နေ့ရက် ။ ခရစ်နှစ် ၂၇.၃.၂၀၁၇
မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်
တပေါင်းလကွယ် ။ တနင်္လာနေ့ ။
အချိန် ။ မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ။
နေရာ ။ နေပြည်တော်ကျောက်မျက်ရတနာ
အရောင်းပြခန်း ၊ ဇမ္ဗူသီရိ ၊
နေပြည်တော်။
နှစ်ဖက်မိဘများအားအမှူးထားလျက်
ဦးဧကမိုးနိုင် နှင့် ဒေါ်ထွေးဧကရီ တို့၏သားငယ် ၊ မဆောင်းဧကထွေး ၏မောင်ငယ်
မောင်ဆောင်းဧကမိုး
နှင့်
ဦးဂွန်းရဝန် နှင့် ( ဒေါ်ဝေဟန်သာ ) တို့၏
တစ်ဦးတည်းသောသားရတနာ
မောင်ရဂွန်းဟူဝေ
တို့၏
ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ကြွရောက်ကြပါရင် ဝမ်းမြောက်သောစိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည် ။
••••••••••••••••••••••••••••••••••••••••••••••••
နောက်ဆုံးကျန်တဲ့ဖိတ်စာကို ဝေပြီးချိန်တွင် ဧကလဲအတန်ငယ်ပင်ပန်းသွားချေပြီ ။ နေပြည်တော်၏ကျစ်ကျစ်တောက်ပူနေပါသော အပူချိန်အောက်တွင် လူကမီးကင်ခံထားရသည့်နှယ် ။
ကားပေါ်တက်လိုက်သည်နှင့် နံဘေးတွင်ထိုင်နေပါသော သည်းဦးရှင်က စီးကျနေသော ချွေးများကိုသုတ်ရန် လက်ကိုင်ပုဝါငယ်လေးအားထုတ်ပေးပြီး သုတ်စေသည် ။
အမောပြေသွားသည်နှင့် ချစ်ရသူအားကြည့်ကာ အတူတူပြုံးမိကြပြန်သည်။
ဧက ဖေဖေနှင့်မေမေ့ကိုဖွင့်ပြောပြီးနောက်နေ့မှာတင်ပဲ ဟူ့ရဲ့အဝါးကို ခေါ်စေကာ လက်ထပ်ပွဲကိုစီစဉ်ကြစေသည် ။
မနက်ဖြန်သည် သူတို့၏မင်္ဂလာပွဲနေ့ ၊ ခွဲခွာနေစရာမလိုသောနေ့ ၊ တယောက်နှင့်တယောက်ပိုင်ဆိုင်ပါကြောင်း တရားဝင်ထုတ်ဖော်နိုင်သည့်နေ့ပင် ။
ဧကတို့၏ဖိတ်စာလေးသည် ရိုးရှင်းသည်။ ကချင်ရိုးရာချည်ပေါ်တွင် ဆေးတင်ရိုက်ထားခြင်းဖြစ်ကာ ပုရပိုက်ကဲ့သို့ချိတ်ပိတ်ထားသည် ။
ဖြန့်ချလိုက်သည်နှင့် ရွှေမှူန်များအသုံးပြုထားသော စာသားများကထင်းနေမည်ဖြစ်သလို
ပုရပိုက်၏နံဘေးတွင်ပါသော ကျစ်ကြိုးများနေရာတွင်သုံးထားပါသော ကျောက်စိမ်ကြိုးမျှင်မျှင်က ကိုင်လိုက်သည်နှင့် အေးမြမှုကို ပေးစွမ်းမည်ဖြစ်သည် ။
