"အမေတူလေးပဲ"
ထိုစကားကြောင့် ဆုဆု လည်း ငြင်းတော့သည်။
"ရှင် အာ မဟုတ်ဘူး၊ သမီးက တီပျို တူမပါ "
ထိုစဉ် ပျို့မျက်လုံးမှာ တစ်နေရာသို့ကြည့်ရင်း မျက်ရည်စများ အဝိုင်းသာ ဖြစ်ပြီး ပင်လယ်ဝေလာတော့သည်။
ထိုသူမှာ ၅ နှစ် အရွယ်လောက်ရှိသည့် ကလေးငယ်ကို ပွေ့ကာ ချီရင်း ဆိုင်ထဲမှ ထွက်လာသည်။
"လာကိုကို .." ဟု ကြည်လွင်ဖြူ ခေါ်လာ၏။ထိုသူမှာ အခြားသူ မဟုတ် ဦးခန့်ညားအောင် ပင်။
ဦးခန့်ညားအောင် လည်း ပျို့ကို မြင်လိုက်သည်နှင့် အမျှ ခြေလှမ်းတွေရပ်တန့် ကုန်သည်။
"ကိုကို ...ဒီမှာကြည့်ပါဦး ၊ ငယ်သူငယ်ချင်းတွေ လာဆုံနေကြတယ် ကောင်းသောဆုံခြင်းတော့မဟုတ်ပေမဲ့ပေါ့" ဟုဦးခန့်ညားအောင် လက်မောင်းကို တွဲခိိုလိုက်ရင်း။
ဦးခန့်ညားအောင် လည်း နှေးကွေးသော ခြေလှမ်းများနှင့် လျှောက်လာတော့သည်။
"ကိုကို ....ပျိုမြင့်မြတ်ချယ်လေကြည့်ပါဦး ကျောငိးတုန်းကတော့" ကြည်လွင်ဖြူစကားတောင်မဆုံးသေး
"ပျိုမြင့်မြတ်ချယ်.." ဟု ဦးခန့်ညားအောင်လည်း သူ၏ ခန့်ညားလှသော အသံနှင့် ခေါ်တော့သည်။
"အဆင်ပြေရဲ့လား.." ဟု ကရုဏာအသံနှင့်မေးသည့်အတွက် ကြည်လွင်ဖြူလည်း မျက်နှာပျက်သွား၏။
"ဒီမှာလေ ဒါ ငါတို့ သမီးလေးပေါ့ ၊ မိစုံဖစုံနှင့် ကြီးပြင်းလာရှာတဲ့ကလေးလေ နာမည်က သင်းယုယအောင် သူ့ဖေဖေက သူအရမ်းကို တယုတယနဲ့မွေးပြီး သူ့သမီးမှန်းသိစေချင်တယ်ထင်ပါရဲ့အနောက်က အောင်နဲ့" ဟု ကြည်လွင်ဖြူလည်း သမီးဖြစ်သူ လက်လေးကို ကိုင်ရင်း ပြောတော့သည်။ထိုစကားကြောင့် ချက်ချင်းဆိုသလို မျက်ရည်စများဝိုင်းနေသည့် ပျို့မျက်လုံးမှ အမုန်း၏မီးစများ တောက်လောင်စပြုလာသည်။
"ဟားဟားဟားဟား ..." ဟုရယ်ရင်း ဆုဆု အား ပုခုံးဖက်လိုက်ရင်း ဦးခန့်ညားအောင် လက်ထဲရှိ ကလေးလေးအား အနားသို့ တိုးကာ သေချာကြည့်လိုက်တော့သည်။
"အဖေနဲ့လည်း မတူပါလား ..ကိုခန့်ညားအောင် စိတ်မကောင်းပါဘူး" ဟု ပြုံးကာ ဦးခန့်ညားအောင် ပြောသည့်ပျိုကြောင့် ကြည်လွင်ဖြူ ဒေါသထွက်လာတော့သည်။
"နင် စကားပြောရိုင်းလှချည်လား"
"တော်ကြပါတော့ ..ဘေးမှာ လူတွေ ကြည့်နေတယ်"ဟု ဦးခန့်ညားအောင်လည်း သမီး ဖြစ်သူ အား သေသေချာချာ ဖက်လိုက်သည်။
"ဟားဟားဟားဟား...ကျွန်မ ထွေးထုတ်ထားတဲ့ ပီကေကို မြိန်မြိန်ရှက်ရှက် စားနေပြီးတော့ သိပ်ကောင်းတာပဲ လာပြောတော့ ကျွန်မက ရယ်ချင်တယ်ရယ်" ဟု ပြုံးပြုံးလေးပြောရှာသည်။
"နင် ..နင် "
