Unicode
မိုးတပြိုက်နှစ်ပြိုက်ရွာထားတာကြောင့် ကြည့်လေရာနေရာတိုင်း စိမ်းဝါဝါအရောင်နဲ့ အရမ်းကိုလှတယ်။
သစ်ပင်တွေပေါ်မှာ ကပ်ကျန်ခဲ့တဲ့ မိုးရေစလေးတွေက နံနက်ခင်းနေရောင်ခြည်ကြောင့် စိန်ပွင့်လေးလိုတလက်လက်နဲ့ မြင်လေရာနေရာတိုင်း လှပလွန်းတယ်။
ဂူပေါက်ကိုထွက်လိုက်တာနဲ့.... သစ်ပင်ကြီးပေါ်က ပြေးဆင်းလာတဲ့ မျောက်ဝံကြီး.... ဟေဝန့်ကို တွေ့ရင် အမြဲပြေးဆင်းလာတတ်တယ်။ သူတို့နေထိုင်ရာသစ်ပင်က ဂူပေါက်ဝကသစ်ပင်တွေမဟုတ်ဘူး... ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ နေကြတာ။
မျောက်ဝံတွေအများကြီးရှိနေတာပေမဲ့ ဆူဆူညံညံအသံ အရမ်းမထွက်ဘူး။ သူတို့ပြေးဆင်းလာမှပဲ တွေ့ရတာ။ ဟေဝန်က မျေက်ဝံကြီးကို မလိုက်ခိုင်းတာကြောင့် ဂူရှေ့မှာပဲ ကျန်နေခဲ့တယ်။ ဂူနဲ့မလှမ်းမကမ်းမှာ မျောက်ဝံတွေက ဟေဝန်နဲ့အနီးကပ်နေတယ်ပဲ ဆိုပါတော့။ ကိုယ်ရံတော်ကြီးတွေက မတွေ့ရတာများတယ်။ တစ်ခါတစ်ရံမှသာ ရောက်လာတတ်တာ။
.
.
.
ဟေဝန့်လက်မောင်းကိုခိုကာတွဲရင်း ဆော့ပြီးလိုက်ပါလာတဲ့ မိုးသစ်တော။
လမ်းလျှောက်နေရင်းကပဲ တွဲခိုလိုက်ပြန်ရော... ဟေဝန်က လက်မောင်းကိုမြှောက်လိုက်ရင် မိုးသစ်တောရဲ့ ခြေထောက်တွေက မြေနဲ့လွတ်သွားတယ်။
တွဲခိုစီးတာညောင်းရင် လမ်းပြန်လျှောက်လိုက်နဲ့ ဆော့နေတာ။
ဟေဝန် လာရာလမ်းတစ်လျှောက်မှာ အမျိုးအစားများစွာသော အကောင်ကြီးငယ်တွေ တွေ့ရပေမဲ့ ဟေဝန့်ကို ရှောင်ပေးတယ်။ လူသားစစ်စစ်တစ်ဦးပါလာတော့ ပိုပြီးရှောင်ကြတာပေါ့။
ဟေဝန်က မျောက်ဝံကြီးနဲ့ ခြင်္သေ့ကြီးတွေကိုပဲ စကားပြောပါတယ်။ လိုအပ်ရင် ငှက်တွေနဲ့ ပြောတာတော့ တွေ့ဖူးသားပဲ။
ကြားရဖန်များတော့လဲ ဟေဝန်တို့ တောတွင်းစကားကို နားထဲမှာမဆန်းသလိုပဲ။ နားတော့ ဘယ်လည်ပါ့မလဲလေ။
.
.
.
တောနာနတ်တွေကအများကြီးပဲတွေ့ရတယ်။
နာနတ် ငှက်ပျော သစ်တော်.... ဒါတွေပဲစားနေရတော့ ငြီးငွေ့သားပါပဲ။ ဟေဝန်က စားနေကျဖြစ်တော့ အဆင်ပြေတယ်။ မိုးသစ်တောက အသားစားချင်တာတော့မဟုတ်ပေမဲ့ နေ့တိုင်းဒီအသီးတွေချည်းစားရတော့လဲ ငြီးငွေ့တယ်။
ဟိုဟိုဒီဒီမှာ တွေ့ရတဲ့အသီးအကုန်ခူးခဲ့တယ်။
စားလို့ရလားမေးတော့ ဟေဝန်က ရတယ်လို့ ပြောတာကိုး။ သရက်သီးတွေလဲ တွေ့ရော မိုးသစ်တော ပျော်ပြီး ဟေဝန့်ကို ခူးခိုင်းတော့တာပဲ။ ဝါဝင်းနေတဲ့ သရက်သီးတွေ.... အခိုင်လိုက်ခူးချလာတယ်။
"ဟေဝန်..... ဆားလိုတယ်နော်.... ဆား...ရှာရအောင်"
"အင်း...."
သစ်သီးတွေပဲစားတာ လဝက်ခန့်ရှိပြီ... မိုးသစ်တောလဲ ဟေဝန့်လို အနံ့မျိုးဖြစ်လာတော့မှာပဲ။ ဒါပေမဲ့ ဟေဝ့န်ကြောင့် လိုလိုမယ်မယ် ဆားတော့ဆောင်ထားရမယ်။
မိုးသစ်တောကိုယ်တိုင်က ရွာမှာနေလဲအစားကြူးတတ်သူမဟုတ်ဘူးလေ။ ကိုယ်နံ့က ဆိုးဆိုးဝါးဝါးမရှိပါဘူး။
ဒါပေမဲ့ အမြဲအိစက်ပြီးမွှေးနေတယ်လို့ ထင်ရတဲ့ ဖြူဖြူဖွေးဖွေး မိုးသစ်တောလေးဟာ ဟေဝန့်ရှေ့ရောက်မှ မလုံမလဲ ဖြစ်နေရတယ်။
ဟေဝန့်ကြောင့်....ဟေဝန်ကိုယ်နံ့ ခံတွင်းနံ့ကြောင့်ပေါ့။ သင်းမြမြမွှေးနေတတ်တဲ့ ဟေဝန်။
ချက်ပြုတ်စားလို့ရတာလေးများတွေ့ရင်ကောင်းမှာပဲ။
"ဟေဝန်...."
