Unicode
ဘာလိုလိုနဲ့ အားယွမ်တောင် ဘွဲ့ရသွားခဲ့ပြီပဲ။
အချိန်တွေက ခုတော့လဲကုန်တာမြန်လိုက်တာ။ အားယွမ်လေးကို ရင်ခွင်ထဲထည့်ချီခဲ့တာ ကုန်းပိုးခဲ့တာတွေက မနေ့တနေ့ကလိုပဲ...
"အာ... ဘေဘီကလဲ ဘွဲ့ယူတာငိုစရာလား အဖိုးကြီးကျနေတာပဲ..."
"အဟင့် ငိုတော့ဘာဖြစ်လဲ ငါကအဖိုးကြီးပဲ.."
"တခြားမိဘတွေ အားနာပါဦးဘေဘီရယ် ဒီထဲကိုတို့ အနုဆုံးပါ.."
"နုနု မနုနု ငါ့သားလေး ...လူကြီးတောင်ဖြစ်သွားရှာပြီး .. အဟင့်.."
"ကျိုးချန်ရေ မင်းမလဲ ချောသမျှပဲငေးမနေနဲ့ ကိုယ့်သူငယ်ချင်းလဲကိုယ်တားဦး.."
"အဲ့တာ မင်းယောက်ျားလေး မင်းထိန်းပေါ့... ငါအားယွမ်လေးကို ဓါတ်ပုံသွားရိုက်ပေးလိုက်ဦးမယ် ..."
အော် အခုတော့ မင်းယောက်ျားတဲ့ ခါတိုင်းကျတော့ ငါ့သူငယ်ချင်းဆိုတာကြီးပဲ လူတွေများ...
"လာပါဘေဘီရယ် ဝမ်းနည်းစရာတွေမတွေးနဲ့ ကိုတို့ကျောင်းတုန်းက ဘဝကိုပြန်တွေးကြည့် ဘယ်လောက်မိုက်လဲ...."
"ဘာမိုက်လို့လဲ မင်းကငါ့ကိုအရမ်းနှိပ်စက်တဲ့ဟာ..."
"အော် အရမ်းလဲချစ်တယ်လေကွာ...
ဘေဘီ စားချင်သမျှလဲဝယ်ကျွေးတယ် ဘေဘီသွားချင်သမျှလဲလိုက်ပို့တယ် ... လိုချင်တာမှန်သမျှလဲ ဝယ်ပေးတယ်လေ..."
"တော်ပါ မင်းအမှားလုပ်ပြီးမှ ပြန်ချော့တာပါ...."
"အင်းလေ ကိုဘယ်တုန်းက လိမ်ပြောလို့လဲ ဘေဘီမေးသမျှ အကုန်အမှန်တိုင်းပြောပြတာပဲမဟုတ်လား..."
"အဲ့တာပိုနာကျင်တယ်အရူးရဲ့ တခါတလေ အဆင်ပြေအောင် ပြောပါလား..."
"ကိုမှမလိမ်ချင်တာ...
ကိုဆိုးတာ ကိုသိပါတယ်.... ဒါပေမယ့် ဒီအတိုင်းပဲကို့ကိုလက်ခံစေချင်တယ်... ကိုကလိမ္မာပြပြီး တနေ့ကို့အကြောင်းတွေသိပြီး ထားသွားမှာမျိုး ကိုမလိုချင်ဘူး...
ကိုကမင်းကိုအရမ်းချစ်တာ ဘေဘီရဲ့ ... အကြာကြီးနေပြီးမှ ဘေဘီထားသွားရင် ကိုရူးရမှာ...."
"အပိုတွေက ငါထားသွားတော့ မင်းရူးလို့လား..."
**ရူးတာထက်ဆိုးခဲ့တာပေါ့ ဘေဘီရယ်....**
"ဒါကတော့ ကိုကအရမ်းချောတာကိုး အဲ့ဒိတော့ ဘယ်ရူးမလဲ..."
"ဖြစ်ရလေခြင်း...
လာ... သားလဲသူ့သူငယ်ချင်းတွေနဲ့ ဓါတ်ပုံရိုက်လို့ပြီးလောက်ပြီ ငါတို့သွားရိုက်ရအောင်..."
