မတျလကုန်ပြီး ဧပြီလထဲဝင်လာတာနဲ့
တစ်နှစ်ပတ်လုံးမှာအမျှော်ဆုံးဖြစ်တဲ့ သင်္ကြန်ပွဲတော်နဲ့ ပိုပို နီးကပ်လာပြီဖြစ်သည်
သင်္ကြန်တွင်းရုံးပိတ်ရက်မတိုင်ခင် ဧပြီလဆန်းလောက်တွင် ရုံးသင်္ကြန်ဟူ၍ နှစ်စဉ်ကျင်းပလေ့ရှိသည် ဒါကလည်းအထူးတဆန်းတော့မဟုတ်ပါ တက္ကသိုလ်တွေလဲ ကျောင်းသင်္ကြန်ဆိုပြီး သူတို့ကျောင်းထက် ငါတို့ကျောင်းကသာရမယ်ဆိုပြီး ငွေကုန်ကြေးကျခံကာ ရှယ်ကျင်းပကြသည်လေ လူကြီးပိုင်းတြွေဖစ်တဲ့ ဝန်ထမ်းတွေအတွက်ကတော့ ရုံးသင်္ကြန်ဆိုသည်ကား စားပွဲသောက်ပွဲကြီးတစ်ခုလိုပင်ဖြစ်သည် သူတို့ဌာနကကျွေးတာထက် ငါတို့ဌာနကကျွေးတာ ပိုကောင်းတယ်ကွ ဆိုသလို မုန့်ဟင်းခါး ကြာဇံချက် ခေါက်ဆွဲကြော် ကြာဇံကြော် ဒံပေါက် စသဖြင့် တစ်ဌာနနဲ့တစ်ဌာန မတူအောင်ချက်ပြီး ဝေကြသည်
မေ တက္ကသိုလ်တက်တုန်းက ကျောင်းသင်္ကြန်ဆို ဘယ်တုန်းကမှမသွားခဲ့ပါ
အစတုန်းကတော့ရှက်လို့အဖော်မရှိလို့မသွားဖြစ်ခဲ့ပေမဲ့ အတန်းကြီးလာတော့ သွားချင်သလိုလိုရြှိပန်တော့လဲ အိမ်ကလူကြီးတွေက ပေးမသွားပါ ထို့ကြောင့်ကျောင်းသင်္ကြန်ဆို ဘာမှန်းကိုမသိခဲ့တာဖြစ်သည်
အခုရုံးသင်္ကြန်ကိုတော့ မေစိတ်လှုပ်ရှားမျှော်လင့်မိသည် မေတို့ဌာနက ဒီနှစ်
အချိုပွဲပုံစံလိုမျိုး ပေါင်မုန့်အုန်းနို့စမ်းနဲ့ မုန့်လုံးရေပေါ်ကျွေးမှာဖြစ်သည်
"နက်ဖြန်တော့ ပျော်စရာကြီးပေါ့မေရယ်
အလုပ်လဲမလုပ်ရဘူး မိုက်တယ်ဟေ့ "
"ဒါနဲ့ ဆရာခန့်တို့ဌာနက ဒီနှစ်ဘာကျွေးမှာတဲ့လဲ"
"ကြာဇံချက်တဲ့ မကျူး"
"ဟား ပူပူလောင်လောင်နဲ့ မီးဖိုနားမှာသေပေရော့ဘဲ ကြက်သားကိုင် ကြက်သွန်ဆီသတ်နဲ့ရှုပ်ပါ့ ဆရာခန့်တော့ဒီနှစ်လဲသေပြီဆရာဘဲ "
"ဟင် ဘာဖြစ်လို့လဲ"
"မေ မသိဘူးလား နှစ်တိုင်း ရုံးသင်္ကြန်ဆို ဆရာခန့်က သူတို့ဌာနအတွက် အမြဲချက်ပေးတယ်လေ မနှစ်ကဆို မုန့်ဟင်းခါးချက်တာ စားတဲ့သူတွေကတော့ ကောင်းလို့ အိမ်တောင်သယ်သွားကြတယ်တဲ့ ဒါပေမဲ့ ချက်တဲ့သူတွေကတော့ ပင်ပန်းလွန်းလို့စားတောင်မစားနိုင်ကြပါဘူးဟယ် "
"အယ် ဆရာက အဲ့လို အများစာချက်တတ်လိမ့်မယ်လို့ထင်မထားဘူး"
