔ အားႀကီးအမ်ားႀကီး ခ်စ္​ပါတယ္​ ​ေနာ္​ 😽😽😻😻 ။

ဒီသီခ်င္​း​ေလးက သာသာ ႀကိဳက္​တဲ့ သီခ်င္​း​ေလးပါ။ ကလဲရာ ရဲ႕ ဖုန္​းသံ​ေလး​ေပါ့ ။ မဆီမဆိုင္​ ဖြင္​့ျပတာပါ ။

😻😻😻😻😻😻😻😻😻😻😻

Thank you for your reading

😻😻😻😻😻😻😻😻😻😻😻

Unicode #

ဗင့်ကား လေး ရဲ့ မီရာရှိရာဆီသို့ Inferno သွားလိုက်လေသည် ။

'အဆင်ပြေခဲ့လား Inferno ...'

ကားထဲဝင်လာကာ ပွဲတက်အဝတ်လေးကို ဖယ်ခွာပြီး ရိုးရိုး အဖြူရောင် shirt လေးကို ပြောင်းလဲဝတ်ဆင်နေတဲ့ nferno ကို မီရာ မေးလိုက်လေသည် ။ Inferno ကိုကြည့်ရတာ တစ်ခုခုကို အလျှင်လိုနေလေသည့်ပုံပေါက်နေလေသောကြောင့်ပင် ။

'ကိုယ်ပြေပါတယ်... zoe ရဲ့ ညီမ မိသားစု အကြောင်း သိချင်တာလေးတွေရှိတယ်... ကိုယ်ကိုစုံစမ်းပေးထားပါ...'

' ဘယ်သွားမလို့လဲ Inferno ...'

ဆုံရပ်ကိုပြန်ရောက်လာလေတဲ့ ဂျော်နသန် တို့က မေးလေခြင်းပင် ။

'ကိုယ် purpleocean ကို သွားစရာရှိလို့...မီရာ ငါသွားတော့မယ်.. စုံစမ်းရရင် ချက်ချင်း လှမ်းပြောနော်...'

ဆိုင်ဘာ စနစ်တွေထဲ ဝင်ရောက်ရှာဖွေနေတဲ့ မီရာရဲ့ အဖြေကိုတောင်မစောင့်ပဲ Inferno ထိုသည်ကနေ ထွက်သွားလေတော့သည် ။

.......................................

ညကောင်းကင်ယံက အမှောင်ခွင်းနေကာ highway လမ်းမလေး တစ်ခုထက်မှ အနီရောင် ကားလေးတစ်စီး မှိုင်းနှုန်းမြင့် အရှိန်နဲ့ လမ်းတွေကို ကွေ့ပတ်စွာမောင်းနေလေသည် ။
ထိုသည်ကတော့ ကလဲရာ ပင်ဖြစ်လေကာ ကလဲရာ ကားမောင်းနေရင်းနဲ့ပင် တစ်စုံတစ်ဦးကိုဖုန်းခေါ်နေလိုက်လေသည်။ သို့ပေမယ့် ဆက်သွယ်၍မရဆိုသည့် ဆက်သွယ်ရေးဌာနဘက်မှ စက်သံအပြင် မည်သည်မှ လက်ခံမရခဲ့ပေ ။

ကလဲရာ နောက်ဆုံးတွင် နောက်ထပ် အခြား content လေးတစ်ခုကို နှိပ်လိုက်လေသည် ။ ဖုန်းသံလေးက တစ်တူတူ မည်နေရင်းပင် Purpleocean မြို့လေးရဲ့ အေးချမ်းတဲ့ ညချမ်းလေးတစ်ညမှာ romance ဆန်ဆန်လေး date ကို ဖြတ်သန်းနေတဲ့ ကောင်လေး တစ်ယောက်ဆီကို သွား ဆက်သွယ်မိလေသည် ။

ကော့ပါးနဲ့ တွန်မီ တို့ သုံးရက်မြှောက် ချစ်သူသက်တန်းရှိလေသည့် ထိုနေ့လေးတွင်တော့ တွန်မီသည် ကော့ပါး ရဲ့ အနီးအပါးတွင် ရှိလေလေသည် ။ အကြောင်းက ထိုနေ့တနေ့ လုံးတွင် ချစ်ရတဲ့ ကောင်လေးနဲ့ဒိတ်လုပ်ဖို့ ရည်ရွှယ် ထားလေသောကြောင့်ပင် ။ သို့ပေမယ့် တစ်နေကုန် ဒိတ်လေးကတော့ အရာမထင်ရပေ ။

