Stars,Moon and Our Promises[C...

By AlinkarchoTayy

57.1K 3.2K 149

တစ်သက်တာလုံး မောင့်လက်မောင်းပေါ်ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ချစ်ခြင... More

Intro
Part-1(Unicode)
Part-2(Unicode)
Part-2(Zawgyi)
Part-3(Unicode)
Part-3(Zawgyi)
Part-1(Zawgyi)
Part-4(Unicide)
Part-4(Zawgyi)
Part-5(Unicode)
Part-5(Zawgyi)
Part-6(Unicode)
Part-6(Zawgyi)
Part-7(Unicode)
Part-7(Zawgyi)
Part-8(Unicode)
Part-8(Zawgyi)
Part-9(Unicode)
Part-9(Zawgyi)
Part-10(Unicode)
Part-10(Zawgyi)
Part-11(Unicode)
Part-11(Zawgyi)
Part-12(Unicode)
Part-12(Zawgyi)
Part-13(Unicode)
Part-13(Zawgyi)
Part-14(Unicode)
Part-14(Zawgyi)
Part-15(Unicode)
Part-15(Zawgyi)
Part-16(Unicode)
Part-16(Zawgyi)
Part-17(Unicode)
Part-17(Zawgyi)
Part-18(Unicode)
Part-18(Zawgyi)
Part-19(Unicode)
Final (Unicode)
Final(Zawgyi)
ကျေးဇူးတင်လွှာ

Part-19(Zawgyi)

597 16 0
By AlinkarchoTayy


ခန်းမရဲ့လျှောက်လမ်းမှာ အဝါရောင်canolaပန်းကြွေတွေဟာ တောက်ပစွာဘဲပြန့်ကျဲနေလေသည်။ လေတစ်ချက်ဝေ့လိုက်လေတိုင်း ခပ်သင်းသင်းပန်းရနံ့တွေက နှာသီးဖျားဝမှာ လာရောက်ကျီစယ်တတ်သည်။ ခပ်ကွေးကွေးပြုံးနေတဲ့နှုတ်ခမ်းပါးမှာ တစ်စုံတစ်ဦးအတွက် မကုန်ခမ်းနိုင်သောချစ်ခြင်းမေတ္တာတွေကို ဆွဲသီထားသည်။ အဖြူရောင်suitနဲ့ခန့်ညားနေတဲ့လူငယ်တစ်ဦးမှာ သိပ်ချစ်ရတဲ့အမျိုးသားငယ်လည်းရှိလေသည်။

ခန်းမတစ်ဖက်တစ်ချက်ဆီမှာ အဖြူရောင်နှင်းဆီတွေရှိပြီး အဓိပ္ပါယ်က ဖြူစင်စွာချစ်မြတ်နိုးခြင်းပင်ဖြစ်လေသည်။ တငြိမ့်ငြိမ့်ပေါ်ထွက်လာတဲ့ စန္ဒယားသံက နားစည်အတွင်းသို့ချိုမြိန်စွာဘဲဝင်ရောက်လာသည်။
ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ကလည်း ခန်းမအတွင်းရှိနေရာအသီးသီးမှာ နေရာယူကြလေပြီ။ မဂ်လာအချိန်ကျရောက်ပါတော့မည်။

"မောင်..."

နောက်ပါဆီကခေါ်သံလွင်လွင်လေးကြောင့် နဂိုပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းတွေက သိသိသာသာပင်ကွေးတက်သွားလေသည်။
ရယ်မြူးရိပ်သမ်းနေသည့်မျက်ဝန်းလှလှလေးနှင့် ပြုံးရောင်သမ်းနေသည့်နှုတ်ခမ်းပါးလေး။ သူ့လိုပင် အဖြူရောင်suitနဲ့အကြင်သူက ခံ့ညားတည်ကြည်နေပြန်သည်။ သို့တိုင်အောင် သူ့အတွက်တော့ဒီလူက ယုန်သူငယ်လေး။

"ဗျာ့...ဘာပြောစရာရှိလို့လဲ မောင့်အသည်းဦးပန်း"

"ဘာမှမဟုတ်ပါဘူး မောင်ရဲ့
မဂ်လာအချိန်ကျနေပြီလေ
ဟိုးမှာလူတွေတောင်စုံပြီ"

