ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.9K 6.2K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

304

208 26 0
By SoeHmue

Chapter 304: ကျားဂူထဲ ဝင်ခြင်း

ဇူအန်နှာခေါင်းထဲ ရင်းနှီးသောအနံ့တစ်ခုဝင်လာသည်။ ထိုအချိန်တွင် ဇူအန် ကိုယ်ကျိုးနည်းပြီဖြစ်ကြောင်း နားလည်သွားသည်။

ရနံ့မှတဆင့် ဇူအန်သူမကို မှတ်မိနိုင်မှတော့ မက်မွန်ပွင့်ဂိုဏ်းသားဝတ်စုံတစ်ခုသာ ဝတ်ပြီး ရုပ်ဖျက်ထားသော ဇူအန်ကို သူမလည်း မှတ်မိနိုင်မှာ အသေအချာ ပင်။
သို့သော် သူက တစ်ချက်နှေးသွားရုံသာ။ ဇူအန် အကြောများကို တစ်ဖက်လူက ပိတ်ပြီးသွား၍ တစ်ချက်မှ မလှုပ်နိုင်တော့ပေ။

မက်မွန်ပွင့် ၄က ထိတ်လန့်သွားပြီး အမြန် ထရပ်လိုက်မိသည်။
"ဂိုဏ်းခေါင်းဆောင် ဘာလုပ်နေတာလဲ" မေးမြန်းလိုက်သည်။

ထိုမိန်းမငယ်က နှာမှုတ်၍ လက်ချောင်းတစ်ချက်လှုပ်ရှားလိုက်သည်။ လက်သည်းရှည်များက သူ့နဖူးကို ထိုးဖောက်ပစ်လိုက်လေသည်။
မက်မွန်ပွင့် ၄ တစ်ကိုယ်လုံး တုန်ရင်ကာ မျက်နှာမှ အံ့အားသင့်နေသော အမူအရာဖြင့် စားပွဲပေါ်ကို ပျော့ခွေကျသွားသည်။

ထိုအရာကိုမြင်သော် မက်မွန်ပွင့် ဂိုဏ်းသားများ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ထွက်ပြေးရန်ပြင်ကြသည်။
ဘာဖြစ်သွားမှန်း သူတို့နားမလည်သော်လည်း တစ်ဖက်လူက စတင်တိုက်ခိုက်လာသောကြောင့် တစ်ခုခု လွဲချော်သွားမှန်း သိလိုက်သည်။
မက်မွန်ပွင့် ၄သာ အသတ်မခံရသေးလျှင် သတ္တိရှိရှိ ပြန်တိုက်နိုင်သေးသည်။
သို့သော် မက်မွန်ပွင့် ၄က တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ အခန်းထဲမှ ပထမဆုံးထွက်နိုင်ရန်သာ ကြိုးစားနေမိကြသည်။

သူတို့က ဝေလဂိုဏ်းခေါင်းဆောင်နှင့် ယှဉ်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ သို့သော် သူတို့အပေါင်းအပါများထက်သာ မြန်နိုင်လျှင် ဝေလဂိုဏ်းချုပ် အခြားသူများကို ရှင်းနေစဉ် အသက်ရှန်ရန် အခွင့်အရေးတစ်စွန်းတစ်စ ရနိုင်မည်ဟု ထင်နေကြခြင်းဖြစ်သည်။

ကံမကောင်းစွာ မိန်းမငယ်က လက်တစ်ဖက်လှုပ်ရှားလိုက်သည်။ ယခင် ရေနွေးငှဲ့စဉ်က စားပွဲပေါ်သို့ လျှံကျသွားသော ရေများသည် အားတစ်ခုခုက ထိန်းချုပ်ထားသလို ရေစက်များစွာ ဖြစ်ထွန်းလာသည်။
သူမလက်တစ်ဖက် ခါလိုက်ရာ ထိုရေစက်များက ထွက်ပြေးနေသော မက်မွန်ပွင့်ဂိုဏ်းသားများ၏ နောက်ကျောပြင်များသို့ အားပြင်းပြင်းနှင့် ဝင်ရောက်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အကုန်လုံး သွေးသံရဲရဲ ဖြစ်သွားကြသည်။ သူတို့၏ကြောက်လန့်အော်ဟစ်သံများလည်း ရုပ်ချည်း ရပ်သွားရသည်။

"ခေါင်းဆောင် ဘာဖြစ်တာလဲ " ရုတ်တရက် ဆူညံသံကြောင့် အပြင်တွင်စောင့်နေသော ဝေလဂိုဏ်းသားများ အထဲကို အပြေးဝင်လာကြသည်။

မိန်းမပျိုက ထိုင်ခုံတွင် သက်တောင့်သက်သာ နေရာယူပြီးနေပြီ။ လက်သည်းတုနောက်တစ်ခုယူ၍ တပ်လိုက်ပြီး
"ဘာမှမဟုတ်ဘူး။ နေရာကို ရှင်းလိုက်"

သူ့နောက်လိုက်များက ဆက်မပြောတော့ပေ။ ဝေလဂိုဏ်းအတွက် လူတစ်ချို့ကို သတ်လိုက်ခြင်းက ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ပင်။
"ရာရှောင်း သူယူလာတဲ့ပစ္စည်းတွေကို စစ်ကြည့်လိုက်" မိန်းမပျိုက မက်မွန်ပွင့် ၄ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်ကဲ့" မုတ်ဆိတ်မွေးကျစ်ထားသော ဗလတောင့်တောင့်လူတစ်ယောက်က ပြန်ဖြေသည်။ သူက မက်မွန်ပွင့် ၄၏ အိတ်ကပ်များကို လှန်လှောကာ စာရွက်တစ်ချို့ ထုတ်လာသည်။
"ဒီချီးထုပ်ကတော့ ငွေတိုက်စာရွက်တစ်ချို့ကလွဲရင် ကျန်တာအားလုံး အတုတွေပဲ။ ဒီ မက်မွန်ပွင့်မျိုးမစစ်တွေအားလုံးကို သွားသတ်တော့မယ်"
သူက ဇူအန်ထံ လက်ဆစ်များချိုးကာ ရောက်လာသည်။

"ငါ ဒီလူ့ကို သုံးဖို့လိုသေးတယ်။ မင်းတို့သွားကြတော့" မိန်းမပျိုက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလာသည်။
သူ့လေသံက မလေးနက်သော်လည်း ဝေလဂိုဏ်းသားများက အတည်ယူကြလေသည်။ သူတို့က အမြန် အလောင်းများရှင်းကာ ထွက်သွားကြသည်။
အခုလေးတင် ကြမ်းကြမ်းတမ်းတမ်းပြုမူနေသော ရာရှောင်းဆိုသူလည်း မက်မွန်ပွင့် ၄ကို သယ်ကာ ထွက်သွားသည်။

တံခါးပိတ်သွားချိန်တွင် ဇူအန် သက်ပြင်းချလိုက်သည်။
"တစ်ချိန်လုံး အားနွှဲ့ပြီး နူးညံ့ပုံပေါ်တဲ့ မင်းမှာ ဒီလောက် အံအားသင့်စရာ ကောင်းတဲ့ အခြမ်း ရှိမယ်လို့ ဘယ်သူထင်မှာလဲ။ "

