ရူးပြီ..ဟန်နီ..ရရေူးပြီ..ဟန်နီ..ရေ
💜💜💜💜💜
Les story part(5)
''နင်ဘာဖြစ်လာတာလဲဟင်..´´
''ဘာလဲ...´´
''ငါမစားချင်ဘူး...´´
''လေပြေကိုအခုလိုစောင့်ရှောက်ပေးတဲ့အတွက်မောင်လေးတို့ကိုကျေးဇူးတင်ပါတယ်နော်...´´
''ဗျာ!´´
''ဟာ...ဦးကလည်းဗျာ...´´
ပိုင်ကြီးကမချိတင်ကဲဆိုမိပြန်သည်...လေပြေသာသိရင်ဘယ်လောက်များဝမ်းနည်းခံစားရမလဲသူတို့နှစ်ယောက်မတွေးရဲ..။
ကိုကိုဆီမှမထင်မှတ်ထားသောစကားကိုကြားလိုက်ရတာကြောင့်သူမကိုကို..ကို့စိတ်တိုသွားသည်...အမှန်ဆိုဒီစကားမျိုးမပြောသင့်...ဒါပေမဲ့ လည်းသူမ.....
တွေးနေစဉ်အိတ်ထဲမှဖုန်းသံကြောင့်သူမထုတ်ကိုင်လိုက်သည်...။
''မေပျိုလား..´´
''ဟုတ်ပါတယ်ရှင့်...´´
''ဟုတ်ကဲ့ကိုမင်းခန့်..´´
''ရှင်!´´
''ဘာဖြစ်လို့လဲသမီး...´´
''ဘုရားဘုရား..´´
''ဆာကူရာမှာတဲ့ဖေဖေ...´´
ဆေးရုံကိုရောက်တော့ကိုကို့ဦးလေးမြင်တာနဲ့သူမအလောတကြီးမေးမိသည်...
''အင်း...ဒဏ်ရာကသိပ်စိုးရိမ်စရာတော့မရှိပါဘူး...ခေါင်းကိုအရှိန်ပြင်းပြင်းဆောင့်မိသွားတဲ့ပုံပဲ....အခုultrasoundရိုက်ကြည့်တော့ကံကောင်းတယ်ပြောရမှာပဲ...အထဲမှာဘာမှမထိခိုက်သွားဘူး´´
''အခုထိတော့သတိမရသေးပေမဲ့စိုးရိမ်စရာတော့မရှိတော့ပါဘူးလေ´´
''မင်းလုပ်တာမို့လား...ကိုကို့ကိုအခုလိုဖြစ်အောင်..မင်းကတော်တော်ကြောက်စရာကောင်းတဲ့မိန်းမပဲ...´´
''ကိုကိုသတိရလာရင်...မင်းထောင်ထဲဝင်ဖို့ပြင်ထားလိုက်....မင်းကိုတို့မုန်းတယ်...ပြီးတော့သိပ်ရွံတယ်...´´
💌💌💌💌💌💌💌💌💌
ဆက်ရန်....
💜💜💜💜💜
Les story part(5)
လေပြေသွေး...နာကျင်ဝမ်းနည်းမှုများနဲ့အိမ်ကိုပြန်လာခဲ့သည်...။သူ့ဖုန်းကိုပိုင်ကြီးနဲ့ထွန်းတောက်ကတောက်လျှောက်ခေါ်နေပေမဲ့သူမက်ိုင်မိ....ဟန်နီ့ရဲ့အေးစက်စိမ်းကားသောအကြည့်တွေကိုသာမြင်ယောင်နေမိသည်....။ဟန်နီရယ် အဲ့ဒိလူကြီးကိုဟန်နီဘာလို့ချစ်ရတာလဲ....။တောက်!သူအံကိုတင်းတင်ကြိတ်လိုက်သည်....တွေ့ကြသေးတာပေါ့...ဒေါက်တာကောင်းမြတ်သူရယ်...။
''လေပြေရာ...နင်ကတော့လေ..ငါတို့မှာစိတ်ပူလို့သေတော့မယ်...ဆေးရုံဘက်ကိုလည်းရောက်ခဲ့သေးတယ်..နင့်ကိုမတွေ့လို့...ဒီမှာလာစောင့်နေတာ..´´
အိမ်ထဲဝင်ဝင်ခြင်းပိုင်ကြီးကဆီးပြောသည်...။သူဆိုဖာပေါ်သို့အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်...။
''နင်ဘာဖြစ်လာတာလဲဟင်..´´
''ငါ...ငါဘာမှမဖြစ်ပါဘူးဟာ..´´