"တို့ စားပြီးကတည်းက ပီကေက အချိုကုန်နေပြီရယ်..ပြီးတော့ "ဟု ပြောရင်း ကြည်လွင်ဖြူနားနားသို့ တိုးလိုက်ရင်း။
"ငါ စားတုန်းကတော့သိပ်အရသာ ရှိတာ "ဟု ပြောရင်း တူမ ဖြစ်သူ လက်အား ဆွဲရင်း ထိုနေရာမှ ထွက်သွားပေမဲ့ ဦးခန့်ညားအောင်မှာ ပျို့နောက်ကို မျက်လုံး ပါသွားတော့သည်။
"ကိုကို..." ဟု ဒေါသသံနှင့် ပြောသည့် ကြည်လွင်ဖြူ။
ထမင်းဝိုင်းတွင် အဒေါ်ဖြစ်သူ မျက်နှာအား အရိပ်တကြည့်ကြည့် ကြည့်နေသည့် ဆုဆု ။
"တီလေး...မဟုတ်မှလွဲရော ..ex လား စောနကဘိုးတော်က ခန့်တော့ ခန့်ပေမဲ့ တီလေးနဲ့မလိုက်ဘူး "
"ခန့်တိုင်း ချောတိုင်း အကျင့်ကောင်းတာမှ မဟုတ်တာ ...စားချင်တာ မှာဦးနော် ဒီလောက်နဲ့ ဝပြီးလား"
သို့သော်လည်း ပျို မျက်လုံးရှိ ဝမ်းနည်းမှုများကို ဆုဆုအတိုင်းသားမြင်နေရသည်။
"တီလေး.. သမီးလေ ဒီနေ့ တီလေးကို အရမ်းသဘောကျသွားတယ်သိလား အထူးသဖြင့် တီလေး ပြောတဲ့ စကားကကြောင့်ပေါ့"
"ဘာကြောင့်များလဲ "
"ငါထွေးထုတ်ထားတဲ့ပီကေကို မြိန်ရေရှက်ရေ စားပြီး ဘာဆိုလဲလေ .."
ပြောလည်းပြောချင် မေ့လည်းမေ့ ဖြစ်နေသည့် ဆုဆုကြောင့် ပျိုလည်း ရယ်မိသည်။
"ဟားဟားဟားဟား...ဟုတ်တယ်လေ ဒီအမျိုးသမီးက အဲ့လိုပြောမှတန်တာ"
"သမီးလည်း Exကို ယူပြီ ဇောင်းကြွနေတဲ့ သူတွေပေါလာခဲ့ရင် အဲ့လိုပြောရမယ်"
ထိုစကားကြောင့် ပျိုလည်း ခေါင်းလေးအောက်အနည်းငယ်စိုက်သွားရ၏။
ထို့နေ့ ညနေ ဘားဆိုင်တစ်ဆိုင်သို့ရောက်လာသည့် ပျိုကြောင့် ဆိုင်ထဲရှိ ပုရိဿများ အံ့ဩနေကြတော့သည်။သူမ ဝတ်စားဆင်ယင်ပုံနှင့် ဘားမှ မလိုက်ဖက်နေသော်လည်း သူမ ထိုင်ရင်း ကော့တေး တစ်ခွက်သာ မှာထားသည်။
"အန်တီ.." ဟု သူမ ပုခုံးလေးအား ပုတ်လိုက်ရင်း ခေါ်သူမှာ ရွယ်။
ရွယ်ကို မြင်လိုက်ရသည့်အတွက် ပျို အနည်းငယ်အံ့ဩသွားပေမဲ့ အထီးကျန်နေသည့် ထိုဝိုင်း မပျင်းရတော့မည့်အဖြစ်ကို တွေးမိပြန်ရင်းလည်း သူမ ပျော်နေရှာသည်။
"မင်း.."
"ထိုင်မယ်နော်"
ပျိုလည်း ခေါင်းသာညိမ့်ပြသည်။
"မင်း တို့ ဒီမှာ ရှိတာ ဘယ်လိုသိလဲ ၊ တစ်ခါတစ်ခါကျ မင်းက creepy ဖြစ်နေသလိုပဲ"
"ဟင့်အင်း ..အန်တီက ရွယ့်ပိုင်နက်ထဲ ရောက်လာတာ ၊ ဒါ ရွယ့်တို့ လာနေကြဆိုင်လေ အဲ့ဒါ အန်တီကိုရွယ်ချစ်တာ တစ်လောကလုံးကသိပြီ အန်တီကသာမသိတာ ဆိုင်က လှမ်းပြောတာရယ်"
"အို့ ..ဒီဆိုင်က privacy မရှိဘူးကျန်း ၊ ကဲပါ ဘာပဲဖြစ်ဖြစ် မင်းရောက်လာတော့ကောင်းတာပေါ့ စားလေ တစ်ခုခု"
"အန်တီ့ကို .."