ထိုမိန်းမပျိုက ပုဝါကိုဖယ်လိုက်သော် ရင်းနှီးသောမျက်နှာတစ်ခု ပေါ်လာသည်။ ကျန်းတန်ကလွဲရင် ဘယ်သူဖြစ်မှာလဲ
"ရှင် မိန်းမတွေကို လုံးဝနားမလည်ဘူးလို့ပဲ ပြောရမှာပေါ့။ မိန်းမတစ်ယောက်က ပိုလှလေလေ ပိုပြီး လိမ်နိုင်လေလေပဲ"

ဇူအန် နှာမှုတ်လိုက်သည်။
"မင်းကို တကယ်နားမလည်ဘူး။ မင်းက ပုံမှန်အချိန်မှာဆို ယင်ကောင်တစ်ကောင်တောင် မသတ်ရက်တဲ့ပုံစံနဲ့ အခုကျ မျက်တောင်တစ်ချက်မခတ်ဘဲ အသက်လေးချောင်းကို နှုတ်ယူနိုင်တယ်"

"ရှင်က မက်မွန်ပွင့် ၄ ရဲ့ လူတွေကို ပြောနေတာလား" ကျန်းတန် အသာရယ်လိုက်သည်။
"ဒီလူတွေက အသက်ရှင်ဖို့ မက်မွန်ပွင့်ဂိုဏ်းကို အားကိုးပြီး ဒီနှစ်တွေမှာ ရာဇဝတ်မှုပေါင်းစုံ လုပ်ဖူးကြတယ်။ သူတို့က အရင်တည်းက သေသင့်တာ။ သူတို့ကို မနှိပ်စက်တာကိုပဲ ကျေးဇူးတင်သင့်တာ"

"သူတို့အစား မင်းကို ကျေးဇူးတင်ပေးရမှာလား" ဇူအန် လှောင်လိုက်သည်။

"သူတို့ ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ သူတို့ကျေးဇူးတင်ချင်ရင် ရှင့်ကိုပဲ တင်သင့်တာ။ ရှင့်ကို ဘယ်လိုဖြေရှင်းရမလဲ ကျွန်မအတွေးများမနေရင် သူတို့ကို ဒီလောက် မြန်မြန်သေစေမှာမဟုတ်ဘူး"
ကျန်းတန် မတ်တပ်ရပ်ကာ ဇူအန်အနား လျှောက်လာသည်။

ကျန်းတန်ရနံ့သင်းသင်းက ဇူအန်ကို ရစ်ပတ်လာပြီး ဇူအန် ရယ်လိုက်သည်။
"ဒါဆို မင်းငါ့ကို ဘယ်လိုလုပ်မလဲ စဉ်းစားပြီးပြီလား"

"မတွေးရသေးဘူး။ တကယ်တော့ ရှင့်ကို ဒီလိုအခြေအနေမှာ တွေ့ရမယ်လို့ မထင်ထားမိဘူး" ကျန်းတန် နားထင်ကိုပွတ်လိုက်မိသည်။ သူခေါင်းကိုက်စပြုလာလေပြီ။

ဇူအန် သက်ပြင်းချလိုက်သည်။
"လူတိုင်းက ဝေလဂိုဏ်းခေါင်းဆောင် ဘယ်သူလဲ သိချင်နေတာ။ ပြောရရင် မင်းက ချန်ရွှမ်း ထက်တောင် ပိုလျှို့ဝှက်သေးတယ်။ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်က ဖြောင့်မတ်မှန်ကန်တဲ့ ကျန်းအိမ် သခင်မလေးဖြစ်နေမယ်လို့ ဘယ်သူမှ မထင်ထားလောက်ဘူး" ဇူအန် သူ့ရှေ့က မိန်းမလှကိုစိုက်ကြည့်ရင်း မေးလိုက်သည်။
"ဘယ်တစ်ခုက မင်းရဲ့ ပုံစံအစစ်လဲ"

"ဘယ်အခြမ်းကို ရှင်ပိုသဘောကျလဲ" ကျန်းတန် ဇူအန်နားကပ်လာသည်။ သူ့လက်သည်းထိပ်က ဇူအန်မျက်နှာတစ်လျှောက် ပွတ်သပ်လာပြီး နောက်ဆုံး လည်ပင်းတွင် ရပ်သွားသည်။

ဇူအန် လည်ချောင်းခြောက်လာသည်။ မက်မွန်ပွင့် ၄က သူ့လက်သည်းတစ်ချက်ကြောင့်သေသွားရတာကို ဇူအန် မမေ့သေးပေ။
"ဒါပေါ့ ငါကတော့ ငါနံရံကိုကပ်ပြီး ပွေ့ဖက်ခဲ့တဲ့ မျက်နှာရဲရဲမိန်းကလေးကို ပိုသဘောကျတာပေါ့"

ကျန်းတန် မျက်နှာနီသွားသော်လည်း အမြန်ပြန်ဖုံးလိုက်သည်။
"ဟမ့် ရှင့်ရဲ့ပေါက်ကရတွေ ရပ်တာကောင်းလိမ့်မယ်။ ကျွန်မက အရင်လိုမဟုတ်တော့ဘူး။ ရှင်ကျွန်မကို ဝမ်းနည်းအောင်လုပ်ရင် ရှင့်လျှာပျောက်သွားလိမ့်မယ်"

ဇူအန် ရယ်လိုက်သည်။
"ငါ့လျှာမရှိတော့တာ မင်းက ကြည့်ရက်လို့လား"

ကျန်းတန် မျက်လုံးကျဉ်းသွားသည်။ သူမဆီက ထွက်လာသော လူသတ်ငွေ့က ဇူအန်ကို ကြောက်လန့်စေသည်။
ကျန်းတန်လက်သည်းထိပ်က ဇူအန်မေးအောက်တွင် ကွေးသွားပြီး အန္တရာယ်အရိပ်အငွေ့များ သူ့မျက်နှာတွင် ပေါ်လာသည်။
"ဒါဆိုလည်း လျှာထုတ်ကြည့်လေ။ ကျွန်မကြည့်ရက်လားဆိုတာ သိရအောင်"

"အွမ်း.." ဇူအန် ခေါင်းကို အသည်းအသန် ခါလိုက်သည်။ သူ့လျှာကို မထုတ်ရဲပေ။ ဒီကိစ္စကြောင့် လျှာကို ဆုံးရှုံးလိုက်ရလျှင် အရမ်းအဖြစ်ဆိုးသွားလိမ့်မည်။
ကျန်းတန်၏ လူသတ်ငွေ့အစစ်ကို ခံစားမိ၍ ဇူအန် ထပ်ရန်မစရဲတော့ပေ။
ဒီအန္တရာယ်ရှိတဲ့ မိန်းမလှကို အမျိုးမြင့်အိမ်တော်မှ သိမ်မွေ့နူးညံ့သော သခင်မလေးနှင့် ဆက်စပ်၍ မရချေ။
ဒီမိန်းမက အစွန်းနှစ်ဖက် ရှိနေတာလား တွေးမိလိုက်သည်။

ခပ်သွက်သွက် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။

ကျန်းတန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဘာကိစ္စလဲ"