"အမလေး ဆရာခန့်က အကုန်ရတယ် ထမနဲဆိုလဲ ဆရာခန့်စီမံတဲ့နှစ်ဆို BQ Sectionက ထမနဲ ဘယ်သူမှမမှီဘူး
မေတော့ ကံကောင်းလိုက်တာ ဒီလိုယောက်ျားမျိုးရမှာ အားတောင်ကျတယ်ဟယ် "
"အို မကျူးကလဲ ဘယ်သူက ယူမယ်ပြောရသေးလို့လဲ "
"ဒီလိုလူမျိုးကိုတောင် ငြင်းချင်သေးတာလားအစ်မတော်"
"မသိသေးပါဘူး မကျူးရာ အဲ့ဒါတွေစဉ်းစားဖို့စောပါသေးတယ်"
"အမယ် ဘာလဲ သုံးနှစ်သုံးမိုးတွဲမလို့လား
နင်က ကိစ္စမရှိပေမဲ့ ဆရာခန့်က အိမ်ထောင်ပြုရမဲ့အရွယ်ရောက်လို့ ဟိုးဘက်တောင်လွန်နေပြီနော်
အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ယောက်လုံး
ငယ်တုန်းသန်တုန်းယူရတယ် မဟုတ်ရင် ကလေးက ငယ်သေး ကိုယ်ကအသက်ကြီးမလုပ်နိုင်တဲ့အချိန်ဖြစ်ပြီး အဲ့မှာ ဒုက္ခကစတော့တာဘဲ ငါတို့အဖေ အမေလို့ပေါ့ ငါအခု၂၈နှစ်ဆိုပေမဲ့ ငါ့အဖေဆို ၆၇နှစ်တောင်ဖြစ်နေပြီ အကိုလေးတို့မိသားစုသာ အတူတူမနေပေးရင် ငါအလုပ်လုပ်ရမှာတောင်မဟုတ်ဘူး မိဘပြုစုပြီးအိမ်မှာဘဲထိုင်နေရမှာ "
"အင်းပါ မကျူးကလဲ
မကျူးဆိုလိုတာ မေနားလည်ပါတယ်
ဒါပေမဲ့ မေလွတ်လွတ်လပ်လပ်နေချင်သေးတယ် "
"အေးဟဲ့ အဲ့ဒါတော့ဟုတ်တယ် ငါဆိုအခုဖလန်းဖလန်းနဲ့ နေပေမဲ့ ငါ့ယောင်းမဆိုငါ့ထက်တောင်ငယ်သေး ကလေးတွဲလောင်းတွဲလောင်းနဲ့ ဘာမှလုပ်မရ ဘယ်မှလဲသွားမရနဲ့ မွန်းကြပ်စရာ"
"အဟွန်း အစ်မကြီးနော် ခုနကဘဲယူ ခုကျ မယူတာကောင်းပြန်ရောနဲ့ အမျိုးမျိုး"
"အေးဟေ့ ဘာမှ မလုပ်ဘဲ လင်ယူလို့ရရင်ကောင်းမယ် အဲ့တာဝန်တွေ ဝတ္တရားတွေသာမရှိရင် ယောက်ျားရတာ ပျော်စရာကြီးပါ"
"ဟားးဟား မကျူးကတော့ မသိရင် သူယူဖူးတာကျနေတာဘဲ "
"နင်ကလဲ စကားအဖြစ်တောင်ပြောမရဘူး"
"ဟားဟား"
◻️◻️◻️◻️◻️◻️◻️◻️◻️◻️◻️◻️
"ဟေ့ လုပ်ကြဟေ့ မရသေးဘူးလားစားချင်နေပြီဟ"
"အမလေး အခုမှစရမှာ လာတော့မကူဘဲ
စားချင်နေသေးတယ် လာခဲ့ အဲ့မှာ ကျောက်ကျောတြွေခစ် "
မုန့်လုပ်နေတဲ့နား လာပြောတဲ့ကိုစည်သူကို
မုန့်နယ်နေတဲ့ မနိုင်က ငေါက်လိုက်ကာ အတင်းအလုပ်ပေးတော့သည်
မေကတော့ ထန်းလျက် လှီးတဲ့တာဝန်နဲ့ အုန်းသီးခြစ်တဲ့တာဝန်ကို ယူထားရသည်
