အပိုင်း (87)
သူမရှေ့မှ တစ်ဦးကိုတစ်ဦးကြင်နာပြနေတဲ့ နှစ်ယောက်ရောဒယ်ဒီရဲ့ မေတ္တာစိတ်ပြည့်နေတဲ့ မျက်လုံးလေးတွေနဲ့ ရှောင်ကျန့် ကိုကြည့်ပေးနေတာတွေက သူမရင်ထဲကိုတော်တော်နာကျင်မိတယ်... ရှောင်ကျန့်ရဲ့နေရာမှာ သူမသာဆိုရင် အရမ်းကြည် နူးမိမှာ အခုတော့....
"နင့်ကောင်းကောင်းပျော်ထားလိုက်ရှောင်ကျန့် မရဘူးတဲ့ မေတ္တာတွေနဲ့ စည်းစိမ်းတွေ ကို နင်ခံစားထားလိုက်... Yibo နင်ပြောသလိုပဲ ရှောင်ကျန့်ကိုပျော်ရွှင်အောင် ထားနိုင်ပါမလားဆိုတာ နင့်သူကို ကာကွယ်နိုင်ရဲ့လားဆိုတာ ငါစောင့်
ကြည့်နေမယ်... ရှောင်ကျန့် နင့်က ငါ့ရဲ့ပိုင်ဆိုင်မှုတွေအကုန် လုံးကို ယူထားတဲ့ အတွက် နင့်ကို ဘယ်တော့မှ မပျော်ရွှင်စေရဘူး... ငါကနင့်ရဲ့ ဘဝကို ပျက်စီးအောင် ဖျက်စီးပစ်မယ်... သူမနာကျင်တာတွေကို တစ်ချက်တောင်နှစ်သိမ့်မပေးပဲ နေရက်တဲ့ဒယ်ဒီကိုလည်း ပြန်ခံစားစေရမယ်.... "
သူမစိတ်ထဲမှာ ကျိန်းဝါးပြီးတော့ ဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး ထွက်လာခဲ့လိုက်တော့တယ်.... အခုလောလောဆယ် သူ မဒေါသတွေကြောင့် ဘာလုပ်မိမလဲမသိဘူး... ကျန်းထိုက်လျာအပြင်ကိုထွက်လာတော့တယ်... လင်လုံမေကတော့ သ မီးဖြစ်သူ ကျန်းထိုက်လျာထွက်သွားတာ မြင်တော့ ရဲတွေကိုင်ထားတဲ့ လက်ကို ရုန်းပြီးတော့ နောက်ကနေ ပြေးလိုက်သွားပြီး....
"သမီးကျန်းထိုက်လျာ.... သမီးရေ မာမီကို ခွင့်လွှတ်ပေးပါနော်....မာမီကို ခွင့်လွှတ်ပေးပါ...မာမီမှားခဲ့တာကို တောင်းပန်းပါတယ်.... အားလုံးသမီးအတွက်ကြီးပဲ မာမီလုပ်ခဲတာပါ...."
ကျန်းထိုက်လျာက သူမစကားကို မကြားသလို တစ်ချက်တောင်လှည့်မကြည့်တာကြောင့် မှီလို့မှီခင်ဖြစ်နေတာကြောင့် လက်ကလေးကို ဆွဲလိုက်တော့....
"ကျွန်မအသားကို မထိနဲ့.... လွှတ်ပေးနော်..."
သူမပြောနေတာတောင် မလွှတ်ပေးပဲ အတင်းလိုက်ဆွဲနေတာကြောင့် ဒေါသတွေပိုဖြစ်လာမိတာကြောင့်....