လက်ညှိုးညွှန်ကာပြောပြလာသည့်အသည်းဦးပန်းကို ကြည်နူးမှုအပြည့်ဖြင့်ကြည့်လိုက်သည်။ ဝမ်ရိပေါ်ဆိုတာ သည်လူ့လက်ညှိုးညွှန်ရာခစားမည့်ကောင်ပင်ဖြစ်လေသည်။ များမကြာမီအချိန်အတွင်းမှာ သည်အဖြူရောင်နှင်းလုံးလေးဟာ သူ့အပိုင်ဖြစ်လာတော့မည်။

"အွန်းပါ ဒါဆိုမောင်တို့သွားကြတော့မလား"

"အွန်း သွားမယ်"

သူ လက်ကမ်းပေးတော့ မတုံ့ဆိုင်းပါဘဲ ပြန်လည်ကမ်းလင့်လာသည့်လက်ဖဝါးဖြူလေးကို မတင်းမကျပ်ခပ်ဖွဖွဘဲဆုတ်ကိုင်လိုက်သည်။ သည်လက်ကလေးနှင့်သာဆိုရင် သံသရာကိုကြိမ်ဖန်များစွာဘဲကူးရကူးရ။

ပြုံးစစနှုတ်ခမ်းတွေနဲ့အဖြူရောင်လူသားနှစ်ဦးက ခြေလှမ်းတွေခပ်စိပ်စိပ်လှမ်းကာ ခန်းမလျှောက်လမ်းကနေ လှမ်းဝင်လာခဲ့သည်။ သူတို့ရဲ့ခြေလှမ်းတွေအောက်မှာ အဝါရောင်canolaတို့က ကျေနပ်စွာဘဲခစားလေသည်။ နှင်းဆီဖြူတို့က ကောင်းချီပေးသလို ညှင်းသွဲ့သွဲ့စန္ဒယားသံကလည်း သာယာနာပျော်ဖွယ်ဂုဏ်ပြုလေသည်။ ခပ်ဖွဲဖွဲကျရောက်နေတဲ့လူကြီးမင်းအပေါင်းတို့၏ လက်ခုပ်သံတွေကိုကျော်လွန်ရင်း တစ်ယောက်လက်တစ်ယောက်ကိုင်ကာ မဂ်လာစင်မြင့်သို့တက်ရောက်လာခဲ့သည်။ 

စင်မြင့်ပေါ်၌ မဂ်လာအစီအစဉ်တင်ဆက်သည့်အမျိုးသမီးက ဖိတ်စာရွက်လေးကိုကိုင်ရင်း ကြွရောက်လာသည့်လူကြီးမင်းအပေါင်းကို နူးညံ့ညင်သာသည့်အသံဖြင့်ဖတ်ပြနေလေသည်။ အမျိုးသမီး၏အသံအဆုံးမှာ လက်ခုပ်သံတွေက ထပ်မံကျရောက်လာပြန်သည်။ စိတ်လှုပ်ရှားနေဟန်ရှိနေပြီး ချွေးစို့နေတဲ့မျက်နှာလေးကို လက်ဖြင့်ခပ်ဖွဖွဖိသုတ်ပေးရင်း တုန်ယင်နေတဲ့လက်ဖဝါးလေးကိုခပ်တင်းတင်းဆုတ်ကိုင်လိုက်သည်။ မျက်ဝန်းဝိုင်းတွေနဲ့ကြည့်လာတဲ့ယုန်သူငယ်လေးကို စိတ်အရမ်းမလှုပ်ရှားဖို့ ပြုံးပြကာခေါင်းညိမ့်ပြရင်း အားပေးတော့ အကြင်သူက နူးနူးညံ့ညံ့ဘဲပြုံးပြလာပြန်သည်။

"အားလုံးရဲ့ကိုယ်စား မေးခွန်းလေးတွေမေးမှာမို့ မဂ်လာသတို့သားနှစ်ယောက်အနေနဲ့ ရှေ့ကို ခဏထွက်လာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်"