တံခါးအပြင်မှ ရာရှောင်းအသံ ထွက်လာသည်။
"ခေါင်းဆောင် ကျွန်းကသတင်းပါ။ အရေးကြီးကိစ္စ ဆွေနွေးစရာရှိလို့ ပြန်လာခဲ့ပါဦးတဲ့"

ကျန်းတန် ပုဝါကို ပြန်တပ်၍ တံခါးဖွင့်လိုက်သည်။
"ဒါက ဘယ်လို သတင်းလဲ"

ရာရှောင်း ခေါင်းယမ်းကာ စာရွက်တစ်ခု ပြလိုက်သည်။
"ဘာမှမပြောထားဘူး။ ဒါက ကျွန်းကိုပြန်လာပေးဖို့ပဲ တောင်းဆိုထားတာ"

"ငါပြန်ပြီး ဘာဖြစ်နေလဲ ကြည့်လိုက်မယ်" ကျန်းတန် မျက်နှာပျက်၍ ပြန်ဖြေသည်။ သူက ပုံမှန်ဆို ကျန်းအိမ်သခင်မလေးအဖြစ်နေ၍ အရေးကြီးကိစ္စမဟုတ်လျှင် ကျွန်းကို မသွားပေ။
သို့သော် သိပ်တော့ စိတ်မပူချေ။ အရေးပေါ်သတင်းဖြစ်သော်လည်း ကပ်ဆိုးဝင်လောက်သည်အထိ မဟုတ်ပေ။ ကျွန်းတွင် အန္တရာယ်မရှိသေးကြောင်း သိလေသည်။
ဒါက သူမ ရှိနေရန် လိုအပ်သော စီးပွားရေးရာ သို့မဟုတ် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ဖြစ်ဖို့များသည်။ ဒီလိုကိစ္စမျိုး အဖြစ်များလေသည်။

ကျန်းတန် ဇူအန်ကို လက်ညှိုးထိုးကာ မှာလိုက်သည်။
"သူ့ကိုပါ ခေါ်လာခဲ့"

ဇူအန် အလွန် မျက်နှာမှိုင်းနေသည်။ သူက ဝေလဂိုဏ်းချုပ် နှင့် သူတို့ စခန်းကို စုံစမ်းရန် ထွက်လာခြင်းပေ။ သို့သော် သတင်းရနိုင်လိုက်သော နည်းလမ်းကြောင့် လုံးဝ စိတ်မပျော်နိုင်ပေ။

ရာရှောင်း မျက်မှောင်ကြုံ့ကာ ဇူအန်ကိုလက်ဖြင့်ညွှန်လိုက်ပြီး
"တစ်လမ်းလုံး လူတစ်ယောက်ကိုဆွဲပြီး မြို့ထဲကနေထွက်ထို့ သိပ်မလွယ်ဘူး။ ဒီမက်မွန်ပွင့်ကျက်သတုံးကို တစ်နေရာရာမှာ လက်စဖျောက်လိုက်ရင်ရော"

ကျန်းတန် မျက်စောင်းထိုးလိုက်သည်။
"ငါ့ကို ဘာလုပ်ရမယ်လို့ လာပြောနေတာလား"

ရာရှောင်း ချွေးစေးများ ထွက်လာရသည်။
"ဒီနောက်လိုက်က မလုပ်ရဲပါဘူး" ကဗျာကယာ ပြောလိုက်သည်။

ဇူအန် စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။ ဒါက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သင့်တဲ့ပုံစံပဲ။
သို့သော် ကျန်းတန်၏ ဒီအခြမ်းက သူမြင်ဖူးနေကျ နူးညံ့ပြီး သီးသန့်ဆန်သော မိန်းကလေးနှင့် လုံးဝ ကွာခြားနေသည်။

ဇူအန်ခေါင်းပေါ်သို့ အမဲရောင်အိတ်တစ်လုံး စွတ်လာပြီး ရထားလုံးတစ်စီးပေါ် ပစ်ချခံလိုက်ရသည်။ ရထားလုံး လေးငါးစီးလောက် တောက်လျှောက် လွှဲပြောင်းပြီးမှ အနည်းငယ် အခြေကျသွားရသည်။
သူကြုံတွေ့နေရသော နိမ့်ချည်မြင့်ချည်ခံစားချက်ကြောင့် လှေတစ်စီးပေါ် ရောက်နေခြင်းဖြစ်ကြောင်း ခန့်မှန်းမိသည်။
အစကတော့ ကျန်းတန် သူ့ကို လွှတ်ပေးမည်ထင်ထားသော်လည်း ကြည့်ရတာ သူက အစီအစဉ် မရှိပုံပင်။ အမေ့ခံလိုက်ရသလို လှေဝမ်းပိုင်းထဲ ပစ်ထည့်ခံလိုက်ရသည်။

ဘာလားဟ။ သူတို့က ငါ ဝေလဂိုဏ်း ပင်မနေရာကို မှတ်မိသွားမှာ စိုးလို့လား။
ထိုသို့ ရုတ်တရက် ဒေါသထွက်ပြီးသော် ဇူအန် စိတ်ပြန် ငြိမ်သွားသည်။ သူတို့ ဆက်ဆံနေသော အပြုအမူအရ ဇူအန်ကို သတ်ရန် အကြံမရှိပုံပင်။ သူတို့သာ ဇူအန်ကို လမ်းသိခွင့်ပြုလိုက်ပါက ဇူအန်ကို နှုတ်ပိတ်ရုံမှတစ်ပါး အခြားမရှိချေ။

ထိုအခါမှ သူ ကျန်းတန်အကြောင်း သိသွားပြီဖြစ်ကြောင်း ဇူအန် သတိရလိုက်သည်။ ဒီလိုပဲ သူ့ကို တကယ် လွှတ်ပေးမှာလား။ သူ့ခေါင်းထဲ အတွေးနှစ်ခု ရောထွေးနေသည်။

လှေတစ်စီးတည်းပေါ်မှ ကျန်းတန်လည်း ရှုပ်ထွေးနေရသည်။
လေပြေအေးအေးက သူ့စိတ်ပူပန်မှုကို မပျောက်ကွယ်နိုင်ချေ။ ဇူအန်ကို ဘယ်လိုဖြေရှင်းရမလဲ သူမ တကယ် မတွေးတတ်ပေ။

ထိုစားသောက်ဆိုင်ထဲတွင် ဇူအန်နှင့်တွေ့ရန် လုံး၀မမျှော်လင့်ထားမိပေ။ ဇူအန်မျက်မှောင်ကြုတ်လာပုံကိုကြည့်ပြီး သူမကိုမှတ်မိသွားကြောင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် အမြန်လှုပ်ရှားမိခြင်းပင်။
အဲ့ဒီလူ သူများကို စိတ်များအောင်လုပ်တဲ့အပြစ်ကြောင့်ပဲ။ သူ့ကြောင့် အဝတ်လဲတုန်းက ရနံ့ပြောင်းရန် မေ့သွားခြင်းပင်။ သူမသာ စိတ်ရှင်းနေလျှင် ထိုအမှားမျိုး လုပ်မိမည်မဟုတ်ပေ။