"ကဲဟယ်.... လာမရှုပ်နဲ့.... ရှင်နဲ့ မပတ်သတ်စေချင်ဘူး... ကျွန်မအသားကို လာမထိနဲ့ "
ပြောပြီးတော့ သူမတွန်းလိုက်တော့မြေပေါ်ကို ကျသွားတဲ့ အမေဆိုတဲ့ မိန်းမကို နာနာကျဥ်ကျည်းကြည့်ပြီးတော့ထွက်လာလိုက်တော့တယ်... ကျန်းထိုက်လျာက ခြံရှေက ဖြတ်မောင်းသွားတဲ့ Taxiလေးပေါ် တက်သွားလိုက်တယ်... ကျန်းထိုက်လျာတို့ထွက်သွားတော့ Wang အိမ်တော်မှ ဆက်ပြီးမနေချင်တော့တာကြောင့် ကျင်းလန်ဖုံးကနောက်က လိုက် ထွက်လိုက်လာတာကြောင် ကျန်းထိုက်လျာနဲ့ သူမိခင်ဖြစ်ပျက်နေတာကိုကြည့်ပြီးတော့ သူမ မျက်နှာကို ရှုပ်မဲ့နေမိတယ်....
"တော်တော်အသဲမာတဲ့ မိန်းမပဲ သူအမေအရင်းကို ဆက်ဆံပုံက တကယ်မလွယ်ဘူး... သူကို သူအမေက ကောင်းကောင်းထားတဲ့ အရာကို ကျန်းထိုက်လျာ ကျေးဇူးသင်တင့်တယ်.... သူမအမေအဖေက သူမကို ထိုက်လျာလို့ မကြီးပြင်းစေခဲ့လို့ ကျေးဇူးတင်မိပါတယ်... ဒါပေမဲ့ ကျန်းထိုက်လျာလို မိန်းက လေးနဲ့ သူမအမျိုးမတော်ချင်ဘူး... ဒယ်ဒီကို အဖြစ်မှန်တွေမေးရမည်သာ.... ဖြစ်နိုင်ရင် ကျန်းထိုက်လျားလို့ လူမျိုးနဲ့ တစ်လေထဲတောင်အတူတူ မရှုချင်ဘူး... သူမတွေးနေစဥ်မှာပဲ ခြံထဲကို နောက်ဆုံးပေါ် ကားအဖြူလေးတစ်စီးဝင်လာတာကိုတွေ့လိုက်မိတာကြောင့် စိတ်ဝင်တစား ကားထဲကို ကြည့်လိုက်မိတော့တယ်... ဟင်... ဒါကရှောင်ကျန့်အမေမဟုတ်လား ရှောင်ကျန့်အမေကသေသွားပြီးမဟုတ်လား... ဘယ်လိုလုပ်ပြန်ရှင်လာတာလဲ... ဒါဆိုရင်တော့ ဒယ်ဒီအတွက်အခြေ အနေမကောင်းနိုင်တော့ပေ... "
ကျင်လန်ဖုန်း သူမ ဒယ်ဒီမျက်နှာကို ပြေးမြင်မိရင်း မျက်နှာလေးဖြူဖျော့သွားတော့တယ်... သူမ ဒီအကြောင်းကို ဒယ်ဒီကို အမြန်သွားပြီးတော့ ပြောရမယ်... ဒါမှ ဒယ်ဒီတို့ လွတ်မြှောက်ဖို့ နည်းလမ်းအမြန်ရှာလို့ရမယ်လေ.... သူမသူများတွေကို ကြည့်ပြီးတော့ မကဲ့ရဲ့နိုင်တော့ပေ.... ကိုယ်အပူကို ကိုယ်သာသိတာကြောင့် သူမဘဝလည်း ကျန်းထိုက်လျာလိုမဖြစ်ချင်ပေ.... အခုလောလောဆယ် ဒယ်ဒီဆီသွားရန်သာ စိတ်ရောက်နေတော့တယ်.... ကျန်းထိုက်လျာကတော့ စိတ်ထဲမှာ ဒေါသတွေထွက်လျက်ရှိနေတော့တယ်.... သူမ အမေဆိုတဲ့ မိန်းမကြီးကို အရမ်းမုန်းတယ်... အရာအားလုံး သူအမေကြောင့် ဆုံးရှုံးရတာ တစ်ခါတည်းမပေါ်အောင် နောက် ကြောင်းမရှင်းခဲ့ဘူး တစ်ကယ်မှာတစ်ခါတည်းသတ်ပြစ်လိုက် ရမှာကို အခုတော့သူမဘဝပျက်ပြီလေ... ဒါတွေအားလုံးက ရှောင်ကျန့်နဲ့လည်း ဆိုင်တယ်... အရင်က သူမတို့ကို မော့ကြည့်ဖို့မပြော အနားတောင်လာခွင့်မရှိတဲ့သူက အခုတော့ သူမရဲ့အရာအားလုံးအပြင် ဒယ်ဒီရော အကုန်းလုံးရှောင်ကျန့်ဆီကို ရောက်နေကြပြီ သူမမှာ ဘာဆိုဘာမှ မရှိတော့ဘူး... သူမ ကျန်းအိမ်တော်ကို ပြန်လာပြီးတော့ အခန်းထဲမှာ ပစ္စည်းတွေကို စိတ်ရှိတိုင်း ဒေါသတကြီးပေါက်ကွဲနေမိတော့တယ်.... ဒေါသတွေမောဟတွေကြောင့် သူမ ရင်တွေပူလောင်နေတာကြောင့်.... ဘယ်သူမျက်နှာကိုမှ မကြည့်နိုင်တော့ပေ...
