BonJour
By FroKi__Kim
9.1K 735 145
one short {collection} jinkook kookjin Start...... Date___=4.1.2022 E... More
✨NeW yEaR✨<kookjin>
ချစ်သည်းညှာ <jinkook>
လွမ်းရိပ်ညို<kookjin>
မုန်း <kookjin>
မုန်း 2<kookjin>✔
chocolate for you🍫 (jinkook)
chocolate for you 🍫 ✔
အသည်းတစ်ခြမ်း «jinkook»
ကိုကိုတီးဖို့ဂီတာလေးရှိသည် (one short)
ကိုကိုတီးဖို့ဂီတာလေးရှိသည် (zawgyi)
Black & White Love "jinkook"
မုန်း✔ရာဇ၀င်
426 33 2
By FroKi__Kim
လွန်ခဲ့သောနှစ်လခန့်က
ဂျွန်ဂျောင်ကုနှင့်ကင်ဆော့ဂျင်ဆိုတာ
အရမ်းချစ်ကြတဲ့ချစ်သူတွေ၊
ဂျောင်ကုငယ်ငယ်တည်းကမိဘနှစ်ပါးက
ကွဲခဲ့ကြပြီး
ဂျောင်ကုကအမေနဲ့လိုက်နေရတယ်။
တစ်နေ့မှာတော့ဂျောင်ကုအမေဟာသူ့ကို
အကြွေးတွေနဲ့ထားခဲ့ပြီး
ထွက်ပြေးသွားခဲ့သည်။
ဂျောင်ကုဟာအကြွေးတွေကိုပတ်ရှောင်ရင်း
တစ်နေ့မိဘမဲ့ဂေဟာလေးတစ်ခုက
မွေးစားခဲ့ကာ
ဂျောင်ကုဘ၀နစ်ခဲ့ရသည်။
ဂျောင်ကုအရွယ်ရောက်တဲ့အခါမှာတော့
မိဘမဲ့ဂေဟာမှ
ထွက်လာခဲ့ကာသူ့ဘ၀ပေါ်ရပ်တည်ခဲ့သည်။
ကံမကောင်းကြောင်းမလှဆိုသလို
ဂျောင်ကုဟာ
အလုပ်လည်းမတည်မြဲခဲ့သလို
ဆိုးသွမ်းသည့်လူမိုက်လေးဖြစ်တာကြောင့်
ဘယ်သူမှမကူညီချင်ကြပေ၊
ထို့ကြောင့်ဂျောင်ကုက
ရရာအလုပ်ကိုလုပ်ဖို့ရာကြိုးစားခဲ့သည်။
တစ်နေ့တွင်တော့
ဂျောင်ကုအလုပ်တစ်ခုရခဲ့သည်။
ထိုအလုပ်ကလည်း
ချူစားသည့်အလုပ်ဖြစ်ခဲ့တာ၊
မတတ်သာလို့လုပ်ရပင်မယ့်ဂျောင်ကုထိုအလုပ်ကိုမလုပ်ချင်ပါ၊
မွန်းကျပ်လွန်းတယ်။
ဒီလိုနဲ့ဂျောင်ကုဟာထိုလောကထဲရောက်လာပြီးစိုပြေလာခဲ့သည်။
မလုပ်ချင်ပင်မယ့်နည်းနည်းလေး
ကြာလာတဲ့အခါနေသားကျသွားတာကြောင့်
အဆင်ပြေလာတယ်ပြောရမည်။
ထိုလောကအတွင်းဂျောင်ကုကိုမသိသူမရှိ
သိရက်သားနဲ့ကို
ဂျောင်ကု့ဆီသူဌေးမမတွေညီမလေးတွေက
လာရောက်ဆက်နွှယ်ကြခြင်းဖြစ်သည်။
ထိုသို့ပင်မက
အရွယ်ခပ်ငယ်ငယ်ကောင်လေးတွေကပါ
ဂျောင်ကုအနားကပ်လာတတ်သည်။
ဂျောင်ကု
ထိုသို့ဖြတ်သန်းလာခဲ့တာ
၂နှစ်ပင်ဖြစ်ချေပြီ၊
အိမ်လေးတစ်လုံးနှင့်ကိုယ်ပိုင်စားသောက်ဆိုင်
လေးလည်းဖွင့်ထားနိုင်ပြီဖြစ်လို့
