My Lover With Split Personali...

By Mine-Edge

308K 53.7K 4.4K

Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြ... More

၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၁။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)
၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၂)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၃။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၄။ ဥကၠဌ၏ ေဒၚလာမီလီယံ သတုိ႕သား(၁)
၄။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၅ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၁)
၆ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၂)
Manhua <<Mr.Dior>>
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတို႕သား(၁)
၇ ။ ဥကၠဌ၏ေဒၚလာမီလီယံသတုိ႕သား(၂)
၈ ။ အစားထိုးခ်စ္သူ(၁)
၈ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၁)
၉ ။ အစားထိုးခ်စ္သူ(၂)
၉ ။ အစားထိုးခ်စ္သူ(၃)
၉ ။ အစားထိုးခ်စ္သူ(၄)
၁၀ ။ အစားထိုးခ်စ္သူ(၁)
၁၀ ။ အစားထိုးခ်စ္သူ(၂)
၁၁ ။ အစားထိုးခ်စ္သူ
၁၂ ။ အစားထိုးချစ်သူ
၁၃ ။ အစားထိုးချစ်သူ
၁၄ ။ အစားထိုးချစ်သူ
၁၅ ။ အစားထိုးချစ်သူ
၁၆ ။ ဟက်စကီး အချစ်
၁၇ ။ ဟတ်စကီး အချစ်
၁၈ ။ ဟက်စကီး အချစ်
၂၀ ။ ဟတ်စကီး အချစ်
၂၁ ။ ဟက်စကီး အချစ်
၂၂ ။ ဟတ်စကီး အချစ်
၂၃ ။ ဟတ်စကီး အချစ်
၂၄ ။ ဟတ်စကီး အချစ်
၂၅ ။ ဟတ်စကီး အချစ်
၂၆ ။ ဟတ်စကီး အချစ်
၂၇ ။ ဟတ်စကီး အချစ်
၂၈ ။ ဂန်းစတားကိုကို
၂၉ ။ ဂန်းစတားကိုကို
၃၀ ။ ဂန်းစတားကိုကို
၃၁ ။ ဂန်းစတားကိုကို
၃၂ ။ ဂန်းစတားကိုကို
၃၃ ။ ဂန်းစတားကိုကို
၃၄ ။ ဂန်းစတားကိုကို
၃၅ ။ ဂန်းစတားကိုကို
၃၆ ။ ဂန်းစတားကိုကို
၃၇ ။ ဂန်းစတားကိုကို
၃၈ ။ ဂန်းစတားကိုကို
၃၉ ။ ဂန်းစတားကိုကို
၄၀ ။ ဂန်းစတားကိုကို
၄၁ ။ ဂန်းစတားကိုကို
၄၂ ။ ဂန်းစတားကိုကို
၄၃ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၄ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၅ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၈ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၄၉ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၀ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ
၅၂ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၃ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ
၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

၁၉ ။ ဟတ်စကီး အချစ်

3.1K 737 52
By Mine-Edge

[Unicode]

လောကကြီး ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

နတ်ဆိုးဘုရင်က ဂိမ်းမျက်နှာပြင်တွင် အပြည့်အစုံတပ်ဆင်ထားသော စက်ရုပ်ကြီးကို ကြည့်နေမိသည်။ သူ့ပါးစပ်က အချိန်အတော်ကြာသည့်တိုင် ဟစိစိ။ ပခုံးများမှာလည်း တုန်ရီရီနှင့် မျက်ဝန်းများကို လက်တစ်ဖက်ဖြင့် တိတ်တဆိတ်ကာမိလိုက်သည်။ အစတုန်းက သူ ဂိမ်းထဲ စစဝင်ချင်း စက်ရုပ်သစ်၏ ဆန်းပြားမှုကို ချီးကျုးခဲ့သည်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဤခမ်းနားသည့် နတ်ဘုရားအဆင့် စက်ရုပ်နှင့်အတူတူ တွဲရပ်လိုက်ချိန် စက်ရုပ်သစ်ကလေးသည် ရုတ်တရက် အမှိုက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ပရိတ်သတ်များသည် အသိပြန်ဝင်လာကြပြီး သူတို့၏တရစပ်ဝေဖန်မှုများကို ပွင့်ပွင့်လင်းလင်းစတင်တော့သည်။

【ငါ့ပါပါးချန်ဖေးလို့ တကယ်ခေါ်ထိုက်တာပဲ! ငါ ဒူးထောက်မိနေပြီ!】

【အဖေဆိုတာ အမြဲတမ်း အဖေဖြစ်နေမှာ
ပဲ၊ ကမ္ဘာ့ချန်ပီယံက ခုတော့ ‘သက်ညှာပေး
ပါ!’ လို့ ဟစ်ကြွေးရတော့မယ် 】

【ဒါကို ဘယ်လိုတိုက်ခိုက်မလဲ ဟားဟားဟားဟားဟား! 】

【ငါ့ နတ်ဘုရားArt ကို ငါချစ်ပါတယ်၊ ဒါပေမဲ့ မရယ်ဘဲမနေနိုင်ဘူးဟယ်၊ ဟားဟားဟားဟား...】

ရယ်မောနေသည့် ကောမန့်များအလယ် တောက်ပ လင်းလက်နေသော အကြင်နာမဲ့သည့် ကြေငြာချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
【ကမ္ဘာ့ချန်ပီယံက ဘယ်တော့မှ အရှုံးကိုဝန်ခံမှာမဟုတ်ဘူး! လက်သင်ကလေးလည်း Jediတစ်ယောက်ကို သတ်နိုင်တာပဲ!】

နတ်ဆိုးဘုရင်က ဒီစကားကို လက်ထိပ်ဖျားနေရာမှမြင်လိုက်ရသည်။ ဤအရာက ချန်းတုဟောက်ထံမှ အဆိုအမိန့်ဖြစ်သည်။

ဘယ်တော့မှ အရှုံးကို ဝန်မခံ... လက်သင်ကလေးလည်း Jedi တစ်ယောက်ကို တိုက်ခိုက်နိုင်သေးတယ်...။

ဒါက e-sports ပရော်ဖက်ရှင်နယ်ကစားသမားတိုင်း၏ ခံယူချက်ဖြစ်သည်။ ခိုကိုးရာမဲ့အခြေအနေရပ်တွင်တောင် ဘယ်တော့မှ အရှုံးမပေးရန်။

တဖြည်းဖြည်း သူ့မျက်နှာကိုကာထားသည့် လက်ကိုချပြီး ဝမ်းမော့သည်တွေးတွေးဆဆဖြင့် ပေါ်လွင်ထင်ရှားလှသော အားပေးသည့်အဆိုအမိန့်ကို ကြည့်နေမိသည်။ ကမ္ဘာ့ချန်ပီယံမှာ မဆိုစလောက် ခေါင်းညိတ်ပြီး ညင်သာစွာ စကားတစ်ခွန်း ထွေးထုတ်လိုက်သည်။
"သွားလိုက်ပါဦးမယ်!"

ထို့နောက်ထရပ်ကာ ထွက်သွား၏။

ပရိသတ်များက e-sports ထိုင်ခုံအလွတ်ကို ကြည့်ပြီး စခရင်ပေါ်တွင်【ဟား ဟား ဟားဟား ဟား ဟား】များနှင့် ခြယ်သလေတော့သည်။


ငါးစက္ကန့်ကြာပြီးနောက် နတ်ဆိုးဘုရင်သည် လက်တစ်ဖက်တွင် ကိုလာဘူးကိုကိုင်လျက် ပြန်လာ၏။
"မဟုတ်သေးဘူးလေကောရေ၊ ကျွန်တော်တို့ အကျိုးသင့်အကြောင်းသင့် ဆောင်ရွက်ရမှာပေါ့၊ ခင်ဗျားက နတ်ဘုရားအဆင့် စက်ရုပ် အပြည့်တပ်ဆင်ထားတာလေ၊ ဘယ်လိုလုပ် ခင်ဗျားကို အနိုင်ယူနိုင်ပါ့မလဲ"


ကျန်းချန်ဖေးက ခပ်ရွှတ်ရွှတ်ရယ်ပြီး ပြောလိုက်သည်။
"အဲဆိုလည်း မင်းကို ငါအနိုင်ကျင့်တယ်လို့ တခြားသူတွေမပြောအောင် ငါမင်းကို ၃ကွက်အကျောပေးမယ်"

