unicode
Part-53
အခန်း - ၆၃
တိတ်ဆိတ်နေတဲ့ အချိန်မှာ ကျန်းစုစုက ချောင်းနည်းနည်းဆိုးပြီး ဖြည်းဖြည်းချင်း နိုးလာခဲ့တယ်။ အကုန်လုံးက သူမကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပြီးတော့ သူမ အောက်ကို ကြည့်လိုက်တော့ သူမရဲ့ တစ်ကိုယ်လုံး စိုရွဲနေပြီးတော့ သူမရဲ့ နှလုံးကစပြီးတော့ မြန်မြန်ခုန်လာတယ်။ ကျန်းလီက သူမရဲ့ ကံဆိုးမှုကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။
"ဒုတိယအစ်မ နိုးလာတာ အရမ်းကောင်းတာပဲ။ "
"ဘာဖြစ်တာလဲ။ "
ကျန်းစုစုက သူ့နဖူးကို ပွတ်လိုက်တယ်။ အဲ့အချိန်မှာ သူမရဲ့ အဖြူရောင်ဝတ်စုံက လုံးဝစိုရွှဲနေပြီးတော့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထင်ထင်ရှားရှား ပြသနေတယ်။ သူမရဲ့ ဆံပင်ရှည်က သူမရဲ့ အင်္ကျီမှာ ကပ်နေတယ်။ သူမရဲ့ မျက်နှာလေးက ကြာပန်းလေးနဲ့ တူပြီးတော့ သူ့ကို ကြည့်နေတဲ့သူတွေကို သူမအပေါ် သနားစေတယ်။ ဒါပေမဲ့ အသားညိုညိုနဲ့လူငယ်ရဲ့ အတွေးထဲမှာတော့ လူတွေရဲ့ သနားခြင်းက မုန်းတီးမှုအဖြစ် ပြောင်းလဲသွားတယ်။
ကျန်းစုစုက သူမရဲ့ ထက်မြက်တဲ့ အသိဉာဏ်နဲ့ လူတွေ သူမအပေါ်မှာ ထားတဲ့ စိတ်ထားကို သိတထားမိလာတယ်။ အကြာကြီး တိတ်ဆိတ်နေတဲ့ ကျန်းတန်က ရုတ်တရက်ပြောလိုက်တယ်။
"ဒုတိယအစ်မ အစ်မဘယ်လိုလုပ်ပြီး တိတ်တိတ်လေး ရည်းစားထားနိုင်ရတာလဲ။ ပြီးတော့ ဘယ်လိုလုပ်ပြီး အစ်မရဲ့ ကိုယ်ပိုင်ပစ္စည်းကို သူများကို ပေးနိုင်ရတာလဲ။ အဖေဒါကို သိသွားရင် ရှက်စရာမကောင်းဘူးလား။ "
"နင် ဘာပြောတာလဲ။ "
ကျန်းစုစုက လန့်သွားပြီးတော့ သူမရဲ့ အသံကလည်း မသိမသာ ကျယ်သွားတယ်။
"ဘယ်သူက တိတ်တိတ်ကလေး ရည်းစားထားလို့လဲ။ "
ကျန်းတန်က ကြောက်လန့်စွာ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။
"အဲ့တာ အဲ့တာက သက်သေ အထောက်အထား ခိုင်လုံနေတယ်။ "
"မဟုတ်တာတွေ။ "
ကျန်းစုစုက ခြောက်ခြားသွားတယ်။ သူမနိုးလာတဲ့ အချိန်ကနေစပြီးတော့ တစ်ခုခုမှားနေတယ်ဆိုတာကို သူမသိလိုက်တယ်။ ရေထဲကို ပြုတ်ကျရမှာက ကျန်းယွမ်ဖြစ်ရမှာ ဆိုပေမဲ့ အဆုံးမှာ သူမက ပြုတ်ကျသွားခဲ့တယ်။ အကြံက ပျက်စီးသွားတယ်။ အဲ့တာက ရှုပ်ထွေးကုန်တယ်။ အခု သူမ ဘာလုပ်ရမလဲ။
သူမရဲ့ စိတ်မရှည်မှုက ငြင်းဆိုနေပြီးတော့ သူမရဲ့ အသံက စူးစူးဝါးဝါး ဖြစ်လာတယ်။ ဂုဏ်သရေရှိမိသားစုက မိန်းမပျိုလေးရဲ့ အပြုအမူတွေက ပျောက်ကွယ်သွားတယ်။ ကျန်းတန်ရဲ့ ကြောက်လန့်နေတဲ့ အကြည့်ကို ကြည့်ပြီးတော့ အကုန်လုံးရဲ့ စိတ်ထဲမှာ သံသယတစ်ခုက မွေးဖွားလာတယ်။
သူမကို နတ်သမီးအဖြစ် လူတွေ မြင်နေရတဲ့ အချိန်မှာ အကုန်လုံးက အဆင်ပြေနေတယ်။ ဒါပေမဲ့ သူမရဲ့ ပုံရိပ်က စွန်းထင်းသွားတာနဲ့ သူမက လူတွေရဲ့ မျက်လုံးထဲမှာ မကောင်းတဲ့မိန်းမ ဖြစ်သွားတယ်။ အကုန်လုံးက သူမ မကောင်းလို့ပဲ။
ကျန်းစုစုက အကုန်လုံး တိတ်ဆိတ်နေတာကို မြင်လိုက်ရတော့ ပိုပြီး စိုးရိမ်သွားတယ်။
စိုရွဲနေတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို လျစ်လျူရှူပြီးတော့ သူမက လူငယ်ကို အပြစ်တင်လိုက်တယ်။
"နင်ဘာလို့ ငါ့ရဲ့ အပြစ်ကင်းစင်မှုကို လာပြီး ညစ်စွန်းချင်တာလဲ။ ငါအဖေ့ကို ဒီကိစ္စအကြောင်း သေချာ စုံစမ်းခိုင်းပြီး နင့်ကို အကျဉ်းချခိုင်းမယ်။ "
လူငယ်က သူအခက်အခဲထဲရောက်နေသလိုပဲ။ သူမက ပြောလိုက်တယ်။
"မင်းက အဲ့တုန်းက ရှင်းရှင်းမှ မပြောခဲ့တာ။ အရင်က မင်းပေးခဲ့တဲ့ ကတိတွေက အတုအယောင်တွေပဲလား။ "
သူက ဒေါသတကြီးပြောလိုက်တယ်။
"မင်းက ငါ့ကို ဒီလို စွန့်ပစ်တော့မယ်ပေါ့။ ငါ ကျိုးတာက မင်းဒီလိုပြောလို့ စွန့်ပစ်သွားမယ် ထင်နေတာလား။ "
ကျန်းယွမ်က စိတ်ထဲမှာ ရယ်ချင်သလို ဖြစ်လာတယ်။ သူမက သူမရဲ့ ဘဝက သူမကိုယ်သူမ သနားသွားတယ်။ အဲ့အချိန်မှာ သူမက လုံးဝဖရိုဖရဲ ဖြစ်နေပြီးတော့ ကျန်းစုစုလောက်တောင် အပြောမကောင်းခဲ့ဘူး။ တကယ်ဆိုရင် သူမက ကျိုးတာရဲ့ သရုပ်ဆောင်နိုင်စွမ်းကို လေးစားမှာ မဟုတ်ဘူး။
ကျန်းစုစုက လူငယ်ရဲ့ စကားကို ကြားလိုက်တော့ ကျန်းယွမ်ကို ပိုပြီးမုန်းသွားတယ်။ တကယ်ဆိုရင် သူမက ကျိုးတာ ကိစ္စကို သိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ရေထဲပြုတ်ကျတဲ့ သူက သူမဖြစ်နေတာလဲ။ ကျန်းယွမ်က ကျိုးတာနဲ့ ရင်ဆိုင်နေရမယ့်သူ ဖြစ်နေရမှာလေ။ အဲ့အချိန်မှာ သူမက သူမကိုယ်သူမ အပြစ်ကင်းကြောင်း ပြောဖို့ ဘာပြောရမှန်းမသိ ဖြစ်နေတယ်။ ပုံမှန်ဆိုရင် ရှယန်က သူမကို ကူညီဖို့ အကြံတစ်ခုခု ကြံမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ သူမကိုယ်စားပြောမယ့် သူမရှိဘူး ဖြစ်နေတယ်။ အဲ့တော့ သူမ မသက်မသာဖြစ်နေတယ်။ သူမရဲ့ အရင်ကရှိခဲ့တဲ့ တည်ငြိမ်ပြီး သတိထားတဲ့ အကြံတွေက လုံးဝပျောက်ကွယ်သွားတယ်။ သူမက ဘယ်လိုလုပ်ပြီး ဒီအချိန်မှာ ဘာပြန်ပြောရမလဲဆိုတာကို စဉ်းစားနိုင်မှာလဲ။
ကျန်းယွမ်က ကျန်းစုစုကို စဉ်းစားချိန် မပေးဘူး။ သူမကကျိုးတာကိုပြောလိုက်တယ်။
"သခင်လေး ကျိုး ဒါက ငြင်းနေရမယ့် အချိန်မဟုတ်ဘူး။ အခု လေစိမ်းတွေ တိုက်နေတယ်။ တကယ်လို့ မိန်းကလေးကျန်း အအေးမိရင် ရှင်လည်း သဘောကျမှာ မဟုတ်ဘူး။ သခင်လေးကျိုး ကျန်းအိမ်တော်ကို တခြားနေ့မှ လာလည်ပါ့လား။ ကျန်းအိမ်တော်က ရှင့်ကို အကြောင်းပြချက် တစ်ခု သေချာပေါက် ပေးမှာပါ။ "
ကျိုးတာက တုံ့ဆိုင်းနေတဲ့ အချိန်မှာ ကျန်းစုစုက ထပ်အော်လိုက်တယ်။
"မဟုတ်ဘူး။ အဲ့တာ ကျွန်မ မဟုတ်ဘူး။ ကျွန်မ အဲ့တာတွေ ဘာမှ မလုပ်ခဲ့ဘူး။ သူကကျွန်မကို အသရေပျက်အောင် လုပ်နေတာ။ "
ကျန်းစုစုက အရူးမှ မဟုတ်တာ။ သူမက ကျန်းယွမ်ပြောတဲ့ အတိုင်း ဒီကိစ္စကို ဖြေရှင်းလိုက်ရင် အဲ့တာက ခဏလောက် ငြိမ်သက်သွားမှာ ဆိုပေမဲ့ အဲ့ကိစ္စကို သဘောတူမှုအဖြစ် မြင်တွေ့ကြရမှာဖြစ်တယ်။ မနက်ဖြန်ကျရင် ကောလဟာလတွေက ပြန့်နေမှာဖြစ်ပြီးတော့ အဲ့တာ အရမ်း နောက်ကျသွားလောက်ပြီ။