ဘာကြောင့်ဆို ကော့ပါး အလုပ်လုပ်သည့် စာအုပ်ဆိုင်လေးတွင် အလုပ်ရှင်ကလည်း ခါတိုင်းလို မပြောမဆို ပျောက်နေပီး ကျန်တစ်ယောက်သည်ကတော့ အစားမှားလို့ ဆိုကာ နေမကောင်းဖြစ်ပြီး မလာနိုင်သောကြောင့်ပင် ။ ထိုသည်တွင် တွန်မီသည် တစ်ယောက်ထဲ အလုပ်များနေသော ချစ်ရသူလေး ကို ကူလုပ်ကိုင်ပေးရင်း ဂန်းစတား ဘဝကနေ အရောင်းဝန်ထမ်းလေးအဖြစ် တစ်ရက်တာ တာဝန်ထမ်းဆောင်ရလေခြင်း အဖြစ်ကိုရောက်လေတော့သည် ။

ညနေပိုင်း ဆိုင်ပိတ်ချိန်လေး အထိ မအားမလပ်ဖြစ်နေခြင်းကြောင့် တွန်မီရဲ့ day date လေးကတော့ ရေစုန်မျှောခဲ့ရလေသည် ။
ထိုသည်တွင် ညနေပိုင်း အစီအစဉ် အတွက် ကိုတော့ တွန်မီ ကြိုတင်အကွက်ကျစွာနဲ့ပင် တပည့်တစ်ယောက်ကို ကောင်လေးအစား အလုပ်လုပ်ပေးဖို့ စတိုးဆိုင်တွင်တာဝန်ပေးခဲ့လေသည် ။

ထိုသို့ အစီအစဉ်ကျကျ ဆောင်ရွှက်မှုတွေကြောင့် နောက်ဆုံးတွင် ချစ်ရသူလေးနဲ့ nightout date လေး ကိုရခဲ့လေခြင်းပင် ။

လတ်ဆက်တဲ့ လေထုတွေနဲ့ အေးမြတဲ့ အရိပ်အယောင်အငွေ့အသက်တွေနဲ့ပြည့်နေလေတဲ့ purpleocean မြို့လေးရဲ့purple ပင်လယ် ရဲ့သဲသောင်လေးတစ်ခုတွင် တော့ အလှစီစဉ် ထားလေတဲ့ ပန်းနှရောင် အမိုးအဝန်းလေးနဲ့ လှပမြောက်ကြွတဲ့ အပြင်အဆင်လေး ရှိနေပေသည် ။

တွန်မီသည် ထိုနေရာလေးကို ကော့ပါးရဲ့ အကြိုက်ဖြစ်လေတဲ့ ပန်း ရောင် လေးတွေနဲ့ ပြင်ဆင်ထားတာ ဖြစ်ပြီး ကော့ပါးကလည်း ထိုသည်ကို အလွန်မှသဘောကျနေလေသည့်နှယ်ပင် ။

နှစ်ယောက်သား တူတူ ပြင်ဆင်ထားလေတဲ့ညစာလေးကို ပင်လယ်ရဲ့ လေညှင်းလေးခံ၍ ကြည်နူးစွာစားခဲ့ကြလေသည် ။
ပြီးတော့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လေကာ ပင်လယ်ကမ်းခြေသဲသောင်ဖွေးဖွေး လေးတွေပေါ်တွင် လမ်းတူတူ လျှောက်ခဲ့ကြလေသည် ။

ညအမှောင်သန်းလေသည်မို့ လင်းလက်နေတဲ့ ကြယ်လေးတွေကလည်း ဝသီအတိုင်း လင်းလက်နေကြပေသည် ။ လမင်းကြီး တစ်ခြမ်းက လည်း ထိန်ထိန်သာ က အလင်းဆောင်ပေးနေသေးသည် ။
သဲသောင်လေးရဲ့ အလွန်မှာထွန်းထားလေတဲ့ အလင်းတိုင်တို့ရဲ့ အလင်းရောင်တို့ကလည်း ပင်လယ်နားနီး သဲသောင်လေးအပေါ် အလင်းကျ၍ မဆိုသလောက်လင်းနေပေသည် ။ purple ပင်လယ်သဲသောင်ရဲ့ ကမ်းစပ်မှာရှိတဲ့ သဘာဝရဲ့ အနှမြူကျောက်လေးကြောင့်လည်း ပင်လယ်နဲ့ သဲသောင်ကို စည်းခြားထားသလို ရူမဝရှိနေလေတဲ့ မြင်ကွင်းလေးကလည်း လူနှစ်ယောက်ရဲ့ ချစ်ခြင်းရဲ့ ကြည်နူးခြင်းပုံရိပ်တွေကို ပိုကာ အသက်ဝင်နေသလိုပင် ။

