T/N : ဒီအပိုင်းမှာ POVသုံးခုပါပါတယ်။ ပထမတစ်ခုက ဟေးလ်ရဲ့ POVပါ။ နောက်ဒုတိယကတော့ narratorရဲ့ POVဖြစ်ပြီး ကျန်တစ်ခုကတော့ ရူဒယ်ပါ။
------------------------
"ဟေးလ်"
"ဝါး!"
ကျွန်တော့်နောက်ကနေ လူတစ်ယောက်က ရုတ်တရက် ပုခုံးကိုလာကိုင်တော့ လန့်ပြီး အော်လိုက်မိသွားတယ်။ ကျွန်တော် အလျင်အမြန် လှည့်ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ ဆံပင်နီလေးနဲ့ စိတ်ထိခိုက်သွားရသလို အပြုံးက လာနှုတ်ဆက်တယ်။ ကာမန်။
"မင်းကဒီမှာ တစ်ယောက်ထဲ ဘာလုပ်နေတာလဲဟ?"
လူက မချင့်မရဲကို ဖြစ်သွားတာပဲ။ မဟုတ်သေးပါဘူး။ သူတို့တွေက ဒါမျိုးတွေ ခေတ်စားနေကြတာနေမယ်။ ရူဒယ်က အေးစက်နေတတ်တဲ့ဆိုတာတော့ သိပါတယ်။ လန့်သွားတာမို့ ရင်ဘတ်ကို အသာဖိပြီး ကာမန်ကို မကျေမနပ်ကြည့်လိုက်တယ်။ ကာမန်က သူ့ခေါင်းအနောက်ကို ရှက်ရှက်နဲ့ ကုတ်ရင်း ပြောလာတယ်။
"မဟုတ်ပါဘူး။ မင်းနဲ့ အီဗန်က အမည်မသိ အကြောင်းပြချက်တွေကြောင့် ထွက်သွားကြတတ်လို့လေ"
"ဟေး! မင်းက ငါ့ကို လန့်အောင်လုပ်နေတာလေ။"
"မင်းက ဘာကို လန့်နေရတာလဲ? လူတွေကို မသက်မသာဖြစ်ရအောင်"
"ကောင်းပါပြီကွာ။ မင်းအီဗန်ကို တွေ့သေးလား?"
"အီဗန်? မင်းကဘာလို့ သူ့ကိုရှာနေရတာလဲ?"
ကာမန်က ပဟေဋိဖြစ်နေတဲ့ အမူအရာလေးနဲ့ ခေါင်းလေးစောင်းလိုက်ပြီးမှ သူတစ်ခုခုကို သတိရသွားသလိုမျိုး လက်ခုပ်တီးလိုက်တယ်။ သူများ အီဗန်ဘယ်မှာရှိမလဲ သိမလားဆိုပြီး နားစွင့်လိုက်တယ်။ ကာမန်က အောင်ပွဲရသလို ပြုံးလိုက်တယ်။
"ငါသိပြီ"
"ဘာကိုလဲ?"
"မင်းတို့ကောင်တွေ အချစ်ရန်ပွဲလေး နွှဲထားတာမလား?"
"ဘာကိုချီးစကားတွေလဲဟ?"
သူ့ဆီကနေ တစ်ခုခု မျှော်လင့်မိတာ ကျွန်တော် မှားတာပါပဲ။ ကျွန်တော် သူ့ကို သနားစဖွယ်လေးလို့ ကြည့်လိုက်တာမြင်တော့ ကာမန်က ဒေါသထွက်သေးတယ်။
"ဒါမှမဟုတ်လည်း မင်းငါ့ကို အဲ့ဒီ့ချီးလိုအမူအရာနဲ့ ကြည့်နေတာ ရပ်ပေးပါလား ဟမ်? ငါ့ရဲ့ ယိုင်နဲ့နဲ့ စိတ်ခံစားချက်လေးက ဒီလိုနဲ့ ပြိုကွဲသွားမယ် ထင်နေတာလား?"