အလုပ်က အစ်မတွေ အကုန်စုကာ ပျော်ပျော်ပါးပါးကြီး စုလုပ်ကြသည်မို့ ပင်ပန်းသည်ဟု မထင်မိပါ
မိန်းကလေးတွေက မုန့်လုံးဖို့နဲ့ ပေါင်မုန့်အုန်းနို့စမ်းအတွက် အမယ်တွေ ပြင်တဲ့နေရာမှာတာဝန်ယူကြပြီး ယောက်ျားသားတွေကတော့ အုန်းနို့ကျိုတဲ့အိုး နဲ့မုန့်လုံးပြုတ်ဖို့အတွက် ရေနွေးအိုးတည်တဲ့နေရာမှာ စုနေကြသည်
မုန့်လုံးရေပေါ်ကလဲ တက်ညီလက်ညီ လုံးကြသည်မို့ သိပ်မကြာဘဲပြုတ်တဲ့နေရာကို
ပို့လိုက်ပြီဖြစ်သည်
ပေါင်မုန့်အုန်းနို့စမ်းအတွက်ကကျ အုန်းနို့ကျက်လျှင် ရပြီဖြစ်ကာ ပွဲပြင်ပေးဖို့သာ အလုပ်ရှိသည်
မေလဲ မုန့်လုံးရေပေါ်ဆယ်နေတဲ့အနားလေးသွားကာ ဗူးလေးနဲ့သွားတောင်းလိုက်သည်
ထို့နောက် ကိုယ့်ဘာသာကိုယ် သူများတွေဘယ်လိုလုပ်လဲကြည့်ပြီး ပေါင်မုန့်အုန်းနို့စမ်းလေးပြင်လိုက်ကာကော်ဗူးလေးထဲထည့်ပြီး တိတ်တိတ်လေး ကိုတို့ဌာနဆီထွက်လာခဲ့သည်
မေလဲ သူများဌာနဆီယောင်လည်လည်နဲ့ ဝင်လာကာ ကို့ကို ပတ်ရှာကြည့်လိုက်တော့
ဟော တွေ့ပါပြီ စွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးကိုဒူးလောက်ထိခပ်တိုတိုစည်းထားကာ မီးဖိုပြေးလိုက်
ကြက်သွန်တွေထွှင်လိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့ မေတို့ဌာနနဲ့မတူတာက ဟင်းချက်တဲ့နေရာမှာ ယောက်ျားလေးတွေများသည် ဟင်းကျက်မှသာ ထည့်ပေးဖို့ ဝေဖို့ကို မိန်းကလေးတွေက တာဝန်ယူထားပုံရသည်
ကြည့်နေရင်း မြင်ကွင်းထဲ မျက်စိဆံပင်မွှေးစူးစရာအဖြစ်က ဝင်လာတော့သည်
နဒီသော်ဆိုတဲ့ မိန်းမက ကို့နားကိုသွားပြီး
ယပ်တောင်ခပ်ပေးလိုက် ရေအတင်းတိုက်လိုက် လုပ်နေလေရဲ့
"ငါ့လူကို ဘာလာလုပ်နေတာတုန်း ဒီမိန်းမ"
တော်သေးတာကကိုက သူတိုက်တဲ့ရေလဲမသောက်ဘဲ မမြင်ချင်ယောင်ဆောင်ကာ
အလုပ်ဘဲကုန်းရှုန်းလုပ်နေလေသည်
မေလဲ ကိုအနားကို တိတ်တိတ်လေးသွားကာ ခေါ်လိုက်သည်
"ကို့ "
"ဟင် မေ့ ဘယ်လိုရောက်လာတာလဲ "
"ကို့ဆီ မုန့်လာပေးတာ လူကြီးဆီတောင်မရောက်သေးဘူး မေဉီးဉီးဖျားဖျားယူလာတာ ဟီးဟီး"
"အဟွန်း ဒီကောင်မလေးကတော့ကွာ ...."