ပိုင်ကြီးနဲ့ထွန်းတောက်ကသူ့မျက်နှာကိုအကဲခတ်ပြီးစိတ်ပူစွာမေးသည်...။
''ငါတို့ဒီည..ကလပ်သွားရအောင်ဟာ..မသွားတာကြာပြီ..´´
''အေးပါ...နင်သွားချင်ရင်သွားတာပေါ့..ဒါပေမဲ့´´
''ဘာလဲ...´´
ဒါပေမဲ့ နဲ့ရပ်သွားသောထွန်းတောက်ကိုသူစိတ်မရှည်စွာကြည့်ရင်းမေးလိုက်သည်၊.၊
''နင်ဘာမှမစားဘူးဆို..မမပြုံးပြောတယ်...အခုတစ်ခုခုတော့စားလိုက်ပါဟာနော်...´´
''ငါမစားချင်ဘူး...´´
''အဲ့လိုမလုပ်ပါနဲ့လေပြေရယ်...လေပြေဘာစိတ်ညစ်စရာရှိလို့လည်းဟင်...မမပြုံးကိုပြော...´´
မမပြုံးမှာမနေနိုင်စွာဝင်ပြောမိသည်။...လေပြေပုံကိုကြည့်ပြီးသူမလည်းဘယ်လိုစိတ်ချမ်းသာနိုင်ပါ့မလဲ....။လေပြေအခုလိုသာဆက်နေမယ်ဆိုရင်...ကျန်းမာရေး ထိခိုက်လာနိုင်သည်...အခုတောင်လေပြေမျက်နှာလေးမှာ...ဖြူ ဖတ်ဖြူ ရော်...။မျက်တွင်းများမှာလည်းချောင်ကျနေပါသည်၊၊ဟိုနှစ်ယောက်ကိုလေပြေမရှိခင်မေးတော့လည်းဝေ့လည်ကြောင်ပက်နှင့်...ဘာမှရေရေရာရာမပြော...။
''လေပြေဘာမှမဖြစ်ပါဘူးမမပြုံးရယ်..´´
သူမမပြုံးကိုပြောပြချင်စိတ်မရှိ....။ပြောပြတော့ကောသူ့အတွက်ဘာလုပ်ပေးနိုင်မှာလည်း....။
''လေပြေနားချင်နေပြီ...မမပြုံး...နင်တို့လည်းပြန်ချင်ပြန်လေ...ညကျမှငါ့ကိုလာခေါ်ပေါ့...´´
ပိုင်ကြီးနဲ့ထွန်းတောက်တယောက်ကိုတယောက်ကြည့်လိုက်ပြီး....
''ငါတို့မပြန်နေတော့ပါဘူး...နင်နားရင်နားလေ...ငါတို့tvကြည့်ရင်းစောင့်မယ်..´´
လေပြေကိုစိတ်မချတာကြောင့်သူတို့နှစ်ယောက်...အိမ်မပြန်ချင်...၊၊သူတို့နှစ်ယောက်ပြန်သွားမှ..လေပြေအပြင်ကိုပြန်ထွက်သွားမှာစိုးသောကြောင့်ဖြစ်သည်ာ..။
''အင်းလေ..နင်တို့သဘောပဲလေ..ငါသွားပြီနော်....´´
ျပြောပြီးအပေါ်ထပ်သို့လေပြေတက်သွားသည်။သုံးယောက်သားလေပြေကျောပြင်ကိုငေးရင်း...သက်ပျင်းကိုယ်စီချမိကြသည်၊.၊
''လေပြေကိုအခုလိုစောင့်ရှောက်ပေးတဲ့အတွက်မောင်လေးတို့က်ိုကျေးဇူးတင်ပါတယ်နော်...´´
''ကျေးဇူးတင်စရာမလိုပါဘူး မမပြုံးရယ်...လေပြေခံစားချက်ကိုကျွန်တော်တို့နားလည်ပါတယ်...´´
''ဟုတ်တယ်..အရင်ကဆိုရင်တောင်..လေပြေတခါတလေရယ်ပြုံးနေတက်သေးတယ်...အခုတော့..´´
ထွန်းတောက်ပြောရင်းရင်ထဲမှာဆို့နစ်လျှက်...။ဟိုဟန်နီဆိုသောမိန်းမက်ိုသူမုန်းမိသည်..။လေပြေအခုလိုဖြစ်တာသူ့ကြောင့်...။
''မမကိုပြောပြပါကွယ်...လေပြေဘာဖြစ်နေတယ်ဆိုတာ...လေပြေအခုလိုဖြစ်နေတော့မမပြုံးစိတ်မကောင်းဘူးကွယ်..မမကိုအမှန်တိုင်းပြောပြပါနော်..´´