"အီဗန်ဘယ်မှာလည်းဆိုတာ မသိရင်လည်း ဖယ်စမ်းကွာ။ ငါအလုပ်ရှုပ်နေတယ်"
အရေးမကြီးတဲ့ စကားတွေက အချိန်ကုန်စေတယ်။ အဲ့တာနဲ့ လက်ချင်းဆွဲ နှုတ်ဆက်လိုက်ပြီး ဆေးပေးခန်းကို သွားဖို့ လှည့်လိုက်တဲ့အခါ ကာမန်က နှုတ်ခမ်းဆူလာပြီး ကျွန်တော့်ကျောပေါ်မှာ တွယ်ကပ်နေတယ်။
"ကလေးလိမ္မာလေးရေ။ ဒီရက်ပိုင်း အသင်းက အခြေအနေမကောင်းတော့ ငါဘယ်လောက်ပျင်းရသလဲ သိရဲ့လား?"
"ငါသွားပြီကွာ"
"ဟေး! ငါလည်း သွားမှာပဲကို။ အီဗန်ကို ရှာမယ်! အဲ့တာက ရုပ်ရှင်ကားနာမည်နဲ့ မတူဘူးလား?"
ပတွတ်ပတွတ်ရွတ်နေတဲ့ ကာမန်ကို ချန်ခဲ့ပြီး ထွက်သွားလိုက်တယ်။ အဲ့ကောင်ကို လျစ်လျူရှုလိုက်တာကမှ အဖြေပဲ။ သူကတော့ ကျွန်တော်တို့ အတူတူသွားပြီး အီဗန်နောက် မြန်မြန်လိုက်သင့်တယ်တဲ့။ 'မင်းငါ့ကို လိုက်လာဖို့ မပြောရင်တောင် ငါလိုက်လာမှာပဲ'တဲ့လေ။ အင်း စဉ်းစားကြည့်တော့လည်း မဆိုးပါဘူး။ တစ်ယောက်ထဲ သွားတာထက် အတူတူသွားတာ ပိုကောင်းမယ်။
"ဟမ်? ဒါက စာသင်ခန်းဖက်လည်း မဟုတ်ဘူးရော်"
ကာမန်က ကျွန်တော့်နောက် လိုက်လာရင်း သိလိုစွာ ပြောလိုက်တယ်။
"မင်းအီဗန်ကို သွားရှာမှာ မဟုတ်ဘူးလား? အဲ့တာဆို အဲ့ဒီ့ဖက်(စာသင်ခန်း)ကို သွားရင် ပိုမကောင်းဘူးလား?"
အဲ့ဒီ့စကားကြောင့် ဆေးပေးခန်းဆီသွားနေတဲ့ ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အချိန်တစ်ခုစာလောက်ကတည်းက ကျွန်တော်တုံ့ဆိုင်းနေခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်သာ ဟောပြောပို့ချခန်းကို အရင်မသွားရင် ဆေးပေးခန်းကို သွားတာ ပိုမကောင်းဘူးလား?
"...အဲ့လိုလား?"