တွဲလက်တွေကမြဲမြံနေကာ ပင်လယ်ဘက်ကိုမျက်နှာမှုပြီး ကော့ပါးကိုနောက်ကျောကနေထွေးဖက်ထားလေတဲ့ တွန်မီ ။ အနောက်ကနေပြီး ချစ်ရသူလေးရဲ့ အငွေ့အသက်လေးတွေကိုနမ်းရှိက်နေလေသည် ။ ဒါသူအမြဲဖြစ်ချင်ခဲ့လေတဲ့ အခိုက်အတန့်လေးတွေပင် ။ ကောင်လေးသည်ခုတော့ သူရဲ့ရင်ခွင်ထဲမှာ သူရဲ့ ဖြစ်တည်မှုအားလုံး လက်ခံပြီး ရှိပေးနေလေသည်မလား ။

နှစ်ဦးသား ကြည်နူးနေစဉ် ဖျက်စီးစေခြင်းအလိုငှါ ဝင်လာလေတဲ့ဖုန်းလေး ။ စိတ်ကူးယဉ် မက်နေလေတဲ့ အနာဂတ်ရဲ့ နှစ်ယောက်ကမ္ဘာအိမ်မက်လေးကနေ တွန်မီ နိုးထလာခဲ့ပေသည် ။

ကော့ပါးက ဆုပ်ကိုင်ထားလေတဲ့ တွန်မီရဲ့ လက်တစ်ဖက်ကို ခဏလွှတ်စေကာ အပေါ်ထပ်လေးထဲမှ ဖုန်းလေးကို ကောက်ကိုင်ဖို့ပြင်လိုက်ပေသည် ။
ထိုသည်ကို တွန်မီက လျှင်မြန်စွာပဲ လုယူလိုက်ပေကာ ကြည့်လိုက်လေတော့ my fav အမကလဲရာ ဆိုကာနောက်ကနေတောင် အပြာရောင်အသည်းလေးနဲ့ မှတ်ထားလေသေးသည် ။

ကော့ပါးက လုယူသွားသူဆီက ဖုန်းလေးကိုပြန်တောင်းလိုက်ပေသည် ။

'အကို ကျွန်တော်ကိုဖုန်ပြန်ပေးပါ...ဖုန်းလာနေတာကို..'

တွန်မီက အရပ်မမှီသည်ကို ခြေဖျားထောက်ကာ လက်အဆုံးမှာမြှောက်ကိုင်ထားတဲ့ ဖုန်းလေးကို ယူဖို့လုပ်နေသူကြောင့် ဖုန်းကိုပိုကာ မြှင့်မြှောက်ထားလိုက်သည် ။

'ဒါကြောင့်မို့ ယူလိုက်တာလေ... သူများတွေ သာယာနေတာကို အလိုက်ကမ်းဆိုးမသိရှူပ်ရှုပ်ရှက်ရှက်နဲ့... ဒီ date လေးရဖို့ ဒီလောက်စောင့်နေခဲ့ရတာကို ... နှောက်ယှက်မှာမလိုချင်ဘူး..'

'အကိုကလည်း အမကလဲရာ အရေးကြီးလို့ဆက်တာနေမှာပေါ့... ပြန်ပေးပါနော်...'

'ကိုယ်က ဘူးဆို ဖရုံမသီးဘူးနော်ကောင်လေး...'

'ကျွန်တော်အတွက်ပဲဟာ သီးလိုက်ပါ.. အကိုဖြစ်ချင်တာ ကျွန်တော် လုပ်ပေးမယ်လေနော်... ဖုန်လေးတေါ့ ပြန်ပေး..'

