"ငါဆေးရုံကဆင်းချင်ပြီ ငါမနေချင်တော့ဘူး"
"မရသေးဘူးလေ အသက်လေးခြေထောက်တွေကလမ်းလျှောက်နိုင်သေးလို့လား"
"အဲ့တာကအိမ်မှာတဖြေးဖြေးနဲ့လမ်းလျှောက်လေ့ကျင့်မယ်လေအခုကတော့ဆေးရုံကဆင်းချင်တယ် ဒီမှာနေရတာလုံခြုံမှုမရှိသလိုခံစားရတယ်"
"ကိုယ်ရှိနေတာလေဘာများမလုံခြုံစရာရှိလို့လဲ"
"ဒါမဲ့ငါမကြိုက်ဘူးဆိုမကြိုက်ဘူးပေါ့ ငါဒီမှာမနေချင်ဘူး"
ရှောင်းကျန့်ဘာမှမပြော
ခြေထောက်ပြန်ကောင်းသည်အထိဆေးရုံမှာဆေးကုသမှုခံယူစေချင်တာသူ့ရည်ရွယ်ချက်ပင်
"ဒါလင်!!!!"
"ဟုတ်ပြီဟုတ်ပြီ....အသက်လေးသဘောကိုယ်ဆေးရုံအုပ်နဲ့တိုင်ပင်ကြည့်ဦးမယ်"
"ငါဆေးရုံပေါ်ရောက်တည်းကဒီအခန်းထဲမှာဘဲနေရတာကြာတော့ပျင်းလာတယ် ငါ့တစ်ကိုယ်လုံးခြောက်သွေ့နေသလိုခံစားရတယ်"
"ဒီဆေးရုံမှာပန်းခြံသေးသေးလေးရှိတယ်
လူနာတွေစိတ်အေးလက်အေးအပန်းဖြေဖို့တဲ့ အသက်လေးသွားမလား ဒါလင်လိုက်ပို့မယ်"
"အခန်းထဲနေရတာထက်စာရင်တော့ကောင်းတာပေါ့
လိုက်မယ်"
"ဆေးသောက်ပြီးမှကိုယ်လိုက်ပို့မယ် wheelchairကိုလည်းကိုယ်ထိန်းကိုင်ပေးမယ်"
"Wheelchairကြီးနဲ့မသွားချင်ဘူး"
ခေါင်းလေးငုံ့ကာအသံတိုးတိုးလေးနဲ့ပြောနေပုံက လမ်းမလျှောက်နိုင်တာကြောင့်သူအားငယ်နေမှန်းသိသာပါတယ်
"Wheelchairကြီးနဲ့မသွားချင်လည်းရပါတယ်
ကိုယ်ချီသွားမှာပေါ့"
"အွန်း"
"အခုကိုယ့်ပေါင်ပေါ်မှာအသက်လေးကထိုင်နေတာလေ
ကိုယ်လက်တင်ထားတော့အသက်လေးရဲ့ခြေထောက်တွေကဘယ်လိုမှမခံစားရဘူးလား
ကိုယ်ကလျှောက်ပြီးဖျစ်ညှစ်နေရင်ရော"
"ဘယ်လိုမှကိုမနေတာ"
"တဖြည်းဖြည်းနဲ့ပြန်ကောင်းသွားမှာပါ"
"အွန်း"
"ကျေးဇူးတင်ပါတယ်...ကိုယ့်ကိုခွင့်လွတ်ပေးလို့
ကိုယ့်ကိုမုန်းမသွားလို့...ကိုယ့်ရဲ့အဝေးကိုအသက်လေးထွက်မသွားလို့"