ပျိုစကားမဆုံးသေး ထပြောသည့် ရွယ်ကြောင့် ပျို ပြုံးလိုက်မိသည်။
"တို့ ဒီလို အရွှန်းဖောက်တဲ့စကားတွေ မကြားရတော့ဘူးတောင်ထင်နေတာ"
"အန်တီ.."
"အင်း"
"အဆင်ပြေရဲ့လား"
ထိုစကားကြောင့် ပျိုလည်း ရွယ်မျက်လုံးများကို ကြည့်လိုက်တော့သည်။
"တို့ကို အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်း မေးတာ အနှစ်(၂၀)ကြာမှာ မင်းပထမဆုံးပဲ"
"အန်တီ .."
"ဟင်"
"အသည်းလေးလို့သာခေါ်လိုက်ချင်တော့တယ်"
ထိုစကားကြားကြားချင်း ပျို ခေါင်းအောက်စိုက်ကာ ရှက်နေပုံမှာ ချစ်စရာပင်။
"မင်း ..မင်းနော် လူကြီးကို"
"အသည်းလေး"
"ဟိတ် ..ဒီမှာ မင်း တို့ကို အဲ့လိုခေါ်စရာအကြောင်းမရှိဘူး ကဲပါ ထားပါတော့ ငါဒီကိုလာတာ မင်းနဲ့ ရန်ဖြစ်နေဖို့မဟုတ်ဘူး"
"ချစ်ဖို့လား"
"အန်တီ့ချစ်သူ" ဟု မာန်ပါပါ ပြောသည့်ပျို။ ထိုအပြောကြောင့် ရယ်မိသည့် ရွယ် အမှားမဟုတ် ပြောပုံမှာ အတော်ကိုအသည်းယားစရာပင်။
"အန်တီ့ချစ်သူ ဟုတ်လား"
"မင်းပဲ ဒါမင်းနာမည်ဆို"
"နာမည်အရင်းသိရဲ့သားနဲ့ ဒီလိုခေါ်တယ်ဆိုရင်တော့ တကယ်အန်တီကို ရအောင်ယူတော့မယ်"
"မင်းပြောခဲ့တဲ့ မင်းနာမည်အရင်းဆိုတာကိုသိတာလေ ၊ မင်းပဲ တို့ကို အန်တီ့ချစ်သူလို့ပြောခဲ့တဲ့ဟာကို"
"ထားပါတော့လေ ဒီတော့ ရွယ့်ကပဲ ပြန်ပြီး မိတ်ဆက်ပါရစေ ၊ ရွယ့်နာမည်က ရွယ်လင်းမောင်ပါ အန်တီပျိုမြင့်မြတ်ချယ် ရဲ့ စွာပုံစွာနည်းလေးတွေကိုကြည့်ပြီ ချစ်နေရသူ ပေါ့"
"ဟားဟားဟားဟား ..နောက်မြှီးရှည်လှချီလား ကလေးရဲ့ ဟင်"
"ဘွဲ့တွေထပ်ပိုပြီး အဖိုးတန်ပါတယ် အန်တီကို ချစ်ရတာ"
"မင်းအချစ်ကို ဘယ်လိုသတ်မှတ် လဲ"
"အန်တီ အပြုံးလေးတွေလို့ သတ်မှတ်တယ်"
ပျို့ရင်ထဲ နှင်းဆီပန်းလေးများ စတင် ပွင့်လာရ၏။
"မင်းက သိပ်စကားတတ်တာပဲ"
"ဟင့်အင်း ..စကားမတတ်ပါဘူးအန်တီ ၊ ရွယ့် ချစ်တဲ့ အန်တီကိုတောင် ရွယ့် အချစ်ကိုတောင်စကားနဲ့ ပုံဖော်မပြနိုင်သေးတာ ဒါကို အန်တီက စကားတတ်တယ်လို့ ဆိုလိုသလားဟင်"
"တို့မသိဘူး ..တို့သိတာ မင်းသိပ်စကားတတ်တယ် ၊ တို့ ပြောမဲ့စကားတွေကို အမြဲအပိတ်အကန်ပြောပေမဲ့ မင်းရဲ့ စကားတွေကြောင့် တကယ် ကို အခုတော့ ရင်ထဲကြည်နူးရတယ်"
"အခုပဲ ကြည်နူးချင်တာလား ..တသက်လုံးကြည်နူးဖို့ကိုရွယ့်ကို ရွေးချယ်လိုက်လေ"
"ဟားဟားဟားဟား ရွယ်လင်းမောင်၊ အန်တီအကြောင်း ဘာသိလဲ"