မေရောက်လာကတည်းက မျက်စိမျက်နှာတွေပျက်နေတဲ့ မနဒီသော်ကို ကြည့်ကာ မေ့မှာ အကျင့်လေးနည်းနည်းယုတ်ချင်လာတော့သည်
မုန့်လုံးရေပေါ်တစ်လုံးကို တုတ်ကလေးနဲ့ထိုးယူလိုက်ကာ
"ကို့ အာ...."
"ဟင် "
ကိုက မေခွံ့တာစားရင်း တအံ့တသြကြည့်နေပေမဲ့ မေကတော့ ကိုယ့်အကြောင်းလေးနဲ့ကိုယ် ပေါင်မုန့်အုန်းနို့စမ်းပါ ထပ်ခွံ့လိုက်သည်
"ရော့ ဒါလေးပါ ထပ်စားကြည့်"
"ကောင်းတယ်မလား အဲ့ဒါမေလုပ်လာတာ "
"အဲ့ကြောင့်ထင်တယ် ချိုစိမ့်နေရော "
"ဟားးးး ဆရာခန့်တို့ကတော့ဗျာ အမောပြေ မုန့်လာကျွေးတဲ့သူနဲ့ ကျွန်တော်တို့တော့ရေတောင်ခပ်တိုက်မဲ့သူမရှိဘူး"
"ဟို မေအများကြီးယူလာပါတယ် အစ်ကိုတို့လဲစားပါအုံး "
"မရဘူး ဟိတ်ကောင်တွေ ဒါငါ့ဟာ စားချင်ရင် QC ဌာနကိုသွားတောင်းချေ "
"အို ကိုကလည်း ဘယ်လိုပြောနေတာလဲ အားနာစရာကြီး "
"ဘာဖြစ်လဲ ကိုယ့်ဟာကို မပေးနိုင်ပါဘူး
စားချင်ရင် သွားစားကြပေါ့"
"အောင်မလေး ကပ်စေးနှဲလိုက်တာဗျာ နေတော့ ဟိုကိုဘဲ သွားတောင်းစားတော့မယ် "
မုန့်ကို ကိုယ့်ဟာ ကိုယ့်ဟာနဲ့ ကလေးလို လုပ်နေတဲ့ ကို့ကြောင့် မေ့မှာ ရယ်လဲရယ်ချင် တစ်ဖက်ကိုလဲ အားနာရပြန်သည်
"ခဏလေးနော် မေ ကိုယ် မီးဖိုသွားကြည့်လိုက်အုံးမယ် "
"လုပ် လုပ် မေ့ကိုအားမနာနဲ့ မေ ဒီကြက်သွန်လေးတွေ ထွှင်ထားလိုက်မယ်လေ "
"နေပါဗျာ မေ မွှန်နေပါ့မယ် ကိုယ်ဘဲလုပ်မယ်ထား မပြန်သေးရင် ငြိမ်ငြိမ်လေးသာ ထိုင်နေ ဟုတ်ပြီလား "
"ဟုတ်"
ကို့ကိုပြောနေလဲ မလုပ်ခိုင်းမှာသိနေတာကြောင့် သူမီးဖိုနားသွားမှ ကိုယ့်ဘာသာ ကြက်သွန်ထွှင်ထားလိုက်သည်
မေ ကြက်သွန်ထွှင်နေရင်းမှ မျက်နှာသုတ်ပဝါတစ်ထည်နဲ့ ကို့အနားကိုသွားဖို့ပြင်နေတဲ့ မနဒီသော်ကို ဆက်ကြည့်မနေနိုင်တော့လို့ တည့်ပြောလိုက်တော့သည်