ဒီတော့ မှ ဖုန်းသံလေးမြည်နေတဲ့ ဖုန်းလေးကိုင်ထားရာ လက်ကလေးကို အောက်သို့ပြန်ချပေးလိုက်လေသည် ။

'ကတိဆိုတာ ပြောပြီးတည်ရတယ်နော်ကောင်လေး...'

'အွန်းပါ... မွ...'

ကော့ပါး ဖုန်းကိုယူလိုက်ရင်း ချစ်ရတဲ့ အကို့ကို ပါးလေး တစ်ချက်နမ်းလိုက်လေသည် ။.ပြီးတော့ ဖုန်းလေးကို ကိုင်လိုက်သည် ။

'ဟယ်လို အမ ကလဲရာ... ဘာများဖြစ်လို့လဲ...'

'ထွေထွေထူးထူး တော့ မဟုတ်ပါဘူး... မင်းကို မင်းရဲ့အကိုဟန်တာ နဲ့ပန်သတ်ပြီး မေးစရာရှိလို့... ကိုယ်သူနဲ့ အဆက်အသွယ်မရလို့... '

'ဟုတ်လား... အကိုက အမ မလာတဲ့ မနေ့ကတည်းက ပျောက်သွားတာ... ကျွန်တော်က အမနဲ့တူတူ လိုက်သွားတယ်တောင်ထင်နေတာ...'

'သူဆိုင်မှာ ဒီနေ့မရှိဘူးပေါ့...'

'ဟုတ်တယ်...အကိုဟန်တာ မရှိဘူး အမ ဂျေမီ ကပါ နေမကောင်းလို့မလာတော့ ဒီနေ့ဆိုင်မှာ ကျွန်တော်တစ်ယောက်ထဲဖြစ်နေတာ... ဒါနဲ့ အကိုဟန်တာက ဘာဖြစ်လို့လဲ...'

'ဘာမှမဖြစ်ပါဘူး... '

'အကိုဟန်တာ နဲ့ အဆက်အသွယ်မရတာ ကိုသိပ်စိတ်မပူပါနဲ့.. အရင်တုန်းက ဆိုလည်း အကိုက အယ်လိုပဲ အဆက်အသွယ်မရပဲ ခဏခဏ ပျောက်သွားတတ်တယ်... တစ်ရက်နှစ်ရက်ကျရင် ပြန်ရောက်လာတာပါပဲ... ကျွန်တော်တို့မေးကြည့်ရင်တော့ အဒေါ်ဆိုလား သွားတွေ့တာလို့တော့ပြောတယ်..'

'အော်.... အွန်းပါ ကိုယ် နှောက်ယှက်မိရင်တောင်းပန်ပါတယ်နော်.. ကိုယ်ဖုန်းချလိုက်တော့မယ်..'

'ဟုတ်အမ..'

ကလဲရာနဲ့ ဖုန်းချလိုက်လေပြီးတော့ ကော့ပါး မိမိနောက်မှသူကိုကြည့် လိုက်ပေတော့ လက်ပိုက်ကာစူ ပုတ်နေတဲ့ ရုပ်နဲ့ကြည့်နေလေသည် ။ ကော့ပါး ဂန်းစတား တစ်ဦးရဲ့ စိတ်ကောက်နေတဲ့ ပုံကြောင့် ခပ်ပြုံးပြုံးလေး လုပ်နေပေသည် ။ကော့ပါး တွန်မီ ဘက်ကို မျက်နှာမှုရပ်လိုက်ပေကာ

'ရုပ်ကြီးက ဘာဖြစ်တာတုန်းလို့... ပြုံးပြုံးလေး နေပါလို့...'

ပါးနှစ်ဖက်ကို လက်လေးနှစ်ဖက်နဲ့ ဆွဲကိုင်ကာ မေးလိုက်လေသည် ။

' ပြုံးလိုက်ရင် အကိုက ကျွန်တော်နှလုံးသားလေးကို အရည်တွေပျော်ကျအောင် လုပ်နိုင်တယ်...ကျွန်တော်အကြိုက်ဆုံးက အကို့ ရဲ့ အပြုံးတွေပဲသိလား...'