"ဟိုကောင် ကျိုးချန်ကို ဝင်မရိုက်ခိုင်းနဲ့နော် မသိရင်ကိုက ယောက်ျား၂ယောက်ယူထားသလိုပဲ..."
"မင်းကလေ ပေါက်ကရ ငါ့သူငယ်ချင်းကလဲ မင်းလိုလူကိုမကြိုက်ဘူးစိတ်ချ...."
"ပြောမရဘူးလေ ကိုကချောတယ် အဟွန်း...."
"ဟိုကကြားမှ ကားနဲ့တိုက်သတ်နေမယ် လာသွားမယ်..."
ပြောတော့သာ မတည့်ကြတာ အဲ့ဒိနေ့ကဓါတ်ပုံတွေထဲ သူတို့ပုံတွေချည်းပဲ။
အားယွမ်တောင်မှ သူ့အခန်းထဲမှာ ၄ယောက်ပုံချိတ်ထားလိုက်သေး...
ယောက်ျား၂ယောက်နဲ့ ဝမ်ရီပေါ်ကြီးပေါ့...
.............
သားကျောင်းပြီးတော့ မမဘက်ကလုပ်ငန်းတွေအကုန်လွဲပေးလိုက်သည်။ အလုပ်တွေလျော့သွားတော့ ပိုအနားရမလား ထင်ခဲ့သော်လည်း....
"ဟလို ပါပါးရေ..."
"ဘာလဲ ဝမ်ရီပေါ် ရောက်နေပြန်ပြီလား..."
"ဒီတခါ ပိုဆိုးတယ်ပါပါး အန်တီလေးနဲ့..."
"ဟူး....ပါပါးအခုလာခဲ့မယ် .."
ဝမ်ရီပေါ်နဲ့ မမဘက်ကအမျိုးတွေက အရင်ဘဝတည်းက ရန်သူတွေလားပဲ...
အရင် ကျတော်ဦးစီးတုန်းကလဲ မတည့်ကြ ဒါပေမယ့် ရန်စောင်ကြရုံ ....
ခုကြတော့ ဟိုဘက်ကလဲ အားယွမ်က ကလေးဆိုပြီး ပညာပြကြ ဝမ်ရီပေါ်ကလဲ လင်ပါသားထိ ဓါးကြည့်နဲ့ ခဏခဏပြဿနာတက်ကြသည်။
ဒိတခေါက် အားယွမ်အန်တီလေးဆိုတော့ ပိုဆိုးဦးမယ် အရင်တည်းက သူတို့က မတည့်ကြတာမဟုတ်လား...
ရုံးတွေက နီးလို့သာပေါ့ မဟုတ်ရင် အလုပ်ကိုလုပ်ရတော့မယ် မထင်ဘူး...ဟူး...
"ပါပါး ရောက်လာပြီလား..."
"ဟိုလူတွေရော..."
"သား အခန်းထဲမှာ..."
"ကျစ်..."
စိတ်ကိုအရှည်ကြီးဆွဲဆန့်ပြီး အခန်းထဲဝင်သွားတော့ အခြေအနေက တမျိုးကြီး...
ဝမ်ရီပေါ်က အပေါ်ကုတ်ချွတ်ထားပြီး အောက်ကအင်္ကျီကိုလဲ ကြယ်သီး၃လုံးလောက်ဖြုတ်ထားတယ်။ လက်ကလဲ တံတောင်ဆစ်ထိ ဆွဲတင်ထားသေး....
ဘာလဲ ကိုရီးယားကားကို နပန်းသတ်ထားကြတာလား။
အဲ့တာနဲ့ဟိုတယောက်ကိုကြည့်တော့ ဆံပင်တော့ပွမနေ ... အော်တော်ပါသေးရဲ့။
but ဘာလား သူလဲကုတ်ချွတ်ထားပြီး င်္အကျီကရင်ပြတ် စကပ်ကလဲပေါင်ဝက်ကိုမှ ခြေကချိတ်ထားသေး... ပြီးတော့မျက်နှာချင်းဆိုင်တယောက်တလဲစိုက်ကြည့်နေကြတာ လူလာတာတောက် အဖတ်မလုပ်
"ဘာလုပ်နေကြတာလဲ အဲ့တာ!"