ဝမ်မော့ ကိုလာမျိုချရင်း သီးလုနီးပါးဖြစ်သွားသည်။ လက်ဖမိုးကိုသုံးပြီး သူဌေး၏ဇနီးသည်ကြောင့် ပေကျံသွားသော သွေးများကို သန့်ရှင်းလိုက်သည့်ဟန် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ကာ "ကျေးဇူးတင်ပါတယ်" ဟုသာ ပြောနိုင်တော့သည်။

【လုပ်လိုက်ပါ၊ နတ်ဆိုးဘုရင်ရေ! ကမ္ဘာ့ချန်ပီယံက ဘယ်တော့မှ အရှုံးကို ဝန်ခံမှာမဟုတ်ဘူးကွ! 】

【ဘယ်လောက်တောင် ပြတ်သားတဲ့ စိတ်
ပိုင်းဖြတ်ချက်လဲ! ကမ္ဘာ့ချန်ပီယံက ဘယ်တော့မှ အရှုံးကို ဝန်ခံမှာ မဟုတ်ဘူး! 】

"ကောင်းပြီ! ကိုယ့်လူတို့! အခု အားလုံးကို အဆင့်သုညရဲ့ အစွမ်းတွေကို ပြသသွားမှာဖြစ်ပါတယ်... အင်း၊ အခုတော့ အဆင့်သုညတော့ မဟုတ်တော့ဘူးပေါ့၊ လူသစ်တာဝန်တွေက ပြီးသွားပြီကိုး၊ ခုလေးတင် ကိုယ့်အဆင့်က ပထမအဆင့်ထိ မြင့်တက်သွားပြီ၊ ဒါကြောင့် ပထမအဆင့် စက်ရုပ်က... ပလုတ်... ကိရိယာတန်ဆာပလာအပြည့်တပ်ထားတဲ့ နတ်ဘုရားအဆင့် စက်ရုပ်ကို ဘယ်လိုသတ်မလဲဆိုတာ... ကြည့်တာပေါ့..."


နတ်ဆိုးဘုရင်က အစတုန်းကတော့... အလေးအနက်ပြောခြင်းဖြစ်သည်။ ဒါပေမဲ့ ပရိသတ်နှင့်စကားပြောရင်း တိုက်‌ပွဲအလယ်ျသသွားချိန်တွင်တော့ သူပါ မရယ်မိဘဲ မနေနိုင်တော့ပေ။


ငွေရောင်စက်ရုပ်မှာ သွက်လက်ပျော့ပြောင်းစွာဖြင့် ရှေ့နောက် နှစ်ကြိမ်လျှောက်ပြီး လူသစ်မစ်ရှင်တွင် ရရှိခဲ့သော လက်နက်  — သံချောင်း — ကို ထုတ်ပြီး ခမ်းခမ်းနားနား လက်တစ်ဖက်နှင့်ထုတ်လိုက်ချေ၏။ ကျယ်ပြောလှသော နဂါးငွေ့တန်းနောက်ခံသည် အထူးပြုလုပ်ချက်များရှိဟန်တူ၏။ သံချောင်းကို ဝှေ့ယမ်းတိုင်း ကြယ်တာရာမှုန်လေးများ အချောင်းပတ်လည်မှ ညင်သာစွာ ကျလာသည်။ အင်မတန်ကို လှပလေ၏။ .

ဖြစ်နိုင်ချေအရှိဆုံးကတော့ krypton ရွှေနှင့် ဝယ်၍ရနိုင်သည့် အကန့်အသတ်အရေအတွက်နှင့်နောက်ခံသည် လူထိန်းချုပ်ရန်မလိုစသော အင်ဂျင်နီယာစမ်းသပ်နံပါတ်ဖြင့်သာ သုံးချ၍ရနိုင်လောက်သည်။ နတ်ဆိုးဘုရင် ဤအတွေးဖြင့်လျှာသပ်ကာ တိုက်ခိုက်ရန် သူ့စက်ရုပ်ကို ထိန်းချုပ်လိုက်၏။

ပထမအဆင့် တိုက်ကွက်ကို “သံတိုင် တိုက်ခိုက်မှု” ဟု ခေါ်သည်။

တုန်! သံချောင်းက ရွှေရောင် စက်ရုပ်အကာကို ထိသွားကာ ခပ်အုပ်အုပ်အသံထွက်လာ၏။


System မှ ချက်ချင်းတုံ့ပြန်‌လေသည်။

【အင်ပါယာ အရာရှိ ထိခိုက်မှု ၁၀ချက် လက်ခံရရှိ】

ငွေရောင်စက်ရုပ်မှာ ဇွဲကောင်းလှသည်။ သူက သံချောင်းကို ဖယ်ကာ သံလက်သီးနှစ်ဖက်ကို ယမ်းလိုက်သည်။ စောနလေးကတင် ရှာတွေ့ထားသည့်  “မျောလွင့် ထပ်ဆင့် လက်ဝှေ့ထိုးခြင်း” ဟုခေါ်သော လှည့်ကွက်ကိုသုံးပြီး ခုန်လိုက်လေသည်။ တစ်ဖက်သူ၏ အနေအထားအရ သူ ရွှေရောင်စက်ရုပ်၏ အားအနည်းဆုံးအပိုင်းကို နှစ်ခါတိတိ ထိုးကာ မီးပွားကလေးများ မြင့်တက်လာတော့သည်။


ရွှေရောင်စက်ရုပ်မှာ နှစ်လှမ်းတိတိ နောက်ပြန်ရို့သွားခဲ့သည်။

System က အချက်ပေးသည်။

【အင်ပါယာ အရာရှိ ထိခိုက်မှု ၁၃ချက် လက်ခံရရှိ】


အဆင့်တစ် စက်ရုပ်က ဤသို့ခမ်းနားလှသည့် ကစားကွက်ကို ကစားသွားခဲ့သည်။ ကြည့်နေသည့်ပရိသတ်များအားလုံး စိတ်လှုပ်ရှားမှုဖြင့် သွေးများဆူပွက်ကြကုန်၏။ ဒီအခိုက်တွင် ပြသမှုက ပြီးသွားပြီ။ အခုဆိုလျှင် ပိုပြင်းထန်သော ထိခိုက်မှုဖြစ်စေရန် လှည့်ကွက်ကိုသုံးနိုင်တော့မည်။ ငွေရောင်စက်ရုပ်သစ်ကလေးမှာ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်ပြီး အန္တိမလက်နက်ဖြင့် “ငွေရောင် အမြောက်” ကို ရွှေရောင်သံချပ်ကာဆီ ချိန်လိုက်သည်။


ငွေရောင်စက်ရုပ်မှာ အမြောက်ကို အပေါ်အောက် လှည့်ပြီး သူ့ပခုံးပေါ်တင်ကာ ပြောင်းဝက တဖြည်းဖြည်း အနီရောင်သမ်းလာသည်။

【ဖြစ်နိုင်တယ်နော်! 】

【ဥက္ကဌကျန်းက သဘောထားကြီးလွန်းတယ်၊ ဒီသုံးကွက်က သူ့ကို ပြင်းထန်တဲ့ထိခိုက်မှုပေးဖို့ လုံလောက်တယ်နော်! 】

【ဒီဂိမ်းက ပရော်ဖက်ရှင်နယ်ပြိုင်ပွဲဖွင့်မယ်လို့ ပြောကြတယ်၊ တကယ် အပြီးသတ်လို့ရမယ်ထင်တာပဲ!】

“ဘွန်း!” အမြောက်က ရွှေရောင်စက်ရုပ်၏ အပြင်ဘက်အခွံကို ထိရိုက်ကာ မီးခိုးများနှင့်ပြည့်သွားသည့် ပြင်းထန်ကြမ်းတမ်းသော ပေါက်ကွဲမှုကြီး ဖြစ်စေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပွဲကြည့်ပရိသတ်များအားလုံးသည် VR စက်၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည့် Art ၏ရှုထောင့်မှ ကြည့်နေကြသည်။ ဤအခိုက်အတန့်တွင် နတ်ဆိုးဘုရင်သည် အထီးကျန်ဆန် ကောင်းကင်ယံတွင် ရပ်နေပြီး ဖုန်မှုန့်များကို မျက်နှာမူကာ တစ်ဖက်သူ၏အခြေအနေ အဆုံးအဖြတ်ကို စောင့်မျှော်နေခိုက် အကြားအာရုံသာ အလုပ်လုပ်တော့သည့် mechတိုက်ခိုက်ရေးသမားလေးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားသည့်အတိုင်းပင်။

Systemက လက်ငင်းအချက်ပြသည်။
【အင်ပါယာ အရာရှိ ထိခိုက်မှု ၃၅ချက် လက်ခံရရှိ】

"မင်းရဲ့ တိုက်ကွက် ၃ခုက ပြီးသွားပြီ၊ အခု ငါ့အလှည့်ပဲ" ဖုန်မှုန့်များ ပြန့်ကျဲသွားကာ တောက်ပနေသော ရွှေရောင်စက်ရုပ်ကြီး ပေါ်လာလေသည်။ အင်ပါယာ အရာရှိသည် သည် ရှုပ်ထွေးသောမှော်ဝင်စာများဖြင့် ရေးထွင်းထားသည့် သူ၏ရွှေရောင်လက်တံကို မလ်ုက်လေသည်။ ထိန်းချုပ်စက်က ပြန်ဆွဲသိမ်းခံလိုက်ရပြီး ရွှေရောင်သံလိုက်အမြောက်ဖြင့် အစားထိုးလိုက်လေတော့သည်။

ဘွန်း!