သူတို့နှစ်ယောက်မမပြုံးကိုပြောသင့်မပြောသင့်စဉ်းစားနေမိသည်...။အတန်ကြာအောင်စဉ်းစားပြီးမှ...မမပြုံးကိုသူတို့ပြောပြလိုက်သည်...။
သူတို့စကားကိုမမပြုံးကနားထောင်ပြီး..ဘာမှမပြောပဲငြ်ိမ်သက်နေပါသည်...။ကံဆိုးလိုက်တဲ့လေပြေရယ်....။ချစ်မဲ့ချစ်တော့လည်းမဖြစ်နိုင်တာကိုမှချစ်ရလေသလား...။သူမအနေနဲ့ပိုင်ကြီးနဲ့ထွန်းတောက်တယောက်ယောက်နဲ့ဖြစ်သွားစေချင်တာ။ဒါကလည်းလေပြေအပေါ်နားလည်နိုင်တာဆိုလို့သူတို့နှစ်ယောက်ပဲရှိတာကြောင့်ပင်...။
''မမပြုံးရယ်...ကျွန်တော်တို့လည်းလေပြေကိုဘယ်လို..နှစ်သိပ်ကူညီရမလဲမသိဘူးဗျာ..´´
ပိုင်ကြီးကညည်းညူ လိုက်သည်၊၊
''ဒီလိုအချိန်မျိုးမှာသာ...လေပြေဦးအကြောင်းကိုသိသွားရင်...တော့လေပြေခံနိုင်ရည်ရှိပါ့မလားမသိဘူး...´´
''ဗျာ!ဦးကဘာဖြစ်လို့လည်းဟင်..´´
''ဦးကနောက်အိမ်ထောင်ပြုသွားပြီလေ´´
''ဗျာ!´´
မမပြုံးစကားကြောင့်ပိုင်ကြီးနဲ့ထွန်းတောက်မှာ..အံ့သြနေကြသည်၊၊
''ဟုတ်တယ်...ဦးနောက်အိမ်ထောင်ပြုသွားတာကြာပြီ...လေပြေသိရင်စိတ်ဆိုးမှာစိုးလို့ဦးကအသိမပေးခဲ့တာ...´´
''ဟာ...ဦးကလည်းဗျာ...´´
ပ်ိုင်ကြီးကမချိတင်ကဲဆိုမိပြန်သည်...လေပြေသာသိရင်ဘယ်လောက်များဝမ်းနည်းခံစားရမလဲသူတို့နှစ်ယောက်မတွေးရဲ..။
''မေပျိုကို...ကိုကိုလုံးဝစိတ်မချနိုင်တော့ဘူး...အဲ့ဒိကောင်မလေးကိုကြည့်ရတာပုံမှန်မဟုတ်ဘူး..´´
ကိုက်ိုကသူ့မျက်နှာက်ိုတစ်သျူးဖြင့်သုတ်ရင်းပြောတော့သူမတွေဝေနေမိသည်..သူတကယ်ပဲသူမကိုချစ်နေတာလား..။ဟာ..မဖြစ်သင့်တာ...။လေပြေကိုသူမကြောက်မိသည်..။ရုပ်ကလေးကလှသလောက်သူ့အကြည့်တွေကစူးရှပြီးအေးစက်စက်..ပြီးတော့သူ့ရဲ့နီထွေးထွေးနှုက်ခမ်းပါးလေးတွေက...ပြောတဲ့အတိုင်းလုပ်မဲ့ပုံ....။
''မေပျိုကိုကိုပြောတာကြားရဲ့လား..သူ့ကိုလျော့တွက်လို့မရဘူးနော်...ပြီးတော့မေပျိုကိုအရူးအမူးစွဲလန်းနေတဲ့ပုံကြီး..´´
ကိုကိုစကားကိုသူမလက်ခံမိသော်လည်းကိုကိုအရမ်းစိတ်ပူနေမှာစိုးတာကြောင့်
''ကိုကိုရယ်အဲ့လောက်ထိစိတ်မပူပါနဲ့..သူလည်းမိန်းကလေးတယောက်ပဲလေ...မေပျိုကိုဘာအန္တရာယ်မှပေးမှာမဟုတ်ပဲလေ..နော်..´´
ကိုကိုကသူမကိုနားမလည်သလိုကြည့်ပြီး
''မေပျို...ဘာလို့သူ့ကိုလျော့တွက်နေရတာလည်းကွာ..ဘာလည်းမေပျိုကပါသူ့ကိုစိတ်ဝင်စားနေတာလား.´´
ကိုက်ိုဆီမှမထင်မှတ်ထားသောစကားကိုကြားလိုက်ရတာကြောင့်သူမကိုကို..ကို့စိတ်တိုသွားသည်...အမှန်ဆိုဒီစကားမျိုးမပြောသင့်...ဒါပေမဲ့ လည်းသူမ.....