အစီအစဉ်ကြေညာတဲ့အမျိုးသမီးရဲ့စကားအဆုံးမှာ သူထရပ်လိုက်သည်။ အက်ျီကိုပုံကျအောင်ဆွဲလိုက်ရင်း ထိုင်ရာကနေထမလာတဲ့အကြင်သူကိုလက်ကမ်းပေးတော့ ရှည်သွယ်သွယ်လက်ချောင်းလေးတွေက အားကိုးတကြီးလာရောက်ဆုတ်ကိုင်လေသည်။ ချစ်ရသူလက်ကိုဆွဲကာ စင်ရှေ့ကိုထွက်လာလိုက်သည်။ စင်မြင့်၏အနီးကစားပွဲဝိုင်းမှာတော့ မွေးစားဖခင်ဆေးရုံအုပ်နဲ့အတူ အသည်းဦးပန်း၏မိဘများကို ပြုံးရွှင်စွာတွေ့ရသည်။

"မေးခွန်းနံပါတ်တစ်အနေနဲ့ကတော့ ဒီကဝမ်ရိပေါ်အနေနဲ့ ဒေါက်တာရှောင်းကျန့်ကို ဘယ်အချိန်မှာစပြီး မေတ္တာသက်ဝင်ခဲ့သလဲဆိုတာ သိချင်ပါတယ်ရှင့်"

ရှေ့ကိုကမ်းပေးလာတဲ့မိုက်ခရိုဖုန်းကိုယူရင်း အဖြူရောင်နှင်းပွင့်လုံးကို ပြုံး၍ကြည့်လိုက်သည်။ တင်းကျပ်စွာဆုတ်ကိုင်ထားတဲ့လက်ချောင်းတွေက သည်လူသားအပေါ်မှာ ဝမ်ရိပေါ်ဘယ်လောက်မြတ်နိုးကြောင်းပြယုဂ်ဖြစ်လေသည်။ ချွေးစို့နေပြန်တဲ့မျက်နှာတော်နုနုကိုကြည့်ရင်း ဝမ်ရိပေါ် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဆိုလိုက်သည်။

"အဲ့တာကိုဖြေရရင် နည်းနည်းတော့ခက်လိမ့်မယ်ဗျ
ဘယ်အချိန်ကစပြီး ချစ်ခဲ့တယ်ဆိုတာကို မသိရလောက်အောင်ကို ရှောင်းကျန့်ဆိုတဲ့လူတစ်ယောက်အပေါ်မှာ ကျနော်က အလုံးစုံပျော်ဝင်ခဲ့တယ်
တကယ်တော့ ကျနော်က ရှောင်းကျန့်ကိုချစ်ဖို့မွေးဖွားလာတာပါ"

ဧည့်သည်တွေရဲ့ပြုံးစစမျက်နှာနဲ့လက်ခုပ်သံတွေကြောင့် အရှက်သည်းနေပုံရသည့်ယုန်သူငယ်က ခပ်ဖွဖွရယ်သည်။ နူးညံ့စွာစီးမျောပစ်ဖို့လုံလောက်သည့် မောင့်နှင်းလုံးလေး။

"အဖြေလေးက ကြည်နူးဖို့ကောင်းလိုက်တာနော်
ဒုတိယမေးခွန်းကတော့ ဒေါက်တာရှောင်းကျန့်ကိုမေးမှာဖြစ်ပါတယ်
ဝမ်ရိပေါ်နဲ့သာမတွေ့ဖြစ်ခဲ့ရင် ဒေါက်တာရှောင်းကျန့်အနေနဲ့ လက်ထပ်ဖြစ်ဦးမလားဟင်"

မိုက်ကလေးကိုကိုင်ရင်း အဖြူရောင်အရိပ်လေးက ပြုံးနေတော့ သူပါလိုက်ပြုံးမိသည်။

"မတွေ့ဖြစ်ခဲ့ရင်ဆိုတာ မရှိနိုင်ပါဘူး
ဘာလို့လဲမေးလာရင် ဘုရားသခင်က ဝမ်ရိပေါ်ကို ကျနော်အတွက်ဖန်ဆင်းပေးထားတာဘဲဟာ"

တုန်ယင်နေတဲ့အသံလေးရဲ့အဆုံးမှာ မျက်ဝန်းတွေဝိုင်းသွားရတာက ဝမ်ရိပေါ်ဆိုသည့် သူကိုယ်တိုင်ပါဘဲ။ စကားတတ်လိုက်သည့် သည်ယုန်သူငယ်ကတော့ အသည်းကြွေအောင်ပြုစားနေတာများလား။

"အားကျလိုက်တာ
မေးခွန်းငါးခုပြီးအောင်ဘယ်လိုမေးရပါ့"