"ဟုတ်တယ်။ မင်း ခဏနေရင် ဟောပြောပွဲတစ်ခု ရှိတယ်မဟုတ်လား? အဲ့ဒီ့ချီးလို စီးပွားရေးလေ"
"အင်း၊ အဲ့ဒီ့မှာ မရှိရင်တော့ မင်းအခြားနေရာမှာ ကြည့်ပေါ့"
ကာမန်က ထပ်ပေါင်းပြောလိုက်ပြီး လက်နောက်ပစ်ကာ ခေါင်းပေါ်တင်လိုက်ရင်း အေးအေးလူလူနဲ့ ထွက်သွားတယ်။ ကာမန်က စာသင်ခန်းဖက်ကို ဦးတည်နေတာ။ ဆေးပေးခန်းနဲ့ အနည်းငယ်ပဲ ကွာဝေးတာ။ ကျွန်တော် ဘာလုပ်ရမယ်မသိပဲ တုံ့ဆိုင်းနေတုန်း အဝေးရောက်နေပြီဖြစ်တဲ့ ကာမန်က လှမ်းခေါ်တာကြောင့် ဆန့်တငင်ငင်နဲ့ သွားလိုက်ရတယ်။ "ဆေးပေးခန်း"လို့ ရေးထားတဲ့ အဖြူရောင် နာမည်ပြားကတော့ တဖြည်းဖြည်း ဝေးကွာသွားတယ်။
***
ဟေးလ်ဗာဒီက လှည့်ပြီး အခြားတစ်ဖက်ကို ထွက်သွားခဲ့တယ်။ သူ့(ဟေးလ်)ရဲ့ နောက်ကျောပြင်က လက်ညှိုးသာသာပဲ သေးတော့တဲ့အခါမှ တံခါးပွင့်လာတယ်။ ကောင်လေးတစ်ယောက်က အသံတစ်ချက်တောင် မထွက်စေရပဲ အပြင်ထွက်လာတယ်။ တွန့်ကြေမှုတွေမရှိပဲ သပ်ရပ်နေတဲ့ ဝတ်စုံ၊ ကျော့ရှင်းနေတဲ့ လည်ပင်းသွယ်သွယ်လေးနဲ့ မျက်နှာသွယ်သွယ်လေး။ အဲ့ဒီ့ကောင်လေး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ရဲ့ အနက်ရောင်ဆံပင်တွေက လှုပ်ရှားသွားတယ်။
သူက တံခါးဝကနေ ကြည့်နေပြီး ကောင်လေးရဲ့အကြည့် အဆုံးမှာ ဟေးလ်ဗာဒီက ရှိနေတယ်။ အာ။ သူက နှာမှုတ်သံ သေးသေးလေး လုပ်လိုက်တယ်။ ဟေးလ်ပဲ။
အဲ့ဒီ့ကောင်လေးက ရေရွတ်ရင်းကနေ နောက်လှည့်ကြည့်လိုက်တယ်။ ပြီးတဲ့နောက် အထဲမှာရှိနေတဲ့ တစ်ယောက်ယောက်ကို လှမ်းပြောလိုက်တယ်။
"ကျွန်တော် သွားလိုက်တော့မယ်"
ဆေးတစ်လုံးနဲ့ စာရွက်တော်တော်များများကို လက်ညှိုးနဲ့ လက်ခလယ်ကြား ညှပ်ကိုင်ထားရင်း ပြောလိုက်ပြီးနောက် တောက်တောက်ပပ ပြုံးပြလိုက်တယ်။
"ဒီဟာအတွက် ကျေးဇူးပါ"
မကြာခင်မှာပဲ တံခါးပိတ်သွားတယ်။ "ဆေးပေးခန်း"ဆိုတဲ့ နာမည်ပြားက တံခါးနဲ့ ရိုက်မိပြီး အက်ရာထင်သွားတယ်။ သူက ဟေးဗာဒီ နိုးမလာခင်မှာ အဆောင်ပြန်သွားသင့်တာကို နှောင့်နှေးသွားရတယ်။ သူ့နှုတ်ခမ်းပေါ်က အပြုံးဟာ နှင်းတွေအရည်ပျော်သလို ပျောက်ကွယ်သွားတယ်။ သူ့လက်ထဲက ဆေးကိုတော့ လွှင့်ပစ်လိုက်ပြီး စာရွက်တွေကိုတော့ အိတ်ကပ်ထဲ ထည့်လိုက်ရင်း အမြန်ထွက်သွားလိုက်တယ်။
ပိုင်ရှင်မဲ့သွားတဲ့ ဆေးကတော့ ကြမ်းပြင်ပေါ်မှာ လှိမ့်နေတယ်။
ဆေးပေးခန်းထဲမှာတော့ တစ်ခုခု ကျိုးပဲ့အက်ကွဲသွားသံကို ကြားနေရတယ်။ ကွဲနေတဲ့ ဆေးစင်တွေပေါ်ကနေ ဆေးတွေက ကြမ်းပြင်ပေါ်အထိ ကျနေတယ်။ နားမခံသာတဲ့ တပေါက်ပေါက်အသံ(ဆေးတွေအများကြီး ကြမ်းပြင်ပေါ်ကျတဲ့အသံ)က သူ့နားထဲကို ထိုးဖောက်လာတယ်။ ရွှေအိုရောင်ဆံပင်နဲ့ လူတစ်ယောက်က ဒေါသတကြီးနဲ့ စားပွဲကို လက်သီးဖြင့် ထိုးချလိုက်တယ်။ စုတ်ဖြဲခံထားရတဲ့ စာရွက်အပိုင်းအစတွေက လေထဲမှာ လွင့်သွားကြတယ်။ လှုပ်ရှားသွားတဲ့ စာရွက်အပိုင်းအစလေးက ကြမ်းပြင်ပေါ်ကျသွားပြီး စာရွက်ကျောဖက် ပေါ်လာတယ်။
"အဲ့ဒီ့မကောင်းတဲ့အကောင်က ဒါကို ဘယ်လိုသိတာလဲ?"