"အား... မုန်းတယ် ရှောင်ကျန့် နင့်ကိုအရမ်းမုန်းတယ်ရှောင်ကျန့် နင့်ပျော်ပျော်ရွှင်ရွှင်ဘယ်တော့မှ မနေရဘူး... နင့်ဘဝ ပျက်စီးပြီး နင့်ကိုချစ်တဲ့သူတွေ တစ်ယောက်မကျန် နင်ကို မုန်းသွားအောင်လုပ်ပစ်မယ်....ဟား....ဟား... နင့်ကို ကျိန်းဆိုတယ်ရှောင်ကျန့်..."
ကျန်းထိုက်လျာတစ်ယောက် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အော်ဟစ်သောင်းကျန်းနေတော့တယ်... တစ်ဖက်ခြမ်းမှာ ကျန်းထိုက်လျာတစ်ယောက်ကမ္ဘာပျက်နေပေမဲ့...
-----------------------------------------------------------
Yiboကတော့ ပျော်ရွှင်နေတဲ့ ယုန်လေးကိုကြည့်ပြီးတော့ သူပါပျော်နေမိတော့တယ်.... ယုန်လေးရဲ့ အပြုံးလေးကိုကြည့်ပြီး စိတ်ထဲမှာကတိတစ်ခုကို တိုးတိုးလေးပေးမိတယ်..... သူကလေးဘဝမှာ အမြဲငိုနေခဲ့ရပြီးပြီ အခုကစပြီး သူရဲ့ ချစ်စဖွယ်ယုန်လေးကို မျက်ရည်ဆိုတာ ဘာမှန်းမသိအောင် လုပ်ပေးမည်... မျက်ရည်ကျရင် တောင် ပျော်လို့ကျတဲ့ မျက်ရည်ပဲ ဖြစ်စေရမယ်လို့ပေါ့လေ.... Yibo အိမ်ရှေ့ဆီ ကားသံကြားတာကြောင့် ယုန်လေးမျက်နှာလေးကို လှမ်းကြည့်ပြီးပြုံးလိုက်တော့တယ်... ပြီးတော့ စိတ်ရှည်ပြီး အလိုလိုက်တဲ့ အ ပြုံးတွေနဲ့ ကြည့်ပြီးတော့....
"ရှောင်ကျန့် ကျွန်တော် လူတစ်ယောက်ကို ခေါ်ထားတယ်သိလား...သူဘယ်သူလို့ထင်လဲ ခင်ဗျားလေးကို ပျော်ရွှင်စေမဲ့သူလေ..."