မင်းသမီးရုံကြားက လှောင်လိုက်တယ်။ သူမရဲ့ ဖော်ရွှေတတ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အကြည့်က ပြောင်းလဲ သွားတယ်။
"မျက်မြင်သက်သေနဲ့ ပစ္စည်းသက်သေတွေ အကုန်လုံး ရှိနေပြီ။ မင်း ဝန်မခံသေးဘဲ ဘာလို့ ငြင်းနေသေးတာလဲ။ မင်းရဲ့ ပုံရိပ်ကို ဆက်ပြီး ထိန်းသိမ်းချင်သေးတာလား။ "
"နင်... "
ကျန်းစုစုက သူမကို စိုက်ကြည့်လိုက်တယ်။ သူမရဲ့ ပုံစံက ပြောင်းသွားပြီး သူမက ချေပနေတာကို ရပ်လိုက်တယ်။ သူမက သူမရဲ့ အောက်နှုတ်လမ်းလေးကို ကိုက်ပြီး တိတ်တိတ်လေးငိုနေတယ်။ သူမရဲ့ ပုံစံက ကျင်းဆောင်းလှေပေါ်က လူတွေကို သနားစေတယ်။ ဒါပေမဲ့ အဆုံးမှာတော့ လင်းလောင်လှေပေါ်က အမျိုးသမီးတွေက စပြီးတော အတင်းပြောတော့တယ်။
"ငါ သူမကို ဒီလိုလူမျိုးမှန်း မထင်ခဲ့ဘူး။ "
"သူမက ခါတိုင်းဆိုရင် နတ်သမီးလေးနဲ့ တူပေမဲ့ ငါမျှော်လင့်ထားတာကို ကျော်လွန်ပြီးတော့ ဒီလို ညစ်ပတ်တဲ့ အရာတွေ လုပ်တာလား။ "
"ဝန်ကြီးချုပ်ကျန်းက သူမကြောင့် သူရဲ့ ဂုဏ်သတင်းကို ဆုံးရှုံးရပြီ။ "
"ဒီ အချစ်သင်္ကေတက ငါတို့ အရှေ့မှာ ရောက်နေတာတောင်မှသူက ဆက်ပြီး ငြင်းချင်နေသေးတာ အဓိပ္ပာယ်မရှိလိုက်တာ။ "
ဒီလို ဖိအားအောက်မှာ ကျန်းစုစုက တည်ငြိမ်နေဖို့ မဖြစ်နိုင်တော့ဘူး။
ကျင်းဆောင်းလှေပေါ်မှာ မင်းသားငါးက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းစုစုကို မကျေနပ်မှုနဲ့ ကြည့်လိုက်တယ်။
"ငယ်ငယ်လေးနဲ့ သူမရဲ့ နာမည်ကောင်းကို ထိန်းသိမ်းရကောင်းမှန်း မသိဘူး။ သူမက လူရှေ့မှာ ကျင့်သုံးရမယ့် ကျင့်ဝတ်ကို လွန်ဆန်နေတာပဲ။ "
မင်းသားရှစ် ရွှမ်းလီက အတွေးထဲမှာ နစ်မြောနေပြီး တိတ်ဆိတ်နေတယ်။
မော့ချောင်က ရှောင်ရှို့က တံတောင်နဲ့ တွက်လိုက်တဘ်။ ပြီးတော့ ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်။
'ဒီလို နတ်သမီးနဲ့ တူတဲ့ မိန်းကလေးက ဘယ်လိုလုပ်ပြီး ဒီလို ကြမ်းထော်နေတဲ့ကောင်ကို ချစ်မိမှာလဲ။ ထူးဆန်းလိုက်တာ။ "
ရှောင်ရှို့က ဘာမှပြန်ပြေပေမဲ့ ရဲ့ဖန်းက သူ့ရဲ့ လျှို့ဝှက်နေရာကနေ စာစောင် ပို့လိုက်တယ်။
"သခင် ကျန်းအိမ်တော်က ဒုတိယသခင်မလေးက ပေါင်ကွမ်းမှာ လွန်ခဲ့တဲ့ ငါးနှစ်က ရှိခဲ့တယ်။ "
ဒါကို ကြားလိုက်တော့ ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းစုစုကို ထပ်ကြည့်လိုက်တယ်။
အဲ့အချိန်မှာ လူငယ်က မရမက တောင်းဆိုနေတယ်။
"အဲ့တာက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မင်းတို့ လူချမ်းသာတွေက ငါတို့လို သာမန်လူတွေကို အထင်သေးကြတယ်။ ငါ ကျိုးတာက အဝေးကို လွယ်လွယ်နဲ့ အပို့ခံမှာ မဟုတ်ဘူး။ ငါက ဒီနေ့ အရှက်ခွဲခံရတာအတွက် ဖြေရှင်းချက် တောင်းဆိုတယ်။ "
ဟူတျဲနဲ့ ကျင်းတန်က အရမ်း စိုးရိမ်သွားတယ်။ ကျန်းစုစုလည်း မျှော်လင့်ချက်မရှိဘူးဆိုတာကို တွေ့သွားတော့ နည်းနည်း စိုးရိမ်တာကို ခံစားလိုက်ရတယ်။ အဲ့အချိန်မှာပဲ ကျင်းဆောင်းလှေပေါ်ကနေ အသံတစ်သံကို ကြားလိုက်ရတယ်။