ပြီးတဲ့နောက် ထိုလူက ငုံ့ကိုင်းလိုက်ပြီး စာရွက်ပိုင်းလေးကို ကောက်လိုက်တယ်။ ရှုထောင့်တွေ၊ တည်နေရာတွေအကုန်လုံး မတူညီကြဘူး၊ ဒါပေမဲ့ ဆုတ်ဖြဲခံလိုက်ရတဲ့ စာရွက်ပိုင်းတွေအားလုံးမှာ ဟေးလ်ဗာဒီပုံ ပါနေတယ်။
"ငါက ကျောင်းသားတစ်ယောက်ကို နောက်ယောင်ခံလိုက်တော့ရော ဘာဖြစ်လဲ? ရွံ့စရာကောင်လား။ ကိုယ့်ကိုကိုယ် ပြောနေတာပဲ"
အမြဲလိုလို ဟေးလ်ဗာဒီကိုပဲ ကြည့်နေတတ်တဲ့ အဲ့ဒီ့အနက်ရောင်မျက်လုံးတွေကို သတိမထားမိဘူးဆိုတာ မဖြစ်နိုင်ဘူး။ မြွေ၊ မြွေချင်း ခြေမြင်တယ် ပြောရမလား? အခုတော့ အမှိုက်ဖြစ်လာတဲ့ စာရွက်ပိုင်းက မကျေမနပ်ဖြစ်စွာ လုံးခြေခံလိုက်ရတယ်။
***
ကျွန်တော်ဒီမနက် ဆေးပေးခန်းကိုရောက်တော့ တံခါးက ပွင့်နေပြီ။ ကျွန်တော်မနေ့က တံခါးသော့ပိတ်ခဲ့ပါတယ်။ ကျွန်တော်ခေါင်းလေးစောင်းလိုက်မိပြီး တံခါးလက်ကိုင်ကို လှည့်လိုက်တယ်။ ပြီးတဲ့နောက် ကျွန်တော့်စားပွဲပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ ကောင်လေးကို မြင်လိုက်ရတယ်။
အီဗန်ပရီစတင်။
"ခင်ဗျားက အမြဲလာတာနောက်ကျတယ်နော်။ အခြားလူတွေကတောင် အလုပ်လုပ်နေပြီ"
ကျွန်တော့်ကို စောင့်နေသလိုမို့ ခြေတစ်လှမ်းဆုတ်လိုက်တယ်။ သူ့ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်မိသွားတယ်။
"မင်းဘယ်လို..."
ရူးချင်စရာ-
သံချောင်းတွေ ရိုက်မိပြီး မြည်သွားတဲ့အသံနဲ့အတူ အီဗန်ပရီစတင်က သူ့အိတ်ကပ်ထဲကနေ တစ်ခုခုထုတ်လာတယ်။ ငွေရောင်သော့တံတွေက သူ့လက်ကနေ တွဲကျနေတယ်။
"ကျွန်တော်က နာမည်ကောင်းရှိပါတယ်။ ကျွန်တော်က နေမကောင်းဘူးလေ၊ ဒါပေမဲ့ ဆေးပေးခန်းတံခါးက ပိတ်ထားတော့ စီမံခန့်ခွဲရေးရုံးက သော့အပိုငှားပေးလိုက်တာ။"
ဖော်ရွေစွာ ပြုံးပြနေတဲ့ အီဗန်ပရီစတင်ရဲ့အပေါ် မနက်ခင်းနေရောင်ခြည်တွေက ဖြာကျနေတယ်။ သူ့ဆံပင်အနက်ရောင်တွေက အလင်းရောင်ကို မမှုဘူး။ အဲ့ဒီ့အစား ပိုပြီးတောင် နက်မှောင်လာတယ်။ ပရီစတင်က မျက်လုံးမှေးကျဉ်း ကြည့်လိုက်တယ်။
"အဲ့ဒီ့တော့? ဘယ်နေရာက နာတာလဲ?"