"မလိုပါဘူး...ငါတို့ကတစ်သွေးတစ်သားတည်းလို့ပြောပြီးသားလေ...ဘာကိစ္စမုန်းရမှာလဲ
ငါအတိတ်မေ့နေတဲ့အချိန်တွေမှာအရမ်းပင်ပန်းခဲ့မှာဘဲနော်"
"မပင်ပန်းပါဘူး...ကိုယ့်ရဲ့တည်ရှိမှုတွေစုံစည်းရာကအသက်လေးဖြစ်နေလို့
အသက်လေးရှိမှကိုယ်ဆိုတာလည်းရှိနေမှာမို့...အသက်လေးရဲ့ဖြစ်တည်မှုလေးကိုသိပ်မြတ်နိုးလွန်းတာပေါ့..တန်ဖိုးထားလွန်းတာ"
"ဒီပါးစပ်ပေါက်ဒီလိုစကားမျိုးတွေလည်းထွက်တတ်ပါ့နော်
အ့....ခင်ဗျားကြီးမုတ်ဆိတ်မွှေးတွေမရိတ်ရသေးဘူး"
စကားပြောရင်းလက်ကမျက်နှာလေးတစ်ဝိုက်ကိုပွတ်သပ်နေရင်းပါးအောက်ပိုင်းကိုပွတ်သပ်မိတော့ခပ်စူးစူးအရာလေးတွေကအသက်လေးအဖို့ကလိကလိနဲ့
"မုတ်ဆိတ်မရိတ်ရသေးတော့အသက်လေးရဲ့လူကြီးကပိုပြီးခန့်မသွားဘူးလား"
"မခန့်ပါဘူး...အမွှေးတွေရှုပ်ရရှုပ်နဲ့စူးတယ်"
လက်လေးတွေကအငြိမ်မနေမုတ်ဆိတ်မွှေးရေးရေးလေးတွေနဲ့မေးစေ့ကိုသွားပွတ်ကာကစားနေပြန်တယ်
"ဟောကြည့်....အမွှေးရှုပ်တယ်လည်းပြောသေး
ဒီလက်လေးတွေနဲ့ကိုယ့်မေးစေ့ကိုလာဆော့နေပြန်ပါပြီကွာ"
"အဲ့တာကတော့ကိုင်လို့ကောင်းတာလေ ယားစိယားစိနဲ့
ခစ်ခစ်"
ပြွတ်စ့်
"အဲ့တာလည်းယားတယ်"
သူ့မေးစေ့ကိုလက်ဆော့နေတဲ့အသက်လေးရဲ့လက်ကိုသူ့လက်ကြီးနဲ့ဆုပ်ကိုင်လိုက်ကာ နှုတ်ခမ်းနားကိုထိကပ်လိုက်ပြီး
နမ်းလိုက်တော့လက်ကလေးကတွန့်ခနဲ
"ဘယ်အချိန်ဘဲနမ်းကြည့်နမ်းကြည့်မွှေးနေရောကိုယ့်အသက်လေးကတကယ့်အဖိုးတန်လေး"
"ငါ့ကိုတန်ဖိုးရှိတာတွေအဖိုးတန်တာတွေထဲကမထွက်စကားပြောနေတာနည်းနည်းလေးလျှော့ပါဦးလား"
"မလျှော့နိုင်ပါဘူး ကိုယ်ပြောတဲ့အထဲမှာမှားနေတာတစ်ခုမှမပါဘူးလေကွာ"
"လောလောဆယ်ဒီအမွှေးစူးစူးကြီးတွေကိုအရင်သန့်ရှင်းရေးလုပ်....ငါခဏလေးသတိမေ့သွားတာကိုညစ်ညစ်ပတ်ပတ်နေတာဘဲဒါလင်က"