"မနဒီသော် မေ စကားလေး ခဏပြောချင်လို့ပါ "
"ဘာလဲ ငါနင်နဲ့ပြောချင်စိတ်မရှိဘူး"
"အဟွန်း မေလဲ ပြောချင်စိတ်မရှိပါဘူး ပြောစရာရှိနေလို့သာ ပြောရမှာ "
"ပိုင်ရှင်ရှိနေတဲ့သူတစ်ယောက်ကို မကပ်တွယ်သင့်ဘူးဆိုတာ မနဒီသော်ရဲ့ အုပ်ထိန်းသူတွေက သင်ပေးမထားဘူးလား"
"ဘာ နင်ဘာစကားပြောတာလဲ"
"မေဘာစကားပြောတာလဲဆိုတော့
အကြံပေးစကားပါ အိမ်ထောင်ရှိတဲ့သူနဲ့ ချစ်သူရှိတဲ့သူက ဘာမှမကွာဘူး ပိုင်သူရှိတာနဲ့ ဆိုင်သူရှိတာဘဲကွာတယ် အဲ့လိုသက်ဆိုင်သူရှိနေတဲ့သူကို လိုက်ကပ်နေတာ
မေသနားလို့မကြည့်ရက်တော့လို့ ပြောတာပါအခုအစ်မပုံစံက အရမ်းသနားဖို့ကောင်းနေတာသိလား သိက္ခာမရှိ အရှက်မရှိ မိန်းကလေးတန်မဲ့ တကောက်ကောက်လိုက်နေရတာ "
"ဘာပိုင်ရှင်လဲ ငါကမှ အစကတည်းက ကိုခန့်နဲ့ထိုက်တန်တဲ့သူဘဲ ငါနဲ့သူနဲ့လိုက်ဖက်တယ်ဆိုတာ တစ်ရုံးလုံးသိတယ် "
"ဟွန်းးးး အဲ့ဆို မေနဲ့ ဆရာနဲ့ ချစ်သူတွေဆိုတာလဲ တစ်ရုံးလုံးသိတယ်လေ အစ်မဘဲ မသိဖြစ်နေတာ ထင်တယ်
နောက်ပြီး ထိုက်တန်တယ်ဟုတ်လား
အစ်မကဘာနဲ့ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုထင်နေလဲမသိပေမဲ့ မေကတော့ ကို့အချစ်နဲ့ထိုက်တန်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သိပြီးသား "
"ဟွန်းးးးနင်သိလား ကိုခန့်သာငါနဲ့တွဲရင် သူ့ဘဝတက်လမ်းချည်းဘဲ ငါ့အဖေက DGဟောင်းလေ အဖေ့စကားတစ်ခွန်းနဲ့တင် ကိုခန့်ရာထူးတိုးဖို့အသာလေးရယ် နင့်မှာ ဘာရှိလဲ နင်က ကိုခန့်ကို ဘာလုပ်ပေးနိုင်လို့လဲ ဒီတိုင်း သာမန်အဆင့်ဘဲရှိတာများ "
"ဟုတ်တယ် အစ်မပြောသလိုဘဲမေ့မှာ ထူးထူးခြားခြားပိုင်ဆိုင်တာတော့မရှိဘူး အစ်မရဲ့ ကို့နှလုံးသားတစ်ခုတည်းပိုင်တာဆိုတော့လေ သိပ်တော့မများဘူး "
"နင်..."