"ဗျ...."
"မို တို့ လေ..... ဟင်းချက်စားလို့ရတယ် သိလား...."
"သိ...."
"ဟင်.... ဟေဝန်သိတယ်.... ဟုတ်လား..... ဘယ်လိုချက်မလဲ.... ပြောပြပါအုံး"
"အွန်း..... မီး.....ရှိ"
"အဟင်း... အဟား...အဟား.... ဟား....ဟား.... ဟား....."
ဟေဝန်သိနေတာကို သဘောကျပြီး မိုးသစ်တောက ရယ်မိတယ်။ ရယ်နေတာကို စိုက်ကြည့်နေတဲ့ ဟေဝန့်ကြောင့် ရယ်တာရပ်လို့မရတော့ဘူး။
ဟေဝန်က တကယ်ဉာဏ်ရည်မြင့်တယ်။
တစ်ခါတစ်ရံ အမေ့ရွာသွားရင်း အမေစားသောက်ပုံကိုသိပြီး မြင်ပြီး မှတ်ထားပုံရတယ်။
ညတိုင်း ဂူထဲမှာဖိထားတဲ့ မီးဖိုလေးကြောင့် မီးရှိတာသိနေသေးတယ်။ ဟေဝန်က မီးဖိုတာသဘောမကျပေမဲ့ မအိပ်ခင်စကားသင်ကြတဲ့အချိန်လေးဆို မီးဖိုထားရတယ်။ တစ်ယောက်မျက်နှာကို တစ်ယောက်က တစ်ဝကြီးကြည့်ပြီး လှုပ်ရှားမှုဟန်ပန်နဲ့သင်တော့ ဟေဝန်ပိုပြီး တတ်တယ်။ တတ်လား.... မတတ်လား....ကြည့်လေ။
"ချစ်.....တော်....ရပ်"
သူ့ကို အသည်းယားသွားလို့ ရယ်နေတာကိုသိတာကြောင့် တားတယ်။
"ကိုလူတတ်ကြီး..... ချက်စားလို့ရရင်ကျွေးပါတော့လား.... နေ့တိုင်း အသီးပဲစားရတယ်လေ.... ဟင်"
"မို....စား.... "
"အင်း..... တောကြီးတစ်ခုလုံး ဟေဝန်ပိုင်တာလေ.... ဟုတ်တယ်မှလား.... နေအုံး.... ရှာမယ်....ချက်စားလို့ရတာရှာမယ် "
တက်တက်ကြွကြွနဲ့ ချက်စားကင်စားလို့ရတာကို ရှာကြတယ်။ ဟေဝန်က အသီးပဲအားသန်တာမို့ အသီးပဲ ခူးနေတာပါ။ မိုးသစ်တောကသာ တောင်ကြည့် မြောက်ကြည့်နဲ့ ရှာရတယ်။
ပီလောပီနံဥနဲ့တူတာတွေ တွေ့မိတာကြောင့် ယူခဲ့တယ်။ သစ်ပင်ကြီးတစ်ပင်ကို နွယ်ပြီးတက်နေတာတွေ့လို့ ခူးယူခဲ့ရတာ။ ပုံစံက ပီလောပီနံလို ကန်စွန်းဥလိုတူပေမဲ့ အရောင်မတူဘူး။ ခူးလာမိတဲ့ ဥတွေက ဝါဝါအရောင်မျိုး။
ဥဆိုတာ အများအားဖြင့် မြေကြီးအောက်ရှိတတ်တာဆိုတော့ နွယ်ပြီးတက်နေတဲ့အပင်က ဥကိုစားလို့ရပါ့မလား။
"ဟေဝန်.... စားလို့ရလား.... ဟင်"
ဟေဝန်က နမ်းကြည့်တယ်.... လက်နဲ့ဆိတ်ကြည့်တယ်။ ပြီးတော့ခေါင်းညိမ့်ပြတယ်။
အိုကေပြီ.... မီးဖုတ်ပြီးစားကြည့်ရမယ်။
လမ်းလျှောက်လာတာ တော်တော်ဝေးပြီထင်ရတယ်။
မြင်ကွင်းက ပြောင်းလဲစပြုပြီ။
ရေချိုးဆင်းရတဲ့ ရေအိုင်ဘက်လဲ မဟုတ်ဘူးဆိုတော့.... ဟေဝန်ခေါ်လာတာ ဘယ်ဘက်ပါလိမ့်။
တစ်ချက် တစ်ချက်.... ဝေါင်းကနဲ ဟိန်းသံတွေ ကြားရတယ်။ ဟေဝန် ပါလာတာပေမဲ့ ရုတ်တရက်ဆို ကြောက်တယ်။ တကယ်တော့ သူတို့က ဟေဝန့်ကို နှုတ်ဆက်တာပါ။
ခပ်လှမ်းလှမ်းမှာ တောညို့ညို့ မြင်ရပြန်ပြီ။
တော်တော်လေးတော့ ဝေးသေးတယ်။