【Art ထိခိုက်မှု ၁၀၀၀၀ချက် လက်ခံရရှိ】

【K.O.】

【Game Over】

“…”

ကြယ်တာရာမြစ်ကြီးသည် ကောင်းကင်မှ ကျဆင်းလာပြီး နောက်ခံက အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့ကာ မူလအခြေအနေဖြစ်သည့် ကမ္ဘာပျက်ကိန်းစက်ရုံအဖြစ် ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိခိုက်သွားသည့် ငွေရောင်စက်ရုပ်ကလေးမှာ အပျက်အစီးများကြားထဲ ပြုတ်ကျသွားပြီး တဖြည်းဖြည်း မီးခိုးရောင်ဖြစ်သွားတော့၏။ ကင်မရာမှန်ဘီလူးက တဖြည်းဖြည်း အဝေးရိုက်ချက်ဖြစ်သွားပြီး ဂျပန်‌တမ်းချင်းသံ ထွက်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသည် လုံးဝဆိတ်သွားခဲ့ပြီး စခရင်ပေါ်တွင် စာတစ်ကြောင်းသာ ချန်ထားခဲ့လေ၏။

ဘာမှမသိတဲ့ကောင်လေး! မင်း ခွန်အားနဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး!

သို့ပေမဲ့ ဘော့စ် အပျင်းပြေကဒ်ကစားရန် အဖော်ပြုပေးနေသည့် ဝန်ထမ်းတစ်ယောက်အနေဖြင့် နတ်ဆိုးဘုရင်သည် ဘယ်တော့မှ အရှုံးကို ဝန်ခံမည်မဟုတ်။ သူပြုတ်ကျတိုင်း တစ်ဖန်ပြန်လည်ထမည်။ နောက် နာရီဝက်အတွင်း အင်ပါယာထိပ်တန်းအရာရှိသည် နတ်ဘုရားအဆင့် စက်ရုပ်အား ကိုင်တွယ်ပုံကိုယ်တွယ်နည်းကို ပြသသွားခဲ့သည်။


Art သည် ပြုတ်ကျလိုက် ပြန်ထလိုက်နှင့် အကြိမ်ပေါင်းမြောက်များစွာ အတွေ့အကြုံရသွားခဲ့ကာ အောင်အောင်မြင်မြင် အဆင့် ၃ ထိတက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူအရေအတွက်သည် ၁၀သန်းပင် ကျော်သွားခဲ့ပြီ။ ထိုည ဆိုရှယ်ပလတ်ဖောင်းတွင် နာမည်ကြီး ရှာဖွေမှု ၂ခုရှိခဲ့၏။

【ဘာမှမသိတဲ့ကောင်လေး! မင်း ခွန်အားနဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး!】နှင့် အခြားတစ်ခုမှာ 【လူချမ်းသာတွေက သူတို့လုပ်ချင်တာ ဘာမဆို တကယ်လုပ်နိုင်တာပဲ】

ပရိတ်သတ်များက တစ်မူထူးခြားသောပျော်ရွှင်မှုနှင့်ကြည့်လိုက်ရ၍ စခရင်တွင် လက်ဆောင်များနှင့် ပြည့်သွားတော့သည်။ နတ်ဆိုးဘုရင် အင်မတန်ပျော်ရွှင်သွားသော်လည်း နာကျင်နေယောင်ဆောင်နေသေးသည်။

ကြီးမားရိုင်းစိုင်းဥာဏ်ကောင်းတဲ့ကလေး ပစ်ပေးတဲ့ ရေနက်အမြောက်အတွက် ကျေးဇူးတင်ရှိပါတယ်”

တိဘက်တန် ပစ်ပေးတဲ့ ရေတိမ်‌ဗုံးတွေအတွက် ကျေးဇူးတင်ရှိပါတယ်”

ဘယ်လိုစက်ဘီးကို လိုချင်လဲ ပစ်ပေးတဲ့ အမြောက်လောင်ချာအတွက် ကျေးဇူးတင်ပါတယ်၊ ပါ့ကျောင်း  ဆုချစနစ်က စိတ်ဆင်းရဲစရာကောင်းလိုက်တာနော်၊ ကိုယ် ဘော့စ်ကြောင့် ဒီလိုသနားစရာအခြေအနေ ဖြစ်နေပြီကို မင်းတို့ကလည်း ဒီလိုကိုယ့်ဆီ ပစ်ပေးကြတယ်..."

[T/N - Facebook stream တွေမှာ  streamerတွေကို ကြယ်တွေပေးတာနဲ့ ဆင်ပါတယ်၊ ဒါကျ ပစ္စည်းအမျိုးမျိုးပေါ့၊ ဆုချခံရတဲ့ ပစ္စည်းတန်ဖိုးများလေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူက ပိုပြီး ပိုက်ဆံရလေပါပဲ]

တစ်ဖက်သတ် သတ်ဖြတ်မှု ပြီးဆုံးသွားပြီးနောက် ကျန်းချန်ဖေးသည် သူ့မျက်နှာချင်းဆိုင်မှ စက်ရုပ်လေးကို စိတ်ဝင်စားမှုမရှိ ကြည့်လိုက်သည်။ သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေရန် သိပ်အားနည်းလွန်းသည်။ ပျင်းဖို့ကောင်းလွန်း၏။

နားကြပ်များကို ချွတ်ပြီးနောက် ကျန်းချန်ဖေး သူ့နူးညံ့ပြီး သိမ်မွေ့သော ဇနီးလေးကို ကြည့်လိုက်သည်။ ရင့်ကျက်ပြီး ယုံကြည်ချက်အပြည့်ပါသော အပြုံးပြုံးပြကာ မေးလိုက်သည်။
"ကိုယ်က အံ့ဩဖို့ကောင်းတယ်မလား"

ကျောင်းချီ အသံထွက် မရယ်ဘဲ မနေနိုင်တော့ပေ။

"အရေးကြီးတာ ခင်ဗျားကြီးသိက္ခာကို ဆယ်နိုင်ခဲ့တာပဲနော်"

ထုတ်လွှင့်တင်ဆက်သူနှင့် အဆက်အသွယ်ပြုနေသည့် ပရိသတ်ကြီးမှာ စကားသံကိုကြားသွားပြီး တင်ဆက်ထုတ်လွှင့်သူအား စကားမပြောစေဖို့ အချက်ပြရန် ချက်ချင်းငြိမ်ကျသွားသည်။

【ပါပါးချန်ဖေးနောက်မှာ တစ်ခြားသူတစ်ယောက် ရှိနေတာလား 】

【ငါလူကြားမမှားဘူးနော်၊ တကယ့်ယောက်ျားလေးအသံ! 】

【သူ့အသံလည်း နားထောင်လို့ကောင်းတယ်နော်၊ သေချာပေါက် လူချောလေးဖြစ်ရမယ် 】

ခေါင်းစဉ်က ရုတ်တရက် ဝေဝါးသောဦးတည်ချက်ဆီ ကျော်ထွက်သွား‌တော့၏။ လူများသည် သူဌေးများ၏ ဘဝနှင့်ပတ်သတ်ပြီး စူးစမ်းလိုစိတ်အပြည့်။ ကျန်းချန်‌ဖေးကဲ့သို့ ငယ်ရွယ်ချမ်းသာသည့်လူများသည် အများအမြင်တွင်  ဘယ်ရောညာပါ ထည်ဝါမှုများ ‌ပွေ့ဖက်ပြီး ခမ်းနားသော ညစာစားပွဲရှိ လူများအလယ်၌ နေ့ရက်များအားဖြတ်သန်းသင့်သည်။

