အခန်း (၉.၁)
စားဖိုမှူးနတ်ဘုရားဖေဖေ
အေမီသည် စားပွဲဘေးတွင် ပန်းကန်ပြားကို ကိုင်ဆောင်ထားဆဲရှိသည့် စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေသော မက်ဂ်ကို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ ဖေဖေ"
အေမီလေးသည် သူ့အဖေရဲ့ အပြုအမူကို နားမလည်နိုင်ဘဲ မေးလိုက်လေသည်။
"အိုး ဘာမှမဟုတ်ပါဘူး အေမီလေး။"
မက်ဂ်က ခေါင်းကို အမြန်ခါကာ ပြုံးလိုက်သည်။
“ဒီမှာ ရော့ ရေသောက်ပြီး စားသောက်ဆိုင်ထဲမှာ ကစားနေလိုက်။ ဖေဖေက ထမင်းကြော် လိုက်ဦးမယ်"
သူက ဖန်ခွက်ကို အေမီ စီသို့ တွန်းပေးပြီး မီးဖိုချောင်ဘက်သို့ အလျင်အမြန် လျှောက်သွားသည်။
“လှလိုက်တဲ့ သလင်းကျောက်ကြီး”
အေမီက ဖောက်ထွင်းမြင် နေရသော ဖန်ခွက်ကို သူမလက်ထဲတွင် ပျော်ရွှင်စွာ ကိုင်ထားသည်။ သူမသည် စားပွဲပေါ် မှီပြီး ဖန်ခွက်ကို ဘယ်ဘက်မှ ကြည့်ပြီး တစ်ဖန် ညာဖက်ကို ထပ်ကြည့်ကာ ထိုခွက်ထဲမှ ရေသောက်ရန် သည်းမခံနိုင်တော့ပေ။
မက်ဂ်က မီးဖိုချောင်ထဲကို ဝင်လိုက်သည်နှင့် စနစ်၏တည်ငြိမ်သည့် အသံက ထပ်ပြီး ထွက်ပေါ်လာလေသည်။
“မီးဖိုချောင်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေအားလုံးဟာ တိုက်ကြီးတစ်ဝှမ်းမှာရှိတဲ့ စနစ်ရဲ့လယ်ယာ၊ ငါးဖမ်းလုပ်ငန်းနဲ့ စားကျက်တွေကနေ လာတာဖြစ်တယ်။ သူတို့ရဲ့ စျေးနှုန်းက သူတို့ရဲ့ နယ်မြေမှာရှိတဲ့ ဈေးနဲ့ အတူတူပါပဲ။ သယ်ယူစရိတ်လည်း ကောက်ခံခြင်းမရှိပါ။ ဒီစျေးနှုန်းက လုံးဝသင့်လျော်ပါတယ်။ အဲဒါကို မင်း ယုံကြည်စိတ်ချနိုင်တယ်။"
"ပဲတီစိမ်းတစ်တောင့် ကို ကြေးနီတစ်ပြားက ဘယ်လိုများ ကျိုးကြောင်းဆီလျော်သွားတာလဲ"
မက်ဂ် က အပေါ်နှုတ်ခမ်းကို တွန့်လိုက်သည်။ အကယ်၍ သူသည် စနစ်က မကျေနပ်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်ရှိသော ပြစ်ဒဏ်အတွက် စိတ်မပူပါက ၎င်းကို သူ၏ ကြမ်းတမ်းသော လျှာဖြင့် စတင်ဝေဖန်နေပေလိမ့်မည်။
နော်လန်တိုက်ကြီးရှိ ငွေကြေးစနစ်သည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်အတွင်း တိုးတက်ကောင်းမွန်လာခဲ့သည်။ မျိုးစိတ်များအကြား စစ်ပွဲကာလတွင် ကုန်သွယ်မှုကို အဓိကအားဖြင့် ပစ္စည်းများဖြင့်သာ အလဲအလှယ်ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာကာ ငွေကြေးပြန်လည်ပေါ်ပေါက်လာခဲ့သည်။ရည်ရွယ်ချက်တူနေသည့် ပြင်းထန်သောပြိုင်ဆိုင်မှုများပြီးနောက် ရော့ အင်ပါယာမှထုတ်ပေးသောငွေကြေးသည် ၎င်း၏ကြွယ်ဝသောထောက်ပံ့မှု၊ ကျိုးကြောင်းဆီလျော်သောငွေလဲနှုန်း၊ မြင့်မားသောတည်ငြိမ်မှု၊ ခက်ခဲသော ငွေတန်ဖိုးကျဆင်းမှုနှင့် လူကြိုက်များမှုများကြောင့် ထိပ်ဆုံးသို့ ရောက်လာခဲ့သည်။
တန်ဖိုးမရှိသောငွေကြေးမှာ ကြေးနီဒင်္ဂါးများဖြစ်သည်။မက်ဂ် သည် သူ၏မှတ်ဉာဏ်ထဲတွင် ရှာဖွေခဲ့ရာ ဤ စင်းမြို့တွင် ကြေးနီဒင်္ဂါးပြား၏ ဝယ်ယူနိုင်စွမ်းအားသည် ယွမ်တစ်ယွမ်နှင့် တန်ဖိုး အတူတူပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကြေးနီဒင်္ဂါး ၁၀ ပြားကို ငွေဒင်္ဂါးတစ်ပြားအဖြစ် ပြောင်းလဲနိုင်သည်၊။ ငွေဒင်္ဂါး ၁၀ ပြားသည် ရွှေဒင်္ဂါးတစ်ပြားနှင့် တူညီပြီး ရွှေဒင်္ဂါး ၁၀ ပြားသည် နဂါးဒင်္ဂါးတစ်ပြားနှင့် ညီမျှသည်။