"ကျောက်စိမ်းပုတီးလေးက ဒီသခင်လေးကနေ ကျန်းအိမ်တော်က ဒုတိယမိန်းကလေးကို ပေးထားတာပါ။ အဲ့တာ မင်းနဲ့ ဘာဆိုင်လဲတော့ ငါမသိဘူး။ "
ကျန်းယွမ်က ကြောင်သွားတယ်။ ဒီဝတ်ရုံနက်ဝတ်ထားတဲ့ လူငယ်က ဘရိုကိတ်လို ချောမွေ့ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ သူ့လက်တွေကို နောက်မှာ ထားထားတယ်။ အဲ့မျက်လုံး တစ်စုံက အေးစက်တဲ့ ကြယ်တွေလိုပဲ ပေါ့ပါးစွာ ဝေ့ဝိုက်သွားနေပြီးတော့ လူတွေကို ဖိအား အများကြီး ပေးတယ်။
ကျင်းရင်းဝမ် ရှောင်ရှို့က အဲ့စကားလုံးတွေကို ပြောတော့ သူက ကျန်းစုစုကို စိတ်သက်သာရာရစေတယ်။ တစ်ချိန်တည်းမှာပဲ အကုန်လုံးရဲ့ အကြည့်တွေက ရှောင်ရှို့နဲ့ ကျန်းစုစုအပေါ်ကို ကျရောက်သွားတယ်. လူတွေက ထင်ကြေးပေးနေကြတယ်။ ကျင်းရင်းဝမ်နဲ့ ကျန်းစုစုတို့က ဘယ်လို ပက်သတ်မှုရှိတာလဲ။ မဟုတ်ရင် အမြဲတမ်း တည်ငြိမ်တဲ့ကျင်းရင်းဝမ်က ဘယ်လိုလုပ်ပြီး သူမကို ပြဿနာထဲကနေ အကြောင်းမရှိဘဲ ဆွဲထုတ်လာပါ့မလဲ။
ကျန်းစုစုလည်း အစက ကြောင်သွားပြီးတော့ရှောင်ရှို့က သူမကို ဘာလို့ ကူညီခဲ့လဲဆိုတာကို မသိဘူး။ သူမက ရှောင်ရှို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ မျက်နှာကို တွေ့လိုက်ရတော့ သူမက ပြန်ပြီး ရုတ်သိမ်းခဲ့တယ်။
အရူးအမူးစွဲလမ်းမှုက သူမရဲ့ မျက်ဝန်းထဲမှာ ဖြတ်သွားတယ်။ သူမက သူ့ကို ယဉ်ကျေးစွာနဲ့ လေးစားမှ ပေးလိုက်တယ်။
"ကျွန်မအတွက် ပြောပေးလို့ လူကြီးမင်းကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီနေ့ လူကြီးမင်းကြောင့် သာမဟုတ်ရင် ကျွန်မ အဝါရောင်မြစ်ထဲကို ခုန်ချရင်တောင် ကျွန်မရဲ့နာမည်ကို ပြန်အဖက်ဆယ်လို့ရမှာ မဟုတ်ပါဘူး။ "
ကျန်းယွမ်က ရှောင်ရှို့ကို ကြည့်လိုက်တယ်။ သူမရဲ့ နှလုံးသားက အပြင်းအထန် လှုပ်ရှားသွားတယ်။ အဲ့တာ သူမအတွက် စိတ်ပြန်ငြိမ်ဖို့ ခက်ခဲခဲ့တယ်။ သူမ အရင်ဘဝတုန်းက ရှောင်ရှို့နဲ့ ကျန်းစုစုကြားမှာ ဆက်စပ်မှု ရှိတာကို တစ်ခါမှ မကြားခဲ့ဖူးဘူး။ ရှောင်ရှို့က ဆန့်ကျင်ဘက်လိင်အပေါ်ကို နူးညံ့ပြီး ကာကွယ်လိုတဲ့ စိတ်ခံစားချက် ရှိတဲ့သူ မဟုတ်ဘူး။ ဘာလို့ ဒီနေ့ ကျန်းစုစုကို ကူတာလဲ။
ကျန်းစုစုရဲ့ ကံကြမ္မာက အတိတ်မှာရော လက်ရှိမှာရော ကံကောင်းနေတာလား။ သူမက ခက်ခဲမှုတွေ ကြုံနေရရင်တောင် သူမကို ကူညီမယ့် မြင့်မြတ်တဲ့ လူကြီးလူကောင်းက ရှိနေတယ်။ ဘုရားသခင်က မမျှတဘူးလား။
သူ့ရဲ့ အရိုးထဲထိအောင် အေးစက်မှုကို ခံစားလိုက်ရပြီးတော့ ရှောင်ရှို့က ကြည့်လိုက်တယ်။ သူ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ဘူး။ လရောင်အောက်မှာ သူက ဆန့်ကျင်ဘက်လှေပေါ်မှာ သူ့ကို အေးစက်စွာ ကြည့်နေတဲ့ အနီရောင်အင်္ကျီဝတ်ထားတဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်။ သူမရဲ့ အကြည့်တွေက အမုန်းတွေနဲ့ ပြည့်နှက်နေပြီးတော့ ငရဲကနေလာတဲ့ နတ်ဆိုးလိုပဲ။