ထို့ကြောင့် မတော်တဆ လွှင့်မိသွားခဲ့သော ထိုရိုးရိုးရှင်းရှင်း စကားဝိုင်းကို နားထောင်ကာ သူတို့၏ စိတ်ကူးစိတ်သန်းများအား ထင်ရာမြင်ရာ လှည့်ပတ်စေတော့သည်။

ဥပဒေသဘောအရ ကျန်းချန်ဖေး၏ နှလုံးသားတစ်ဝက်သည် ကျောင်းအိမ်တော် သခင်‌လေးမှန်း ကောင်းစွာသိကြသည်။ ဒါပေမဲ့ သူတို့နှစ်ယောက် အိမ်ထောင်သက်က ခုနစ်နှစ်ရှိနေပြီ။ ခုနစ်နှစ်ကြာ လက်တွဲလာခဲ့သည့် ဤကဲ့သို့အင်မတန်ချမ်းသာသော လူနှစ်ယောက်သည် ကတောက်ကဆရန်ဖြစ်မှုမရှိခဲ့လျှင်တောင် အတူတူကစားနေကြဆဲဖြစ်သည်ကို သိလိုက်ရတော့ သူတို့အား ဆွံ့အလုနီးပါးဖြစ်စေသည်။ ယခုလေးတင် သူတို့နှစ်ယောက်၏ ချိုမြချွဲကျိပြီး တစ်ခွန်းတည်းသော စကားအပြောအဆိုကိုကြည့်လျှင် တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးကာ ပရောပရီလုပ်တတ်သည့် ငယ်ငယ်ရွယ်ရွယ် စုံတွဲလေးများအတိုင်းဆိုတာ သိသာလှသည်။

【မနေ့က တစ်ယောက်ယောက် ‘လောင်ကော့’ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ကြသေးတယ်မလား 】

‘လောင်ကော့’ သည် 'လျန်ရှန်းဝေ့လန်ကော့' ပရိသတ်များ၏ နာမည်ပြောင်ဖြစ်သလို ကောရှင်းကိုယ်တိုင် တာ့လျန်တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း စာရင်းသွင်းထားသည့် နာမည်ဖြစ်သည်။ တစ်နေ့က သူ ပထမအကြိမ် ထုတ်လွှင့်တင်ဆက်တုန်း လက်ဆောင်များပေးခဲ့ကာ ကြည့်ရှုသူအရေအတွက်လည်း အတော်လေးများခဲ့သည်။ အချို့ပရိသတ်များက သူ့အား ပါ့ကျောင်းမှထွက်လာရခြင်း အကြောင်းရင်းကို မေးတော့ ကော့ရှင်းသည် တိုက်ရိုက်မပြောခဲ့သော်ငြား သူပြောခဲ့သည့်အရာ၏ ဂယက်အနက်သည် “အကြောင်းမလှတဲ့ အိမ်ထောင်ရေးက လူတစ်ယောက်ကို စိတ်အခြေအနေဆိုးရွားစေတယ်" ဟုပင်။ ၎င်းက သူဌေး၏ စိတ်ခံစားမှုပိုင်း ကပ်ဆိုက်ခြင်းသည် သူ့နောက်လိုက်များအား ကြမ်းတမ်းစွာ ဆက်‌ဆံစေသည်ဟု ရိပ်မြွက်သန်းမှန်း ပြောလိုက်ခြင်းပင်ဖြစ်၏။


က

ော့ရှင်း အရင်သူဌေး၏ တရားဝင်ခင်ပွန်းမှာ လူများကို ဒီလို ယုံကြည်ခွင့် မပေးနိုင်ပေ။

【yoooo~ အရှေ့တန်းက အတင်းတွေပဲ!】

【သေစမ်း! ငါ ဂိမ်းပြိုင်ပွဲကြည့်ဖို့လာခဲ့ပေမဲ့ ဒီမကျေနပ်ချက်တွေကို မြင်လိုက်ရပြီ! 】

【ဒါ အရှက်မရှိ‌ဗြောင်ကျလွန်းရာကျတယ်! ဘယ်လိုပဲဖြစ်ဖြစ် ဒါ ပါ့ကျောင်းတိုက်ရိုက်ထုတ်လွှင့်မှုလေ】

လူတိုင်း ထို့နောက် တစ်စုံတစ်ရာလွဲနေမှန်း တုံ့ပြန်မိကြတော့သည်။ ဒါက ဥက္ကဌကျောင်းလူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သည်။ ယနေ့ည တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ့ယောကျာ်း ပါလာတာကို  ကျောင်းအိမ်တော်သခင်လေးက တကယ်ကို မသိဘူးလား။


နတ်ဆိုးဘုရင်က ပိုပိုပြီးရဲတင်းလာသော ပေါက်ကွဲမှုမှတ်ချက်များကို ကြည့်နေမိသည်။ နောက်ဆုံးတော့ သူ မထိန်းနိုင်တော့ဘဲ ခါးသက်သက် မျက်နှာပေးနှင့် ပြောလိုက်တော့သည်။
"ကျွန်တော်ပြောပါတယ် ဘော့စ်ရယ်၊ နှစ်ယောက်လုံးငဲ့ငဲ့ညှာညှာနဲ့ ပြုမူပြီး ဘယ်ချိန်ရပ်ရမလဲ သိသင့်ပါတယ်ဆို၊ အစ်ကိုဖေးက ကျွန်တော့်ကို သူ့နတ်ဘုရားအဆင့် စက်ရုပ်နဲ့ ခုလေးတင် သိပ်သွားတာ၊ အခု ခွေးစာကျွေးပြီး နှိပ်စက်ခံနေရပြန်ပြီ၊ ဒါကြောင့် ကျွန်တော် အလုပ်သမားခုံရုံးကို လျှောက်‌တင်လဲချင်တယ်!"

【ဟော! တကယ် ကြီးမြတ်တဲ့သခင်လေး ဖြစ်နေတာကိုး!】

【ဒူးထောက်ပြီး ပါပါးချန်ဖေးကို ကင်မရာဖွင့်ဖို့ တောင်းပန်ရအောင်! ကျွန်တော်တို့ ဥက္ကဌကျောင်းကို မြင်ဖူးချင်ပါတယ်! 】

【ဥက္ကဌကျောင်းကို မြင်ဖူးချင်ပါတယ် +1】

【ပါပါး ကျွန်တော့်ကိုပြပါ... လက်ဆောင်တစ်သိန်းပေးမယ်လေနော်!】

ကျန်းချန်ဖေး သူ့ချစ်ဇနီးလေး၏ smart brain စခရင်ပေါ်မှ စာများကိုမြင်ပြီး ဇနီးလေးခြေတံများကိုချိတ်ကာ ရင်ခွင်ထဲ ထည့်လိုက်သည်။ သူ သရော်သံထေ့လိုက်လေ၏။
"မင်းတို့အိပ်မက်ထဲမှာပေါ့!"

ထိုသို့ပြောပြီးနောက် စခရင်မှာ မည်းနက်သွားပြီး “အင်ပါယာအရာရှိ” သည် လိုင်းပေါ်မှဆင်းလာခဲ့တော့သည်။


သူ့Omegaလေးကို တခြားသူတွေဆီ ပြရမယ်တဲ့လား၊ ဟာသပဲ!


[Zawgyi]

ေလာကႀကီး ၿငိမ္သက္သြားၿပီး ပတ္ဝန္းက်င္တစ္ခုလုံး တစ္ခဏတာ တိတ္ဆိတ္သြားခဲ့သည္။

နတ္ဆိုးဘုရင္က ဂိမ္းမ်က္ႏွာျပင္တြင္ အျပည့္အစုံတပ္ဆင္ထားေသာ စက္႐ုပ္ႀကီးကို ၾကည့္ေနမိသည္။ သူ႕ပါးစပ္က အခ်ိန္အေတာ္ၾကာသည့္တိုင္ ဟစိစိ။ ပခုံးမ်ားမွာလည္း တုန္ရီရီႏွင့္ မ်က္ဝန္းမ်ားကို လက္တစ္ဖက္ျဖင့္ တိတ္တဆိတ္ကာမိလိုက္သည္။ အစတုန္းက သူ ဂိမ္းထဲ စစဝင္ခ်င္း စက္႐ုပ္သစ္၏ ဆန္းျပားမႈကို ခ်ီးက်ဳးခဲ့သည္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ ဤခမ္းနားသည့္ နတ္ဘုရားအဆင့္ စက္႐ုပ္ႏွင့္အတူတူ တြဲရပ္လိုက္ခ်ိန္ စက္႐ုပ္သစ္ကေလးသည္ ႐ုတ္တရက္ အမွိုက္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။