Yiboစကားကြောင့် ဘယ်သူလဲဆိုပြီး အံသြနေပြီး စဥ်းစားနေတဲ့ ပုံစံလေးက ချစ်စရာလေးကောင်းလွန်တာကြောင့် အသဲတရားရားဖြစ်စေတဲ့ယုန်လေးရဲ့ နှာခေါင်းလေးကို မနာအောက် ဖွဖွလေး လက်ကလေးနဲ့ ဆွဲလိုက်ပြီး ရယ်လိုက်မိတယ်... ရှောင်ကျန့်ကတော့ အပြင်ဖက်က ဝင်လာတဲ့သူကို လှမ်းကြည့်လိုက်တော့.... သူမျက်လုံးကို သူမယုံကြည့်သလို ပွတ်မလို့လုပ်နေတဲ့ ယုန်လေးရဲ့ လက်တွေကို Yiboအမြန် ဖမ်းဆွဲထားလိုက်ပြီးတော့.....
"မပွတ်နဲ့လေ မျက်လုံးတွေနာကုန်လိမ့်မယ်.... အဲ့ဒါအမှန်ပဲ... အိမ်မက်မဟုတ်ဘူး... မျက်လုံးကို လက်နဲ့ မပွတ်ရဘူးသိလား..."
သူပြောတာကို မကြားတဲ့အပြင် ယုန်လေးရဲ့ စိတ်တွေက...
"မား.... Yibo မားသတိရလာတာလားဟင် ပျော်လိုက်တာ Yiboဘာလို့မပြောတာလဲဟင်.... ငါ့ဘဝမှာ ဒီနေ့လောက်ပျော်ရွှင်ရတဲ့ နေ့မရှိတော့ဘူး.... မားမား..."
သူကိုပြောရင်နဲ့ သူဘာသာဖြေရင်း အရမ်းကိုပျော်ရွှင်နေတာကို ပြောပြစရာမလိုလောက်အောင် သိသာနေတဲ့ ယုန်လေးပါတည်း... ကလေးတစ်ယောက်လို သူမားဆီ လက်ကလေးဆန့်တန့်းပြီး ပြေးသွားတဲ့ ရှောင်ကျန့်ကြောင့် Yiboပြုံးနေမိတယ်... တကယ်ကလေးမှကလေး သူကလေးကို ငေးကြည့်နေမိတော့တယ်....
"မား... မားသားကို မှတ်မိသေးရဲ့လား...နေကောင်းရဲလား... ဘယ်နေရာက နာနေသေးလဲ... နာနေရင် ကျန်ကျန့်ကိုပြောနော်..."
ရှောင်ကျန့်မေးနေပေမဲ့ မားကမသိတဲ့ပုံစံနဲ့ ကြည့်နေတာကြောင့် သူYiboကို လှမ်းကြည့်ရင်းနဲ့...
"Yiboမားက အတိတ်မေ့သွားတာထင်တယ် ငါကိုတောင် မမှတ်မိဘူး စကားတောင်မပြောဖူး...ဟင့်ဟင့်..."
သူမားကို ကြည့်ပြီး ဝမ်းနည်းလာတာကြောင့် ငိုမိတော့မှ....
"အမလေး... ကလေးရယ် မားကစတာပါ... မငိုနဲ့တော့နော် ဒီလောက်လေးစတာကို ငိုနေရလား.... မရှက်ဘူးလား...မားလည်း သားကိုလွမ်းနေခဲ့တာပါ... သားတစ်ယောက်တည်းအကြားကြီး နေခဲ့ရလို့ မားကတောင် တောင်ပန်းရမှာပါ...."
ရှောင်ကျန့်က သူကိုမျက်ရည်လေးတွေ သုတ်ပေးရင်းပြောလာတဲ့ မားကြောင့် သူမားကိုတင်းကြပ်အောင်ဖက်လိုက်မိတယ်... ခေါင်းလေးကို မားရင်ခွင်ထဲတိုးဝင်ပြီး မားရဲ့နွေးထွေးတဲ့ ရင်ခွင်ငွေ့ကိုခံစားရင်းနဲ့.....
"ကျန်ကျန့်လည်းမားကို အရမ်းလွမ်းနေတာ... မား ကျန်ကျန့်တစ်ယောက်တည်းကို နောက်ထပ်ထပ်ပြီးမထားခဲ့ပါနဲ့နော်.... သားမားနဲ့ မခွဲနိုင်လို့ပါနော်..."