ဇူအန်ကို ဘယ်လိုလုပ်ရမှန်း တကယ် မသိပေ။ သူမ၏လျှို့ဝှက်ချက်ကို သိသွား၍ ဒီအတိုင်း လွှတ်ပေးရန် မဖြစ်နိုင်ပေ။ ပေါ်သွားပါက သူမနှင့် ဝေလဂိုဏ်းသာမက ကျန်းတစ်အိမ်လုံးပင် ကပ်ဆိုက်ပေလိမ့်မည်။
သို့သော် သတ်ပစ်လိုက်လျှင်လည်း နှမြောစရာပင်။ ထားလိုက်ပါတော့။ ဒီခြေနေထိရောက်ပြီးမှတော့ သူ့ဆီက ဟိုအကြွေးစာချုပ်ရနိုင်မလား စမ်းကြည့်တာပေါ့။

မက်မွန်ပွင့်ဂိုဏ်းမှ ငွေစ ၇ သန်းခွဲ တင်မကချေ။ ကျန်းအိမ်က ထောက်ပံ့နေသော လောင်းကစားဝိုင်းမှလည် ငွေစ ငါးသိန်း အကြွေးတင်နေသေးသည်။
ထိုကိစ္စအတွက် ဇူအန်ကို ပျားရည်ထောင်ချောက် ဆင်ရာမှ ဘာသတင်းမှ မရသည့်အပြင် သူမကိုယ်တိုင်ပင် အကြိမ်များစွာ အသားယူခံလိုက်ရသေးသည်။

နည်းလမ်းပြောင်းရန် အချိန်ကျလေပြီ။ ပျော့ပျောင်းသောနည်းက အသုံးမဝင်လျှင် အားသုံးရပေလိမ့်မည်။
အဲ့ဒီလူက နှိပ်စက်လိုက်ရုံနဲ့ ထွက်လာမှာပါ...သူတို့နှစ်ယောက် အတွေးကိုယ်စီများနေစဉ် ဝေလကျွန်းကို ရောက်လာလေပြီ။

ဇူအန်က ဆွဲထုတ်ခံလိုက်ရသည်။ ခေါင်းပေါ်မှ အိတ်လည်း ဖယ်ခံလိုက်ရပြီး အလင်းပြန်မြင်လာရသည်။

ပတ်ဝန်းကျင်ကို လေ့လာကြည့်သလောက် ကျွန်းသေးသေး တစ်ခုပေါ် ရောက်နေသည်။ အရာအားလုံးကို မြူခိုးတစ်ချို့ ဖုံးထားပြီး မြင်ကွင်းတွင် ကမ်းမရှိချေ။ သူက လပြည့်ရေကန်၏ ကျယ်ဝန်းမှုကြောင့် အထင်ကြီးသွားရသည်။
ဒီလိုနေရာတစ်ခုကိုတောင် ဖုံးထားနိုင်တယ်။ တကယ့်ကို ကြီးမားကျယ်ပြန့်ပြီး ဆန်းကြယ်တာအမှန်ပဲ။

"ခေါင်းဆောင် ဒီလူ့ကို ထောင်ထဲ ပို့လိုက်ရမလား" ရာရှောင်း မေးလိုက်သည်။

ခေတ္တတွေဝေပြီးနောက် ကျန်းတန် ပြောလိုက်သည်။
"သူ့ကို ငါ့နောက် ခေါ်လာခဲ့"

ဒီလူ့ကို မမြင်ကွယ်ရာထားလိုက်လျှင် တစ်ခုခုဖြစ်လာမှာ စိုးရိမ်မိလေသည်။ ဝေလဂိုဏ်းက လူရမ်းကားပေါင်းစုံ ပြည့်နေသည်။ တစ်ချက်မှားတာနဲ့ ဒီလူ အသက်ပျောက်သွားနိုင်သည်။
ထို့အပြင် သူ့ကို လှမ်းခေါ်လိုက်သော အရေးကြီးကိစ္စမှာလည်း သိပ်မကြာနိုင်ပေ။ သူ့ကိစ္စပြီးတာနှင့် ဇူအန်ကိစ္စကိုပါ တစ်ခါတည်း ရှင်းလိုက်နိုင်သည်။

အုပ်စုက အစည်းအဝေးခန်းမအတွင်းသို့ တန်းဦးတည်သွားလိုက်သည်။ သူတို့ ခန်းမကို ရောက်ခါနီးတွင် အံ့သြသောလေသံတစ်ခု ပေါ်လာသည်။
"ဟမ် သူ့ကို ရှင်းပစ်ဖို့နဲ့ ကျုပ်ခေါင်းကိုက်နေတာကြာပြီ။ ဒါပေမဲ့ ကြည့်ရတာ ဘာမှလုပ်စရာမလိုတော့ဘူးပဲ။ ဒါက ချူအိမ်ရဲ့ သခင်လေး ဇူအန် မဟုတ်ဘူးလား။ မင်းမှာ ကာကွယ်ပေးနေတဲ့ ပညာရှင်တွေအများကြီး ရှိတယ်မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ"

----- ------------------------------- -- - -- - -- - - -- -- -- - - - - --

Chapter 304: က်ားဂူထဲ ဝင္ျခင္း

ဇူအန္ႏွာေခါင္းထဲ ရင္းႏွီးေသာအနံ႕တစ္ခုဝင္လာသည္။ ထိုအခ်ိန္တြင္ ဇူအန္ ကိုယ္က်ိဳးနည္းၿပီျဖစ္ေၾကာင္း နားလည္သြားသည္။

ရနံ႕မွတဆင့္ ဇူအန္သူမကို မွတ္မိနိုင္မွေတာ့ မက္မြန္ပြင့္ဂိုဏ္းသားဝတ္စုံတစ္ခုသာ ဝတ္ၿပီး ႐ုပ္ဖ်က္ထားေသာ ဇူအန္ကို သူမလည္း မွတ္မိနိုင္မွာ အေသအခ်ာ ပင္။
သို႔ေသာ္ သူက တစ္ခ်က္ႏွေးသြား႐ုံသာ။ ဇူအန္ အေၾကာမ်ားကို တစ္ဖက္လူက ပိတ္ၿပီးသြား၍ တစ္ခ်က္မွ မလႈပ္နိုင္ေတာ့ေပ။

မက္မြန္ပြင့္ ၄က ထိတ္လန့္သြားၿပီး အျမန္ ထရပ္လိုက္မိသည္။
"ဂိုဏ္းေခါင္းေဆာင္ ဘာလုပ္ေနတာလဲ" ေမးျမန္းလိုက္သည္။

ထိုမိန္းမငယ္က ႏွာမႈတ္၍ လက္ေခ်ာင္းတစ္ခ်က္လႈပ္ရွားလိုက္သည္။ လက္သည္းရွည္မ်ားက သူ႕နဖူးကို ထိုးေဖာက္ပစ္လိုက္ေလသည္။
မက္မြန္ပြင့္ ၄ တစ္ကိုယ္လုံး တုန္ရင္ကာ မ်က္ႏွာမွ အံ့အားသင့္ေနေသာ အမူအရာျဖင့္ စားပြဲေပၚကို ေပ်ာ့ေခြက်သြားသည္။