"ညစ်ညစ်ပတ်ပတ်နေတာမဟုတ်ပါဘူးနော်...ကိုယ်ကကိုယ့်ကိုကိုယ်စိတ်ပူဖို့အချိန်မရှိဘူး
ကိုယ့်ပုံစံဘယ်လိုကြီးဖြစ်နေပြီလဲပြန်တွေးဖို့အချိန်မရှိဘူး...အသက်လေးမှအသက်လေးဖြစ်နေခဲ့တာလေအဲ့တာကြောင့်မို့လို့ပေါ့"
"ထားပါတော့ အိမ်ရောက်မှတွေ့မယ်
ငါကိုယ်တိုင်မုတ်ဆိတ်ရိတ်ပေးဦးမှာ စိတ်ချ"
ကောင်လေးကသူချစ်ရတဲ့သူရဲ့ပေါင်ပေါ်မှာထိုင်ပြီးတီတီတာတာစကားတွေကိုအချိန်ကြာမြင့်စွာပြောနေခဲ့ကြတယ်
စကားပြောနေရင်းကြားထဲမှာဖြတ်ဖြတ်ပြီးရစ်ရသေးတာကလည်းသူ့ရဲ့အလုပ်တစ်ခုလိုဘဲ
အရစ်ခံရတဲ့လူကြီးကလည်းစိတ်မရှည်မဖြစ်တဲ့အပြင်ပျော်နေသေးတာ ရယ်သေးများအပြည့်နဲ့
အချိန်ကျလို့ဆေးသောက်ပြီးတော့ ကောင်လေးကိုချီလိုက်ကာဆေးရုံကပန်းခြံထဲကိုခေါ်သွားတယ်
ကောင်လေးကိုယ်ပေါ်မှာထိုလူကြီးရဲ့အင်္ကျီလေးကိုလွမ်းခြုံလျက်
ပန်းခြံထဲကသစ်ပင်အောက်ခုံတန်းလေးရောက်တော့ကောင်လေးကိုချပေးလိုက်သည်
လူကြီးကကောင်လေးသောက်ဖို့အချိုရည်ဘူးလေးပါတစ်ခါတည်းယူလာခဲ့သေးတာ
အသက်လေးကဒါလင်နဲ့တွေ့ရင်သိပ်စကားများတာ
"ဒါလင်ငါ့ဘေးမှာလာထိုင်...ငါမေးစရာအများကြီးရှိတယ်"
"ဟုတ်ပြီ...အသက်လေးသဘော"
အသက်လေးခိုင်းတဲ့အတိုင်းသူ့ဘေးမှာရှိတဲ့လွတ်နေတဲ့နေရာလေးမှာထိုင်လိုက်တယ်
ရှောငါးကျန့်နေရာတကျထိုင်ပြီးတော့အသက်လေးဘက်ကစကားသံအရင်ထွက်လာတယ်
"ဒါလင်ကအရင်တုန်းကအရမ်းဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးလား"
"အသက်လေးဘယ်လိုထင်လဲ"
"အရမ်းဆိုးသွမ်းခဲ့မယ်လို့ထင်တယ်...ဘာလို့ဆိုဒါလင်ကငါနဲ့ပတ်သက်ရင်စိတ်အရမ်းကြီးတာနဲ့တင်သက်သေကလုံလောက်နေပြီ....စိတ်မြန်လက်မြန်နဲ့တစ်ခါတစ်လေဆိုသိပ်ကြောက်ဖို့ကောင်းတယ်
တစ်ခြားသူတွေအပေါ်ဒါလင်ဘယ်လိုဆက်ဆံလဲငါမသိဘူး