ညနေသည်စောင်းလေပြီ ။
တနေ့လုံးအလင်းဓာတ်ကို ဖြန့်ချီပေးနေပါသော နေဝန်းနီသည် အနောက်ဂေယာကျွန်းသို့ယွန်းနေလေပြီ ။
ကျေးငှက်တို့က အိပ်တန်းတက်ရန် အနီးရှိသစ်ပင်တို့တွင် ဆူညံစွာဟစ်ကျွေးနေကြပြန်သည် ။
ယွန်းလျက်ရှိသော နေဝန်းနီနီထံဦးတည်လျက် ပုစွန်ဆီရောင်ကောင်းကင်ကြီးအား နောက်တွင်ချန်ထားခဲ့လျက် ကားနီနီလေးသည် ထွက်ခွာခဲ့လေပြီ ။ ဦးတည်ရာကား မနက်ဖြန်ဆီ ။
•••••••••••••••••••••♪•••••••••••••••••••••••
နေပြည်တော်၏ကျောက်မျက်ရတနာပြခန်းကြီးသည် ပုံမှန်ထပ်ပို၍ပင် လူစည်ကားနေပြန်သေးသည် ။
သုံးထပ်အဆောက်အအုံကြီး၏ အဝင်ဝတွင် နေကြာပန်းများအားဝေနေအောင်ထိုးထားသည်ကို တွေ့ရပေမည် ။ ဧည့်ကြိုနေရာတွင် ဖယောင်းပန်းနုနုတို့က နေရာယူလျက် နူးညံ့သောအသွင်အပြင်ကိုပေးစွမ်းနေလေသည် ။
တဖွဲဖွဲဝင်ရောက်လာကြပါသော လူပရိတ်သတ်တို့ကို ထွေးနှင့်ယေးလ်က လက်တွဲလျက်ကြိုဆိုနေကြပေသည်။
မင်္ဂလာပွဲသည် ဧက၏သဘောဆန္ဒအတိုင်း ကချင်ရိုးရာဝတ်စုံများနှင့်ဖြစ်သည် ။ ကချင်ရိုးရာအမျိုးသားဝတ်စုံကို ရွှေချည်များသုံးလျက်ချုပ်စေပြီး စလွယ်သိုင်းမည့်ဓားအိမ်လွယ်ကြိုးအား စိန်တို့ဖြင့် စီကာပြုလုပ်စေသည် ။
ဦးဧကမိုးနိုင်နှင့် ဒေါ်ထွေးဧကရီတို့ကလဲ အပေါင်းအသင်းများကို အပြုံးများဖြင့်နှုတ်ဆက်နေကြလေသည် ။
မင်္ဂလာခန်းမအနောက်တွင်တော့.....
" ဒီဘက်ကိုနည်းနည်းလေးအာရုံစိုက်ပေးပါဦး အကိုဧကရေ.... ဒီမှာစလွယ်တွေဝတ်ပေးနေတာ ဒီရှေ့ကဂျပုမနော် ။ ဘေးက သတို့သားမဟုတ်ဘူး ။ "
ဤသည်ကား ဧကတို့ရဲ့မင်္ဂလာဝတ်စုံအပြင်အဆင်များကိုတာဝန်ယူပေးပါသော ဒီဇိုင်နာမလေး၏ ရင်တွင်းစကားသံ ။
သူမပြောလဲပြောခင်စရာပါပေ ။ ဧကသည် သူမကိုလုံးလုံးလှည့်မကြည့် သူ့အကြည့်များက နံဘေးတွင် နီစွေးသောပါးပြင်တို့နှင့် ငြိမ်သက်စွာထိုင်နေပါသော ချစ်ရသူထံတွင်သာ ဆိုက်ရောက်နေလေသည်။
မကြာမှီမှာပင် ဦးစိုင်းနှင့်နှောင်းဝေကအပြေးရောက်လာပြီး အခမ်းအနားစတော့မှာဖြစ်ကြောင်း လာပြောကြလေသည်။