ထိုအရာကိုျမင္ေသာ္ မက္မြန္ပြင့္ ဂိုဏ္းသားမ်ား လႈပ္လႈပ္ရွားရွား ျဖစ္လာၿပီး ထြက္ေျပးရန္ျပင္ၾကသည္။
ဘာျဖစ္သြားမွန္း သူတို႔နားမလည္ေသာ္လည္း တစ္ဖက္လူက စတင္တိုက္ခိုက္လာေသာေၾကာင့္ တစ္ခုခု လြဲေခ်ာ္သြားမွန္း သိလိုက္သည္။
မက္မြန္ပြင့္ ၄သာ အသတ္မခံရေသးလွ်င္ သတၱိရွိရွိ ျပန္တိုက္နိုင္ေသးသည္။
သို႔ေသာ္ မက္မြန္ပြင့္ ၄က တစ္ခ်က္တည္းျဖင့္ အသတ္ခံလိုက္ရသျဖင့္ ေၾကာက္႐ြံ႕တုန္လႈပ္ကာ အခန္းထဲမွ ပထမဆုံးထြက္နိုင္ရန္သာ ႀကိဳးစားေနမိၾကသည္။

သူတို႔က ေဝလဂိုဏ္းေခါင္းေဆာင္ႏွင့္ ယွဥ္နိုင္မည္ဟု ယုံၾကည္ခ်က္မရွိေပ။ သို႔ေသာ္ သူတို႔အေပါင္းအပါမ်ားထက္သာ ျမန္နိုင္လွ်င္ ေဝလဂိုဏ္းခ်ဳပ္ အျခားသူမ်ားကို ရွင္းေနစဥ္ အသက္ရွန္ရန္ အခြင့္အေရးတစ္စြန္းတစ္စ ရနိုင္မည္ဟု ထင္ေနၾကျခင္းျဖစ္သည္။

ကံမေကာင္းစြာ မိန္းမငယ္က လက္တစ္ဖက္လႈပ္ရွားလိုက္သည္။ ယခင္ ေရႏြေးငွဲ႕စဥ္က စားပြဲေပၚသို႔ လွ်ံက်သြားေသာ ေရမ်ားသည္ အားတစ္ခုခုက ထိန္းခ်ဳပ္ထားသလို ေရစက္မ်ားစြာ ျဖစ္ထြန္းလာသည္။
သူမလက္တစ္ဖက္ ခါလိုက္ရာ ထိုေရစက္မ်ားက ထြက္ေျပးေနေသာ မက္မြန္ပြင့္ဂိုဏ္းသားမ်ား၏ ေနာက္ေက်ာျပင္မ်ားသို႔ အားျပင္းျပင္းႏွင့္ ဝင္ေရာက္သြားေလသည္။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ အကုန္လုံး ေသြးသံရဲရဲ ျဖစ္သြားၾကသည္။ သူတို႔၏ေၾကာက္လန့္ေအာ္ဟစ္သံမ်ားလည္း ႐ုပ္ခ်ည္း ရပ္သြားရသည္။

"ေခါင္းေဆာင္ ဘာျဖစ္တာလဲ " ႐ုတ္တရက္ ဆူညံသံေၾကာင့္ အျပင္တြင္ေစာင့္ေနေသာ ေဝလဂိုဏ္းသားမ်ား အထဲကို အေျပးဝင္လာၾကသည္။

မိန္းမပ်ိဳက ထိုင္ခုံတြင္ သက္ေတာင့္သက္သာ ေနရာယူၿပီးေနၿပီ။ လက္သည္းတုေနာက္တစ္ခုယူ၍ တပ္လိုက္ၿပီး
"ဘာမွမဟုတ္ဘူး။ ေနရာကို ရွင္းလိုက္"

သူ႕ေနာက္လိုက္မ်ားက ဆက္မေျပာေတာ့ေပ။ ေဝလဂိုဏ္းအတြက္ လူတစ္ခ်ိဳ႕ကို သတ္လိုက္ျခင္းက ျဖစ္ရိုးျဖစ္စဥ္ကဲ့သို႔ပင္။
"ရာေရွာင္း သူယူလာတဲ့ပစၥည္းေတြကို စစ္ၾကည့္လိုက္" မိန္းမပ်ိဳက မက္မြန္ပြင့္ ၄ကို လက္ညွိုးထိုးျပလိုက္သည္။

"ဟုတ္ကဲ့" မုတ္ဆိတ္ေမြးက်စ္ထားေသာ ဗလေတာင့္ေတာင့္လူတစ္ေယာက္က ျပန္ေျဖသည္။ သူက မက္မြန္ပြင့္ ၄၏ အိတ္ကပ္မ်ားကို လွန္ေလွာကာ စာ႐ြက္တစ္ခ်ိဳ႕ ထုတ္လာသည္။
"ဒီခ်ီးထုပ္ကေတာ့ ေငြတိုက္စာ႐ြက္တစ္ခ်ိဳ႕ကလြဲရင္ က်န္တာအားလုံး အတုေတြပဲ။ ဒီ မက္မြန္ပြင့္မ်ိဳးမစစ္ေတြအားလုံးကို သြားသတ္ေတာ့မယ္"
သူက ဇူအန္ထံ လက္ဆစ္မ်ားခ်ိဳးကာ ေရာက္လာသည္။

"ငါ ဒီလူ႕ကို သုံးဖို႔လိုေသးတယ္။ မင္းတို႔သြားၾကေတာ့" မိန္းမပ်ိဳက ေပါ့ေပါ့ပါးပါး ေလသံျဖင့္ ေျပာလာသည္။
သူ႕ေလသံက မေလးနက္ေသာ္လည္း ေဝလဂိုဏ္းသားမ်ားက အတည္ယူၾကေလသည္။ သူတို႔က အျမန္ အေလာင္းမ်ားရွင္းကာ ထြက္သြားၾကသည္။
အခုေလးတင္ ၾကမ္းၾကမ္းတမ္းတမ္းျပဳမူေနေသာ ရာေရွာင္းဆိုသူလည္း မက္မြန္ပြင့္ ၄ကို သယ္ကာ ထြက္သြားသည္။

တံခါးပိတ္သြားခ်ိန္တြင္ ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"တစ္ခ်ိန္လုံး အားႏႊဲ႕ၿပီး ႏူးညံ့ပုံေပၚတဲ့ မင္းမွာ ဒီေလာက္ အံအားသင့္စရာ ေကာင္းတဲ့ အျခမ္း ရွိမယ္လို႔ ဘယ္သူထင္မွာလဲ။ "

ထိုမိန္းမပ်ိဳက ပုဝါကိုဖယ္လိုက္ေသာ္ ရင္းႏွီးေသာမ်က္ႏွာတစ္ခု ေပၚလာသည္။ က်န္းတန္ကလြဲရင္ ဘယ္သူျဖစ္မွာလဲ
"ရွင္ မိန္းမေတြကို လုံးဝနားမလည္ဘူးလို႔ပဲ ေျပာရမွာေပါ့။ မိန္းမတစ္ေယာက္က ပိုလွေလေလ ပိုၿပီး လိမ္နိုင္ေလေလပဲ"