"ကျွန်တော် ခေါင်းကိုက်နေတာ။ ခေါင်းကိုက်ပျောက်ဆေး သောက်ရင်ကောင်းမလား စဉ်းစားနေတာလေ"
သူက အကိုက်အခဲပျောက်ဆေး လိုတယ်တဲ့။ အဲ့လိုသာ ပြောနေပေမဲ့ သူ့ပုံစံက နေမကောင်းတဲ့ပုံလည်း မပေါ်ပါဘူး။ ဘယ်သူကများ ကြည်လင်ပြတ်သားနေတဲ့ အသံနဲ့၊ ကြည်လင်ပြတ်သားတဲ့အကြည့်ကို မြင်နေရရင် နေမကောင်းဖြစ်တယ်လို့ ထင်မှာလဲ?
"မင်းတကယ်ပဲ နေမကောင်းတာလား?"
"ဟုတ်တာပေါ့"
သူ့အသံက ဖော်ရွေပေမဲ့ အဲ့လိုက ထူးဆန်းတယ်။ သူ့မှာ မျက်နှာလှလှလေး ရှိတာကိုတောင် သူ့ကို မထိတွေ့ချင်ဘူး။ အဲ့တာက စိတ်ပိုင်းဆိုင်ရာ ခံစားမှုစရိုက်သဘာဝနဲ့ ငြင်းပယ်မှုကြောင့်ပဲ။ ပြီးတော့ သူ့စိတ်ခံစားချက်တွေက တစ်ဘဝလုံး တိတိကျကျ မှန်ကန်လာခဲ့တာ။
အဲ့တာက လေလုံးထွားတာ ဖြစ်မှာပါ။ ဘာတွေဖြစ်နေလဲ မသိပေမဲ့ သူဒီမနက်လာတာ ကျွန်တော့်ကို တွေ့ရဖို့ဆိုတာကတော့ သေချာတယ်။ ဟေးလ်ဗာဒီကြောင့် ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို အီဗန်ပရီစတင်က ဘယ်အရာကိုမှ မစွဲလမ်းပါပဲ အရိုးစွဲအောင် ပျော်ဝင်နေတာ။ သေချာပြုံးပြလိုက်ပြီး ဆေးအနည်းငယ် ထုတ်လိုက်ကာ ပစ်ပေးလိုက်တယ်။
"လာခဲ့လေ ရော့"
"ကျေးဇူးပါ"
အဲ့တာပြောပြီးတာတောင် အီဗန်က ထွက်သွားမဲ့အရိပ်အယောင် မပြဘူး။ ထူးဆန်းစွာပဲ ကျွန်တော်သူနဲ့အတူ ရှိနေရင် ညစ်ပတ်သလို ခံစားရတယ်။
"ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်မင်းကို ထွက်သွားလိုက်စေချင်ပြီ။ ကိုယ်က နည်းနည်းအလုပ်များတယ်လေ"
ငါမင်းကို ပြောချင်တာကတော့ ဒီကနေ တတ်နိုင်သမျှ မြန်မြန်သေသေချာချာ ထွက်သွားဖို့ပဲ။ ဒါပေမဲ့လည်း ကျွန်တော့်အနေနဲ့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့အီဗန်အပေါ် ကြမ်းကြမ်းတမ်းတမ်း ပြောလို့မရဘူး။ ပရီစတင်သာ အဲ့လိုမလုပ်ခဲ့ရင် ချောချောမွေ့မွေ့ပြီးသွားမှာ။
"အလုပ်များတယ်?"