ဂျောင်ကုထိုလောက ကနေနှုတ်ထွက်လိုက်သည်။
ဒါတောင်ဂျောင်ကုအနားမှာ
တစ်ခါတစ်ခါအလုပ်လာရှုတ်တတ်ကြသည့်
လူတွေလည်းရှိတတ်သေးသည်။
တစ်နေ့တွင်တော့
ဂျောင်ကု၏
တစ်ဦးထဲသောဘ၀လေးကို
ဆော့ဂျင်ဆိုသည်ပန်းချီဆရာလေးက
ဆေးရောင်လာလာခြယ်လေ့ရှိလာတော့သည်။
ဆော့ဂျင်သည်
တစ်ဦးတည်းသောသားလေးဖြစ်သည့်အပြင်
မိထွေးနှင့်နေရသူဖြစ်သည်။
ဆော့ဂျင်နှင့်သူ့မိထွေးသည်မတည့်ကြပေ၊
ဒါ့ကြောင့်အိမ်ပေါ်ကဆင်းလာကာ
ကွန်ဒိုတိုက်ခန်းတစ်ခန်းတွင်
နေထိုင်လေသည်။
ပနိးချီဆရာလေးက
ဂျောင်ကု၏ဆိုင်ခန်းလေးကိုလာလာနေကြဖြစ်ပြီးဂျောင်ကု၏ပျောက်ဆုံးနေသော
နှလုံးသားလေးအားအဆမတန်ခုန်ပေါက်စေ
လေသည်။
ကြာလာတဲ့အခါရင်းနှီးကျွမ်း၀င်မှုကတစ်ဆင့်
ဂျောင်ကုအစပျိုးခဲ့သည်။
၂လလောက်အကြာချစ်ပါသည်ဆိုလာသော
ဆော့ဂျင်ကြောင့်ဂျောင်ကု
ဆော့ဂျင်၏ကိုယ်လေးအားတင်းကြပ်နေအောင်ပွေ့ဖတ်ရင်း
ချစ်တယ်ဟုတစ်ဖွဖွပြောခဲ့သည်။
ချစ်သူသက်တမ်း
1နှစ်ပြည့်လေတော့အနှောင့်အယှက်များက
ချစ်သူနှစ်ဦးကြားရောက်လာလေတော့သည်။
"တွေ့ကြရအောင်ကောင်လေး
***ကော်ဖီဆိုင်မှာတွေ့မယ်"
ဆော့ဂျင်၏မိထွေးဖြစ်သူ
လီယူနာကဂျောင်ကုဘက်သို့လာရောက်ဆက်
သွယ်လာတာဖြစ်သည်။
ဘာကိုမှဂရုမစိုက်တတ်တဲ့ဂျောင်ကုက
ဆော့ဂျင်နဲ့ပတ်သက်လာရင်အလိုလိုအင်အားနည်းသွားရသည်။
ဘာပြောပြော
ဆော့ဂျင်စိတ်ချမ်းသာဖို့ပဲသူလုပ်မည်ဟု
တွေးကာ
လီယူနာ၏အခေါ်ရှိရာဂျောင်ကုသွားရောက်ခဲ့သည်။
လီယူနာသည်
ကင်မိသားစု၏အမွေအားလုံးအားအပိုင်စည်း
ရန်သူမကြံစည်ခဲ့သည်။
ဆော့ဂျင်အဖေ
ကင်ဂျွန်ယောင်းကသူမ၏လှို့၀ှက်ချက်များကို
သိသွားသည်ဖြစ်ရာ
သူ့သားဖြစ်သူဆော့ဂျင်အား
အိမ်ထောင်ချပေးရန်တိတ်တဆိတ်စီစဥ်ခဲ့သည်။
ဒါကိုသူမ သိလေတော့
မရရတဲ့နည်းနဲ့လိုက်ဖြတ်ကာဆော့ဂျင်ကို
ပေးမသိစေခဲ့ပေ။
ဆော့ဂျင်ကချစ်သူရသွားတဲ့အခါသူမသည်
ဂျောင်ကု၏
အကြောင်းကိုလိုက်လံစုံစမ်းခဲ့သည်။
ဂျောင်ကု၏နောက်ကြောင်းကို
စုံစမ်းသိရှိသွားတဲ့အခါတွင်တော့ယူနာသည်
ထိုသူနှင့်ပြတ်စေရန်
နည်းလမ်းကောင်းရှာတွေခဲ့သည်လေ။
"ထိုင်အုံး ကောင်လေး
ဘာသောက်မလဲ?"