"နောက်ပြီး ကိုကပြောဖူးတယ် သူ့အတွက် တက်လမ်းမလိုဘူး မေနဲ့အတူတူလျှောက်ဖို့လျှောက်လမ်းဘဲ လိုတာတဲ့
အဲ့တာကြောင့် အစ်မရဲ့တက်လမ်းကြီးက ကို့အတွက်အသုံးမလိုဘူးဖြစ်နေတယ် ပြန်သိမ်းထားလိုက်အုံးနော် လိုတဲ့သူကျမှ ပေးလိုက်သိလား "
"ချစ်မိတာအပြစ်မဟုတ်ပေမဲ့ မဆိုင်တာကိုပိုင်ချင်တာကတော့အပြစ်ဖြစ်သွားပြီ အစ်မအဆင့်အတန်း အစ်မအသိဥာဏ်နဲ့ ဆင်ခြင်နိုင်မယ်လို့ မေတော့ထင်တာဘဲ "
"အဲ့ဆို ကို့ဆီသွားလိုက်ပါအုံးမယ်နော် "
"တောက်ခ်"
ပြောပုံက ရှေ့ဆက်တိုးရင် ကိုယ်ကဘဲအဆင့်မရှိသလို အသိဥာဏ်မဲ့သလိုနဲ့
ပုံလေးက ရိုးသလို အသလိုနဲ့ တကယ့် လက်သည်းကုပ်ထားတဲ့ကျားမဘဲ
ကျောခိုင်းထွက်လာတဲ့ မေ့မှာတော့အပြုံးမျက်နှာနဲ့ ကျေနပ်အားရနေမိသည်
"ဟွန်း ဟန်သာမေ့အစ်မပါ တစ်ဖက်လူ ဒေါသထွက်သေအောင် ပြောတဲ့နေရာမှာတော့ မျိုးနဲ့ရိုးနဲ့တော်ပြီးသား
အိမ်မြှောင်လိုလာကပ်နေလို့ကတော့ တောက်ချပလိုက်မယ် ဘာမှတ်နေလဲ "
ကိုဟင်းအိုးမွှေနေတဲ့နားဆီသွားကာ တစ်ရှူးလေးယူပြီး ချွေးသွားသုတ်ပေးလိုက်သည်
"ကို့ မောနေပြီလား"
"အဟွင်း ခုနကမောပေမဲ့ အခုတော့အမောပြေသွားပါပြီဗျာ ချစ်သူလေးဂရုစိုက်တာခံလိုက်ရတော့ ဒီအိုးမျိုး နောက်ထပ်၁၀အိုးလောက်အသာလေးချက်နိုင်သွားသလိုခံစားရတယ် "
"အပိုတွေ ဒီတစ်အိုးတောင်ချွေးပြိုက်ပြိုက်ကျနေတာကို"
"မြည့်ကြည့်ပါလား ဘာလိုလဲလို့ "
"ခဏလေး ပူမယ် ကိုယ်မှုတ်ပေးမယ် "
"ရော့"
"အင်းးး ကောင်းတော့ကောင်းတယ် အချိုနည်းနည်းလိုသလိုဘဲ"
"အယ်ဟုတ်သား မေပြောမှ ကြက်သွန်ဥထည့်ဖို့သတိရတယ် ကောင်းရောကွာ
တော်ပါသေးရဲ့ ကြာဇံမထည့်ရသေးလို့
ကိုယ် သွားထွှင်လိုက်အုံးမယ် ခဏလေး"
"နေနေ မေခုနကထွင်ထားတယ် သွားယူလိုက်မယ်"
"အလိုက်သိလွန်းလို့ ချစ်လိုက်တာဗျာ "
"အမလေး အမလေး ချမ်းသီရိမေ ကိုယ့်ဌာနမှာကျ လာမကူဘဲ ဒီလာလုပ်နေတယ်ဟုတ်လား အေးအေးလူလူ မုန့်ပြင်ပေးတဲ့အလုပ်ကျ ထပြေးသွားပြီး ဒီမီးဖိုနားကျ လာလုပ်နေတယ် နေအုံး နေအုံး နောက်နှစ်ကျ အပူချက်ရတာရွေးပြီး နင့်မီးဖိုနားစောင့်ခိုင်းအုံးမယ် "
ကြက်သွန်ပြေးယူပြီး အိုးထဲထည့်နေတဲ့မေ့ကိုမေတို့ဌာနက မုန့်လာဝေတဲ့အစ်မတြွေမင်သွားပြီး အသားကုန်ဆူတော့သည်
မေလဲ ကြောက်ကြောက်နဲ့ သွားဖြီးပြလိုက်ရသည်
"ဟို ကျွန်တော်ကူခိုင်းလိုက်တာပါ မေ့ကိုမဆူပါနဲ့ဗျာ "
"အမလေး ဆရာခန့်တို့များ ကာပေးနေလိုက်တာ မသိခက်မယ်
လာခဲ့အုံး အစ်မတော် မုန့်လိုက်ဝေနေရတာနဲ့ မုန့်ပြင်ဖို့လူမလောက်ဘူး သွားကူချေ "
"ဟုတ် ဟုတ်ကဲ့ လာပါပြီ"
"ပြီးရင် မေပြန်လာခဲ့မယ်နော် ကို "
ကိုယ့်ကို ပြန်လာမယ်ပြောပြီး သူ့အစ်မတွေနဲ့ ကြောက်ကြောက်နဲ့ပြန်လိုက်သွားလေတဲ့
ချစ်ရသူကိုကြည့်ပြီး ခန့်တည်ပိုင်မှာ မပြုံးဘဲမနေနိုင်ဖြစ်ရသည်
.