ကောင်လေး ဆိုလိုက်တဲ့ စကားလေးကြောင့် တွန်မီရဲ့ စူပုတ်ပုတ်မျက်နှာက အပြုံးလေးတို့ ရေးရေးလေးပေါ်လာပေသည် ။

ကောင်လေးက အတတ်ကလေး ဖြစ်နေတာပင် ။ မိမိကိုတောင် ဘယ်လိုထိန်းချုပ်ရမလဲ သိနေတာပဲလား ။ မိမိကပဲ အထိန်းချုပ်ခံချင်လွန်းလို့ ဖြစ်နေတာပဲ လားတော့မသိပေ ။ ချက်ချင်းတောင် တင်းခံထားသမျှ လျော့သွားလေအောင်တော့ ကောင်လေး လုပ်နိုင်ခဲ့ပေသည် ။

' ပြောလို့ပြီးပြီမလား...'

'အွန်း.. အမကလဲရာက အကိုဟန်တာ အကြောင်းမေးတာလေ ဆက်သွယ်လို့မရလို့တဲ့..'

'ဒါတွေထားပါ... ကိုယ်ကိုဖုန်းသာပေး...'

'ဘာလုပ်မလို့လဲ..'

ကော့ပါး မေးလည်းမေး ချစ်ရသူရဲ့လက်ထဲကို ဖုန်းလေးလဲ ထည့်ပေးလိုက်ပေသည် ။ ပြီးတော့ တွန်မီ ဘာလုပ်မည်ကိုကြည့်နေလိုက်ပေသည် ။
တွန်မီက ဖုန်းလေးကို ပါဝါပိတ်ချ လိုက်ပြီး အိတ်ကပ်ထဲကိုထည့်လိုက်လေသည် ။

'ခုဆို ကိုယ်တို့ကို ဘယ်သူမှ နှောင်ယှက်လို့မရတော့ဘူး...'

ထိုသို့ ဆိုလေကာ အရှေ့မှ အသားယားဖွယ်ရာ ကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပေသည် ။ ကော့ပါးလည်း ဘာမှမဆိုသာတော့ပဲ နွေးထွေးတဲ့ ရင်ခွင်ထဲမှာသာ ခုံလှုံနေလိုက်တော့သည် ။

'ကောင်လေး သိလား... ကိုယ်အခု အိမ်ဝယ်ထားတယ်... ကိုယ်တို့နှစ်ယောက်အတွက် အိမ်ကလေး.. ကောင်လေးနဲ့တူတူနေဖို့...'

'ဟင် တူတူနေဖို့ ....'

'ဟုတ်တယ်လေ.. ဘာလဲ ကောင်လေးက ကိုယ်နဲ့ လာမနေချင်လို့လား...'

'မဟုတ်ပါဘူး နေချင်ပါတယ်...'

'ဒါဆို အခုထဲက ပြောင်းကြမလား....'

'ဒီလိုတော့ မရသေးဘူး အကိုရဲ့... အမကလဲရာကို ပြောကြည့်ဦးမယ်လေ... အမက ကျွန်တော်ကို အိမ်မှာနေခွင့်ပေးထားတာ.. ဒီတိုင်းကြီး ထွက်လာတာ ကြတော့မကောင်းဘူးလေ...ရိုင်းရာ ကြသွားမှာပေါ့...'

ကောင်လေး ရဲ့ စိတ်သဘောကိုသိနေသူမို့ တွန်မီ ချက်ခြင်းကြီးပြောင်းရွေ့ဖို့ တွန်းအား မပေးတော့ပေ။

'ဒါဆိုရင်လည်း ဒီနေ့တော့ ကိုယ့်တို့နှစ်ယောက်အိမ်မှာ လာအိပ်... ကိုယ် ဟိုအိမ်မှာ တစ်ယောက်ထဲ စိတ်မချဘူး...'

'အွန်း ကောင်းပြီလေ... ကျွန်တော် ဒီနေ့ အကိုနဲ့ တစ်ညလုံး အချိန်တွေ တူတူဖြုံးဖို့ ဆုံးဖြတ်ထားတာ ဆိုတော့ အကိုနဲ့လိုက်ခဲ့မယ်...'

တွန်မီက အကြံအောင်သူနှယ် ပြုံးရယ်လိုက်လေကာ

'ဒါဆိုလည်း ကိုယ်တို့ ရဲ့ အိမ်ကို ပြန်ကြရအောင်.....'

'ဟင် အခုလား...'

'အခုပေါ့... အိမ်မှာ တူတူ လုပ်ကြည့်ဖူးချင်တာလေးတွေရှိတယ်...'