ဧကတို့နှစ်ယောက်လုံးသည် အမျိုးသားများဖြစ်၍ သာမာန်မင်္ဂလာပွဲတွေမှာကဲ့သို့ လက်ချိတ်ထားခြင်းမရှိပဲ လက်များကိုသာဆွဲကိုင်ထားကြလေသည် ။
မင်္ဂလာလျှောက်လမ်းမှ ထွက်လာသော မင်္ဂလာသတို့သားတို့၏အရှေ့တွင် ပန်းကြဲနေပါသော ကလေးငယ်လေးနှင့် လက်စွပ်ဗန်းကိုကိုင်ထားပါသော ကောင်မလေးတစ်ယောက်ရှိလေသည်။
ထိုနှစ်ယောက်နောက်မှာမှ လက်ချင်းတွဲကာလျှောက်လှမ်းလာပါသော မင်္ဂလာမောင်နှံ ၊ အနောက်တွင် သတို့သားအရံအဖြစ် ဦးစိုင်းနှင့်နှောင်းဝေကနေပေးကြသည် ။ ထို့နောက်မှ မိဘများနှင့် ထွေး၊ယေးလ်တို့က လျှောက်လာကြသည်။
ယောကျာ်းချင်းလက်ထပ်သည့်ပွဲဖို့ မကောင်းပြောသူများရှိသော်လဲ ဧက၏အရှိန်အဝါအောက်တွင် ဘယ်သူမှ ပေါ်တင်မပြောရဲကြပါချေ။
ထို့အပြင် လိုက်ဖက်ညီလွန်းလှသည့် အရှိန်အဝါ နူးညံ့သယောင်ထင်ရသော်လဲ မာနနှင့်ထက်မြတ်မှုများပြည့်နေသည့် မျက်ဝန်းညိုတို့ကြောင့်လဲ ပါမည်ထင်သည် ။
ဖြေးဖြေးသာသာလျှောက်လှမ်းခဲ့သည့် ပန်းခင်းလမ်းငယ်သည် ဘဝ၏မမေ့နိုင်ဆုံးသောအမှတ်တရပင်ဖြစ်ချေတော့သည် ။
ခန်းမအလယ်တွင် ရှိပါသောထိုင်ခုံထပ်တွင်ထိုင်ပြီးသည်နှင့် ဘိသိက်ဆရာဖြစ်သော အခမ်းအနားမှူးမှ လက်ထပ်စာချုပ်များကို ပြင်ပေးသည် ။
စာချုပ်ထပ်တွင်လက်မှတ်ထိုးပြီးသည်နှင့် လက်စွပ်များကိုအပြန်အလှန်စွပ်ပေးကြသည်။
ဟူ ၏လက်စွပ်မှာ propose လုပ်စဉ်ကတည်းက ဧကကိုယ်တိုင်ဖန်တီးထားပါသော
" လရောင်အောက်မှပွင့်သောနေကြာ " လက်စွပ်ကလေးဖြစ်ပြီး ဧက၏လက်စွပ်ကမူ ရိုးရှင်းစွာ မောင်းလက်စွပ်ကွင်းလေးပဲဖြစ်ပြီး အလယ်တွင်မူ အရည်အသွေးကောင်းလှပါသော စိန်တုံးအားမြှုပ်နှံထားလေသည် ။
လက်စွပ်များဝတ်ပေးပြီးသည်နှင့် မင်္ဂလာပွဲအထမြောက်ကြောင်း ကြေငြာသည် ။
နှစ်ယောက်စလုံး၏မျက်နှာသည် အချစ်နှင့်နားလည်မှုများ ရောပြွန်းလျက် မျက်ဝန်းတို့ကမလွဲနိုင်အောင်ပါပင် ။