"ဟုတ်တယ်၊ အဲ့တာကြောင့် အခု..."
"ကျွန်တော်ကတော့ ခင်ဗျားအလုပ်များတယ် မထင်ပါဘူး"
အီဗန်ပရီစတင်က သူ့လက်ကို နောက်ပို့လိုက်တယ်။ ပြီးတဲ့နောက် သူလိုက်တဲ့အရာကို မြင်လိုက်ရတဲ့ ကိုယ့်မျက်လုံးတောင် ကိုယ်မမြင်ချင်ဘူး။ အဲ့တာက ကျွန်တော်ဟေးလ်ဗာဒီအကြောင်း စုံစမ်းတုန်းက ပုံပဲ။
ဟေးလ်ဗာဒီကို မြင်လိုက်တဲ့အချိန်တိုင်း ကျွန်တော့်နှလုံးသားက ခုန်လာတယ်။ ပြီးတော့ ကျွန်တော် သူ့ကိုတစ်နေရာရာမှာ ခဏခဏမြင်ဖူးတယ်ဆိုတဲ့ ခံစားချက်ကြီးကို ဖျောက်မရဘူး။ အဲ့ဒီ့မျက်နှာသာဆိုရင် ကျွန်တော် တစ်ခါလောက် မြင်ရုံနဲ့ မှတ်မိနိုင်ပေမဲ့ ထူးဆန်းစွာပဲ မမှတ်မိပြန်ဘူး။ အီဗန်ပရီစတင်ကိုလည်း အတူတူပဲ။ သူ့ကိုကျ ဘာလို့ မစုံစမ်းခဲ့လဲ ဆိုရင်တော့ သူ့မျက်နှာကိုကျ မမြင်ချင်လို့ပဲ။
ဒါပေမဲ့ ပုံတွေက ဒီနေရာက ရတာမဟုတ်ဘူး။ ဘာလို့ဆို ဒီပုံတွေကို ကျွန်တော်ပဲ သိတဲ့နေရာမှာ သိမ်းထားလို့ပဲ။ ဒါပေမဲ့ ဘာလို့သူက ကိုင်ထားရတာလဲ?
"ကိုယ်အားနေရင်တော့ ဒီလိုမျိုးတွေ ရိုက်တတ်တယ်လေ"
သိမ်မွေ့တဲ့ အပြုံးလေးတစ်ခုနဲ့ အီဗန်က ပုံတစ်ပုံကောက်ယူလိုက်တယ်။ ပြီးတဲ့နောက် သူက အဲ့ပုံကို စာနာခြင်းအလျဉ်းမရှိ ဆုတ်ဖြဲပစ်တယ်။
"မင်း၊ မင်းအဲ့တာကို ဘယ်ကရတာလဲ...!"
"ကျောင်းဝန်ထမ်းတစ်ယောက်က ကျောင်းသားတစ်ယောက်ကို နောက်ယောင်ခံလိုက်ရင် ဘာဖြစ်သွားမလဲ? ခင်ဗျားက ဒီလိုပုံတောင် ရိုက်လိုက်သေးတယ်"
"...အဲ့ဒီ့တော့ ဘာဖြစ်လဲ"
ကျွန်တော် အော်လိုက်ပြီး အီဗန်ပရီစတင်ရဲ့ ကော်လံကို ဆောင့်ဆွဲလိုက်တယ်။ ခန္ဓာကိုယ်ပိန်သွယ်သွယ်လေးက ပါလာတယ်။ ကြင်နာသနားတတ်သလို ဆက်ပြီးဟန်ဆောင်စရာ မလိုတော့ဘူး။ အခု ကျွန်တော့်ရှေ့မှာရှိနေတဲ့လူက ရန်သူပဲ။ သူ့လည်ပင်းက တင်းကြပ်နေတာတောင် မျက်တောင်တစ်ချက်မခတ်တဲ့ အီဗန်ပရီစတင်က ပြုံးနေတုန်းပဲ။
"ရူးပြီပဲ"
"မရှက်ပါနဲ့။ ပြောပါကွာ။ မင်းဘယ်ကနေ ရှာတွေ့တာလဲ..."