''စိတ်ဝင်စားစရာလားကိုကိုရယ်...စိတ်ဝင်စားရအောင်..သူကယောကျာ်းလေးတယောက်လည်းမဟုတ်ဘူး..´´
သူမစိတ်ပေါက်ပေါက်နဲ့ပြောလိုက်မိသည်..။
ကလပ်တွင်တခြားသူတို့နဲ့ရွယ်တူကောင်လေးကောင်မလေးတွေဒီဂျေစည်းချက်နဲ့အတူကခုန်နေကြသော်လည်း...လေပြေတယောက်ဘီယာက်ိုတခွက်ပြီးတခွက်သောက်နေသည်...လေပြေဘေးမှာတော့ပိုင်ကြီးနဲ့ထွန်းတောက်....။သူတို့နှစ်ယောက်ကနည်းနည်းပါးပါးသာသောက်ပြီးလေပြေကိုသာအကဲခတ်နေကြသည်....။လေပြေတယောက်...နောက်ဆုံးခေါင်းပင်မထောင်နိုင်တော့...။ပါးစပ်ကလည်း..
''ဟန်နီရေ....ဟန်နီ..လေပြေကိုပြန်ချစ်ပါဟန်နီရယ်...အေ့...´´
''ဟိုလူကြီးကိုမချစ်ပါနဲ့ဟန်နီရယ်....´´
''ဟန်နီ...မချစ်ရင်...ဟန်နီကိုမှမရရင်...လေ...ပြေ...ရူးမှာ....´´
ပြောရင်းမျက်ရည်များကျလာပြီးကလေးတယောက်လိုရှိုက်ကြီးတငင်ငိုကြွေးတာကိုကြည့်ပြီးပိုင်ကြီးနဲ့ထွန်းတောက်မှာ..စိတ်မကောင်းနိုင်တော့..လေပြေတခါမှ..ဒီလိုမငိုခဲ့ဖူး...။
''သက်မယ်....အဲ့ဒိလူကြီးကို...လေပြေသက်ပြမယ်...လေပြေကလွဲပြီးဟန်နီကိုဘယ်သူမှ...မချစ်ရဘူး...´´
ပါးစပ်မှဘလုံးဘထွေးနဲ့...ထွက်လာပြန်သည်....။ပြီးတော့အားယူပြီးပိုင်ကြီးနဲ့ထွန်းတောက်ကိုကြည့်ပြီး....