ထို့နောက်နေရာမှထကာ လာရောက်ကြသော သူငယ်ချင်းများ စီးပွားဖက်များကိုလိုက်လံနှုတ်ဆက်ကြသည် ။ ထွေးနှင့်ယေးလ်ကလဲ မင်္ဂလာမဆောင်ခင်တရက်အလိုကမှ ဖွင့်ပြောပြီး ချစ်သူတွေဖြစ်နေကြလေပြီ ။ ထွေးကယေးလ်ကိုအဖြေမပေးရင်ဖက်နမ်းမယ်ဆို၍ အဖြေပြန်ပေးလိုက်ပါသတဲ့ ။
ဦးစိုင်းနှင့်နှောင်းဝေကတော့ နောက်လတွင်လက်ထပ်ရန်စီစဉ်ထားကြသည်။
မင်္ဂလာခန်းမကြီးအလည်
တူညီသောဝတ်စုံများ အပြုံးများနှင့်မင်္ဂလာမောင်နှံ ပန်းမိုးကဲ့သို့ တဖွဲဖွဲကြွေကျလာပါသော
ဖယောင်းပန်းပွင့်ဖက်တို့အလည်တွင်
မျက်ဝန်းများကပါ ပြုံးလျက်ရယ်မောနေကြပါသော ပုံရိပ်သည် ဘဝတစ်သက်တာသိမ်းဆည်းထားရမည့် အမှတ်တရ များပင်ဖြစ်ချေတော့သည် ။
Merry Christmas ပါဗျ ။ ဒါလေးကတော့ ဒီဒီရဲ့ Christmas present လေးပါ ။
ပုရပိုက်
ဒီဒီ့အိမ်ကသိမ်းထားတဲ့ ပုရပိုက်ပါ။
DiDi
« Zawgyi »
ေန႕ရက္ ။ ခရစ္ႏွစ္ ၂၇.၃.၂၀၁၇
ျမန္မာသကၠရာဇ္ ၁၃၇၈ခုႏွစ္
တေပါင္းလကြယ္ ။
တနလၤာေန႕ ။
အခ်ိန္ ။ မနက္ ၈ နာရီမွ
ေန႕လည္ ၁၂ နာရီအထိ။
ေနရာ ။ ေနျပည္ေတာ္ေက်ာက္မ်
က္ရတနာ
အေရာင္းျပခန္း ၊
ဇမၺဴသီရိ ၊
ေနျပည္ေတာ္။
ႏွစ္ဖက္မိဘမ်ားအားအမႉးထားလ်က္
ဦးဧကမိုးနိုင္ ႏွင့္ ေဒၚေထြးဧကရီ တို႔၏သားငယ္ ၊
မေဆာင္းဧကေထြး ၏ေမာင္ငယ္
ေမာင္ေဆာင္းဧကမိုး
ႏွင့္
ဦးဂြန္းရဝန္ ႏွင့္ ( ေဒၚေဝဟန္သာ ) တို႔၏
တစ္ဦးတည္းေသာသားရတနာ
ေမာင္ရဂြန္းဟူေဝ
တို႔၏
ထိမ္းျမားမဂၤလာလက္ထပ္ပြဲကို ႂကြေရာက္ၾကပါရင္ ဝမ္းေျမာက္ေသာစိတ္ထားျဖင့္ ဖိတ္ၾကားအပ္ပါသည္ ။
••••••••••••••••••••••••••••••••••••••••••••••••
ေနာက္ဆုံးက်န္တဲ့ဖိတ္စာကို ေဝၿပီးခ်ိန္တြင္ ဧကလဲအတန္ငယ္ပင္ပန္းသြားေခ်ၿပီ ။ ေနျပည္ေတာ္၏က်စ္က်စ္ေတာက္ပူေနပါေသာ အပူခ်ိန္ေအာက္တြင္ လူကမီးကင္ခံထားရသည့္ႏွယ္ ။
ကားေပၚတက္လိုက္သည္ႏွင့္ နံေဘးတြင္ထိုင္ေနပါေသာ သည္းဦးရွင္က စီးက်ေနေသာ ေခြၽးမ်ားကိုသုတ္ရန္ လက္ကိုင္ပုဝါငယ္ေလးအားထုတ္ေပးၿပီး သုတ္ေစသည္ ။
အေမာေျပသြားသည္ႏွင့္ ခ်စ္ရသူအားၾကည့္ကာ အတူတူၿပဳံးမိၾကျပန္သည္။
ဧက ေဖေဖႏွင့္ေမေမ့ကိုဖြင့္ေျပာၿပီးေနာက္ေန႕မွာတင္ပဲ ဟူ႕ရဲ႕အဝါးကို ေခၚေစကာ လက္ထပ္ပြဲကိုစီစဥ္ၾကေစသည္ ။