အစီအစဉ်ကြေညာတဲ့အမျိုးသမီး၏စကားအဆုံးမှာရယ်သံတွေက ခန်းမတစ်ခုလုံးဖုံးလွှမ်းသွားပြန်သည်။ လူကြီးတွေကလည်း ရယ်လို့မောလို့ သူတို့နှစ်ယောက်ကလည်း မြတ်နိုးခြင်းပုံရိပ်တွေနှင့်ပြုံးလို့...။

"ကဲ...တတိယမေးခွန်းပါရှင်
များသောအားဖြင့် လက်ထပ်ပွဲတွေမှာ နှင်းဆီတွေကို သုံးလေ့ရှိပါတယ်
ဒီပွဲလေးမှာတော့ နှင်းဆီတွေကို သုံးမထားပါဘူး
ခန်းမအဝင်လမ်းမှာ Canolaတွေသုံးရတဲ့အကြောင်းအရင်းလေးများ သိပါရစေလားရှင်"

မိုက်ခရိုဖုန်းလေးကို ခပ်တင်းတင်းကိုင်လိုက်ရင်း ဝမ်ရိပေါ်ပြုံးလိုက်သည်။ ခန်းမထဲကလူတွေကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ရင်း စကားပြောဖို့အားယူလိုက်သည်။

"Canolaတွေရဲ့အဓိပ္ပါယ်က ကောင်းကင်ဘုံလို့ တချို့ကဖွင့်ဆိုကြသလို အိပ်မက်လို့လည်းပြောကြပါတယ်
ကျနော့်အတွက်ရှောင်းကျန့်ဟာ canolaပန်းနဲ့တူပါတယ်"

"......"

"ညတိုင်းအိပ်မက်လှလှတွေအတူမက်ဖို့ ကောင်းကင်ဘုံလေးကိုအပိုင်ပေးတဲ့အတွက်
မောင့်အသည်းဦးပန်းကို မောင်က ကျေးဇူးတင်ပါတယ်"

သူ့စကားအဆုံးမှာ မျက်ရည်တွေစီးကျလာတဲ့ အကြင်သူက ညံ့သက်စွာဘဲ ခေါင်းညိမ့်လေသည်။ တကယ်ဘဲ ရှောင်းကျန့်ဟာ သူ့ရဲ့ ကောင်းကင်ဘုံလေးသို့မဟုတ် ညတိုင်းမက်ချင်သည့် အိပ်မက်ရှည်လှလှလေး။

"တကယ်လည်း ကြည်နူးဖို့ကောင်းလိုက်တာ
လေးခုမြောက်မေးခွန်းကတော့ ဒေါက်တာရှောင်းကျန့်အတွက်ပါရှင်
ဝမ်ရိပေါ်ကို ဘာများပြောချင်ပါသလဲ ဒေါက်တာရှောင်းကျန့်"

မျက်ရည်တွေကိုသုတ်ရင်း အသည်းဦးပန်းက တဖန်ပြန်ပေးလာသော မိုက်ခရိုဖုန်းကိုယူလိုက်သည်။ သိသာထင်ရှားနေတဲ့အပြုံးလှလှက သည်လူသားလေး ပျော်ရွှင်နေကြောင်းကိုဖော်ပြတာမို့ ဝမ်ရိပေါ်စိတ်အေးရသည်။ ဘာများပြောလာမလဲလို့ စောင့်စားနေတဲ့ရင်အစုံက တစ်ဒိတ်ဒိတ်။

"ငါ မင်းကို ပြောစရာရှိတယ် မောင်"

ဖြည်းညှင်းစွာခေါင်းညိမ့်ပြမိတော့ ချစ်ရသူက ပြုံးသည်။

"ငါက....မင်းကို ချစ်ပါတယ် မောင်
ဒါက ရှောင်းကျန့်ဆိုတဲ့ငါ့အနေနဲ့ မင်းကိုပြောချင်တဲ့တစ်ခုတည်းသော စကားပါဘဲ
နောက်ထပ်အကြိမ်ပေါင်းများစွာလည်း ငါပြောဦးမှာမို့ ငါနဲ့အတူတူ အကြာကြီးရှိနေမယ်မလား"