ခပ်ရေးရေးမြင်ရရုံနဲ့ နက်စိမ်းနေတဲ့တောကြီး။
တောကို ဝေးပေမဲ့ မြင်နေရတာက မိုးသစ်တောတို့က နည်းနည်းလေးအပေါ်စီးဖြစ်နေသလိုမို့ပါ။
မိုးသစ်တော သဘောပေါက်ပြီ။
အဲ့သည် တောအုပ်ကိုဖြတ်ပြီးသွားရင် အခြားဘက်ကရွာတွေကို ရောက်သွားနိုင်တယ်။ မိုင်ပေါင်းများစွာဝေးတဲ့တောရဲ့အဆုံးမှာ နောက်ထပ်ရွာတွေရှိလိမ့်အုံးမယ်။ ဘာသာမတူ လူမျိုးမတူတာဖြစ်နိုင်သလို ဘာသာတူ လူမျိုးတူလဲ ဖြစ်နိုင်တယ်။ တိုင်းပြည်မတူတာအထိလဲ ဖြစ်နိုင်သေးတယ်။
သေသေချာချာ သတိထားမိတော့မှ ဟေဝန်နေထိုင်ရာ ပိုင်ဆိုင်ရာတောက တောအုပ်ကြီးနှစ်ခုရဲ့အလယ်ခေါင်မှာ အိုအေစစ်လေးလိုရှိနေတာပါလား။ လူသူအရောက်အပေါက်နည်းတာလဲ မပြောသာ။ တော်ရုံဆို ဒီလို နက်တဲ့တောကြီးထဲမှာ သားရဲတွေကိုဖြတ်ပြီး ဟေဝန့်ဆီထိရောက်လာစရာ အကြောင်းမှမရှိတာလေ။
မိုးသစ်တောတို့ဘက်ထက်စာရင် ဒီဘက်တောက ပိုပြီးနက်တယ်ထင်ရတယ်။ မြင်လေရာ စိမ်းညို့အုပ်ဆိုင်းနေပြီး ဟိန်းသံ ချိမ်းသံတွေကြားနေရတယ်။
မိုးသစ်တောတို့ရွာဘက်က တောကောင်အကြီးလုံးဝကိုမရှိတာပါ။
"ဟေဝန်.... ဟိုးကို ဆက်သွားကြမလား"
ခေါင်းခါတယ်။
"ချစ်.... ပြန်.... မှာ"
အချစ်ရေ.... ပြန်ကြမယ်တဲ့။
"အင်းပါ.... ဒီတောကြီးက.... ကြောက်စရာကြီး.... မိုလဲ ကြောက်တယ်.... ပြန်ရအောင်"
"အင်း...."
လက်တွေတွဲမထားနိုင်တော့ဘူး။
နှစ်ယောက်လုံး ခူးဆွတ်လာတာတွေကို သယ်ထားကြရတယ်လေ။ ဒီနေ့တော့ စမ်းပြီးခူးလာတဲ့ ဥကိုပဲ မီးဖုတ်ပြီးစားကြည့်ရမယ်။ ဟေဝန့်ကိုလဲ ကျွေးရမယ်။
အကယ်လို့များ ဟေဝန် ရွာကိုရောက်ခဲ့ရင် မီးလွတ်စားဖို့ မလွယ်ဘူး။ အသီးအနှံတွေရှိတာတော့ ရှိပါရဲ့။ ဟေဝန့် တောလိုတော့ဖြင့် မပေါပါ။ မပေါတာထက် ဟေဝန့်စိတ်ကြိုက်တော့ များမှာမဟုတ်ဘူး။
ဟေဝန်က တောထဲမှာစိတ်ကြိုက်စားခွင့်ရနေသူလေ။
ပြီးတော့ ဟေဝန်တစ်ခါစားရင် ငှက်ပျောသီးနှစ်ဖီးကုန်တယ်။ သစ်တော်သီးဆိုရင် ဆယ်လုံးလောက်ကို အသာလေးနဲ့စားတာ။ ငှက်ပျောသီးဆိုတာ ပိစိသေးသေးလေးမထင်နဲ့... တစ်လုံးတစ်လုံးကို နင့်နေအောင်စားရတာ။
မိုးသစ်တောဆို တစ်ခါစားရင် တစ်လုံးပဲစားနိုင်တယ်။
သစ်တော်သီးတစ်လုံး ငှက်ပျောသီးတစ်လုံးဆို ဗိုက်ပြည့်တယ်။ တစ်ခုရှိတာက ဟေဝန်က ခဏတိုင်းခဏတိုင်းတော့ မစားဘူး။ တစ်နေ့ နှစ်ကြိမ်.... တစ်ခါတစ်ရံ တစ်ကြိမ်ပဲစားတယ်။ မိုးသစ်တောကတော့ တဇတ်ဇတ်စားတာ....ဆိတ်ပါးစပ်လေးလိုပဲ။
ဟေဝန်ရွာရောက်ရင် သက်သတ်လွတ်ဖြစ်ရပြီးရော စားလို့ရတာအကုန်ကျွေးမယ်လို့တော့ တွေးထားတာပါပဲ။
.
.
.