မနက္ျဖန္သည္ သူတို႔၏မဂၤလာပြဲေန႕ ၊ ခြဲခြာေနစရာမလိုေသာေန႕ ၊ တေယာက္ႏွင့္တေယာက္ပိုင္ဆိုင္ပါေၾကာင္း တရားဝင္ထုတ္ေဖာ္နိုင္သည့္ေန႕ပင္ ။
ဧကတို႔၏ဖိတ္စာေလးသည္ ရိုးရွင္းသည္။ ကခ်င္ရိုးရာခ်ည္ေပၚတြင္ ေဆးတင္ရိုက္ထားျခင္းျဖစ္ကာ ပုရပိုက္ကဲ့သို႔ခ်ိတ္ပိတ္ထားသည္ ။
ျဖန႔္ခ်လိဳက္သည္ႏွင့္ ေ႐ႊမႉန္မ်ားအသုံးျပဳထားေသာ စာသားမ်ားကထင္းေနမည္ျဖစ္သလို
ပုရပိုက္၏နံေဘးတြင္ပါေသာ က်စ္ႀကိဳးမ်ားေနရာတြင္သုံးထားပါေသာ ေက်ာက္စိမ္ႀကိဳးမွ်င္မွ်င္က ကိုင္လိုက္သည္ႏွင့္ ေအးျမမႈကို ေပးစြမ္းမည္ျဖစ္သည္ ။
ညေနသည္ေစာင္းေလၿပီ ။
တေန႕လုံးအလင္းဓာတ္ကို ျဖန႔္ခ်ီေပးေနပါေသာ ေနဝန္းနီသည္ အေနာက္ေဂယာကြၽန္းသို႔ယြန္းေနေလၿပီ ။
ေက်းငွက္တို႔က အိပ္တန္းတက္ရန္ အနီးရွိသစ္ပင္တို႔တြင္ ဆူညံစြာဟစ္ေကြၽးေနၾကျပန္သည္ ။
ယြန္းလ်က္ရွိေသာ ေနဝန္းနီနီထံဦးတည္လ်က္ ပုစြန္ဆီေရာင္ေကာင္းကင္ႀကီးအား ေနာက္တြင္ခ်န္ထားခဲ့လ်က္ ကားနီနီေလးသည္ ထြက္ခြာခဲ့ေလၿပီ ။ ဦးတည္ရာကား မနက္ျဖန္ဆီ ။
•••••••••••••••••••••♪•••••••••••••••••••••••
ေနျပည္ေတာ္၏ေက်ာက္မ်က္ရတနာျပခန္းႀကီးသည္ ပုံမွန္ထပ္ပို၍ပင္ လူစည္ကားေနျပန္ေသးသည္ ။
သုံးထပ္အေဆာက္အအုံႀကီး၏ အဝင္ဝတြင္ ေနၾကာပန္းမ်ားအားေဝေနေအာင္ထိုးထားသည္ကို ေတြ႕ရေပမည္ ။ ဧည့္ႀကိဳေနရာတြင္ ဖေယာင္းပန္းႏုႏုတို႔က ေနရာယူလ်က္ ႏူးညံ့ေသာအသြင္အျပင္ကိုေပးစြမ္းေနေလသည္ ။
တဖြဲဖြဲဝင္ေရာက္လာၾကပါေသာ လူပရိတ္သတ္တို႔ကို ေထြးႏွင့္ေယးလ္က လက္တြဲလ်က္ႀကိဳဆိုေနၾကေပသည္။
မဂၤလာပြဲသည္ ဧက၏သေဘာဆႏၵအတိုင္း ကခ်င္ရိုးရာဝတ္စုံမ်ားႏွင့္ျဖစ္သည္ ။ ကခ်င္ရိုးရာအမ်ိဳးသားဝတ္စုံကို ေ႐ႊခ်ည္မ်ားသုံးလ်က္ခ်ဳပ္ေစၿပီး စလြယ္သိုင္းမည့္ဓားအိမ္လြယ္ႀကိဳးအား စိန္တို႔ျဖင့္ စီကာျပဳလုပ္ေစသည္ ။
ဦးဧကမိုးနိုင္ႏွင့္ ေဒၚေထြးဧကရီတို႔ကလဲ အေပါင္းအသင္းမ်ားကို အၿပဳံးမ်ားျဖင့္ႏႈတ္ဆက္ေနၾကေလသည္ ။
မဂၤလာခန္းမအေနာက္တြင္ေတာ့.....