ဇူအန္ ႏွာမႈတ္လိုက္သည္။
"မင္းကို တကယ္နားမလည္ဘူး။ မင္းက ပုံမွန္အခ်ိန္မွာဆို ယင္ေကာင္တစ္ေကာင္ေတာင္ မသတ္ရက္တဲ့ပုံစံနဲ႕ အခုက် မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ အသက္ေလးေခ်ာင္းကို ႏႈတ္ယူနိုင္တယ္"

"ရွင္က မက္မြန္ပြင့္ ၄ ရဲ႕ လူေတြကို ေျပာေနတာလား" က်န္းတန္ အသာရယ္လိုက္သည္။
"ဒီလူေတြက အသက္ရွင္ဖို႔ မက္မြန္ပြင့္ဂိုဏ္းကို အားကိုးၿပီး ဒီႏွစ္ေတြမွာ ရာဇဝတ္မႈေပါင္းစုံ လုပ္ဖူးၾကတယ္။ သူတို႔က အရင္တည္းက ေသသင့္တာ။ သူတို႔ကို မႏွိပ္စက္တာကိုပဲ ေက်းဇူးတင္သင့္တာ"

"သူတို႔အစား မင္းကို ေက်းဇူးတင္ေပးရမွာလား" ဇူအန္ ေလွာင္လိုက္သည္။

"သူတို႔ ကြၽန္မကို ေက်းဇူးတင္ဖို႔ မလိုပါဘူး။ သူတို႔ေက်းဇူးတင္ခ်င္ရင္ ရွင့္ကိုပဲ တင္သင့္တာ။ ရွင့္ကို ဘယ္လိုေျဖရွင္းရမလဲ ကြၽန္မအေတြးမ်ားမေနရင္ သူတို႔ကို ဒီေလာက္ ျမန္ျမန္ေသေစမွာမဟုတ္ဘူး"
က်န္းတန္ မတ္တပ္ရပ္ကာ ဇူအန္အနား ေလွ်ာက္လာသည္။

က်န္းတန္ရနံ႕သင္းသင္းက ဇူအန္ကို ရစ္ပတ္လာၿပီး ဇူအန္ ရယ္လိုက္သည္။
"ဒါဆို မင္းငါ့ကို ဘယ္လိုလုပ္မလဲ စဥ္းစားၿပီးၿပီလား"

"မေတြးရေသးဘူး။ တကယ္ေတာ့ ရွင့္ကို ဒီလိုအေျခအေနမွာ ေတြ႕ရမယ္လို႔ မထင္ထားမိဘူး" က်န္းတန္ နားထင္ကိုပြတ္လိုက္မိသည္။ သူေခါင္းကိုက္စျပဳလာေလၿပီ။

ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"လူတိုင္းက ေဝလဂိုဏ္းေခါင္းေဆာင္ ဘယ္သူလဲ သိခ်င္ေနတာ။ ေျပာရရင္ မင္းက ခ်န္႐ႊမ္း ထက္ေတာင္ ပိုလွ်ို႔ဝွက္ေသးတယ္။ ဒီလို ရက္ရက္စက္စက္ သတ္ျဖတ္တဲ့ ရာဇဝတ္ဂိုဏ္းတစ္ခုရဲ႕ ေခါင္းေဆာင္က ေျဖာင့္မတ္မွန္ကန္တဲ့ က်န္းအိမ္ သခင္မေလးျဖစ္ေနမယ္လို႔ ဘယ္သူမွ မထင္ထားေလာက္ဘူး" ဇူအန္ သူ႕ေရွ႕က မိန္းမလွကိုစိုက္ၾကည့္ရင္း ေမးလိုက္သည္။
"ဘယ္တစ္ခုက မင္းရဲ႕ ပုံစံအစစ္လဲ"

"ဘယ္အျခမ္းကို ရွင္ပိုသေဘာက်လဲ" က်န္းတန္ ဇူအန္နားကပ္လာသည္။ သူ႕လက္သည္းထိပ္က ဇူအန္မ်က္ႏွာတစ္ေလွ်ာက္ ပြတ္သပ္လာၿပီး ေနာက္ဆုံး လည္ပင္းတြင္ ရပ္သြားသည္။

ဇူအန္ လည္ေခ်ာင္းေျခာက္လာသည္။ မက္မြန္ပြင့္ ၄က သူ႕လက္သည္းတစ္ခ်က္ေၾကာင့္ေသသြားရတာကို ဇူအန္ မေမ့ေသးေပ။
"ဒါေပါ့ ငါကေတာ့ ငါနံရံကိုကပ္ၿပီး ေပြ႕ဖက္ခဲ့တဲ့ မ်က္ႏွာရဲရဲမိန္းကေလးကို ပိုသေဘာက်တာေပါ့"

က်န္းတန္ မ်က္ႏွာနီသြားေသာ္လည္း အျမန္ျပန္ဖုံးလိုက္သည္။
"ဟမ့္ ရွင့္ရဲ႕ေပါက္ကရေတြ ရပ္တာေကာင္းလိမ့္မယ္။ ကြၽန္မက အရင္လိုမဟုတ္ေတာ့ဘူး။ ရွင္ကြၽန္မကို ဝမ္းနည္းေအာင္လုပ္ရင္ ရွင့္လွ်ာေပ်ာက္သြားလိမ့္မယ္"

ဇူအန္ ရယ္လိုက္သည္။
"ငါ့လွ်ာမရွိေတာ့တာ မင္းက ၾကည့္ရက္လို႔လား"

က်န္းတန္ မ်က္လုံးက်ဥ္းသြားသည္။ သူမဆီက ထြက္လာေသာ လူသတ္ေငြ႕က ဇူအန္ကို ေၾကာက္လန့္ေစသည္။
က်န္းတန္လက္သည္းထိပ္က ဇူအန္ေမးေအာက္တြင္ ေကြးသြားၿပီး အႏၱရာယ္အရိပ္အေငြ႕မ်ား သူ႕မ်က္ႏွာတြင္ ေပၚလာသည္။
"ဒါဆိုလည္း လွ်ာထုတ္ၾကည့္ေလ။ ကြၽန္မၾကည့္ရက္လားဆိုတာ သိရေအာင္"

"အြမ္း.." ဇူအန္ ေခါင္းကို အသည္းအသန္ ခါလိုက္သည္။ သူ႕လွ်ာကို မထုတ္ရဲေပ။ ဒီကိစၥေၾကာင့္ လွ်ာကို ဆုံးရႈံးလိုက္ရလွ်င္ အရမ္းအျဖစ္ဆိုးသြားလိမ့္မည္။
က်န္းတန္၏ လူသတ္ေငြ႕အစစ္ကို ခံစားမိ၍ ဇူအန္ ထပ္ရန္မစရဲေတာ့ေပ။
ဒီအႏၱရာယ္ရွိတဲ့ မိန္းမလွကို အမ်ိဳးျမင့္အိမ္ေတာ္မွ သိမ္ေမြ႕ႏူးညံ့ေသာ သခင္မေလးႏွင့္ ဆက္စပ္၍ မရေခ်။
ဒီမိန္းမက အစြန္းႏွစ္ဖက္ ရွိေနတာလား ေတြးမိလိုက္သည္။

ခပ္သြက္သြက္ တံခါးေခါက္သံတစ္ခု ၾကားလိုက္ရသည္။

က်န္းတန္ မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။
"ဘာကိစၥလဲ"