ခပ်ကျယ်ကျယ်ထွက်ပေါ်လာတဲ့လက်ခုပ်သံတွေက သူတို့ဟာ အလိုက်ဖက်ဆုံးလူနှစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြသည်။ အကြာကြီးအတူရှိမနေချင်ပါဘူး
ရှိခွင့်ရတဲ့အချိန်တွေကို ကြာစေချင်တာပါ။
တစ်သက်တာလုံး မောင့်လက်မောင်းပေါ်ဘဲ ခေါင်းအုံးအိပ်ပြီး မောင်ပြောပြမယ့် မောင့်အသည်းဦးပန်းအပေါ် မောင်ထားတဲ့ ချစ်မြတ်နိုးမှုအလုံးစုံရဲ့အကြောင်းကို နားထောင်ပြီး အိပ်မက်လှလှတွေမက်ပါ။ မောင်ကတော့ သည်လူနဲ့သာဆို သံသရာဆိုတဲ့ဝဲဂယက်မှာ အခါခါကူးချင်ပါရဲ့။
လွတ်မြောက်ခြင်းကို မောင်ကသဘောကျပေမယ့် မောင့်အတွက် မောင့်အသည်းဦးပန်းက ငြိတွယ်ချင်စရာ အဖြူရောင်နွယ်လှလှလေးပါဘဲ။ မောင့်ကို တစ်သက်စာရစ်ပတ်ပါတော့ မောင့်နွယ်တစ်မျှင်ရယ်။

"တကယ့်ကိုလိုက်ဖက်လိုက်တာ
နောက်ဆုံးမေးခွန်းပါရှင်
ဝမ်ရိပေါ်ကရော် ဒေါက်တာရှောင်းကျန့်ကို ဘာများပြောချင်ပါသလဲရှင်..."

"မောင့်ကိုချစ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်
အဲ့ဒီကျေးဇူးတွေကို မောင်က မောင့်ဘဝကိုပေးပြီးဆပ်ပါ့မယ်"

အဖြေလေးကိုဖြေရင်း နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။ဒီလောက်ဆိုလုံလောက်ပါပြီလေ။ သူတို့ကြားမှာ စကားတွေအများကြီးပြောနေဖို့မလိုလောက်အောင်ကို နားလည်မှုရှိနေပြီးသား။ မျက်ဝန်းကြည်တွေရဲ့အလိုကို သူကသိသလို သူ့အပြုံးတွေရဲ့အဓိပ္ပါယ်ကိုလည်း ဆရာဝန်လေးက နားလည်တတ်ကျွမ်းနေပြီးဖြစ်သည်။

"မေးခွန်းလေးငါးခုကတော့ပြီးသွားပါပြီရှင်
အဖြေတစ်ခုချင်းစီကလည်း နှစ်ဦးစလုံးရဲ့မေတ္တာတွေကို မြင်နေရသလိုပါဘဲ
မေးခွန်းတွေကိုဖြေပေးတဲ့ မဂ်လာသတို့သားနှစ်ယောက်ကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ခုပ်သံတွေနဲ့ဂုဏ်ပြုပေးပါဦးရှင်"

ဝေါခနဲကျရောက်လာတဲ့လက်ခုပ်သံတွေကြားကနေ ပီတိတွေနှင့် သူတို့ပြုံးလိုက်ကြသည်။ စားပွဲလေးပေါ်မှာတင်ထားတဲ့ ရေခဲမုန့်ခွက်လေးကိုယူရင်း ယုန်သူငယ်ကိုတစ်ဇွန်းခွံ့တော့  ပြုံးစစမျက်နှာထားနှင့်စားတာမို့ သူပါ နဂိုထက်ပြုံးမိသွားသည်။ ဒီလူသားက မောင့်နိဗ္ဗာန်ဘုံလေး။

"အိုအောင်မင်းအောင်ပေါင်းရပါစေကွယ်"

နှစ်ဖက်မိဘတွေရှိရာ စားပွဲဝိုင်းဆီကိုသူတို့ရောက်တော့ မွေးစားဖခင်ဖြစ်သူဆေးရုံအုပ်က ဆုပေးသည်။ အသည်းဦးပန်း၏မိခင်ကတော့ အသည်းဦးပန်းကိုဖက်ရင်း မျက်ရည်တွေကျနေတာမို့ သူပါ စိတ်မကောင်းဖြစ်သွားသည်။ သားလေးတစ်ယောက်တည်းရှိတာမို့ ခွဲခွာရလျှင် ဝမ်းနည်းမှာ သဘာဝသာဖြစ်သည်။