ထိုသို့ဖြင့် တွန်မီ ရည်ရွယ်ထားလေတဲ့ နှစ်ဦးသားရဲ့ အိမ်လေးသို့ ကော့ပါး ပါသွားလေသည် ။

ထိုနေ့တွင် ကော့ပါးရော တွန်မီပါ ညလုံးပေါက်မအိပ်ခဲ့ကြပဲ မိုလင်းမှသာ ဆိုဖာလေးပေါ်တွင် နှစ်ယောက်သား အိပ်ပျော်သွားကြလေသည် ။

အကြောင်းကတော့ တွန်မီ လုပ်ဖူးချင်တဲ့ movie date လေးကိုနှစ်ယောက်သား romance ဆန်ဆန်ကြည့်ရင်း နဲ့ပင် သုံးလေးကား ဆက်သွားသဖြင့် တစ်ညလုံး ကုန်မှန်းမသိကုန်သွားလေရခြင်းသည်မို့ပင် ။

.............

ကလဲရာ ရဲ့ ကားလေးသည် တစ်ညလုံးနဲ့ မနက်ခင်း တစ်ခုလုံးရဲ့ မောင်းနှင်ပြီးခြင်းတွင် သူရောက်ဖူးနေကြ နေရာလေးဖြစ်လေတဲ့ အိမ်ကလေးသို့ရောက်လာပေသည် ။

ကလဲရာ အိမ်ကို ဘဲလ်တီးပြီး ခေါ်ကြည့်သော်လည်း ထူးခြားတဲ့ တုံ့ပြန်မှုမရှိပေ ။
ဟန်တာက password ကိုပြောထားလေသောကြောင့် ကလဲရာ ရိုက်နှိပ် လိုက်လေကာ အိမ်ထဲသို့ဝင်လာလိုက်ပေသည် ။

အိမ် က အလင်းပိတ်ထားလေသောကြောင့် အပြင်က လင်းထိန်နေသော်လည်း အနည်းငယ် မှောင်ရိပ်သန်းနေသလိုပင် ။
ကလဲရာ အလင်းရောင်အတွက် ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်လေသည် ။

'ဟန်တာ ရှင် အထဲမှာရှိလား...'

ကလဲရာ ထိုသို့ ဆိုလေပြီး အိမ်တစ်ခုလုံးကို လှည့်ပတ်ကာ ရှာကြည့်ပေမယ့် အရိပ်အယောင်ဘာတစ်ခုမှမတွေ့ပေ ။

ဟန်တာရဲ့ အခန်းကုတင်လေးတွင်တော့ စက်ပိတ်ထားလေတဲ့ ဖုန်းလေး ကိုတွေ့လိုက်ပေသည် ။ စက်လေးကိုကောက်ဖွင့်လိုက်တော့ မိမိရဲ့ စာအုပ်ဆိုင်မှာ စာရေးနေတဲ့ ပုံလေးကို အပြင်ဘက် wallpaper မှာတင်ထားလေကာ မိမိခေါ်ဆိုထားတဲ့ ဖုန်းအကြိမ်ရေ ရာကျော်မှာလဲ screen တွင် ပေါ်လာပေသည် ။

ကလဲရာ ဖုန်း password ကို ရိုက်ရှာလိုက်လေသည် ။ သုံးလေးငါးကြိမ် ရှိက်ရှာတာမရပဲ နောက်ဆုံး အိမ်ရဲ့ password အတိုင်းဖွင့်လေတော့မှသာ ပွင့်သွားလေသည် ။

အထဲမှာထည့်ထားတဲ့ wellpaper ကတော့ မိမိပုံပဲဆိုပေမယ့် ထူးခြာနေလေသည်က ထိုနေရာသည် မိမိရဲ့အိမ်ရဲ့ ဝရံတာလေးတွင်ရှိနေလေတဲ့ပုံစံလေးပင် ။
ထိုသည်သည် မိမိ အိမ်ကို စရောက်ခါစတုန်းက ရိုက်ထားလေတဲ့ပုံဖြစ်ပေသည် ။

ဒီလိုဆို ရင် ဟန်တာက စာအုပ်ဆိုင်မှာမဟုတ်ပဲ အစထဲက မိမိကို သိနေခဲ့တာလား ။
ကလဲရာ ဖုန်းကိုမွေနှောက်စစ်ဆေးကြည့်ပေမယ့် ခိုးရိုက်ထားတဲ့ မိမိပုံအနည်းငယ်ကလွဲရင် ဘာဆိုဘာမှကိုမရှိတာပင် ။

'ဒေါက်...'