ပရိတ္သတ္မ်ားသည္ အသိျပန္ဝင္လာၾကၿပီး သူတို႔၏တရစပ္ေဝဖန္မႈမ်ားကို ပြင့္ပြင့္လင္းလင္းစတင္ေတာ့သည္။

【ငါ့ပါပါးခ်န္ေဖးလို႔ တကယ္ေခၚထိုက္တာပဲ! ငါ ဒူးေထာက္မိေနၿပီ!】

【အေဖဆိုတာ အၿမဲတမ္း အေဖျဖစ္ေနမွာ
ပဲ၊ ကမာၻ႔ခ်န္ပီယံက ခုေတာ့ ‘သက္ညွာေပး
ပါ!’ လို႔ ဟစ္ေႂကြးရေတာ့မယ္ 】

【ဒါကို ဘယ္လိုတိုက္ခိုက္မလဲ ဟားဟားဟားဟားဟား! 】

【ငါ့ နတ္ဘုရားArt ကို ငါခ်စ္ပါတယ္၊ ဒါေပမဲ့ မရယ္ဘဲမေနနိုင္ဘူးဟယ္၊ ဟားဟားဟားဟား...】

ရယ္ေမာေနသည့္ ေကာမန႔္မ်ားအလယ္ ေတာက္ပ လင္းလက္ေနေသာ အၾကင္နာမဲ့သည့္ ေၾကျငာခ်က္တစ္ခု ႐ုတ္တရက္ထြက္ေပၚလာခဲ့သည္။
【ကမာၻ႔ခ်န္ပီယံက ဘယ္ေတာ့မွ အရႈံးကိုဝန္ခံမွာမဟုတ္ဘူး! လက္သင္ကေလးလည္း Jediတစ္ေယာက္ကို သတ္နိုင္တာပဲ!】

နတ္ဆိုးဘုရင္က ဒီစကားကို လက္ထိပ္ဖ်ားေနရာမွျမင္လိုက္ရသည္။ ဤအရာက ခ်န္းတုေဟာက္ထံမွ အဆိုအမိန့္ျဖစ္သည္။

ဘယ္ေတာ့မွ အရႈံးကို ဝန္မခံ... လက္သင္ကေလးလည္း Jedi တစ္ေယာက္ကို တိုက္ခိုက္နိုင္ေသးတယ္...။

ဒါက e-sports ပေရာ္ဖက္ရွင္နယ္ကစားသမားတိုင္း၏ ခံယူခ်က္ျဖစ္သည္။ ခိုကိုးရာမဲ့အေျခအေနရပ္တြင္ေတာင္ ဘယ္ေတာ့မွ အရႈံးမေပးရန္။

တျဖည္းျဖည္း သူ႕မ်က္ႏွာကိုကာထားသည့္ လက္ကိုခ်ၿပီး ဝမ္းေမာ့သည္ေတြးေတြးဆဆျဖင့္ ေပၚလြင္ထင္ရွားလွေသာ အားေပးသည့္အဆိုအမိန႔္ကို ၾကည့္ေနမိသည္။ ကမာၻ႔ခ်န္ပီယံမွာ မဆိုစေလာက္ ေခါင္းညိတ္ၿပီး ညင္သာစြာ စကားတစ္ခြန္း ေထြးထုတ္လိုက္သည္။
"သြားလိုက္ပါဦးမယ္!"

ထို႔ေနာက္ထရပ္ကာ ထြက္သြား၏။

ပရိသတ္မ်ားက e-sports ထိုင္ခုံအလြတ္ကို ၾကည့္ၿပီး စခရင္ေပၚတြင္【ဟား ဟား ဟားဟား ဟား ဟား】မ်ားႏွင့္ ျခယ္သေလေတာ့သည္။

ငါးစကၠန႔္ၾကာၿပီးေနာက္ နတ္ဆိုးဘုရင္သည္ လက္တစ္ဖက္တြင္ ကိုလာဘူးကိုကိုင္လ်က္ ျပန္လာ၏။
"မဟုတ္ေသးဘူးေလေကာေရ၊ ကြၽန္ေတာ္တို႔ အက်ိဳးသင့္အေၾကာင္းသင့္ ေဆာင္႐ြက္ရမွာေပါ့၊ ခင္ဗ်ားက နတ္ဘုရားအဆင့္ စက္႐ုပ္ အျပည့္တပ္ဆင္ထားတာေလ၊ ဘယ္လိုလုပ္ ခင္ဗ်ားကို အနိုင္ယူနိုင္ပါ့မလဲ"

က်န္းခ်န္ေဖးက ခပ္႐ႊတ္႐ႊတ္ရယ္ၿပီး ေျပာလိုက္သည္။
"အဲဆိုလည္း မင္းကို ငါအနိုင္က်င့္တယ္လို႔ တျခားသူေတြမေျပာေအာင္ ငါမင္းကို ၃ကြက္အေက်ာေပးမယ္"

ဝမ္ေမာ့ ကိုလာမ်ိဳခ်ရင္း သီးလုနီးပါးျဖစ္သြားသည္။ လက္ဖမိုးကိုသုံးၿပီး သူေဌး၏ဇနီးသည္ေၾကာင့္ ေပက်ံသြားေသာ ေသြးမ်ားကို သန႔္ရွင္းလိုက္သည့္ဟန္ ႏႈတ္ခမ္းေထာင့္ကို သုတ္လိုက္ကာ "ေက်းဇူးတင္ပါတယ္" ဟုသာ ေျပာနိုင္ေတာ့သည္။

【လုပ္လိုက္ပါ၊ နတ္ဆိုးဘုရင္ေရ! ကမာၻ႔ခ်န္ပီယံက ဘယ္ေတာ့မွ အရႈံးကို ဝန္ခံမွာမဟုတ္ဘူးကြ! 】

【ဘယ္ေလာက္ေတာင္ ျပတ္သားတဲ့ စိတ္
ပိုင္းျဖတ္ခ်က္လဲ! ကမာၻ႔ခ်န္ပီယံက ဘယ္ေတာ့မွ အရႈံးကို ဝန္ခံမွာ မဟုတ္ဘူး! 】

"ေကာင္းၿပီ! ကိုယ့္လူတို႔! အခု အားလုံးကို အဆင့္သုညရဲ႕ အစြမ္းေတြကို ျပသသြားမွာျဖစ္ပါတယ္... အင္း၊ အခုေတာ့ အဆင့္သုညေတာ့ မဟုတ္ေတာ့ဘူးေပါ့၊ လူသစ္တာဝန္ေတြက ၿပီးသြားၿပီကိုး၊ ခုေလးတင္ ကိုယ့္အဆင့္က ပထမအဆင့္ထိ ျမင့္တက္သြားၿပီ၊ ဒါေၾကာင့္ ပထမအဆင့္ စက္႐ုပ္က... ပလုတ္... ကိရိယာတန္ဆာပလာအျပည့္တပ္ထားတဲ့ နတ္ဘုရားအဆင့္ စက္႐ုပ္ကို ဘယ္လိုသတ္မလဲဆိုတာ... ၾကည့္တာေပါ့..."

နတ္ဆိုးဘုရင္က အစတုန္းကေတာ့... အေလးအနက္ေျပာျခင္းျဖစ္သည္။ ဒါေပမဲ့ ပရိသတ္ႏွင့္စကားေျပာရင္း တိုက္‌ပြဲအလယ္်သသြားခ်ိန္တြင္ေတာ့ သူပါ မရယ္မိဘဲ မေနနိုင္ေတာ့ေပ။

ေငြေရာင္စက္႐ုပ္မွာ သြက္လက္ေပ်ာ့ေျပာင္းစြာျဖင့္ ေရွ႕ေနာက္ ႏွစ္ႀကိမ္ေလွ်ာက္ၿပီး လူသစ္မစ္ရွင္တြင္ ရရွိခဲ့ေသာ လက္နက္  — သံေခ်ာင္း — ကို ထုတ္ၿပီး ခမ္းခမ္းနားနား လက္တစ္ဖက္ႏွင့္ထုတ္လိုက္ေခ်၏။ က်ယ္ေျပာလွေသာ နဂါးေငြ႕တန္းေနာက္ခံသည္ အထူးျပဳလုပ္ခ်က္မ်ားရွိဟန္တူ၏။ သံေခ်ာင္းကို ေဝွ႕ယမ္းတိုင္း ၾကယ္တာရာမႈန္ေလးမ်ား အေခ်ာင္းပတ္လည္မွ ညင္သာစြာ က်လာသည္။ အင္မတန္ကို လွပေလ၏။ .