"မသောက်တော့ဘူးယူနာရှီး"
"အိုကေလေ"
ယူနာ၏မျက်နှာလေးသည်
အလွန်တတ်ကြွကာပျော်နေဟန်ပင်၊
ဂျောင်ကုကတော့
ထိုင်ခုံတွေထိုင်ကာယူနာပြောမည့်စကားများ
အားနားထောင်နေလိုက်သည်။
"တို့ ဘာလို့မင်းကိုခေါ်ရလဲလို့မင်းထင်လဲ"
"ကို အာ အစ်ကို့ကြောင့်လားမဒမ်"
"ဟက် အင်း တို့ပြောမှာကိုမင်းသေသေချာချာနားထောင်စေချင်တယ်"
"ဟုတ်ကဲ့ပါမဒမ်"
ယူနာသည်
ညိုးနွမ်းသောမျက်နှာထားအားပြင်ဆင်လိုက်ရင်း
"ဆော့ဂျင်လေးရဲ့အကြောင်းကို
မင်းမသိသေးဘူးနဲ့တူတယ်"
"ဗျာ"
ဂျောင်ကုမျက်လုံး၀ိုင်းဆက်သွားသည်။
အကြောင်း၊
ကိုကို့ရဲ့အကြောင်းက
သူမသိတာဘာများရှိသေးလို့လဲ။
"ဆော့ဂျင်လေးမှာ
မွေးရာပါရောဂါတစ်ခုရှိတယ်"
"ဟင်"
"ဟုတ်တယ်
ဂျင်လေးကအစွဲအလမ်းလို့ပြောရမလား
ငယ်ငယ်ထဲကမရရတာကိုယူလေ့ရှိတယ်၊
သူမရခဲ့ရင်အဲ့ပစ္စည်းကိုအစိတ်စိတ်အမွှာမွှာ
ဖြစ်သွားအောင်လုပ်တယ်၊
သူကသူ့အပိုင်လို့သတ်မှတ်ထားသူတိုင်းကို
သူ့အနားမှာဘဲထားတယ်၊
သူ့အပိုင်ကအခြားသူနဲ့တွဲတွေ့လိုက်ရင်
ရူးရူးမူးမူးဖြစ်ပြီးသူ့ကိုယ်သူရန်ရှာတော့တာဘဲ၊စိတ္တဇဆန်ဆန်လို့ဘဲပြောရမလားကွယ်၊
ဂျင်လေးကသနားစရာလေးပါ"
ယူနာကညှစ်ထုတ်ထားသောမျက်ရည်စများအားဖိသုတ်လိုက်ကာ
အအေးအားယူသောက်လိုက်သည်။
ထို့နောက်
"အင်းးး
သူ့ဘ၀လေးကိုသာသာယာယာလေးဘဲ
ဖြစ်စေချင်မိတယ်၊
သူသာမင်းနဲ့လက်ထက်ခဲ့မယ်ဆိုရင်
သူကမင်းအကြောင်းတွေကိုသိပြီးသူ့အပိုင်ကို
ရန်ရှာလိမ့်မယ်ဂျောင်ကု၊
သူ့ကိုယ်သူလည်းရန်ရှာမှာဘဲလေ"
ထိုစကားအားကြားတော့
ဂျောင်ကု၏မျက်နှာပေါ်မျက်ရည်များစီးဆင်း
သည်။
ကိုကို့ဒီအကြောင်းတွေကို
သူမသိခဲ့ပါ။ကိုကိုကဒီလိုရောဂါမျိုးကိုခံစားရ
ရှာနေတာတဲ့လား၊မယုံချင်ပင်မယ့်လည်း
ငယ်ငယ်ကကိုကို့၏အကြောင်းတွေကိုပါကြား