´'ငါ...ဟိုလူကြီးကိုသတ်မယ်..´´
''နင်သက်စရာမလိုပါဘူးဟာ...နင်အစားငါတို့သတ်ပေးမယ်...´´
''ဟုတ်တယ်...နင်ဖြစ်ချင်တာကိုငါတို့ရအောင်လုပ်ပေးမယ်လေပြေ...နင်မငိုနဲ့တော့နော်....´´
''တ....ကယ်....တကယ်ပြောတာလား....ဟိုလူကြီးကိုသတ်ပေး...ပြီးရင်ဟန်နီကိုအပိုင်ရအောင်....လုပ်ပေးကြပါဟာ....´´
ပြောရင်း...ခေါင်းငိုက်ငိုက်စိုက်ကျသွားသည်ာ...လေပြေမူးပြီးအိပ်ပျော်သွားပြီဖြစ်သည်....။ပိုင်ကြီးနဲ့ထွန်းတောက်...တယောက်နဲ့တယောက်....အဓိပ္ပါယ်ပါပါကြည့်လိုက်ကြသည်.....။သူတို့နှစ်ယောက်လေပြေဆန္ဒကိုဖြစ်အောင်လုပ်ပေးရမည်...။မူးပြီးအိပ်နေတဲ့လေပြေကိုသူတို့နှစ်ယောက်အိမ်ကိုပြန်ပို့လိုက်သည်....။ပြီးတော့သူတို့..နှစ်ယောက်တိုင်ပင်ထားသည့်အတိုင်အကောင်ထည်ဖော်ရန်လေပြေအ်ိမ်မှပြန်ခဲ့ကြသည်...၊၊
ဟန်နီမေပျို...ဆေးရုံမသွားခင်ဖေဖေမေမေတို့နဲ့နံနက်စာစားနေကြသည်...။ဖေဖေနဲ့မေမေကတော့ရောက်တက်ရောက်ရာစကားများပြောရင်း...ရယ်မောနေကြသည်...။သူမမှာသာ...လေပြေသူဒီနေ့လည်းဘာပြသနာရှာအုံးမလဲမသိ....။
လေပြေရယ်...မင်းကတို့အတွက်တကယ့်ကိုမုန်တိုင်းတစ်ခုပဲကွယ်....။
တွေးနေစဉ်အိတ်ထဲမှဖုန်းသံကြောင့့်သူမထုတ်ကိုင်လိုက်သည်...။
''မေပျိုလား..´´
''ဟုတ်ပါတယ်ရှင့်...´´
''ကိုယ်...ကောင်းမြတ်သူရဲ့သူငယ်ချင်..မင်းခန့်ပါ....´´
''ဟုတ်ကဲ့ကိုမင်းခန့်..´´
''ကောင်းမြတ်သူကားaccidentဖြစ်လို့ဒီမနက်...´´
''ရှင်!´´
''ဟုတ်တယ်အဲ့ဒါအခုဆာကူရာဆေးရုံမှာသူ့ဦးလေးကတင်ထားတာ...ဒဏ်ရာသိပ်ပြင်းပြင်းထန်ထန်မရပေမဲ့အခုထိတော့သတိမရသေးဘူး..´´
သူမဘယ်လိုမှမယုံနိုင်...။တကယ်ကိုအံ့သြမိနေသည်...။ကားမောင်းရင်အမြဲသတိရှိသော...ကိုကို....အခုဘယ်လိုဖြစ်တာပါလိမ့်....။ဖေဖေက...
''ဘာဖြစ်လို့လဲသမီး...´´
''ဟို...ဟို...ကိုကို..ကားaccidentဖြစ်လို့တဲ့...´´
''ဘုရားဘုရား..´´
မေမေကရင်ကိုဖိကာဘုရားတလိုက်သည်....
''ဒါဆို...ဖေဖေတို့လိုက်သွားရမှာပေါ့...အခုဘယ်ဆေးရုံမှာလဲ....´´
''ဆာကူရာမှာတဲ့ဖေဖေ...´´
''ဟေ...ဟုတ်လား...ဒါဆိုသွားရအောင်...´´
သူမတို့ကိုကိုဆီသို့ထွက်လာခဲ့ကြသည်....ကိုကိုဘာမှမဖြစ်ပါစေနဲ့...သူမဆုတောင်းနေမိသည်.....။ကိုကို...အခုလိုဖြစ်တာသွေးရိုးသားရိုးမှဟုတ်ရဲ့လား...။မနေ့ကလေပြေမျက်နှာက်ိုသူမမြင်ရောင်လာသည်...။မဟုတ်မှ...လွဲရောလေပြေ..သူကိုကို..အခုလိုဖြစ်အောင်လုပ်လိုက်တာလား....။တောက်..!အောက်တန်းကျလိုက်တာ...လေပြေရယ်...ကိုကိုတစ်ခုခုဖြစ်သွားရင်မင်းကိုတို့တသက်လုံးခွင့်မလွှတ်နိုင်ဘူး...။
ဆေးရုံကိုရောက်တော့ကိုကိ့ုဦးလေးမြင်တာနဲ့သူမအလောတကြီးမေးမိသည်...