အဲ့အချိန်မှာပဲ အီဗန်ပရီစတင်က ကျွန်တော့်ရဲ့ ass*ကို ခြေထောက်နဲ့ ကန်လိုက်တယ်။ ဟေးလ်ဗာဒီတို့**နဲ့ ယှဉ်လိုက်ရင်တော့ အားပျော့ပေမဲ့ အဓိကနေရာကို ထိသွားတာကြောင့် သက်ပြင်းရှိုက်လိုက်ရတယ်။ ကျွန်တော့်မေးစေ့ကို ဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ ကျွန်တော့်မျက်လုံးရှေ့မှာတော့ ပြာဝေလာလိုက်၊ ကြည်လင်လာလိုက်ပဲ။
(T/N :*ဒီနေရာမှာကျ assလို့ ရေးထားပေမဲ့ ရူဒယ်က သူ့မေးသူ ကိုင်ပြီး ထိုင်ချလိုက်တယ်တဲ့။ မှားမယ်ထင်တာပဲရော် **ဒီနေရာမှာကကျ ဟေးလ်နဲ့ nanaလို့ ရေးထားတာ။ ဒါပေမဲ့ Nanaကို မသိတာမို့ ဟေးလ်တို့လို့ပဲ ရေးလိုက်တယ်ဗျ။ Gomenne)
"မင်း...။ ဒီအတွက်နဲ့..."
ကျွန်တော် တုန်ယင်နေလည်း အော်ပြောလိုက်တယ်။ ကျွန်တော် အဲ့ဒီ့လည်ပင်းလှလှလေးကို ချက်ချင်းချိုးပစ်လိုက်ချင်ပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က လှုပ်မရဘူး။ အီဗန်ပရီစတင်က စားပွဲပေါ်ကနေ ခုန်ဆင်းလာပြီး ဟေးလ်ပုံ အနည်းငယ်ချန်ကာ အကုန်ဆုတ်ဖြဲလိုက်တယ်။ စာရွက်တွေက လေထဲမှာ လွင့်မြောသွားတယ်။
"အာ့...!"
အီဗန်ပရီစတင်က ကျွန်တော့်မေးစေ့ကို ကိုင်ထားတဲ့ ကျွန်တော့်လက်ကို သူ့လက်နဲ့ ချုပ်ကိုင်လိုက်ပြီး လက်ဆစ်တွေကြားထဲ ဖိလိုက်တယ်။ လက်ချောင်းတွေက ထူးဆန်းတဲ့ထောင့်မှာ ကွေးသွားတာကြောင့် အော်ညည်းသံထွက်လာတဲ့အခါပဲ။
အီဗန်ပရီစတင်က ကျွန်တော့်ပါးစပ်ကို ပိတ်လိုက်တယ်။ အဲ့တာကြောင့် မထင်ရှားတဲ့ ခြေသံဖွဖွလေးပဲ ကျန်ခဲ့တယ်။
"ရှူး"
မွန်းကြပ်လုမတက် နာကျင်မှုကနေ အသံတစ်ခု ကြားလိုက်ရတယ်။ အနီးကပ်လာပြီးမှ ပြန်ဝေးကွာသွားတဲ့ အသံက ဟေးလ်ဗာဒီပဲ။ ကျွန်တော် ရုန်းကန်ရင်း ရုန်းကန်တယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုယ်က အခုထိ ထိတ်လန့်ရာကနေ မလှုပ်ရှားနိုင်သေးဘူး။
"ကျွန်တော်က ကျွန်တော့်ရဲ့ ဒီဖက်ခြမ်းကို ဟေးလ်ရှေ့မှာ မပြမိဖို့ ဆုံးဖြတ်ထားတာ။ ဒါကြောင့် တိတ်တိတ်လေးနေလိုက်"
Part - {27} The End~
January 22, 2022
T/N : OCလေးလည်း ဖတ်ကြည့်ကြပါအုန်းလို့ အဟင့် ಥ‿ಥ
Thanks for reading~
By Ophelia ♡。