ဂူထဲကိုပြန်ရောက်တော့ နေတောင်မြင့်ပြီ။
ခဏနားနေတုန်း ဟေဝန်က ငွေရောင်သေတ္တာလေးတစ်ခုကို ကွတ်ပျစ်ခေါင်းရင်းကနေယူလိုက်တယ်။
သူတော်စင်ကြီးရဲ့ပိတ်စဖြူခေါက်ထားတာလေးရဲ့ အောက်မှာ ငွေသေတ္တာလေးရှိတယ်။
ဖွင့်လိုက်တော့.... အထဲမှာ ပုတီးလေးတစ်ကုံးရယ်.... စာရွက်ခေါက်လေးတစ်ခုရယ်.... ဆေးလုံးလိုမျိုးလေး ဝါဝါအလုံးလေးတွေကိုလဲတွေ့ရတယ်။ ပြီးတော့ ငွေရောင်သတ္တုဓားပြါးလေးတစ်ချောင်းလဲ ရှိတယ်။
စာရွက်ကလေးကဘာရေးထားတာလဲ မသိဘူး။
သူတော်စင်ကြီးက မြန်မာမဟုတ်ဘူးထင်တယ်။
ရေးတာက ဘာသာစကားသပ်သပ်တစ်မျိုးဖြစ်နေတယ်။ သတ္တုဓားသေးသေးလေးနဲ့ ဟေဝန်က ဓားလိုသုံးတာ။ ဟေဝန့်မှာ လက်သည်းမရှည်တာက အဲ့ဒီဓားလေးနဲ့သုံးပြီး ဖြတ်ထားတတ်တာကြောင့်ပဲ။
နောက်ထပ် ဓားလိုအသုံးပြုလို့ရတဲ့ပစ္စည်းလဲ ဟေဝန့်မှာရှိတယ်။ အဲ့ဒီဓားက ပိုကြီးပြီး ကွတ်ပျစ်ရဲ့ထောင့်မှာ ထောင်ထားတယ်။
အခုထိတော့ အဲ့ဒီဓားကို ဟေဝန်သုံးတာ မတွေ့ဖူးသေးဘူး။
ခူးလာတဲ့သရက်သီးကို လှီးပြီး ဒန်ပန်းကန်ပြါးလေးထဲ ထည့်ပေးတယ်။
မနက်စာတော့ စားပြီးသွားကြပြီ။
.
.
.
.
"စားကြည့်ပါ....ဟေဝန်ရယ်....အရသာ ကောင်းတယ်"
"ချစ်.....စား"
"အင်း မို က စားတယ်လေ....အရမ်းကောင်းတယ်.... စားကြည့်ပါ....ဟေဝန်ရယ်"
မနက်ပိုင်းကိုတော့ အသီးတွေပဲစားကြတယ်။
ညပိုင်းရောက်တော့ ခူးလာတဲ့ ဥကို မီးဖုတ် အခွံခွာပြီးစားကြည့်တော့ ချိုဆိမ့်ဆိမ့်လေး.... အနှစ်ကိုစားရတာကြောင့် ဗိုက်လဲပြည့်တယ်။
ခက်တာက ကိုဟေဝန် ငြင်းနေတယ်လေ.... မစားချင်ဘူးတဲ့။
"ချစ်....စား.... အသီး....စား....မယ်"
"အသီးထက်ကောင်းတာကို.... စားပါနော်"
ဟေဝန့်နှုတ်ခမ်းနားထိ တိုးကာပြောရတယ်။
အနံ့ကလဲ မွှေးတယ်.... မီးလွတ်တွေစားပါများတော့ ဥလေးတစ်လုံး မီးဖုတ်စားတာကိုပဲ မွှေးနေသလိုထင်မိနေရတယ်။
"လိမ္မာတယ်ကွာ.... အသက်သတ်လွတ်ပါ ဟေဝန်ရဲ့.... ဟေဝန် စားနေကြတွေလိုပဲ တူတယ်လေ"
"ချစ်....အွန်....ချစ်....စား..."
မရတော့ဘူး..... ပြောနေရင်းတဖဲ့ကို ဟေဝန့်ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
တစ်ချက်ရှုံ့သွားတဲ့ မျက်မှောင်တန်း.... ဟေဝန် စိတ်ဆိုးသွားတာလား။
ဟေဝန်က ရှေ့သွားလေးနဲ့ပဲ ဖိပြီးဝါးကြည့်နေတယ်။
"ကောင်း...."
"ပြောသားပဲ....ကောင်းတယ်နော်.... ဟေဝန် များများစားနော်"
ခူးလာတာ နှစ်ဥဆိုတော့ ကျန်တဲ့တစ်ဥကိုပါ မီးထဲပစ်ထည့်လိုက်တယ်။
ကိုဟေဝန် စားကောင်းရင် တစ်တင်းချက်ပဲ။
.
.
.
.
ဆက်ရန်....