တံခါးအျပင္မွ ရာေရွာင္းအသံ ထြက္လာသည္။
"ေခါင္းေဆာင္ ကြၽန္းကသတင္းပါ။ အေရးႀကီးကိစၥ ေဆြႏြေးစရာရွိလို႔ ျပန္လာခဲ့ပါဦးတဲ့"

က်န္းတန္ ပုဝါကို ျပန္တပ္၍ တံခါးဖြင့္လိုက္သည္။
"ဒါက ဘယ္လို သတင္းလဲ"

ရာေရွာင္း ေခါင္းယမ္းကာ စာ႐ြက္တစ္ခု ျပလိုက္သည္။
"ဘာမွမေျပာထားဘူး။ ဒါက ကြၽန္းကိုျပန္လာေပးဖို႔ပဲ ေတာင္းဆိုထားတာ"

"ငါျပန္ၿပီး ဘာျဖစ္ေနလဲ ၾကည့္လိုက္မယ္" က်န္းတန္ မ်က္ႏွာပ်က္၍ ျပန္ေျဖသည္။ သူက ပုံမွန္ဆို က်န္းအိမ္သခင္မေလးအျဖစ္ေန၍ အေရးႀကီးကိစၥမဟုတ္လွ်င္ ကြၽန္းကို မသြားေပ။
သို႔ေသာ္ သိပ္ေတာ့ စိတ္မပူေခ်။ အေရးေပၚသတင္းျဖစ္ေသာ္လည္း ကပ္ဆိုးဝင္ေလာက္သည္အထိ မဟုတ္ေပ။ ကြၽန္းတြင္ အႏၱရာယ္မရွိေသးေၾကာင္း သိေလသည္။
ဒါက သူမ ရွိေနရန္ လိုအပ္ေသာ စီးပြားေရးရာ သို႔မဟုတ္ အေရးႀကီးဆုံးျဖတ္ခ်က္တစ္ခု ျဖစ္ဖို႔မ်ားသည္။ ဒီလိုကိစၥမ်ိဳး အျဖစ္မ်ားေလသည္။

က်န္းတန္ ဇူအန္ကို လက္ညွိုးထိုးကာ မွာလိုက္သည္။
"သူ႕ကိုပါ ေခၚလာခဲ့"

ဇူအန္ အလြန္ မ်က္ႏွာမွိုင္းေနသည္။ သူက ေဝလဂိုဏ္းခ်ဳပ္ ႏွင့္ သူတို႔ စခန္းကို စုံစမ္းရန္ ထြက္လာျခင္းေပ။ သို႔ေသာ္ သတင္းရနိုင္လိုက္ေသာ နည္းလမ္းေၾကာင့္ လုံးဝ စိတ္မေပ်ာ္နိုင္ေပ။

ရာေရွာင္း မ်က္ေမွာင္ႀကဳံ႕ကာ ဇူအန္ကိုလက္ျဖင့္ၫႊန္လိုက္ၿပီး
"တစ္လမ္းလုံး လူတစ္ေယာက္ကိုဆြဲၿပီး ၿမိဳ႕ထဲကေနထြက္ထို႔ သိပ္မလြယ္ဘူး။ ဒီမက္မြန္ပြင့္က်က္သတုံးကို တစ္ေနရာရာမွာ လက္စေဖ်ာက္လိုက္ရင္ေရာ"

က်န္းတန္ မ်က္ေစာင္းထိုးလိုက္သည္။
"ငါ့ကို ဘာလုပ္ရမယ္လို႔ လာေျပာေနတာလား"

ရာေရွာင္း ေခြၽးေစးမ်ား ထြက္လာရသည္။
"ဒီေနာက္လိုက္က မလုပ္ရဲပါဘူး" ကဗ်ာကယာ ေျပာလိုက္သည္။

ဇူအန္ စိတ္ထဲမွ လက္မေထာင္ျပလိုက္သည္။ ဒါက ဂိုဏ္းခ်ဳပ္တစ္ေယာက္ ျဖစ္သင့္တဲ့ပုံစံပဲ။
သို႔ေသာ္ က်န္းတန္၏ ဒီအျခမ္းက သူျမင္ဖူးေနက် ႏူးညံ့ၿပီး သီးသန့္ဆန္ေသာ မိန္းကေလးႏွင့္ လုံးဝ ကြာျခားေနသည္။

ဇူအန္ေခါင္းေပၚသို႔ အမဲေရာင္အိတ္တစ္လုံး စြတ္လာၿပီး ရထားလုံးတစ္စီးေပၚ ပစ္ခ်ခံလိုက္ရသည္။ ရထားလုံး ေလးငါးစီးေလာက္ ေတာက္ေလွ်ာက္ လႊဲေျပာင္းၿပီးမွ အနည္းငယ္ အေျခက်သြားရသည္။
သူႀကဳံေတြ႕ေနရေသာ နိမ့္ခ်ည္ျမင့္ခ်ည္ခံစားခ်က္ေၾကာင့္ ေလွတစ္စီးေပၚ ေရာက္ေနျခင္းျဖစ္ေၾကာင္း ခန့္မွန္းမိသည္။
အစကေတာ့ က်န္းတန္ သူ႕ကို လႊတ္ေပးမည္ထင္ထားေသာ္လည္း ၾကည့္ရတာ သူက အစီအစဥ္ မရွိပုံပင္။ အေမ့ခံလိုက္ရသလို ေလွဝမ္းပိုင္းထဲ ပစ္ထည့္ခံလိုက္ရသည္။

ဘာလားဟ။ သူတို႔က ငါ ေဝလဂိုဏ္း ပင္မေနရာကို မွတ္မိသြားမွာ စိုးလို႔လား။
ထိုသို႔ ႐ုတ္တရက္ ေဒါသထြက္ၿပီးေသာ္ ဇူအန္ စိတ္ျပန္ ၿငိမ္သြားသည္။ သူတို႔ ဆက္ဆံေနေသာ အျပဳအမူအရ ဇူအန္ကို သတ္ရန္ အႀကံမရွိပုံပင္။ သူတို႔သာ ဇူအန္ကို လမ္းသိခြင့္ျပဳလိုက္ပါက ဇူအန္ကို ႏႈတ္ပိတ္႐ုံမွတစ္ပါး အျခားမရွိေခ်။

ထိုအခါမွ သူ က်န္းတန္အေၾကာင္း သိသြားၿပီျဖစ္ေၾကာင္း ဇူအန္ သတိရလိုက္သည္။ ဒီလိုပဲ သူ႕ကို တကယ္ လႊတ္ေပးမွာလား။ သူ႕ေခါင္းထဲ အေတြးႏွစ္ခု ေရာေထြးေနသည္။

ေလွတစ္စီးတည္းေပၚမွ က်န္းတန္လည္း ရႈပ္ေထြးေနရသည္။
ေလေျပေအးေအးက သူ႕စိတ္ပူပန္မႈကို မေပ်ာက္ကြယ္နိုင္ေခ်။ ဇူအန္ကို ဘယ္လိုေျဖရွင္းရမလဲ သူမ တကယ္ မေတြးတတ္ေပ။