" ဒီဘက္ကိုနည္းနည္းေလးအာ႐ုံစိုက္ေပးပါဦး အကိုဧကေရ.... ဒီမွာစလြယ္ေတြဝတ္ေပးေနတာ ဒီေရွ႕ကဂ်ပဳမေနာ္ ။ ေဘးက သတို႔သားမဟုတ္ဘူး ။ "
ဤသည္ကား ဧကတို႔ရဲ႕မဂၤလာဝတ္စုံအျပင္အဆင္မ်ားကိုတာဝန္ယူေပးပါေသာ ဒီဇိုင္နာမေလး၏ ရင္တြင္းစကားသံ ။
သူမေျပာလဲေျပာခင္စရာပါေပ ။ ဧကသည္ သူမကိုလုံးလုံးလွည့္မၾကည့္ သူ႕အၾကည့္မ်ားက နံေဘးတြင္ နီေစြးေသာပါးျပင္တို႔ႏွင့္ ၿငိမ္သက္စြာထိုင္ေနပါေသာ ခ်စ္ရသူထံတြင္သာ ဆိုက္ေရာက္ေနေလသည္။
မၾကာမွီမွာပင္ ဦးစိုင္းႏွင့္ေႏွာင္းေဝကအေျပးေရာက္လာၿပီး အခမ္းအနားစေတာ့မွာျဖစ္ေၾကာင္း လာေျပာၾကေလသည္။
ဧကတို႔ႏွစ္ေယာက္လုံးသည္ အမ်ိဳးသားမ်ားျဖစ္၍ သာမာန္မဂၤလာပြဲေတြမွာကဲ့သို႔ လက္ခ်ိတ္ထားျခင္းမရွိပဲ လက္မ်ားကိုသာဆြဲကိုင္ထားၾကေလသည္ ။
မဂၤလာေလွ်ာက္လမ္းမွ ထြက္လာေသာ မဂၤလာသတို႔သားတို႔၏အေရွ႕တြင္ ပန္းႀကဲေနပါေသာ ကေလးငယ္ေလးႏွင့္ လက္စြပ္ဗန္းကိုကိုင္ထားပါေသာ ေကာင္မေလးတစ္ေယာက္ရွိေလသည္။
ထိုႏွစ္ေယာက္ေနာက္မွာမွ လက္ခ်င္းတြဲကာေလွ်ာက္လွမ္းလာပါေသာ မဂၤလာေမာင္ႏွံ ၊ အေနာက္တြင္ သတို႔သားအရံအျဖစ္ ဦးစိုင္းႏွင့္ေႏွာင္းေဝကေနေပးၾကသည္ ။ ထို႔ေနာက္မွ မိဘမ်ားႏွင့္ ေထြး၊ေယးလ္တို႔က ေလွ်ာက္လာၾကသည္။
ေယာက်ာ္းခ်င္းလက္ထပ္သည့္ပြဲဖို႔ မေကာင္းေျပာသူမ်ားရွိေသာ္လဲ ဧက၏အရွိန္အဝါေအာက္တြင္ ဘယ္သူမွ ေပၚတင္မေျပာရဲၾကပါေခ်။
ထို႔အျပင္ လိုက္ဖက္ညီလြန္းလွသည့္ အရွိန္အဝါ ႏူးညံ့သေယာင္ထင္ရေသာ္လဲ မာနႏွင့္ထက္ျမတ္မႈမ်ားျပည့္ေနသည့္ မ်က္ဝန္းညိုတို႔ေၾကာင့္လဲ ပါမည္ထင္သည္ ။
ေျဖးေျဖးသာသာေလွ်ာက္လွမ္းခဲ့သည့္ ပန္းခင္းလမ္းငယ္သည္ ဘဝ၏မေမ့နိုင္ဆုံးေသာအမွတ္တရပင္ျဖစ္ေခ်ေတာ့သည္ ။