''ကိုကို...အခြေနေ ..ဘယ်လိုရှိလည်းဟင်...´´
''အင်း...ဒဏ်ရာကသိပ်စိုးရိမ်စရာတော့မရှိပါဘူး...ခေါင်းကိုအရှိန်ပြင်းပြင်းဆောင့့်မိသွားတဲ့ပုံပဲ....အခုultrasoundရိုက်ကြည့်တော့ကံကောင်းတယ်ပြောရမှာပဲ...အထဲမှာဘာမှမထိခိုက်သွားဘူး´´
သူမရင်ထဲအနည်းငယ်စိတ်သက်သာရာရသွားသည်....။
''အခုထိတော့သတိမရသေးပေမဲ့စိုးရ်ိမ်စရာတော့မရှိတော့ပါဘူးလေ´´
''ဘယ်လိုဖြစ်တာလည်းဗျာ..မောင်ကောင်းမြတ်...က...သေကောင်းမပျောက်ကောင်း..´´
ဖေဖေကဝင်ပြောတော့...ကိုကို့ဦးလေးက
''accident ဖြစ်တဲ့နေရာမှာ...တွေ့တဲ့သူတွေကတော့...ကားကလမ်းကွေ့မှာအရှိန်လျော့တာ..လျော့လို့မရပဲအုတ်တံတိုင်းကိုဝင်တိုက်ပြစ်တာတဲ့...ကားဘရိတ်...ပေါက်သွားတဲ့ပုံပဲ...ကံကောင်းလို့ပေါ့..´´
သေချာပါပြီ...လေပြေကြောင့်ပဲနေမှာ...လေပြေရယ်....မင်းအချစ်ကဘာလည်း....မင်းအချစ်ကသိပ်ကြောက်စရာကောင်းတာပဲ.....။မင်းကိုဆက်ပြီးသည်းမခံနိုင်တော့ဘူးလေပြေ...။မင်းကတစ္ဆေတစ်ကောင်ပဲ...ပြီးတော့မင်းက..တို့ကိုအငြိုးကြီးစွာတိုက်ခတ်နေတဲ့...မုန်တိုင်းပဲလေပြေ....။
လေပြေတယောက်အိမ်မှာငြိမ်နေမိသည်။ညကသောက်တာများပြီးခေါင်းတွေမူးနောက်နေသည်..မမပြုံးကတော့သူ့အခန်းထဲသို့သံပုရာရည်တစ်ခွက်ကိုပို့ပေးထားသည်...ဟိုနှစ်ကောင်လည်းဒီနေ့သူ့အိမ်ကိုပေါ်မလာကြ...။သူလည်းဘယ်မှ...သွားချင်စိတ်မရှိ...ဟန်နီရဲ့အကြည့်တွေကိုရင်မဆိုင်နိုင်၊၊လွမ်းတယ်..ဟန်နီရယ်...။
ဟန်နီနဲ့ပက်သက်ပြီးလွမ်းတာတောင်လေပြေနှလုံးသားတွေကြမ်းရှရှ...တဖြည်းဖြည်းနဲ့အဲ့အလွမ်းတွေကလေပြေ...နှလုံးသားကို..တိုက်စားနေပြီ...ဟန်နီရယ်..။ကြာရင်လေပြေနှလုံးလေးတစစီကြေမွတော့မယ်...။မျက်ရည်တွေကျရင်း...သူအိပ်ပျော်သွားသည်၊၊
သူအိပ်ယာကနိုးတော့ညနေ၃နာရီပင်ထိုးနေပြီ....လူကမူးနောက်နေသည်၊.အစားသောက်မမှန်တာကြာပြီမို့...သွေးပေါင်တွေကျပြီးလူကဖြူ.ရော်ရော်....။ဖုန်းကိုကောက်ဖွင့်လိုက်တော့...messageတစောင်......
@ .....လေပြေ...မင်းနဲ့တို့စာရင်းရှင်းစရာရှိတယ်..အခုကန်တော်ကြီးထဲကိုလာခဲ့ပါ....@
သူစာကိုဖတ်ပြီးပြီးချင်းအဝတ်စားပင်မလဲတော့ပဲ...ချက်ခြင်းကန်တော်ကြီးသို့ထွက်ခဲ့သည်...။ဘာပဲဖြစ်ဖြစ်ဟန်နီ့မျက်နှာလေးကိုမြင်ရမှာမို့ပျော်မိသည်..ာ.ဟန်နီသူ့ကိုဘယ်လိုပြောပြော....။
ကန်တော်ကြီးရောက်တော့...ကားကိုမှီပြီးရပ်နေတဲ့ဟန်နီမျက်နှာလေးကိုမြင်လိုက်ရတော့...သူ့ရင်ထဲမှာအရမ်းကိုကြည်နူးနေမိသည်.....။ဟန်နီကတော့သူ့ကို....ကိုမုန်းတီးတဲ့အကြည့်တွေနဲ့...ကြည့်လျှက်...။သူဟန်နီ့နားသို့လျှောက်လာခဲ့သည်...။
''မင်းတော်တော်...အောက်တန်းကျတယ်နော်..´´
ဟန်နီ့စကားကိုသူနားမလည်....