"သား ဝမ်ရိပေါ်"

"ဗျ..ဗျာ..ဟုတ် ပြောပါ"

ရှောင်းကျန့်၏မိခင်ကခေါ်လိုက်တာမို့ သူပြူးပြာသွားရသည်။ ရှောင်းကျန့်၏ဖခင်ကတော့ သူ့ကိုခပ်ပြုံးပြုံးကြည့်လို့ပါပင်။

"သားကျန့်ကို အန်တီတို့ထက်ပိုပြီးချစ်ပေးပါ
ယောကျာ်းတစ်ယောက်ကိုရွေးချယ်မိလို့ဆိုပြီး နောင်တမရစေချင်ဘူး"

ငုံ့ကျသွားတဲ့ခေါင်းလေးအရ ချစ်ရသူဝမ်းနည်းသွားပုံရတာမို့ လက်ကလေးကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ပေးထားရင်း ဝမ်ရိပေါ်ပြုံးလိုက်သည်။

"ယောကျာ်းတစ်ယောက်ကိုရွေးချယ်ခဲ့တာမဟုတ်ပါဘူး အန်တီ
ရှောင်းကျန့်ဆိုတဲ့လူတစ်ယောက်ကိုဘဲ သေချာရွေးချယ်ခဲ့တာမို့ နောင်တဆိုတာ ရှိလာမှာလည်းမဟုတ်ပါဘူး
ပြီးတော့ ကျနော်က သူမချစ်နိုင်ဘူးဆိုရင်တောင် ကပ်တွယ်နေမယ့်လူမျိုးပါ"

မော့ကြည့်လာသည့်မျက်ဝန်းဝိုင်းလေးမှာ မျက်ရည်စတွေက ခိုသီလို့။ သည်အချိန်ခဏအတွင်းမှာ မျက်ဝန်းကြည်ကြည်လေးက ကြည်နူးစွာခဏခဏငိုနေရသည်။ ချစ်ခြင်းမေတ္တာကြောင့်မို့ထင်ပါရဲ့။ လက်မနဲ့ဖိသုတ်ပေးလိုက်မိတဲ့ မျက်ရည်လေးတွေက အေးမြလို့...။

"မောင်..."

"ဗျာ့...."

ခန်းမအပြင်ဘက်ကို ခဏထွက်လာရင်း ချစ်ရသူကခေါ်တာမို့ သူထူးလိုက်သည်။ ခန်းမအပြင်ကနှင်းဆီအိုးတွေကိုကိုင်ရင်း ငေးနေသည့်တစ်စုံတစ်ယောက်ကတော့ ခေါ်တုန်းကခေါ်ပြီး ဘာမှလည်းမပြောပါ။

"ပြောလေ မောင့်အသည်းဦးပန်းရဲ့
ဘာပြောမလို့လဲ"

သူမေးတော့ နှင်းဆီတွေကိုကြည့်နေတဲ့မျက်ဝန်းလေးက သူ့အပေါ်ကျရောက်လာသည်။ ဘယ်ပန်းချီရေးလို့မမှီဆိုတာ ဒီလိုမျက်ဝန်းလှလှလေးဖြစ်ကြောင်း ဝမ်ရိပေါ်နားလည်လိုက်သည်။

"ပန်းတွေက အချိန်တန်ရင် ညှိုးတယ်မောင်
ငါက Canolaပန်းနဲ့တူတယ်ဆို
တစ်နေ့ Canolaလေးညှိုးသွားရင်ရော်"

နှင်းဆီအိုးတွေနားမှာထိုင်နေသည့်အကြင်သူ၏ လက်ကလေးကိုဆွဲကာ မတ်တပ်ရပ်စေလိုက်သည်။ အကြောင်းမရှိအကြောင်းရှာပြီး ဝမ်းနည်းတတ်နေလိုက်တာများ ဒေါက်တာရှောင်းကျန့်မှဟုတ်ရဲ့လား။

"ဘာတွေတွေးပြီး စိတ်မကောင်းဖြစ်ပြန်ပြီလဲကွာ
မောင်ပြောပြမယ် နားထောင်နော်"

"အင်း..."