ခန္းမအလယ္တြင္ ရွိပါေသာထိုင္ခုံထပ္တြင္ထိုင္ၿပီးသည္ႏွင့္ ဘိသိက္ဆရာျဖစ္ေသာ အခမ္းအနားမႉးမွ လက္ထပ္စာခ်ဳပ္မ်ားကို ျပင္ေပးသည္ ။
စာခ်ဳပ္ထပ္တြင္လက္မွတ္ထိုးၿပီးသည္ႏွင့္ လက္စြပ္မ်ားကိုအျပန္အလွန္စြပ္ေပးၾကသည္။
ဟူ ၏လက္စြပ္မွာ propose လုပ္စဥ္ကတည္းက ဧကကိုယ္တိုင္ဖန္တီးထားပါေသာ
" လေရာင္ေအာက္မွပြင့္ေသာေနၾကာ " လက္စြပ္ကေလးျဖစ္ၿပီး ဧက၏လက္စြပ္ကမူ ရိုးရွင္းစြာ ေမာင္းလက္စြပ္ကြင္းေလးပဲျဖစ္ၿပီး အလယ္တြင္မူ အရည္အေသြးေကာင္းလွပါေသာ စိန္တုံးအားျမႇုပ္ႏွံထားေလသည္ ။
လက္စြပ္မ်ားဝတ္ေပးၿပီးသည္ႏွင့္ မဂၤလာပြဲအထေျမာက္ေၾကာင္း ေၾကျငာသည္ ။
ႏွစ္ေယာက္စလုံး၏မ်က္ႏွာသည္ အခ်စ္ႏွင့္နားလည္မႈမ်ား ေရာႁပြန္းလ်က္ မ်က္ဝန္းတို႔ကမလြဲနိုင္ေအာင္ပါပင္ ။
ထို႔ေနာက္ေနရာမွထကာ လာေရာက္ၾကေသာ သူငယ္ခ်င္းမ်ား စီးပြားဖက္မ်ားကိုလိုက္လံႏႈတ္ဆက္ၾကသည္ ။ ေထြးႏွင့္ေယးလ္ကလဲ မဂၤလာမေဆာင္ခင္တရက္အလိုကမွ ဖြင့္ေျပာၿပီး ခ်စ္သူေတြျဖစ္ေနၾကေလၿပီ ။ ေထြးကေယးလ္ကိုအေျဖမေပးရင္ဖက္နမ္းမယ္ဆို၍ အေျဖျပန္ေပးလိုက္ပါသတဲ့ ။
ဦးစိုင္းႏွင့္ေႏွာင္းေဝကေတာ့ ေနာက္လတြင္လက္ထပ္ရန္စီစဥ္ထားၾကသည္။
မဂၤလာခန္းမႀကီးအလည္
တူညီေသာဝတ္စုံမ်ား အၿပဳံးမ်ားႏွင့္မဂၤလာေမာင္ႏွံ ပန္းမိုးကဲ့သို႔ တဖြဲဖြဲေႂကြက်လာပါေသာ
ဖေယာင္းပန္းပြင့္ဖက္တို႔အလည္တြင္
မ်က္ဝန္းမ်ားကပါ ၿပဳံးလ်က္ရယ္ေမာေနၾကပါေသာ ပုံရိပ္သည္ ဘဝတစ္သက္တာသိမ္းဆည္းထားရမည့္ အမွတ္တရ မ်ားပင္ျဖစ္ေခ်ေတာ့သည္ ။
Merry Christmas ပါဗ် ။ ဒါေလးကေတာ့ ဒီဒီရဲ႕ Christmas present ေလးပါ ။
ပုရပိုက္
ဒီဒီ့အိမ္ကသိမ္းထားတဲ့ ပုရပိုက္ပါ။
DiDi