Zawgyi
Unicode
မိုးတၿပိဳက္ႏွစ္ၿပိဳက္႐ြာထားတာေၾကာင့္ ၾကည့္ေလရာေနရာတိုင္း စိမ္းဝါဝါအေရာင္နဲ႕ အရမ္းကိုလွတယ္။
သစ္ပင္ေတြေပၚမွာ ကပ္က်န္ခဲ့တဲ့ မိုးေရစေလးေတြက နံနက္ခင္းေနေရာင္ျခည္ေၾကာင့္ စိန္ပြင့္ေလးလိုတလက္လက္နဲ႕ ျမင္ေလရာေနရာတိုင္း လွပလြန္းတယ္။
ဂူေပါက္ကိုထြက္လိုက္တာနဲ႕.... သစ္ပင္ႀကီးေပၚက ေျပးဆင္းလာတဲ့ ေမ်ာက္ဝံႀကီး.... ေဟဝန့္ကို ေတြ႕ရင္ အၿမဲေျပးဆင္းလာတတ္တယ္။ သူတို႔ေနထိုင္ရာသစ္ပင္က ဂူေပါက္ဝကသစ္ပင္ေတြမဟုတ္ဘူး... ခပ္လွမ္းလွမ္းက သစ္ပင္ႀကီးတစ္ပင္ေပၚမွာ ေနၾကတာ။
ေမ်ာက္ဝံေတြအမ်ားႀကီးရွိေနတာေပမဲ့ ဆူဆူညံညံအသံ အရမ္းမထြက္ဘူး။ သူတို႔ေျပးဆင္းလာမွပဲ ေတြ႕ရတာ။ ေဟဝန္က ေမ်က္ဝံႀကီးကို မလိုက္ခိုင္းတာေၾကာင့္ ဂူေရွ႕မွာပဲ က်န္ေနခဲ့တယ္။ ဂူနဲ႕မလွမ္းမကမ္းမွာ ေမ်ာက္ဝံေတြက ေဟဝန္နဲ႕အနီးကပ္ေနတယ္ပဲ ဆိုပါေတာ့။ ကိုယ္ရံေတာ္ႀကီးေတြက မေတြ႕ရတာမ်ားတယ္။ တစ္ခါတစ္ရံမွသာ ေရာက္လာတတ္တာ။
.
.
.
ေဟဝန့္လက္ေမာင္းကိုခိုကာတြဲရင္း ေဆာ့ၿပီးလိုက္ပါလာတဲ့ မိုးသစ္ေတာ။
လမ္းေလွ်ာက္ေနရင္းကပဲ တြဲခိုလိုက္ျပန္ေရာ... ေဟဝန္က လက္ေမာင္းကိုျမႇောက္လိုက္ရင္ မိုးသစ္ေတာရဲ႕ ေျခေထာက္ေတြက ေျမနဲ႕လြတ္သြားတယ္။
တြဲခိုစီးတာေညာင္းရင္ လမ္းျပန္ေလွ်ာက္လိုက္နဲ႕ ေဆာ့ေနတာ။
ေဟဝန္ လာရာလမ္းတစ္ေလွ်ာက္မွာ အမ်ိဳးအစားမ်ားစြာေသာ အေကာင္ႀကီးငယ္ေတြ ေတြ႕ရေပမဲ့ ေဟဝန့္ကို ေရွာင္ေပးတယ္။ လူသားစစ္စစ္တစ္ဦးပါလာေတာ့ ပိုၿပီးေရွာင္ၾကတာေပါ့။
ေဟဝန္က ေမ်ာက္ဝံႀကီးနဲ႕ ျခေသၤ့ႀကီးေတြကိုပဲ စကားေျပာပါတယ္။ လိုအပ္ရင္ ငွက္ေတြနဲ႕ ေျပာတာေတာ့ ေတြ႕ဖူးသားပဲ။
ၾကားရဖန္မ်ားေတာ့လဲ ေဟဝန္တို႔ ေတာတြင္းစကားကို နားထဲမွာမဆန္းသလိုပဲ။ နားေတာ့ ဘယ္လည္ပါ့မလဲေလ။
.
.
.
ေတာနာနတ္ေတြကအမ်ားႀကီးပဲေတြ႕ရတယ္။
နာနတ္ ငွက္ေပ်ာ သစ္ေတာ္.... ဒါေတြပဲစားေနရေတာ့ ၿငီးေငြ႕သားပါပဲ။ ေဟဝန္က စားေနက်ျဖစ္ေတာ့ အဆင္ေျပတယ္။ မိုးသစ္ေတာက အသားစားခ်င္တာေတာ့မဟုတ္ေပမဲ့ ေန႕တိုင္းဒီအသီးေတြခ်ည္းစားရေတာ့လဲ ၿငီးေငြ႕တယ္။
ဟိုဟိုဒီဒီမွာ ေတြ႕ရတဲ့အသီးအကုန္ခူးခဲ့တယ္။
စားလို႔ရလားေမးေတာ့ ေဟဝန္က ရတယ္လို႔ ေျပာတာကိုး။ သရက္သီးေတြလဲ ေတြ႕ေရာ မိုးသစ္ေတာ ေပ်ာ္ၿပီး ေဟဝန့္ကို ခူးခိုင္းေတာ့တာပဲ။ ဝါဝင္းေနတဲ့ သရက္သီးေတြ.... အခိုင္လိုက္ခူးခ်လာတယ္။
"ေဟဝန္..... ဆားလိုတယ္ေနာ္.... ဆား...ရွာရေအာင္"
"အင္း...."
သစ္သီးေတြပဲစားတာ လဝက္ခန့္ရွိၿပီ... မိုးသစ္ေတာလဲ ေဟဝန့္လို အနံ႕မ်ိဳးျဖစ္လာေတာ့မွာပဲ။ ဒါေပမဲ့ ေဟဝ့န္ေၾကာင့္ လိုလိုမယ္မယ္ ဆားေတာ့ေဆာင္ထားရမယ္။
မိုးသစ္ေတာကိုယ္တိုင္က ႐ြာမွာေနလဲအစားၾကဴးတတ္သူမဟုတ္ဘူးေလ။ ကိုယ္နံ႕က ဆိုးဆိုးဝါးဝါးမရွိပါဘူး။
ဒါေပမဲ့ အၿမဲအိစက္ၿပီးေမႊးေနတယ္လို႔ ထင္ရတဲ့ ျဖဴျဖဴေဖြးေဖြး မိုးသစ္ေတာေလးဟာ ေဟဝန့္ေရွ႕ေရာက္မွ မလုံမလဲ ျဖစ္ေနရတယ္။
ေဟဝန့္ေၾကာင့္....ေဟဝန္ကိုယ္နံ႕ ခံတြင္းနံ႕ေၾကာင့္ေပါ့။ သင္းျမျမေမႊးေနတတ္တဲ့ ေဟဝန္။
ခ်က္ျပဳတ္စားလို႔ရတာေလးမ်ားေတြ႕ရင္ေကာင္းမွာပဲ။
"ေဟဝန္...."