"ကျန့်ကောာ~"
အသံကြီးကလဲ ချွဲလိုက်တာ ညမလေးရယ်...
"ဘေဘီလာတာအတော်ပဲ ကြည့် သူနဲ့ကို ဘယ်သူပိုစွဲဆောင်မှုရှိလဲ..."
"ဟမ်...."
"ကျန့်ကော~ သူကလေညီမလေးကို အိုစာနေတာပဲတဲ့ မဟုတ်ဘူးမလားဟင်...."
"နေပါဦး ခုဘာလုပ်နေကြတာလဲလို့.."
"ပြိုင်နေတာလေ ဘေဘီရဲ့ ဘယ်သူပို attraction ရှိလဲလို့..."
ငါလေ မဆဲလိုက်ချင်ဘူး အသက်တွေဖြင့်ကြီးနေပြီ သောက်ရူးတွေက ထတုန်း...
"အဲ့ဒါနဲ့ ဒီရုံးခန်းနဲ့ဘာဆိုင်လို့လဲ ပြိုင်ချင်အပြင်သွားပြိုင်ကြ..."
"ညီမလေးက အားယွမ်လေးကို ကိုယ့်သားလေးလိုသဘောထားပြီး အလုပ်တွေသင်ပေးနေတာလေ ... အဲ့တာကိုဒီလူက ရောက်လာပြီး ညီမလေးအတွေးအမြင်တွေက လူအတိုင်းပဲ အိုနေပြီတဲ့... အဟင့်..."
ပျားအုံကိုမှ တုတ်နဲ့ထိုးရလား ဝမ်ရီပေါ်ရေ...
"သူ အပြောမတတ်တာပါ ညီမရယ် စိတ်ထဲမထည့်ပါနဲ့
အာယွမ်လဲဘွဲ့ရပြီးပြီပဲ သူ့ဘာသာလုပ်ပါစေ ညီမတို့က ချစ်လို့ပြောပြကြပေမယ့် သူရေသာခိုတက်နေမယ်လေ နော်... ဒီနေ့အတွက်လဲ အကိုကပဲတောင်းပန်ပါတယ် နေ့လည်စာစားချိန်တောင်ရောက်တော့မယ် ညီမလဲရုံးခန်းပြန်တော့နော်..."
"ဟုတ်သား ကျန့်ကောနဲ့အတူမစားရတာတောင်ကြာပြီ တူတူစားကြမယ်လေ..."
"အာ... အကိုအလုပ်လေးရှိသေးလို့ပါ အဲ့တာကြောင့်ဝမ်ရီပေါ်ကို လာခေါ်တာ နောက်တခါပေါ့ ညီမရယ်..."
"အွန်းပါ အဲ့ဒိကျရင် တူတူစားရမယ်နော်..."
"အင်း... ပြန်တော့နော် အကိုလိုက်မပို့တော့ဘူး.."
ပြုံးရတာ ပါးတောင်ညောင်းတယ် ...
......
တရန်ရှင်းပြီးပြန်တော့ ဒီရှေ့က တရန်ကိုရှင်းရဦးမည်။ အော်ငါ့ဘဝ အလုပ်လဲရှိ သားသမီးလဲအရွယ်ရောက်ပြီး အေးအေးဆေးဆေးကိုမနေရဘူး .... ဒီလိုမှန်းသိ ငယ်ငယ်က ဒင်းနဲ့မကြိုက်ခဲ့ပါဘူး... ဟွန်း...
18.11.21 Thursday
15:18 pm
.........................
Zawgi
"ကိုမှမလိမ်ချင်တာ...
"ဖြစ်ရလေခြင်း...
.............
"ဟလို ပါပါးရေ..."
"ဟူး....ပါပါးအခုလာခဲ့မယ် .."
"ပါပါး ရောက်လာပြီလား..."
"ဟိုလူတွေရော..."
"သား အခန်းထဲမှာ..."
"ကျစ်..."
"ဘာလုပ်နေကြတာလဲ အဲ့တာ!"
"ကျန့်ကောာ~"
"ဟမ်...."
......
18.11.21 Thursday
15:18 pm