ကလေးတစ်ယောက်လို တတွတ်တွတ်နဲ့ မိခင်ဖြစ်သူကို ချွဲ
နေတဲ့သူသားလေး ပျော်နေတာကို ကြည့်ပြီး ကျန်းသခင်ကြီးလည်း ပျော်နေမိတော့တယ်.... သူလည်းရှောင်ကျန့်အမေဖြစ်တဲ့ ကျောက်ချင်စစ်ဆီသွားလိုက်ပြီးတော့....
"သား.... သားရဲ့ မားကို ထိုင်ခိုင်းလိုက်ဦးလေး အခုမှ နေကောင်းခါစဆိုတော့ မတ်တပ်အကြားကြီးရပ်နေရတာ ပင်ပန်းနေလိမ့်မယ်... "
ကျန်းသခင်ကြီး သတိပေးစကားကြောင့်...
"ဟုတ်သား.... မားသားမေ့သွားတယ်လာမား သားကိုတွဲ ပြီးလျှောက်နော်..... "
သူမဘေးနားမှာ လူကြီးလေးလိုပြုမူနေတဲ့ ကလေးငယ်ကို ကြည့်ပြီး ပြုံးလိုက်မိတယ်.... ဘယ်လောက်ပဲ ရင့်ကျက်တယ်ပြောပြော ကျန်ကျန့်လေးရဲ့ အမူအယာလေးတွေကတော့ ကလေးအတိုင်းပဲ ဖြစ်သည်.... သူတွဲနေတာကိုရယ်နေတဲ့ မားကြောင့် နှုတ်ခမ်းလေး ဆူမိတယ်... ကျန်တဲ့သူတွေကလည်း သူကိုကြည့်နေတာကြောင့်လည်း ပါတယ်.... စိတ်ဆိုးလိုက်တာ မသိရင် သူကလေးကျနေတာပဲ... ရှောင်ကျန့်စိတ်ထဲကတွေးရင်းနဲ့ မားကိုထိုင်ခိုင်းလိုက်တော့ ဒယ်ဒီက...
"ရှောင်ကတော် ကျွန်တော်က ချင်ကျစ်ရဲ့ ခင်ပွန်းပါ အခုမှမိတ်ဆက်တာ အရမ်းနောက်ကျနေတယ်ဆိုပေမဲ့ ကျွန်တော်ရဲ့သားလေးကို စောင့်ရှောက်ပေးထားတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်... ဒီကျေးဇူးကို ဘယ်လိုကျေးဇူးတင်ရမလဲမသိတော့ဘူး...."
သူမ သားအတွက်ဝမ်းသာပါတယ် ဒါပေမဲ့ သားလေးကို သူမ မခွဲနိုင်ဘူးလေ.... ဒါပေမဲ့သားပျော်ရင်တော့သူမကျေနပ်ပါတယ်လေ... ကျန်းသခင်ကြီးက သူစကားကြောင့် ရှောင်က တော်မျက်နှာပျက်သွားတာကို ရိပ်မိတာကြောင့် ပျာပျာ... သ လဲဖြင့်......
"ကျွန်တော်ပြောတာက သားလေးနဲ့ ခွဲမလိုမဟုတ်ပါဘူး.... ဒီအတိုင်းကျေးဇူးတင်တာပါ.... "
အခုမှ မျက်နှာပြန်ကြည်လင်လာတဲ့ ရှောင်သခင်မတစ်ဖြစ် ကျောက်ချင်စစ်က...
"ကျေးဇူးတင်ပါတယ်... ကျွန်မမှာက ဒီကလေးတစ်ယောက် တည်းရှိတာကြောင့် ကလေးကို မခွဲသွားဘူးလို့ကြားရတာကျေးဇူးတင်ပါတယ်နော်... ကျေးဇူးတင်စရာမလိုပါဘူး ဒီသားလေး ကျန်ကျန့်လေးကြောင့် ကျွန်မဘဝ အထီးကျနနေတာပါ... ကျွန်မက ကျေးဇူးတင်ရမှာပါ...."