"နိုး ..အန်တီကို ချစ်တာ ပျိုမြင့်မြတ်ချယ်ကို ချစ်တာ ၊ ပျို့ကို ချစ်တာ အန်တီနောက်က ဂုဏ်တွေ ပုဒ်တွေ အတိတ်တွေ လက်ရှိတွေကို ဘာမှ မသိလည်းမသိချင်ဘူး အဲ့ဒါတွေကို ပိုင်လည်းမပိုင်ချင်ဘူး အဓိကက ရွယ့်ချစ်ရတဲ့ ပျိုမြင့်မြတ်ချယ်ကို ရွယ့်ကြောင့် ပျော်စေချင်တယ် မျက်ရည်မကျစေချင်ဘူး"
"အသက်အရွယ်က စကားပြောတော့ တွေးတောပုံချင်းတောင်မတူဘူးတွေ့လား ၊ ပြီးတော့ တို့က တစ်ခါမှ မိန်းမချင်း ဆိုတဲ့အတွေးမတွေးဘူးဖူး"
"ဟင့်အင်း ..အဲ့ဒါတွေမတွေးပါနဲ့ဦး ၊ရွယ်ဖန်တီးပေးမဲ့ကမ္ဘာမှာ ပျော်သလားဆိုသလားပဲ အန်တီအရင်နေကြည့်ပါလားဟင်"
ရွယ့်မျက်လုံးများကိုမဝံ့မရဲကြည့်လိုက်ရင်း ပင်။
"မင်း တို့ကို ရည်းစားစကားပြောနေတာလား"
ထိုစကားကြောင့် ရွယ် စိတ်ပျက်လက်ပျက် အသံနှင့် ပျို့ကိုကြည့်လိုက်တော့သည်။
"ဟာဗျာ ...အန်တီ နေတဲ့ လမ်းလည်း ချောင်းပေါက်တော့မယ်၊ အန်တီ့ကို ချစ်စကားတွေပြောရလွန်းလို့လည်း အချစ်ဒဿနဆရာမကြီးလည်း ဘွဲ့လည်းယူရတော့မယ် ဒါကို အခုမှ အန်တီက ရည်းစားစကားပြောနေတာလားဆိုတော့"
"တို့ကို စိတ်ပျက်သွားတာလား"
"နိုးပါ ...ပိုတောင် အချစ်ပိုလာသေးတယ် ၊ ခူးရခက်တဲ့ပန်းမို့ အမြတ်တနိုး ပန်မှာ"
ပျို့မျက်ဝန်းထဲမှ မျက်ရည်စများကျဆင်းလာတော့သည်။
"ကျွန်မက အမြတ်တနိုးနဲ့ပန်ရလောက်တဲ့ပန်းလားဟင်"
ထိုမေးခွန်းကို မေးရင်း ရွယ့်မျက်လုံးများကိုလည်းကြည့်လျှက်။
"အန်တီ ငိုနေတာလား"
"လောကကြီးက မတရားဘူးငယ်လေးရယ်"
ချက်ချင်းဆိုသလို ရွယ်လည်း ထိုင်ခုံအား ပျို့အနားသို့ ကပ်လိုက်တော့သည်။
"သန်မာတယ်ထင်ထားတဲ့ အမျိုးသမီး က ငိုတော့ ဒီက ပြာနေရပြီ"
"မင်းငယ်ပါသေးတယ် လောကကြီးရဲ့ အမှောင်ဘင်အခြမ်းက ရက်စက်ပုံတွေ ငွေမက်ကြပုံတွေ မင်းဘာမှမသိသေးဘူး"
"ချောကလက် စားဖူးတယ်မဟုတ်လား ၊ ချောကလက်က စားနေတုန်းတော့ ချိုတယ်လေ ပြီး အရသာ ရသေးလို့လား အဲ့လိုပဲ အန်တီပြောတဲ့ စောနက လောက ဒဏ်ရာကိုလည်း ချောကလက်လိုပဲမှတ်လိုက် ဪ ငါစားဖူးတာပဲ အတော်ကို အရသာရှိခဲ့တာ အခုတော့ ဘာမှမဟုတ်ဘူးဆိုပြီလေ "
"ဪ ဒုက္ခ ပျိုမြင့်မြတ်ချယ် ပျိုမြင့်မြတ်ချယ် ၊ ငါနဲ့ ဒီကလေးဆီက ဆုံးမစကားနားထောင်နေရတယ်"
"ဒီနေ့ အန်တီ ဘာလုပ်ချင်လဲ"
"ဟင့်အင်း"
"အန်တီ လုပ်ချင်တာ အန်တီဖြစ်ချင်တာကို ဖြည့်ဆည်းပေးမယ်"
"မေးချင်တာရှိတယ်.."
"ဟုတ်"
"ဘာလို့ တို့ကို ချစ်တာလဲ"
အပိုင်းသစ်မျှော်ပေးပါရန်
ချစ်တဲ့
Seong
Pls vote and comment