ဧည့်ခန်း ထဲမှ အသံတစ်ခု ကြားလိုက်ရ၍ ကလဲရာ အခန်းအပြင်ဘက်ကိုထွက်လာပေသည် ။

'ဟန်တာလား... ရှင်ဒီမှာရှိနေတယ်မလား...'

ဘယ်ကမှန်းမသိလေတဲ့ ကြောင်နက်တစ်ကောင်ကိုသာ ထိုအသံအတွက် တရားခံအနေနဲ့တွေ့လိုက်ရပေကာ ထိုကြောင်လေးသည် ကလဲရာကို မြင်လျှင် ကလဲရာဖွင့်ခဲ့တဲ့ ပြတင်းပေါက်လေးကနေတဆင့်အပြင်ကို ပြေးထွက်သွားလေသည် ။

ကလဲရာ ဧည့်ခန်းထဲအရောက်တွင် သတိထားမိခဲ့လေတဲ့ အခန်း ။ ထိုသည်ကတော့ ဟန်တာ ပြောနေလေသည့် သူရဲ့အမြွှာအကို ဆိုတဲ့ သူရဲ့အခန်းပင်။ ထိုအမြွှာ Hell ဖြစ်လေဖို့ ရာခိုင်နှုန်း က သေချာသလောက်ရှိနေလေသည်မဟုတ်လား ။

ကလဲရာ ထိုခရမ်းရောင် ဆေးချယ်ထားလေသည့်အခန်း သို့ဝင်ဖို့ပြင်လိုက်ကာ ကျွမ်းကျင်စွာပဲ သော့ကို ပ့ုံမပျက် ဖျက်လိုက်ပေသည် ။

'ဒါက...'

အခန်းထဲမှာ ကလဲရာ မြင်ရတာကတော့ အံသြစရာပါ ။ အသတ်ခံလိုက်ရတဲ့ သူ၂၃ ဦးစလုံးရဲ့ အချက်အလက်တွေကို အစီအစဉ်ကျကျ မှန်ဘောင် note တွေပေါ်မှာမှတ်သားထားလေတာဖြစ်သည်။ ပြီးတော့ ထိုတွင် ဆိုင်ဘာ စနစ် ချိတ်ဆက်ထားတဲ့ computer တွေလဲရှိနေပေသည် ။ ထိုသည်များသည်ပွင့်ရက်သား အခြေအနေတွင်ပင် ။

🎶 You're my angle angle baby ,angle🎶🎶 you're my angle baby.🎶baby your my angle baby 🎶🎶🎶. baby angle🎶🎶

တေးသံလေးနဲ့ မြည်လာလေတဲ့ ကလဲရာ ရဲ့ ဖုန်းကလေးပင် ။

'ဟယ်လို မီရာ ပြော...'

'တို့အချက်အလက်တွေအကုန်သိလာပြီ...'

'Zoe ရဲ့ မတ်က အစိုးရဘက်က စုံစမ်းရေးမှုး တစ်ယောက်ပဲ .. အထက်ဘက်က မသမာ ကိစ္စတစ်ခုကို ဖော်ထုတ်လိုက်လို့ မိသားစု သုံးယောက် လုံး အကုန်အသတ်ခံခဲ့ရတယ် ... Zoe သွားကယ်ပေမယ့်နောက်ကျသွားတယ် မသေမရှင်ဖြစ်နေတဲ့ တူငယ် တစ်ယောက်ကိုပဲ ပြန်ရခဲ့တာ... Hell က ဆေးရုံမှာ ဦးနှောက်ထိသွားလို့ နှစ်နှစ်လောက် ကိုမာဝင်နေခဲ့တယ်... ပြီးတော့ ကံထောက်မလို့ သတိရလာတော့လည်း စိတ်အခြေအနေက သိပ်မကောင်းခဲ့ဘူးလေ..တော်တော်လေး ပြန်ကောင်းမွန်လာအောင် သုံးနှစ် လောက်ကြာအောင် ကုခဲ့ရတယ်... ပြီးတော့ Zoe ရဲ့ဖေးကူမမှုတွေနဲ့ မိဘတွေအတွက် လက်စားခြေတဲ့ Hell ဖြစ်လာခဲ့တာပဲ.....'