ျဖစ္နိုင္ေခ်အရွိဆုံးကေတာ့ krypton ေ႐ႊႏွင့္ ဝယ္၍ရနိုင္သည့္ အကန႔္အသတ္အေရအတြက္ႏွင့္ေနာက္ခံသည္ လူထိန္းခ်ဳပ္ရန္မလိုစေသာ အင္ဂ်င္နီယာစမ္းသပ္နံပါတ္ျဖင့္သာ သုံးခ်၍ရနိုင္ေလာက္သည္။ နတ္ဆိုးဘုရင္ ဤအေတြးျဖင့္လွ်ာသပ္ကာ တိုက္ခိုက္ရန္ သူ႕စက္႐ုပ္ကို ထိန္းခ်ဳပ္လိုက္၏။

ပထမအဆင့္ တိုက္ကြက္ကို “သံတိုင္ တိုက္ခိုက္မႈ” ဟု ေခၚသည္။

တုန္! သံေခ်ာင္းက ေ႐ႊေရာင္ စက္႐ုပ္အကာကို ထိသြားကာ ခပ္အုပ္အုပ္အသံထြက္လာ၏။

System မွ ခ်က္ခ်င္းတုံ႕ျပန္‌ေလသည္။

【အင္ပါယာ အရာရွိ ထိခိုက္မႈ ၁၀ခ်က္ လက္ခံရရွိ】

ေငြေရာင္စက္႐ုပ္မွာ ဇြဲေကာင္းလွသည္။ သူက သံေခ်ာင္းကို ဖယ္ကာ သံလက္သီးႏွစ္ဖက္ကို ယမ္းလိုက္သည္။ ေစာနေလးကတင္ ရွာေတြ႕ထားသည့္  “ေမ်ာလြင့္ ထပ္ဆင့္ လက္ေဝွ႕ထိုးျခင္း” ဟုေခၚေသာ လွည့္ကြက္ကိုသုံးၿပီး ခုန္လိုက္ေလသည္။ တစ္ဖက္သူ၏ အေနအထားအရ သူ ေ႐ႊေရာင္စက္႐ုပ္၏ အားအနည္းဆုံးအပိုင္းကို ႏွစ္ခါတိတိ ထိုးကာ မီးပြားကေလးမ်ား ျမင့္တက္လာေတာ့သည္။

ေ႐ႊေရာင္စက္႐ုပ္မွာ ႏွစ္လွမ္းတိတိ ေနာက္ျပန္ရို႔သြားခဲ့သည္။

System က အခ်က္ေပးသည္။

【အင္ပါယာ အရာရွိ ထိခိုက္မႈ ၁၃ခ်က္ လက္ခံရရွိ】

အဆင့္တစ္ စက္႐ုပ္က ဤသို႔ခမ္းနားလွသည့္ ကစားကြက္ကို ကစားသြားခဲ့သည္။ ၾကည့္ေနသည့္ပရိသတ္မ်ားအားလုံး စိတ္လႈပ္ရွားမႈျဖင့္ ေသြးမ်ားဆူပြက္ၾကကုန္၏။ ဒီအခိုက္တြင္ ျပသမႈက ၿပီးသြားၿပီ။ အခုဆိုလွ်င္ ပိုျပင္းထန္ေသာ ထိခိုက္မႈျဖစ္ေစရန္ လွည့္ကြက္ကိုသုံးနိုင္ေတာ့မည္။ ေငြေရာင္စက္႐ုပ္သစ္ကေလးမွာ ေျခလွမ္းအနည္းငယ္ျပန္ဆုတ္ၿပီး အႏၲိမလက္နက္ျဖင့္ “ေငြေရာင္ အေျမာက္” ကို ေ႐ႊေရာင္သံခ်ပ္ကာဆီ ခ်ိန္လိုက္သည္။

ေငြေရာင္စက္႐ုပ္မွာ အေျမာက္ကို အေပၚေအာက္ လွည့္ၿပီး သူ႕ပခုံးေပၚတင္ကာ ေျပာင္းဝက တျဖည္းျဖည္း အနီေရာင္သမ္းလာသည္။

【ျဖစ္နိုင္တယ္ေနာ္! 】

【ဥကၠဌက်န္းက သေဘာထားႀကီးလြန္းတယ္၊ ဒီသုံးကြက္က သူ႕ကို ျပင္းထန္တဲ့ထိခိုက္မႈေပးဖို႔ လုံေလာက္တယ္ေနာ္! 】

【ဒီဂိမ္းက ပေရာ္ဖက္ရွင္နယ္ၿပိဳင္ပြဲဖြင့္မယ္လို႔ ေျပာၾကတယ္၊ တကယ္ အၿပီးသတ္လို႔ရမယ္ထင္တာပဲ!】

“ဘြန္း!” အေျမာက္က ေ႐ႊေရာင္စက္႐ုပ္၏ အျပင္ဘက္အခြံကို ထိရိုက္ကာ မီးခိုးမ်ားႏွင့္ျပည့္သြားသည့္ ျပင္းထန္ၾကမ္းတမ္းေသာ ေပါက္ကြဲမႈႀကီး ျဖစ္ေစခဲ့သည္။ တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္ရႈေနသည့္ ပြဲၾကည့္ပရိသတ္မ်ားအားလုံးသည္ VR စက္၏ လုပ္ေဆာင္ခ်က္မ်ားထဲမွ တစ္ခုျဖစ္သည့္ Art ၏ရႈေထာင့္မွ ၾကည့္ေနၾကသည္။ ဤအခိုက္အတန႔္တြင္ နတ္ဆိုးဘုရင္သည္ အထီးက်န္ဆန္ ေကာင္းကင္ယံတြင္ ရပ္ေနၿပီး ဖုန္မႈန႔္မ်ားကို မ်က္ႏွာမူကာ တစ္ဖက္သူ၏အေျခအေန အဆုံးအျဖတ္ကို ေစာင့္ေမွ်ာ္ေနခိုက္ အၾကားအာ႐ုံသာ အလုပ္လုပ္ေတာ့သည့္ mechတိုက္ခိုက္ေရးသမားေလးအျဖစ္သို႔ အမွန္တကယ္ ေျပာင္းလဲသြားသည့္အတိုင္းပင္။

Systemက လက္ငင္းအခ်က္ျပသည္။
【အင္ပါယာ အရာရွိ ထိခိုက္မႈ ၃၅ခ်က္ လက္ခံရရွိ】

"မင္းရဲ႕ တိုက္ကြက္ ၃ခုက ၿပီးသြားၿပီ၊ အခု ငါ့အလွည့္ပဲ" ဖုန္မႈန႔္မ်ား ျပန႔္က်ဲသြားကာ ေတာက္ပေနေသာ ေ႐ႊေရာင္စက္႐ုပ္ႀကီး ေပၚလာေလသည္။ အင္ပါယာ အရာရွိသည္ သည္ ရႈပ္ေထြးေသာေမွာ္ဝင္စာမ်ားျဖင့္ ေရးထြင္းထားသည့္ သူ၏ေ႐ႊေရာင္လက္တံကို မလ္ုက္ေလသည္။ ထိန္းခ်ဳပ္စက္က ျပန္ဆြဲသိမ္းခံလိုက္ရၿပီး ေ႐ႊေရာင္သံလိုက္အေျမာက္ျဖင့္ အစားထိုးလိုက္ေလေတာ့သည္။

“ဘြန္း!”