''မင်းလုပ်တာမို့လား...ကိုကို့ကိုအခုလိုဖြစ်အောင်..မင်းကတော်တော်ကြောက်စရာကောင်းတဲ့မ်ိန်းမပဲ...´´
''ဟန်နီရယ်..ဘာတွေပြောနေတာလည်းဟင်...´´
''တောက်!မင်းကတော်တော်အံ့သြဖို့ကောင်းတယ်နော်...မင်းသတ္တိမရှိဘူးလား...မင်းကရုပ်ကလေးနဲ့မလိုက်အောင်ကြောက်စရာကောင်းတယ်...´°
ဟန်နီရဲ့စကားများကသူ့ရင်ကို..အရမ်းနာကျင်စေပါသည်...။ပြီးတော့ဟန်နီဘာတွေပြောနေတာလည်းသူနားမလည်...။
''ကိုကိုသတိရလာရင်...မင်းထောင်ထဲဝင်ဖို့ပြင်ထားလိုက်....မင်းက်ိုတို့မုန်းတယ်...ပြီးတော့သိပ်ရွံတယ်...´´
လေပြေတယောက်ဟန်နီရဲ့ရှေ့မှာပင်အငွေ့ပျံကွယိပျောက်ချင်သွားမိသည်၊၊ဟန်နီရယ်ဒိထက်...ရင့်သီးတဲ့စကားလုံးတွေရှိရင်ထပ်ပြောပါအုံးလား....။သူမျက်ရည်များပင်ကျလာသည်၊၊ဟန်နီကသူ့ကိုလှောင်သလိုလိုပြုံးရင်း...
''မင်း...လုပ်ချင်တာလုပ်ပြီးမှ...မျက်ရည်ခံထိုးနေတာလား...ဆောရီးငါကမသနားတက်ဘူး..´´
အာ....ဟန်နီရယ်....လေပြေကိုအသေသက်လိုက်ပါတော့လား.....။ဟန်နီစကားတွေကိုလေပြေ...မကြားနိုင်တော့ဘူး.....။သူအသက်ပင်မရူနိုင်တော့...ရင်ထဲမှာ...ဆို့နစ်...နေပါသည်...။
''ကိုကိုတခုခုဖြစ်ရင်...မင်းမလွယ်ဘူး´´
ဟန်နီပြောပြီးကားကိုမောင်းထွက်သွားသည်....။လေပြေတယောက်...လမ်းမပေါ်တွင်ဒူးထောက်ထိုင်ချပြီး...ငိုကြွေးလျှက်....။ဟန်နီမုန်းတဲ့ဘဝမှာ...သူမနေချင်တော့....။ဟန်နီရယ်.....အဲ့လောက်တောင်လေပြေကိုမုန်းတာလား....။သူကားပေါ်သို့တက်လိုက်ပြီးအ်ိမ်ကိုပြန်လာခဲ့သည်.။
အိမ်ရောက်တော့အခန်းထဲပြေးဝင်ပြီးတံခါးကိုလောခ့်ချလိုက်သည်....ပြီးတော့သူစားပွဲပေါ်တွင်တင်ထားသောဓားကိုယူပြီး...သူ့လက်ကောက်ဝတ်ကိုလှီးချပစ်လိုက်သည်....။ဟန်နီရယ်....လေပြေအသက်မရှင်ချင်တော့ဘူး...သူ့လက်ကောက်ဝတ်တွင်သွေးများ..ယိုးစီးလျှက်....ခဏကြာတော့သူ့မျက်လုံးများပြာဝေလာပြီး...သူအမှောင်ထုထဲသို့...ကျရောက်သွားသည်....။
💌💌💌💌💌💌💌💌💌
ဆက်ရန်....
Mms
#ဟန်နီ့ကိုမမုန်းကြနဲ့အုံးနော်😁😁