"ဗ်...."
"မို တို႔ ေလ..... ဟင္းခ်က္စားလို႔ရတယ္ သိလား...."
"သိ...."
"ဟင္.... ေဟဝန္သိတယ္.... ဟုတ္လား..... ဘယ္လိုခ်က္မလဲ.... ေျပာျပပါအုံး"
"အြန္း..... မီး.....ရွိ"
"အဟင္း... အဟား...အဟား.... ဟား....ဟား.... ဟား....."
ေဟဝန္သိေနတာကို သေဘာက်ၿပီး မိုးသစ္ေတာက ရယ္မိတယ္။ ရယ္ေနတာကို စိုက္ၾကည့္ေနတဲ့ ေဟဝန့္ေၾကာင့္ ရယ္တာရပ္လို႔မရေတာ့ဘူး။
ေဟဝန္က တကယ္ဉာဏ္ရည္ျမင့္တယ္။
တစ္ခါတစ္ရံ အေမ့႐ြာသြားရင္း အေမစားေသာက္ပုံကိုသိၿပီး ျမင္ၿပီး မွတ္ထားပုံရတယ္။
ညတိုင္း ဂူထဲမွာဖိထားတဲ့ မီးဖိုေလးေၾကာင့္ မီးရွိတာသိေနေသးတယ္။ ေဟဝန္က မီးဖိုတာသေဘာမက်ေပမဲ့ မအိပ္ခင္စကားသင္ၾကတဲ့အခ်ိန္ေလးဆို မီးဖိုထားရတယ္။ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္က တစ္ဝႀကီးၾကည့္ၿပီး လႈပ္ရွားမႈဟန္ပန္နဲ႕သင္ေတာ့ ေဟဝန္ပိုၿပီး တတ္တယ္။ တတ္လား.... မတတ္လား....ၾကည့္ေလ။
"ခ်စ္.....ေတာ္....ရပ္"
သူ႕ကို အသည္းယားသြားလို႔ ရယ္ေနတာကိုသိတာေၾကာင့္ တားတယ္။
"ကိုလူတတ္ႀကီး..... ခ်က္စားလို႔ရရင္ေကြၽးပါေတာ့လား.... ေန႕တိုင္း အသီးပဲစားရတယ္ေလ.... ဟင္"
"မို....စား.... "
"အင္း..... ေတာႀကီးတစ္ခုလုံး ေဟဝန္ပိုင္တာေလ.... ဟုတ္တယ္မွလား.... ေနအုံး.... ရွာမယ္....ခ်က္စားလို႔ရတာရွာမယ္ "
တက္တက္ႂကြႂကြနဲ႕ ခ်က္စားကင္စားလို႔ရတာကို ရွာၾကတယ္။ ေဟဝန္က အသီးပဲအားသန္တာမို႔ အသီးပဲ ခူးေနတာပါ။ မိုးသစ္ေတာကသာ ေတာင္ၾကည့္ ေျမာက္ၾကည့္နဲ႕ ရွာရတယ္။
ပီေလာပီနံဥနဲ႕တူတာေတြ ေတြ႕မိတာေၾကာင့္ ယူခဲ့တယ္။ သစ္ပင္ႀကီးတစ္ပင္ကို ႏြယ္ၿပီးတက္ေနတာေတြ႕လို႔ ခူးယူခဲ့ရတာ။ ပုံစံက ပီေလာပီနံလို ကန္စြန္းဥလိုတူေပမဲ့ အေရာင္မတူဘူး။ ခူးလာမိတဲ့ ဥေတြက ဝါဝါအေရာင္မ်ိဳး။
ဥဆိုတာ အမ်ားအားျဖင့္ ေျမႀကီးေအာက္ရွိတတ္တာဆိုေတာ့ ႏြယ္ၿပီးတက္ေနတဲ့အပင္က ဥကိုစားလို႔ရပါ့မလား။
"ေဟဝန္.... စားလို႔ရလား.... ဟင္"
ေဟဝန္က နမ္းၾကည့္တယ္.... လက္နဲ႕ဆိတ္ၾကည့္တယ္။ ၿပီးေတာ့ေခါင္းညိမ့္ျပတယ္။
အိုေကၿပီ.... မီးဖုတ္ၿပီးစားၾကည့္ရမယ္။
လမ္းေလွ်ာက္လာတာ ေတာ္ေတာ္ေဝးၿပီထင္ရတယ္။
ျမင္ကြင္းက ေျပာင္းလဲစျပဳၿပီ။
ေရခ်ိဳးဆင္းရတဲ့ ေရအိုင္ဘက္လဲ မဟုတ္ဘူးဆိုေတာ့.... ေဟဝန္ေခၚလာတာ ဘယ္ဘက္ပါလိမ့္။
တစ္ခ်က္ တစ္ခ်က္.... ေဝါင္းကနဲ ဟိန္းသံေတြ ၾကားရတယ္။ ေဟဝန္ ပါလာတာေပမဲ့ ႐ုတ္တရက္ဆို ေၾကာက္တယ္။ တကယ္ေတာ့ သူတို႔က ေဟဝန့္ကို ႏႈတ္ဆက္တာပါ။
ခပ္လွမ္းလွမ္းမွာ ေတာညို႔ညို႔ ျမင္ရျပန္ၿပီ။
ေတာ္ေတာ္ေလးေတာ့ ေဝးေသးတယ္။