ငါကတော့ဒါလင်စိတ်မကြည်ရင်သိပ်ကြောက်တာ"
"မလိုပါဘူး....ကိုယ်ကသူစိမ်းတွေဆိုလှည့်တောင်မကြည့်ဘူး
ဘယ်သူ့ကိုမှအသက်လေးလောက်စိတ်ထဲမထည့်တာ
ဒီခုံကထိုင်ပါကြာတော့အေးလာတယ်"
"အင့်....အဲ့တာဘာလုပ်တာလဲ"
"အသက်လေးထိုင်တဲ့ခုံကအေးတယ်လေ
အသက်လေးဖင်တွေအေးမှာစိုးလို့ကိုယ့်ပေါင်ပေါ်အသက်လေးကိုယ်လုံးလေးကိုတင်လိုက်တာကိုယ့်ပေါင်ပေါ်ကျတော့အသက်လေးမအေးတော့ဘူးလေ"
"ဒီအတိုင်းလဲမအေးဘူး ပြန်ချပေးပါ"
"ဒီတိုင်းလေးနေဘာမှမဖြစ်ဘူး"
လူကောင်သေးသေးလေးကိုပေါင်ပေါ်တင်ကာပြုတ်ကျမှာစိုးလို့ခါးလေးကိုဖက်ပြီးထိန်းထားလိုက်သေး
ပါလာတဲ့coatလေးကိုတော့ပေါင်ပေါ်မှာတင်ထားပေးလိုက်သည်
"ကိုယ်အရင်တုန်းကဆို အရမ်းဆိုးခဲ့တာ
အသက်လေးထင်ထားတာထက်တောင်ပိုဆိုးခဲ့သေးတယ်
လူဆိုးတွေလုပ်ဖူးတဲ့အလုပ်မှန်သမျှကိုယ်အကုန်လုပ်ဖူးတယ်
တစ်ခါတစ်လေသူတို့ထက်တောင်ကိုယ်ကစွန့်စွန့်စားစားလုပ်ရဲသေးတာ
အဲ့တာကြောင့်လည်းကိုယ်ကသူများတွေကိုပြန်ဦးဆောင်လို့ရတာပေါ့
ကိုယ်တို့လောကမှာကျတော့ဥပဒေတစ်ခုဘဲရှိတယ်
"နိုင်ရာစား" "
"အဲ့တာဆိုငါနဲ့ဒါလင်ရဲ့လောကမှာကျတော့
ဘာဥပဒေလဲ"
"နိုင်ခံစား"
"ဟမ်...အဲ့တာဘာလဲ"
"ဟုတ်တယ်လေ....ကိုယ်ကအသက်လေးအနိုင်ကျင့်တာမှန်သမျှကိုခံမယ်
ပြီးရင်အသက်လေးကိုပြန်စားတာလေ"
"အမ်...ခင်ဗျားကြီးစကားအကောင်းပြောရင်းထဖောက်ပြန်ပြီ"
"စတာပါ ကိုယ်ကစတာပါ အဟက်
ဒီတစ်ခါစကားအကောင်းပြောပြီ"
"နေဦး....ပြီးခဲ့တာတွေကပြီးပြီဘဲ
ငါကြားဖူးတာလူဆိုးတွေကသူတို့ရဲ့ဆိုးဝါးတဲ့အကျင့်စရိုက်ကိုပြန်ပြင်ဖို့ကခက်တယ်တဲ့ငါကခင်ဗျားကြီးကိုလူဆိုးကြီးလိုလုပ်မနေနဲ့အေးအေးဆေးဆေးနေလို့ပြောရင်တောင်ခင်ဗျားကြီးကငါ့နောက်ကွယ်မှာမကောင်းတဲ့အလုပ်တွေလုပ်ပြီးလူသတ်နေမှာ....အင်း....