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။
zawgyi
Part-53
အခန္း - ၆၃
တိတ္ဆိတ္ေနတဲ့ အခ်ိန္မွာ က်န္းစုစုက ေခ်ာင္းနည္းနည္းဆိုးၿပီး ျဖည္းျဖည္းခ်င္း နိုးလာခဲ့တယ္။ အကုန္လုံးက သူမကို နားမလည္နိုင္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနၾကၿပီးေတာ့ သူမ ေအာက္ကို ၾကည့္လိုက္ေတာ့ သူမရဲ့ တစ္ကိုယ္လုံး စိုရြဲေနၿပီးေတာ့ သူမရဲ့ ႏွလုံးကစၿပီးေတာ့ ျမန္ျမန္ခုန္လာတယ္။ က်န္းလီက သူမရဲ့ ကံဆိုးမွုကို ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနတယ္။
"ဒုတိယအစ္မ နိုးလာတာ အရမ္းေကာင္းတာပဲ။ "
"ဘာျဖစ္တာလဲ။ "
က်န္းစုစုက သူ႔နဖူးကို ပြတ္လိုက္တယ္။ အဲ့အခ်ိန္မွာ သူမရဲ့ အျဖဴေရာင္ဝတ္စုံက လုံးဝစိုရႊဲေနၿပီးေတာ့ သူမရဲ့ ကိုယ္လုံးကိုယ္ေပါက္ကို ထင္ထင္ရွားရွား ျပသေနတယ္။ သူမရဲ့ ဆံပင္ရွည္က သူမရဲ့ အကၤ်ီမွာ ကပ္ေနတယ္။ သူမရဲ့ မ်က္ႏွာေလးက ၾကာပန္းေလးနဲ႔ တူၿပီးေတာ့ သူ႔ကို ၾကည့္ေနတဲ့သူေတြကို သူမအေပၚ သနားေစတယ္။ ဒါေပမဲ့ အသားညိဳညိဳနဲ႔လူငယ္ရဲ့ အေတြးထဲမွာေတာ့ လူေတြရဲ့ သနားျခင္းက မုန္းတီးမွုအျဖစ္ ေျပာင္းလဲသြားတယ္။
က်န္းစုစုက သူမရဲ့ ထက္ျမက္တဲ့ အသိဉာဏ္နဲ႔ လူေတြ သူမအေပၚမွာ ထားတဲ့ စိတ္ထားကို သိတထားမိလာတယ္။ အၾကာႀကီး တိတ္ဆိတ္ေနတဲ့ က်န္းတန္က ႐ုတ္တရက္ေျပာလိုက္တယ္။
"ဒုတိယအစ္မ အစ္မဘယ္လိုလုပ္ၿပီး တိတ္တိတ္ေလး ရည္းစားထားနိုင္ရတာလဲ။ ၿပီးေတာ့ ဘယ္လိုလုပ္ၿပီး အစ္မရဲ့ ကိုယ္ပိုင္ပစၥည္းကို သူမ်ားကို ေပးနိုင္ရတာလဲ။ အေဖဒါကို သိသြားရင္ ရွက္စရာမေကာင္းဘူးလား။ "
"နင္ ဘာေျပာတာလဲ။ "
က်န္းစုစုက လန႔္သြားၿပီးေတာ့ သူမရဲ့ အသံကလည္း မသိမသာ က်ယ္သြားတယ္။
"ဘယ္သူက တိတ္တိတ္ကေလး ရည္းစားထားလို့လဲ။ "
က်န္းတန္က ေၾကာက္လန႔္စြာ ေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္တယ္။
"အဲ့တာ အဲ့တာက သက္ေသ အေထာက္အထား ခိုင္လုံေနတယ္။ "
"မဟုတ္တာေတြ။ "
က်န္းစုစုက ေျခာက္ျခားသြားတယ္။ သူမနိုးလာတဲ့ အခ်ိန္ကေနစၿပီးေတာ့ တစ္ခုခုမွားေနတယ္ဆိုတာကို သူမသိလိုက္တယ္။ ေရထဲကို ျပဳတ္က်ရမွာက က်န္းယြမ္ျဖစ္ရမွာ ဆိုေပမဲ့ အဆုံးမွာ သူမက ျပဳတ္က်သြားခဲ့တယ္။ အႀကံက ပ်က္စီးသြားတယ္။ အဲ့တာက ရွုပ္ေထြးကုန္တယ္။ အခု သူမ ဘာလုပ္ရမလဲ။
သူမရဲ့ စိတ္မရွည္မွုက ျငင္းဆိုေနၿပီးေတာ့ သူမရဲ့ အသံက စူးစူးဝါးဝါး ျဖစ္လာတယ္။ ဂုဏ္သေရရွိမိသားစုက မိန္းမပ်ိဳေလးရဲ့ အျပဳအမူေတြက ေပ်ာက္ကြယ္သြားတယ္။ က်န္းတန္ရဲ့ ေၾကာက္လန႔္ေနတဲ့ အၾကည့္ကို ၾကည့္ၿပီးေတာ့ အကုန္လုံးရဲ့ စိတ္ထဲမွာ သံသယတစ္ခုက ေမြးဖြားလာတယ္။
သူမကို နတ္သမီးအျဖစ္ လူေတြ ျမင္ေနရတဲ့ အခ်ိန္မွာ အကုန္လုံးက အဆင္ေျပေနတယ္။ ဒါေပမဲ့ သူမရဲ့ ပုံရိပ္က စြန္းထင္းသြားတာနဲ႔ သူမက လူေတြရဲ့ မ်က္လုံးထဲမွာ မေကာင္းတဲ့မိန္းမ ျဖစ္သြားတယ္။ အကုန္လုံးက သူမ မေကာင္းလို့ပဲ။