မေ့မှာ စပ်ဖြီးဖြီးနဲ့ မုန့်ပြင်တဲ့နေရာပြန်လာကာ ဝင်ကူညီရသည် ဒါတောင်အစ်မတစ်ယောက်က မေ့ကိုအချွန်နဲ့ မသွားသေးသည်
"ဒီမှာ သစ္စာဖောက်ကို ပြန်ခေါ်လာပြီဟေ့
သူများဌာနသွားပြီး ကူလုပ်နေတာအဲ့မှာ
သူ့မှာ အလုပ်ရှားနေလို့ဖြစ်မယ် ခိုင်းလိုက်ကြပါအုံး "
"ဟားဟားဟား"
ထိုအစ်မစကားကြောင့်အကုန်လုံးဝိုင်းရယ်ကြတော့ မေ့မှာရှက်ရှက်နဲ့ ရီပြနေရသည်
အကုန်လုံးစားသောက်သိမ်းဆည်းပြီးလို့ ညနေစောင်းလာတော့မှ မေ့မှာ ကို့ဆီကိုပြန်ပြေးရသည်
ဟိုရောက်တော့ ကိုတို့လည်း ပြီးခါနီးပြီဖြစ်ကာ အိုးတွေဆေးကြောတိုက်ချွတ်နေကြသည်
"ကို့"
"ဟာမေ ရောက်လာပြီလား
ခဏစောင့်အုံးနော် ကိုယ်ပြီးတော့မယ် "
"အွန်း မေ့မှာ ပြန်သွားလိုက်ရတာ ကို ချက်တဲ့ကြာဇံချက်လေးတောင်မစားလိုက်ရဘူး"
"ဟားဟား ရှိပါတယ်ဗျာ ဟိုမှာမြင်လား ချိုင့်နဲ့ ကိုယ်ချန်ထားတယ် "
"အဲ့ကြောင့် ကို့ကိုချစ်တာ"
"ငလည်မလေး "
ကိုက အိုးမှာကပ်နေတဲ့အိုးမည်းတွေနဲ့ နှာခေါင်းကိုလာတို့တာကြောင့် မေ့မှာစိတ်တိုသွားရသည်
"ကို့ !!ပေကုန်ပြီ
မည်းကုန်ပြီကြည့်အုံး ကိုနော် မကျေနပ်ဘူး လာခဲ့ "
"ဟားဟား မေရာ အငြိုးကြီးလိုက်တာ ကိုယ်ကသေးသေးလေးတို့တာကို သူကျ အများကြီးပြန်သုတ်တယ်ကြည့်စမ်း"
"နေအုံး လာ..ပေနေတဲ့ဟာလေးတွေ ပြန်ပေးမယ် "
"မယူဘူး မယူဘူး မည်းကုန်လိမ့်မယ်"
"မယူလို့မရဘူး ချစ်သူဆိုတာအေးအတူပူအမျှတဲ့ လာ တူတူမည်းကြမယ်"
"မမည်းနိုင်ပါဘူး သူအရင်စတဲ့ဟာကို "
"မရဘူးကွာ လာ ထား"
ထို့နောက် မေတို့နှစ်ယောက်လုံး မျက်နှာတွေမည်းပေတူးနေကြကာ အဲ့ပုံစံအတိုင်း အိမ်ပြန်လာခဲ့ကြရသည်
ထိုနေ့က တစ်ယောက်ရုပ် တစ်ယောက်ကြည့်ပြီး ရီလိုက်ရတယ်ဆိုတာလဲ အူတောင်နာတယ်