ငါကစကားမရှိစကားရှာမေးနေတာ...ခင်ဗျားကြီးဘယ်လိုဘဲဖြစ်ဖြစ်ငါကချစ်နေမှာလို့ပြောပြီးသား
အဲ့တော့နောက်ကြောင်းတွေပြန်မဖော်တော့ဘူး
ငါနဲ့ပတ်သက်ပြီးဒေါသထွက်ခဲ့ရင်အဲ့ဒေါသတွေအကုန်ငါ့အပေါ်ပုံချလိုက်တစ်ခြားသူကိုရန်ရှာမနေနဲ့ ပြီးတော့
ခင်ဗျားကြီးအရင်တုန်းကလူတိုင်းကြောက်ရတဲ့လူဆိုးတစ်ယောက်ဖြစ်ခဲ့ပေမဲ့အခုတော့ငါတစ်ယောက်တည်းရဲ့မူပိုင်လူဆိုးကြီးဖြစ်ပေး
လူတိုင်းကြောက်ရတဲ့လူဆိုးကြီးလုပ်မနေတော့နဲ့
ငါတစ်ယောက်ထဲရဲ့လူဆိုးကြီး...ငါ့ရဲ့လူဆိုးကြီး
ငါတစ်ကိုယ်လုံးပေးပြီးချစ်ရတဲ့ငါပိုင်တဲ့ ငါ့လူဆိုးကြီး"
"ဟုတ်ပါပြီ....ကိုယ်ကအသက်လေးတစ်ယောက်တည်းရဲ့မူပိုင်လူဆိုးကြီး
အရင်ကဆိုးသွမ်းခဲ့တာတွေကိုအရင်အချိန်တွေမှာထားခဲ့ပြီ
အခုချိန်မှာတော့ကိုယ့်အသက်လေးအပေါ်ဘဲဆိုးသွမ်းမဲ့အသက်လေးတစ်ယောက်တည်းသာပိုင်တဲ့လူဆိုးကြီး"
"ငါ့ရဲ့လူဆိုးကြီးမို့ငါ့တစ်ယောက်တည်းအပေါ်ဘဲဆိုးရမယ်
တစ်ခြားသူတွေအပေါ်မဆိုးရဘူး
ငါသဝန်တိုတယ်"
"ကိုယ်ဆိုးတော့အသက်လေးကခံနိုင်လို့လား"
"မခံနိုင်လည်းခံရတော့မှာပေါ့....အနည်းဆုံးတော့ခင်ဗျားကြီးလူမုန်းမခံရတော့ဘူး...ငါမုန်းတာဘဲခံရတယ်လေ"
"ဟာကွာ...အသက်လေးကလူမဟုတ်ဘူးလား
အသက်လေးမုန်းတာကကိုယ်ပိုပြီးနာကျင်ရတာလေ"
"ငါကလူမဟုတ်ဘူး...ခင်ဗျားကြီးရဲ့ပိုင်ဆိုင်မှုလေး
ခင်ဗျားကြီးရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာရှိတဲ့အလင်းလက်ဆုံးကြယ်လေးတစ်ပွင့်
ခင်ဗျားကြီးအသက်လောက်ချစ်ရတဲ့အသက်လေးဘဲ"
"ဒီလိုစကားတွေတတ်လွန်းတဲ့မင်းလေးကိုကိုယ်ငုံထားမတတ်ချစ်ရပါတယ်"
ပန်းခြံထဲကသစ်ပင်ကြီးအောက်မှာရှိတဲ့ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ကောင်လေးနှစ်ယောက်တီတီတာတာတွေပြောရင်းရယ်မောနေကြတဲ့မြင်ကွင်းကကြည်နူးစရာကောင်းတာထက်ကိုပိုနေမှာအသေအချာပင်
-----------------------------
Zawgyi~~~
"ဒါလင်!!!!"
လိုက်မယ်"
ကိုယ်ချီသွားမှာပေါ့"
"အွန်း"
"ဘယ်လိုမှကိုမနေတာ"
"အွန်း"
ခစ်ခစ်"
ပြွတ်စ့်
"အဲ့တာလည်းယားတယ်"
"ဟုတ်ပြီ...အသက်လေးသဘော"
"အသက်လေးဘယ်လိုထင်လဲ"
"အင့်....အဲ့တာဘာလုပ်တာလဲ"
"နိုင်ရာစား" "
ဘာဥပဒေလဲ"
"နိုင်ခံစား"
"ဟမ်...အဲ့တာဘာလဲ"
ငါသဝန်တိုတယ်"
-----------------------------