က်န္းစုစုက အကုန္လုံး တိတ္ဆိတ္ေနတာကို ျမင္လိုက္ရေတာ့ ပိုၿပီး စိုးရိမ္သြားတယ္။
စိုရြဲေနတဲ့ သူမရဲ့ ခႏၶာကိုယ္ကို လ်စ္လ်ဴရွူၿပီးေတာ့ သူမက လူငယ္ကို အျပစ္တင္လိုက္တယ္။
"နင္ဘာလို့ ငါ့ရဲ့ အျပစ္ကင္းစင္မွုကို လာၿပီး ညစ္စြန္းခ်င္တာလဲ။ ငါအေဖ့ကို ဒီကိစၥအေၾကာင္း ေသခ်ာ စုံစမ္းခိုင္းၿပီး နင့္ကို အက်ဥ္းခ်ခိုင္းမယ္။ "
လူငယ္က သူအခက္အခဲထဲေရာက္ေနသလိုပဲ။ သူမက ေျပာလိုက္တယ္။
"မင္းက အဲ့တုန္းက ရွင္းရွင္းမွ မေျပာခဲ့တာ။ အရင္က မင္းေပးခဲ့တဲ့ ကတိေတြက အတုအေယာင္ေတြပဲလား။ "
သူက ေဒါသတႀကီးေျပာလိုက္တယ္။
"မင္းက ငါ့ကို ဒီလို စြန႔္ပစ္ေတာ့မယ္ေပါ့။ ငါ က်ိဳးတာက မင္းဒီလိုေျပာလို့ စြန႔္ပစ္သြားမယ္ ထင္ေနတာလား။ "
က်န္းယြမ္က စိတ္ထဲမွာ ရယ္ခ်င္သလို ျဖစ္လာတယ္။ သူမက သူမရဲ့ ဘဝက သူမကိုယ္သူမ သနားသြားတယ္။ အဲ့အခ်ိန္မွာ သူမက လုံးဝဖရိုဖရဲ ျဖစ္ေနၿပီးေတာ့ က်န္းစုစုေလာက္ေတာင္ အေျပာမေကာင္းခဲ့ဘူး။ တကယ္ဆိုရင္ သူမက က်ိဳးတာရဲ့ သ႐ုပ္ေဆာင္နိုင္စြမ္းကို ေလးစားမွာ မဟုတ္ဘူး။
က်န္းစုစုက လူငယ္ရဲ့ စကားကို ၾကားလိုက္ေတာ့ က်န္းယြမ္ကို ပိုၿပီးမုန္းသြားတယ္။ တကယ္ဆိုရင္ သူမက က်ိဳးတာ ကိစၥကို သိၿပီးသားျဖစ္တယ္။ ဒါေပမဲ့ ဘယ္လိုလုပ္ၿပီး ေရထဲျပဳတ္က်တဲ့ သူက သူမျဖစ္ေနတာလဲ။ က်န္းယြမ္က က်ိဳးတာနဲ႔ ရင္ဆိုင္ေနရမယ့္သူ ျဖစ္ေနရမွာေလ။ အဲ့အခ်ိန္မွာ သူမက သူမကိုယ္သူမ အျပစ္ကင္းေၾကာင္း ေျပာဖို့ ဘာေျပာရမွန္းမသိ ျဖစ္ေနတယ္။ ပုံမွန္ဆိုရင္ ရွယန္က သူမကို ကူညီဖို့ အႀကံတစ္ခုခု ႀကံမွာ ျဖစ္တယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာ သူမကိုယ္စားေျပာမယ့္ သူမရွိဘူး ျဖစ္ေနတယ္။ အဲ့ေတာ့ သူမ မသက္မသာျဖစ္ေနတယ္။ သူမရဲ့ အရင္ကရွိခဲ့တဲ့ တည္ၿငိမ္ၿပီး သတိထားတဲ့ အႀကံေတြက လုံးဝေပ်ာက္ကြယ္သြားတယ္။ သူမက ဘယ္လိုလုပ္ၿပီး ဒီအခ်ိန္မွာ ဘာျပန္ေျပာရမလဲဆိုတာကို စဥ္းစားနိုင္မွာလဲ။
က်န္းယြမ္က က်န္းစုစုကို စဥ္းစားခ်ိန္ မေပးဘူး။ သူမကက်ိဳးတာကိုေျပာလိုက္တယ္။
"သခင္ေလး က်ိဳး ဒါက ျငင္းေနရမယ့္ အခ်ိန္မဟုတ္ဘူး။ အခု ေလစိမ္းေတြ တိုက္ေနတယ္။ တကယ္လို့ မိန္းကေလးက်န္း အေအးမိရင္ ရွင္လည္း သေဘာက်မွာ မဟုတ္ဘူး။ သခင္ေလးက်ိဳး က်န္းအိမ္ေတာ္ကို တျခားေန႔မွ လာလည္ပါ့လား။ က်န္းအိမ္ေတာ္က ရွင့္ကို အေၾကာင္းျပခ်က္ တစ္ခု ေသခ်ာေပါက္ ေပးမွာပါ။ "
က်ိဳးတာက တုံ႔ဆိုင္းေနတဲ့ အခ်ိန္မွာ က်န္းစုစုက ထပ္ေအာ္လိုက္တယ္။
"မဟုတ္ဘူး။ အဲ့တာ ကၽြန္မ မဟုတ္ဘူး။ ကၽြန္မ အဲ့တာေတြ ဘာမွ မလုပ္ခဲ့ဘူး။ သူကကၽြန္မကို အသေရပ်က္ေအာင္ လုပ္ေနတာ။ "
က်န္းစုစုက အ႐ူးမွ မဟုတ္တာ။ သူမက က်န္းယြမ္ေျပာတဲ့ အတိုင္း ဒီကိစၥကို ေျဖရွင္းလိုက္ရင္ အဲ့တာက ခဏေလာက္ ၿငိမ္သက္သြားမွာ ဆိုေပမဲ့ အဲ့ကိစၥကို သေဘာတူမွုအျဖစ္ ျမင္ေတြ႕ၾကရမွာျဖစ္တယ္။ မနက္ျဖန္က်ရင္ ေကာလဟာလေတြက ျပန႔္ေနမွာျဖစ္ၿပီးေတာ့ အဲ့တာ အရမ္း ေနာက္က်သြားေလာက္ၿပီ။