'ကိုယ်သိချင်တာ က Hell မှာ အမြွှာညီတွေပါတွေရှိလား...'

'ညီတော့မရှိဘူး... အကိုတော့ ရှိခဲ့တယ်...'

'ရှိခဲ့တယ် ဆိုတာ ဘယ်လိုမျိုးလဲ...'

'ဒီလိုလေ Zoe ရဲ့ ညီမနဲ့ မတ် က သားလေး နှစ်ယောက်မွေးခဲ့တာ .. ရုပ်ချင်း ချွတ်စွပ် တူတယ်လေ... ဒါပေမယ့် စိတ်မကောင်းစရာက အကြီးကောင်လေးက လသားအရွှယ်မှာ ပဲ ရောဂါ နဲ့ တစ်ခုဖြစ်ပြီး ဆုံးသွားခဲ့တယ်...'

'ဘယ်လို သေချာရဲ့လား မီရာ ... တစ်ခုခုမှားနေသလိုပဲ...'

'တို့ ဘယ်တုန်းက မသေချာမခိုင်မာတဲ့ အရင်းအမြစ်ကိုထုတ်ပေးဖူးလို့လဲ... ကိုယ့်မှာ အယ့်ကလေးလေးရဲ့ သေကြောင်းထောက်ခံစာကိုတောင် ရထားတယ်.. ပို့လို့က်မယ်...'

ဖုန်းလေး ခေါ်ဆိုမှုပြီးတော့ မီရာပို့လေတဲ့ စာရွက်စာတမ်းလေးကိုဝင်ကြည့်မိလေသည် ။

💭 တကယ်ကိုပဲ ဒါကြီးက အစစ်ပင်... ဒါဆို ဟန်တာ နဲ့ Hell က...💭

ကလဲရာ အံသြစွာတွေးနေမိလေသည် ။

💭 ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နှစ်ယောက်လုံးက ခံစားရတဲ့ အငွေ့အသက်တွေမတူဘူးလေ... လုံးဝဆန့်ကျင်ဘက်ပဲကို...💭

ထိုစဉ် မျက်ဝန်းထဲမြင်လာတဲ့ အရိပ်လေးတစ်ခု ။ ကလဲရာ သည် လက်သွယ်ချောင်းလေးတစ်ခုရဲ့ လည်တိုင်နား ထိတွေ့ခြင်းခံလိုက်ရလေကာ အမှောင်ထုဆီသို့ ရုတ်ချည်း အလည်တစ်ခေါက်ရောက်သွားလေသည် ။

😻😻😻😻😻😻😻😻😻😻😻

ဘာတွေ ဆက်ဖြစ်မလဲ ဒန်ဒန်ဒန်...

9.1.2022 ဒီနေ့မှာ သာသာ ရဲ့ ဒီ colourless လေး fujoshi မှာ # 1 ချိတ်သွားပါတယ် .. ခုဆို # 1 ရဖူးတာ 2 ခါတောင် ဖြစ်သွားလို့ ဒီသာသာလေး စွန်းပျော်နေပါတယ် ... ဒါတွေက ချစ်ရတဲ့ ဒါဒါလေးတွေရဲ့ ကောင်းမှု တွေကြောင့် ပါ... ဒါဒါလေးတွေကို အရမ်း တွေ အရမ်းတွေ အရမ်းတွေကိုမှ အားပါးတရ နဲ့ အားကြီးအများကြီး ချစ်ပါတယ် နော် 😽😽😻😻 ။

ဒီသီချင်းလေးက သာသာ ကြိုက်တဲ့ သီချင်းလေးပါ။ ကလဲရာ ရဲ့ ဖုန်းသံလေးပေါ့ ။ မဆီမဆိုင် ဖွင့်ပြတာပါ ။

😻😻😻😻😻😻😻😻😻😻😻

Thank you for your reading

😻😻😻😻😻😻😻😻😻😻😻










































Continue Reading

You'll Also Like

255K 15.5K 153
ပထမဦးဆုံး​ရေးတာမို့လို့အား​ပေးကြပါဦး​နော်😘😘😘
120K 12.7K 26
Byun Baekhyun is a celebrity that everyone wants and everyone loves but when he meet the man named Park Chanyeol
2.4M 257K 195
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.6M 264K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023