လိုက်ရတာမို့သူ့ဖို့ရွေးရှာရခတ်သွားရသည်။
"ဒါ့ကြောင့်သေသေချာချာစဥ်းစားပါဂျောင်ကု
မင်းချစ်သူကိုတော့ဒုက္ခမပေးပါနဲ့၊
ဘာဘဲဖြစ်ဖြစ်မင်းလိုလူနဲ့ကတော့ဂျင်လေးနဲ့
လုံး၀မဖြစ်သင်ဘူးလို့တို့ထင်တယ်။
မင်းဆုံးဖြတ်ပါ။ကဲ တို့သွားမယ်"
ယူနာထွက်သွားပင်မယ့်ဂျောင်ကုထိုင်လျက်သာကျန်နေခဲ့ရသည်။ဘယ်လိုလုပ်ရမလဲ
သူမသိပါ၊ကိုကိုနဲ့မခွဲနိုင်၊ဟင့်အင်းကိုကိုမရှိရင်
သူသေသွားနိုင်တယ်၊ဒါပင်မယ့်ကိုကိုက။
ခေါင်းအတွင်းရှိအတွေးများကသူ့ကိုနှိပ်စက်သည်။မျက်နှာကိုသာလက်ဖြင်ခပ်ကြမ်းကြမ်း
ပွတ်ချလိုက်ရတော့သည်။
"ဟိတ်
ဂျောင်ကု တွယ်တာမနေစမ်းပါနဲ့ကွာ၊လွှတ်ချ
လိုက်ပြီလို့စဥ်းစားရင်မ'ဆီကိုလာခဲ့ပေါ့"
နောက်ကနေထွက်ပေါ်လာသောအသံနှင့်
မျက်စိရှေ့ရောက်လာသော
နိုင်ငံခြားသူလေးဟန်နီ၊
ဟန်နီကဂျောင်ကုရဲ့အဆက်တွေထဲကတစ်ယောက်ပင်၊
အချိန်အကြာကြီးတွဲခဲ့သူလည်းဖြစ်သည့်အပြင်ဟန်နီကဂျောင်ကုရဲ့ငွေတွင်းတစ်တွင်း၊
ဟန်နီကသူ့မျက်ရည်များကို
ပွတ်သက်ပေးကာ
"မောင်
မ ကမောင့်ကိုချမ်းသာမှုပေးနိုင်တယ်၊
ဒီတော့မောင်အကူအညီလိုရင် မ ကိုပြော"
ထွက်ခွာသွားသောကျောပြင်ကျယ်အား
ခိုလှုံဖို့ရွေးချယ်ခဲ့တဲ့နောက်တွင်
ဂျောင်ကုနောင်တအကြီးအကျယ်ရခဲ့သည်။
ဟန်နီက
သူ့ကိုပိတ်လှောင်ခဲ့ကာကိုကိုနဲ့တောင်ပေးမတွေ့တော့ပေ၊
အမှားကြီးမှားခဲ့သည်။
နောက်ဆုံးတွင်တော့
ဂျောင်ကုအမှန်တရားတစ်ခုအားသိရှိခဲ့သည်။
လီယူနာ၏
ပြောစကားများသည်အလိမ်အညာကြီးသက်သက်သာ၊
သူမ၏အကျိုးအတွက်ဂျောင်ကုကိုအသုံးချခဲ့တာ။
အမှန်တရားတွေအားပြန်သိရှိခဲ့တော့
လီယုနာက
ကင်အိမ်တော်တွင်ခိုးယူသုံးစွဲမှုတွေကြောင့်
ထောင်၃နှစ်ကျခဲ့သည်။
ဟန်နီ့လက်ထဲကထွက်ခွင့်ရဖို့ကြံရာတွင်
ကိုကိုက
သူတို့နှစ်ယောက်အားဖမ်းခေါ်လာခဲ့သည်။