မင္းသမီး႐ုံၾကားက ေလွာင္လိုက္တယ္။ သူမရဲ့ ေဖာ္ေရႊတတ္ၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ အၾကည့္က ေျပာင္းလဲ သြားတယ္။
"မ်က္ျမင္သက္ေသနဲ႔ ပစၥည္းသက္ေသေတြ အကုန္လုံး ရွိေနၿပီ။ မင္း ဝန္မခံေသးဘဲ ဘာလို့ ျငင္းေနေသးတာလဲ။ မင္းရဲ့ ပုံရိပ္ကို ဆက္ၿပီး ထိန္းသိမ္းခ်င္ေသးတာလား။ "
"နင္... "
က်န္းစုစုက သူမကို စိုက္ၾကည့္လိုက္တယ္။ သူမရဲ့ ပုံစံက ေျပာင္းသြားၿပီး သူမက ေခ်ပေနတာကို ရပ္လိုက္တယ္။ သူမက သူမရဲ့ ေအာက္ႏွုတ္လမ္းေလးကို ကိုက္ၿပီး တိတ္တိတ္ေလးငိုေနတယ္။ သူမရဲ့ ပုံစံက က်င္းေဆာင္းေလွေပၚက လူေတြကို သနားေစတယ္။ ဒါေပမဲ့ အဆုံးမွာေတာ့ လင္းေလာင္ေလွေေပၚက အမ်ိဳးသမီးေတြက စၿပီးေတာ အတင္းေျပာေတာ့တယ္။
"ငါ သူမကို ဒီလိုလူမ်ိဳးမွန္း မထင္ခဲ့ဘူး။ "
"သူမက ခါတိုင္းဆိုရင္ နတ္သမီးေလးနဲ႔ တူေပမဲ့ ငါေမၽွာ္လင့္ထားတာကို ေက်ာ္လြန္ၿပီးေတာ့ ဒီလို ညစ္ပတ္တဲ့ အရာေတြ လုပ္တာလား။ "
"ဝန္ႀကီးခ်ဳပ္က်န္းက သူမေၾကာင့္ သူရဲ့ ဂုဏ္သတင္းကို ဆုံးရွုံးရၿပီ။ "
"ဒီ အခ်စ္သေကၤတက ငါတို့ အေရွ႕မွာ ေရာက္ေနတာေတာင္မွသူက ဆက္ၿပီး ျငင္းခ်င္ေနေသးတာ အဓိပၸာယ္မရွိလိုက္တာ။ "
ဒီလို ဖိအားေအာက္မွာ က်န္းစုစုက တည္ၿငိမ္ေနဖို့ မျဖစ္နိုင္ေတာ့ဘူး။
က်င္းေဆာင္းေလွေပၚမွာ မင္းသားငါးက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး က်န္းစုစုကို မေက်နပ္မွုနဲ႔ ၾကည့္လိုက္တယ္။
"ငယ္ငယ္ေလးနဲ႔ သူမရဲ့ နာမည္ေကာင္းကို ထိန္းသိမ္းရေကာင္းမွန္း မသိဘူး။ သူမက လူေရွ႕မွာ က်င့္သုံးရမယ့္ က်င့္ဝတ္ကို လြန္ဆန္ေနတာပဲ။ "
မင္းသားရွစ္ ရႊမ္းလီက အေတြးထဲမွာ နစ္ေျမာေနၿပီး တိတ္ဆိတ္ေနတယ္။
ေမာ့ေခ်ာင္က ေရွာင္ရွို့က တံေတာင္နဲ႔ တြက္လိုက္တဘ္။ ၿပီးေတာ့ ေခါင္းခါၿပီး သက္ျပင္းခ်လိုက္တယ္။
'ဒီလို နတ္သမီးနဲ႔ တူတဲ့ မိန္းကေလးက ဘယ္လိုလုပ္ၿပီး ဒီလို ၾကမ္းေထာ္ေနတဲ့ေကာင္ကို ခ်စ္မိမွာလဲ။ ထူးဆန္းလိုက္တာ။ "
ေရွာင္ရွို့က ဘာမွျပန္ေျပေပမဲ့ ရဲ့ဖန္းက သူ႔ရဲ့ လၽွို့ဝွက္ေနရာကေန စာေစာင္ ပို့လိုက္တယ္။
"သခင္ က်န္းအိမ္ေတာ္က ဒုတိယသခင္မေလးက ေပါင္ကြမ္းမွာ လြန္ခဲ့တဲ့ ငါးႏွစ္က ရွိခဲ့တယ္။ "
ဒါကို ၾကားလိုက္ေတာ့ ေရွာင္ရွို့က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး က်န္းစုစုကို ထပ္ၾကည့္လိုက္တယ္။
အဲ့အခ်ိန္မွာ လူငယ္က မရမက ေတာင္းဆိုေနတယ္။
"အဲ့တာက အလုပ္ျဖစ္မွာ မဟုတ္ဘူး။ မင္းတို့ လူခ်မ္းသာေတြက ငါတို့လို သာမန္လူေတြကို အထင္ေသးၾကတယ္။ ငါ က်ိဳးတာက အေဝးကို လြယ္လြယ္နဲ႔ အပို့ခံမွာ မဟုတ္ဘူး။ ငါက ဒီေန႔ အရွက္ခြဲခံရတာအတြက္ ေျဖရွင္းခ်က္ ေတာင္းဆိုတယ္။ "
ဟူတ်ဲနဲ႔ က်င္းတန္က အရမ္း စိုးရိမ္သြားတယ္။ က်န္းစုစုလည္း ေမၽွာ္လင့္ခ်က္မရွိဘူးဆိုတာကို ေတြ႕သြားေတာ့ နည္းနည္း စိုးရိမ္တာကို ခံစားလိုက္ရတယ္။ အဲ့အခ်ိန္မွာပဲ က်င္းေဆာင္းေလွေပၚကေန အသံတစ္သံကို ၾကားလိုက္ရတယ္။