ထိုစားေသာက္ဆိုင္ထဲတြင္ ဇူအန္ႏွင့္ေတြ႕ရန္ လုံး၀မေမွ်ာ္လင့္ထားမိေပ။ ဇူအန္မ်က္ေမွာင္ၾကဳတ္လာပုံကိုၾကည့္ၿပီး သူမကိုမွတ္မိသြားေၾကာင္း သေဘာေပါက္လိုက္သည္။ ထို႔ေၾကာင့္ အျမန္လႈပ္ရွားမိျခင္းပင္။
အဲ့ဒီလူ သူမ်ားကို စိတ္မ်ားေအာင္လုပ္တဲ့အျပစ္ေၾကာင့္ပဲ။ သူ႕ေၾကာင့္ အဝတ္လဲတုန္းက ရနံ႕ေျပာင္းရန္ ေမ့သြားျခင္းပင္။ သူမသာ စိတ္ရွင္းေနလွ်င္ ထိုအမွားမ်ိဳး လုပ္မိမည္မဟုတ္ေပ။

ဇူအန္ကို ဘယ္လိုလုပ္ရမွန္း တကယ္ မသိေပ။ သူမ၏လွ်ို႔ဝွက္ခ်က္ကို သိသြား၍ ဒီအတိုင္း လႊတ္ေပးရန္ မျဖစ္နိုင္ေပ။ ေပၚသြားပါက သူမႏွင့္ ေဝလဂိုဏ္းသာမက က်န္းတစ္အိမ္လုံးပင္ ကပ္ဆိုက္ေပလိမ့္မည္။
သို႔ေသာ္ သတ္ပစ္လိုက္လွ်င္လည္း ႏွေျမာစရာပင္။ ထားလိုက္ပါေတာ့။ ဒီေျခေနထိေရာက္ၿပီးမွေတာ့ သူ႕ဆီက ဟိုအေႂကြးစာခ်ဳပ္ရနိုင္မလား စမ္းၾကည့္တာေပါ့။

မက္မြန္ပြင့္ဂိုဏ္းမွ ေငြစ ၇ သန္းခြဲ တင္မကေခ်။ က်န္းအိမ္က ေထာက္ပံ့ေနေသာ ေလာင္းကစားဝိုင္းမွလည္ ေငြစ ငါးသိန္း အေႂကြးတင္ေနေသးသည္။
ထိုကိစၥအတြက္ ဇူအန္ကို ပ်ားရည္ေထာင္ေခ်ာက္ ဆင္ရာမွ ဘာသတင္းမွ မရသည့္အျပင္ သူမကိုယ္တိုင္ပင္ အႀကိမ္မ်ားစြာ အသားယူခံလိုက္ရေသးသည္။

နည္းလမ္းေျပာင္းရန္ အခ်ိန္က်ေလၿပီ။ ေပ်ာ့ေပ်ာင္းေသာနည္းက အသုံးမဝင္လွ်င္ အားသုံးရေပလိမ့္မည္။
အဲ့ဒီလူက ႏွိပ္စက္လိုက္႐ုံနဲ႕ ထြက္လာမွာပါ...သူတို႔ႏွစ္ေယာက္ အေတြးကိုယ္စီမ်ားေနစဥ္ ေဝလကြၽန္းကို ေရာက္လာေလၿပီ။

ဇူအန္က ဆြဲထုတ္ခံလိုက္ရသည္။ ေခါင္းေပၚမွ အိတ္လည္း ဖယ္ခံလိုက္ရၿပီး အလင္းျပန္ျမင္လာရသည္။

ပတ္ဝန္းက်င္ကို ေလ့လာၾကည့္သေလာက္ ကြၽန္းေသးေသး တစ္ခုေပၚ ေရာက္ေနသည္။ အရာအားလုံးကို ျမဴခိုးတစ္ခ်ိဳ႕ ဖုံးထားၿပီး ျမင္ကြင္းတြင္ ကမ္းမရွိေခ်။ သူက လျပည့္ေရကန္၏ က်ယ္ဝန္းမႈေၾကာင့္ အထင္ႀကီးသြားရသည္။
ဒီလိုေနရာတစ္ခုကိုေတာင္ ဖုံးထားနိုင္တယ္။ တကယ့္ကို ႀကီးမားက်ယ္ျပန့္ၿပီး ဆန္းၾကယ္တာအမွန္ပဲ။

"ေခါင္းေဆာင္ ဒီလူ႕ကို ေထာင္ထဲ ပို႔လိုက္ရမလား" ရာေရွာင္း ေမးလိုက္သည္။

ေခတၱေတြေဝၿပီးေနာက္ က်န္းတန္ ေျပာလိုက္သည္။
"သူ႕ကို ငါ့ေနာက္ ေခၚလာခဲ့"

ဒီလူ႕ကို မျမင္ကြယ္ရာထားလိုက္လွ်င္ တစ္ခုခုျဖစ္လာမွာ စိုးရိမ္မိေလသည္။ ေဝလဂိုဏ္းက လူရမ္းကားေပါင္းစုံ ျပည့္ေနသည္။ တစ္ခ်က္မွားတာနဲ႕ ဒီလူ အသက္ေပ်ာက္သြားနိုင္သည္။
ထို႔အျပင္ သူ႕ကို လွမ္းေခၚလိုက္ေသာ အေရးႀကီးကိစၥမွာလည္း သိပ္မၾကာနိုင္ေပ။ သူ႕ကိစၥၿပီးတာႏွင့္ ဇူအန္ကိစၥကိုပါ တစ္ခါတည္း ရွင္းလိုက္နိုင္သည္။

အုပ္စုက အစည္းအေဝးခန္းမအတြင္းသို႔ တန္းဦးတည္သြားလိုက္သည္။ သူတို႔ ခန္းမကို ေရာက္ခါနီးတြင္ အံ့ၾသေသာေလသံတစ္ခု ေပၚလာသည္။
"ဟမ္ သူ႕ကို ရွင္းပစ္ဖို႔နဲ႕ က်ဳပ္ေခါင္းကိုက္ေနတာၾကာၿပီ။ ဒါေပမဲ့ ၾကည့္ရတာ ဘာမွလုပ္စရာမလိုေတာ့ဘူးပဲ။ ဒါက ခ်ဴအိမ္ရဲ႕ သခင္ေလး ဇူအန္ မဟုတ္ဘူးလား။ မင္းမွာ ကာကြယ္ေပးေနတဲ့ ပညာရွင္ေတြအမ်ားႀကီး ရွိတယ္မဟုတ္ဘူးလား။ ဘယ္လိုလုပ္ ဒီကို ေရာက္လာရတာလဲ"

----- ------------------------------- -- - -- - -- - - -- -- -- - - - - --

Continue Reading

You'll Also Like

340K 42.2K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...
249K 16.5K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
1.2M 116K 61
BL
41.2K 3K 53
_រយៈពេល5ខែហេីយដែលនាងបានរៀបការមានស្វាមី ហេីយក៏ត្រូវចាកឆ្ងាយពីឪពុកមករួមរស់នៅឯគ្រួសារខាងប្ដី នាងតែងនឹកគិតស្រម៉ៃថា បេីនាងបានរៀបការ នាងសុំឱ្យជួបគ្រួសារល្អ...