【Art ထိခိုက္မႈ ၁၀၀၀၀ခ်က္ လက္ခံရရွိ】

【K.O.】

【Game Over】

“…”

ၾကယ္တာရာျမစ္ႀကီးသည္ ေကာင္းကင္မွ က်ဆင္းလာၿပီး ေနာက္ခံက အပိုင္းပိုင္းအစစ ၿပိဳကြဲသြားခဲ့ကာ မူလအေျခအေနျဖစ္သည့္ ကမာၻပ်က္ကိန္းစက္႐ုံအျဖစ္ ျပန္လည္ေရာက္ရွိသြားခဲ့သည္။ ထိခိုက္သြားသည့္ ေငြေရာင္စက္႐ုပ္ကေလးမွာ အပ်က္အစီးမ်ားၾကားထဲ ျပဳတ္က်သြားၿပီး တျဖည္းျဖည္း မီးခိုးေရာင္ျဖစ္သြားေတာ့၏။ ကင္မရာမွန္ဘီလူးက တျဖည္းျဖည္း အေဝးရိုက္ခ်က္ျဖစ္သြားၿပီး ဂ်ပန္‌တမ္းခ်င္းသံ ထြက္လာခဲ့သည္။

တိုက္ရိုက္ထုတ္လႊင့္သည့္အခန္းသည္ လုံးဝဆိတ္သြားခဲ့ၿပီး စခရင္ေပၚတြင္ စာတစ္ေၾကာင္းသာ ခ်န္ထားခဲ့ေလ၏။

【ဘာမွမသိတဲ့ေကာင္ေလး! မင္း ခြန္အားနဲ႕ပတ္သတ္ၿပီး ဘာမွမသိပါဘူး!】

သို႔ေပမဲ့ ေဘာ့စ္ အပ်င္းေျပကဒ္ကစားရန္ အေဖာ္ျပဳေပးေနသည့္ ဝန္ထမ္းတစ္ေယာက္အေနျဖင့္ နတ္ဆိုးဘုရင္သည္ ဘယ္ေတာ့မွ အရႈံးကို ဝန္ခံမည္မဟုတ္။ သူျပဳတ္က်တိဳင္း တစ္ဖန္ျပန္လည္ထမည္။ ေနာက္ နာရီဝက္အတြင္း အင္ပါယာထိပ္တန္းအရာရွိသည္ နတ္ဘုရားအဆင့္ စက္႐ုပ္အား ကိုင္တြယ္ပုံကိုယ္တြယ္နည္းကို ျပသသြားခဲ့သည္။

Art သည္ ျပဳတ္က်လိဳက္ ျပန္ထလိုက္ႏွင့္ အႀကိမ္ေပါင္းေျမာက္မ်ားစြာ အေတြ႕အႀကဳံရသြားခဲ့ကာ ေအာင္ေအာင္ျမင္ျမင္ အဆင့္ ၃ ထိတက္သြားခဲ့သည္။

တိုက္ရိုက္ထုတ္လႊင့္မႈ ၾကည့္ရႈသူအေရအတြက္သည္ ၁၀သန္းပင္ ေက်ာ္သြားခဲ့ၿပီ။ ထိုည ဆိုရွယ္ပလတ္ေဖာင္းတြင္ နာမည္ႀကီး ရွာေဖြမႈ ၂ခုရွိခဲ့၏။

【ဘာမွမသိတဲ့ေကာင္ေလး! မင္း ခြန္အားနဲ႕ပတ္သတ္ၿပီး ဘာမွမသိပါဘူး!】ႏွင့္ အျခားတစ္ခုမွာ 【လူခ်မ္းသာေတြက သူတို႔လုပ္ခ်င္တာ ဘာမဆို တကယ္လုပ္နိုင္တာပဲ】

ပရိတ္သတ္မ်ားက တစ္မူထူးျခားေသာေပ်ာ္႐ႊင္မႈႏွင့္ၾကည့္လိုက္ရ၍ စခရင္တြင္ လက္ေဆာင္မ်ားႏွင့္ ျပည့္သြားေတာ့သည္။ နတ္ဆိုးဘုရင္ အင္မတန္ေပ်ာ္႐ႊင္သြားေသာ္လည္း နာက်င္ေနေယာင္ေဆာင္ေနေသးသည္။

ႀကီးမားရိုင္းစိုင္းဥာဏ္ေကာင္းတဲ့ကေလး ပစ္ေပးတဲ့ ေရနက္အေျမာက္အတြက္ ေက်းဇူးတင္ရွိပါတယ္”

တိဘက္တန္ ပစ္ေပးတဲ့ ေရတိမ္‌ဗုံးေတြအတြက္ ေက်းဇူးတင္ရွိပါတယ္”

ဘယ္လိုစက္ဘီးကို လိုခ်င္လဲ ပစ္ေပးတဲ့ အေျမာက္ေလာင္ခ်ာအတြက္ ေက်းဇူးတင္ပါတယ္၊ ပါ့ေက်ာင္း  ဆုခ်စနစ္က စိတ္ဆင္းရဲစရာေကာင္းလိုက္တာေနာ္၊ ကိုယ္ ေဘာ့စ္ေၾကာင့္ ဒီလိုသနားစရာအေျခအေန ျဖစ္ေနၿပီကို မင္းတို႔ကလည္း ဒီလိုကိုယ့္ဆီ ပစ္ေပးၾကတယ္..."

[T/N - Facebook stream ေတြမွာ  streamerေတြကို ၾကယ္ေတြေပးတာနဲ႕ ဆင္ပါတယ္၊ ဒါက် ပစၥည္းအမ်ိဳးမ်ိဳးေပါ့၊ ဆုခ်ခံရတဲ့ ပစၥည္းတန္ဖိုးမ်ားေလ တိုက္ရိုက္ထုတ္လႊင့္တင္ဆက္သူက ပိုၿပီး ပိုက္ဆံရေလပါပဲ]

တစ္ဖက္သတ္ သတ္ျဖတ္မႈ ၿပီးဆုံးသြားၿပီးေနာက္ က်န္းခ်န္ေဖးသည္ သူ႕မ်က္ႏွာခ်င္းဆိုင္မွ စက္႐ုပ္ေလးကို စိတ္ဝင္စားမႈမရွိ ၾကည့္လိုက္သည္။ သူ႕အတြက္ ၿခိမ္းေျခာက္မႈတစ္ရပ္ျဖစ္ေစရန္ သိပ္အားနည္းလြန္းသည္။ ပ်င္းဖို႔ေကာင္းလြန္း၏။

နားၾကပ္မ်ားကို ခြၽတ္ၿပီးေနာက္ က်န္းခ်န္ေဖး သူ႕ႏူးညံ့ၿပီး သိမ္ေမြ႕ေသာ ဇနီးေလးကို ၾကည့္လိုက္သည္။ ရင့္က်က္ၿပီး ယုံၾကည္ခ်က္အျပည့္ပါေသာ အၿပဳံးၿပဳံးျပကာ ေမးလိုက္သည္။
"ကိုယ္က အံ့ဩဖို႔ေကာင္းတယ္မလား"

ေက်ာင္းခ်ီ အသံထြက္ မရယ္ဘဲ မေနနိုင္ေတာ့ေပ။

"အေရးႀကီးတာ ခင္ဗ်ားႀကီးသိကၡာကို ဆယ္နိုင္ခဲ့တာပဲေနာ္"

ထုတ္လႊင့္တင္ဆက္သူႏွင့္ အဆက္အသြယ္ျပဳေနသည့္ ပရိသတ္ႀကီးမွာ စကားသံကိုၾကားသြားၿပီး တင္ဆက္ထုတ္လႊင့္သူအား စကားမေျပာေစဖို႔ အခ်က္ျပရန္ ခ်က္ခ်င္းၿငိမ္က်သြားသည္။

【ပါပါးခ်န္ေဖးေနာက္မွာ တစ္ျခားသူတစ္ေယာက္ ရွိေနတာလား 】

【ငါလူၾကားမမွားဘူးေနာ္၊ တကယ့္ေယာက္်ားေလးအသံ! 】

【သူ႕အသံလည္း နားေထာင္လို႔ေကာင္းတယ္ေနာ္၊ ေသခ်ာေပါက္ လူေခ်ာေလးျဖစ္ရမယ္ 】

ေခါင္းစဥ္က ႐ုတ္တရက္ ေဝဝါးေသာဦးတည္ခ်က္ဆီ ေက်ာ္ထြက္သြား‌ေတာ့၏။ လူမ်ားသည္ သူေဌးမ်ား၏ ဘဝႏွင့္ပတ္သတ္ၿပီး စူးစမ္းလိုစိတ္အျပည့္။ က်န္းခ်န္‌ေဖးကဲ့သို႔ ငယ္႐ြယ္ခ်မ္းသာသည့္လူမ်ားသည္ အမ်ားအျမင္တြင္  ဘယ္ေရာညာပါ ထည္ဝါမႈမ်ား ‌ေပြ႕ဖက္ၿပီး ခမ္းနားေသာ ညစာစားပြဲရွိ လူမ်ားအလယ္၌ ေန႕ရက္မ်ားအားျဖတ္သန္းသင့္သည္။

ထို႔ေၾကာင့္ မေတာ္တဆ လႊင့္မိသြားခဲ့ေသာ ထိုရိုးရိုးရွင္းရွင္း စကားဝိုင္းကို နားေထာင္ကာ သူတို႔၏ စိတ္ကူးစိတ္သန္းမ်ားအား ထင္ရာျမင္ရာ လွည့္ပတ္ေစေတာ့သည္။