အထင်လွဲခဲ့သောကိုကိုကသူ့ကိုပါမညှာခဲ့ပေ။
ကိုကိုကသူ့ကိုသိပ်ချစ်တာကိုသိခဲ့သည်။
ကိုကို့ကိုဂျောင်ကုသိပ်ချစ်သည်။
မုန်းရဲ့
ကုကုပြောပြတဲ့အကြောင်းလေးပါနော်။🐰
။။
Zawgyi
ကွဲခဲ့ကြပြီး
ထွက်ပြေးသွားခဲ့သည်။
မွေးစားခဲ့ကာ
မိဘမဲ့ဂေဟာမှ
ဂျောင်ကုဟာ
တစ်နေ့တွင်တော့
ထိုအလုပ်ကလည်း
မွန်းကျပ်လွန်းတယ်။
သိရက်သားနဲ့ကို
ထိုသို့ပင်မက
ဂျောင်ကု
၂နှစ်ပင်ဖြစ်ချေပြီ၊
တစ်နေ့တွင်တော့
ဂျောင်ကု၏
တစ်ဦးထဲသောဘ၀လေးကို
ဆော့ဂျင်သည်
နေထိုင်လေသည်။
ပနိးချီဆရာလေးက
လေသည်။
ချစ်သူသက်တမ်း
သွယ်လာတာဖြစ်သည်။
ဘာပြောပြော
တွေးကာ
လီယူနာသည်
ရန်သူမကြံစည်ခဲ့သည်။
ဆော့ဂျင်အဖေ
သိသွားသည်ဖြစ်ရာ
ဒါကိုသူမ သိလေတော့
ပေးမသိစေခဲ့ပေ။
ဂျောင်ကု၏
ထိုသူနှင့်ပြတ်စေရန်
"ထိုင်အုံး ကောင်လေး
ဘာသောက်မလဲ?"
"အိုကေလေ"
ယူနာ၏မျက်နှာလေးသည်
ဂျောင်ကုကတော့
"ဟုတ်ကဲ့ပါမဒမ်"
ယူနာသည်
"ဗျာ"
အကြောင်း၊
ကိုကို့ရဲ့အကြောင်းက
"ဆော့ဂျင်လေးမှာ
"ဟင်"
"ဟုတ်တယ်
သူ့အနားမှာဘဲထားတယ်၊
ထို့နောက်
"အင်းးး
ဖြစ်စေချင်မိတယ်၊
ထိုစကားအားကြားတော့
သည်။
မင်းဆုံးဖြတ်ပါ။ကဲ တို့သွားမယ်"
ပွတ်ချလိုက်ရတော့သည်။
"ဟိတ်
ပွတ်သက်ပေးကာ
"မောင်
ဟန်နီက
အမှားကြီးမှားခဲ့သည်။
နောက်ဆုံးတွင်တော့
လီယူနာ၏
လီယုနာက
ထောင်၃နှစ်ကျခဲ့သည်။
ကိုကိုက
မုန်းရဲ့
ကုကုပြောပြတဲ့အကြောင်းလေးပါနော် ဟီးးးးးး🐰
Continue Reading
You'll Also Like
708K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
348K 64.4K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
695K 84.5K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint
248K 13.9K 35
Taehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️