ခပ္ေရးေရးျမင္ရ႐ုံနဲ႕ နက္စိမ္းေနတဲ့ေတာႀကီး။
ေတာကို ေဝးေပမဲ့ ျမင္ေနရတာက မိုးသစ္ေတာတို႔က နည္းနည္းေလးအေပၚစီးျဖစ္ေနသလိုမို႔ပါ။
မိုးသစ္ေတာ သေဘာေပါက္ၿပီ။
အဲ့သည္ ေတာအုပ္ကိုျဖတ္ၿပီးသြားရင္ အျခားဘက္က႐ြာေတြကို ေရာက္သြားနိုင္တယ္။ မိုင္ေပါင္းမ်ားစြာေဝးတဲ့ေတာရဲ႕အဆုံးမွာ ေနာက္ထပ္႐ြာေတြရွိလိမ့္အုံးမယ္။ ဘာသာမတူ လူမ်ိဳးမတူတာျဖစ္နိုင္သလို ဘာသာတူ လူမ်ိဳးတူလဲ ျဖစ္နိုင္တယ္။ တိုင္းျပည္မတူတာအထိလဲ ျဖစ္နိုင္ေသးတယ္။
ေသေသခ်ာခ်ာ သတိထားမိေတာ့မွ ေဟဝန္ေနထိုင္ရာ ပိုင္ဆိုင္ရာေတာက ေတာအုပ္ႀကီးႏွစ္ခုရဲ႕အလယ္ေခါင္မွာ အိုေအစစ္ေလးလိုရွိေနတာပါလား။ လူသူအေရာက္အေပါက္နည္းတာလဲ မေျပာသာ။ ေတာ္႐ုံဆို ဒီလို နက္တဲ့ေတာႀကီးထဲမွာ သားရဲေတြကိုျဖတ္ၿပီး ေဟဝန့္ဆီထိေရာက္လာစရာ အေၾကာင္းမွမရွိတာေလ။
မိုးသစ္ေတာတို႔ဘက္ထက္စာရင္ ဒီဘက္ေတာက ပိုၿပီးနက္တယ္ထင္ရတယ္။ ျမင္ေလရာ စိမ္းညို႔အုပ္ဆိုင္းေနၿပီး ဟိန္းသံ ခ်ိမ္းသံေတြၾကားေနရတယ္။
မိုးသစ္ေတာတို႔႐ြာဘက္က ေတာေကာင္အႀကီးလုံးဝကိုမရွိတာပါ။
"ေဟဝန္.... ဟိုးကို ဆက္သြားၾကမလား"
ေခါင္းခါတယ္။
"ခ်စ္.... ျပန္.... မွာ"
အခ်စ္ေရ.... ျပန္ၾကမယ္တဲ့။
"အင္းပါ.... ဒီေတာႀကီးက.... ေၾကာက္စရာႀကီး.... မိုလဲ ေၾကာက္တယ္.... ျပန္ရေအာင္"
"အင္း...."
လက္ေတြတြဲမထားနိုင္ေတာ့ဘူး။
ႏွစ္ေယာက္လုံး ခူးဆြတ္လာတာေတြကို သယ္ထားၾကရတယ္ေလ။ ဒီေန႕ေတာ့ စမ္းၿပီးခူးလာတဲ့ ဥကိုပဲ မီးဖုတ္ၿပီးစားၾကည့္ရမယ္။ ေဟဝန့္ကိုလဲ ေကြၽးရမယ္။
အကယ္လို႔မ်ား ေဟဝန္ ႐ြာကိုေရာက္ခဲ့ရင္ မီးလြတ္စားဖို႔ မလြယ္ဘူး။ အသီးအႏွံေတြရွိတာေတာ့ ရွိပါရဲ႕။ ေဟဝန့္ ေတာလိုေတာ့ျဖင့္ မေပါပါ။ မေပါတာထက္ ေဟဝန့္စိတ္ႀကိဳက္ေတာ့ မ်ားမွာမဟုတ္ဘူး။
ေဟဝန္က ေတာထဲမွာစိတ္ႀကိဳက္စားခြင့္ရေနသူေလ။
ၿပီးေတာ့ ေဟဝန္တစ္ခါစားရင္ ငွက္ေပ်ာသီးႏွစ္ဖီးကုန္တယ္။ သစ္ေတာ္သီးဆိုရင္ ဆယ္လုံးေလာက္ကို အသာေလးနဲ႕စားတာ။ ငွက္ေပ်ာသီးဆိုတာ ပိစိေသးေသးေလးမထင္နဲ႕... တစ္လုံးတစ္လုံးကို နင့္ေနေအာင္စားရတာ။
မိုးသစ္ေတာဆို တစ္ခါစားရင္ တစ္လုံးပဲစားနိုင္တယ္။
သစ္ေတာ္သီးတစ္လုံး ငွက္ေပ်ာသီးတစ္လုံးဆို ဗိုက္ျပည့္တယ္။ တစ္ခုရွိတာက ေဟဝန္က ခဏတိုင္းခဏတိုင္းေတာ့ မစားဘူး။ တစ္ေန႕ ႏွစ္ႀကိမ္.... တစ္ခါတစ္ရံ တစ္ႀကိမ္ပဲစားတယ္။ မိုးသစ္ေတာကေတာ့ တဇတ္ဇတ္စားတာ....ဆိတ္ပါးစပ္ေလးလိုပဲ။
ေဟဝန္႐ြာေရာက္ရင္ သက္သတ္လြတ္ျဖစ္ရၿပီးေရာ စားလို႔ရတာအကုန္ေကြၽးမယ္လို႔ေတာ့ ေတြးထားတာပါပဲ။
.