"ဘယ်Canolaတွေဘဲ ညှိုးညှိုး
မောင့်Canolaလေးကတော့ မောင့်အတွက် အမြဲတမ်းလန်းဆန်းသလို မောင်ကလည်း မောင့်အသည်းဦးပန်းကို အမြဲတမ်းအတွက်ချစ်တာမို့ ဘာမှမတွေးဘဲ မောင့်ကိုဘဲတွေးပါလား"

လှစ်ခနဲပြုံးသွားတဲ့အပြုံးလေးကြောင့် မောသမျှပမ်းသမျှ ပြေရသည်။ တကယ့်မောင့်မေတ္တာရေစင်လေး။

"ပြီးတော့လေ မောင်.."

"အွန်း..ပြော"

စကားတွေအများကြီးပြောဦးမည်ထင်သည်။ သည်တစ်ခါ မောင့်သာလိကာလေးက ဘာတွေများပြောဦးမှာပါလိမ့်။

"တခြားအတွဲတွေလို ကလေးတွေဘာတွေ!..."

"တော်ပြီ ဘာမှမလိုဘူး
မောင့်အတွက်က လုံလောက်နေပြီလေ
မောင့်အသည်းဦးပန်းကဘာမှမတွေးဘဲ
မောင့်ကိုချစ်ပေးရုံဘဲ
မောင်က မောင့်အသည်းဦးပန်းကိုဘဲ လိုအပ်တာ"

ပိန်ရှည်ရှည်ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းရင်း ဝမ်ရိပေါ်ပြောတော့ ရင်ခွင်ထဲကလူသားက သဘောတကျရယ်သည်။ ဒီလိုလေးရယ်နေပေးရုံနဲ့ ပြီးပြည့်စုံနေပြီးသားပါဘဲလေ။
ကျန်တာမလိုဘူး ဒီလူသားရှိရင်ရပါပြီ။

လေပြေးညှင်းလေးက ကြင်သူနှစ်ဦးကို လာရောက်ကျီစယ်နေသည်။ ဘေးပတ်ဝန်းကျင်ရှိနှင်းဆီငုံတို့က ရှက်သွေးဖြာနေသည်။ ချစ်သူသာရှိလျှင် အရာရာလှသည်။ ရင်ခွင်ထဲကတစ်စုံတစ်ယောက်ကလှုပ်စိစိဖြစ်နေတာမို့ ဖက်ထားရာကနေလွတ်လိုက်တော့ မျက်ဝန်းပြူးတွေနှင့်ကြည့်ပြန်ပါသည်။

"မောင်...မင်းသိလား"

ခေါင်းကို့ဖြည်းညှင်းစွာခါရင်း ဝမ်ရိပေါ်ပြုံးကာ ချစ်ရသူကိုရင်ခွင်ထဲသို့ ဒုတိယအကြိမ်မြောက်ဆွဲသွင်းလိုက်သည်။

"မောင်...မင်းသိလားလို့"

နဂိုပြုံးနေတဲ့မျက်နှာက မူလထက်ပိုပြုံးသွားရသလို ရင်ခွင်ထဲရှိလူသားကို တိုး၍တင်းကျပ်စွာဖက်ထားလိုက်သည်။

"ဟင့်အင်း...မောင်ဘာမှမသိဘူး
မောင်က မောင့်အသည်းဦးပန်းကိုဘဲသိတာ"

#AhTayy

Continue Reading

You'll Also Like

19.5K 776 6
What if someone from our world became the multiverse? Well everything is not likely to stay the same at all.. (Things will be different even possibl...
191K 10.9K 68
In the realm of fire and blood, where dragons dance and ambition burns bright, two souls entwine in a fate forged by destiny's hand. Sitara Evangelin...
48.8K 3.7K 29
ဝမ်ရိပေါ်က အသက်၁၇နှစ်မှာအနုပညာလောကထဲဝင်ရောက်လာပြီး ၂၀အရွယ်မှာ ရုပ်ရှင်ဧကရာဇ်ဆုကိုရရှိခဲ့တယ် ချောမောလှတဲ့ရုပ်ရည် ထင်ရှားနေတဲ့ဗွီသဏ္ဍာန်မေးရိုးနဲ့ယောကျ...
440K 7.7K 99
THE PICTURE OF YOU - a Rafe Cameron story - ••••• ••••• ••••• ••••• When Rafe Cameron fell wildly in love with Myra Maybank, two worlds collided, a p...