သူ့ယခင်ဘဝတုန်းကဆိုလျှင် ၂၉၆ယွမ် တန်သည့်ရန်ကျိုး ထမင်းကြော်တစ်ပန်းကန်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။သို့သော် အခုသူကတော့ ဤစားသောက်ဆိုင်ပိုင်ရှင်ဖြစ်နေပါပြီ။ ပါဝင်ပစ္စည်းများ သပ်သပ်ပင် သူ့အတွက် ကြေးဒင်္ဂါး ၂၉၆ ပြားလောက် ကုန်ကျပါသည်။သို့ဆိုလျှင် ရန်ကျိုး ထမင်းကြော်ကို တစ်ပွဲလျှင် ကြေးဒင်္ဂါး ၅၀၀ နဲ့ ရောင်းသင့်ပါသလား။ ထို့ကဲ့သို့ လုပ်လိုက်လျှင် ဖောက်သည်များက သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲသွားကြနိုင်ပါသည်။အဆုံးတွင် မျိုးစိတ်အမျိုးမျိုးတို့သည် ဤ စင်းမြို့တွင် နေထိုင်ကြလေသည်။
"ပဲတီစိမ်းတွေက ဘီလူးကြီးတွေပိုင်တဲ့ ဆည်းဆာ သစ်တောရဲ့အတွင်းပိုင်း လူသူမရှိတဲ့ လွင်ပြင်ကဖြစ်တယ်။ နေရောင်ခြည်ကအဲ့နေရာမှာနေ့တိုင်း ၁၆နာရီအထိ ရတယ်။ ပဲစိမ်းတစ်စီးက ပဲစေ့တစ်ရာသာထုတ်လုပ်နိုင်ပြီး အဲ့ထဲကမှရောင်းဖို့အတွက် အကောင်းဆုံး ဆယ်စေ့ကိုသာရွေးချယ်တယ်။သူတို့ကချိုပြီးတော့ အလွန်အရသာရှိတယ်"
"ပုစွန်တွေက ရော့အင်ပါယာရဲ့ အရှေ့မြောက်ဘက် စတယ်ရိုပင်လယ်ကနေလာတယ်။သူတို့က ဆိုရိုကျွန်းများမှာသာရှိတဲ့ ခရမ်းရောင်အဆင်းကျားပုစွန်များဖြစ်တယ်။ အဲ့နေရာမှာရှိတဲ့ရေတွေက အလွန်ရှုပ်ထွေးပြီးတော့ မကောင်းဆိုးဝါးရေသူမတွေရဲ့ခြောက်လှန့်ခြင်းကိုခံရတယ်။အဲ့နေရာမှာ ဘယ်သူမှ ငါးမဖမ်းရဲဘူး။ အဲ့ဒီကနေ တစ်နှစ်မှာ ပုစွန်အကောင်ရေ တစ်သိန်းသာ ထွက်ရှိတယ်။ သူတို့ရဲ့အသားက အရမ်းအရသာရှိတယ်။"
"ဆန်ကိုတော့ နတ်သူငယ်တွေပိုင်တဲ့
လေသစ်တောရဲ့အတွင်းပိုင်းလွင်ပြင်ကနေယူထားတယ်။ မြင့်မြတ်စမ်းချောင်းရဲ့မြေအောက်ကနေ ရေကို သွယ်ပြီးသွင်းပေးတယ်။ဓာတ်မြေဩဇာ ဒါမှဟုတ် ပိုးသတ်ဆေးလုံးဝမသုံးထားဘူး။မြေတမူမှာ စပါးသုံးရာဂျင်သာ ထွက်ရှိတယ်။
(တစ်မူသည် တရုတ်ဧရိယာယူနစ်တစ်ခုဖြစ်သည်။တစ်မူ = ၀.၁၆၅ဧက နဲ့ညီမျှသည်။ တစ်ဧကသည် အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၄၀၀၀ခန့်ရှိတသည်။)
စနစ်၏ပါးစပ်မှထွက်လာသော တစ်နေရာနှင့်တစ်နေရာဝေးကွာနေသောနေရာများ၏အမည်များနှင့် ထူးဆန်းသည့် စိုက်ပျိုးရေးနှင့်မွေးမြူနည်းပေါင်းစုံတို့ကို မက်ကနားထောင်နေခဲ့သည်။နား ထောင်နေသည်နှင့်အမျှ သူ့ပါးစပ်သည် တဖြည်းဖြည်းကျယ်လာလေသည်။
နယ်မြေအသိစိတ်အလွန်ပြင်းထန်သည့် ဘီလူးများ၏နယ်မြေတွင် ပဲတီစိမ်းစိုက်ပျိုးခြင်းကိုအသာထား ဆိုရိုကျွန်းများအနီးရှိနေရာသည် ကမ္ဘာပေါ်ရှိဘာမြူဒါ ကဲ့သို့သေစေနိုင်သော ရေများအဖြစ်နာမည်ကြီးပါသည်။ဧရာမနဂါးကြီးတွေတောင် အဲ့ဒီရေတွေထဲမှာပျောက်ကွယ်သွားလိမ့်မယ်လို့ လူတွေကပြောကြသည်။ စနစ်က အဲ့ရေတွေထဲမှာ ပုစွန်တွေကိုမွေးမြူနေတာလား။