ဥပေဒသေဘာအရ က်န္းခ်န္ေဖး၏ ႏွလုံးသားတစ္ဝက္သည္ ေက်ာင္းအိမ္ေတာ္ သခင္‌ေလးမွန္း ေကာင္းစြာသိၾကသည္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ အိမ္ေထာင္သက္က ခုနစ္ႏွစ္ရွိေနၿပီ။ ခုနစ္ႏွစ္ၾကာ လက္တြဲလာခဲ့သည့္ ဤကဲ့သို႔အင္မတန္ခ်မ္းသာေသာ လူႏွစ္ေယာက္သည္ ကေတာက္ကဆရန္ျဖစ္မႈမရွိခဲ့လွ်င္ေတာင္ အတူတူကစားေနၾကဆဲျဖစ္သည္ကို သိလိုက္ရေတာ့ သူတို႔အား ဆြံ႕အလုနီးပါးျဖစ္ေစသည္။ ယခုေလးတင္ သူတို႔ႏွစ္ေယာက္၏ ခ်ိဳျမခြၽဲက်ိၿပီး တစ္ခြန္းတည္းေသာ စကားအေျပာအဆိုကိုၾကည့္လွ်င္ တစ္ေယာက္ႏွင့္တစ္ေယာက္ ခ်စ္ျမတ္နိုးကာ ပေရာပရီလုပ္တတ္သည့္ ငယ္ငယ္႐ြယ္႐ြယ္ စုံတြဲေလးမ်ားအတိုင္းဆိုတာ သိသာလွသည္။

【မေန႕က တစ္ေယာက္ေယာက္ ‘ေလာင္ေကာ့’ရဲ႕ တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္လိုက္ၾကေသးတယ္မလား 】

‘ေလာင္ေကာ့’ သည္ 'လ်န္ရွန္းေဝ့လန္ေကာ့' ပရိသတ္မ်ား၏ နာမည္ေျပာင္ျဖစ္သလို ေကာရွင္းကိုယ္တိုင္ တာ့လ်န္တိုက္ရိုက္ထုတ္လႊင့္မႈတြင္လည္း စာရင္းသြင္းထားသည့္ နာမည္ျဖစ္သည္။ တစ္ေန႕က သူ ပထမအႀကိမ္ ထုတ္လႊင့္တင္ဆက္တုန္း လက္ေဆာင္မ်ားေပးခဲ့ကာ ၾကည့္ရႈသူအေရအတြက္လည္း အေတာ္ေလးမ်ားခဲ့သည္။ အခ်ိဳ႕ပရိသတ္မ်ားက သူ႕အား ပါ့ေက်ာင္းမွထြက္လာရျခင္း အေၾကာင္းရင္းကို ေမးေတာ့ ေကာ့ရွင္းသည္ တိုက္ရိုက္မေျပာခဲ့ေသာ္ျငား သူေျပာခဲ့သည့္အရာ၏ ဂယက္အနက္သည္ “အေၾကာင္းမလွတဲ့ အိမ္ေထာင္ေရးက လူတစ္ေယာက္ကို စိတ္အေျခအေနဆိုး႐ြားေစတယ္" ဟုပင္။ ၎က သူေဌး၏ စိတ္ခံစားမႈပိုင္း ကပ္ဆိုက္ျခင္းသည္ သူ႕ေနာက္လိုက္မ်ားအား ၾကမ္းတမ္းစြာ ဆက္‌ဆံေစသည္ဟု ရိပ္ႁမြက္သန္းမွန္း ေျပာလိုက္ျခင္းပင္ျဖစ္၏။

ေကာ့ရွင္း အရင္သူေဌး၏ တရားဝင္ခင္ပြန္းမွာ လူမ်ားကို ဒီလို ယုံၾကည္ခြင့္ မေပးနိုင္ေပ။

【yoooo~ အေရွ႕တန္းက အတင္းေတြပဲ!】

【ေသစမ္း! ငါ ဂိမ္းၿပိဳင္ပြဲၾကည့္ဖို႔လာခဲ့ေပမဲ့ ဒီမေက်နပ္ခ်က္ေတြကို ျမင္လိုက္ရၿပီ! 】

【ဒါ အရွက္မရွိ‌ေျဗာင္က်လြန္းရာက်တယ္! ဘယ္လိုပဲျဖစ္ျဖစ္ ဒါ ပါ့ေက်ာင္းတိုက္ရိုက္ထုတ္လႊင့္မႈေလ】

လူတိုင္း ထို႔ေနာက္ တစ္စုံတစ္ရာလြဲေနမွန္း တုံ႕ျပန္မိၾကေတာ့သည္။ ဒါက ဥကၠဌေက်ာင္းလူမ်ား၏ တိုက္ရိုက္ထုတ္လႊင့္မႈျဖစ္သည္။ ယေန႕ည တိုက္ရိုက္ထုတ္လႊင့္မႈတြင္ သူ႕ေယာက်ာ္း ပါလာတာကို  ေက်ာင္းအိမ္ေတာ္သခင္ေလးက တကယ္ကို မသိဘူးလား။

နတ္ဆိုးဘုရင္က ပိုပိုၿပီးရဲတင္းလာေသာ ေပါက္ကြဲမႈမွတ္ခ်က္မ်ားကို ၾကည့္ေနမိသည္။ ေနာက္ဆုံးေတာ့ သူ မထိန္းနိုင္ေတာ့ဘဲ ခါးသက္သက္ မ်က္ႏွာေပးႏွင့္ ေျပာလိုက္ေတာ့သည္။
"ကြၽန္ေတာ္ေျပာပါတယ္ ေဘာ့စ္ရယ္၊ ႏွစ္ေယာက္လုံးငဲ့ငဲ့ညွာညွာနဲ႕ ျပဳမူၿပီး ဘယ္ခ်ိန္ရပ္ရမလဲ သိသင့္ပါတယ္ဆို၊ အစ္ကိုေဖးက ကြၽန္ေတာ့္ကို သူ႕နတ္ဘုရားအဆင့္ စက္႐ုပ္နဲ႕ ခုေလးတင္ သိပ္သြားတာ၊ အခု ေခြးစာေကြၽးၿပီး ႏွိပ္စက္ခံေနရျပန္ၿပီ၊ ဒါေၾကာင့္ ကြၽန္ေတာ္ အလုပ္သမားခုံ႐ုံးကို ေလွ်ာက္‌တင္လဲခ်င္တယ္!"

【ေဟာ! တကယ္ ႀကီးျမတ္တဲ့သခင္ေလး ျဖစ္ေနတာကိုး!】

【ဒူးေထာက္ၿပီး ပါပါးခ်န္ေဖးကို ကင္မရာဖြင့္ဖို႔ ေတာင္းပန္ရေအာင္! ကြၽန္ေတာ္တို႔ ဥကၠဌေက်ာင္းကို ျမင္ဖူးခ်င္ပါတယ္! 】

【ဥကၠဌေက်ာင္းကို ျမင္ဖူးခ်င္ပါတယ္ +1】

【ပါပါး ကြၽန္ေတာ့္ကိုျပပါ... လက္ေဆာင္တစ္သိန္းေပးမယ္ေလေနာ္!】

က်န္းခ်န္ေဖး သူ႕ခ်စ္ဇနီးေလး၏ smart brain စခရင္ေပၚမွ စာမ်ားကိုျမင္ၿပီး ဇနီးေလးေျခတံမ်ားကိုခ်ိတ္ကာ ရင္ခြင္ထဲ ထည့္လိုက္သည္။ သူ သေရာ္သံေထ့လိုက္ေလ၏။
"မင္းတို႔အိပ္မက္ထဲမွာေပါ့!"

ထိုသို႔ေျပာၿပီးေနာက္ စခရင္မွာ မည္းနက္သြားၿပီး “အင္ပါယာအရာရွိ” သည္ လိုင္းေပၚမွဆင္းလာခဲ့ေတာ့သည္။

သူ႕Omegaေလးကို တျခားသူေတြဆီ ျပရမယ္တဲ့လား၊ ဟာသပဲ!

Continue Reading

You'll Also Like

1.8M 89.8K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.3M 104K 58
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... Start Date- 6/11/2019
1.2M 86K 55
​ကျေးဇူးပြုပြီး အဆုံးထိစီး​မျော​ပေးပါ လူသားဆန်မှု၊တစ်ဦးအ​​ပေါ်တစ်ဦး ​လေးစားမှု၊နားလည်မှု၊ချစ်ခြင်းတရား​တွေနဲ့ ဝန်းရံထားတဲ့ မိသားစုဘဝကို သ​ဘောကျနှစ်...