"ေက်ာက္စိမ္းပုတီးေလးက ဒီသခင္ေလးကေန က်န္းအိမ္ေတာ္က ဒုတိယမိန္းကေလးကို ေပးထားတာပါ။ အဲ့တာ မင္းနဲ႔ ဘာဆိုင္လဲေတာ့ ငါမသိဘူး။ "
က်န္းယြမ္က ေၾကာင္သြားတယ္။ ဒီဝတ္႐ုံနက္ဝတ္ထားတဲ့ လူငယ္က ဘရိုကိတ္လို ေခ်ာေမြ႕ၿပီး တည္ၿငိမ္တဲ့ အၾကည့္နဲ႔ သူ႔လက္ေတြကို ေနာက္မွာ ထားထားတယ္။ အဲ့မ်က္လုံး တစ္စုံက ေအးစက္တဲ့ ၾကယ္ေတြလိုပဲ ေပါ့ပါးစြာ ေဝ့ဝိုက္သြားေနၿပီးေတာ့ လူေတြကို ဖိအား အမ်ားႀကီး ေပးတယ္။
က်င္းရင္းဝမ္ ေရွာင္ရွို့က အဲ့စကားလုံးေတြကို ေျပာေတာ့ သူက က်န္းစုစုကို စိတ္သက္သာရာရေစတယ္။ တစ္ခ်ိန္တည္းမွာပဲ အကုန္လုံးရဲ့ အၾကည့္ေတြက ေရွာင္ရွို့နဲ႔ က်န္းစုစုအေပၚကို က်ေရာက္သြားတယ္. လူေတြက ထင္ေၾကးေပးေနၾကတယ္။ က်င္းရင္းဝမ္နဲ႔ က်န္းစုစုတို့က ဘယ္လို ပက္သတ္မွုရွိတာလဲ။ မဟုတ္ရင္ အျမဲတမ္း တည္ၿငိမ္တဲ့က်င္းရင္းဝမ္က ဘယ္လိုလုပ္ၿပီး သူမကို ျပႆနာထဲကေန အေၾကာင္းမရွိဘဲ ဆြဲထုတ္လာပါ့မလဲ။
က်န္းစုစုလည္း အစက ေၾကာင္သြားၿပီးေတာ့ေရွာင္ရွို့က သူမကို ဘာလို့ ကူညီခဲ့လဲဆိုတာကို မသိဘူး။ သူမက ေရွာင္ရွို့ရဲ့ ၿပိဳင္ဘက္ကင္းတဲ့ မ်က္ႏွာကို ေတြ႕လိုက္ရေတာ့ သူမက ျပန္ၿပီး ႐ုတ္သိမ္းခဲ့တယ္။
အ႐ူးအမူးစြဲလမ္းမွုက သူမရဲ့ မ်က္ဝန္းထဲမွာ ျဖတ္သြားတယ္။ သူမက သူ႔ကို ယဥ္ေက်းစြာနဲ႔ ေလးစားမွ ေပးလိုက္တယ္။
"ကၽြန္မအတြက္ ေျပာေပးလို့ လူႀကီးမင္းကို ေက်းဇူးအရမ္းတင္ပါတယ္။ ဒီေန႔ လူႀကီးမင္းေၾကာင့္ သာမဟုတ္ရင္ ကၽြန္မ အဝါေရာင္ျမစ္ထဲကို ခုန္ခ်ရင္ေတာင္ ကၽြန္မရဲ့နာမည္ကို ျပန္အဖက္ဆယ္လို့ရမွာ မဟုတ္ပါဘူး။ "
က်န္းယြမ္က ေရွာင္ရွို့ကို ၾကည့္လိုက္တယ္။ သူမရဲ့ ႏွလုံးသားက အျပင္းအထန္ လွုပ္ရွားသြားတယ္။ အဲ့တာ သူမအတြက္ စိတ္ျပန္ၿငိမ္ဖို့ ခက္ခဲခဲ့တယ္။ သူမ အရင္ဘဝတုန္းက ေရွာင္ရွို့နဲ႔ က်န္းစုစုၾကားမွာ ဆက္စပ္မွု ရွိတာကို တစ္ခါမွ မၾကားခဲ့ဖူးဘူး။ ေရွာင္ရွို့က ဆန႔္က်င္ဘက္လိင္အေပၚကို ႏူးညံ့ၿပီး ကာကြယ္လိုတဲ့ စိတ္ခံစားခ်က္ ရွိတဲ့သူ မဟုတ္ဘူး။ ဘာလို့ ဒီေန႔ က်န္းစုစုကို ကူတာလဲ။
က်န္းစုစုရဲ့ ကံၾကမၼာက အတိတ္မွာေရာ လက္ရွိမွာေရာ ကံေကာင္းေနတာလား။ သူမက ခက္ခဲမွုေတြ ၾကဳံေနရရင္ေတာင္ သူမကို ကူညီမယ့္ ျမင့္ျမတ္တဲ့ လူႀကီးလူေကာင္းက ရွိေနတယ္။ ဘုရားသခင္က မမၽွတဘူးလား။
သူ႔ရဲ့ အရိုးထဲထိေအာင္ ေအးစက္မွုကို ခံစားလိုက္ရၿပီးေတာ့ ေရွာင္ရွို့က ၾကည့္လိုက္တယ္။ သူ အံ့အားမသင့္ဘဲ မေနနိုင္ခဲ့ဘူး။ လေရာင္ေအာက္မွာ သူက ဆန႔္က်င္ဘက္ေလွေပၚမွာ သူ႔ကို ေအးစက္စြာ ၾကည့္ေနတဲ့ အနီေရာင္အကၤ်ီဝတ္ထားတဲ့ ေကာင္မေလးကို ေတြ႕လိုက္ရတယ္။ သူမရဲ့ အၾကည့္ေတြက အမုန္းေတြနဲ႔ ျပည့္ႏွက္ေနၿပီးေတာ့ ငရဲကေနလာတဲ့ နတ္ဆိုးလိုပဲ။
paid Group/ Paid Docs ရွိပါတယ္။ Bioမွာ ေပးထားတဲ့ လင့္မွာ စုံစမ္းဝယ္ယူနိုင္ပါတယ္။