ကျန်းသခင်ကြီးကို စကားပြောရင်းနဲ့ ကလေးတစ်ယောက်လို သူမပေါင်ပေါ်ခေါင်းလေးတင်ပြီး အိပ်နေတဲ့ကလေးငယ်ရဲ့
ခေါင်းလေးကိုပွတ်ပေးနေရင်း ဇိမ်ကျနေတဲ့ သူမကလေးငယ်ကိုကြည့်ပြီးတော့ ကျန်းသခင်ကြီးအား....
"အခုကျန်းသခင်ကြီးကို ပေးတဲ့ ဓာတ်ပုံတွေက ရှောင်ကျန့်လေး ငယ်ငယ်ကရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့ ပြီးတော့ကလေးကို မွေးပေးခဲ့တဲ့ သူနာပြုရဲ့ ပုံလေးပါ... ကျန်းသခင်ကြီးမယုံရင် သွားပြီး စုံစမ်းလို့ရအောင် ပေးထားတာပါ.... သူမကပဲ သားလေးကို ကျွန်မတို့ဆီခေါ်လာပေးတဲ့သူပေါ့...."
"ကျွန်တော် မစုံစမ်းတော့ပါဘူး... ရှောင်ကျန့်လေးကို ကျွန် တော်သားဆိုတာ အကျွမ်းမဲ့ ယုံကြည်တယ်..."
"ဒါကရှောင်ကျန့်လေးကို ဝတ်ပေးထားတဲ့ အဝတ်လေးပါ ကလေးအမေကိုယ်တိုင် ထိုးထားတာလို့တော့သိရပါတယ်..."
ကျန်းသခင်ကြီး သိုးမွေးအိင်္ကျီးလေးကို ကိုင်ပြီး မျက်ရည်ကျလာတော့တယ်.... အမှန်ပဲ သူမရဲ့လက်ရာဆိုတာမပြောပဲနဲ သိတယ်... ကျန်းသခင်ကြီးက သူကို အမြဲထိုးပေးနေကြလက် ရာလေးမို့ သူဇနီးထိုးထားမှန်း သူကြည့်တာကြောင့် အဝတ်လေးကို ကြည့်ပြီး မျက်ရည်ကျမိတယ်...
"ဒီအဝတ်လေးက ကျွန်တော်ဇနီးထိုးထားတာလေးပါ... သားလေးရှောင်ကျန့်က ကျွန်တော်သားဆိုတာ ယုံကြည်ပြီးသားဆိုတော့ သက်သေထပ်ပြစရာမလိုပါဘူး...."
ကျန်းသခင်ကြီးပြောတာကို နားထောင်ပြီး Yiboက ....
"ဒါပေမဲ့ ကျန်းသခင်ကြီး စိတ်ရှင်းသလို ကျွန်တော်ရဲ့ ယုန်လေးကို စိတ်ရှင်စေချင်တယ်... ကျွန်တော် DNAစစ်ဖို့ သူ ငယ်ချင်းဆရာဝန်တစ်ယောက်ကိုခေါ်ထားတယ်... ဒီထက်စိတ်ပိုရှင်းသွားအောင်ပေါ့လေ... ကျွန်တော်ယုန်လေးကို ထပ်ပြီး ဝမ်းမနည်းစေချင်လို့ပါ...."
သူ့စကားကြောင့် ရှောင်ကျန့်လေး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူကိုမော့ကြည့်နေတာကြောင့် Yiboယုန်လေးဘေးမှာ ဝင်ထိုင်လိုက်ပြီးတော့ကျန်းသခင်ကြီးအား...
"အန်ကယ်ကျွန်တော်ပြောစရာရှိလို့ စာကြည့်ခန်းလေးကို ခဏလောက်လိုက်ခဲ့ပေးပါ..."
-----------------------------------------------------------
အချိန်ပေးပြီး ဖတ်ပေးတဲ့ reader တွေကိုကျေးဇူးတင်ပါတယ်နော်.... စာအရေးအသား မကောင်းရင် စိတ်မဆိုးပါနဲ့နော်...
Zawgyi
အပိုင်း (87)
-----------------------------------------------------------
-----------------------------------------------------------