.
.
ဂူထဲကိုျပန္ေရာက္ေတာ့ ေနေတာင္ျမင့္ၿပီ။
ခဏနားေနတုန္း ေဟဝန္က ေငြေရာင္ေသတၱာေလးတစ္ခုကို ကြတ္ပ်စ္ေခါင္းရင္းကေနယူလိုက္တယ္။
သူေတာ္စင္ႀကီးရဲ႕ပိတ္စျဖဴေခါက္ထားတာေလးရဲ႕ ေအာက္မွာ ေငြေသတၱာေလးရွိတယ္။
ဖြင့္လိုက္ေတာ့.... အထဲမွာ ပုတီးေလးတစ္ကုံးရယ္.... စာ႐ြက္ေခါက္ေလးတစ္ခုရယ္.... ေဆးလုံးလိုမ်ိဳးေလး ဝါဝါအလုံးေလးေတြကိုလဲေတြ႕ရတယ္။ ၿပီးေတာ့ ေငြေရာင္သတၱဳဓားျပါးေလးတစ္ေခ်ာင္းလဲ ရွိတယ္။
စာ႐ြက္ကေလးကဘာေရးထားတာလဲ မသိဘူး။
သူေတာ္စင္ႀကီးက ျမန္မာမဟုတ္ဘူးထင္တယ္။
ေရးတာက ဘာသာစကားသပ္သပ္တစ္မ်ိဳးျဖစ္ေနတယ္။ သတၱဳဓားေသးေသးေလးနဲ႕ ေဟဝန္က ဓားလိုသုံးတာ။ ေဟဝန့္မွာ လက္သည္းမရွည္တာက အဲ့ဒီဓားေလးနဲ႕သုံးၿပီး ျဖတ္ထားတတ္တာေၾကာင့္ပဲ။
ေနာက္ထပ္ ဓားလိုအသုံးျပဳလို႔ရတဲ့ပစၥည္းလဲ ေဟဝန့္မွာရွိတယ္။ အဲ့ဒီဓားက ပိုႀကီးၿပီး ကြတ္ပ်စ္ရဲ႕ေထာင့္မွာ ေထာင္ထားတယ္။
အခုထိေတာ့ အဲ့ဒီဓားကို ေဟဝန္သုံးတာ မေတြ႕ဖူးေသးဘူး။
ခူးလာတဲ့သရက္သီးကို လွီးၿပီး ဒန္ပန္းကန္ျပါးေလးထဲ ထည့္ေပးတယ္။
မနက္စာေတာ့ စားၿပီးသြားၾကၿပီ။
.
.
.
.
"စားၾကည့္ပါ....ေဟဝန္ရယ္....အရသာ ေကာင္းတယ္"
"ခ်စ္.....စား"
"အင္း မို က စားတယ္ေလ....အရမ္းေကာင္းတယ္.... စားၾကည့္ပါ....ေဟဝန္ရယ္"
မနက္ပိုင္းကိုေတာ့ အသီးေတြပဲစားၾကတယ္။
ညပိုင္းေရာက္ေတာ့ ခူးလာတဲ့ ဥကို မီးဖုတ္ အခြံခြာၿပီးစားၾကည့္ေတာ့ ခ်ိဳဆိမ့္ဆိမ့္ေလး.... အႏွစ္ကိုစားရတာေၾကာင့္ ဗိုက္လဲျပည့္တယ္။
ခက္တာက ကိုေဟဝန္ ျငင္းေနတယ္ေလ.... မစားခ်င္ဘူးတဲ့။
"ခ်စ္....စား.... အသီး....စား....မယ္"
"အသီးထက္ေကာင္းတာကို.... စားပါေနာ္"
ေဟဝန့္ႏႈတ္ခမ္းနားထိ တိုးကာေျပာရတယ္။
အနံ႕ကလဲ ေမႊးတယ္.... မီးလြတ္ေတြစားပါမ်ားေတာ့ ဥေလးတစ္လုံး မီးဖုတ္စားတာကိုပဲ ေမႊးေနသလိုထင္မိေနရတယ္။
"လိမၼာတယ္ကြာ.... အသက္သတ္လြတ္ပါ ေဟဝန္ရဲ႕.... ေဟဝန္ စားေနၾကေတြလိုပဲ တူတယ္ေလ"
"ခ်စ္....အြန္....ခ်စ္....စား..."
မရေတာ့ဘူး..... ေျပာေနရင္းတဖဲ့ကို ေဟဝန့္ပါးစပ္ထဲ ထည့္ေပးလိုက္တယ္။
တစ္ခ်က္ရႈံ႕သြားတဲ့ မ်က္ေမွာင္တန္း.... ေဟဝန္ စိတ္ဆိုးသြားတာလား။
ေဟဝန္က ေရွ႕သြားေလးနဲ႕ပဲ ဖိၿပီးဝါးၾကည့္ေနတယ္။
"ေကာင္း...."
"ေျပာသားပဲ....ေကာင္းတယ္ေနာ္.... ေဟဝန္ မ်ားမ်ားစားေနာ္"
ခူးလာတာ ႏွစ္ဥဆိုေတာ့ က်န္တဲ့တစ္ဥကိုပါ မီးထဲပစ္ထည့္လိုက္တယ္။
ကိုေဟဝန္ စားေကာင္းရင္ တစ္တင္းခ်က္ပဲ။
.
.
.
.
ဆက္ရန္....